Sunday 20 July 2014

အွန်လိုင်းအချက်အလက်ခိုးယူမှုများ ကာကွယ်နိုင်ရန် ကမ္ဘောဇဘဏ်က RSA ကို ရွေးချယ်

ရန်ကုန်၊ ဇူလိုင် ၁၈- အွန်လိုင်းအချက်အ လက်ခိုးယူမှုနှင့် ဆိုက်ဘာရာဇဝတ်မှုများမှ ကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘောဇဘဏ် အနေဖြင့် EMC (NYSE,EMC) ၏လုံခြုံ ရေးဆိုင်ရာဌာနခွဲဖြစ်သည့်ျွှဗ၏ လုံခြုံ ရေးဆိုင်ရာအထောက်အထားစိစစ်မှုနှင့် လိမ် လည်မှုတိုက်ဖျက်ရေး အဓိကဖြေရှင်းဆောင် ရွက်မှုနည်းလမ်းများအား ရွေးချယ်လိုက် ကြောင်း ကမ္ဘောဇဘဏ်သတင်းနှင့်ပြန်ကြား ရေးနည်းပညာဌာနမှ UTPALBORA က ပြောသည်။

မလေးလေယာဉ်ပျက် အထောက်အထားတွေ သယ်ယူသွားမှု ကန်စိုးရိမ်

Photo: မလေးလေယာဉ်ပျက် အထောက်အထားတွေ သယ်ယူသွားမှု ကန်စိုးရိမ်
Sunday, July 20, 2014 

 ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဉ် အပိုင်းအစတွေကို အဲဒီ လေယာဉ်ပျက်ကျတဲ့ နေရာကနေ တခြားနေရာကို သယ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

အဲဒီ ဒေသမှာရှိနေတဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေက ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ တခြား သက်သေအထောက်အထားတွေကို တခြားကို သယ်သွားကြတယ်ဆိုတဲ့ သတင်းတွေထွက်လာနေတာကြောင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးကယ်ရီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ စနေနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လေယာဉ်ပျက်ကျတဲ့နေရာကို ဥရောပတိုက်က စောင့်ကြည့် စစ်ဆေးသူတွေ အသေအချာ သွားရောက် စစ်ဆေးခွင့် မရတဲ့အပေါ်မှာလည်း စိုးရိမ်မိကြောင်း မစ္စတာ Lavrov ကို ၀န်ကြီးကယ်ရီက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိနေတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေထံ ရုရှားဖက်က လက်နက်တွေ တင်ပို့နေတာနဲ့ တခြား ကူညီ တိုက်ခိုက်မယ့် သူတွေ ၀င်ထွက်နေတာတွေ ရပ်တန့်ရေး ရုရှားအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လည်း ၀န်ကြီးကယ်ရီက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်က ရရှိ ထွက်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်တဲ့ ကိရိယာတွေ စုံစမ်း စစ်ဆေးသူတွေလက်ထဲရောက်အောင် ဆောင်ရွက်ပေးမယ်လို့ မစ္စတာ Lavrov က ပြန်လည် ပြောကြားခဲ့ကြောင်း ရုရှားအခြေစိုက် Interfax သတင်းအေဂျင်စီက ပြောပါတယ်။

နယ်သာလန် ၀န်ကြီးချုပ် Mark Rutte ကလည်း သေဆုံးသူတွေရဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားနေတဲ့ပုံတွေ တွေ့ရတဲ့အတွက် အံအားသင့်မိကြောင်း ရုရှားသမ္မတ Vladimir Putin ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတစ်ဦး လေယာဉ်ပျက်တွေကြားမှာ တွေ့ရစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတစ်ဦး လေယာဉ်ပျက်တွေကြားမှာ တွေ့ရစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဉ် အပိုင်းအစတွေကို အဲဒီ လေယာဉ်ပျက်ကျတဲ့ နေရာကနေ တခြားနေရာကို သယ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

၆၇ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ

Photo: ၆၇ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ
Sunday, July 20, 2014

၆၇ နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မော်တော်ကားတွေ၊ မီးရထားတွေကနေ ဟွန်းတွေတီး၊ ဥသြတွေ ဆွဲကြတဲ့အခါ လမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကလည်း ချက်ချင်းငြိမ်သက်အလေးပြုကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က အာဇာနည်နေ့မြင်ကွင်းနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုအခုလိုပြောပါတယ်။

"နေရာတော်တော်များများမှာတော့ ကားဟွန်းတီးတဲ့ဟာတွေလုပ်တယ်၊ ဥသြဆွဲတဲ့ဟာတွေတော့ တချို့လုပ်ကြတယ်၊ မီးရထားတွေလုပ်တယ်၊ ဒီနှစ်က အားလုံးခြုံကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းများမှာ တော်တော်လေး ဒီကိစ္စတွေကို ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့နေရာတွေ၊ ဗိုလ်ချုပ်ပန်းခြံရှိတဲ့နေရာတွေမှာ အသီးသီးအခမ်းအနားတွေ လုပ်ကြတာကိုတွေ့ရတယ်"

မန္တလေးမြို့ မှာလဲ မစိုးရိမ် ကံတက်ကုန်းကျောင်းတိုက်မှာ စာရေးဆရာတွေ၊ မြို့မိမြို့ ဖပြည်သူတွေက အာဇာနည်နေ့ အခန်းအနားကျင်းပသလို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့  အခြားအဖွဲ့အစည်းတွေက ချီတက်လမ်းလျှောက်ဂါရဝပြုပြီး ဗိုလ်ချုပ်ကျောက်ရုပ်မှာ လွမ်းသူ့ပန်းခွေ ချခဲ့ကြတယ်လို့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

"၆၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမှာ မနှစ်ကထက်စာရင် ဒီနှစ် လူထုပါဝင်မှု ပိုအားကောင်းတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ အလံပေါင်းစုံကို အလံတစ်ဝက်လွှင့်ထူပြီးတော့မှ ငြိမ်သက်စွာနဲ့ ချီတက်ကြပါတယ်၊ ဂါရဝပြုတယ်၊ အလေးပြုတယ်၊ ကားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ဖွင့်ပြီးတော့ ချီတက်ပါတယ်၊ အလားတူပဲ ၉ နာရီမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့မှ ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်ပါတယ်၊ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုကူညီရေးအသင်းတွေက မော်တော်ယာဉ်တွေနဲ့ ရောက်လာပြီးတော့ ဥသြဆွဲတယ်၊ အစိုးရအဖွဲ့အစည်းတွေလည်း ဒီနှစ်မှာပိုပြီးတော့ အပြည့်အစုံလုပ်တာတွေလည်း ကြားသိရပါတယ်"

အဲဒီလိုချီတက်လမ်းလျှောက်ရာမှာ ရဲတပ်ဖွဲ့က မေးမြန်းတားမြစ်တာရှိပေမယ့် နောက်ဆုံးမှာတော့ ပြေလည်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဂါရ၀ပြုတဲ့အနေနဲ့ ချင်းမိုင်မြို့က ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

RFA Burmese
၆၇ နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ ခဲ့ကြ ပါတယ်။

