Thursday, 1 November 2012

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

b531c1
မှော်ဘီမြို့နယ်တွင် သုံးလောင်ပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ကိုတွေ့ရစဉ်

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးေ လာင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ ၀န်ရှိ သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

"သွေးထိုးလှုံ့ ဆော်သူ-ဧရာဝတီ အောင်ဇေါ်ကိုသာ ပထမ အရေးယူရန်လိုတယ်"

 
နိုင်ငံတော်က ရခိုင်အရေးနှင့် ပါတ်သက်၍ သွေးထိုးလှုံ့ ဆော်သူများ နှင့်နောက်ကွယ်က ကြိုးကိုင်သူများ ကို ဖမ်းဆီးအရေးယူတော့မည်ဆိုသော ကြေညာချက်သတင်း ထွက်ပေါ်လာသည် ။

မိုဘိုင်းအင်တာနက် အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်

မိုဘိုင်းအင်တာနက် အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ် 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ ပြောင်းလဲကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုခအနေဖြင့် ဂျီအက်စ်အမ် ဖုန်းများကို တစ်မိနစ်လျှင် နှစ်ကျပ်ကောက်ခံခဲ့ပြီး WCDMA နှင့် CDMA 800MHz ဖုန်းများတွင် တစ်မိနစ်လျှင် လေးကျပ် ကောက်ခံနေသည်။ “နိုဝင်ဘာလထဲမှာ Volume ဆွဲတဲ့ပေါ်မှာ မူတည်ပြီး ကောက်ခံသွားမှာပါ။ Download Volume Rate နဲ့ ကောက်ခံဖို့ စီစဉ်နေပါတယ်။ 1 MByte အောက်ဆိုရင် ဈေးတစ်မျိုး၊ 100 MByte ဆိုရင် ဈေးတစ်မျိုးနဲ့ ကောက်ခံမှာပါ။ အခုထိတော့ ဈေးနှုန်းက ညှိနှိုင်းနေဆဲပါ” ဟု ဦးဌေးဝင်းက ပြောသည်။ နိုင်ငံတကာတွင်လည်း Volume နှင့်ပင် ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများနှင့် ညှိနှိုင်းပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ မိုဘိုင်းအင်တာနက်များကို အသုံးပြုခ ပြောင်းလဲကောက်ခံပြီး နောက်တွင် အသုံးပြုမှု တိုးတက်လာပါက ရန်ကုန်ဧရိယာတွင် လိုင်းကြပ်ခြင်းမျိုး မဖြစ်စေရန် ဌာနအနေဖြင့် စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုဘိုင်းဖြင့် အင်တာနက် အသုံးပြုမှု များလာသည်နှင့်အမျှ အချို့မြို့နယ်များတွင် အင်တာနက်မြန်နှုန်းမှာ ညပိုင်းအချိန်များတွင် အင်တာနက် နှေးကွေးနေကြောင်း သိရသည်။ “ကျွန်မက ဖုန်းနဲ့ ညဘက်တွေမှာ အင်တာနက် သုံးလေ့ရှိပါတယ်။ ညဘက်တွေမှာက ကွန်နက်ရှင်က ကျတာများတယ်။ အကယ်၍ Download Volume နဲ့ မူတည်ပြီး ကောက်မယ်ဆိုရင် အဆင်ပြေမယ် ထင်တယ်။ မိနစ်နဲ့ကောက်ရင် အင်တာနက် နှေးနေရင် အဆင်မပြေဘူး” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် မသီတာက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar
--------------------------------------------------------------------------
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
Email : myanmarnews4u@gmail.com
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ကောက်ခံသည့် အင်တာ နက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ ပြောင်းလဲကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင် ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ 

တအိမ်ထောင် ကလေးတစ်ယောက်စံနစ် တရုတ်ပြင်သင့်ပြီ

တအိမ်ထောင် ကလေးတစ်ယောက်စံနစ် တရုတ်ပြင်သင့်ပြီ 
Thursday, November 01, 2012

တရုတ်နိုင်ငံက လူကြိုက်နည်းလှတဲ့ တအိမ်ထောင် ကလေးတယောက်နှုန်း
ပေါ်လစီကို ပယ်ဖျက်ပြီး ၂၀၁၅ ခုနှစ်မှာ တအိမ်ထောင် ကလေး
၂ ယောက်နှုန်း မွေးခွင့်ပြုဖို့ တရုတ်နိုင်ငံက သြဇာရှိတဲ့ သုတေသနအဖွဲ့က
ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံနေတဲ့ တရုတ်
ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့က အဲဒီလို အကြံပြု တင်ပြလိုက်ထားတဲ့
စာကို ရရှိခဲ့တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ကိုးကား
ဖော်ပြထားတာပါ။

