Wednesday 7 May 2014

သတင်းထောက်များကို တရားရုံးများ၏ အရေးယူမှု နည်းလမ်းကျသည်ဟု ပြန်ကြားရေးဝန်ကြီးပြော

Photo: သတင်းထောက်များကို တရားရုံးများ၏ အရေးယူမှု နည်းလမ်းကျသည်ဟု ပြန်ကြားရေးဝန်ကြီးပြော
Wednesday, May 7, 2014

ယခုနှစ်အတွင်း အစိုးရအာဏာပိုင်များမှ ပြည်တွင်းသတင်းထောက်များအား တရားစွဲဆိုမှုများ ပြုလုပ်လာရာတွင် သက်ဆိုင်ရာ တရားရုံးများ၏ 
စစ်ဆေးစီရင် အရေးယူချက်များသည် နည်းလမ်းကျသည်ဟူ၍
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ မေ၃ရက်က ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားအပြီး
သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အစိုးရအာဏာပိုင်များ၏ တရားစွဲဆိုမှု
များကြောင့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက် ကိုဇော်ဖေမှာ ထောက်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ ရပြီးယူနတိဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့မှာလည်း နိုင်ငံတော်
လှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့်အပေါ် ၀န်ကြီးက ထိုသို့ ဖြေကြားလိုက်ခြင်း
ဖြစ်သည်။

"ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ဒါကိုအရေးယူဆောင်ရွက်တာမဟုတ်ပါဘူး။ နစ်နာတဲ့ ပုဂ္ဂိုလ် တွေအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အရ၊ အခွင့်အရေးအရ တရားစွဲဆိုခြင်းသာဖြစ်ပါတယ်"ဟု ၀န်ကြီး
ဦးအောင်ကြည်က ပြောသည်။

သို့သော် သတင်းထောက်များကို တရားစွဲဆိုအရေးယူမှုများသည် သတင်းထောက်များအတွက် ကောင်းမွန်သည့် အခြေအနေတစ်ရပ် မဟုတ်သည့်အပြင် မီဒီယာဥပဒေ၏ ဟာကွက်ကြောင့်
ဖြစ်သည်ဟု ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

"ဒီလိုအဖြစ်အပျက်တွေဖြစ်နေတဲ့ကာလဟာ မီဒီယာဥပဒေ ဟာကွက်လေးဖြစ်နေတဲ့အချိန်မှာ ဖြစ်ရတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဥပဒေတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက်
နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဆက်လက်ပြီးရေးဆွဲနေပါတယ်။ အမြန်ဆုံးဖြစ်အောင် လည်း ကြိုးစားနေပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် သုံးကြိမ်မြောက် ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်း
လွတ်လပ်ခွင့်နေ့ အခမ်းအနား၌
လက်ရှိ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်မှာ အတော်အတန် တိုးတက်လာပြီဟု ပြန်ကြား ရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း လက်တွေ့မှာမူ တိုးတက်လာခြင်းမရှိကြောင်း မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ထိုအခမ်းအနား၌ပင် ပြောကြား ခဲ့သည်။ 

Freedom House ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်း မှာ အာရှ-ပစိဖိတ် နိုင်ငံများတွင် အဆင့်၃၄နေရာ၌ရပ်တည်နေသော်လည်း လွတ်လပ်မှုမရှိသေး
ဟူသော မှတ်ချက်ကိုလည်း တွေ့ရသည်။

မြန်မာတိုင်း(မ်)
ယခုနှစ်အတွင်း အစိုးရအာဏာပိုင်များမှ ပြည်တွင်းသတင်းထောက်များအား တရားစွဲဆိုမှုများ ပြုလုပ်လာ ရာ တွင် သက်ဆိုင်ရာ တရားရုံးများ၏ စစ်ဆေးစီရင် အရေးယူချက်များသည် နည်းလမ်းကျသည် ဟူ ၍ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်သည်။

ကချင်စစ်ပွဲများ သန်းခေါင်စာရင်း နှင့်ပတ်သက်ဟု ဦးအောင်မင်းဆို

Photo: ကချင်စစ်ပွဲများ သန်းခေါင်စာရင်း နှင့်ပတ်သက်ဟု ဦးအောင်မင်းဆို
Wednesday, May 7, 2014

ဧပြီလအတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားသောတိုက်ပွဲများသည် သန်းခေါင်စာရင်းကောက်ရင်းဖြစ်သည့် တိုက်ပွဲများဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေ ၅ ရက် တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူရန်ဟုဆိုကာ ရောက်ရှိလာ သည့် တပ်မတော်၊ တပ်ခွဲများ နှင့် ကေအိုင်အေတပ်များသည် မန်စီမြို့နယ်အတွင်း ဧပြီလ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည် ဟုလည်း ကရုဏာအသင်းတော်မှ ဖာသာများက မဇ္ဈိမကိုပြောထားဖူးသည်။
ထို့ကြောင့် ကေအိုင်အေနှင့် တပ်မတော် ကိုယ်စားလှယ်များနှစ်ဖက်တွေ့ ဆုံမည့် မေလ ၁၃ ရက် မြစ်ကြီး နားဆွေးနွေးပွဲတွင် တပ်မတော် အဆင့်မြင့်အရာရှိများအပါအ၀င် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပါ တက်ရောက်ဆွေးနွေး သွားမည်ဟု ဦးအောင်မင်းထံမှ သိရ သည်။
“မန်စီမြို့နယ်၊ မန်ဝိုင်းကြီးဒေသမှာ ဖြစ်တဲ့တိုက်ပွဲတွေက သန်းခေါင် စာရင်းကောက်ရင်းဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်တဲ့အတွက် သန်းခေါင် စာရင်းကိစ္စနဲ့ပတ်သက်တဲ့ ဦးခင်ရီပါမှာပါ” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ပါဝင်မည်ဖြစ် ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့များလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲအတွက် အစိုးရ ဘက်မှဆွေးနွေးမည့် အကြောင်းအရာ စီစဉ်ထားခြင်းမရှိဘဲ ကေအိုင် အေဘက်မှ တင်ပြလာသည့် အကြောင်းအရာပေါ်တွင် မူတည်ဆွေးနွေးသွားမည်ဟု ဦးအောင်မင်းက ဆိုသည်။
ကချင်ပြည်နယ်တွင် ဧပြီလ ၁၀ရက်မှ ၁၈ ရက်အထိ တိုက်ပွဲများပြန် လည်ဖြစ်ပွားခဲ့ခြင်းကြောင့် မြစ်ကြီးနား တွင် အစိုးရ နှင့် ညှိနှိုင်းဆွေးနွေးရန် ကေအိုင်အေဘက် မှ ဧပြီ ၂၉ ရက်တွင် စာပို့ခဲ့သည်။

Mizzima - News in Burmese
ဧပြီလအတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားသောတိုက်ပွဲများသည် သန်းခေါင်စာရင်းကောက်ရင်းဖြစ်သ ည့် တိုက်ပွဲများဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းက မေ ၅ ရက် တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော သည်။

ပြောင်းဖူးခြံ အတွင်း တစ်ရက်တည်း ဗုံး နှစ်ကြိမ် ပေါက်ကွဲ တောင်သူ (၃) ဦးဒဏ်ရာ ရ

Photo: ပြောင်းဖူးခြံ အတွင်း တစ်ရက်တည်း ဗုံး နှစ်ကြိမ် ပေါက်ကွဲ တောင်သူ (၃) ဦးဒဏ်ရာ ရ
Wednesday, May 7, 2014

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲ မှုသည် ၀မ်ဖွီးကျေးရွာအုပ်စု၊ ၀မ်ဖွီးကျေးရွာ SSNA (ခွဲထွက်) မိုင်းယွန်း တပ်စခန်း ဟောင်းအနီး ပြောင်းဖူး စိုက်တောင်သူ များက ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် မေလ(၄)ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ဗုံးဟု ခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို တွေ့သဖြင့် အိုက်ဂီး အသက်(၁၄)နှစ် အရွယ် ပလောင် တိုင်းရင်းသား တစ်ဦးက ဓါးဖြင့် ခုတ်လိုက်ရာ ပေါက်ကွဲသွားသဖြင့် အိုက်ဂီး မှာ ခြေသလုံးတွင် ဒဏ်ရာ ရရှိခဲ့ပါသည်။ အလားတူစွာ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ တွင်လည်း မေလ(၄)ရက်နေ့ ၊ နံနက် (၁၁း၄၀) အချိန်တွင် ပြောင်းဖူးခြံအတွင်း မြေပေါက်နေသော ပလောင်တိုင်းရင်းသူ အေးခမ်း နှင့် အေးဆီ တို့က ဗုံးဟုခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို ပေါက်ပြားဖြင့် ပေါက်မိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာ (၂)ဦးလုံး ဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါ ဒဏ်ရာ ရသူ (၃)ဦး အား မိုင်းကိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမျှ များခံ ယူလျှက် ရှိပါသည်။ ဒဏ်ရာရသူ (၃)ဦး စလုံး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရှိရပါသည်။

