Sunday 2 August 2015

သမ္မတ၏ ပြောကြားချက်အပေါ် လူငယ်၊ လူလတ်များ ပြန်လည်စိန်ခေါ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (အရှေ့ပိုင်း) ဒေါက်တာစိုးထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် တုံ့ပြန်ရေးသားထားစဉ်
 လူငယ်လူလတ်များကို သမ္မတလုပ်ခွင့်ပေးပါက မြန်မာနိုင်ငံကို အချိန်တိုအတွင်း လက်ရှိ အစိုးရထက်သာအောင် လုပ်ပြ မည်ဟုဆိုကာ သမ္မတဦးသိန်းစိန် အပေါ် စိန်ခေါ်တောင်းဆိုမှုကို ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် မြန်မာလူ ငယ်၊ လူလတ်တို့က ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်လာကြသည်။

စိတ်မချမ်းမြေ့စရာတွေကြားက စိတ်ချမ်းသာစရာများ

မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်၊ အလယ်ပိုင်းပါမကျန် တစ်နိုင်ငံလုံး မိုးကြီး သဖြင့် ရေလွှမ်းမိုးမှုဒဏ် ခံနေကြရသည်ကို သတင်းမီဒီယာများမှတစ်ဆင့်၊ လူမှုကွန်ရက်များမှ တစ်ဆင့် စိတ်မချမ်းမြေ့စရာ ကြားသိမြင်တွေ့ နေကြရပါသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့တွင် ရေကြီး ရေလျှံ ရေလွှမ်းမိုးနေသည်မှာ တံတားများ ကျိုးပျက်၊ အိမ်များ ရေမြုပ်၊ ပြိုကျ သည်ထိ ဖြစ်၍ လူပေါင်း သိန်းဂဏန်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်လောက်အောင် ထိခိုက်သည့်ပြင် လူ အသေအပျောက်လည်း ရှိခဲ့ပါသည်။
ကျန်ဒေသအချို့၌ ဆိုခဲ့သောနေရာများကဲ့သို့ မဆိုးရွားသည့်တိုင် ရေလွှမ်းမိုးမှုဒဏ်ကြောင့် အစားအစာနှင့် သောက်သုံးရေပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေကြရပါသည်။

ရေဘေးဒုက္ခကြုံနေရသည့် မြန်မာ၊ အန္ဒိယ၊ ဗီယက်နမ်၊ နီပေါတို့အတွက် ဆုတောင်းမှုများပြုလုပ်

မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် နီပေါတို့တွင် ရေးဘေးဒုက္ခခံစားရင်း အသက်ဆုံးရှုံးသွားသူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုအတွက် ဆုတောင်းပေးလျက်ရှိသည်။

အရှေ့တောင်အာရှဒေသတွင် မုတ်သုန်မိုးများဆက်လက်ရွာသွန်းမှုဒဏ်ကို ကြုံတွေ့နေရပြီး မြေပြိုမှုတစ်ရပ်တွင်လူပေါင်း အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယအရှေ့ပိုင်း မဏိပူရ်ပြည်နယ်ရှိ ရွာတစ်ရွာသည် တစ်ရွာလုံးရွာလုံး ကျွတ်မြေပြိုသွားခဲ့ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြသည်။

မန္တလေးမြို့ ရေလျှံမည်စိုးရိမ်၍ ကမ်းနားတစ်လျောက်မြို့နယ်များတွင် သဲအိတ်များခင်း

 မန္တလေးမြို့အတွင်းသို့ ဧရာဝတီမြစ်ရေ လျှံလာမည်ကို စိုးရိမ်သောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြစ်ကမ်းတစ်လျောက်ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ကို တစ်မြို့နယ်လျှင် သဲအိတ် ၅၀၀၀ အသုံးပြု၍ သြဂုတ်လ ၂ ရက် နံနက် ၇နာရီမှစတင်၍ ကာကွယ်မှုပေးနေသည်ဟု စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

မန္တလေးတိုင်းတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းသွင်းသူ ၃၁ဦးသာရှိသေး၊ တသီးပုဂ္ဂလယှဉ်ပြိုင်မည့်သူ မရှိသေး

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူမှာ သြဂုတ်လ ၂ ရက်ထိ  ၃၁ ဦးသာ ရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ကျော်စိုးက မဇ္ဈိမကို ပြောသည်။

ဆက်လက်၍ ဦးကျော်ကျော်စိုး က "ခုထိတော့ ပါတီတွေမစုံသေးဘူး။ ပါတီ ၆ ခုကပဲ လာပြီးတင်သေးတယ်။ နောက်ကျမှ စုပြုံပြီး တင်လာမယ်ထင်တယ်။ နောက်ပြီး တသီးပုဂ္ဂလယှဉ်ပြိုင်မယ့်သူလည်း မရှိသေးဘူး"ဟုပြောသည်။