ဒီ တအိမ်ထောင် ကလေးတယောက်နှုန်း ပေါ်လစီ ချမှတ်ထားတာကြောင့် တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ အဲဒီ အစီရင်ခံစာ မှာ ဖော်ပြထားတဲ့
အကြောင်း ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဒီပေါ်လစီက လူမှုရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်ပေါ်စေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း အကုန်အကျတွေ များစေတယ်လို့ ဖော်ပြထားပြီး ကလေးငယ် မွေးဖွားမှုနှုန်းကလည်း ရေရှည်မှာ ကျားမ မညီမျှမှု ကို
ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ကလေးမွေးဖွားတဲ့ အရေအတွက် ကန့်သတ်မှုတွေအားလုံး ၂၀၂၀ ခုနှစ်မှာ အားလုံး ပယ်ဖျက်ပေးဖို့ အတွက်လည်း အဲဒီ အစီရင်ခံစာထဲမှာ တင်ပြထားတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

တအိမ်ထောင် ကလေးတယောက်နှုန်းပဲ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ထားတဲ့အပေါ် တရုတ်အစိုးရ အရာရှိတွေက ခုခံ ပြောကြားလိုက်ပြီး ဒီပေါ်လစီက ကလေးငယ်သန်းပေါင်း များစွာ မွေးဖွားမှုကို ဟန့်တား
နိုင်ခဲ့သလို သန်းနဲ့ချီတဲ့ မိသားစုတွေကိုလည်း ဆင်းရဲတွင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဗွီအိုအေ
 တရုတ်နိုင်ငံက လူကြိုက်နည်းလှတဲ့ တအိမ်ထောင် ကလေးတယောက်နှုန်း ပေါ်လစီကို ပယ် ဖျက်ပြီး ၂၀၁၅ ခုနှစ်မှာ တအိမ်ထောင် ကလေး၂ ယောက်နှုန်း မွေးခွင့်ပြုဖို့ တရုတ်နိုင်ငံက သြဇာရှိတဲ့ သုတေ သနအဖွဲ့ကပြောကြားလိုက်ပါတယ်။

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး 
Thursday, November 01, 2012

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း
ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ
ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

“အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီ
ပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦး  ယောင်တာကို ဟာသဖွဲ့ပြီးရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊
ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။ 

အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။

မေသဉ္ဇာ ဦး က ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝ များ” ဇာတ်ကား မှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပြခဲ့ပါတယ်။

Popular Myanmar News Journal 
 
 
 
အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်းပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာပါပြီး မြတ်နိုးတဲ့အလုပ် ဖြစ်တဲ့ အတွက် ကျ ရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲ နှုန်းမြင့်တက်နေ

