Monday 29 October 2012

ဟာရီကိန်း စန္ဒီ၏ နောက်ဆုံး ပုံရိပ်များ


မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ

မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ
Monday, October 29, 2012 

၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်
ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သားသစ် သင်တန်း ဖွင့်လှစ် လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း ခံရသည့် အရပ်သား များသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင်
ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ လူသစ် များအား အတင်းအဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

သောင်းကျန်းသူ များ၏ လုပ်ရပ်အား လက်မခံ၊ နှစ်မြို့ခြင်း မရှိသည့် ဒေသခံ တိုင်းရင်းသား များမှ နယ်မြေခံ ပြည်သူ့စစ် နှင့် တပ်မတော် စစ်ကြောင်း များအား သတင်း အတိအကျ ပေးခဲ့မှုကြောင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ထိတွေ့မှု ဖြစ်ပွားခဲ့ ကြောင်း၊ သောင်းကျန်းသူ အဖွဲ့မှ
ခေါင်းဆောင် ဖြစ်သူ (စိစစ်ဆဲ) အဆင့်ရှိ ခေမာနှင့် တစ်ဦးမှာ
လွတ်မြောက် ထွက်ပြေး သွားပြီး သောင်းကျန်းသူ နှစ်ဦး သေဆုံး၊ ဒဏ်ရာရသူ နှစ်ဦး အပါအဝင် SSA (ဝမ်ဟိုင်း) အဖွဲ့၊ တပ်မဟာ(၁) ဌာနချုပ်မှ တပ်သားသစ် နည်းပြ တာဝန် ထမ်းဆောင် သူ ကိုယ်ပိုင်အမှတ်၊ ဝဝ၈၉၃၁၊ တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာနှင့် ၄၇ ယောက်အား လက်နက်/ ဖောက်ခွဲရေး မိုင်းများ နှင့်အတူ အရှင် ဖမ်းဆီး ရမိခဲ့သည်။

ပဏာမ စစ်ကြောချက် အရ ဖမ်းဆီး ရမိ ၄၈ ယောက်တွင် တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာအပါ အဝင်လေးဦး မှာ တပ်မဟာ (၁)ဌာနချုပ် SSA (ဝမ်ဟိုင်း) မှဖြစ်ပြီး ကျန် ၄၄ ယောက်မှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ နှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူ များဖြစ် ကြောင်း၊ ၄င်းတို့အား ကချင် ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်း
ကျေးရွာ အနီး တပ်သားသစ် သင်တန်းအား ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြား နေစဉ် တပ်မတော် စစ်ကြောင်း များ၏ ရှင်းလင်းမှု ကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ သောင်းကျန်းသူ များ၏ အဓမ္မ လုပ်ရပ် များအား လက်မခံသည့် တိုင်းရင်းသား ပြည်သူ လူထုမှ အချိန်နှင့် တစ်ပြေးညီ သတင်း ပေးပို့မှု ကြောင့် ယခုကဲ့သို့ အရှင် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သတင်း ရှိသည်။ အဆိုပါ အဓမ္မ လူသစ် စုဆောင်းခံရ သည့် အရပ်သား ၄၄ ယောက်အား နယ်မြေခံ တပ်/ ရဲတပ်ဖွဲ့ တို့မှ သက်ဆိုင်ရာ မိဘ၊ ဆွေမျိုး များထံ ဆက်သွယ် အကြောင်းကြား လျက်ရှိပြီး တရားဝင် လွှဲပြောင်း အပ်နှံ ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
 ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သား သစ် သင်တန်း ဖွင့်လှစ် လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း ခံရသည့် အရပ်သား များသည် ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင်
ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ လူသစ် များအား အတင်း အဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ် ထားရှိသောဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ် သူကျောင်း သား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သောအမျိုးသမီးများသာ နေ့ည မပြတ်ဝင် ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူများ သားကောင်းသမီး ပျိုများ အတွက် များစွာ အနှောက်အယှက်ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး ၏ပြောပြ ချက် အရ သိရှိရသည်။

ပန်းရောင် လင်းပိုင်


အပန်းရောင် လင်းပိုင်
Monday, 29 October 2012

အပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။

သို့ပေမယ့် အားလုံးကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ်။ ရေချိုမှာ နေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ်။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။ အကြီးဆုံးအားဖြင့် ၈.၂ ပေအထိ တွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။ အမတွေက အထီးတက်အရွယ်ပိုကြီးလေ့ ရှိပြီး အထီးထဲမှာ အကြီးဆုံးကို ၆.၆ ပေ အထိ လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။

