Monday 30 June 2014

ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး

Photo: ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး 
Monday, June 30, 2014

သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။

အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။

“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။

The Voice Weekly
သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား

တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့  ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ−စိန်ဝင်း(အာဆီယံ)
မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

လောပိတရေအားလျှပ်စစ်စက်ရုံ အကြီးစားပြင်ဆင်ရန် ဂျပန်ကူညီ

Photo: လောပိတရေအားလျှပ်စစ်စက်ရုံ အကြီးစားပြင်ဆင်ရန် ဂျပန်ကူညီ
Monday, June 30, 2014 

လောပိတရေအားလျှပ် စစ်စက်ရုံအမှတ် (၂) ကို အကြီးစားပြုပြင်မွမ်းမံရန် အတွက် ဂျပန် နိုင်ငံက ယန်းသန်းခြောက်ထောင် ကျော်(ဒေါ်လာသန်းခြောက် ဆယ် ကျော်)တန်ဖိုးရှိ အကူအညီပေး ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ဘီလူးချောင်းအမှတ် (၂) ရေအား လျှပ်စစ်စက်ရုံ(လောပိတ) မှာ နှစ်ပေါင်းငါးဆယ်ကျော်သက်တမ်း ရှိပြီး ပြုပြင်ရန်လိုအပ်လာသည့် အတွက် ဂျပန်နိုင်ငံအစိုးရအကူ အညီဖြင့် ပြုပြင်သွားမည်ဟု လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ထိုသို့ပြုပြင်နိုင်ရန်အတွက် ဂျပန်နိုင်ငံက ယန်း ၆၆၆၉ သန်း တန်ဖိုးရှိ တာဘိုင်များ၊ ထရန်စ ဖော်မာများကူညီပေးသွားမည် ဖြစ်ပြီး ပြင်ဆင်ရေးကို စက်တင် ဘာ(သို့) အောက်တိုဘာတွင် ပြုလုပ်သွားမည်ဟု ၎င်းကပြော သည်။

ပြုပြင်ရာတွင်လည်း လျှပ် စစ်မီးဖြန့်ဝေမှုကို ရပ်ဆိုင်းထား မည်မဟုတ်ဘဲ စက်တစ်ခုချင်းစီ ကို ပြုပြင်သွားမည်ဖြစ်သည့်အ တွက် ပုံမှန်မီးအားပေးနေ မည်ဟု ၎င်းကဆိုသည်။

‘‘ပြုပြင်တယ်ဆိုတာ စက်အားလုံးကို ရပ်လိုက်မှာမဟုတ် ဘူး။ တစ်လုံးပြင်ပြီးမှ နောက် တစ်လုံးပြင်မှာဖြစ်တဲ့အတွက် မီး ကတော့ ပုံမှန်ပေးနေမှာ’’ဟု ၎င်း ကဆက်လက်ပြောသည်။

ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်စက်ရုံ(လောပိ တ)သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ဓာတ်အားစတင်ထုတ်လွှင့်ပေးခဲ့ပြီး တစ်နိုင်ငံလုံးသို့ ၁၆၈ မဂ္ဂါဝပ် ထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

7Day DAILY 

လောပိတရေအားလျှပ်စစ်စက်ရုံကို အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ - abbsoluteright)
လောပိတရေအားလျှပ်စစ်စက်ရုံကို အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ - abbsoluteright)
လောပိတရေအားလျှပ် စစ်စက်ရုံအမှတ် (၂) ကို အကြီးစားပြုပြင်မွမ်းမံရန်အတွက် ဂျပန် နိုင်ငံက ယန်းသန်းခြောက်ထောင် ကျော်(ဒေါ်လာသန်းခြောက်ဆယ် ကျော်)တန်ဖိုးရှိ အကူအညီပေး ထားကြောင်း သတင်းရရှိသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ရှည်ကြရန် ဝန်ကြီးပြောကြား

Photo: ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ရှည်ကြရန် ဝန်ကြီးပြောကြား
Monday, June 30, 2014 

မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် မှန်ကန် သောလမ်းကြောင်း ပေါ်တွင် ရောက်ရှိနေပြီဟုယုံကြည်ကြောင်းပညာရေးဝန်ကြီးဌာန၊  ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ခင် စန်းရီက သတင်းထောက်များ အားပြောကြားသည်။

ပညာရေးဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်စရာအများအပြားရှိနေသောကြောင့် စတင် ချိန်တွင် နှေးကွေးနေနိုင်ပြီး ဆန္ဒ မစောဘဲစိတ်ရှည်ရှည်ထားရန်လို အပ်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကဆို သည်။

‘‘ကျွန်မကတော့ စိတ်ရှည် မှာပါ။ နောက်အများကြီးလုပ် စရာတွေရှိသေးတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်နေ တယ်လို့ ကျွန်မထင်တယ်။ ခြေ လှမ်းကတော့ စစချင်းမှာ နှေးချင် နှေးနေမယ်။ နောက်ဆိုရင်တော့ အရှိန်အဟုန်နဲ့ သွားနိုင်မယ်လို့ယုံကြည်တယ်’’ဟု ဒေါက်တာ ခင်စန်းရီကသတင်းထောက်များ အားပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးအဖြစ်မှ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဖြစ်လာသော ဒေါက်တာ ခင်စန်းရီက မြန်မာ့ပညာရေးပြု ပြင်ပြောင်းလဲမှုအတွက် နံပါတ် တစ်ကစတင်ရမည်ဖြစ်ကြောင်း ဆိုသည်။

‘‘ပြုပြင်စရာဆိုတဲ့အားလုံး ဟာ quality education (အရည် အသွေးရှိတဲ့ပညာရေး)လို့ပြော တဲ့အတွက် စကားလုံးကြီးက အရမ်းကြီးတယ်။ ဒါပေမဲ့တစ် ကနေပဲစရမယ်။ ပြီးရင် အဲဒါတွေ ရဲ့အဟန့်အတားက ဘာလဲဆိုရင် လူတွေက ချက်ချင်းဖြစ်ချင်နေတဲ့ ဆန္ဒစောတာက အဟန့်အတား ဖြစ်တယ်။ စိတ်ရှည်ဖို့လိုတယ်’’ဟု ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်း ဆောင်နေသည်မှာ လေးလကျော် ရှိပြီဖြစ်သော ဒေါက်တာခင်စန်းရီ ကပြောသည်။

သို့သော်အရပ်ဘက်ပညာ ရေးအဖွဲ့အစည်းများနှင့် ချိတ် ဆက်ဖွဲ့စည်းထားသော ပညာ ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)ကမူ အစိုးရ၏ ပညာရေးပြုပြင် ပြောင်းလဲမှုဆောင်ရွက်ချက်များ အပေါ် ဝေဖန်ကန့်ကွက်မှုများရှိ နေသည်။

‘‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိ သေးဘဲနဲ့ တိုင်းရင်းသားတွေနဲ့ ကျောင်းသားတွေရဲ့ တန်းတူအ ခွင့်အရေးအတွက် ထည့်သွင်းစဉ်းစားတာမမြင်တွေ့ရသရွေ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက် နေပြီလို့မပြောနိုင်ပါဘူး’’ဟု NNER မှ ဒေါ်သူသူမာက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ယိုယွင်းနိမ့် ကျနေသော ပညာရေးကို ပြုပြင် ပြောင်းလဲမည်ဟု ကြေညာခဲ့သည်။ နှစ်ပေါင်းများစွာ ပိတ်ထားသော သမိုင်းဝင်တက္ကသိုလ်များကို ပြန်ဖွင့်ပေးခြင်း၊ အခြေခံပညာအဆင့် အလယ်တန်းအထိ  အခမဲ့သတ်မှတ်ပေးခြင်းနှင့် အမျိုးသားပညာရေး ဥပဒေကြမ်းရေးဆွဲရေးတို့ ကိုဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်ပညာရေးအရည်အ သွေးဆက်လက်နိမ့်ကျနေဆဲဖြစ် သလို ပညာရေးလွတ်လပ်ခွင့်နည်းပါးနေဆဲအခြေအနေများ ကြောင့် ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက အရည်အသွေးရှိသော ပညာရေးစနစ်သို့ပြောင်းလဲနိုင်ရန် ပညာရေးနှင့်သက်ဆိုင်သူများ၏ စိတ်သဘောထားပြောင်းလဲရန်လည်း လိုအပ် ကြောင်း ပြောဆိုသည်။

 ‘‘ကျူရှင်တွေ၊ မိဘတွေ၊ ကျောင်းဆရာတွေရဲ့စိတ်သဘောထားတွေကို ပြုပြင်ဖို့လိုတယ်။ ဒါတွေအားလုံးက အရည်အသွေး ပညာရေးကိုသွားမယ်။ အဲဒီတော့ အရည်အသွေးပညာရေးဆိုတာ က ကျောင်းစာတွေက လေးတန်း အောင်တာပဲဖြစ်စေ ကိုယ့်ရဲ့ အ သက်မွေးဝမ်းကျောင်းအတွက် သုံးလို့ရရမယ်။ ရှစ်တန်းအောင် သည်ဖြစ်စေ အသက်မွေးဝမ်း ကျောင်းတွေကိုသွားလို့ရရမယ်’’ ဟု ၎င်းက ပြောသည်။

7Daay DAILY 

အစိုးရအထက်တန်းကျောင်းသူ၊ ကျောင်းသားလေးများကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အစိုးရအထက်တန်းကျောင်းသူ၊ ကျောင်းသားလေးများကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် မှန်ကန် သောလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဟုယုံကြည်ကြောင်းပညာရေးဝန်ကြီးဌာန၊  ပြည် ထောင်စုဝန်ကြီး 
ဒေါက်တာ ခင် စန်းရီက သတင်း ထောက် များ အားပြောကြားသည်။

ကင်ဆာရောဂါအတွက် ဒူးရင်းသြဇာ

Photo: ကင်ဆာရောဂါအတွက် ဒူးရင်းသြဇာ
Monday, June 30, 2014 

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။

ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်းကြတာနဲ့ ရုတ် တရက်သေဆုံးသွားတာ နဲ့

ဒါကြောင့်အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။

ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလိုလုပ်သောက် ရတာပါ၊ အရမ်းကိုခါးတော့ စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။

ခီမိုသွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။

အရမ်းလဲသနားဖို့ကောင်းပါတယ်။

ကင်ဆာရောဂါဖြစ်နေ သူများအတွက်သတင်းကောင်းပါ။

အရသာလဲမဆိုးတဲ့ ဘဘာဝအသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။

ကျမညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်ကျမ အကြံ ပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်း သောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။

ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရော ဂါရှိ တဲ့သူများရှိရင် ထပ်ဆင့်ဝေဌပေးကြပါ။

Posted by မင်းမင်းဇော်Facbook မြန်မာ့ဆေးမြီးတို Group မှ မာံသူ ရိန္ဒ ရေးသားထားသော ဆေးနည်းကို ပြန်လည် မျှဝေ လိုက်ပါတယ်။

Myawady Health
အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်းကြ တာနဲ့ ရုတ် တရက်သေဆုံးသွားတာ နဲ့ ဒါကြောင့်အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။

မက္ကစီကိုနှင့်ပွဲ ပထမပိုင်းတွင် ဒိုင်ဗင် ထိုးမိခဲ့ကြောင်း ရော်ဘန်ဝန်ခံ

မက္ကစီကိုနှင့်ပွဲ ပထမပိုင်းတွင် မိမိအနေဖြင့် ပင်နယ်တီရရန် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့ကြောင်း အာယန်ရော် ဘန် က ဖွင့်ဟ ပြောကြားခဲ့သည်။

ရဟန်းသံဃာများ နိုင်ငံရေးတွင် ပါဝင်ရန် မသင့်၊ မဲပေးခွင့်ကို မစွက်ဖက်သင့်ဟု ဓမ္မပီရဆရာတော်မိန့်

မြန်မာနိုင်ငံတွင် ယနေ့ရဟန်းတော်အချို့က အာဏာနိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် မဲပေးခွင့်အပါအ၀င် မည်သူ့ကို မဲပေးသင့်ပြီး မည်သူ့ကို မဲပေးရန် မသင့်လျော်ဟု ၀င်ရောက်ပြောဆိုနေခြင်းသည် မသင့်လျော်ဟု ဓမ္မပီရဆရာတော် အရှင်သံဝရလင်္ကာရက ဇွန်လ ၂၈ ရက်နေ့က SuLe Shangrila တွင် မွန်းလွဲ ၁ နာရီခန့် က ပြုလုပ်ကျင်းပသည့် မေတ္တာတရားနှင့် နိုင်ငံတော်ဟူသော ဆွေးနွေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်

Photo: စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်
Monday, June 30, 2014 

စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့် ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချနေပြီး ပြခန်းများ၌ ယင်းအမျိုးသမီးလုပ်သားတို့က ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်ပုံစံများကို သရုပ်ပြလုပ်ဆောင်လျက်ရှိကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက အခုလို ပရိုမိုးရှင်းတွေနဲ့ ကြော်ငြာလုပ်နေတာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ခန့်မှန်းတွက်ချက်စာရင်းအရ ပြီး ခဲ့တဲ့နှစ်အထိဆို အဲဒီအိမ်အကူ လုပ်သားတွေမှာ မြန်မာအိမ်အကူ လုပ်သားက ၃၀ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ အခုဆို ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိလာလိမ့်မယ်။ အများစုက ရန်ကုန်က အေးဂျင့်နဲ့ စင်ကာပူကအေးဂျင့် နဲ့ချိတ်ပြီး ရောက်လာကြတာပါ။ ကိုယ့်အစီအစဉ်နဲ့လာတဲ့သူတွေက တန်းဝင်လုပ်ကြတာများပါ တယ်’’ဟု HOME မှ ဒါရိုက်တာ ဒေါက်တာသိန်းသန်းဝင်းက ပြော သည်။

မြန်မာအစိုးရသည် မြန်မာ အိမ်အကူအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ အေဂျင်စီများအား တရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအိမ်အကူလုပ် သားများအနက် အများစုမှာ တရားမဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ခြင်း ပိုများ ကြောင်း သိရသည်။ စင်ကာပူ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ မြန်မာအိမ်အကူ လုပ်သား နှစ်သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာအလုပ်သမား သုံးသောင်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူလုပ်သားများသည် တစ်လလျှင် လုပ်ခလစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ အထိ ရရှိကြပြီး နားရက်မရှိကြောင်း သိရသည်။ ထို့အပြင် အေးဂျင့်များကဝန်ဆောင်ခအဖြစ် လစာငွေ ခြောက်လ၊ ရှစ်လစာ ဖြတ်လျက်ရှိသည်။ စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် ပြည်ပလုပ်သားများမှာ မြန်မာအပါအဝင် အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်လုပ်သားများလုပ် ကိုင်လျက်ရှိသည်။ သို့သော် ဖိလစ်ပိုင်လုပ်သားများမှာ ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုလုပ်ကိုင်နိုင်သောကြောင့် မြန်မာလုပ်သားများကဲ့သို့ လစာငွေမရရှိမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ မတရားခိုင်းစေခံရမှုတို့ ခံရခြင်း နည်းပါးသည်ဟု ဆိုသည်။

မြန်မာလုပ်သားများကို အိမ် အကူလုပ်သားအဖြစ် ဟောင် ကောင်ကလည်း လုပ်ခလစာဒေါ် လာငါးရာအထိပေး၍ အလုပ်ခေါ် ဆိုလျက်ရှိရာ လုပ်သားအရေအတွက်အကန့်အသတ်မရှိ ကမ်းလှမ်းလျက်ရှိသည်။ ဟောင်ကောင်သို့ မြန်မာအိမ်အကူလုပ်သားစေလွှတ်ရာတွင် လုပ်သားကာ ကွယ်မှုပိုင်း ပိုမိုခိုင်မာစေရန် မြန်မာအေဂျင်စီ အသင်းချုပ်ကလေ့လာစုံစမ်းလျက်ရှိပြီး လတ် တလောတွင် လုပ်သားစေလွှတ် မှုရပ်ဆိုင်းထားသည်။

7Day DAILY
စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်က အာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ကြောင်းပြန် အခွန်ကြောင့် အခွန်လာဆောင်သူ ငါးဆယ်ခန့်ရှိ

အိမ်၊ ခြံ၊ မြေ၊ ဂိုဒေါင်၊ စက်ရုံနဲ့ အဆောက်အအုံ စီးပွားဖြစ် ငှားရမ်းမှုအတွက် အခွန်မဆောင်ထားသူ ၅၀ ခန့် ဟာ အခွန်လာဆောင်ပါတယ်။ နောက်ကြောင်းပြန် အခွန် (အနည်းဆုံးသုံးနှစ်စာ) ပြန်လည် ပေးဆောင် ရမှာ ဖြစ်တဲ့အတွက် အခုလို ပေးတာ ဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ

Photo: ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ
Monday, June 30, 2014

အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အဖွဲ့ ခေါင်းဆောင် Abu Bakr al - Baghdadi ကို မွတ်ဆလင် အားလုံးရဲ့ ခါလစ် ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်တယ် လို့လဲ အင်တာနက်က ကြေညာ ခဲ့ပါတယ်။

တကမ္ဘာ လုံးက မွတ်ဆလင် ဂိုဏ်းတွေ အားလုံးက ခေါင်းဆောင်ကြီး ဆီကို သစ္စာခံကြဖို့လဲ နှိုးဆော် ခဲ့ပါတယ်။

အီရတ်မှာ ISIS တပ်တွေ အသာရ နေချိန်မှာ ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် တရား ဥပဒေ နဲ့ အညီ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ ခါလီဖိတ် နိုင်ငံ ပြန်တည်ထောင် ဖို့ ဆိုတာက ဂျီဟတ် ဘာသာရေး စစ်ဆင်နွှဲသူ တွေရဲ့ မျှော်မှန်းချက်ကြီး ဖြစ်ပါတယ်။

ဒီကြေညာ ချက်ဟာ အယ်လ်ခိုင်ဒါ အဖွဲ့ ရဲ့ ဗဟို ချုပ်ကိုင်မှုနဲ့ ပင်လယ်ကွေ့ ဒေသက အာရပ် ခေါင်းဆောင် တွေကို တိုက်ရိုက် စိန်ခေါ် လိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဆယ်တန်းအမှတ်မမီလို့ စိတ်မညစ်နဲ့၊ အောက်စဖို့ဒ်ဆေးကောလိပ် ရန်ကုန်မှာဖွင့်မယ်

Photo: ဆယ်တန်းအမှတ်မမီလို့ စိတ်မညစ်နဲ့၊ အောက်စဖို့ဒ်ဆေးကောလိပ် ရန်ကုန်မှာဖွင့်မယ်
Monday, June 30, 2014

ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်ဖို့ အားခဲထားခဲ့ပေမယ့် ဆယ်တန်းအမှတ်မမီလို့ ဆရာဝန်မဖြစ်တော့ဘူးလို့ ထင်နေတဲ့သူတွေအတွက် ရန်ကုန်မှာ ပုဂ္ဂလိကပိုင် Oxford ဆေးကောလိပ်တစ်ခု ဖွင့်ပါတော့မယ်။ ဒီဆေးကောလိပ်မှာ ဘာတွေသင်မှာလဲ၊ ဘွဲ့ကိစ္စ ဘယ်လိုရှိလဲ။

ဗြိတိန်နိုင်ငံ Business and Technology Education Council – BTEC က ချီးမြှင့်တဲ့ HND အဆင့် Higher National Diploma တန်းမှာတော့ Social Care နဲ့ Public Health ဘာသာရပ်တွေကို ၂နှစ်ခွဲကြာ သင်ကြားပေးမှာမယ့် Oxford Myanmar Medical College ကို ဖွင့်တော့မယ်လို့ ပြောပါတယ်။

ကောလိပ်အဆင့် ၂နှစ်ခွဲပြီးသွားရင်တော့ ပြည်တွင်းမှာပဲဖြစ်ဖြစ် အင်္ဂလန်က ဆေးတက္ကသိုလ်တွေမှာပဲဖြစ်ဖြစ် MBBS ဘွဲကို ၄နှစ်ဆက်တက်နိုင်မှာဖြစ်သလို သြဂုတ်ကျရင် သိမ်ဖြူလမ်းမှာဖွင့်မယ့် Oxford Myanmar ဆေးကောလိပ်မှာ Nursing, Biochemistry, Public Health ဘာသာရပ်တွေလည်း ပါဝင်မယ်လို့ ရှင်းပြပါတယ်။

နာဂစ်ဆိုင်ကလုန်းဖြစ်ပြီးနောက် မြန်မာပြည်ကိုရောက်လာပြီး ကူညီ ကယ်ဆယ်ရေး မှာ ပါဝင်ခဲ့တဲ့ ဆရာဝန်အဖွဲ့ကို တွေ့ရပြီးနောက်ပိုင်း ဆရာဝန်တွေကို အုပ်ချုပ်ရေးပညာရပ် သတိထားမိလာလို့ အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။

Oxford Myanmar ဆေးကောလိပ်ကို တစ်လ ကျောင်းလခ ကျပ် ၃သုံးခွဲပေးရမှာဖြစ်ပြီး အပြင်ကျူရှင်ယူစရာမလိုဘဲ
ဆေးပါမောက္ခတွေ၊ ပြည်တွင်းပြည်ပ ဆရာဝန်ကြီးတွေက သင်ကြားမှာဖြစ်တယ်လို့ဆိုပါတယ်။

Kamayut Media
ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်ဖို့ အားခဲထားခဲ့ပေမယ့် ဆယ်တန်းအမှတ်မမီလို့ ဆရာဝန်မဖြစ်တော့ ဘူးလို့ ထင်နေတဲ့သူတွေအတွက် ရန်ကုန်မှာ ပုဂ္ဂလိကပိုင် Oxford ဆေးကောလိပ်တစ်ခု ဖွင့်ပါတော့မယ်။ ဒီဆေးကောလိပ်မှာ ဘာတွေသင်မှာလဲ၊ ဘွဲ့ကိစ္စ ဘယ်လိုရှိလဲ။

အပူပိုင်းဒေသများ၏အခြေအနေ အစီရင်ခံစာထုတ်ပြန် ပညာရေးကဏ္ဍ အရေးကြီးပုံကို ဒေါ်စု ထောက်ပြ

ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသများ၏ ဂေဟစနစ်၊ လူမှုစနစ်(ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှု)၊ စီးပွားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စသည့် ကိစ္စရပ်များအပေါ် လေ့လာထားသည့် အစီရင်ခံစာတစ်စောင်ကို ရန်ကုန်မြို့၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ဇွန်၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ပျော်ရွှင် နှစ်လိုဖွယ် မရှိသည့် အိမ်ထောင်ရေးက နှလုံးရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်

Photo: ပျော်ရွှင် နှစ်လိုဖွယ် မရှိသည့် အိမ်ထောင်ရေးက နှလုံးရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်
Monday, June 30, 2014 

 ပျော်ရွှင်ဖွယ် မကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားခြင်းသည် နှလုံးရောဂါ ဖြစ်ပွားစေမှု ပိုမို တိုးမြင့်စေကာ အသက်ကိုပင် နုတ်ယူ သွားနိုင်သည်။ ထိုကဲ့သို့ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှု မရှိခြင်းကြောင့် နှလုံးရောဂါ ခံစားရကာ သေဆုံးခဲ့ရသည့် အထောက် အထားပေါင်း များစွာကိုလည်း သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။ ယခု နောက်ဆုံး တွေ့ရှိချက် တစ်ခုမှာ အိမ်ထောင်ရေးတွင် မပျော်ရွှင်ခြင်းသည် ဦးခေါင်းနှင့် လည်ပင်းသို့ ပို့သော သွေးကြောများ ပါဝင်သည့် အဓိက သွေးလွှတ်ကြော နှစ်ခုအနက် တစ်ခုဖြစ်သည့် (Carotid Artery) ကိုပို၍ ထူထဲ လာစေပြီး နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု ပိုမို တိုးတက် လာခြင်းပင် ဖြစ်သည်။

လေ့လာ တွေ့ရှိချက်များ အရ လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဆိုင်ရာ အရည်အသွေးနှင့် ပုံစံသည် အဆိုပါ လူပုဂ္ဂိုလ်၏ နှလုံးရောဂါ အပါအဝင် အခြား ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်လျက် ရှိကြောင်း အဆိုပါ သုတေသန အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပစ်တ်ဘာ့ဂ် တက္ကသိုလ်မှ သောမတ်စ်ကမာ့ခ်က ပြောကြားခဲ့သည်။ လူသားတို့၏ နေ့စဉ် ဘဝများတွင် နေထိုင် ဆက်ဆံမှုများ အဆင်မပြေ ဖြစ်ခြင်းသည် အဆိုပါ Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ်ကို ဖြစ်ပေါ် စေနိုင်ပြီးနောက် ဆိုးရွားသော အကျိုးဆက်ကို ရရှိစေနိုင်သည်ကို ပညာရှင်များက တွေ့ရှိ ထားကြောင်း ယခုလထုတ် Psychosomatic Medicine ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ် ဖြစ်ပေါ်ပြီးနောက် ရုတ်တရက် နှလုံးခုန် ရပ်တန့်သည့် ရောဂါကို ခံစား ရရှိနိုင်မှုသည် သာမန်ထက်၈ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားလာလျက် ရှိကြောင်း သုတေသန အဖွဲ့တွင် ပါဝင်သည့် နာတာရီယာ ဂျိုးဆက်ပ် ကလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် လူသားများ၏ နေ့စဉ် လူနေမှုဘဝတွင် ဘဝဖော် အချင်းချင်း ရင်းနှီး ချစ်ခင်စွာ နေထိုင် နိုင်မှုသည် ပျော်ရွှင် စိတ်ချမ်းသာမှုကို ပေးစွမ်း နိုင်ပြီး သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိထားသည့် ရောဂါများမှ ကင်းဝေး စေကာ အောင်မြင် ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက် နိုင်မည် ဖြစ်ပေသည်။ ။