လေယာဉ်အထောက်အထားတွေ ဖျက်ဆီးတယ်လို့ သူပုန်တွေ စွပ်စွဲခံရ

Photo: လေယာဉ်အထောက်အထားတွေ ဖျက်ဆီးတယ်လို့ သူပုန်တွေ စွပ်စွဲခံရ
Sunday, July 20, 2014  

 မလေးရှားလေယာဉ် MH17 ပျက်ကျတဲ့ ယူကရိန်းအရှေ့ပိုင်း နေရာမှာ သေဆုံးသူတချို့ရဲ့ အလောင်းတွေကို ရှင်းလင်း ဖယ်ရှားနေပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာဟာ ရုရှားလိုလားသူ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။ အခု အလောင်းတွေကို ရှင်းလင်းနေသူတွေကို မေးကြည့်ရာမှာ သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်အဖွဲ့က ဖြစ်တယ် ဆိုတာ ပြောဆိုဖို့ ငြင်းတဲ့အကြောင်း အဲဒီက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အစောပိုင်းကတော့ လေယာဉ်ပျက် အထောက်အထားတွေကို သူပုန်တွေက ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတဲ့ ယူကရိန်းအစိုးရရဲ့ စွပ်စွဲချက်ကို ဒွန်းညက်စ်ခ်မြို့က သူပုန်ခေါင်းဆောင်တစ်ဦးက ပယ်ချလိုက်ပါတယ်။

သူပုန်တွေဟာ လေယာဉ်ပျက်ကျတဲ့နေရာကို စစ်ဆေးဖို့ လာတဲ့ ဥရောပစစ်ဆေးရေးမှူးတွေကို အစောပိုင်းက ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကန့်အသတ်နဲ့ ဝင် စစ်ဆေးခွင့်ပြုလိုက်ပါတယ်။

အမေရိကန်ကို ရရှားတုံ့ပြန်

ဒီသတင်းနဲ့ တဆက်တည်းမှာပဲ အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ သတင်းအချက်အလက် စစ်ပွဲ ဆင်နွဲနေတယ်လို့ မော်စကိုကနေ စွပ်စွဲလိုက်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ခွဲထွက်ရေးသူပုန်တွေကို အပြစ်တင်နေမယ့်အစား ယူကရိန်းအစိုးရရဲ့ လေကြောင်းကာကွယ်ရေး စနစ်ကိုပဲ မေးခွန်းထုတ်သင့်တယ်လို့ ရရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတချို့ရဲ့ ခရီးသွားလာခွင့်ကိုလည်း ရရှားက ကန့်သတ်လိုက်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မလေးရှားလေယာဉ် MH17 ပျက်ကျတဲ့ ယူကရိန်းအရှေ့ပိုင်း နေရာမှာ သေဆုံးသူတချို့ရဲ့ အလောင်းတွေကို ရှင်းလင်း ဖယ်ရှားနေပါတယ်။

ပြည်တွင်းပျားရည်စားသုံးမှုမြှင့်တင်ရေးနှင့် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့အားပေးသွားမည်ဟုဆို

နေပြည်တော်၊ ဇူလိုင် ၁၉- ပြည် တွင်း ပျားရည်စားသုံးမှုမြှင့်တင်ရေး နှင့် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့ အား ပေးရန် စီစဉ်လျက်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့်ကျေး လ က်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးအောင်မြတ်ဦးမှ ဇူလိုင် ၁ရ ရက်တွင်ပြုလုပ်သော အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအ ဝေးတွင် ပဲခူးတိုင်းဒေ သကြီးလွှတ် တော်ကိုယ်စားလှယ် ဦးစောမော်ထွန်း ၏ ပြည်တွင်းပျားရည်စားသုံးမှုမြှင့် တင်ရေးနှင့် ပုဂ္ဂလိကပျားမွေးမြူရေး လုပ်ငန်းများ တိုးချဲ့အားပေးရန် အစီ အစဉ်ရှိ၊မရှိမေးမြန်းမှုအား ပြန်လည် ဖြေကြားသွားခဲ့သည်။

၁၉၇၃ ခုနှစ် နောက်ပိုင်း လူအများအပြား သေဆုံးခဲ့ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ

Photo: ၁၉၇၃ ခုနှစ် နောက်ပိုင်း လူအများအပြား သေဆုံးခဲ့ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ
Sunday, July 20, 2014

ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် MH-17 လေယာဉ်သည် စစ်ဘက်လေယာဉ် တစ်စီးဟု မှားယွင်းသတ်မှတ်ကာ ပစ်ချခံရခြင်းဟု စွပ်စွဲချက်များ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေသည်။

MH-17 လေယာဉ်ကို ယူကရိန်းဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက ယူကရိန်း စစ်တပ်၏ လေယာဉ်တစ်စီးဟု မှားယွင်းဆုံးဖြတ်ပြီး ပစ်ချလိုက်သည်ဟု ယူဆရပြီး သူပုန်တို့ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၂၈၃)ဦးနှင့် အမှုထမ်း (၁၅)ဦး လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့သည်။

၁၉၇၃ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ ပစ်ချခံရပြီး လူအများအပြား သေဆုံးခဲ့သည့် ခရီးသည်တင်လေယာဉ် အနည်းဆုံး (၅)စီးမျှ ရှိခဲ့ပြီး ယင်းတို့ကို CNN သတင်းဌာနက စုစည်းဖော်ပြပေးခဲ့သည်။

လစ်ဗျားအာရပ် လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၄၄)
၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ပစ်ချခံရသော လေယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၁၃)ဦးအနက် (၁၀၈)ဦး သေဆုံးခဲ့သည်။ Boeing 727-200 အမျိုးအစား လေယာဉ်သည် အစ္စရေးက ထိန်းချုပ်ထားသည့် ဆီနိုင်းသဲကန္တာရဘက် လမ်းကြောင်းယူ ပျံသန်းခဲ့သည့်နောက် အစ္စရေး တိုက်လေယာဉ်များက ပစ်ချခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ်အမှတ် (၀၀၇)
၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က နယူးယော့ခ်မှ ဆိုးလ်သို့ ဦးတည်ပျံသန်းလာသော ခရီးသည်တင် လေယာဉ်သည် ဆိုဗီယက် တိုက်လေယာဉ်များ ကြားဖြတ် ပစ်ချမှုကြောင့် ပျက်ကျခဲ့သည်။
စစ်အေးခေတ်က နိုင်ငံတကာ ဆက်ဆံရေး တင်းမာအေးစက်မှုများ ရှိနေစဉ် အဆိုပါ လေယာဉ်သည် ဆိုဗီယက် လေပိုင်နက်ထဲ လမ်းကြောင်းမှား ဝင်ရောက်ခဲ့မိသည်။ ယင်းကို ဆိုဗီယက် တိုက်လေယာဉ် နှစ်စီးက ပစ်ချခဲ့ရာ လူပေါင်း (၂၃၉)ဦး သေဆုံးခဲ့သည်။
သေဆုံးခဲ့သူများတွင် ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု အမေရိကန်အမတ် လယ်ရီမက်ဒေါ်နယ်လ်လည်း ပါဝင်ခဲ့သည်။ လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များသည် စစ်အေးခေတ် မပြီးဆုံးမီထိ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

