
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထပ်မံဆွှေးနွေးရေးအတွက် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်း ချမ်းရေး ဗဟိုဌာန MPC က ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင်တွေ မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ လိုင်ဇာမြို့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။