မြ၀တီ
 ပျော်ရွှင်ဖွယ် မကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားခြင်းသည် နှလုံးရောဂါ ဖြစ်ပွားစေမှု ပိုမို တိုးမြင့်စေကာ အသက်ကိုပင် နုတ်ယူ သွားနိုင်သည်။ ထိုကဲ့သို့ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှု မရှိခြင်းကြောင့် နှလုံးရောဂါ ခံစားရကာ သေဆုံးခဲ့ရသည့် အထောက် အထားပေါင်း များစွာကိုလည်း သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။ ယခု နောက်ဆုံး တွေ့ရှိချက် တစ်ခုမှာ အိမ်ထောင်ရေးတွင် မပျော်ရွှင်ခြင်းသည် ဦးခေါင်းနှင့် လည်ပင်းသို့ ပို့သော သွေးကြောများ ပါဝင်သည့် အဓိက သွေးလွှတ်ကြော နှစ်ခုအနက် တစ်ခုဖြစ်သည့် (Carotid Artery) ကိုပို၍ ထူထဲ လာစေပြီး နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု ပိုမို တိုးတက် လာခြင်းပင် ဖြစ်သည်။

သွားနှင့်ခံတွင်း ရောဂါကင်း သင်၏ကျန်းမာခြင်း

Photo: သွားနှင့်ခံတွင်း ရောဂါကင်း သင်၏ကျန်းမာခြင်း
Monday, June 30, 2014

 ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ၁၉၉၄ ခုနှစ် ကမ္ဘာ့ ကျန်းမာရေးနေ့ ဆောင်ပုဒ်ကို ''သွားနှင့်ခံတွင်း ရောဂါကင်း သင်၏ ကျန်းမာခြင်း'' ဆိုပြီး ရွေးချယ် သတ်မှတ်ခဲ့ သည် ကို မှတ်မိကြလိမ့်မည်ဟု

ထင်သည်။ ထိုနှစ်ကို ကမ္ဘာ့ခံတွင်း ကျန်းမာရေး နှစ်အဖြစ် သတ်မှတ်ခဲ့သည်။

သွားနှင့်ခံတွင်း ကျန်းမာခြင်း ဆိုသည်မှာ ခံတွင်းထဲမှ သွားများ၊ သွားဖုံးများ၊ လျှာ၊ မေးရိုးနှင့် မေးရိုးဝန်းကျင်ရှိ ကြွက်သားများ၊ သွေးကြောများ၊ နာဗ့်ကြောများ ကျန်းမာနေပြီး ပုံမှန်လှုပ်ရှား နေခြင်းကို ဆိုလိုသည်။ ထို့ပြင် သွားများသည် ညီညာလှပနေပြီး သွားအံချော်ခြင်း၊ သွားထပ်ခြင်း မရှိပါမှ လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင်မှာဖြစ်သည်။

သွားနှင့်ခံတွင်း ပြဿနာများ ရှိနေပါလျှင် အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရည်ကိုယ်သွေးကို ဆိုးကျိုးပေးနိုင်သည်။ ကျန်းမာစွာ နေနိုင်ရန် လူတို့သည် သွားနှင့်ခံတွင်း ပုံမှန်လုပ်ဆောင် ဖြစ်တဲ့အခါ ဝါးစားခြင်း၊ အရသာခံစားခြင်း၊ အစာကို မြိုချခြင်း၊ အစာကို ကြေညက်အောင် ပြုလုပ်ပေးခြင်း၊ စကားပြောခြင်း၊ တေးသီချင်းဆိုခြင်း၊ နမ်းရှုပ်ခြင်း၊ အသက်ရှူခြင်း၊ မျက်နှာအလှကို ပေါ်လွင်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိခြင်းတို့ဖြစ်သည်။

ကလေးများ အဖြစ်အများဆုံး ရောဂါတစ်ခုကို ပြောပါဆိုလျှင် သွားပိုးစား ရောဂါဟု ဆိုလျှင်မှန်သည်။ သွားပိုးစား ရောဂါ သည် ပိုးကောင် ကလေးတွေက သွားတွေကို စားသွားခြင်း မဟုတ်ပါ။ သွားကြိုသွားကြားနှင့် သွားမျက်နှာပြင် ပေါ်တွင် တွယ်ကပ်နေသော သွားချေးလွှာ ထဲတွင်ရှိသည့် အဏုကြည့် မှန်ဘီလူးဖြင့် အဆ ထောင်ချီပြီး ကြည့်မှသာ မြင်နိုင်သော ဗက်တီးရီးယား ကောင်ကလေးများနှင့် ချို၍ စေးကပ်သော အစားအစာတို့ ထိတွေ့ပြီး ပိုးပေါက်ငယ် ကလေးများ ဖြစ်ပေါ်စေ ကာ အချိန်မီ မကုသပါက အပေါက်ပိုကျယ်သွားပြီး သွား၏ အတွင်းပိုင်းသို့ သွားပိုးရောက်သွားပါက သွားကိုက်ဝေဒနာ ခံစားရပြီး သွားမြစ်ထိပ်တွင် ပြည်တည်လာတတ်သည်။ ထိုအခါ မျက်နှာရောင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အရိုးဆွေး ရောဂါဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေသည်။

ကလေးသွားများ လူကြီးသွား လဲသည့်အခါ သူ့အလိုလို ကျိုးသွားမှာပဲဆိုပြီး ဂရုမစိုက်ဘဲ မနေသင့်ပါ။ ကလေး သွားများ အချိန်မတိုင်မီ ဆုံးရှုံးသွားပါက လူကြီးသွားများ ပေါက်သောအခါ သွားမညီမညာဖြစ်ခြင်း၊ သွားပေါက်ချိန် မမှန်ခြင်း တို့ ဖြစ်နိုင်သည်။ ကလေးအရွယ်တွင် လက်မစုပ်ခြင်း၊ ရှေ့သွားများကို လျှာဖြင့် ထိုးခြင်းတို့ကြောင့် ရှေ့သွား ခေါခြင်းဖြစ်ပြီး မျက်နှာအလှကို ပျက်စေသည်။ လူကြီးအရွယ်တွင် သွားရောဂါများကြောင့် ကမ္ဘာပေါ်တွင် ရုံးတက်ရက် ပျက်ကွက်မှု မည်မျှရှိကြောင်းကို ကမ္ဘာ့ဘဏ်၏ ၁၉၉၆ ခုနှစ် အစီရင် ခံစာအရ သွားရောဂါများကြောင့် ၂ ရာခိုင်နှုန်း၊ တီဘီ ရောဂါကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် သွေးအားနည်း ရောဂါကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရ သည်။

သွားရောဂါများဖြစ်ရခြင်း အဓိက အကြောင်းမှာ ခံတွင်း မသန့်ရှင်း၍ ဖြစ်သည်။ သို့ပါ၍ ယင်းရောဂါကို ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါနည်းများကို သေချာစွာ လိုက်နာခြင်းဖြင့် ကာကွယ်ကြပါစို့။

၁။ သွားများကို တစ်နေ့နှစ်ကြိမ် နံနက်စာ စားပြီး တစ်ကြိမ်၊ ညအိပ်ရာ မဝင်မီတစ်ကြိမ် တိုက်ပါ။

၂။ သွားပိုးစား ရောဂါကို ထိရောက်စွာ ကာကွယ်ပေးနိုင်သော ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တိုက်ပါ။ (ဖလို ရိုက် ၇ဝဝ-၁ဝဝဝ သန်း ရာခိုင်နှုန်း ပါဝင်ရပါမည်)

၃။ သွားတစ်ခါ တိုက်လျှင် ၂-၃ မိနစ်ကြာအောင် တိုက်ပါ။

၎။ သွားများကို ကန့်လန့်ဖြတ် မတိုက်ရပါ။

၅။ သွားအားလုံး၏ မျက်နှာပြင်အားလုံးကို တိုက်ပေးပါ။

၆။ ကလေးများကို ကလေးသွားတိုက်ဆေး (ဖလိုရိုက်ပါသော)ဖြင့် တိုက်ပေးပါ။ သွားတိုက်ပြီးပါက သွားတိုက် ဆေးတွေ ခံတွင်းထဲတွင် ကုန်အောင် ပလုတ်မကျင်းပါနှင့်။

မြ၀တီ
 ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ၁၉၉၄ ခုနှစ် ကမ္ဘာ့ ကျန်းမာရေးနေ့ ဆောင်ပုဒ်ကို ''သွားနှင့်ခံတွင်း ရောဂါကင်း သင်၏ ကျန်းမာခြင်း'' ဆိုပြီး ရွေးချယ် သတ်မှတ်ခဲ့ သည် ကို မှတ်မိကြလိမ့်မည်ဟု ထင်သည်။ ထိုနှစ်ကို ကမ္ဘာ့ခံတွင်း ကျန်းမာရေး နှစ်အဖြစ် သတ်မှတ်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

Photo: ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ
Monday, June 30, 2014

 မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လှစ်သုံးစွဲနေသည့် စာရင်းများထက်ပင် ပိုမိုများပြားနေပြီး လက်ရှိပြည် တွင်းတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပင် ၁ ဒသမ ၇ သန်းကျော်သာရှိနေသည်။

‘‘အင်တာနက်ချိတ်ထားပေ မယ့်လွယ်လွယ်ကူကူသုံးလို့ရတာက Viber ပဲရှိတော့ တခြား ဖေ့စ်ဘွတ်ခ်တွေလည်းမသုံးဖြစ်ဘူး။ ဖေ့စ်ဘွတ်ခ်ကျတော့ သိပ်လည်း မသုံးတတ်ဘူး။ Viber ကျတော့ ဖုန်းလိုပဲ သုံးရတာ သိပ်မကွာတော့ သုံးဖြစ်တာ’’ ဟုပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့်မိခင်တစ်ဦးကပြောသည်။

Viberမှာ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံဖိုင်ပေးပို့ခြင်းစသည့်ဝန်ဆောင်မှုများဆောင်ရွက်နေပြီး ကွန်ပျူတာမှ တစ်ဆင့်အသုံးပြုနိုင်သည့်Viber Desk-top ဗားရှင်းကိုလည် ဖြန့်ချိထားသောကြောင့် မြန်မာနိုင်ငံတွင် ကွန်ပျူတာမှတစ်ဆင့်အသုံးပြုသူ အများအပြားရှိနေပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သုံးစွဲသူပေါင်းသန်း ၃၀၀ ကျော်ရှိနေပြီး Viber Out အနေဖြင့်လည်း နိုင်ငံတိုင်းရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ခေါ်ဆိုနိုင်ကြောင်း သတင်းရရှိသည်။

By ဆွေမွန်
7DAY DAILY
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန် ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်

ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် မြို့ခံလူထုမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန်ပြန် လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြုလုပ်သည့် ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် သတင်းစာရှင်းလင်းပွဲတွင် သိရသည်။

Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်

Air KBZ လေကြောင်းလိုင်း၏ ခြောက်စီးမြောက် ၀ယ်ယူသည့် လေယာဉ်ဖြစ် သည့် ATR 72-600 လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ်ဖြစ်သည့် ATR 72-500  လေယာဉ်သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရသည်။

မတူညီမှုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံရေးဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အပူပိုင်းဒေသ၏အခြေအနေ အစီရင်ခံစာဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေ စဉ်
နိုင်ငံတကာတက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်းသုတေသန ပြုလုပ်သည့် အပူပိုင်းဒေသ ၏ အခြေအနေ အစီရင်ခံစာ’ ဆွေးနွေးပွဲကို ဇွန် ၂၉ ရက်က မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

Sunday 29 June 2014

မက္ကဆီကိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည့် နယ်သာလန်နှင့် ဂရိအသင်းကိုအနိုင်ယူမည့် ကော်စတာရီကာ