 
ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲ နှုန်းမြင့်တက်နေ -

နိုဝင်ဘာလ ၁ရက် ၂၀၁၂ခုနှစ် ၊ သတင်း - The Hot News Weekly

၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊  ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါး  သုံးစွဲမှုများ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက  သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲ  သူများမှာများသောအားဖြင့် ဆယ်  ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။
“ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄)   နှစ်လောက်ပဲရှိဦးမှာ အဖြူသုံး တက်နေပြီ၊ ဘယ်ကဘယ်လိုရ တယ်ဆိုတာကို မပြောပြဘူး၊ မိဘ တွေကလဲကလေးငယ်သေးတော့ ဘယ်လိလုပ်ရမလဲမသိဘူးဖြစ်နေ တာ”ဟု အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုအောင် (အမည်လွဲ) ကပြောသည်။ မူးယစ်ဆေးဝါးရောင်း  ချသူများမှာ တိုက်ရိုက်ရောင်းချ  ခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ် အဆက်ပြုလုပ်ရောင်းချကြောင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲ ဒေသခံလူငယ်တစ်ဦးကဆိုသည်။ “တစ်ဆင့်ဆက်သွယ်ပေးတဲ့လူတွေ  က လက်ဖက်ရည်ဆိုင်တွေမှ ထိုင်နေတတ်တယ်။ သုံးနေကြလူ တွေက ဖုန်းဆက်ပြီးပြောပေးတယ်။ သူတို့က အချိန်နဲ့နေရာကိုချိန်ပြီး တစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူ ကိုယ်တိုင်က ဘယ်သူရောင်းပေး တယ်ဆိုတာတော မသိရဘူး၊ အဲလို နည်းနဲ့ပဲ လူငယ်တွေကြားထဲ ရောက်လာတာ”ဟု ၎င်းကဆက် လက်ပြောသည်။
ကလေးသူငယ်နာရင်လူးဆေး   ဗူးတစ်ဗူးအရွယ်အစားရှိဗူးတစ်ဗူး လျှင် ငွေကျပ်ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြောင်း  ယခင်သုံးစွဲဖူးသူအမည်မဖော်လိုသူ  လူငယ်တစ်ဦကပြေသည်။ “အစ်မ တို့ရပ်ကွက်ထဲတော့ ဟိုတစ်လော က လာဖမ်းသွားတာတွေ့တယ်၊ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ  အဖြူတွေနဲ့ အတူမိတာ၊ ဒါပေမဲ့  အခုနေရာတိုင်းမှာကို ကြားနေရ တာ များများထပ်ဖမ်းစေချင်တယ်” ဟု အမှတ် (၈) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ်ဈေးသည်  အမျိုးသမီးတစ်ဦးကပြောသည်။ မူးယစ်ဆေးဝါးများမှာ ဘိန်ဖြူ၊ ဘိန်းမဲ၊ ရာမ (စိတ်ကြွဆေးပြား)   ဆေးခြောက်နှင့် ဘိန်းဆီဟူ၍  အမျိုးအစားပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ် ပြီး ခုခံအားကျဆင်းမှုရောဂါများ  ကူးစက်ရောဂါများဖြစ်ပွားတတ် ကြောင်း အထွေထွေရောဂါဟု ဆရာဝန်များ၏ပြောဆိုချက်အရ  သိရသည်။ အဆိုပါမူးယစ်ဆေး ၀ါးများကို ကျောက်မဲသက်ဆိုင်ရာ မှ လိုက်လံဖမ်းဆီးအရေးယူပေးဖို့  ကျောက်မဲမြို့ဒေသခံတွေထံမှ  သတင်းရရှိသည်။

 ကိုစိုင်း(လားရှိုး)
 
၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါး သုံးစွဲမှု များ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲ သူများမှာ များသောအားဖြင့် ဆယ် ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ် အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။

လွှတ်တော်အတွင်းအချိန်အကြာဆုံးဆွေးနွေးခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုဥဒေကြမ်းကို အခု ပဉ္စမအကြိမ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့

လွှတ်တော်အတွင်းအချိန်အကြားဆုံးဆွးနွေးခဲ့ရသည့်ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကိုယနေ့ကျင်းပသော   ပြည်ထောင်စု လွှတ်တော် တွင်အတည်ပြုနိုင်ခဲ့သည်။

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။


(၁) ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

(၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (မြန်မာစကား တတ်ကျွမ်းရန် လိုပါမည်)

ယခုနှစ် ဆန်စပါးစိုးရိမ်ဖွယ်ရှိနေ



လယ်သမားများထံမှ ဈေး ဖြတ်ဝယ်ယူသော စပါးဈေးနှုန်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ် မကာ မိသောကြောင့် ဆန် စပါးအထူးပြုကုမ္ပဏီကြီးများ၏ ချေးငွေကို လယ်သမားများ ပြန် လည်ပေးဆပ်နိုင်ရန် အခက်အခဲ ရှိနေပြီး (၂၀၁၂)ခုနှစ် ရာသီ ဥတုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့ မည့်အနေအထားကို မြင်တွေ့နေ ရကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း ရှင်   များအသင်း ဥက္ကဋ္ဌက ပြောသည်။