MOI Webportal Myanmar
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

BREAKING: ယင်လတ်ရှင်န၀တ်ကို ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ အမိန့်ချ

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်န၀ပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ရာထူးကနေ နှုတ်ထွက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၆၊ ၂၆၈ အရ ၀န်ကြီးချုပ် တာဝန်ကို ဆက်ထမ်းဆောင်ဖို့ အရည်အချင်း ပျက်ယွင်းတယ်လို့ တခဲနက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

နာမည်ကြီး ပြည်တွင်းကုမ္ပဏီ ၆ဝ တွင် ရာခိုင်နှုန်း ၅ဝ မျှသာ လုပ်ငန်း တာဝန်ယူမှု ရှိကြောင်း ဖော်ပြ

မြန်မာ့စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ ထင်ရှားသော ကုမ္ပဏီ ၆ဝ တွင် တာဝန်ယူမှုရှိသော ကုမ္ပဏီ အချို့သာ ရှိကြောင်း ပွင့်သစ်စစီမံချက် (Time) က အစီရင်ခံစာ ထုတ်ပြန်သည်။

တိုင်းရင်းသားများကြောင့် တိုက်ပွဲများ ဖြစ်ပွားဟု စစ်တပ် ထုတ်ပြန်

Photo: တိုင်းရင်းသားများကြောင့် တိုက်ပွဲများ ဖြစ်ပွားဟု စစ်တပ် ထုတ်ပြန်
Wednesday, May 7, 2014

ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှုများကြောင့် ဖြစ်သည်ဟု အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန်ပြောဆိုကြောင်း သိရသည်။

တိုင်းရင်းသားများက ထိုသို့ပြုလုပ်သဖြင့် တပ်မတော်အနေဖြင့် ပစ်ခတ်ထိန်းသိမ်းရန် တာဝန်ရှိသောကြောင့် ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက မေလ ၅ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာသို့ ဖြေကြား ထားသည်ကို တွေ့ရသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ဆိုသည်မှာလည်း ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေး ယူပြီးကတည်းက လုံးဝမရှိတော့ကြောင်း၊ တချို့ခွဲထွက်ပြီး ကျန်ရစ်ခဲ့သည့် အနည်း စုက ဆက်ကြေးကောက်၊ ဓားပြတိုက်သည့် အဆင့်သာ ရှိတော့ကြောင်း၊ သို့သော် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သဖြင့် လူသူသိလာသည့် သောင်းကျန်းသူ အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားကြောင်း ဖော်ပြထားသည်။

“သူတို့ဘက်က ဒီလို သဘောထားမျိုးကတော့ နှစ်ဘက်စလုံးအတွက် မကောင်းဘူး။ ကျနော်တို့ကတော့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ အားလုံးကို ကြီးကြီးငယ်ငယ် အကုန်လုံး အတူတူပဲဆိုတာ လက်ခံထားတယ်။ အခုလည်း Peace Talk အဆင့် ကို သွားနိုင်ဖို့ အပစ်အခတ် ရပ်စဲရေး မူကြမ်း အဆင့်ကိုပဲ အရင်ရအောင် လုပ်နေတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီ တူဒေး သတင်းစာ၌ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် စစ်တပ် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားရသည်မှာ KIA သည် နယ်မြေ ကျူးကျော်ခြင်း၊ ဒေသခံများကို နှိပ်စက်ခြင်း၊ လူများကို အဓမ္မဖမ်းဆီးပြီး စစ်သား လုပ်ခိုင်းခြင်း၊ ဆက်ကြေး ကောက် ခံခြင်း ၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း ၊ နိုင်ငံ၏ သယံဇာတများကို ခိုးထုတ်ခြင်း စသည့် လုပ်ရပ်များကြောင့် ဒေသခံများက အကာအကွယ် ပေးရန် တောင်းဆိုခဲ့သဖြင့် စစ်တပ် အနေဖြင့် ၀င်ရောက် ကိုင်တွယ်ရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦး ဆိုသူက ဆက်လက်ပြီး“တပ်မတော်က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ဘူး။ လူမျိုးရေး အသွင်ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် ဖြစ်မသွားအောင် ထိန်းရပါတယ်။ သူတို့ဘက်ကကျတော့ ဘာမှ မထိန်းဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိခေါင်းဖြတ် အသတ်ခံရတဲ့ ဖြစ်စဉ်မျိုးကို သူတို့ဘက်က ကျတော့ ၀န်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ”ဟု ဒီမိုကရေစီ တူဒေးသို့ ပြောဆိုထားသည်။

