Monday 23 November 2015

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှု နည်းပါးနေ

အီးယူအသိအမှတ်ပြု ရေထွက်ပစ္စည်းစက်ရုံတစ်ရုံမှ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်းများကို ပြုပြင် ထုတ် လုပ်နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိကဆောင်ရွက်နေပြီး ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ နောက်လိုက်များအား ခရီးသွားများနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် အသိပေး ညွှန်ကြားထား

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ခရီးသည်တင်များနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် သတိပေး ညွှန်ကြားထားကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရသစ် အမျိုးသားရေး ရပ်တည်ချက်ကို စောင့်ကြည့်ရန် ဒေါ်ခင်ဝိုင်းကြည် တိုက်တွန်း

အမျိုးသားရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် နောင်တက်လာမည် အစိုးရအသစ်၏ ရပ်တည်၍ ဦးတည် ချက်များကို လုပ်ဆောင်ချက်များကို ပြည်သူများ အနေဖြင့် ဒေါ်င်ဝိုင်းကြည်က ယမန်နေ့က ပြုလုပ် သော အစည်းအဝေးပွဲတွင် ပြောသည်။

ခြိမ်းခြောက်၍ ရွှေပါဗြုံးများ ခိုးယူမှုဖြင့် ရွာသား (၁၀၀) ကျော်အား အမှုဖွင့်

မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာရှိ ရွာသူ/သား (၁၀၀) ကျော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သတ္တုတွင်း အင်ဂျင်နီယာရုံး၊ ငါးမိုင်ကျေးရွာမှ ပြန်လည် လုပ်ကိုင်ခွင့်ပြုမိန့် ရရှိထားသည့် မြန်မာရူဘီ အင်တာပရိုက် ကုမဏီ၏ လုပ်ကွက် အတွင်းရှိ ရွှေပါဗြုံးမြေများအား တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြိမ်းခြောက်၍ သယ်ဆောင်ခိုးယူမှုဖြင့် အမှုဖွင့် အရေးယူမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်တပ်ဖွဲ့မူးရုံးက သိရသည်။

IS အကြမ်းဖက်အဖွဲ့အား အချိန်တိုအတွင်း အနိုင်ရရှိရန် မဖြစ်နိုင်ဟုဆို

အစ္စလာမ်နိုင်ငံတော်(IS) အကြမ်းဖက် အဖွဲ့အပေါ် မြန်မြန်ဆန်ဆန်နှင့် အောင်ပွဲခံနိုင်မည် မဟုတ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ် ပီရီဒီဗီလီယာစ်က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ကိုယ်နဲ့ ပြတ်သွားတဲ့ ရည်းစားဟောင်းကို ဘလော့စရာမလိုဘဲ ရှောင်နိုင်မယ့် tool အသစ်တွေကို Facebook စတင်မိတ်ဆက်

နိုဝင်ဘာ ၁၉ ရက်နေ့ ၊ ကြာသပတေးနေ့ မှာ Facebook ဟာ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကို Facebook ပေါ်မှာရှောင်နိုင်မယ့် tool အသစ်တွေကို စတင်ကြေငြာခဲ့ပါတယ်။

အာရဘီစကားပြောလို့ လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ခံရ

အမေရိကန် ပြည်ထောင်စု၌ အမျိုးသားနှစ်ဦးသည် လေဆိပ်တွင် အာရဗီဘာသာ စကားဖြင့် အပြန်အလှန် ပြောဆိုခဲ့မှုကြောင့် ရှီကာဂိုမှ ဖီလာဒယ်ဖီယာသို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ခွင့်မရရှိခဲ့ကြောင်း သိရသည်။

လိင်တူချစ်သူတစ်ဦး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ

တာင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သော ဆိုးလ်အမျိုးသား တက္ကသိုလ်ရှိ ကျောင်းသား သမဂ္ဂ၏ဥက္ကဋ္ဌအဖြစ် လိင်တူချစ်သူ တစ်ဦးကို ရွေးကောက် တင်မြှောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦး ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ်ထိမ်းမြား

ထိုင်ဝမ်ကျွန်း ဆင်ချူကျေးရွာ၌ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ် ထိမ်းမြားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးရွယ်အိုများ အထီးမကျန်စေဖို့ စက်ရုပ်ကြောင်ကို ထုတ်လုပ်

တစ်ဦးတည်းနေသော သက်ကြီးရွယ်အိုများ ရောဂါများတတ်ကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။

NLD ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများနှင့် ပတ်သက်၍ သမဂ္ဂမှ စောင့်ကြည့်မည်

NLD ပါတီအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပါက ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများအား အမှန်တကယ် ဆောင်ရွက်ခြင်းရှိ မရှိ စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။