အီရန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၆၅၅)
၁၉၈၈ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပါရှန်းပင်လယ်ကွေ့အတွင်း တင်းမာမှု အခြေအနေများ ဖြစ်ပေါ်နေစဉ် USS Vincennes စစ်သင်္ဘောက အီရန်လေကြောင်းလိုင်းပိုင် လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။
Airbus A300 အမျိုးအစား လေယာဉ်သည် UAE နိုင်ငံ၊ ဒူဘိုင်းမြို့သို့ ဦးတည်ပျံသန်းနေပြီး ပစ်ချခံရသည့် ဖြစ်ရပ်အတွင်း အမှုထမ်းနှင့် ခရီးသည် (၂၉၀)လုံး သေဆုံးသွားခဲ့သည်။
အမေရိကန် စစ်ဘက်က ထိုစဉ်က USS Vincennes သည် အီရန်စစ်သင်္ဘောများနှင့် အပြန်အလှန် ပစ်ခတ်နေပြီး ရေဒါတွင် ပေါ်လာသည့် ခရီးသည်တင် လေယာဉ်ကို အီရန်တိုက်လေယာဉ် တစ်စီးဟု ယူဆပြီး ပစ်ချခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။

Transair Georgia လေကြောင်းလိုင်းမှ လေယာဉ်(၃)စီး
၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ Transair Georgia လေကြောင်းလိုင်းမှာ ခရီးသည်တင် လေယာဉ် (၃)စီး ဆက်တိုက် တစ်နေ့တစ်စင်းကျ ပစ်ချခံခဲ့ရသည်။
လေယာဉ်အားလုံး ဒုံးကျည်ထိမှန်ခြင်းဖြစ်ပြီး စုစုပေါင်း လူ(၁၃၆)ဦး သေဆုံးခဲ့သည်။ လေယာဉ်(၂)စီးမှာ အက်ဘ်ခါဇီယန် သူပုန်များ၏ ဒုံးကျည်ကြောင့် ပျက်ကျခြင်းဖြစ်ပြီး တစ်စီးတွင် လူ(၂၇)ဦးနှင့် တစ်စီးတွင် (၁၀၈)ဦးစီ သေဆုံးခဲ့သည်။ ဒုတိယ လေယာဉ်သည် ဆင်းသက်ရန် ပြင်ဆင်နေစဉ် ဒုံးကျည်ထိခဲ့ခြင်း ဖြစ်သည်။
တတိယ လေယာဉ်မှာ ခရီးသည် အတက်အဆင်း ပြုလုပ်နေစဉ် အတောအတွင်း မော်တာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး အမှုထမ်း(၁)ဦး အသက်ဆုံးရှုံးခဲ့သည်။

ဆိုက်ဘေးရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၈၁၂)
၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က ဆိုက်ဘေးရီးယား လေကြောင်းလိုင်းပိုင် Tupelov 154 အမျိုးအစား လေယာဉ်ကို ယူကရိန်းစစ်တပ်က မှားယွင်း ပစ်ချခဲ့သည်။
လေယာဉ်ပေါ်တွင် ရုရှားဖွား ဂျူးလူမျိုးအများစု ပါဝင်ပြီး အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မှ ရုရှားနိုင်ငံရှိ နိုဗိုဆီဘရစ်ခ်သို့ ပျံသန်းလာစဉ် ပစ်ချခံရခြင်း ဖြစ်သည်။
လေယာဉ်သည် ပင်လယ်နက်ထဲ ပျက်ကျသွားပြီး လိုက်ပါလာသူ (၇၈)ဦးစလုံး သေဆုံးသွားသည်။
ယူကရိန်းစစ်တပ်သည် အစောပိုင်းက လေယာဉ်ကို ပစ်ချခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လေ့ကျင့်မှု အစီအစဉ်တစ်ခုအတွင်း မှားယွင်းပစ်ချမိကြောင်း ဝန်ခံခဲ့သည်။

Ref: CNN
7Day DAILY 

MH-17 လေယာဉ်၏ နောက်ဆုံးခရီးကို အမ်စတာဒမ် လေဆိပ်မှအတက်တွင် တွေ့မြင်ရစဉ် (Photo - Dailymail)
MH-17 လေယာဉ်၏ နောက်ဆုံးခရီးကို အမ်စတာဒမ် လေဆိပ်မှအတက်တွင် တွေ့မြင်ရစဉ် (Photo - Dailymail)
ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် MH-17 လေယာဉ်သည် စစ်ဘက်လေယာဉ် တစ်စီးဟု မှားယွင်းသတ်မှတ်ကာ ပစ်ချခံရခြင်းဟု စွပ်စွဲချက် များ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေသည်။

မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက်နေသော်လည်း ဘိန်း စိုက်ပျိုးရောင်းဝယ် ဖောက်ကား သုံးစွဲမှုနှင့်အမှုအခင်းများသာ ပို၍များလာကြောင်း အဆိုရှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၉- မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ကဏ္ဍ လိုက် အဖွဲ့ ၁ဝဖွဲ့၊ နိုင်ငံတကာအဖွဲ့တို့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုရုံး မူးယစ်ဆေးဝါး ပပျောက်ရေး ဌာန၊ မူး ယစ် (အထူး)တို့သည် မဟာဗျုဟာ၊ နည်းဗျူဟာ၊ နည်းနိဿ ယစစ်ဆင်ရေး စီမံကိန်း များဖြင့် စဉ်ဆက်မပြတ် ဆောင် ရွက်နေသော်လည်း ဘိန်းစိုက် ပျိုးသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူ နှင့် အမှုအခင်းများသာ ပို၍ များပြား လာသည်ကိုတွေ့နေရကြောင်း ကချင် ပြည်နယ် မဲဆန္ဒနယ်မှ အမျိုး သား လွှတ် တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည်

ရန်ကုန်၊ ဇူလိုင် ၁၉- အိမ်တိုင်းတွင် ကြိုးဖုန်းများ သုံးစွဲနိုင်ရန်နှင့် ယင်း ကြိုးဖုန်းမှတစ်ဆင့် မြန်နှုန်းမြင့်အင် တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း အော်ပ ရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

မြန်မာပြည်အနှံ့ အာဇာနည်နေ့ အခမ်းအနားများ


(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မုံရွာမြို့ မြင်းစီးကြေးရုပ်၌ ကျင်းပခဲ့ရာ ကျောင်းသားသမဂ္ဂများ ချီတက်အလေးပြုခဲ့ကြသည်။

ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှု အစီအစဉ်၌ ပညာရေးကဏ္ဍအား အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ

Photo: ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှု အစီအစဉ်၌ ပညာရေးကဏ္ဍအား အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ
Sunday, July 20, 2014

ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအ စီအစဉ်တွင် ပညာရေးကဏ္ဍအား အဓိက ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။                                 