အားလုံး အပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ အချို့ ကျတော့ သာမန် လင်းပိုင်လိုပဲ ဖြစ်ပါတယ်။ အချို့ ကျတော့ အပန်းရောင် ပါရုံမျှ ဖြစ်ပေမယ့် အချို့ လင်းပိုင်ကျတော့ အပန်းရောင် ထင်းထင်းလင်းလင်း ရှိပြီး လှပနေ တတ်ပါတယ်။ သူ့ရဲ့ အဓိကထူခြားချက်က လည်ပင်းပဲ ဖြစ်ပါတယ်။

လည်ပင်းရိုးမဆက်ထားတဲ့အတွက် ၁၈၀ ဒီဂရီအထိ အကွေးအဆန့် ပြု လုပ်နိုင်ပါတယ်။ ရှားပါး တိရစ္ဆာန်မျိုးစိတ်စာရင်းထဲ ထည့်သွင်း ထားပါတယ်။ ဖမ်းဆည်းခွင့် မပြုထားပါဘူး။ အမေဇုန်မှာဆိုရင် မြစ်ကိုစောင့်ရှောက်တဲ့ လင်းပိုင်လို့တောင် တင်စားကြပါတယ်။ အမေဇုန် ကမ်းခြေ တစ်လျှောက် နေထိုင်သူအချို့ ထဲမှာ ယနေ့တိုင် စွဲနေတဲ့ အစွဲ တစ်ခု ရှိပါသေးတယ်။

ဒါကတော့ အပန်းရောင် လင်းပိုင်ကို ဖမ်းရင် ကံကြမ္မာဆိုးကျရောက်တတ်ပြီး ယင်း အပန်းရောင် လင်းပိုင်ကို မျက်လုံးချင်း ဆုံကြည့်မိရင်လည်း ကံကြမ္မာဆိုးနဲ့ ကြုံရတတ်တဲ့လို့ အယူစွဲနေသူများ ရှိနေပါသေးတယ်။ ယင်းကဲ့သို့ စွဲလမ်းမှု ရှိနေသော်ငြားလည်း  အပန်းရောင် အမေဇုန်မြစ် လင်းပိုင်းကတော့ ကမ္ဘာ့ ရှားပါး လင်းပိုင်းမျိုးစိတ် တစ်ခု အဖြစ် တည်ရှိ နေပါတယ်။

International news for myanmar
 
အပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စား ပါတယ်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်

 
 
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်
Monday, October 29, 2012

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိတာချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူးနေ့တွင်လာရောက်
မည်ဟု သတင်းရသည်။

တာချီလိတ် ဒေသ အာဏာပိုင်များနှင့် နီးစပ်သူတဦးက“မစ္စတာ သက်ဆင် ဗုဒ္ဓဟူးနေ့မှာ ရောက်မှာပါ၊ သူ့ကိုတွေ့ဆုံဖို့ လာမယ့်ထိုင်းဘက်ကလူတွေကို
 မြန်မာ နယ်ခြား ကော်မတီဝင် တချို့က ချစ်ကြည်ရေးတံတား ထိပ်မှာ သွားကြိုလိမ့်မယ်”ဟု ပြောသည်။

မစ္စတာ သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်ရှိ ထိုင်း လုပ်ငန်းရှင်လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် တည်းခိုကာ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူစေတီကို သွားရောက်ဖူးမြော်မည်
 ဖြစ်ကြောင်း၊ ၎င်း၏ လုံခြုံရေးအတွက် ထိုင်း အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း မြန်မာဘက်သို့ လာရောက် ဆောင်ရွက်နေသည်ကို
 တွေ့ရကြောင်း အာဏာပိုင်များနှင့် နီးစပ်သူက ပြောပြသည်။