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် များ ပထမနေ့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီးသည့်နောက် ယနေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် နယ်သာ လန်နှင့် မက္ကဆီကို ကော်စတာရီ ကာနှင့် ဂရိအသင်းတို့ပွဲစဉ်များကို ကစားကြမည်ဖြစ်သည်။ တစ် ဖက်တွင် အုပ်စုပထမအဖြစ်တက် လာသည့် နယ်သာလန်မှာ ဘရာဇီး ကို သရေကစားနိုင်ခဲ့သည့် မက္က ဆီကိုနှင့် တွေ့ရမည်ဖြစ်သဖြင့် ပွဲစဉ်မချောင်ဟု ဆိုနိုင်သည်။ အ အခြားတစ်ပွဲတွင်လည်း ဥရုဂွေး နှင့် အီတလီတို့ကို အနိုင်ကစား ထားခဲ့သော ကော်စတာရီကာက ခံစစ်ကောင်းမွန်သည်ဟု နာမည် ကြီးသည့် ဂရိနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်ယနေ့ပွဲစဉ် နှစ်ပွဲစလုံး သည် အကြိတ်အနယ်ပွဲစဉ်များ ဖြစ်လာကြမည်ဖြစ်သည်။
Photo: မက္ကဆီကိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည့် နယ်သာလန်နှင့် ဂရိအသင်းကိုအနိုင်ယူမည့် ကော်စတာရီကာ
Sunday, June 29, 2014

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် များ ပထမနေ့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီးသည့်နောက် ယနေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် နယ်သာ လန်နှင့် မက္ကဆီကို ကော်စတာရီ ကာနှင့် ဂရိအသင်းတို့ပွဲစဉ်များကို  ကစားကြမည်ဖြစ်သည်။ တစ် ဖက်တွင် အုပ်စုပထမအဖြစ်တက် လာသည့် နယ်သာလန်မှာ ဘရာဇီး ကို သရေကစားနိုင်ခဲ့သည့် မက္က ဆီကိုနှင့် တွေ့ရမည်ဖြစ်သဖြင့် ပွဲစဉ်မချောင်ဟု ဆိုနိုင်သည်။ အ အခြားတစ်ပွဲတွင်လည်း ဥရုဂွေး နှင့် အီတလီတို့ကို အနိုင်ကစား ထားခဲ့သော ကော်စတာရီကာက ခံစစ်ကောင်းမွန်သည်ဟု နာမည် ကြီးသည့် ဂရိနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်ယနေ့ပွဲစဉ် နှစ်ပွဲစလုံး သည် အကြိတ်အနယ်ပွဲစဉ်များ ဖြစ်လာကြမည်ဖြစ်သည်။

နယ်သာလန် - မက္ကဆီကို

၂၉-၆-၂၀၁၄ (ည ၁၀း၃၀ )

နယ်သာလန်အသင်းနည်း ပြ ဗန်ဂါးလ်သည် ယခုပွဲစဉ်တွင် အသင်းခေါင်းဆောင်ဗန်ပါစီ ပွဲ ပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာ သောကြောင့် ပြန်လည်အသုံးပြု နိုင်မည်ဖြစ်သည်။ ရှုံးထွက်အဆင့် သို့ တက်ရောက်လာခဲ့သော ဥရောပအသင်းများထဲတွင် ဟော်လန် အသင်းသည် အုပ်စုတွင်းပွဲစဉ် အားလုံးအနိုင်ရသည့် တစ်သင်း တည်းသောအသင်းဖြစ်သည်။ သို့ သော်လည်းတစ်ဖက်တွင် အိမ်ရှင်ဘရာဇီးကို သရေရအောင်ကစား နိုင်ပြီး၊ အုပ်စုတက်လာသည့် မက္က ဆီကိုအသင်း၏ ယုံကြည်ချက် ပြည့်ဝနေမှုကို ယှဉ်ပြိုင်ရာတွင် ခက်ခဲလာနိုင်သည်။

နယ်သာလန်နှင့် မက္ကဆီကို အသင်းကစားမည့် ကက်စတီလာ အိုကွင်းတွင် အပူချိန်သည် ၃၀ ဒီဂ ရီ ခန့်ရှိနေမည်ဖြစ်သောကြောင့် ဟော်လန်အသင်းမှာ အပူချိန်မြင့် မားမှုကြောင့် အခက်တွေ့နိုင် သည်။ အပူပိုင်း ရာသီဥတုထဲတွင် ကစားလေ့ရှိသော မက္ကဆီကို အ သင်းအတွက်မူ ရာသီဥတုမှာ အသာစီးရနေသည်ဟု ဆိုနိုင် သည်။ အုပ်စုတွင်း နယ်သာ လန်အသင်း၏ ဂိုးသွင်းနှုန်းသည် အမြင့်မားဆုံးရှိခဲ့သည်ဟု ဆိုနိုင် သည်။ စပိန်အသင်းကို ၅ ဂိုး၊ ချီ လီအသင်းကို ၂ ဂိုးနှင့် သြစတြေး လျအသင်းကို ၃ ဂိုးသွင်းထား သောကြောင့်စုစုပေါင်း ရဂိုး ၁၀ ဂိုးဖြင့် ဂိုးအများဆုံးအသင်းလည်း ဖြစ်သည်။

ယခုပွဲမတိုင်မီတွင် နယ် သာလန်အသင်း၏ အဓိကကစား သမားများဖြစ်သော ဒီဂျောင်၊ ဘ လင်း၊ ရော်ဘင်နှင့် ဒီဘရစ်တို့မှာ အသေးစားဒဏ်ရာများ ရရှိထား ခဲ့ကြသော်လည်း ပွဲစဉ်အမီကြံ့ခိုင် မှုပြန်လည်ပြည့်ဝလာခဲ့သည်ဟု သိရသည်။ ပွဲပယ်ပြစ်ဒဏ်မှလွတ် မြောက်လာသည့် ဗန်ပါစီသည် ယခုပွဲစဉ်တွင် သေချာပေါက်ပြန် လည်ပါဝင်လာမည်ဖြစ်သည်။ အ သင်းတွင် လီရွိုင်ဖားမှာ သေချာ ပေါက် လွဲချော်မည်ဖြစ်ပြီး၊ ခြေ စွမ်းပြ ကစားထားသည့် မာတင် အင်သည်လည်း ပါဝင်ရန် မသေ ချာပေ။

မက္ကဆီကိုသည် အသင်း တိုင်းသတိထားရသော ခြေစွမ်းရှိ ကြောင်း ကင်မရွန်းနှင့် ခရိုအေးရှားကို အနိုင်ယူပြီး သက်သေပြ ခဲ့သည်။ အိမ်ရှင်ဘရာဇီးပါဝင် သောပွဲတွင် ၃ ပွဲကစားပြီး ပေးဂိုး တစ်ဂိုးသာရှိ၍ ခံစစ်ကြောင်း တောင့်တင်းသည့် အသင်းလည်း ဖြစ်သည်။ အပူချိန်မြင့်မားသည့် အစောပိုင်း ပွဲစဉ်ကို ကစားရမည် ဖြစ်သည့်အတွက် မက္ကဆီကို အ သင်းအတွက် အသာရနိုင်သည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ် ရပ်တွင် မက္ကဆီကိုသည် ကွာတား ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့  သည့် အသင်းလည်းဖြစ်သည်။ သို့သော် ထိပ်တိုက်တွေ့ဆုံမှုအရ မက္ကဆီကိုက ဟော်လန်ကို အသာ စီးမရထားပေ။

ပွဲချိန် မိနစ် ၉၀ သရေကျနိုင် ပြီး၊ အချိန်ပိုတွင် နယ်သာလန် အ သင်း အနိုင်ယူသွားဖွယ်ရှိသည်။

ကော်စတာရီကာ - ဂရိ

၃၀-၆-၂၀၁၄ (နံနက် ၂း ၃၀)

ကော်စတာရီကာသည် အုပ် စုကျပ်ထဲတွင် ကျရောက်ခဲ့ပြီး မည်သူမှ မထင်ထားသည့် ပုံစံဖြင့် အုပ်စုပထမနေရာရကာ ရှုံးထွက် အဆင့်သို့ တက်ရောက်လာခဲ့ သည်။ တစ်ဖက်မှ အုပ်စုဒုတိယ ဖြင့် တက်ရောက်လာခဲ့သည့် ဂရိ သည်လည်း နောက်ဆုံးပွဲစဉ်တွင် အိုင်ဗရီကို့စ်ကို နာကျင်အချိန်ပို တွင် သွင်းသော ပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နှစ်သင်း စလုံးသည် အုပ်စုမှလွတ်ရန် ခက် ခဲသည့် အခြေအနေမှ ယခုအဆင့် ရောက်လာခဲ့ခြင်းဖြစ်၍် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အရှုံးအနိုင်ပေါ်ရန် ခက်ခဲနိုင်သည်။ ကော်စတာရီကာသည် ဥရုဂွေး၊ အီတလီ၊ အင်္ဂလန် ၃ သင်းစလုံးကို တစ်ဂိုးသာပေးခဲ့ရသဖြင့် ခံစစ်ကြောင်းတောင့်တင်းသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။ တိုက်စစ်အားနည်းလေ့ရှိ သည့် ဂရိအသင်းကို ကော်စတာရီကာ ခံစစ်ကြောင်းက အလွယ်တကူဂိုး မပေးရနိုင်ဟုလည်း ဆိုနိုင် သည်။

တန်ပြန်တိုက်စစ်ကစားပုံ များမှတစ်ဆင့် ဂိုးသွင်းသေချာလှ သော ကော်စတာရီကာ ကစားသ မားများကြောင့် ဂရိခံစစ်ကြောင်း အလုပ်ရှုပ်သွားနိုင်သည်။ ဂရိ သည် ဂိုးမပေးရရန် တစ်သင်းလုံးပိတ်ဆို့ကစားတတ် သည့်အသင်း ဖြစ်သည်။ သို့သော်လည်း ဂျပန် အသင်း တစ်သင်းတည်းကိုသာ ဂိုးမပေးခဲ့ရသည့် ဂရိခံစစ်ကြောင်းသည် ယခင်ကကဲ့သို့ လုံခြုံမှုမရှိ တော့ဟု ယူဆနိုင်သည်။ အဖွင့်ပွဲ တွင် ကိုလံဘီယာကို ၃ ဂိုးပေးခဲ့ရ သည့် ဂရိခံစစ်ကြောင်းက ယင်း အချက်ကို သက်သေပြနေသည်။ သို့သော်လည်း ဂရိအတွက် ခံစစ် ကစားပုံထက် အဓိကပြဿနာမှာ တိုက်စစ်ကစားပုံဖြစ်သည်။ ဂရိ တိုက်စစ်သည် ဂိုးရရန် အလွန်ခက်ခဲသည်။ အုပ်စုတွင်းပထမနှစ်ပွဲ ကစားပြီးချိန်အထိ ဂရိသည် တစ် ဂိုးမှမရခဲ့။ အိုင်ဗရီကို့စ်နှင့် ပွဲတွင် လည်း နောက်ဆုံးမိနစ်တွင်ရ ခဲ့သော ပင်နယ်တီကြောင့်သာ နောက်တစ်ဆင့် တက်လှမ်းလာ နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခံစစ်ကြောင်း ကောင်းမွန်သည် ဟု နာမည်ကြီးနေသည့် ကော်စ တာရီကာခံစစ်ကို ထိုးဖောက်ရန် မလွယ်သလို တိုက်စစ်ကိုလည်း ဟန့်တားရန် မလွယ်ကူပေ။

ကော်စတာရီကာကို မိနစ် ၉၀ လုံး ခြေရည်တူ ရင်ဆိုင်ကစား ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဂရိက တိုက်စစ်ဖွင့် ကစားရန်သာဖြစ်သည်။ ဂရိ က စားပုံ မပြောင်းလဲလာနိုင်သော် လည်း မထင်မှတ်ဘဲ အပြန်အ လှန်ဂိုးများရသွားနိုင်သည်။ နှစ် သင်းစလုံး ယခင်က မတွေ့ဖူး သည့်အတွက် တစ်သင်းခြေစွမ်း ကို တစ်သင်းမှန်းဆရန် ပို၍ခက် ခဲနိုင်သည်။ ပွဲချိန် မိနစ် ၉၀ အ တွင်းမှာပင် ကော်စတာရီကာ အ နိုင်ရနိုင်ပြီး တစ်ဂိုးထက်လည်းပို နိုင်သည်။