ဒီမိုကရေစီ တူဒေး သတင်းစာ၏ ဖော်ပြချက်တွင် စာနယ်ဇင်းသမားများသည် KIA နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ လေထဲမှ စကားများကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှန်ဟု ထင်မြင်နေသည့်အပြင် တပ်မတော်အပေါ် နဂိုကတည်းကပင် အမြင်မရှင်း သောကြောင့် တပ်မတော် အပေါ် အကောင်းမမြင်သည်မှာ သဘာဝကျကြောင်းလည်း ပါဝင်သည်။

“KNU(ကရင် အမျိုးသား အစည်းအရုံး)နဲ့ ဘာကြောင့် မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်” ဟု လည်း စစ်တပ် အရာရှိကြီးက ဒီမိုကရေစီ တူဒေးသို့ ဖြေကြားထားသည်။

ဒီမိုကရေစီတူဒေး သတင်းစာက ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အပစ်ခတ် ရပ်စဲရေးတွင် တပ်မတော်၏ သဘောထားရပ်တည်ချက်နှင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး တွင် တပ်မတော်၏ အနေအထားများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တဦး ကို ဧပြီလ နောက်ဆုံးပတ်အတွင်း ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားချက်များ ဖြစ်သည်။

မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC)မှ ဦးလှမောင်ရွှေက“တပ်ဘက်က ပွင့်လင်းလာတဲ့ အနေအထားမှာ သူ့အမြင် ကိုယ့်အမြင် ပြော လို့ရတာပဲ။ တပ်မတော်ဘက်က တဦးဦးက ပြောတာပေါ့နော်။ ဘယ်သူလဲတော့ ကျနော်လည်း မသိပါဘူး။ သူတို့ အမြင်ဘက် က ပြောတဲ့အတွက် တင်းမာတဲ့သဘောလို့တော့ မထင်ဘူး။ ရှု့ထောင်ကတော့ ဘက်တွေ ရှိနေတဲ့အတွက် မျိုးစုံ ရှိနိုင်ပါတယ်။ တကယ်အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ပါပဲ”ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် မေလ ၁၉ ရက်နှင့် ၂၀ ရက်၌ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရေးထက် မူကြမ်းအပေါ်တွင် နှစ်ဘက်စလုံးက အရင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ ၆ ရပ်တွင် (၁) ထာဝရ ငြိမ်းချမ်းရေး ရယူရန် ၊ အမှန် တကယ် ဆန္ဒရှိရန်၊ (၂) သဘောတူ စာချုပ်အတိုင်း ကတိတည်ရန်၊ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ် မထုတ် ရန်၊ (၄) ဒေသခံ ပြည်သူများ အပေါ် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ (၅) နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန် အရေး ၃ပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။