ပြီးခဲ့သည့် စနေနေ့ထုတ် ထိုင်းနိုင်ငံမြောက်ပိုင်း အခြေစိုက် ChiangRai Times သတင်းစာတွင်လည်း မစ္စတာ သက်ဆင်သည် တာချီလိတ်မြို့
တွင် လေးငါးရက်ခန့် နေထိုင်ပြီး ထိုင်းနိုင်ငံရေးသမားများ၊ ၎င်း၏ ယခင်ပါတီဟောင်းဖြစ်သည့် ထိုင်းရတ်ထိုင်းပါတီ၏ အလုပ်အမှုဆောင်
 ဟောင်းများ၊ လက်ရှိအာဏာရ ဖုယာ့ ထိုင်း ပါတီဝင်များ အပါအ၀င် ရှပ်နီများနှင့်ပါ တွေဆုံရန်ရှိကြောင်း ရေးသားထားသည်။

ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ၊ ချင်းမိုင် စသည့် ဒေသများသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ၏ အမာခံ နယ်များဖြစ်သည်။

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခံရသည့် မစ္စတာ သက်ဆင်သည် အာဏာအလွဲသုံးစားမှုဖြင့် ၎င်းကို မျက်ကွယ် ထောင် ဒဏ် ချမှတ်ခံထားရပြီး ယခုအခါ အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီး စော်ဘွားနိုင်ငံ ဒူဘိုင်းတွင်
 နေထိုင်နေသည်ဟု အများကပြော ဆိုကြသည်။

မစ္စတာ သက်ဆင်သည် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံ
များကို လာရောက်လည်ပတ်လေ့ရှိပြီး ညီမဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာရခါစ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက
 မြန်မာနိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။

ထို ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် သမ္မတ ဦးသိန်းစိန်
တို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးများ ဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်
 နေရာများသို့ သွားရောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဧရာဝတီ
 
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိတာ ချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူးနေ့တွင်လာရောက် မည်ဟု သတင်းရသည်။

အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်

 
 
အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်
Monday, October 29, 2012 

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စားဝတ်နေရေးအတွက်
မှီခိုလုပ်ကိုင် နေကြရသည့် ဘိန်းစိုက်ခင်းများ အစား၊ အစားထိုးသီးနှံများ ဖန် တီးပေးနိုင်မည့် လမ်းပန်းဆက် သွယ်ရေး လွယ်ကူအဆင်ပြေစေရန်
 ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေမှုများ
 လျော့နည်းလာမည့်အပြင် တစ်ချိန်တွင် လုံးဝပပျောက်သွား နိုင်ကြောင်း အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရ
အဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြား
သွားခဲ့သည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးမှ ရှမ်းပြည် နယ်အတွင်း ကျန်ရှိနေသေးသော  ဘိန်းစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ
အဖွဲ့သို့ မေး မြန်းခဲ့ခြင်းအပေါ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်အား မေးမြန်း ခဲ့ရာ““အန်ကယ်တို့နဲ့လာ တွေ့တာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး
ဝန်ကြီးရယ်၊ သံအမတ် ကြီး ဒဲရစ်မစ်ချဲလ်ရယ်၊ စစ်သံမှူး ရယ် သူတို့က ရှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေသလားလို့မေးတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ မရှိတော့ဘူး။ တောင်ပိုင်းမှာပဲ
ဘိန်းစိုက်ပျိုးမှုက အနည်းအကျဉ်း ရှိနေတာ (၈၈)ခုနှစ် အရင်က  တော့ ကုလသမဂ်္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ
ရှိတဲ့ ဘိန်းစိုက်ခင်းတွေကိုပူးပေါင်းပြီး တားဆီး နှိမ်နင်းမှုတွေ လုပ်ပေးတယ်။ ခု ၈၈ နောက်ပိုင်း သူတို့က အကူ အညီမပေးတော့ ဘိန်းစိုက်ပျိုးမှု တွေ နည်းနည်းကျန်နေတာပါ။ အဲသလို စိုက်ပျိုးမှုတွေကလည်း ရှမ်းပြည်
တောင်ဘက် ပေငါး ထောင်လောက်မြင့်တဲ့ တောင် တန်းတွေပေါ်မှာပါ။ စိုက်တဲ့ တောင်သူတွေကလည်း ဒီဘိန်းစိုက်တာကို သူတို့ရဲ့ အသက်မွေး ၀မ်းကြောင်းအနေနဲ့၊ ပြီးတော့ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေး အတွက် စိုက်နေရတဲ့သဘောမျိုးပါ။ အဲဒီ ဘိန်းစိုက်တဲ့တောင်သူ တွေလည်း လုံးဝဘိန်းစိုက်ချင်ကြ တာမဟုတ်ဘူး။ ဒါကြောင့် အဲဒီတိုင်းရင်းသားတွေကို ဘိန်းအစားထိုးသီးနှံတွေ ဖန်တီးပေးမယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး
 ကောင်းအောင် လုပ်ပေးမယ်ဆိုရင် ရှမ်းပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုဟာ
လျော့နည်းလာပြီး မကြာခင်လုံးဝ ပျောက်ကွယ်သွား မှာပါ””ဟုရှမ်းပြည်နယ်
ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြန်လည်ဖြေ ကြားပေးသွားခဲ့သည်။
၁၉၈၈ခုနှစ် မတိုင်မီက ရှမ်း ပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်း များအား အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့
တို့မှ ဆေးဖြန်း လေယာဉ်ငယ်များဖြင့် ပူးပေါင်းတိုက်ဖျက်ပေးခဲ့ပြီး ၁၉၈၈
ခုနှစ် နောက်ပိုင်းတွင် ယင်းသို့ ဆက် လက် ပူးပေါင်းတိုက်ဖျက်ပေးခြင်း မပြုတော့သည့်အတွက် ဘိန်း စိုက်ပျိုးမှုများ အမြစ်ပြက် ပပျောက်မသွားဘဲ အချို့သော တောင်ပေါ်ဒေသများ၌ ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