“ဒိန်းမတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုပေးမယ့် အထောက်အပံ့ အစီအစဉ်တွေကိုလည်း စတင်ရေးဆွဲတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဖွံ့ဖြိုးမှုအစီ အစဉ်တွေထဲမှာ မြန်မာနိုင်ငံအတွက် အဓိက ကျတဲ့ ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ စတင်ဆောင်ရွက်မယ့် ငါးနှစ်တာလုပ်ငန်း အစီအစဉ်မှာ ဒိန်းမတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘယ်အင်ဂျီအိုတွေက ဘယ်အဖွဲ့အစည်းတွေက ဘယ်နေရာမှာ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်နေသလဲ ဆိုတာကို သိရှိနိုင်မှာဖြစ်ပြီးတော့ လုပ်ငန်း ထပ်လုပ်ဆောင်တာမျိုးတွေ မဖြစ်စေဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr.MIKAEL HEMNITI WINTHERက ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ကူညီမည့် သဘောတူညီချက်ကိုလည်း ဇူလိုင် ၁၇ ရက်က လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒိန်းမတ်အစိုးရရဲ့ ပံ့ပိုးပေးတဲ့ အလှူငွေတွေကို အာဟာရဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ နေရာတွေ၊ ကျောင်းနေထိုင်နိုင်မှု အနေအထား နိမ့်ကျပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေ များတဲ့နေရာတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာ တွေမှာအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒိန်းမတ် အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ၃၄ မြို့နယ် အထိ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ မူကြိုကျောင်းတွေဖွင့် လှစ်ပေးတာ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ကို ကျောင်းထားပေးတာ၊ ဆရာ/ဆရာမ တွေကို သင်တန်းတွေပံ့ပိုး ပေးတာမျိုးတွေမှာ ယူနီဆက်က အလှူငွေတွေကို အသုံးပြုသွား မှာ ဖြစ်ပါတယ်” ဟု ယူနီဆက်ဖ်၏ ဌာနေကိုယ်စားလှယ်က ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ပံ့ပိုးမှုများကို ၂ဝဝ၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်၌ အမေရိကန်ဒေါ်လာ ၁ဝ မီလျံရှိနေပြီ ဖြစ်ကြောင်း သိရသည်။
 
Eleven Media Group 

ဒိန်းမတ်အစိုးရက ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအခြေခံ ပညာကဏ္ဍ အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့မှုအဖြစ် ဇူလိုင် ၁၇ ရက်က လက်မှတ်ရေးထိုးစဉ်
ဒိန်းမတ်အစိုးရက ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအခြေခံ ပညာကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့မှုအဖြစ် ဇူလိုင် ၁၇ ရက်က လက်မှတ်ရေးထိုးစဉ်
ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအ စီအစဉ်တွင် ပညာရေးကဏ္ဍအား အဓိက ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့သို့ သွားရောက်ပြီး ဘင်္ဂါလီအချုပ်သားများနှင့် တွေ့ဆုံ

Photo: ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့သို့ သွားရောက်ပြီး ဘင်္ဂါလီအချုပ်သားများနှင့် တွေ့ဆုံ
Sunday, July 20, 2014

ရခိုင်ပြည်နယ်သို့ သုံးရက်ကြာရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်) ဟီးလီသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ရန်း(င်)ဟီးလီသည် နံနက်  ၁၁ နာရီ ၄၅ မိနစ်တွင် မောင်တောနယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ မောင်တောမြို့မရဲစခန်းသို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး မတ် ၁ဝ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ကျေးရွာ နေအိမ်တစ်ရာကျော် မီးလောင်မှုကြောင့် ဖမ်းဆီးကာ တရားစွဲတင်ထားခြင်းခံရသူ ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် အချိန်တစ်နာရီကြာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မောင်တောခရိုင်၊ မြို့နယ်လုံခြုံရေး တာဝန်ရှိသူများနှင့် အချိန်မိနစ် ၂ဝ ခန့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီနှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်တို့ လိုက်ပါလာခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့မှ ပြန်လည်ထွက်ခွာသွားသည်။

ယခင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားအနေဖြင့် ဘူးသီးတောင်အကျဉ်း ထောင်သို့သာ အကြိမ်ကြိမ် သွားရောက်ခဲ့ကြောင်းနှင့် မောင်တောမြို့မရဲစခန်းသို့ လာရောက်ကာ အချုပ်သားများနှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ကာလအတွင်း ရခိုင်နှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့သည့်အပြင် စစ်တွေအကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ကာ ဘင်္ဂါလီအကျဉ်းသားခြောက်ဦးအား သီးခြားတွေ့ဆုံမှုများကို နှစ်နာရီခန့် ပြုလုပ်ခဲ့ကြောင်းသည်။

ရန်း(င်)ဟီးလီအနေဖြင့် ဇူလိုင် ၁၈ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းနှင့် ရခိုင်ကယ်ဆယ်ရေးစခန်း တစ်ခုတို့သို့  သွားရောက်လေ့လာခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီအချို့အား တွေ့ဆုံခဲ့သကဲ့သို့ ရခိုင်ကယ်ဆယ်ရေးစခန်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည့်အပြင် စာသင်ကျောင်းများသို့လည်း ဝင်ရောက်လေ့လာခဲ့သည်။

ထို့နောက် စစ်တွေမြို့ရှိ ရွှေစေတီဆရာတော်နှင့် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြဿနာအား မေးမြန်းလျှောက်ထားခဲ့သည်။

ထိုသို့လျှောက်ထားရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော အဓိကအကြောင်းအရင်းများ၊ ဘင်္ဂါလီများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်း ရှိ မရှိ၊ ဆရာတော်၏ သဘောထားအမြင်၊ လက်ရှိအနေအထားတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဒေသငြိမ်းချမ်းအောင် မည်သို့လုပ်ဆောင်သင့်ကြောင်းနှင့် ဘင်္ဂါလီများအား ပြောလိုသော စကားများကိုလည်း လျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော်က “သူက အချက်ငါးချက်ကို မေးခဲ့တယ်။ ဆရာတော်ဖြေတာကိုပြောရရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရားရှိတယ်။ ဒါကြောင့် ဘင်္ဂါလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်းအကြွေးအများကြီး ရောင်းချပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေးခဲ့တယ်။ သူတို့ဟာ နိုင်ငံသားမဟုတ်ပေမယ့် လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံသားတစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလိုကူညီခဲ့တာပါ။ ပြီးတော့ ခွဲခြားဆက်ဆံခဲ့တာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်တာကိုကြည့်ရင် တခြားဘာသာနဲ့ဖြစ်တာ မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာဖြစ်တာကို တွေ့ရတယ်။ ပြီးတော့ရခိုင်တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု မိန့်ကြားသည်။

Eleven Media Group 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့မရဲစခန်း၌ တာဝန်ရှိသူများနှင့် တွေ့ဆုံနေစဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့မ ရဲစခန်း၌ တာဝန်ရှိသူများနှင့် တွေ့ဆုံနေစဉ်
ရခိုင်ပြည်နယ်သို့ သုံးရက်ကြာရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ရန်း(င်) ဟီးလီသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောမြို့မ ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် သီးခြားတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် လုပ်ငန်းခွင်အထိ လိုက်လံစာရင်းကောက်ယူမည်

Photo: ထိုင်းတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် လုပ်ငန်းခွင်အထိ လိုက်လံစာရင်းကောက်ယူမည်
Sunday, July 20, 2014