“နံပါတ် တစ်နဲ့ နှစ်က သဘော မတူစရာ မရှိဘူး။ သုံးနဲ့ လေးနဲ့ကတော့ နှစ်ဖက်စလုံးက လိုက်နာဖို့ လိုတယ်။ တပ်ဘက်ကလည်း ပြည်သူလူထု အပေါ်မှာ ၀န်ထုတ်ဝန်ပိုး မဖြစ်အောင် လုပ်ဖို့လိုတယ်။ ကျနော်တို့ဘက်က ဆက်ကြေးကောက်တဲ့ ကိစ္စကိုပဲ အတင်း ဆွဲထည့်ပြီး ပြောနေလို့ မရဘူး။ နောက်ဆုံး နှစ်ချက်ကတော့ လုံးဝလက်ခံလို့ မရဘူး။ သူတို့ရဲ့ တချို့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ ကျနော်တို့ကိုယ်တိုင် တောင်းဆိုနေတာမျိုးတွေ ရှိတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ကာကွယ် ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ စာလက်ခံ ဖြေကြားသည့်ပုံစံမှာ တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့အပေါ်တွင် သဘောထား တင်းမာမှုကို ပြသရာ ရောက်နေကြောင်း နိုင်ငံရေး လေ့ လာ သူများကလည်း ပြောဆိုကြသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)တို့ မေလ ၁၃ ရက်နေ့တွင် တွေ့ဆုံရန် နှစ်ဖက် သဘော တူညီချက် ရရှိထားသည်။

Credit To:ဧရာဝတီ
ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကတိမတည်မှု၊ နယ်မြေ ချဲ့ ထွင်မှုများကြောင့် ဖြစ်သည်ဟု အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန်ပြောဆိုကြောင်း သိရသည်။

အရှေ့ဆီးရီးယားတွင် ဂျီဟတ်အချင်းချင်း တိုက်ခိုက်သဖြင့် ၇၄ ဦးသေဆုံး

Photo: အရှေ့ဆီးရီးယားတွင် ဂျီဟတ်အချင်းချင်း တိုက်ခိုက်သဖြင့် ၇၄ ဦးသေဆုံး
Wednesday, May 7, 2014

ဆီးရီးယားတွင် အာဆတ်အစိုးရ ကို လက်နက်ကိုင် တိုက်ခိုက်လျက် ရှိသော သူပုန်များတွင် အယ်လ်ကေဒါ လက်အောက်ခံ ဂျီဟတ်သမားများလည်း ပါဝင်ရာ ၄င်းတို့အချင်းချင်း တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၇၄ ဦး သေဆုံးခဲ့ရသည်။

အယ်လ်ကေဒါ အစွန်းရောက် အဖွဲ့အစည်း၏ အကြီးအကဲက မွတ်ဆလင် စစ်သားအချင်းချင်း အပစ်အခတ် ရပ်စဲကြရန် အမိန့်ထုတ်ထားသော်လည်း ယင်းသို့ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းက ကြေညာထားသည်။

အယ်လ်ကေဒါ အဖွဲ့အစည်း၏ ဆီးရီးယားအဖွဲ့ခွဲ အယ်လ်နူစရာနှင့် အယ်လ်ကေဒါ လက်အောက်ခံပင် ဖြစ်သော အစ္စလာမ္မစ် အီရတ်နိုင်ငံတော် တို့က နောက်ထပ်တစ်ဖွဲ့ ဖြစ်သော Levant ISIL တို့နှင့် တိုက်ခိုက်ခဲ့ရာ လူပေါင်းခြောက်သောင်းကျော် တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။
နှစ်ဖက်ဂျီဟတ် အင်အားစုများမှ တိုက်ခိုက်ရေးသမား စုစုပေါင်း ၆၉ ဦး သေဆုံးခဲ့ကာ အရပ်သားငါးဦး သေဆုံး ခဲ့ရသည်ဟု ယင်းအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

အယ်လ်နူစရာအဖွဲ့က အီရတ်နယ်စပ်ရှိ ရွာတစ်ရွာကို သိမ်းပိုက်ခဲ့ပြီး ၄င်းတို့ဘက်မှ တိုက်ခိုက်ရေးသမား ၁၁ ဦးနှင့် ISIL အဖွဲ့မှ ၂၃ ဦးတို့ ယင်းတိုက်ပွဲတွင် သေဆုံးခဲ့ကြသည်။
ယင်းဒေသတွင်ပင် နောက်ထပ် တစ်ရွာ၌ သူပုန်ဂျီဟတ်များ အချင်းချင်း တိုက်ခိုက်ခဲ့ကြရာ အယ်လ်နူစရာဘက်မှ ၃၅ ဦး သေဆုံးခဲ့ရသည်။