ခိုးယူခံရသော နိုင်ဂျီးရီးယားရေနံများကို စင်ကာပူနှင့်ဘော်လ်ကန် ဒေသတို့က အဓိက၀ယ်ယူဖွယ်ရှိ



နိုင်ဂျီးရီးယားတွင် နေ့စဉ် ခိုးယူခံရသော ရေနံစည် ၁၈၀,၀၀၀ ခန့် ကို အဓိက၀ယ်သူများမှာ စင်ကာ ပူ နှင့် ဘော်လ်ကန်ဒေသ နိုင်ငံများတွင် အခြေစိုက်သူများဖြစ်ကြောင်း ရေနံခိုးယူမှုတိုက်ဖျက်ရေး လှုံ့ဆော် သူတစ် ဦးက ပြောကြားခဲ့သည်။ ရေနံခိုးယူမှု တိုက်ဖျက်ရေးလှုံ့ဆော်မှု “Stop The Theft” ကို ဆောင် ရွက်နေသော ရေနံ ကြွယ်ဝသည့် နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသမှ နိုင်ငံရေးသမား ပက်ထရစ်    ဒယ်လီကိုးက ခိုးယူခံရသောရေနံများ၏ ၉၀ ရာခိုင်နှုန်းသည် နိုင်ငံတွင်းမှ တရားမ၀င် ခိုးထုတ်ခံနေ ရကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ

ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ် သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက် တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထား ခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေး ကိုယူ ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာနိုင်ငံအတွက် ရေတိုရည်မှန်းချက် ထုတ်ပြန်

 http://3.bp.blogspot.com/-LH78fnmR-Cc/T82CVCEolPI/AAAAAAAAAho/OWpZqYhtrEs/s1600/adb-bldg.jpg
အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း ၎င်း၏ လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ မဟာဗျူဟာကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ သတင်းများအရ သိရသည်။

အစီအစဉ် အတည်ပြုမှုကို အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း အစီအစဉ်
များ၊ ချေးငွေများ၊ စီမံချက်များ ပြန်လည်စတင်တော့မည်ဆိုသည့် လက္ခဏာ ပြလိုက်ခြင်းတော့ မဟုတ်ပေ။

ဘိန်းစိုက်ပျိုးထုပ်လုပ်မှု မြင့်မားလာနေ ဟု UNODC ပြော

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယခု ၆ နှစ်ကာလ အတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ UN Office on Drugs and Crime (UNODC) ၏ နေပြည်တော်တွင် ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သော အစီရင် ခံ စာအရ သိရသည်။

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသောယာဉ်ပျံ စတင် အသုံးပြုနိုင်တော့မည်

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသောယာဉ်ပျံ စတင် အသုံးပြုနိုင်တော့မည်
Thursday, November 01, 2012

ကောင်းကင် ဓာတ်ပုံများ ပြတ်သားစွာ ရိုက် ကူးပေးနိုင်မည့် Multicopter အား ပြည်တွင်း၌ စတင် အသုံးပြု နိုင်တော့မည်ဟု  Miracle Post ရုပ်သံ မီဒီယာလုပ်ငန်းမှ သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင် ရာ တွင် အထောက်အပံ့ ဖြစ်စေရန် ပန်ကာခြောက်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၅၀၀ အထိ ပျံသန်း မောင်းနှင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ “တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ” ဟု Miracle Post မှ ကိုဝဏ္ဏကျော် က ဆိုသည်။ ၎င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ ရိုက်ကူးရန်
သာမက သဘာ ဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင် သည့် နေရာများနှင့်လူသားများ သွားရောက် ရိုက်ကူးရန် အခက်အခဲ ရှိသည့်
နေရာများအတွက်ပါ ရည်ရွယ် တင်သွင်း လာခြင်းဖြစ်ကြောင်း Myanmar Arial Video-graphic Society မှ ကိုဉာာဏ က ပြောသည်။ Multicopter ၌ နိုင်ငံတကာ ရေဒီယိုလှိုင်း ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် ကလေး ကစားစရာတွင် အသုံးပြုနေသည့် လှိုင်းပမာဏ ကိုသာ အသုံးပြုထားသည်ဟု သိရသည်။ 