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန်အတွက် လုပ်ငန်းခွင်အထိ လိုက်လံစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများကို ထိုင်းအစိုးရက ဇွန် ၃၁ ရက်မှ ဇူလိုင် ၃ဝ ရက်အထိ ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများအနေဖြင့် နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက်ရမှသာလျှင် ထိုင်းအစိုးရမှ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည် ဖြစ်သည့်အတွက် အမြန်ဆုံးနိုင်ငံသား စိစစ်ရန်လိုအပ်ကြောင်း သိရသည်။       

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများ ထိုင်းအစိုးရက ထုတ်ပေးလျက်ရှိပြီး ယင်းရက်ပေါင်း ၆ဝ အတွင်း အမြန်ဆုံး နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးနောက် ဥပဒေနှင့်အညီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အကျိုးဆောင်ကော်မတီများ အနေဖြင့် အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံများအထိ တာဝန်ယူလိုက်လံ ကောက်ခံပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အတည်ပြုစိစစ်ပြီး ပြန်လည်ရောက်ရှိလာသည့် ထောက်ခံချက်များကို သက်ဆိုင်ရာ အလုပ်ရုံအထိ အလုပ်သမားများထံ လိုက်လံပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ကောက်ခံရာတွင် မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု ဇယားမိတ္တူများပါ တစ်ခါတည်း ကောက်ခံသွားမည်ဖြစ်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မရှိသူများအနေဖြင့် လွယ်ကူစွာစစ်ဆေးနိုင်ရေးအတွက် မိမိတို့၏မှတ်ပုံတင် အမှတ်နှင့် မြန်မာနိုင်ငံနေ နေရပ်လိပ်စာများကို မှန်မှန်ကန်ကန် ထည့်သွင်းဖော်ပြရမည် ဖြစ်သည်ဟု သိရသည်။ 

Eleven Media Group 

မြန်မာလုပ်သားအများစု အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟောင်း နေရာအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
မြန်မာလုပ်သားအများစု အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံဘန်ကောက်မြို့ဟောင်း နေရာအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် အတွက် လုပ်ငန်းခွင်အထိ လိုက်လံစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရပြီးနောက် မလေးရှားရဲများက မြန်မာအလုပ်သမားများအား ပတ်(စ်)ပို့စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေ

Photo: မလေးရှားတွင် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရပြီးနောက် မလေးရှားရဲများက မြန်မာအလုပ်သမားများအား ပတ်(စ်)ပို့စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေ
Sunday, July 20, 2014

မလေးရှားနိုင်ငံတွင် မကြာသေးမီက မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်)ပို့ (နိုင်ငံကူးလက်မှတ်)စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်အပေါ် တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်) ပို့စစ်ကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားရှိ မြန်မာအလုပ်သမားများမှာ အပြင်မထွက်ရဲဖြစ်နေပြီး အပြင်ထွက်ပါကလည်း မလေးရှားရဲများက ပတ်(စ်)ပို့(နိုင်ငံကူးလက်မှတ်) စစ်ဆေးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

“အခြေအနေကတော့ ငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုတာ အကောင်းတော့မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး မြို့လယ်ကို မထွက်ရဲဘူး။ အသတ်ခံရမှာ ကြောက်နေတယ်။ အသတ်ခံရမှာကြောက်လို့ အပြင်မထွက်ဘူး။ အပြင်ထွက်ရင်လည်း  မလေးရဲက ပတ်(စ်) ပို့စစ်ပြီး ဖမ်းတယ်။ ငွေတောင်းတယ်။ မလေးရှား-ထိုင်းနယ်စပ်မှာဆို မလေးရှားရဲက တော်တော်လေးကို အဖမ်းအဆီးကြမ်းနေပါတယ်” ဟု ဦးဆန်းဝင်းက ပြောကြားသည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ပတ်(စ် )ပို့(နိုင်ငံကူးလက်မှတ်)နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကို အလုပ်ရှင် အတော်တော်များများက သိမ်းဆည်းထားလေ့ရှိခြင်းကြောင့် အလုပ်သမားများအနေဖြင့် အပြင်ထွက်ရာတွင် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ပပျောက်ရေး စီမံချက်အနေဖြင့်  ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စတင်၍ တရားမဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ စီမံချက်ကြောင့် မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အလုပ်သမား အများအပြား နေရပ်သို့ ပြန်ရောက်လာခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ပီရိုင်းတွင်  နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ၎င်းနေထိုင်ရာ အိမ်အနောက်ဘက်၌ သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး သေဆုံးသူ ကိုအောင်ခင် (ကိုတိုနီ)သည် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်ကောက်ဝတ်မှာလည်း ပြတ်တောက်လုနီးပါး အလှီးခံထားရသည်ဟု သိရသည်။

အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည့် ကွာလာလမ်ပူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်မြို့မန်ချူးချိုင့်၌ အသတ်ခံခဲ့ရသည်။

“သံရုံးက ဘာမှအကူအညီမပေးဘူး။ သတိထောက်လွှာ သွားပို့တာလည်း မထိရောက်ဘူး။ ဒါ့အပြင် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။       

Eleven Media Group 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
မလေးရှားနိုင်ငံတွင် မကြာသေးမီက မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် မြန်မာ အလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်)ပို့ (နိုင်ငံကူးလက်မှတ်)စစ်ကာ ဖမ်းဆီးမှုများပြု လုပ်နေေ ကြာင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

ထားဝယ်မြို့နယ်တရားရုံးက လယ်သမားများအား ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်း မရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများ ဝေဖန်

Photo: ထားဝယ်မြို့နယ်တရားရုံးက လယ်သမားများအား ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်း မရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများ ဝေဖန်
Sunday, July 20, 2014

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းအကြားရှိ လယ်မြေများအား ထားဝယ်ခရိုင်အုပ်ချုပ် ရေးရုံးမှဝန်ထမ်းများ ပါဝင်သောအဖွဲ့က မြေယာတိုင်းတာမှုပြုလုပ်ရာ၌ တားဆီးခဲ့သည့် လယ်သမားလယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်းမရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။

ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာအနီး မြို့သစ်အကွက်ဖော်ရန် သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် လုပ်ငန်းလုပ်ဆောင်စဉ် တားဆီးခဲ့ခြင်းအပေါ် ထားဝယ်ခရိုင်အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ က တရားလိုပြုလုပ်၍  တရားစွဲဆိုခဲ့ရာတွင် လယ်သမား ၁၉ ဦးထဲမှ အမျိုးသား ၁ဝ ဦးအား အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး အမျိုးသမီးကိုးဦးကို ငွေဒဏ်ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ထားဝယ်ခရိုင် ၈၈ ငြိမ်း/ပွင့်မှ ဦးကျော်ကျော်သက်က “လယ်သမားတွေကို အခုလို ထောင်ချလိုက်ရုံနဲ့ ပြဿနာပြီးသွားမှာ မဟုတ်ပါဘူး။ အခုလိုထောင်ချခဲ့တဲ့ အချိန်ကလည်း လယ်သမားတွေ လယ်လုပ်နေတဲ့ အချိန်ဖြစ်လို့ ကျန်ခဲ့တဲ့မိသားစုတွေအတွက် စိုးရိမ်မိပါတယ်။ နောက်ပြီး ဒီနေ့တရားရုံးရဲ့မြင်ကွင်းက တရားသူကြီး အမိန့်မချခင်မှာ ရဲဝန်ထမ်းအင်အား အများအပြား တရားခွင်ကိုရောက်ရှိနေပြီး သေချာပေါက်ထောင်ဒဏ် ချမှတ်မယ်ဆိုတာ ကြိုသိနေသလိုပါပဲ။ နောက်ပြီး အမှုတစ်ခုကို ရက် ၂ဝ လောက်နဲ့ အမိန့်ချမှတ်တာကလည်း စဉ်းစားစရာပါ။ တရားစီရင်ရေးအပေါ်မှာ အုပ်ချုပ်ရေးကလွှမ်းမိုးနေတဲ့ အနေအထားမျိုး တွေ့ခဲ့ရပါတယ်” ဟု တရားစီရင်မှုအပေါ် ဝေဖန်သုံးသပ်သွားခဲ့သည်။