ဟားခါး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၃၉၅) ဦးယောနသန်နေအိမ်တွင် နိုဝင်ဘာ ၂၂ ရက် ည ၁၀း၄၀ ချိန်က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူ ၅ ဦးသေဆုံး၍ဒဏ်ရာရရှိသူ (၇)ဦးအား ပြည်နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိ ကြောင်း၊ အခင်းဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးယောနသန်၏ ဟိုင်မွာလ်ဂျစ်ကား ယာဉ် အမှတ်(၇ခ/၂၂၀၁) တစ်စီး Kung Long အမျိုးအစားယာဉ် CHN/1F-9435 တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီးပျက်စီးခဲ့ပြီး ၄င်းအိမ်၏ ဝဲဘက်ရှိ ဒေါ်နုထောင်းပိုင် အုတ်ညှပ် နှစ်ထပ်၊ မျက်နှာချင်းဆိုင်ရှိ ဦးနှီာရ်ဘိခ်ပိုင် ပျဉ်ထောင်(၂)ထပ်၊ လက်ဝဲဘက်ရှိ ဦးရာလ်အွယ်ပိုင် ပျဉ်ထောင်(၂)ထပ် ပျက်စီးကာ သေဆုံးသူများမှာ အခင်းဖြစ်သည့် ဦးယောနသန်နေအိမ် အောက်ထပ် ငှားရမ်းသူများဖြစ်ကြောင်း သိရသည်။

အာဆီယံ ထိပ်သီးညီလာခံ မြန်မာသမ္မတကိုချီးကျူး

၂၇ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံမှာ တွေ့ရတဲ့ ခေါင်းဆောင်များ
၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီထိပ်သီးညီလာခံမှာ စည်းလုံးညီညွတ်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း တရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင် ခဲ့တဲ့ မြန်မာသမ္မတဦးသိန်းစိန်ကိုလဲ ချီးကျူးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေး ပါမယ်။

Facebook မိတ်ဆွေ များပြားသောဆယ်ကျော်သက်များ စိတ်ဖိစီးမှုကိုပိုခံစား

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုခြင်းဖြင့် ဆယ်ကျော် သက် များအနေဖြင့် သူငယ်ချင်းအပေါင်းအသင်းများနှင့် မပြတ်ဆက်သွယ်နိုင်ခြင်း၊ ဝေးကွာနေသော မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ ခြင်း၊ မျက်မှောက်ကမ္ဘာတွင်ဖြစ်ပျက်နေသော သတင်းအချက် အလက်နှင့် အပြောင်းအလဲများ ကို လက်လှမ်းမီနိုင်ခြင်းကဲ့သို့  အကျိုးကျေးဇူးများရှိရာဝယ် ကျား၊မကိစ္စ ချစ်တင်းနှီးနှောရန်ရည်ရွယ်သော Friend များပြားလာခြင်းကြောင့် ဆယ်ကျော်သက်အရွယ်များ၊ အထူးသဖြင့် မိန်းကလေးများတွင် Screen Stress ဟုခေါ် သော Facebook အသုံးပြုချိန်တွင် များပြား လှသော Friend များကို စိတ်ကျေနပ်အောင် ပြောဆိုဆက်ဆံပေးရန် အခက်တွေ့ ကာ စိတ်ဖိစီးမှုကို ဆိုးဆိုး ရွားရွားခံစားနေရကြောင်း ကနေဒါနိုင်ငံ၊ မွန်ထရီယယ်တက္ကသိုလ်သုတေသီ များက ပြောသည်။ 

အစိုးရအဖွဲ့အမည်စာရင်း လျာထားခြင်း မရှိသေးဟု ဒီချုပ်ဆို

အစိုးရ အဖွဲ့အမည်စာရင်းကို လျာထားခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေးဆို ခွင့်ရှိ သူပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဝင်းမြင့်ကပြောသည်။

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အင်အား မဂ္ဂနီကျု ၅ ဒဿမ ၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ဒေသတွင်းသတင်းများ၏အဆိုအရ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်နိုင်ငံ နေရာအချို့တွင်ပါ သက်ရောက်မှုရှိခဲ့သော အင်အား ၅.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု အာဖဂန်နစ္စတန် မြောက်ပိုင်း တွင် လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး ဌာနကပြောသည်။ 

KIA ရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကသိအောင် ရှမ်းတိုင်းရင်းသားတို့ ဆန္ဒဖော်ထုတ်လိုက်ကြပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ရှမ်း တိုင်းရင်းသားများစုပေါင်းကာ KIO/KIA အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါ တယ်။ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူထောင်ပေါင်းများစွာဟာ “ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ KIA အလိုမရှိ” နမ့်မှော်ကျေးရွာနေ ဦးစိုးထွန်းလွင်နှင့် ဟွေခါးကျေးရွာနေ ဦးစိုင်းတံဆက်တို့အား လက်နက်အားကိုးအနိုင်ကျင့် သတ်ဖြတ်ခြင်းတို့ရှုတ်ချပါသည်” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအပေါ်နှစ်ရှည်လများ အမျိုးမျိုး အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ KIO/KIA အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် မြန်မာပြည်သူတစ်ရပ်လုံးကလည်း ရွံရှာမိတာအမှန်ပါပဲ၊ တိုင်းရင်းသားအချင်းချင်းအပေါ် လုပ်ကြံသတ်ဖြတ်အနိုင်ကျင့်ရဲတဲ့ KIO/KIA ခေါင်းဆောင်တွေဟာ လုံးဝခွင့်လွှတ်ဖို့မထိုက်တန်တဲ့လူတွေလို့မြင် ပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း အသုံးစရိတ်များထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကဏ္ဍများအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း သုံးထား

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ စုစုပေါင်း အသုံးစရိတ်ထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်းအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း အသုံးပြုထားကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် သုံးရပ်ပေါင်းတွင် ၁၄၀ ကျော် အနိုင်ရရှိ

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်အသီးသီးတွင် ၁၄၀ ကျော် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ စာရင်းတွင် ဖော်ပြထားချက်အရ သိရသည်။