ဘက်ထရီ အနေဖြင့် ၅ မိနစ်မှ ၇ မိနစ်အထိ ခံနိုင်ရည်ရှိပြီး အတွင်းပိုင်း ကိရိယာများကိုမူ ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ မှာယူ၍ တစ်စချင်း တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။ “ခု ပန်ကာရှစ်ခုနဲ့  Octo Copter ကို ဆင်နေပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုချက် ရရင်တော့ ကိုယ်ပိုင် ဝယ်ချင်တဲ့သူတွေအတွက် မှာယူ တင်သွင်း ပေးသွားပါမယ်” ဟု ကိုဉာာဏက ဆက်ပြောသည်။ 

လက်ရှိတွင်  Multicopter အား ငှားရမ်းလို လျှင် တစ်နေ့စာ 1 Duty အတွက် ကျပ်တစ်သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ကြိမ် လျှင် ပျံသန်းချိန် ၅ မိနစ်ဖြင့် ၇ ခေါက်နှုန်း ပျံသန်း ရိုက်ကူးပေးသွားမည် ဖြစ်သည်။ ယင်း Multicopter များအား အနောက်နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုမှု ရှိနေပြီ
ဖြစ်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများ၌မူ အဖွဲ့အစည်းငယ်များမှ ကိုယ်ပိုင် တပ်ဆင် အသုံးပြုမှုသာ ရှိသေးကြောင်း သိရသည်။

ရတနာပုံ
 ကောင်းကင် ဓာတ်ပုံများ ပြတ်သားစွာ ရိုက် ကူးပေးနိုင်မည့် Multicopter အား ပြည်တွင်း၌ စတင် အသုံးပြု နိုင်တော့မည်ဟု Miracle Post ရုပ်သံ မီဒီယာလုပ်ငန်းမှ သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင် ရာ တွင် အထောက်အပံ့ ဖြစ်စေရန် ပန်ကာခြောက်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၅၀၀ အထိ ပျံသန်း မောင်းနှင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ “တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ” ဟု Miracle Post မှ ကိုဝဏ္ဏကျော် က ဆိုသည်။ ၎င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ ရိုက်ကူးရန် သာမက သဘာ ဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင် သည့် နေရာ များနှင့်လူသားများ သွားရောက် ရိုက်ကူးရန် အခက်အခဲ ရှိသည့်နေရာများအတွက်ပါ ရည်ရွယ် တင်သွင်း လာခြင်းဖြစ်ကြောင်း Myanmar Arial Video-graphic Society မှ ကိုဉာဏ က ပြောသည်။ Multicopter ၌ နိုင်ငံတကာ ရေဒီယိုလှိုင်း ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် ကလေး ကစားစရာတွင် အသုံးပြုနေသည့် လှိုင်းပမာဏ ကိုသာ အသုံးပြုထားသည်ဟု သိရသည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား


 ၂၀၁၂ ရက်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့   အလွန် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌  မြိတ်မြို့ ကန်ကြီးရပ်   ကွက်နှင့် ရေပုန်း ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နား  ထားသော မော်တော်ကားများ၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင်

 


သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။

အောက်တိုဘာလ (၃၁) ရက်နေ့ထုတ်သတင်းစာမှာ ပါလာတဲ့ မိုးဟေကိုရဲ့ နေအိပ်ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ညီညီထွန်းရဲ့ ကြေငြာချက်




 



အာက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။ 

ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော KPMG မြန်မာတွင် ရုံးခွဲဖွင့်လှစ်မည်

နယ်သာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သော KPMG သည် မြန်မာသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးနိုင်ရန် မြန်မာနိုင်ငံ၌ ရုံးခွဲတစ်ခုဖွင့်လှစ်သွားမည်ဟု သိရသည်။

တိုးချဲ့ရမည့် ရေနက်ပိုင်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ

ရခိုင်ကမ်းရိုးတန်း မြောက်ဖျားမှသည် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တောင်ဘက်စွန်းအထိ မိုင်ပေါင်း ၁၄၀၀ ခန့် ရှည်လျားစွာ တည်ရှိနေသောမြန်မာ့ကမ်းလွန်ပင်လယ်ပြင်သည် သဘာဝသယံဇာတ များဖြင့်  ပြည့်ဖြိုး လျက်ရှိပါသည်။

အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ကြီးများကား သဘာဝကပေးထား သည့် မြန်မာ့သယံဇာတ ရတနာများပင် ဖြစ်လေသည်။

ပိုက်ဆံသာရှိပြီး ဘာမျှမရှိသူများနှင့် ဖြေရှင်းမရသေးသော ကွမ်း၊ အမှိုက်ပြဿနာ



ဒီတစ်ပတ်ထဲမှာ ရောင်စုံနဲ့ ထုတ်လာတဲ့ ကြေးမုံသတင်းစာထဲက ကာတွန်းဆရာကျော်မိုးဇော်(မင်္ဂလာဒုံ)ရဲ့  ကာတွန်း ကလေး ကိုဖတ်လိုက်ရတာ အတော်သဘောကျသွားပါတယ်။ ကာတွန်းက နောက်ဆုံးပေါ်  ကားကြီး တစ်စီးပေါ်က လူတွေကား မောင်းသွားရင်း ရှေ့ကသူက ကွမ်းတံတွေးထွေးချ၊ နောက်ကလူက အမှိုက် ပစ်ချသွား တာကို လမ်းဘေး တစ်နေရာကနေရပ်ကြည့်နေ တဲ့ ကျောင်းသားကလေး တစ်ယောက်နဲ့  ကျောင်းဆရာတစ်ယောက်က 'ကားအကောင်း စားကြီး စီးပြီး စိတ်ဓာတ်အကောင်း စားတွေ မရှိကြပါလား' ဆိုပြီး ဝေဖန်လိုက်တဲ့ပုံဖြစ်ပါတယ်။

မလေးသွားခိုးလှေနစ်၊ ပျောက်ဆုံးနေသူများ ၁၂၀ ကျော် ယခုတိုင် ရှာမတွေ့သေး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသ ခံ ပြည်သူတွေ ကပါ ပြောကြပါတယ်။
ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦး က ပြော ပါတယ်။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မျက်ကွင်းညိုခြင်း

မျက်ကွင်း ညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာ ပြင် ရှိ တခြား အသားအရေ များထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာ ဟာ ရပြု ထောက် ပံ့ နေတဲ့ သွေးကြောလေးတွေကအင်မတန်သေးငယ်ပြီး အဲဒီဆံချည် မျှင် သွေးကြောေ လးတွေ ထဲမှာရှိတဲ ဟေမိုဂလိုဘင်(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာ တဲ့ ရလာဒ်တစ်ခု သာဖြစ် ပါတယ်။ ဒါကြောင့်မို့ မျက်လုံး ပတ်လည်ကို ထိခိုက်မိခြင်း

ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) မျိုး

http://healthcentrics.net/wp-content/uploads/2011/08/foods_prevent_cancer.jpg
 (၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ



မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင် တဲ့ မေးခွန်း ဖြစ်ပါတယ်။
အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သူဝင်ကြည့်တယ်ဆိုတာ သိခွင့်မပေး ပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ် တဲ့ ပြဿ နာေ တွ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘဏ်ထုတ်အချို့တွင် အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ ပါဝင်လာသဖြင့် ဂရုပြန်ရန်လို



http://3.bp.blogspot.com/_ZGENzAOlSNs/TRo9ly0tuCI/AAAAAAAADtk/eIax7gn2hjQ/s400/01.jpg

အစစ်မဟုတ်ဟု သံသယဖြစ်ဖွယ်ရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ဘဏ်များမှ ထုတ်ယူသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများတွင် ရောနှောပါဝင်နေခြင်းကြောင့် သတိထားသုံးစွဲသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုယ်တွေ့ ကြုံ ရသူများက ပြောသည်။ 

ပျက်ကျ ခဲ့သည့် ပိုလန် သမ္မတ၏ လေယာဉ်တွင် ဖောက်ခွဲရေး ပစ္စည်း အစအနများ တွေ့ရှိ



ရုရှားနိုင်ငံ အတွင်း၂ဝ၁ဝ ပြည့်နှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတနှင့် ခရီးသည် ၉၅ ဦး စီးနင်း လိုက်ပါ လာသော လေယာဉ် တွင် ဖောက်ခွဲရေး ပစ္စည်း အစအန များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၃ဝ ရက်က သတင်းစာကြီးတစ်စောင် တွင် ဖော်ပြ ခဲ့သည်။