ထားဝယ်တိုင်းရင်းသားပါတီ(ဗဟို)မှ ပါတီဥက္ကဋ္ဌ ဦးအေးမင်းကလည်း “ဒီအမှုက အမှုမဖွင့်ခင်ကတည်းက အကွက်ဆင်ထားတဲ့ အနေအထားပါ။ တရားလိုသက်သေတွေကို ရဲစခန်းမှစစ်ချက်ယူတုန်းကနဲ့ တရားရုံးမှထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက် အဖြေတွေကကွဲလွဲမှုတွေရှိနေတယ်လို့ သိရတယ်။ အမှုကို အမိန့်ချတာကလည်း တရားမမှုတစ်ခုကို အမိန့်ချတာနဲ့ မတူပါဘူး။ နောက်ပြီး တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးကချုပ်ကိုင်ထားသလို မြင်မိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီအမှုဟာ လယ်သမားတွေကို မတရားစွပ်စွဲပြီး ထောင်ချတာပါပဲ” ဟု တရားရုံး၏အမိန့်ချမှုအပေါ် ဝေဖန်သွားခဲ့သည်။

Eleven Media Group 

ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် လယ်သမားများအား အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ခေါ်ထုတ်သွားသည် ကိုတွေ့ရစဉ်
ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် လယ်သမားများအား အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ခေါ်ထုတ်သွားသည် ကိုတွေ့ရစဉ်
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းအကြားရှိ လယ်မြေများအား ထားဝယ် ခရိုင် အုပ်ချုပ် ရေးရုံးမှဝန်ထမ်းများ ပါဝင်သောအဖွဲ့က မြေယာတိုင်းတာမှုပြုလုပ်ရာ၌ တားဆီးခဲ့သည့် လယ်သမားလယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ အသီးသီးချမှတ် ခဲ့မှုအပေါ် တရားမျှတခြင်းမရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။

မြ၀တီမြို့အာဇာနည်နေ့ အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ မိသားစုဝင်များအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လာရောက်အလေးပြု

Photo: မြ၀တီမြို့အာဇာနည်နေ့ အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ မိသားစုဝင်များအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လာရောက်အလေးပြု
Sunday, July 20, 2014 

(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြဝတီမြို့ ဦးစပန်းခြံရှိ အာဇာနည်ကျောက်တိုင်ကွင်း နေရာတွင် ဇူလိုင် ၁၉ ရက်နံနက်က ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စသည်ဖြင့် အသင်းအဖွဲ့ ၃၈ ဖွဲ့ တက်ရောက်အလေးပြု ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥဩဆွဲကာ တစ်မိနစ်ငြိမ်သက်၍ အဖွဲ့လိုက်လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

“ခုလိုအခမ်းအနားနဲ့ လာရောက်ဂါရဝပြုခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ အခမ်းအနား ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အတွက်လည်း ဒီကရပ်မိရပ်ဖတွေကို ကျေးဇူးတင်ပါတယ်” ဟု အခမ်းအနားမှာ လာရောက်ဂါရဝပြုသည့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်သူက ပြောကြားခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် DKBA ကလိုထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်မှူးကြီးထွန်းထွန်းက ယခုအခမ်းအနားသို့ လာရောက်ခဲ့ခြင်းအတွက် ဝမ်းနည်းဝမ်းသာ ဒွန်တွဲခံစားရကြောင်း ပြောကြားသည်။

“နှစ်ပေါင်းများစွာအလေးပြုခွင့်မရခဲ့တဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ငယ်ငယ်တုန်းက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန်ဆိုရင် ရေဒီယိုကနေ ဥဩဆွဲပေးတယ်။ လမ်းသွားလမ်းလာ၊ လယ်သမား၊ အလုပ်သမား လူတိုင်းအလေးပြုလို့ရတယ်။ အခုတော့ နိုင်ငံတော်ကလည်း လိုလိုလားလားနဲ့ကျင်းပတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့ ကျင်းပနေရသလိုဖြစ်နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များမှာ အခြားအဖွဲ့အစည်းများနည်းတူ (ကြက်ခြေနီ၊ မီးသတ်၊ ပါတီ)တူညီဝတ်စုံ ဝတ်ဆင်ပြီး အလေးပြုအခမ်းအနားသို့ တက်ရောက်အလေးပြုခြင်းကြောင့် တပ်မတော်မှ ဝန်းရံထားခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group 

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုမှ မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင်တွင် လွမ်းသူပန်းခွေချ အလေးပြုနေစဉ်
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုမှ မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင်တွင် လွမ်းသူ ပန်းခွေချ အလေးပြုနေစဉ်
(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြဝတီမြို့ ဦးစပန်းခြံရှိ အာဇာနည်ကျောက်တိုင်ကွင်း နေရာ တွင် ဇူလိုင် ၁၉ ရက်နံနက်က ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဇာနည်ေ ခါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စသည်ဖြင့် အသင်းအဖွဲ့ ၃၈ ဖွဲ့ တက်ရောက်အလေးပြုခဲ့ ကြကြောင်း သိရသည်။

အာဇာနည်နေ့အထိမ်းအမှတ် လှည်းတန်းလမ်းဆုံအနီးတွင် ကားဟွန်းသံရှည်တီးခဲ့သည့် ယာဉ်မောင်းတစ်ဦး လိုင်စင်ပိတ်သိမ်းခံရ

အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် လှည်းတန်းလမ်းဆုံ အနီးတွင် ကားဟွန်းသံရှည်တီးခဲ့သည့် ယာဉ်မောင်း တစ်ဦးထံမှ ကမာရွတ်ယာဉ်ထိန်းရဲက လိုင်စင်သိမ်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူလင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင် ထပ်မံဖမ်းဆီး

Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တိုက်ပိုင်ရှင် လင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင် ထပ်မံဖမ်းဆီး ခံခဲ့ရကြောင်း အဆိုပါဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က အတည်ပြုပြောကြားသည်။

မန္တလေးမြို့တွင် ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်

Photo: မန္တလေးမြို့တွင် ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်
Sunday, July 20, 2014 