7Day Daily

မိသားစုကိုဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော ပါကစ္စတန်စုံတွဲကို မိန်းကလေးဘက်က လည်လှီးသတ်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာရှိ ကျေးရွာတစ်ရွာတွင် မိသားစု ကို ဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော လူငယ်စုံတွဲတစ်တွဲကို မိန်းကလေးရှင် မိသားစုက လည်လှီး သတ်ခဲ့သည် ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်တွင် ပြောသည်။အသက် (၁၇) နှစ်အရွယ် မာဖီယာ ဘီဘီနှင့် အသက် (၃၁) နှစ်အရွယ် မူဟာမက်ဆာဂျစ်တို့ သည် မိသားစုသဘောမတူသည့် ကြားမှ ဇွန်လ ၁၈ ရက်တွင် လက် ထပ်ခဲ့ကြသည်။ဘီဘီ၏ မိဘ နှစ်ပါးသည် ဇွန်လ ၂၆ ရက် ညတွင် ဘီဘီတို့ ဇနီးမောင်နှံအား အိမ်သို့ပြန်လာ ရန် သွေးဆောင်ခေါ်ယူခဲ့ပြီး နောက် အိမ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ကို ကြိုးတုပ်၍ ဘီဘီ၏ ဖခင်က လည်လှီးခဲ့ကြောင်း ပါ ကစ္စတန် ရဲအရာရှိ ရာနာဇာရှစ် က ပြောသည်။ ဘီဘီ၏ မိဘများနှင့် ဆွေမျိုးများက သမီးဖြစ်သူ ဘီဘီ ကြောင့် အရှက်ရပြီး ဂုဏ်သိက္ခာအတွက် ဘီဘီတို့ ဇနီးမောင်နှံကိုသတ် ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ရဲအရာရှိတစ်ဦးဖြစ်သော ဂိုဟာနာဖီးစ်ကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြား

နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်
တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။ တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ် ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။

အမြန်လမ်းမကြီးတွင် သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်သည့်ယာဉ် အရေးယူမှု နေ့စဉ် အစီး ၄၀ ကျော် ရှိနေ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တစ်နာရီ ကီလို ၁ဝဝ ထက်ကျော်လွန်၍ မောင်းနှင်နေသော မော်တော်ယာဉ်အစီးရေ ၄ဝ ကျော်ကို နေ့စဉ်အရေးယူလျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။အမြန်လမ်းဟု သတ်မှတ်ထားသော်လည်း သတ်မှတ်ထားသော မိုင်နှုန်းအတွင်းသာ မောင်းနှင်ရန် စည်းကမ်းကြပ်မတ်ထားရခြင်း၏ အကြောင်းအရင်းမှာ လိုအပ်ချက်ရှိနေသည့် လမ်းပိုင်းများကို ပြန်လည်ပြင်ဆင်နေသည့်အတွက်ကြောင့်ဟု ရဲမှူးကြီးနေဝင်းက ပြောကြားသည်။ယင်းအမြန်လမ်းမကြီးတစ်လျှောက်တွင် ဖြတ်သန်းမောင်းနှင် နေကြ သည့် ယာဉ်များတွင် GPS စနစ် တပ်ဆင်နိုင်ရန်အတွက် လမ်းတစ်လျှောက်တွင် အင်တာနက်လိုင်းရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။“ကျွန်တော်တို့ အခုယာဉ်တွေမှာ GPS စနစ်တွေ တပ်ဆင်ဖို့အတွက် အဆင်မပြေသေးပါဘူး။ အမြန်လမ်းတစ်လျှောက်မှာလည်း အင်တာနက်လိုင်းတွေက မရတဲ့နေရာတွေ ရှိတယ်။ သွားမယ့်စနစ်က GSM ကတ်စနစ်နဲ့ သွားမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းရရှိဖို့ ဝန်ကြီးဌာန လေးခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အမှန်တကယ်ဆိုရင် အမြန်လမ်းလို့ခေါ်တဲ့ လမ်းမကြီးမှာ ကြိုက်တဲ့နှုန်းအတိုင်း မောင်းလို့ရပေမယ့် အခုအခြေအနေက လမ်းပိုင်းတွေကို ပြင်ဆင်နေသေးတဲ့အတွက် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွေ မဖြစ်စေဖို့ ကီလိုတွေကို သတ်မှတ်ရခြင်းဖြစ်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဆက်လက်ပြောကြားသည်။

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်းကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်း ကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် မူကြီးငါးရပ်၏ နှစ် ၆ဝ ပြည့်အထိမ်းအမှတ် ကွန်ဖရင့်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာက သတင်းထုတ်လွှင့်သည်။
၁၉၅၄ ခုနှစ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ မြန်မာ၊ အိန္ဒိယခရီးစဉ်အတွင်း စတင်အကောင်အထည်ဖော်ပေါ် ပေါက်လာသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ဟူသည့် မူကြီးငါးရပ်၏ နှစ် (၆ဝ)ပြည့် အထိမ်းအမှတ် ကွန်ဖရန့်တွင် သမ္မတဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန ဖော်ပြ

စင်ကာပူနိုင်ငံရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအဝင် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစည်းတစ်ခုသဖွယ် ရောင်းချနေကြကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် သတင်းဆောင်းပါး “Buy a discount maid at Singapore's malls” အရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အကူများအဖြစ် သွားရောက်လုပ်ကိုင်နေကြရာတွင် စင်ကာပူနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနောက်ဆုံး အိမ်အကူများအား အလုပ်အကိုင်ခန့်ထားသည့် အေဂျင်စီများက ရောင်းကုန်ပစည်းများသဖွယ် ဈေးဝယ်စင်တာများတွင် ပြသရောင်းချနေကြခြင်း ဖြစ်သည်။
“စင်ကာပူမြို့လယ်မှာရှိတဲ့ ဘူကစ်တီမာရှော့ပင်းစင်တာကို သွားလိုက်ပါ။

ဘင်္ဂါလီ ကိုးဦးကို ရန်ကုန်ပို့ရန် ပူးပေါင်းစီစဉ်သူ ငါးဦးရှိ၊ နှစ်ဦးလွတ်နေဆဲ


ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံစည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီးထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့် ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ် ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။‘‘စစ်ဆေးချက်အရ ဒီဖြစ်စဉ် မှာ ပွဲစားအပါအ၀င် ငါးယောက် ပူးပေါင်းပြီး ပို့ဖို့ကြိုးစားခဲ့တာ။ ရှေ့ပြေးကားတွေ ဘာတွေနဲ့ စနစ်တကျ စီစဉ်တာဗျ။ ပထမနှစ် ယောက်ဖမ်းတယ်။ နောက်အမျိုး သမီးတစ်ယောက် ထပ်ဖမ်းတယ်။ သူတို့ကို ပိုက်ဆံပေးမယ်ဆိုတဲ့ ပွဲ စားနှစ်ယောက် ထွက်ပြေးနေ တယ်။ ဖမ်းဖို့ လုပ်နေပါတယ်’’ ဟု ပြည်နယ်အဆင့် ရဲအရာရှိတစ် ဦးက ပြောသည်။ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့နယ်ရှိ ပဲ့ပဒုံစစ်ဆေးရေး ဂိတ်တွင် ဘင်္ဂါလီကိုးဦးကို ခေါ်ဆောင်လာသည့် ကားတစ်စီး ကို စစ်ဆေးရေးအဖွဲ့က ဖမ်းဆီး ခဲ့ပြီး ယာဉ်ပိုင်ရှင်အမျိုးသမီးနှင့် ယာဉ်မောင်းအမျိုးသားကို ထိန်း သိမ်းခဲ့သည်။ ထို့နောက် သံသယ ရှိသူ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါ အမှုနှင့်ပတ်သက်နေသူ နောက်ထပ် အမျိုးသားနှစ်ဦးမှာ တိမ်းရှောင်နေကြောင်း အမ်းမြို့ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောကြားသည်။

ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အားထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီ တိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲစီစဉ်သူများက ပြောသည်။အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့်ဒေသ တွင်း မြို့နယ်များမှ လယ်သမား များ၊ ဒေသခံများပါဝင်မည်ဖြစ် ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာ ဝတီတိုင်းတာဝန်ခံဦးကြည်လွင် က ပြောသည်။
‘‘ဦးဆန်းဆင့်ဟာ တိုင်း လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည် အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်အပါအ၀င်သူ၏အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

GSM နှင့် WCDMA ဆင်းမ်ကတ်များ ၃၁ နိုင်ငံတွင် သယ်ယူအသုံးပြုနိုင်မည်

ပြည်တွင်းမှ GSM နှင့် WCDMA ဖုန်းများကို နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ယူဆောင်အသုံးပြုနိုင် မည့် International Outbound Roaming ဝန်ဆောင်မှုကို ၂၀၁၄ ဇူလိုင်လ ၂ ရက်မှစတင်ဝန်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသတင်း ရရှိသည်။
‘‘ပြည်တွင်းကဖုန်းတွေကို နိုင်ငံတကာမှာအသုံးပြုခွင့်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာပါ။ လက်ရှိ မှာ Roaming ဝန်ဆောင်မှုက နိုင်ငံတကာမှာ အနည်းငယ်ဈေး ကြီးနေတယ်ဆိုပေမယ့် လုပ်ငန်း ရှင်တွေနဲ့ အရေးကြီးကိစ္စရှိသူတွေ အတွက် အဆင်ပြေနိုင်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးငွေ သောင်းကပြောသည်။
ပြည်ပနိုင်ငံများသို့ သွား ရောက်နေစဉ် သယ်ဆောင်အသုံး ပြုနိုင်မည့် International Roa-ming စနစ်ကို ယခင်က အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း၄၆ နိုင်ငံမှ အော်ပရေတာ ၇၇ ခု၏GSM/WCDMA မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံတွင်းသို့ Inbound Roaming အဖြစ် လာရောက်သုံးစွဲ နိုင်နေရာ မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းဖုန်းများကို ဇူလိုင် ၂ ရက်မှစတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လူထုအခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ တယ်လီနောတည်ဆောက်မည်


တယ်လီနောမြန်မာကုမ္ပဏီက မြန်မာအိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO)နှင့် ပူးပေါင်း၍ လူထု အခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ ခန့် တည်ထောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ကနဦးစီမံကိန်းအနေဖြင့် စင်တာငါးခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတ၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင် တည်ဆောက်မည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ သိရ သည်။‘‘ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကျေးလက်ဒေသနေထိုင်သူတွေနဲ့ အပြင် ကမ္ဘာကို ဆက်သွယ်မှုပေးအပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ကွန်ရက်ချိတ်ဆက်မှုကို အတွေ့အကြုံမရှိသူတွေ၊ သတင်းအချက်အလက်တွေကိုလွယ်လွယ်ကူကူမရနိုင်ခဲ့သူတွေအတွက်အသိပညာဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ CIC တွေ တည်ဆောက်တယ်ဆို တာအစပါ။ နောက်ဆို သင်ကြားမှုတွေ၊ လေ့ကျင့်မှုတွေပါ ပေးသွားချင်ပါ တယ်’’ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်မည်

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကို ပင်လယ်အော်ရှိ နာမည်ကျော် Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်တော့မည်ဟု သိရှိရသည်။
ကူးသန်းပို့ဆောင်ရေးဌာန တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီးတွင် ပိုက်များတပ်ဆင်ရန်အတွက် ငွေကြေး သုံးစွဲမည့် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Golden Gateတွင် သေကြောင်းကြံစည်မှု တားဆီးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲမည်ဖြစ်ပြီး ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာမည် ဖြစ်သည်။

Saturday 28 June 2014

မြောက်ဦးရထားလမ်း ဒုတိယအကြိမ် ရွေးချယ်သော်လည်း ယဉ်ကျေးမှုဇုံနှင့် မလွတ်သေး

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်မည့် မြောက်ဦးရထားလမ်းကို ဒေသခံများက ကန့်ကွက်သဖြင့် အစိုးရက ဒုတိယလမ်းကြောင်းကို ချပြသော်လည်း ထိုလမ်းကြောင်းသည် ယဉ်ကျေးမှုနယ်မြေကို ဖြတ်သန်းထားသေးသည် ဟု မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်း သိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုင်းတွင် ၂၀၁၅ အောက် တိုဘာ ဝန်းကျင် တွင် ရွေးကောက်ပွဲ ကျင်းပပေး မည်ဟု ထိုင်း စစ် အာဏာ သိမ်း ခေါင်းဆောင်ပြော

Photo: ထိုင်းတွင် ၂၀၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ပြော
Saturday, June 28, 2014 

ထိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ကြားဖြတ်ကာလ အခြေခံဥပဒေ တစ်ရပ်ကို နောက်လထဲတွင် ပြဋ္ဌာန်းမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်တွင် နောက်နှစ်ရွေးကောက်ပွဲကာလအထိ တိုင်အောင် ယာယီကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံကို အုပ်ချုပ် သွားလိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာ သိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံအား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအား ‘ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)’ ဟု ခေါ်သော ထိုင်းစစ်အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

ခန့်အပ် တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲမည် ဖြစ်ပြီး၊ လာမည့် ထိုင်းရွေးကောက်ပွဲကို ထိုအခြေခံဥပဒေသစ် အောက်တွင် ကျင်းပမည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

Mizzima - News in Burmese
ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွား မည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးသိန်းဟန်က မဇ္ဈိမကို ပြော သည်။

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

Photo: ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
Saturday, June 28, 2014

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်

မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။

မြ၀တီ
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါ ဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ခရီးသည်တင်ယာဉ်မှ လမ်းဘေးရှိ ယာဉ်(၂)စီးနှင့်လူတို့အားတိုက်မိခဲ့ရာ (၁)ဦးသေ(၁)ဦးဒဏ်ရာရ