The Hot News
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စားဝတ်နေရေးအတွက် မှီခိုလုပ်ကိုင် နေကြရ သည့် ဘိန်းစိုက်ခင်းများအစား၊အစားထိုးသီးနှံများဖန်တီးပေးနိုင်မည့်လမ်းပန်းဆက်သွယ်ရေးလွယ်ကူအဆင်ပြေစေ ရန်ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေမှုများလျော့နည်းလာမည့်အပြင် တစ်ချိန် တွင် လုံးဝပပျောက်သွား နိုင်ကြောင်း အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြားသွားခဲ့သည်။

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

 
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက် လာခြင်းဖြစ် ပါတယ်။
ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

Aung Khamkyaw

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
...
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကိုအသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန် http://en.wikipedia.org/wiki/Mortar_boards

Ref :ပရော်ဖက်ဆာဒေါက်တာကြွက်

အေးချမ်းမွန်မှ Yatanarpon Call Center တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :usuonline.com

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသ ဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ 

7Day News ဂျာနယ်မှ ဖြေရှင်းချက်

7Day News ဂျာနယ်သည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းအကြောင်းအရာများကို စာဖတ်သူများ အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်ရန် သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံများအား ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ၀က်ဘ်ဆိုက်တို့မှတစ်ဆင့် တင်ဆက်လျက်ရှိပါသည်။

ရခိုင် ဆူပူ အကြမ်းဖက်မူ နိုင်ငံခြားမှ အဖွဲ့တချို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ပြော

ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် တကျော့ပြန် ဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မူကို နိုင်ငံခြား အဖွဲ့အစည်းတချို့မှ နောက်ကွယ်က  ကြိုးကိုင် လူပ်ရှားခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က သူ၏ ကျေညာချက်ထဲ မှတဆင့် ထုတ်ဖေါ် စွပ်စွဲ ပြောကြားလိုက်သည်။

ရန်ကုန်မြို့အတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆုံးဖြတ်ချက်များ







  • လွန်ခဲ့သောလပိုင်းများမှစ၍ မြန်မာ့နိုင်ငံေ၇းတွင် အပြောင်းအလဲ အချို့ပေါ်ထွန်းခဲ့၍ ထိုသည်တို့ဧ။် အကျိုးသက်ရောက်မှုမှာ မြန်မာပြည်တွင် ရင်းနှီးမြှပ်နှံလိုသူများ တိုးပွားပေါ်ပေါက်လာခြင်းပင် ဖြစ်ပေသည်။

ကျပ်နဲ့ဘတ် တရားဝင် မလဲလှယ်နိုင်တော့ ဘာဖြစ်သလဲ


ဘဏ်များတွင် ထိုင်းဘတ် နှင့် မြန်မာကျပ်ငွေကို တရားဝင် လဲလှယ်နိုင်ခြင်း မရှိသည့်အတွက် ကုန်သွယ်မှု တွင် မြန်မာကုန်သည်တို့ နစ်နာကြသည်ဟုမြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးနယ်စပ်   ကုန်သွယ်ရေး ဇုန်ဖြစ် သည့် မြ၀တီဇုန်ရှိ ကုန်သည်တို့က ပြောသည်။ထိုသို့ နစ်နာကြသည်မှာ ဆယ်စုနှစ် ၂ ခု ကျော်လာပြီဟု ဆိုသည်။