ကိုယ်စားလောင်းအမည်စာရင်း တင်သွင်းသူ ၃၁ ယောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ ၆ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၁၂ ဦး၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၈ ဦး၊  အမျိုးသားတိုးတက်ရေးပါတီမှ ၁ ဦး နှင့် ညီညွှတ်သောဒီမိုကရေစီပါတီ မှ ၁ ဦး တို့ဖြစ်သည်။

မိုးကြီးမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ကွက်အချို့ လုပ်ငန်းရပ်တန့်ထားရ

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကာ ရွှေတူးဖော်ရေး လုပ်ကွက်အများအပြားရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် ရွှေလုပ်ကွက်အများစုမှာ လုပ်ငန်းမလည်ပတ်နိုင်ဘဲ ရပ်တန့်ထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

မန္တလေးတိုင်းမှ ရွှေလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးဌေးကိုက "ခုဆိုရင်တို့လုပ်ကွက်တွေရှိတဲ့ ကောလင်းမှာဆို ရွှေတွေ့နေမှမိုးကတအားကြီးလာတော့ ရွှေတွင်းလည်း ရေမြုပ်တဲ့အထဲပါသွားတယ်။ လုပ်ငန်းတွေ ရပ်ရတာပေါ့" ဟု လက်ရှိရွှေလုပ်ငန်းအခြေအနေများနှင့်ပတ်သတ်၍ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ ရေကြီးနိုင်ခြေရှိဟု ဒေါက်တာထွန်းလွင် သတိပေး

 ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ စံချိန်တင်ရေကြီးမှုမျိုး ဖြစ်လာနိုင်သည့် အနေအထားရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်သည်။

"၂၀၀၄တုန်းကလည်း ရှိသမျှမြစ်တွေအကုန်လုံးစိုးရိမ်ရေမှတ်ရောက်တယ်။ အခုလည်းအဲ့အတိုင်းပဲဆိုတော့ ဖြစ်လာစရာ အလားအလာရှိတယ်။ ပြီးတော့ အထက်ကရှိသမျှရေတွေ အကုန်လုံးကလည်း အောက်ကျနေတယ်လေ။ အဲ့ဒါကို သတိထားဖို့လိုပါတယ်။ လောလောဆယ်တော့ ဒေသခံတွေကိုအဲ့ဒါပြောပေးပါ" ဟုဩဂုတ် ၂ရက် ညနေပိုင်းတွင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

ဆိုဗီယက် တော်လှန်ရေး ခေါင်းဆောင် Trotsky နေအိမ် လေလံတင် ရောင်းမည်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာရှိတဲ့ Leon Trotsky ရဲ့ အိမ်ဟောင်းကို ရောင်းမယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့ ဝက်ဘ်ဆိုက်တ်တခုမှာ တင်ထားပါတယ်။ Leon Trosky ဟာ မာ့က်စ်ဝါဒီ တော်လှန်ရေးသမား၊ အတွေးအခေါ်သမား၊ ဆိုဗီယက် နိုင်ငံရေးသမား၊ ဆိုဗီယက်တပ်နီတော်ကို တည်ထောင်သူ၊ ၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးရဲ့ သူရဲကောင်း စတဲ့ဂုဏ်ပုဒ်တွေကို ရထားသူပါ။

‘‘ရွေးကောက်ပွဲသဘာဝအရ ရှုံးရင်လည်းရှုံးတဲ့အလျောက် မိမိတို့လက်ခံမယ်။ ပြီးတဲ့အခါမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် အရှုံးပါတီအနေနဲ့လည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ သူရဦးရွှေမန်းနှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုလွှတ်တော်နာယ က၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင် 7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီတွင်း  အခြေအနေ၊ ရွေးကောက်ပွဲအလားအလာ၊ ရွေးကောက်ပွဲအလွန်ကြားကာလအတွက် စိုးရိမ်ပူပန်မှုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေရှိ၊ မရှိ ၊ သမ္မတရည်မှန်းချက်စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ရေဘေးသင့်ဒေသများသို့ လှူဒါန်းရန် ရန်ကုန်မှလူငယ်အဖွဲ့များ မြို့တွင်းလမ်းမများတွင်အလှူငွေကောက်ခံ