၂၇.၆.၂၀၁၄ ရက်နေ့ ၀၈၁၅ အချိန်တွင် သာကေတမြို့နယ်၊ (၇)ဈေးလမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသည့် ၅ခ/---- (၃၄)ယာဉ်လိုင်း၊ မီနီဘတ် ခရီးသည်တင်ယာဉ်သည် (၇)ဈေးရှေ့ အရောက်တွင်လမ်းယာဘက်အစပ်၌ ရပ်ထားသော 2F ---ဘွန်ဂိုလိုက်ထရပ် ကိုယ်ပိုင်ယာဉ်၊1H ---ပရိုဘောက်ခဲရောင်ကိုယ်ပိုင်ယာဉ်၊ ၃၇ယ/--- ဇောင်ရှန်း အမျိုးအစားဆိုင်ကယ်နှင့် တယ်လီဖုန်း တိုင်တို့ကိုတိုက်မိခဲ့ကာ လမ်းစပ်ရှိ သာကေတမြို့နယ်နေ ဦးဖေသိန်း၊(၇၅)နှစ်နှင့်မနော်ပဲပဲဖော၊ (၃၃)နှစ်တို့ကို ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်း မှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ ရက် က ထုတ်ဖော် ပြောကြားလိုက်သည်။

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

ရန်ကုန်၊ မဇ္ဈိမ။              ။ လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်

Photo: ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်
Saturday, June 28, 2014  

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း G3 သည် မြန်မာနိုင်ငံသို့ လာမည့် ဇူလိုင်လ ပထမပတ် အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။

အဆိုပါ စမတ်ဖုန်း၏ ဈေးနှုန်းမှာ ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင်မှ ခုနစ်သိန်း နီးပါးအထိ ရှိနိုင်ကြောင်း LG Myanmar မှ သိရသည်။''LG G3 ဟာ ကျွန်တော်တို့ LG အီလက်ထရွန်နစ်မှ အင်ဂျင် နီယာများ၊ ဝန်ထမ်းများ အားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ် တစ်ခုပါပဲ။ Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ 2540×1440 ရုပ်ထွက် အပြည့်အဝရှိ QHD မျက်နှာပြင်မှာ Pixel သိပ်သည်းဆ ကလည်း 538 ppi (pixel perinch) ဖြစ်ပါတယ်။ ဖြုတ်၊ တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ၊ မောင်းနှင် အသုံးပြုထားတဲ့ OS က နောက်ဆုံးပေါ် Android OS 4.4.2 (Kit Kat) ဖြစ်တဲ့အပြင် ပရော်ဆက်ဆာ ကလည်း 2.5 GHz Quad-Core သုံးစွဲ ထားကာ Qualcomm မှ ထုတ်လုပ်တဲ့ Snapdragon 801 ၈ဝ၁ ချစ်ပ်ကို တပ်ဆင် သုံးစွဲ ထား တာကြောင့် နေ့စဉ် စမတ်ဖုန်း သုံးစွဲခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း တွေမှာ လျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲ နိုင်ပါပြီ'' ဟု LG အီလက်ထရွန်နစ် (မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြား ခဲ့သည်။

G2, G2 Mini, New L Series (L40,L70, L90) နှင့် G flex ဖုန်းစသည့် LG ၏ အသစ်ထွက် ဖုန်းများတွင် သုံးစွဲနိုင်သော စမတ်ဖုန်း လုံခြုံရေး နည်းပညာသစ် “Knock Code” သည်လည်း ယခု G3 ဖုန်းတွင် ပါဝင်လာပြီး G3 ကို အဖြူ၊ အနက်နှင့် ရွှေရောင် အရောင် သုံးမျိုးဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ G3 စမတ် ဖုန်းကို ပွဲထုတ် မိတ်ဆက်ခြင်း (Launching Event) ကိုလည်းလာမည့် ဇူလိုင်လ ပထမပတ် အတွင်းမှာ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေး မှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။

ရခိုင်ဒေသခံများ နစ်နာမှုကို ဖြေရှင်ပေးရန် တရုတ်အစိုးရကို ရခိုင်ပါတီပြော

တရုတ်၏ မဟာဗျူဟာ ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ နစ်နာမှုကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တရုတ်ကွန်မြူနစ်ပါတီကို တင်ပြခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ

Photo: Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ
Saturday, June 28, 2014 
   
Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့  ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် နောက်ထပ် အယောက် ၅၀ဟာလည်း ပွဲကျင်းပရာနေရာမှာ ဆေးနဲ့အရက် စတာတွေကြောင့်ပဲ ပုံပျက်ပန်းပျက် လဲကျနေတာကို ဖေးကူခဲ့ကြရသေးပါတယ်တဲ့။ အဲ့ဒီပွဲကိုလာတဲ့ အသက်၁၉နှစ်အရွယ် Mike Santostefano ကတော့ ကြမ်းပြင်ပေါ်မှာ အသက်တောင် မနည်းရှုခဲ့ရတယ်လို့ ဆိုတဲ့အပြင် ပွဲရဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Michael Bosse ကလည်း ဆေးနဲ့နွယ်ပြီး ပြဿဿ       နာတွေ တော်တော်ကြီးသွားခဲ့တာ။ တစ်ချို့ဆို လူမှန်းသူမှန်းတောင် မသိကြတော့ဘူး။ ဒီပွဲဟာ အကောင်းဆုံးနဲ့ အဆိုးဆုံးဖြစ်ခဲ့ပါတယ်လို့ ဖွင့်ဟသွားပါတယ်။ Avicii ကတော့ twitter မှာ "ညတုန်းက အခြေအနေတွေ တော်တော်ဆိုးတယ်လို့ သတင်းတွေကြားရပါတယ်။ အဲ့ဒီအတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေအားလုံး အဆင်ပြေပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း စိတ်အေးကြရမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုထားပါတယ်။

Trend Myanmar
Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့  ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။

အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး

Photo: အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး
Saturday, June 28, 2014

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ပိုက်လိုင်း ပေါက်ကွဲသောကြောင့် မီးခိုးများ၊ မီးတောက်များကို အဝေးမှပင် မြင်နိုင်ကြောင်း အိန္ဒိယ သဘာဝဓာတ်ငွေ့ဆိုင်ရာ အာဏာပိုင် လီမိတက်က သတင်းထုတ်ပြန်ခဲ့သည်။

အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး မည်သည့် အကြောင်းရင်းကြောင့် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ရခြင်းကို ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပေ။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် လီမိတက်သည် အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး အစိုးရပိုင် ကုမ္ပဏီဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၈ လက်မ အချင်းရှိပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်မရှင်က ကြီးကြပ်သည့် သန့်စင်စက်ရုံနား နာဂါရမ်ကျေးရွာ အနီးတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ ကုမ္ပဏီဥက္ကဋ္ဌ ဘီစီထရီပါသီက Press Trust of India ကို ပြောကြားခဲ့သည်။
“ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတော့ မသိသေးပါဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ကူညီရေးတွေကိုပဲ ကျွန်တော်တို့ လက်ရှိ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အန်ချင်နာရာဂျာပါက BBC ဟိန္ဒူဘာသာပိုင်း အစီအစဉ်ကို ပြောကြား အတည်ပြုပေးခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနီးဆုံး နေအိမ်များကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ခြေအချို့ မီးဘေးသင့်ခဲ့ရပြီး ယခုအခါ အဆိုပါမီးကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်က ထပ်မြင့်လာဖွယ် ရှိနေကြောင်း ခရိုင်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံအနှံ့ ဓာတ်ငွေ့ထုတ်လုပ်ရေး နေရာ ခုနစ်ခုမှ နေ၍ နိုင်ငံလုံးအနှံ့ ပိုက်လိုင်းကွန်ရက် ၆၈၄၀ မိုင်ဖြင့် သဘာဝဓာတ်ငွေ့များ ဖြန့်ဝေလျက်ရှိသည်။

ယခုလ အစောပိုင်းကလည်း ချာတစ်စ်ဂါပြည်နယ်ရှိ အကြီးဆုံး သံမဏိ စက်ရုံကြီးတွင် ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးသွားခဲ့ရသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ

လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေး လျက်ရှိ

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားရှိ၊ ထောက်အထား မဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းများအရ သတင်းအရင်း အမြစ် ပကတိ အခြေအနေမှန်များကို သိရှိနိုင်ရေး အတွက် မြန်မာ့ သတင်းစဉ်သတင်းအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သမျှ ကို ပြန် လည်ရေးသား တင်ပြ လိုက်ရပါသည်။

အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး

Photo: အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး
Saturday, June 28, 2014

မန်ချက်စတာ စီးတီး အသင်းသည် အာဂျင်တီးနား လူငယ် ကစားသမားလေး ဘရူနို ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။
 
ဇူကူလီနီသည် ဆေးစစ်မှု ခံယူရန်အတွက် မန်ချက်စတာမြို့သို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာလာနေကြောင်း သိရသည်။ ပေါင်စတာလင် (၃)သန်းတန် အပြောင်းအရွှေ့အတွက် မန်စီးတီးနှင့် အာဂျင်တီးနားကလပ် ရေးဆင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားက အင်္ဂလန်တွင် ဆေးစစ်မှု ခံယူရန် ခရီးထွက်လာခြင်း ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ဇူကူလီနီသည် အရည်အသွေး ပြည့်ဝသည့် ကွင်းလယ်ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်ပြီး ၎င်းအသက် (၁၇)နှစ် ကတည်းက ရေးဆင်းတွင် ကစားခဲ့သူ ဖြစ်သည်။
 
ဇူကူလီနီသည် ရေးဆင်းတွင် ဘောလုံးရာသီ (၅)ခု ဖြတ်သန်းပြီး (၉၈)ပွဲထိ ကစားခဲ့ပြီးနောက် မန်စီးတီးက ၎င်းကို ကမ်းလှမ်းလာခြင်း ဖြစ်သည်။ မန်စီးတီးသည် ယခုနွေရာသီတွင် ဘာကလေဆက်ဂ်ညာနှင့် ဖာနန်ဒိုတို့ နှစ်ဦးကို ခေါ်ယူထားပြီး ဇူကူလီနီသည် အသင်းက တတိယမြောက် စာချုပ်မည့် ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေသည်။ မန်စီးတီးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေး မားကို့စ် လိုပက်ဇ်ကိုမူ ပြင်သစ်ကလပ် လိုင်လီထံ အငှားစေလွှတ်ပေးခဲ့သည်။
 
မန်စီးတီးသည် ဗဟိုနောက်ခံ နေရာအတွက် လူသစ်ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေပြီး ပေါ်တိုမှ အီလိုင်ကွင်မ် မန်ဂါလာနှင့် ရိုးမားမှ မာဒီဘီနာရှားတို့ကို အဓိက ချိတ်ဆက်နေကြောင်းလည်း သိရှိရသည်။

SOCCER MYANMAR
မန်ချက်စတာ စီးတီးအသင်းသည် အာဂျင်တီးနား လူငယ်ကစားသမားလေး ဘရူနိုဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရ သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမေရိကန် နိုင်ငံ Department Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ အမေရိကန်နိုင်ငံDepartment Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံသည်။

သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်

Photo: သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်
Saturday, June 28, 2014 

မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီးဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ဇွန်လ ၂၇ ရက်နေ့ တာမွေမြို့နယ် တရားရုံးတွင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားသော သံဃာတော်ငါးပါး ရုံးထုတ်ရာတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ လာရောက် စောင့်ကြည့်ခဲ့သည်။

အဆိုပါ သန္တိသုခကျောင်းတိုက် ပြဿနာ ဖြေရှင်းရာတွင် တရားရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု ဖြစ်စေရန်အတွက် လာရောက် စောင့်ကြည့်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“သန္တိသုခနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုဟာ မြန်မာ့နိုင်ငံရေးကို ဂယက်ထလာစေနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါး အမှုသည် သာသနာတော် တစ်ခုလုံးနှင့် သက်ဆိုင်ပြီး အမှုမှန် ပေါ်ပေါက်စေရေးအတွက် တရားရုံးမှ ဘက်မလိုက်ဘဲ စစ်ဆေးရန် အရေးကြီးကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
“ဒီနေ့ စစ်တာကတော့ တရားလိုကို စစ်ပါတယ်။ တရားလိုရဲ့ သက်သေ ထွက်ဆိုချက်တွေကိုပါ စစ်ဆေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ဖို့ကို တရားမျှတစွာ ဆောင်ရွက်ရပါမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် သံဃာတော်ငါးပါး အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် သံဃာ အဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြားလာနိုင်သောကြောင့် ခွင့်ပြုချက်မရှိဘဲ သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကက ညွန်ကြားလွှာ ထုတ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယက ဆရာတော်၊ သံဃာတော် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းနောက် မဟာသန္တိသုခ ကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဇွန်လ တတိယပတ်အတွင်း လူဝတ်လဲကာ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သော်လည်း ဇွန်လ ၂၀ ရက်နေ့ ပထမအကြိမ် ရုံးထုတ်ပြီးနောက် အာမခံရရှိကာ သင်္ကန်းပြန်ဆီးခွင့် ရရှိခဲ့သည်။

