Wednesday 25 November 2015

ပြည်တွင်းစစ်ရပ်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများဦးဆောင်ဆန္ဒထုတ်ဖော်


စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒဖော်ထုတ်နေရကြစဉ် (ဓာတ်ပုံ − ညီညီဇော်)
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်များအမြန် ဆုံးရပ်တန့်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများက ဦးဆောင် ၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။
နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ လူထုဟစ်တိုင် ကွင်းတွင် ရှမ်းတိုင်းရင်းသားများက မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးနှင့်ပြင်ဦးလွင်ရှိ ရှမ်းတိုင်းရင်းသားများက ပူးပေါင်း ဆန္ဒဖော် ထုတ်ခြင်းဖြစ်ပြီး လူဦးရေ ၇၀ ကျော်ပါဝင်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားများက ဦးဆောင်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အစရှိသည့် ဒေသတစ်ခုတည်းအတွက်မဟုတ်ဘဲ မြန်မာ နိုင်ငံအတွင်းရှိ ပြည်တွင်းစစ်ဖြစ်ပွားနေသော ဒေသများအတွက် ရည်ရွယ်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိုမြတ်နိုး သူတိုင်းပါဝင်ဆန္ဒဖော်ထုတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဦးဆောင်သူ မြန်မာနိုင်ငံ ရှမ်း လူငယ်ကွန်ရက်မှ ဦးစိုင်းဆိုင်လင်းကပြောသည်။

‘‘မြေပြန့်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ၊ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေ၊ စစ်ကိုဆန့်ကျင် တဲ့သူတွေ အားလုံးပူးပေါင်းပြီး ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲရန် ဆန္ဒဖော်ထုတ်တာပါ။ ပြည်တွင်းစစ်ကို ချက်ချင်း ရပ်ဆိုင်းပေးပါ။ နိုင်ငံသားတစ်ယောက်အနေနဲ့ အချင်းချင်းတိုက်ပွဲဖြစ်နေတာ ကျွန်တော်တို့နိုင်ငံသားတွေ ဆုံးရှုံးတယ်။ ကျွန်တော်တို့ရဲ့ဘဏ္ဍာငွေ တွေဆုံးရှုံးတယ်။ အခုအချိန်မှာ ကျောင်းမတက်ရတဲ့ကလေးတွေ ကျောင်းဆို ၁၇ ကျောင်းလောက် ပိတ်နေရတယ်။ ဒီအချိန်မှာဆို စပါးရိတ်သိမ်းချိန်၊ ကျွန်တော်တို့ ဒီနှစ်မှာ စပါးမရိတ်သိမ်းရင် နောက်နှစ်ဆိုဘာနဲ့သွားစားမလဲ။ ဒါမျိုးအခက်အခဲတွေ ရှမ်းပြည်မှာ အများကြီး ဖြစ်နေတယ်’’ဟု ဦးစိုင်းဆိုင်လင်းကပြောသည်။

ရှမ်းပြည်နယ်တွင် စစ်ဘေး ဒုက္ခသည်တစ်သောင်းကျော်ရှိနေပြီး ဒုက္ခသည်စခန်းများနှင့် ဘုန်းကြီးကျောင်း များ၌ ခိုလှုံနေရသည်။  လာမည့်အစိုးရသစ်လက်ထက်တွင်လည်း ပြည်တွင်းစစ် အမြန်ရပ်ဆိုင်းနိုင်ရန် ဦးစားပေးဆောင်ရွက်စေလိုပြီး တိုင်းရင်းသားအားလုံး လိုလားနေသည့် ပင်လုံကတိကဝတ်ကို အကောင် အထည်ဖော်ပေးရန် တောင်းဆိုကြောင်း ဦးစိုင်းဆိုင်လင်းက ပြောသည်။

7Day Daily 

No comments:

Post a Comment