မန္တလေးမြို့တွင် ဆူပူမှုဖြစ်ပေါ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း အစိုးရက ဇူလိုင် ၁၉ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

မှုခင်းဖြစ်စဉ်မှာ ဇွန် ၂၈ ရက်ည ၁ဝ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက်ဖက်ရည်ဆိုင်ရှိ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ် ဘုတလင်မြို့ နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ အသက် ၄ဝ ကျော်အရွယ်ရှိ ဆိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့ ညီအစ်ကိုနှစ်ဦးက ယာဉ်အမှတ် မမှတ်မိသည့် အဖြူ ရောင်ယာဉ်နှင့် နေပြည်တော်ရှိ လက်ဖက်ရည် ဆိုင်သစ်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနား တောင်ညိုကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက သားမယားပြုကျင့်၍ တိမ်းရှောင်သွားကြသည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့သည်။

ယင်းမှုခင်းဖြစ်စဉ်အား မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ စစ်ဆေးချက်များအရ ၎င်း၏အမည်အရင်းမှာ ဖြူဖြူမင်း(ခ) ကတုံးမ အသက် ၃ဝ နှစ် ဖြစ်ကြောင်း မွေးရပ်ဇာတိမှာလည်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ဆန်းကဖီးတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိကြောင်းနှင့် မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၎င်းအားရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ဝန်ခံချက်အရ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်ဆိုသူတို့၏ ငွေပေးစေခိုင်းမှုအရ ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က ၎င်းကိုသားမယားအဖြစ် ပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လီဆယ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစိုးစိုးအမည်ခံ လီဆယ်တိုင်ကြားသူ မဖြူဖြူမင်း(ခ) ကတုံးမသည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် ခင်ပွန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်တို့နှင့် ရင်းနှီးခဲ့ကြောင်း၊ အမှုကို မန္တလေးခရိုင် တရားရုံးက ၂ဝ၁၄ ခုနှစ် ဧပြီတွင် တရားခံမင်းသူရဇော် (ခ) နိုမိုဟာမက်အား ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်၏အဒေါ် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီဌေးတို့အား ထောင်ဒဏ် ၁၂ နှစ် အသီးသီးချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် အပေါ်တွင် ဒေါ်ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေးဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး အမှတ်(၃) ရဲစခန်း(ပ) ၁၄၉ / ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆ -၃၅၃ အရ အမှုဖွင့် အရေးယူခဲ့ပြီး ယင်းအမှုမှာလည်း ချမ်းအေးသာဇံမြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ပြန်လည်အမှုဖွင့်ခံရမှု အပေါ်ကိုလည်း ခင်မောင်ထွေး၊ ရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် တရားလိုပြုလုပ်သူ ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်ဆိုသည့် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီးနောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင် ရဲစခန်းသို့ သွားရောက်ပြီး ဟေမာကျော်က ရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးထားသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက သူမအား သားမယား ပြုကျင့်ခဲ့ကြောင်း တရားလိုပြုလုပ်၍ လီဆယ်တိုင်တန်းခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့မှာ မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်လည်း ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းမှာ ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်၊ ဦးနေဝင်းတို့နှင့် လူမှုရေးပြဿနာများကြောင့် မှုခင်းအပြန်အလှန် ဖြစ်ပွားနေသည်။ ဟာဂျီထွန်းထွန်း သည် ၎င်း၏ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း (၂၇ နှစ်) အား မေလအတွင်းက သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မေ ၁၇ ရက်တွင် စစ်ကိုင်းရဲစခန်းက (ပ)၂၈၁/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှုအပေါ် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ၍ ၎င်းတို့နှစ်ဦး ပြစ်ဒဏ်ကြီးစွာကျခံနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရန် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့ကလည်း ခင်ပွန်းမူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေလိုနေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချပြီး သားမယားပြုကျင့်မှုဖြင့် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အား လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်းက ၎င်းတို့၏နေအိမ်သို့ ဖြူဖြူမင်းကို ခေါ်ယူနေထိုင်စေကာ သားမယားပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင်သင်ပေးပြီး အောင်မြင်ပါက ငွေဆယ်သိန်းပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့သည်။

ထို့နောက် ဖြူဖြူမင်း၊ ရဲထွဋ်၊ နုနုမြတ်နှင့် ဖြူဖြူဇော်တို့သည် ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အပေါ် လီဆယ်အမှုဖွင့်ရန် ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပျဉ်းမနားသို့ သွားရောက်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာ ပျဉ်းမနားမြို့အနေအထားတို့ကို ဖြူဖြူမင်းအား ပြသခဲ့သည်။ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းတွင် ဖြူဖြူမင်းအား ငွေ ၂၅ဝဝဝ ပေး၍ ပျဉ်းမနားမြို့ မြင်းရုပ်အနီးတွင် ထားခဲ့ပြီး ဖြူဖြူမင်းသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းကို သွားကာ ဦးနေဝင်းနှင့် ဦးဆန်းမောင်တို့က သူမအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အမှုစစ်အရာရှိထံ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးချက်များနှင့် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များအရ ပျဉ်းမနားမြို့တွင် ဖြူဖြူမင်း(ခ) ကတုံးမ လီဆယ်တိုင်တန်းသော အမှုအား ဇူလိုင် ၁၇ တွင် ပိတ်သိမ်းခဲ့ပြီး ပြင်ဦးလွင်ခရိုင်ရုံး၏ ဥပဒေအကြံပြုချက်အရ လီဆယ်တိုင်တန်းသူဟေမာကျော်နှင့် ဒေါ်မာလာတို့အား ဥပဒေနှင့်အညီအရေးယူရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ) ကတုံးမ၊ လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ နုနုမြတ်တို့အား ဖမ်းမိထားပြီး ရဲထွဋ်(ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ် မာလာတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။   

Eleven Media Group 

အခင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၁ ရက်ညက ဆန်း ကဖီးဆိုင်ရှေ့ မြင်ကွင်းကို တွေ့မြင်ရစဉ်
အခင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၁ ရက်ညက ဆန်း ကဖီးဆိုင်ရှေ့ မြင်ကွင်းကို တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ဆူပူမှုဖြစ်ပေါ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း အစိုးရက ဇူလိုင် ၁၉ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် SCG က ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ မော်လမြိုင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်

Photo: ထိုင်းနိုင်ငံအခြေစိုက် SCG က ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ မော်လမြိုင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်
Sunday, July 20, 2014 

ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
အာဆီယံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထိုင်းအခြေစိုက် SCG က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၄ဝဝ (ဘတ်ငွေ ၁၂၄ဝဝ သန်း) ရင်းနှီးမြSုပ်နှံကာ ဘိလပ်မြေ စက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း SCG  မှ သိရသည်။