အယ်လ်ကေဒါ လက်အောက်ခံ အယ်လ်နူစရာနှင့် သဘောထား အလယ်အလတ်ရှိသော သူပုန်များ ပူးပေါင်းကာ ISIL ကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကာ ယင်း ISIL အဖွဲ့သည် အရပ်သားများနှင့် ပြိုင်ဘက်အတိုက်အခံ တိုက်ခိုက်ရေးသမား များကို တိုက်ခိုက်လေ့ရှိသည်ဟု စွပ်စွဲထားကြသည်။

ISIL နှင့် ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ်လ်ဇာဝါဟီရီက ဂျီဟတ်အဖွဲ့များ ညီညွတ်ပြီး အချင်းချင်းတိုက်ခိုက်မှု ရပ်ကြရန် အမိန့်ထုတ် ထားသော်လည်း ယင်းအဖွဲ့များ အပြန်အလှန် ဆက်လက် တိုက်ခိုက်ကြဆဲဖြစ်သည်။

"အယ်လ်နူစရာအဖွဲ့ အနေနဲ့ ISIL ကို တိုက်ခိုက်တာကို ရပ်ပြီးတော့ ဆီးရီးယားအုပ်စိုးသူ ကိုသာ ပူးပေါင်း တိုက်ခိုက်ကြပါ" ဟု အယ်လ်ကေဒါ ခေါင်းဆောင်၏ မိန့်ခွန်းအသံဖိုင် ဂျီဟတ် အင်တာနက် စာမျက်နှာများတွင် တက်လာခဲ့သည်။

The Voice Weekly
ဆီးရီးယားတွင် အာဆတ်အစိုးရ ကို လက်နက်ကိုင် တိုက်ခိုက်လျက် ရှိသော သူပုန်များတွင် အယ်လ်ကေဒါ လက်အောက်ခံ ဂျီဟတ်သမားများလည်း ပါဝင်ရာ ၄င်းတို့အချင်းချင်း တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၇၄ ဦး သေဆုံးခဲ့ရသည်။

အမြန်လမ်းတွင် သဲပုံစေတီတည်မည်

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးမှု မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ ၁၁၆ မိုင် တွင် မေလ ၁၀ ရက် ည ၈ နာရီအချိန်နှင့် ၁၁ ရက်နေ့ နံနက်ခင်းများတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပွဲ မကျင်းပမီ မေလ ၇ ရက်၊ နံနက်ပိုင်းတွင် ၃၁ ဘုံသားများ ဖူးမြော်နိုင်ရန် သဲပုံစေတီ တည်ထားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က ပြောကြားသည်။

ရန်ကုန် ဒလမြို့နယ် သောက်သုံးရေ ရှားပါးမှုကြုံ

Photo: ရန်ကုန် ဒလမြို့နယ် သောက်သုံးရေ ရှားပါးမှုကြုံ
Wednesday, May 7, 2014

ရေရှားပါးတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ရန်ကုန်ကနေ ရေပိုက်သွယ်ပြီး ရေလွှတ် ပေးနေလို့ သောက်ရေသန့်ကို ရရှိနေကြပါပြီ။ ရန်ကုန်မြို့ ပုဂ္ဂလိက အလှုရှင်တွေက အခုလို ရေရှိနိုင်ဖို့ ကူညီဆောင်ရွက် ပေးကြတာ ဖြစ်ပါတယ်။ မိုးခေါင် ရေရှားမှု ကြောင့်ရော ဒီနှစ်အတွက် မိုးမရွာ သေးတာကြောင့်ပါ သောက်သုံးရေ ရှားပါးနေတဲ့ ဒလဖက်မှာ အခုလို ရန်ကုန်ကနေ သွယ်တန်း လွှတ်ပေးနေတဲ့ ရေတွေကို ဒေသခံတွေက အင်မတန် တန်ဖိုးထား သုံးစွဲနေကြတဲ့ အကြောင်း Reuters သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ရန်ကုန်မြစ် တဘက်ကမ်းမှာ တည်ရှိတဲ့ ဒလမြို့နယ်ထဲက ရေကန်တော်တော် များများဟာ ပူပြင်းလှတဲ့ နွေရာသီမှာ ရေတွေ ခြောက်ခန်းကုန်တဲ့အတွက် ဒေသခံတွေမှာ ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့ခဲ့ကြပါတယ်။ ဒလမြို့နယ်ဟာ ရန်ကုန်မြစ် မြစ်ကမ်းဘေးနဲ့ မဝေးတဲ့နေရာမှာ တည်ရှိနေပေမဲ့ သောက်သုံးနိုင်လောက်အောင် သန့်ရှင်းတဲ့ ရေသန့် အရင်းအမြစ်ကလည်း ရှားပါးပါတယ်။ မေလ ၆ ရက် အင်္ဂါနေ့တုန်းကတော့ ဒီရွာက ဒေသခံတွေအတွက် ပထမဆုံးအကြိမ် သန့်ရှင်းတဲ့ရေကို ရရှိခဲ့ကြပါတယ်။