The Voic Weekly
မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီး ဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက်

Photo: ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက် 
Saturday, June 28, 2014 

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ရှင်စောပုလမ်းမှ အလုံမီးပွိုင့်ဘက်သို့ ပြည်လမ်းအတိုင်း မောင်းနှင်လာသော ဆိုက်ဂနက်စ် ယာဉ်တစ်စီးက ပြည်သူ့ရင်ပြင်ရှေ့ အရောက်တွင် အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိရာမှ စလစ်ဖြစ်ပြီး မီးပွိုင့်မိ၍ ရပ်နေသော ယာဉ်များကို ဆက်တိုက် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားခုနစ်စီးလုံးကို ဝင်တိုက်တဲ့ ယာဉ်မောင်းက လီဗာနဲ့ ဘရိတ် မှားနင်းခဲ့တာ ထင်တယ်။ အရှိန်ပြင်းပြင်းနဲ့ ကားတွေက ဆက်တိုက် ဆင့်တိုက်မိတာကြောင့် ကားခြောက်စီးက တော်တော် ကြေမွသွားတာ။ မတ်တူးကား နှစ်စီးဆို တစ်ပေလောက်မြင့်တဲ့ ပလက်ဖောင်းပေါ် လွင့်ထွက်သွားပြီး ကားနောက်ပိုင်းဆို ပိန်ချိုင့်ဝင်သွားတယ်” ဟု ယာဉ်တိုက်ခံရသော ဖရီဒါအမျိုးအစား အငှားယာဉ်မောင်း ဦးမျိုးလွင်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ဂနက်စ်ယာဉ် အပါအဝင် ကိုယ်ပိုင်ယာဉ် ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်စီးခဲ့ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း၊ ဆိုက်ဂနက်စ်ယာဉ် မောင်းအမျိုးသားမှာ ယာဉ်ကိုထားကာ ထွက်ပြေးသောကြောင့် ခရီးသည်တင် ယာဉ်များမှ ယာဉ်နောက်လိုက်များနှင့် ယာဉ်ထိန်းရဲတို့က ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ထားကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

“ကားတွေ တိုက်ပြီးချိန်မှာ သူ့ကားပေါ်ကနေ ဆင်းပြေးတော့ အပေါ်ပိုင်းမှာ အဝတ်ဗလာနဲ့ ပုံမှန်မဟုတ်ဘူး။ ပွိုင့်မိနေတဲ့ ကားကြားထဲမှာ လျှောက်ပြေးနေလို့ ယာဉ်ထိန်းရဲတွေက မနည်း ဝိုင်းဖမ်းရတယ်။ ယာဉ်တိုက်မှု မဖြစ်ခင် ဓမ္မစေတီလမ်းက စမ်းချောင်းရဲစခန်းရှေ့ ရေချမ်းစင်မှာ ရေတွေခပ်ပြီး ရေချိုးနေလို့ ဆိုက်ဂနက်စ်ကားက သူ့ကို ပြန်လာခေါ်တာ။ ဒရိုင်ဘာဆီက ကားသော့လုပြီး သူ့က တက်မောင်းလာရာကနေ ခုလို ကားတွေ ဝင်တိုက်မိတာ” ဟု ယာဉ်တိုက်ခံရသော မတ်တူး အမျိုးအစားယာဉ်မှာ အသက် ၄၀ ခန့်ရှိသူ အငှားယာဉ်မောင်းက ရှင်းပြသည်။

ယာဉ်ခုနစ်စီးကို ဝင်တိုက်ခဲ့သော အသက် ၃၀ အရွယ်ရှိ ဆိုက်ဂနက်စ် ယာဉ်မောင်းအမျိုးသားမှာ နေပြည်တော် ကျောက်မျက်ရတနာ ခန်းမရှေ့တွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ယာဉ်ပေါ် လိုက်ပါလာသော ဘုရင့်နောင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့ရှိ သီရိမွန်အိမ်ရာတွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသမီးထံမှ သိရှိရသည်။ 

“အခုဖမ်းထားတဲ့ ယာဉ်မောင်းကို ဘာမှမေးလို့ မရသေးဘူး။ ပုံစံက ကြောင်တောင်တောင် ဖြစ်နေတယ်။ ကားပေါ် ပါလာတဲ့ အမျိုးသမီးကလည်း လတ်တလော ကားတိုက်တဲ့ အရှိန်ကြောင့် မူးဝေနေလို့ စစ်မေးလို့ မရသေးဘူး” ဟု ယာဉ်တိုက်မှု စစ်ဆေးနေသော ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမပေါ်တွင် နာရီဝက်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ဆွာရက်ဇ်၏ ပွဲပယ်ပြစ်ဒဏ်မှာ ပြင်းထန်လွန်း၍ စိတ်မကောင်းဖြစ်မိကြောင်း အကိုက်ခံခဲ့ရသည့် အီတလီနောက်ခံလူ ချီလီနီ ဖွင့်ဟ

Photo: ဆွာရက်ဇ်၏ ပွဲပယ်ပြစ်ဒဏ်မှာ ပြင်းထန်လွန်း၍ စိတ်မကောင်းဖြစ်မိကြောင်း အကိုက်ခံခဲ့ရသည့် အီတလီနောက်ခံလူ ချီလီနီ ဖွင့်ဟ
Saturday, June 28, 2014 

ဥရုဂွေး-အီတလီပွဲစဉ်တွင် ဆွာရက်ဇ်၏ အကိုက်ခံခဲ့ရသည့် အီတလီနောက်ခံလူ ချီလီနီက ယင်းဖြစ်ရပ်ကြောင်း (၄)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော ဆွာရက်ဇ်၏ ပြစ်ဒဏ်မှာ ပြင်းထန်လွန်းပြီး ယင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

ချီလီနီက ဆွာရက်ဇ်နှင့် မိမိအကြားဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှာ ကွင်းအတွင်း၌ပင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်အတွက် မိမိအနေဖြင့် ဆွာရက်ဇ်အပေါ် လက်စားချေလိုမှု၊ ရန်လိုမှုမရှိကြောင်းနှင့် (၄)လပွဲပယ်ပြစ်ဒဏ် မှာ ပြင်းထန်လွန်းပြီး ကစားသမားတစ်ယောက်အနေဖြင့် ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။ 

Eleven Media Group 

ဆွာရက်ဇ်နှင့် ချီလီနီတို့ ဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် တွေ့ရစဉ်( Photo-AFP)
ဆွာရက်ဇ်နှင့် ချီလီနီတို့ ဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် တွေ့ရစဉ်( Photo-AFP)
ဥရုဂွေး-အီတလီပွဲစဉ်တွင် ဆွာရက်ဇ်၏ အကိုက်ခံခဲ့ရသည့် အီတလီနောက်ခံလူ ချီလီနီက ယင်းဖြစ် ရပ်ကြောင်း (၄)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော ဆွာရက်ဇ်၏ ပြစ်ဒဏ်မှာ ပြင်းထန်လွန်းပြီး ယင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် တပ်မတော်က နယ်လှည့် အထူးကု ဆေးအဖွဲ့များ ဖွဲ့စည်း၍ တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိရာ မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်အတွင်းရှိ သုံးဆယ့်ခြောက် ကျေးရွာ၊ ကုက္ကိုဂွကျေးရွာ၊ အင်တောကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၃၆၂ ဦး အား ယနေ့တွင် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ဆေးဝါးကုသ ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။

Friday 27 June 2014

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ်

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။
သတင်းဂျာနယ်အား ယာယီရပ်ဆိုင်းမှုကို လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဒယ်ဒီတာ ကိုရဲဝင်းနောင်၊ ရုံးအဖွဲ့မှူးကို အောင်ဝင်းထွန်းနှင့် ကျန်အယ်ဒီတာနှစ်ဦးတို့ အစည်းဝေးထိုင်၍ အားလုံးသဘောတူ

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ

 
 ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံ မှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်း ခဲ့ပါတယ်။

Thursday 26 June 2014

ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ

အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။
Photo: ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ
Thursday, June 26, 2014

အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။

နိုင်ငံတကာ ဖိအားပေးမှုများကြောင့် သူမသည် သေဒဏ်စီရင်ချက်မှ လွတ်မြောက်လာပြီး ဆူဒန်နိုင်ငံမှ ထွက်ခွာရန် ကြိုးစားနေစဉ် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှုဖြင့် ထပ်မံ အဖမ်းခံရခြင်း ဖြစ်သည်။ အီရှက်သည် တောင်ပိုင်းဆူဒန် နိုင်ငံသို့ ထွက်ခွာရန် ကြိုးစားစဉ် လေဆိပ်၌ အဖမ်းခံရခြင်း ဖြစ်သည်။

“ခါတွမ်လေဆိပ်မှာ သူ့ကို ပြန်ဖမ်းထားလိုက်တာပါ”ဟု အီရှက်၏ ရှေ့နေ မိုဟာနတ်ဒ် မူစတာဖာက AFPသို့ ပြောကြားခဲ့သည်။ အီရှက်တို့ မိသားစုကို ဆူဒန်ရဲများက တားဆီးခဲ့ပြီး သူမကို ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ မူစတာဖာက အီရှက်သည် စာရွက်စာတမ်း အတုများ ပြုလုပ်ကိုင်ဆောင်မှုအပြင် သတင်းအချက်အလက် အမှားအယွင်းများ ဖော်ပြမှုအတွက်ပါ စွဲချက်တင်ခံထားရကြောင်း ဆိုသည်။

အီရှက်၏ အမေရိကန်နိုင်ငံသား ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီက ၎င်းတို့ မိသားစုကို အမေရိကန် သံရုံးအရာရှိများက တာဝန်ယူ ခေါ်ဆောင်လာသည့်တိုင် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဝါရှင်တန်ထိ သွားဖို့အတွက် ရည်ရွယ်ထားတာပါ”ဟုလည်း ဆိုသည်။ ထို့အပြင် အီရှက်၏ ခရီးသွားခွင့် စာရွက်စာတမ်းများတွင် မည်သည့် အမှားအယွင်းမျှ မရှိခဲ့ကြောင်းလည်း ဝါနီက အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ ဆူဒန်တွင် ဘာသာရေး အစွန်းရောက်များက အီရှက်၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်မှုများ ထွက်ပေါ်နေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်ကလည်း အီရှက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူမတို့ မိသားစု အနေဖြင့် အမြန်ဆုံး ထွက်ခွာခွင့် ရရှိစေရန် တိုက်တွန်းခဲ့သည်။ “ဆူဒန်အစိုးရကတော့ သူတို့မိသားစုရဲ့ လုံခြုံရေးကို အာမခံထားပါတယ်”ဟု ဟက်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆူဒန်မှ SUNA သတင်းဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စာရွက်စာတမ်း အတုများဖြင့် အီရှက် ခရီးသွားနိုင်အောင် စီစဉ်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ပြစ်တင် ရှုတ်ချထားကြောင်း ဖော်ပြခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အာမက်ဘီလယ်အော့စ်မန်က အီရှက်သည် ဆူဒန်နိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသင့်ကြောင်း ဝေဖန်ခဲ့သော်လည်း သူမ၏ ရှေ့နေက အီရှက်တွင် ဆူဒန်ပတ်စ်ပို့တ် မရှိကြောင်း ဆိုသည်။

“အဓိက ပြဿနာက အဲဒါပဲ။ ခရီးသွားလာဖို့ဆိုရင် သူက နိုင်ငံခြားသား စာရွက်စာတမ်းတွေကိုပဲ အသုံးပြုနေရတယ်။ အဲဒါကိုက တရားမဝင်သလို အဓိပ္ပါယ် သက်ရောက်သွားနိုင်တယ်”ဟု ရှေ့နေ မူစတာဖာက မှတ်ချက်ပြုခဲ့သည်။

မေလ(၁၅)ရက်နေ့က ဆူဒန်တရားရုံးတစ်ခုသည် အီရှက်အား အယူဝါဒ ဖောက်ပြန်မှုအတွက် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သူမသည် ဇွန်လ(၂၂)ရက်နေ့က အယူခံဖြင့် လွတ်မြောက်လာခဲ့ပြီး ခြိမ်းခြောက်ရန်လိုမှုများကြောင့် အမေရိကန် သံရုံးအကူအညီဖြင့် လေဆိပ်သို့ မသွားရောက်မီ အတောအတွင်း လုံခြုံသော နေရာတစ်ခုတွင် ပုန်းကွယ်နေခဲ့ရကြောင်း သိရှိရသည်။