SCG အနေဖြင့် အဆိုပါ ဘိလပ်မြေစက်ရုံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံကို စတင်တည်ဆောက်နေပြီဖြစ်ကာ စက်ရုံသို့ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းမှာလည်း မကြာသေးမီက ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အဆိုပါစက်ရုံအား ၂ဝ၁၆ ခုနှစ် နှစ်လယ်မှစတင်ကာ လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“လောလောဆယ်မှာတော့ ကျွန်တော် တို့ရဲ့ ဘိလပ်မြေလုပ်ငန်းကိုပဲ ဦးစားပေး ပြီး မော်လမြိုင်စက်ရုံလုပ်ငန်း လည်ပတ်နိုင်အောင် အာရုံစိုက်နေပါတယ်။ ဘိလပ်မြေ လုပ်ငန်းက တခြားပူးတွဲပေါင်းစပ်လုပ်ငန်း တွေဖြစ်တဲ့ အသင့်ဖျော်ကွန်ကရစ်နဲ့ ပုံစံ လောင်းပြီး ကွန်ကရစ်တုံးတွေ ချဲ့ထွင်လုပ်နိုင်ဖို့ အဓိက မောင်းနှင်ပေးတဲ့လုပ်ငန်းပါ ပဲ” ဟု SCG ၏ ဥက္က|နှင့် အမှုဆောင်အရာရှိချုပ် Mr. Kan က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းများနှင့်ပတ်သက်၍ Mr.Kan က “မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်နေပြီး အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ လိုအပ်တာကြောင့်  မြန်မာ့ဈေး ကွက်က အလားအလာ တော်တော်ကောင်း တယ်လို့ SCG က မြင်ပါတယ်။ စက်မှုလုပ်ငန်းနဲ့ အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွေမှာ လည်း ရင်းနှီးမြှုပ်နှံမှုတွေက တိုးပွားလာနေ ပါတယ်။ မြို့ပြနေ လူဦးရေကလည်း များလာတော့ အထူးသဖြင့် အဓိကမြို့တော်ကြီး သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ နေအိမ်ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပစ္စည်းလိုအပ်ချက်တွေ ပိုများလာတယ်” ဟု Mr.Kan က သုံးသပ်ပြောကြားသည်။

SCG အနေဖြင့် စွန့်ပစ်အပူစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ဖန်လုံအင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု နည်းပညာများကို စက်ရုံတွင် စတင်အသုံးပြုမည်ဖြစ်ပြီး ယင်းစက်ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေတန်ပေါင်း ၁ ဒသမ ၈ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

SCG မှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် SCG ၏ ပထမ ဆုံးလုပ်ငန်းခွဲအဖြစ် အသင့်ဖျော်စပ်ပြီး ကွန်ကရစ်ထုတ်လုပ်သည့် Myanmar CPAC Service Co.,Ltd  ကို တည်ထောင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ဒုတိယလုပ်ငန်းခွဲအဖြစ် မြန်မာနိုင်ငံတွင် SCG ၏ ပထမဆုံးသော ဘိလပ်မြေစက်ရုံဖြစ်သည့် Mawlamyine Cement Limited  ကို တည်ထောင်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ Customer များအကြား SCG ပစ္စည်းအမှတ်တံဆိပ် အသိအမှတ်ပြုမှုကို ခိုင်မာစေရန်အတွက် ဆင်အမှတ်တံဆိပ်ကို ဖယ်ရှားပြီး SCG အမှတ် တံဆိပ် ဘိလပ်မြေအိတ်သစ်များကို စတင်မိတ်ဆက် ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။

Eleven Media Group 

ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
အာဆီယံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထိုင်းအခြေစိုက် SCG က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၄ဝဝ (ဘတ်ငွေ ၁၂၄ဝဝ သန်း) ရင်းနှီးမြSုပ်နှံကာ ဘိလပ်မြေ စက်ရုံ တည်ဆောက် သွားမည်ဖြစ်ကြောင်း SCG  မှ သိရသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအ၀င် အဓမ္မပြုကျင့်သည့်ပြစ်မှုများ များပြားလာ၍ နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် အဆိုတင်သွင်း

Photo: အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအ၀င် အဓမ္မပြုကျင့်သည့်ပြစ်မှုများ များပြားလာ၍ နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် အဆိုတင်သွင်း
Sunday, July 20, 2014

မြန်မာနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအဝင် အဓမ္မပြုကျင့်သည့် ပြစ်မှုများ ပိုမိုများပြားလာသည့်အတွက် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။

အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုကို ရန်ကုန်တိုင်းဒေသကြီး အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က နေပြည်တော်တွင် ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်  တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျူးလွန်သည့်ပြစ်မှုများ ပိုမိုများပြားလာကြောင်း တွေ့ရှိရသလို ပိုမိုဆိုးရွားသည်မှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရခြင်းပင် ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ယဉ်ကျေးမှုအစဉ်အလာ ကြီးမြတ်မှုများဖြင့် အခြေတည်လာသော မြန်မာနိုင်ငံတွင် မကြားဝံ့မကြားထိုက်သော မဖြစ်သင့်သော အဓမ္မပြုကျင့်မှုများ ကျူးလွန်လျက်ရှိနေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၄ ခုနှစ် မေလအကုန်အထိ သက်ငယ်မုဒိမ်း စုစုပေါင်း ၁၁၅၂ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့အထဲတွင် အမှုပေါင်း ၅ဝဝ ကျော်မှာ အသက် ၁ဝ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က အဓမ္မပြုကျင့်မှုများ နှင့်ပတ်သက်၍ “ဆိုးရွားကြမ်းတမ်းသော သီးခြားအမှုအဖြစ် သတ်မှတ်စေလိုပါတယ်။ ကျူးလွန်သူအား မသက်မညှာသောပြစ်ဒဏ် ချမှတ်နိုင်ရမည်။ အမှုမပေါ်ဘဲကျူးလွန်နေသူများ လုံးဝရပ်တန့်၍ ကျူးလွန်မှုအတွက် တုန်လှုပ်စေလိုပါတယ်။ ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးစေလိုပါတယ်” ဟု တိုက်တွန်းပြော ကြားသည်။

အဓမ္မပြုကျင့်မှုများကို တိုက်ဖျက်နှိမ် နင်းရာတွင် အရွယ်ရောက်ပြီးသူများ အဓမ္မပြု ကျင့်ခံရခြင်းကို တည်ဆဲဥပဒေဖြင့် အရေးယူခြင်းထက် အဓမ္မပြုကျင့်မှု အထူးအမှုအဖြစ်နှင့်လည်း ပြင်းထန်စွာ အရေးယူရန် လိုအပ်သည့်အပြင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရခြင်းကို ဆိုးရွားကြမ်းတမ်းသော စီမံချက်ပြစ်မှုအဖြစ် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ရန် ပြုလုပ်စေလိုကြောင်း ၎င်း၏အဆိုတွင် ထည့်သွင်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းလင်းဆွေး နွေးရာတွင် “အမျိုးသမီးများနဲ့အရွယ်မရောက် သေးသော ကလေးငယ်များ အဓမ္မပြုကျင့် ခံခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပအင်န်ဂျီအို အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ရေးအတွက် တရားရုံးအဆင့်ဆင့်မှ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် အတည်ပြုခဲ့သည်။

Eleven Media Group 

ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် အဆိုတင်သွင်းစဉ်
ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် အဆိုတင်သွင်းစဉ်
မြန်မာနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအဝင် အဓမ္မပြုကျင့်သည့် ပြစ်မှုများ ပိုမိုများပြားလာသည့်အတွက် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက် တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။