Tuesday 14 April 2015

အစိုးရတပ်နှင့် ကိုးကန့်တို့ ခြောက်ရက်ကြာ တိုက်ပွဲဖြစ်၊ သေဆုံးဒဏ်ရာရသူ ၆၀ခန့်ရှိမည်


ရှမ်းပြည်နယ် လောက်ကိုင်ဒေသအတွင်း အစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရစစ်တပ်အင်အား ထပ်မံဖြည့်တင်းမှုများ ရှိနေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် တုန်းရှန်းဒေသ ခုတ်ထန်ပတ်ဝန်းကျင်တွင် အစိုးရ စစ်တပ်က အင်အား ၁၈၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။