ရခိုင်ဒေသ ပဋိပက္ခပြဿနာများဖြစ်ပွားလာရခြင်းနှင့်လှုပ်ရှားမှုများ အပိုင်း (၁)

 ၁။ OIC နဲ့ ရိုဟင်ဂျာ ဘာလဲ၊ ဘယ်လဲ။
ရခိုင်ပြည်တွင်း ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ဘီဘီစီသတင်းဌာနက မြောက်ဦးမြို့နယ်အတွင်းနေတဲ့ ဘင်္ဂါ လီ တဦး ကို အောက်တိုလာလ ၂၇ ရက်၊ မနက်ပိုင်းအစီအစဉ် အတွင်း အင်တာဗျူးရာမှာ လက်ရှိဖြစ် ပွားနေ တဲ့ ရခိုင်ပဋိပက္ခကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲလို့ ဘင်္ဂါလီတဦးကိုမေးပါတယ်။ ဒီတော့ အဲဒီ အမျိုးသားက သူတို့ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုပြီးတော့ တိုင်းရင်းသားအဖြစ် လက်ခံလိုက် ရင် ပြဿနာေ တွ ပြီးသွားမှာပါတဲ့။

ဖားကန့်မြို့နယ်တွင်း လုယက်မှုတွေဖြစ်ပွားနေ

 ဖားကန့်မြို့နယ်တွင်း လုယက်မှုတွေဖြစ်ပွားနေ

အောက်တိုဘာ(၂၉)

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အခွင့်ကောင်းယူပြီးတော့ ဖားကန့်မြို့နယ် အတွင်းက မှော်တွေမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို ဂိုဏ်းဖွဲ့ ၊ အုပ်စုဖွဲ့ပြီး ခိုးယူ လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ပွဲကြောင့် ကုမ္ပဏီတွေက လုပ်ငန်းတွေကို ရပ်နားထားခဲ့ရပြီး လုပ်ကွက်အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို အစောင့်အနည်းငယ်နဲ့ ချန်ခဲ့ရာမှာ လူစုလူဝေးနဲ့ အခွင့်အရေးယူ လာရောက် လုယက်တာတွေ လုပ်နေတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်းက ပြောပါတယ်။

စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလ အစပိုင်းကစပြီး မှော်ထဲမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ လုယက်ခံခဲ့ရတာလို့ ဦးလဆိုင်းက ပြောပါတယ်။

“ကုမ္ပဏီက ၁ ဧကလောက်ကျယ်တယ် ဒါပေမယ့် လူက ၁ ယောက် ၂ ယောက်ပဲ စောင့်နေတယ်၊ ကုမ္ပဏီမှာ ကားတွေ ယန္တရားတွေ ရပ်ထားတယ်။ ကုမ္ပဏီတွေကလည်း လူအုပ်ကိုကြောက်တာနဲ့ ကျောက်တွေယူခွင့်ပြုတယ်။ တချို့က ကျောက်မယူဘဲနဲ့ တခြား ပစ္စည်းယူတာတွေလည်း အများကြီး။ ဒါပေမယ့် ကုမ္ပဏီတွေကလည်း သူတို့ အသက်အန္တရာယ် ကြောက်တာနဲ့ ဘာမှမပြောရဲဖြစ်နေတယ်။”

ဒီလိုလူစုလူဝေးနဲ့ခိုးယူတာကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူ တာတွေရှိပေမယ့်လည်း လူတွေက အရေးမထားဘူးလို့ ဆိုပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော်ကလည်း အခုလို ခိုးယူတာတွေ အတွက် အရေးယူဆောင်ရွက်ဖို့ လုပ်နေသလို ဖမ်းဆီးထားတာလည်း လူ ၅၀ လောက်ရှိနေတယ်လို့ တခြားဒေသခံ တဦးက ရှင်းပြပါတယ်။