ဆန်ဒီ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှု သတင်းဓာတ်ပုံများ




ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ (၃) ရက်အတွင်း ဓား၊လှံ၊ လက်နက်များ အပ်နှံကြရန် ကြေညာချက်ထုတ်ပြန်ထား

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း အကြမ်းဖက်မှုတွင် မြန်မာနိုင်ငံသား တစ်ဦးပါဝင်နေဟု သတင်းထွက်ပေါ်

 


တောင်အာရှရဲ့  အကြီးမားဆုံး အကြမ်းဖက်မှု့ ကြီးဖြစ်တဲ့ အိန္ဒိယ မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့  ပတ် သက်ပြီး နောက်ဆက်တွဲ ဖမ်းဆီးရမိသူတွေထဲမှာ Yusuf Ahmad Khan (၂၈ နှစ်) ပါဝင်ခဲ့ပြီး သူ့ ဖုန်းမက်ဆေ့နဲ့  ကွန်ပျူတာ မှတ်တမ်းတွေထဲမှာ ကောလဟာလသတင်းများနဲ့  လှုံ့ ဆ်ာထားတဲ့ သတင်းအချက်အလက်များကို အိန္ဒိယ နိုင်ငံ ထောက်လှမ်းရေးအဖွဲ့  IST က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

"Google မှ Email ပို့သည့်ပုံစံအားပြောင်းလဲ




Google သည် သူတို့၏ အီးမေးလ်ပို့သည်ပုံစံ အား ပြောင်းလဲ လိုက်ကြောင်း သိရပါသည် ။ ယခင်က ပုံစံမဟုတ်တော့ဘဲ ယခုပြောင်းလဲလိုက်သည့်ပုံစံတွင် အီးမေးလ်ပို့ရန် Compose ကိုနှိပ်လိုက်သောအခါ Pop Up တစ်ခုထွက်လာမည် ဖြစ်ပြီး ထို Pop up လေးကိုအသုံးပြုပြီး အီးမေးလ် ပို့ရမည်ဖြစ်ပါသည်။

လူမှုရေး ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ Miss Myanmar နန်းခင်ဇေယျာ

အားလုံးပဲ မင်္ဂလာနေ့သစ်ပါရှင့်။ ပရဟိတ လုပ်ငန်းများ၊ လူမှုရေးလှုပ်ရှားမှုများကို ညီမ စတင် လုပ်ဆောင်တော့မယ့် အကြောင်းကိုလည်း အသိပေးပါရစေ။ ညီမအနေနဲ့ ညီမနိုင် သလောက်အင် အားလေးနဲ့ ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မှာပါ။ ညီမကို ချစ်တဲ့၊ အားပေးတဲ့ ညီမရဲ့ ပရိတ် သတ်ကြီးလည်း ညီမနဲ့အတူ လှုပ်ရှားမှုများမှာ နိုင်သလောက် ပါဝင်လှုဒါန်းကူညီ ပေးကြမယ်လို့ ယုံကြည်ပါတယ်။ ညီမလုပ်ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ညီမအနေနဲ့ တတ်နိုင်သလောက် လုပ်နိုင်အောင် တစ်လခြင်းစီကို ခေါင်းစဉ်လေးတွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ညီမရဲ့ သူငယ် ချင်းတွေ၊ ပရိတ်သတ်တွေ အနေနဲ့လည်း ကိုယ်နှစ်သက်တဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ကိုယ်ကျပါဝင်လှူဒါန်းနိုင်ကြပါတယ်။ အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းနိုင်အောင်လည်း ကြိုးစားပါမယ်။ ညီမကို မြန်မာနိုင်ငံသားတွေ ပေးထားတဲ့ နေရာ၊ ပေးထားတဲ့ မေတ္တာတွေ အတွက် ညီမ အကောင်း ဆုံးကြိုးစားလုပ်ဆောင်သွားပါ့မယ်။
 

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

 
ကျနော်တို့  ယခု လာမည့်သောကြာနေ့  (အောက်တိုဘာ ၂၆) ဆိုလျှင် Microsoft ရဲ့ OS အသစ် တစ်မျိုးဖြစ်သော Windows 8 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။