 ရေဘေးသင့်ပြည်သူ များအတွက် သွားရောက်လှူဒါန်း ရန် ရန်ကုန်မြို့မှ လူငယ်များအဖွဲ့ သည် မြို့တွင်းလမ်းမများတွင် အလှူငွေကောက်ခံမှုများနှင့် အွန် လိုင်းမှ အလှူခံမှုများပြုလုပ်လာ ကြသည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအား ကယ် ဆယ်ရေးပစ္စည်းများနှင့် လိုအပ် သည့် အထောက်အပံ့များ  လှူဒါန်း နိုင်ရန် ‘‘ရေဘေးကယ်ဆယ်ရေး အတွက် လက်တစ်ဖက်ကမ်းကြ မယ်’’အဖွဲ့မှ လူငယ်တစ်ရာခန့် သည် သြဂုတ် ၁ ရက်က မြေနီကုန်း စမ်း ချောင်းမြို့နယ်တွင် အလှူငွေ ကောက်ခံမှုပြုလုပ်ခဲ့သည်။ ‘‘ရေဘေးသတင်းတွေတစ်ရက်ထက်တစ်ရက်ဆိုးရွားလာတဲ့ အခြေအ နေတွေကို အင်တာနက်မှာတွေ့ရ တော့ ကျွန်တော်တို့ သူငယ်ချင်း တွေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပြုပေးချင်တာကြောင့် လုပ်ဖြစ်ခဲ့ တာပါ။ လောလော ဆယ်မှာတော့ နှစ်ရက်အလှူငွေ ကောက်ခံပေးဖို့ စီစဉ်ထားပါတယ်။ မြေနီကုန်းစမ်းချောင်းတစ်ဝိုက်ကနေရာတွေ မှာ အလှူငွေ လိုက်လံကောက်ခံ ပေးမှာပါ’’ဟု ယင်းအဖွဲ့မှကိုဗိုလ် ဗိုလ်ကျော်က ပြောသည်။

မန်စီးတီးတိုက်စစ်မှူး ဂျိုဗီတစ်ကို အင်တာမီလန်အငှားဖြင့် ခေါ်ယူ

 မန်စီးတီးတိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်သည် အင်တာ မီလန်အသင်းသို့ ၁၈ လအငှား စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီး အင်တာက နောက်ပိုင်းတွင် အပြီးသတ်ဝယ်ယူနိုင်သည်ဟု မန်စီးတီးအသင်းက ကြေညာသည်။မွန်တီနီဂရိုးလက်ရွေးစင် ဂျိုဗီတစ် (၂၅) နှစ်သည် ၂၀၁၃ ကဖီအိုရင်တီးနားမှ ပေါင် ၂၂ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာပြီးမန်စီးတီးတွင် အထိုင်ကျရန် ရုန်းကန်ခဲ့ရသည်။ ဒဏ်ရာရရှိခဲ့ခြင်း ကလည်း ၎င်း၏ တိုးတက်မှုကို နှေးကွေးစေခဲ့သည်။

စစ်ကိုင်း ရေဘေးသင့်သူများအတွက် မေတ္တာသင်္ဂဟအဖွဲ့ ကျပ်သိန်း ၃၂၀ လှူဒါန်း

 စစ်ကိုင်းတိုင်းမှ ရေဘေး သင့်ဒေသများအတွက် မေတ္တာ သင်္ဂဟအဖွဲ့က အလှူငွေ ကျပ်သိန်း ၃၂၀ လှူဒါန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အလှူငွေလှူဒါန်းပွဲကို ဩဂုတ် ၁ ရက်က တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလှူငွေများအပါအဝင်   အင်္ကျီ အသုံးအဆောင်များနှင့် အခြား ပစ္စည်းများကိုလည်း လှူဒါန်းမည် ဖြစ်သည်။ယခုတစ်ကြိမ်  လှူဒါန်းမှု သည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ  ရေဘေးသင့်သည့်နေ ရာများအတွက်သာ ရည်ရွယ် ထားခြင်းဖြစ်၍ ယင်းဒေသကိုသာ လှူဒါန်းမည်ဖြစ်ပြီး အခြားရေ ဘေး သင့်ဒေသများအတွက် လည်း လှူဒါန်းမှုများပြုလုပ်သွား ရန် အစီအစဉ်ရှိသည်ဟု မေတ္တာ သင်္ဂဟအဖွဲ့မှ သရုပ်ဆောင် ခန့်စည်သူက ပြောသည်။

အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ လီထယ်အင်း


တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး လီထယ်အင်း သည် အနုပညာလုပ်ငန်းများ ပြန် လည်စတင်ရန် ပြင်ဆင်နေသည်။‘‘လီထယ်အင်းဟာ စက် တင်ဘာ (သို့မဟုတ်) အောက်တို ဘာမှာ အနုပညာလုပ်ငန်းပြန် လည်စတင်ဖို့ပြင်ဆင်နေပါ တယ်။ You'll Love Me ဒရာမာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်’’ဟု ၎င်း၏လုပ်ဖော်ကိုင် ဖက်တစ်ဦးက Daily Sports သတင်းအားပြောသည်။
လီထယ်အင်း၏အေဂျင်စီ Onion Management Group ကလည်း You'll Love Me ဒရာမာဇာတ်လမ်းတွဲ၌ သရုပ် ဆောင်ရန် ကမ်းလှမ်းခံထားရခြင်း အကြောင်း အတည်ပြုသည်။