“ကျနော်တို့ ဖားကန့်မှာ ကေအိုင်အေနဲ့ စစ်တပ် တိုက်ပွဲဖြစ်တာကို အခွင့်ကောင်းယူပြီး ကုမ္ပဏီတွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ကျောက်စိမ်းတွေထားတဲ့ သိုလှောင်ရုံမှာ ဖောက်တယ်၊ အဆောင်တွေကို မီးရှို့တယ်။ အဖိုးတန်ပစ္စည်းအကုန်မကျန်ယူသွားတယ်။ ဂိုဏ်း ၂ ဂိုဏ်း လူအင်အားက ၁၀၀၀ ၀န်းကျင်လောက် ရှိမယ်။”

ဒီလိုခိုးယူလုယက်တာတွေအတွက် တချို့ကုမ္ပဏီတွေဆိုရင် သိန်းထောင်နဲ့ချီ အခိုးခံနေရတယ်လို့ ဖားကန့်ဒေသခံက ပြောပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

(DVB)

အေးချမ်းမွန်မှ Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Kachin Daily News
 
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အခွင့်ကောင်းယူပြီးတော့ ဖားကန့်မြို့နယ် အတွင်း က မှော်တွေမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို ဂိုဏ်းဖွဲ့ ၊ အုပ်စုဖွဲ့ပြီး ခိုးယူ လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ပြီးပြီလား



ဒီရက်ပိုင်း ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့ နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ် လိင်ပိုင်းဆိုင်ရာ မတရား ကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။ 

ဝမ်ကျားပေါင် ၀န်ကြီးချုပ်ဖြစ်စဉ်ကာလအတွင်း သူ၏ ဆွေမျိုးသားချင်းများမှာ အလွန်အမင်း ကြွယ်ဝချမ်းသာလာခဲ့ပြီး ပိုင်ဆိုင်မှုစုစုပေါင်း ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ်ဖော်ပြ



တရုတ်ဝန်ကြီးချုပ်အဖြစ် ၀မ်ကျားပေါင်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း သူ၏ဆွေမျိုးသား ချင်းများ မှာ အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ပြီး ပိုင်ဆိုင်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ
၇ ဘီလျံ အထိ ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၏ စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်း တစ်ပုဒ် တွင် ဖော်ပြထားသည်။

အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်ကာကွယ် သွားမည်ဟု အမေရိကန်ကြေညာ

 အာရှဒေသတွင်အမေရိကန်ရေတပ်ချထားခြင်းမှာပင်လယ်ရေကြောင်းလွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ် ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington ၏ တပ်မှူးက အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်က ကျည်ကာယာဉ်များ လေလံတင်ရောင်းချမည်

 

အမေရိကန် လေလံလုပ်ငန်းစုမှ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား စစ်လက် နက်ဟောင်း များ စုဆောင်းရေးစင်တာ (National Military History Center) မှာ ကျန်ရှိနေတဲ့ စက်ယန္တရားများ ဖြစ်ပါတယ်။

ကြိမ်ဝါး လုပ်ငန်းရှင် အချို့ လုပ်ငန်း စွန့်ခွာ

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ၀န်ကြီးဌာန၊ သစ်တော ဦးစီးဌာန မှ လုပ်ထုံး လုပ်နည်း အချို့ကြောင့် ကြိမ်၊ ၀ါး အချောထည် များ ရောင်းချသော လုပ်ငန်းရှင် အချို့ လုပ်ငန်း ကို စွန့်ခွာ ကြကြောင်း ကြိမ်ဝါး လုပ်ငန်းရှင် များ အသင်း ဥက္ကဌ ဦးကျော်သူ က ပြောကြား သည်။

"တရုတ်သံရုံး၏ မြန်မာနိုင်ငံတွင်း ခြေရှုပ်မှုများ"

 
 
အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ကျော် ချမ်းသာ ကြွယ်ဝသည့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၏ ဇနီးဖြစ်သူ ကျန်ပိုင်လီ သည် ရန်ကုန်မြို့ ရှိ တရုတ်သံရုံး၊ မန္တလေး မြို့ ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ မှ တစ်ဆင့်ကချင်ပြည်နယ်မှ ထွက်ရှိသော ကျောက်စိမ်းများကို သံတမန် ကင်းလွတ်ခွင့် အပါအ၀င် နည်းမျိုးစုံဖြင့် ၀ယ်ယူ၍ နယူးယောက်၊ ပါရီရှိ ကျောက် စိမ်းနှင့် လက်ဝတ် လက်စား ဈေးကွက်သို့  ပြန်    လည် ရောင်းချသည်။

