Thursday 10 July 2014

ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး

Photo: ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး
Thursday, July 10, 2014 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလောက်အောင် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အသက်(၁၇)နှစ်သာ ရှိသေးသည့် အေဆယ်လာ ဒက်စ်ပီဂီလာရီသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း ဘယ်လ်ဂျီယံအသင်းကို လိုက်လံအားပေးရင်း ဗီဒီယို မှတ်တမ်းများမှတစ်ဆင့် လူသိများလာသူ တစ်ဦးဖြစ်သည်။ သူမ၏ လှပချောမောသော ပုံရိပ်ကို Facebook နှင့် Twitter တို့ အပါအဝင် Social Media ဝက်ဘ်ဆိုက်များတွင် လူအများက ဝေမျှခဲ့ကြသည်။

ဘယ်လ်ဂျီယံသည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားကို ရှုံးနိမ့် ထွက်ခွာခဲ့သော်လည်း ဒက်စ်ပီဂီလာရီ၏ ပုံရိပ်များမှာ အင်တာနက်တွင် ဆက်လက် ရေပန်းစားနေဆဲ ဖြစ်သည်။

ထို့ကြောင့်လည်း နာမည်ကျော် အလှကုန်လုပ်ငန်း L’Oreal က သူမကို သတိပြုမိသွားပြီး မော်ဒယ်လ်တစ်ဦးအဖြစ် စာချုပ်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဒက်စ်ပီဂီလာရီသည် L’Oreal ၏ ထုတ်ကုန်သစ် ကြော်ငြာဗီဒီယို တစ်ခုတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခွင့် ရထားကြောင်းလည်း သိရသည်။

Ref: Mirror
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလော က်အော င် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား

Photo: မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား
Thursday, July 10, 2014 

ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်ပေ ကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၀ တို့သည့် ယခုလ ၁၅ ရက်နှင့် ၂၁ရက် တို့တွင် စီးပွားရေးပူးပေါင်းလုပ် ကိုင်ရန် အသီးသီးတွေ့ဆုံကြမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း(MRCC I)မှ သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လယ်ယာ ကဏ္ဍများနှင့် စား သောက်ကုန်ထုတ်လုပ်ရေးအစရှိ သည့် ကဏ္ဍများတွင်မြန်မာလုပ် ငန်းရှင်များနှင့် ပူးပေါင်းလုပ် ဆောင်ရန် စိတ်ဝင်စားနေသည့်အ တွက် MRCCIတာဝန်ရှိသူများမှ တစ်ဆင့် လာရောက်ချိတ်ဆက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း MRCCI မှ မန်နေဂျာဦးကျော်မင်း ကပြောသည်။

‘‘MRCCI အနေနဲ့ မန္တလေး တိုင်းထဲက ပြည်တွင်းလုပ်ငန်းရှင်  နဲ့ ပြည်ပက လုပ်ငန်းရှင်တွေလုပ် ငန်းတူသူအချင်းချင်းကြားကနေ ချိတ်ဆက်ပေးရတဲ့သဘောပါပဲ။ လုပ်ငန်းရှင်အချင်းချင်းပဲတိုက် ရိုက်ဆွေးနွေးမှုတွေလုပ်ကြမှာ’’ ဟု ဦးကျော်မင်းကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ နှင့် တိုင်ပေလုပ်ငန်းရှင်များတွေ့ဆုံမည့်ပွဲကို ယခုလ ၁၅ ရက်တွင် MRCCI အသင်းရုံးချုပ် ၌လည်းကောင်း၊ ထိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယခုလ ၂၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ လည်းကောင်း အသီးသီးပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီးတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ပါဝင်စားမှုအများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး MRCCIအသင်းမှတစ်ဆင့် လာရောက်ဆက်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း ဦးကျော်မင်းကဆိုသည်။

7Day DAILY 

မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ကို ကရင်နီပြည်နယ်အဖြစ် ပြောင်းလဲရန်ဆောင်ရွက်မည်

ရန်ကုန်၊ တိုင်းရင်းသားအားလုံး၏ညီ ညွတ်ခြင်းကို ဖော်ဆောင်နိုင်သည့် ယခု ကယားပြည်နယ်အခေါ် အဝေါ်မှ ကရင်နီပြည်နယ် အခေါ်အဝေါ်သို့ ပြောင်းလဲရန်အတွက် တိုင်းပြည်၏လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပြီးဆုံးချိန်မှသာ လုပ်ဆောင်သွားရန်ရှိကြောင်း သိရ သည်။

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက် ပါသည်။

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေး အစည်းအဝေးနှင့် ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း

 Photo: မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း
Thursday, July 10, 2014  

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာကို ထောက်ပြပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး ကို ပြန်သုံးသပ်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဒ် ရွိုက်စ် က အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

usa_myanmar_flag_400မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ သြဂုတ်လခရီးစဉ်နဲ့ သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာ ခရီးစဉ်တွေ မတိုင်ခင် ခုလို တောင်းဆိုလိုက်တာလို့ ဖော်ရိမ်း ပေါ်လစီ(Foreign Policy) မဂ္ဂဇင်း အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

စီးပွားရေးအခွင့်အလမ်းတွေ များပြားလာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဆက်လက် ဖိနှိပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာ ကူညီမှု မရတာတွေ၊ လွှတ်တော်မှာ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ထားတဲ့ ဥပဒေကို အတည်ပြုဖို့ လုပ်ဆောင်နေတာတွေနဲ့ နောက်နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ၀င်အရွေးခံနိုင်ဖို့ တားမြစ်ထားဆဲ ဖြစ်နေတာတွေကို အဓိက ထောက်ပြထားတာပါ။

ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အမည်စာရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာပိတ်ပင်တဲ့ စာရင်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူး သတ်မှတ်ထားသော နာမည်ပျက်ပုဂ္ဂိုလ်စာရင်းထဲ ထည့်သွင်းဖို့လည်း ရွိုက်စ်က အစိုးရအဖွဲ့ကို အထူး တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အရာရှိတွေ မြန်မာစစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့ မြန်မာစစ်တပ်ကို လေ့ကျင့် သင်တန်းပေးမယ် ဆိုတဲ့ကိစ္စကလည်း အချိန်မတန်သေးဘူးလို့ ဆိုနိုင်တာကြောင့် ၂ နိုင်ငံ စစ်ရေးဆက်ဆံမှုကို အဆုံးသတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

DVB TV News
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာကို ထောက်ပြပြီး မြန်မာ-အမေရိကန် ဆက် ဆံရေး ကို ပြန်သုံးသပ်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဒ် ရွိုက်စ် က အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်

Photo: မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်
Thursday, July 10, 2014 

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်လေ့ကျင့်ရေး ပြုလုပ်ပြသမှုကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေးနန်းတွင်းအရှေ့ပေါက် (၁၉ လမ်း)မှ သံချပ်ကာကားများဖြင့် ထွက်ရှိ လာခဲ့ကာ ကျူံးအရှေ့ဘက်ခြမ်း ၆၆ လမ်းအတိုင်း ကျူံးတောင်ဘက် ၂၆(ဘီ)လမ်းအနောက်ထဲအတိုင်း ဆင်းလာပြီး ၇၈ လမ်း မျက်ပါးရပ်ရှိ စစ်တပ်ဝန်းဟောင်း (ယခင်တပ်မ ၇၆ တပ်ရင်း) သို့ ၀င်ရောက်သွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း စစ်အင်အားအပြည့်ဖြင့် ချီတက်လေ့ကျင့်ခဲ့မှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဌာနစိတ်သို့ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်တာဝန်ကျအရာရှိတစ်ဦးက “တပ်လေ့ကျင့်ရေးအတွက် လိုအပ်ချက်
အရ ပြုလုပ်တာပါ။ အခုထိတော့ မျက်ပါးရပ်စစ်တပ်ထဲမှာပဲ ရှိနေပါတယ်။ မန္တလေးမှာဖြစ်နေတဲ့ ဆူပူမှုတွေနဲ့ ဆက်စပ်ပြီးတော့ စစ်အင်အားပြ ဆောင်ရွက်နေတာလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အရင်ကတော့ နန်းတွင်းစစ်တပ်က တစ်ခါမှ မလိုအပ်ဘဲ အပြင်ထွက်လှည့်
လည်ပြီး စစ်ရေးလေ့ကျင့်တာမျိုး မရှိခဲ့ပါဘူး”ဟု ပြောကြားသည်။

ယင်းကဲ့သို့ နန်းတွင်းစစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်ရေးပြသခဲ့မှုကြောင့် မြို့ခံများအကြားတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်အင်အားပြသသည်ဟု ပြောဆိုမှုများလည်း ရှိနေကြသည်။

“ဆူပူအကြမ်းဖက်မှုတွေဖြစ်နေချိန်က စစ်တပ်က အခုလို သံချပ်ကာကားတွေနဲ့ အပြင်ကိုထွက်လာပြီး စစ်ရေးပြသတာ မရှိခဲ့ဘူး။ ဒီနေ့တော့ စစ်အင်အား
အပြည့်နဲ့ အပြင်မှာထွက်လာတာ မြင်ရသလို စစ်ရဟတ်ယာဉ်တစ်စင်းကလဲ မြို့ပေါ်မှာ ပျံဝဲသွားတာ ကိုတွေ့လိုက်ရတယ်” ဟု ချမ်းအေးသာစံမြို့နယ်
အတွင်း၌ နေထိုင်သူတစ်ဦးက ဆိုသည်။

“မန္တလေးမြို့ရဲ့လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် တည်ငြိမ်အေးချမ်းနေ
ပါတယ်။ လုံခြုံရေးအင်အားလည်း အပြည့်အ၀ချပေးထားပါတယ်။ ကောလာဟလတွေလည်း ပျံ့နှံ့တာမျိုး မရှိတော့ပါဘူး”ဟု မန္တလေး ခရိုင်ဒုရဲမှူးကြီး စိန်ထွန်းက ညနေ ၅ နာရီ ၀န်းကျင်ခန့်က ပြောကြားသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ည ပိုင်းမှ ဇူလိုင် ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လက်ရှိအချိန်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ဇူလိုင် ၅ ရက် ညတွင် ချမ်းမြသာစည်မြို့နယ်အတွင်း လူတစ်ဦးအား လူအုပ်စုတစ်စုမှ ဓားဖြင့် လိုက်ခုတ်ခံခဲ့ရပြီး ဇူလိုင် ၆ ရက်မှ စတင်ကာ မန္တလေးမြို့အခြေအနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်အတွင်းရှိ မြန်မာသုသာန်တွင် ဆူပူအကြမ်းဖက်မည်ဟုကောလာဟလ
များ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုသာန်အားခေတ္တပိတ်ထားခဲ့ရသည်။

ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင် ၉ ရက်အထိ မန္တလေးမြို့၏ အခြေ အနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရ သည်။

ယစ်မျိုးအခွန် အမှတ်တံဆိပ်တွေ ခိုင်ခံ့အောင်လုပ်မယ်

ဆေးလိပ်၊ အရက်၊ ဘီယာနှင့် ဝိုင်တွေအတွက် ရေစိုခံပြီး ခိုင်ခံ့တဲ့ အခွန် အမှတ်တံဆိပ်တွေ ထုတ်ပေးတော့ မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။