_Ref: Aljazeera
7Day Daily

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။လူပွဲစားဇနီးမောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ ကျော်ဝေးတဲ့ ကန်ချနပူရီခရိုင် ထာ့မကာမြို့နယ် အတွင်းက VITA နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အလည်ဗီဇာနဲ့ မြန်မာနိုင်ငံကနေ ပြီးခဲ့တဲ့ တစ်လကျော်က ခေါ်လာခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံမှာတစ်လကျော် နေထိုင်အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးတွေကြောင့် ထွက်ပြေးနေကြရတဲ့အတွက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို တိုင်ကြားခဲ့ရာက ဒီကနေ့မနက်မှာ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ လွတ်မြောက်လာသူ ပုဂံမြို့နယ်မှာနေထိုင်တဲ့ ကိုဌေးနိုင်က ပြောပါတယ်။

WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း

Photo: WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း
Thursday, June 26, 2014

နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။
 
MIIT ၏ အဆိုအရ တရုတ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ SMS ပေးပို့မှုနှုန်းသည် ၃၁၄.၆၂ ဘီလီယံရှိခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ပေးပို့မှုနှုန်းထက် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ထို့အပြင် ဖုန်းအသစ်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူသည် ၂၇.၂၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ဖုန်းကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ စုစုပေါင်း ၁.၂၆ ဘီလီယံ ရှိလာကြောင်း MIIT မှ ဖော်ပြခဲ့သည်။
 
MMS ပေးပို့မှုနှုန်းသည်လည်း ပိုမိုကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ မေလအထိ MMS ပေးပို့မှု ၂၆.၀၉ ဘီလီယံသာ ရှိခဲ့ကာ ၎င်းသည် ပြီးခဲ့သည့်နှစ်ထက် ၃၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
 
တရုတ်နိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးပွားလာလျက်ရှိသော်လည်း WeChat, Line, Laiwang, Yixin စသည့် messaging app များကြောင့် SMS ပေးပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း SMS ပေးပို့မှု အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နိုင်ကြောင်း MIIT က တွက်ချက်ဖော်ပြခဲ့သည်။
 
ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် ပြီးခဲ့သည့်နှစ်အတိုင်း ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၁ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက် အသုံးပြုသူ ၇၀၁ သန်းရှိကြောင်း သိရသည်။
 
Ref: TechInAsia
Internet Journal
နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။

နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်

Photo: နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်
Thursday, June 26, 2014

NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ကနေ တရားဝင်လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကညနက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး အကောက်ခွန်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတ်မှတ် အခွန်အခ ကောက်ခံပြီး One Stop Service နဲ့ တရားဝင် မှတ်ပုံတင်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက တရားဝင် မှတ်ပုံတင်ထားတာ မရှိလို့ဆိုပြီး နိဗ္ဗာန်ယာဉ်တွေကို အာဏာပိုင်တွေက သိမ်းဆည်းပြီး အသုံးပြုသူတွေကို တရားစွဲဆို ပြစ်ဒဏ်ချတာတွေ လုပ်ခဲ့ပါသေးတယ်။

ဦးကျော်သူ ဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကလည်း နိဗ္ဗာန်ယာဉ်တွေကို တရားဝင် မှတ်ပုံတင်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပြီးနောက် ကညနရဲ့ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ် မော်တော် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကနေ တရားဝင် လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်

Photo: ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်
Thursday, June 26, 2014

ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေးအများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် စီရော်နယ်ဒိုသည် တစ်နှစ်လျှင် ပေါင် ၁၄.၁ သန်းရရှိပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ စီရော်နယ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၁၃.၆ သန်းရရှိနေသည်။
ဂျာမန်လူမျိုး ဒေါက်တာပီတာရိုမန်၏ သုတေသနပြုချက်အရ ဘရာဇီးတိုက်စစ်မှူးနေမာမှာ နိုက်ကုမ္ပဏီ၏စပွန်ဆာ ရရှိထားသူဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၉.၅ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အင်္ဂလန်အသင်းမှာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသော်လည်း စပွန်ဆာ အများဆုံး ရရှိသော ကစားသမားစာရင်းတွင် ရွန်နီ၊ ဂျရတ်နှင့် လမ်းပတ်တို့ သုံးဦးအထိ ပါဝင်ခဲ့သည်။

ချီလီနီကို ကိုက်ခဲ့သည့် ဆွာရက်ဇ်သည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် ဆွာရက်ဇ်သည် တစ်နှစ်လျှင် ပေါင် ၃ သန်းဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေသည်။
ထိပ်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား သုံးဦး၊ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား ခြောက်ဦးနှင့် ပူးမား ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား တစ်ဦး ပါဝင်ခဲ့သည်။

Mizzima Sport News
ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေး အများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ဘဂ္ဂဒက်မြို့ အနီးရှိ ISIL ဆွန်နီ သူပုန် များအား အီရတ် လုံခြုံရေး တပ်ဖွဲ့ များက ပြန်လည် တိုက်ခိုက် ချေမှုန်းခဲ့

Photo: ဘဂ္ဂဒက်မြို့ အနီးရှိ ISIL ဆွန်နီ သူပုန် များအား အီရတ် လုံခြုံရေး တပ်ဖွဲ့ များက ပြန်လည် တိုက်ခိုက် ချေမှုန်းခဲ့
Thursday, June 26, 2014

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနောက်ဘက်ခြမ်း၌(ISIL) အဖွဲ့မှ စစ်သွေးကြွများနှင့် အီရတ်လုံခြုံရေး တပ်ဖွဲ့ များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး
လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် Ibrahinm bin Ali ကျေးရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် စစ်သွေးကြွ အမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်များကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆွန်နီသူပုန်များက ရှီးယိုက် ဦးဆောင်သည့် အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး အီရတ်နိုင်ငံ မြောက်ပိုင်းရှိ အဓိက ကျသောမြို့များအား သိမ်းပိုက်နိုင်ခဲ့သည်။

အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်တွင် အမျိုးအမည်မသိ လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့မှုကြောင့် ၆၉ ဦး သေဆုံးခဲ့ပြီး ၁၄၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ပထမအကြိမ် တိုက်ခိုက်မှုတွင် Rutba မြို့အတွင်းရှိ ဆီသိုလှောင်ရုံ တစ်ခုအား ထိမှန်ခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် al-Qaim ရှိ အထပ်မြင့် လူနေအဆောက်အဦ တစ်ခုကို ထိမှန်ခဲ့ကြောင်းနှင့် ယခုအချိန်တွင် အဆိုပါ နှစ်မြို့ စလုံးမှာ ဆွန်နီသူပုန်များ၏ ထိန်းချုပ်မှုအောက် တွင် ရောက်ရှိနေကြောင်း သိရှိရသည်။

အီရတ် အစိုးရတပ်များ၏ ပြောကြားချက်အရ ဘဂ္ဂဒက်မြို့ မြောက်ဘက် ကီလိုမီတာ၂ဝဝ အကွာတွင် တည်ရှိသော Baiji မြို့ရှိနိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံအား အပြည့်အဝပြန်လည် ထိန်းချုပ်ထားပြီး ဖြစ်သည်။ အဆိုပါ စက်ရုံမှာ လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ အစိုးရတပ်များနှင့် သူပုန်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် လောင်စာဆီ ထုတ်လုပ်မှု ရပ်ဆိုင်း ထားရကြောင်း သိရသည်။

မြ၀တီ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနောက်ဘက်ခြမ်း၌(ISIL) အဖွဲ့မှ စစ်သွေးကြွများနှင့် အီရတ်လုံခြုံရေး တပ်ဖွဲ့ များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် Ibrahinm bin Ali ကျေးရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် စစ်သွေးကြွ အမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်များကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆွန်နီသူပုန်များက ရှီးယိုက် ဦးဆောင်သည့် အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး အီရတ်နိုင်ငံ မြောက်ပိုင်းရှိ အဓိက ကျသောမြို့များအား သိမ်းပိုက်နိုင်ခဲ့သည်။

ရန်ကင်းခေါင်းဖြတ် လူသတ်မှု တရားခံဘက်မှ ပြန်ခေါ်သက်သေ စစ်ပြီး အမိန့်ချမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှု အတွက် တရားခံဘက်မှ ပြန်ခေါ် သက်သေတစ်ဦးကို လာမည့် ဇွန်လ (၃၀) ရက်တွင် နောက်ဆုံးအဆင့် စစ်ဆေး၍ အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။

ဗိုလ်ကြီးအဆင့်စစ်ဝတ်စုံဝတ်ဆင်ပြီး ပြည်သူ့ဝန်ထမ်းအယောင်ဆောင်သူကို အရေးယူ

နေပြည်တော် ဇေယျာသီရိမြို့ နယ် ကျောက်ချပ်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ယခုလ ၂၃ ရက် ညနေ ၃ နာရီက စစ်ဝတ်စုံဝတ် ဆင်ထားသည့်မသင်္ကာသူ တစ်ဦးကို ခေါ်ဆောင်ထားကြောင်း သတင်း အရ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

Photo: ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်
Thursday, June 26, 2014

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

SWAN အဖွဲ့ရဲ့ တာဝန်ခံ နန်းဆိုင်မွန်း က "မနေ့က မနက် ၈ နာရီလောက်ကနေ နေ့လည် တနာရီလောက် ထိ ခွဲစိတ်တယ်။ ဆရာဝန်တွေကတော့ ခွဲစိပ်မှု အောင်မြင် တယ်လို့ ပြောပါတယ်။ လောလော ဆယ် တော့ ကလေးကို ICU ထဲမှာ ၂ ရက် လောက်ထားရမယ်ပြောတယ်။ မနေ့ညနေကတော့ သူ့မိဘတွေနဲ့ပေးတွေ့ တယ်" လို့ ဧရာဝတီကို ပြောပါတယ်။

ခန္ဓာကိုယ်နှစ်ခုဖြစ်နေတာကို ခွဲစိပ်တာအောင်မြင်ပေမယ့် ကလေးရဲ့ နှလုံးဟာ ပုံမှန် မဟုတ်ဘဲ ညာဘက်မှာရှိနေတာနဲ့ နှလုံး အမှေးပါး ပေါက်နေ တာတွေကိုတော့ ဆက်လက်ကုသရဦးမှာဖြစ်တယ်လို့ ဆရာဝန်တွေကပြောကြောင်း နန်းဆိုင်မွန်း က ပြောဆိုပါတယ်။

"ကလေးက အခုတော့ တခြားလူတွေလိုပဲ ခန္ဓာကိုယ်က တခုတည်းဖြစ် သွားပြီပေါ့။ မနေ့က ကလေး သတိရလာတော့ သူ့မိဘ တွေနဲ့ ပေးတွေ့တယ်။ ICU ထဲမှာပဲရှိသေးတယ်ဆိုတော့ နို့လည်း စို့လို့ မရသေးဘူးလေ" လို့ နန်းဆိုင်မွန်းက ပြောပါတယ်။

ကလေးငယ်ရဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn ဆေးရုံ ကြီးက တာဝန်ယူပေး သွားမှာဖြစ်ပြီး ဆေးကုသမှုတွေ အားလုံး ပြီးသွားရင်တော့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ကလေးငယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘတွေက သာမန် လယ်သမားတွေဖြစ်လို့ ခန္ဓာကိုယ် နှစ်ခုဖြစ်နေတဲ့ သမီးဖြစ်သူကို ဆေးကုသ ပေး လိုပေမယ့် ငွေကြေးမတတ်နိုင်တဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူ အညီတောင်း ခဲ့တာလို့ဆိုပါတယ်။

SWAN အဖွဲ့က လည်း ကလေးငယ်ရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ယူပြီး ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital က ကလေးရဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပြီး ကုသပေးဖို့ သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Maharaj Nakorn ဆေးရုံက ဆရာဝန်တွေကလည်း ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီး ရင့် မှ ဖြတ်တောက် မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်
နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ အကြံပြု တယ်လို့ဆိုပါတယ်။

ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေ စိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်း
နိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ရှမ်းနဲ့ အခြားတိုင်းရင်းသူ အမျိုးသမီးငယ်တွေကို စစ်လက်နက်သဖွယ် အသုံးချပြီး အဓမ္မပြုကျင့်မှုတွေကို ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာ ထွက်ရှိပြီး နောက် မြန်မာနိုင်ငံ စစ်ပွဲတွေကြားက တိုင်းရင်းသူတွေရဲ့ အရေးကို နိုင်ငံ တကာက ပိုပြီး အာရုံစိုက်မှုတွေရှိ လာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဧရာဝတီ

ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ် (ဓာတ်ပုံ – SWAN)
ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ်
မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။