ရခိုင်အရေး ခေါင်းအေးအေး အဖြေရှာနိုင်ရင် အောင်မြင်နိုင်

ရခိုင်ပြည်နယ်အရေး ခေါင်းအေးအေးထားပြီး အဖြေရှာနိုင်ရင် အောင်မြင်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေရတာဟာ လူမျိုးရေးကြောင့်လည်း မဟုတ်သလို ဘာသာရေးကြောင့် လည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း မဟုတ်သလို လူမျိုးတုန်း သုတ်သင်နေတာ လည်း မဟုတ်ပါဘူး။

မီးရှို့ ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ဆောက်ပေးမည်


 
 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၁၉ ကျောင်းကို ပုံစံတူ ပြန် တည်ဆောက်ပေးမယ်လို့  ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာက ပြောပါတယ်။

Window 8 ကို ရန်ကုန်မှာလည်း မိတ်ဆက်






ဆန္ဒပြပွဲတွေကြောင့် တရုတ် ဓာတုစက်ရုံ စီမံကိန်း ဆိုင်းငံ့

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရေနံ ဓာတုစက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကို ဒေသတွင်း လေထု ညစ်ညမ်း မှုတွေ ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ဒေသခံတွေက ရက်တွေနဲ့ချီ ဆန္ဒပြခဲ့ကြတာမို့ အဲဒီဒေသက အာဏာ ပိုင်တွေက စီမံကိန်းကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးဆိုးတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာသုံးသပ်မှုတွေ လုပ်နေချိန်မှာ စီမံကိန်း တိုးချဲ့တည်ဆောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားမယ့်အကြောင်း Ningbo မြို့က မြို့နယ်စည်ပင် အရာရှိတွေက ပြောပါတယ်။ Ningbo မြို့ရဲ့ Zhenhai ကမ်းရုံးတန်းဒေသ မှာ ဆောက်လုပ်မယ့် ရေနံ ချက်စက်ရုံကို တရုတ် ရေနံကုမ္ပဏီကြီးတခုဖြစ်တဲ့ Sinopec ရဲ့ လက်အောက်ခံ ကုမ္ပဏီတခုက ပိုင်တာပါ။

ဟာရီကိန်းအန္တရာယ် ကာကွယ်ရေး စိုင်းပြင်း


Monday, October 29, 2012

အမေရိကန်ပြည်ထောင်စု ပြည်မ ကုန်းတွင်းပိုင်းကို အင်အားအပြင်းထန်ဆုံး မုန်တိုင်းတိုက်ခတ်မယ်လို့ မိုးလေ၀သ ကျွမ်းကျင်သူတွေက ခန့်မှန်း နေတာကြောင့် အရှေ့ဘက် ကမ်းခြေတကြော မှာ လေနဲ့ရေဘေး
အန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင် နေကြပါပြီ။

စန္ဒီမုန်တိုင်း ရွေးကောက်ပွဲအထိ ထိခိုက်နိုင်

Sandy
နိုဝင်ဘာ ၆ မှာ ကျင်းပတော့မယ့် အမေရိကန် သမ္မတတရွေးကောက်ပွဲကိုတောင် အများကြီး ထိခိုက် နိုင်ချေရှိတဲ့  စန္ဒီလို့အမည်ရတဲ့ ဟာရီကိန်းမုန်တိုင်းကြီးဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်း ကုန်းတွင်း ကို စတင် ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။

နိုင်ငံဝန်ထမ်းများ အကျင့်ပျက်လာဒ်စားရသည့် အခြေခံအကြောင်းအရင်းများ


၁။ စားဝတ်နေရေး မလုံလောက်ခြင်း
၂။ လူမှုဇိမ်ခံအသုံးအဆောင်များ ပေါများလာခြင်း
၃။ ပင်စင်ယူချိန်တွင် လုံလောက်သည့် လူမှုဖူလုံစရိတ်မရှိခြင်း
၎။ လုပ်ငန်းခွင် အာမခံချက်မရှိခြင်း
၅။ ငွေအလွယ်ရသောအခါ ချမ်းသာလိုသည့် လောဘစိတ်ဖြစ်ပေါ်လာခြင်း တို့ဖြစ်ပါသည်။ 

ဟာဝါရီ ဆူနာမီလှိုင်း ခန့်မှန်းသလောက် မပြင်းထန်




ကနေဒါနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းမှာ ပြင်းအား ၇.၇ ရစ်ချက်စကေး ငလျင် လှုပ်ခတ်သွားတာကြောင့် ကနေ ဒါနိုင်ငံ အနောက်တောင်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စု ဟာဝါရီ မှာ ဆူနာမီလှိုင်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါ တယ်။ ငလျင် လှုပ်ပြီးနောက် စနေ့ ညပိုင်းမှာပဲ ဟာဝါရီကျွန်း ကမ်းတလျှောက်မှာ ဆူနာမီ အရေးပေါ် သတိပေး ချက် ဥသြသံတွေ ထွက်လာပါတယ်။ ဒါကြောင့် ဟာဝါရီ ကျွန်း ကမ်းရိုးတန်း တလျှောက် နေ ထိုင်ကြသူတွေရော ခရီးသွား ဧည့်သည်တွေမှာ မြေမြင့်ပိုင်းကို ညတွင်း ချင်း ရွှေ့ပြောင်းခဲ့ကြရပါတယ်။

 မြန်မာ-ထိုင်းနယ်စပ်မှ တစ်နှစ်လျင် အနည်းဆုံးအမေရိကန် ဒေါ်လာ ၁.၄ ဘီလျံကျော်ဖိုး မှောင်ခိုကုန်သွယ်နေ၊မှောင်ခိုလျော့နည်းရေး စီမံနိုင်ရန် ကိန်းဂဏန်းအမှန်များကို ထိုင်းဘက်မှ မြန်မာဘက်သို့ ပေးသော်လည်း တရုတ်ဘက်မှ ထုတ်မပေး

thn-10-28-7

မြန်မာ-ထိုင်းနယ်စပ်မှတစ်နှစ်လျင်အနည်းဆုံးအမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော်ဖိုး ကို မှောင်ခို ကုန်သွယ်နေကြောင်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ကိန်းဂဏန်းများနှိုင်း ယှဉ်ချက် အရ သိရသည်။

သီလဝါ အထူး စီးပွားရေးဇုံ စတင်ကွင်းဆင်း


သီလ၀ါ အထူးစီးပွားရေးဇုန်ကို မြေဧက ၅၀၀၀ ကျော် ကျယ်ဝန်းပြီး ဟက်တာ ၂၄၀၀ ကျော်ရှိကာ မြေပြင်ကွင်းဆင်း လေ့လာမှုများ စတင် လုပ်ဆောင်နေပြီး ၂၀၁၃ ခုနှစ်တွင် စတင်၍ အခြေခံ

အဆောက်အအုံများ တည်ဆောက်ခြင်း စတင် လုပ်ဆောင် မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးစစ်အောင်က ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ၏ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်းသည့်သဘောထားထုတ်ပြန်ကြေငြာချက်

 
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အတွင်း လူအုမ်စုများအကြား ဆူပူအကြမ်းဖက်မှုများကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးပါးခဲ့ရပြီဖြစ်ပါသည်။ 

ဟာရီကိန်းအန္တရာယ် ကာကွယ်ရေး စိုင်းပြင်း


အမေရိကန်ပြည်ထောင်စု ပြည်မ ကုန်းတွင်းပိုင်းကို အင်အား အပြင်းထန် ဆုံး မုန်တိုင်းတိုက်ခတ်မယ်လို့ မိုးလေ၀သ ကျွမ်းကျင် သူတွေ က ခန့်မှန်းနေတာကြောင့် အရှေ့ဘက် ကမ်းခြေတကြော မှာ လေနဲ့ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင် ဆင် နေကြပါပြီ။

တကျော့ပြန် ရခိုင် ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား နေသော ပဋိပက္ခ များကြောင့် နေအိမ်များ ဆုံးရှုံးကာ ဒုက္ခသည် များ အဖြစ် ခိုလှုံ နေကြရသည့် မီးဘေးသင့် ဒုက္ခသည်များ အတွက် ဆေးဝါး များ၊ စားနပ် ရိက္ခာ များ၊ လူသားချင်း စာနာမှု အထောက်အကူ များ အရေးပေါ် လိုအပ် နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ ထံမှ သိရှိရသည်။