ရန်ကုန်မြို့က ရေအလှူရှင်တွေက ရန်ကုန်မြို့ထဲကနေ ဒလအထိ ရေပိုက်သွယ်တန်းပြီး သန့်ရှင်းရေ ရရှိအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီဘက်က ရွာတွေအတွက် သောက်ရေအခက်အခဲဟာ အင်မတန်ဆိုးတယ်လို့ ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်အကြီးအကဲ ဦးဇော်မျိုး က ရှင်းပြပါတယ်။

“ဒီရေကငန်တယ်။ ငန်ပြီးလို့ရှိရင် သံဓာတ်ပါပြီးတော့ အဆီတွေဝေ့နေတယ်။ အဲ့ဒါတွေကို တချို့တွေက ဒီရေကို ချိုးလို့ အ၀တ်လျှော်လို့ရအောင်ပေါ့ ထုံးအနည်းငယ်ထည့်ပြီးတော့ သုံးတာရှိတယ်။”

သန့်ရှင်းတဲ့ရေတပုံး ရရှိနိုင်ဖို့ ခက်ခက်ခဲခဲ လုပ်ရတဲ့ ဒေသခံတွေအတွက်က ရန်ကုန်မြို့က ပုဂ္ဂလိက ရေအလှူရှင်တွေရဲ့ ကျေးဇူးကြောင့် သောက်လို့ရတဲ့ အထိ သန့်ရှင်းတဲ့ ရေရရှိနိုင်ဖို့ ဘယ်လောက်ပဲ တန်းစီရ တန်းစီရ မမှုဘူးလို့ ဆိုကြပါတယ်၊ အသက် ၆၀ အရွယ် ဒေါ်မြရင်ကဆို အင်မတန် တန်ဖိုးထားပြီး သုံးရမယ်လို့ ဆိုပါတယ်၊

“ရေသည်မလာတော့ဘူး ကြာပြီ။ ဒီရက်ထဲမှာ ရေက ပြတ်နေတာ တော်တော်ကြာပြီလေ။ ဒါကတော့ ဒီရေကိုပဲ ဘုရားလိုကို ကိုးကွယ်ပြီးတော့ သုံးရမှာ ဒီရေကတော့၊ သောက်ရေက ရှားပါးလွန်းအားကြီးလို့။”

မြန်မာနိုင်ငံရဲ့ ဒီနှစ်နွေရာသီက အရင်နှစ်တွေကထက်ကို အဆမတန်ပို ပူပြင်းလှတဲ့အတွက် ရေရှားပါးတဲ့ ပြဿနာက နိုင်ငံတဝန်းမှာ ဖြစ်နေပါတယ်။ တချို့နေရာတွေမှာ အပူချိန်က ၄၀ degrees Celsius အထိကို ပူတဲ့အတွက် မြစ်ချောင်းတွေ၊ ရေလှောင်ကန်တွေ အများအပြား ခြောက်ခန်းကုန်ပါတယ်။ ဒီလိုအခြေအနေမှာ ဒလမြို့နယ်ထဲက ရွာသူ ရွာသားတွေကတော့ ရေအရင်းအမြစ်တခုကို ရှားရှားပါးပါး ရရှိလိုက်တဲ့အတွက် အင်မတန် ကျေးဇူးတင်နေကြပါတယ်။

စုမြတ်မွန် / ဗွီအိုအေ (မြန်မာပိုင်း)
ရေရှားပါးတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ရန်ကုန်ကနေ ရေပိုက်သွယ်ပြီး ရေလွှတ် ပေးနေလို့ သောက်ရေသန့်ကို ရရှိနေကြပါပြီ။ ရန်ကုန်မြို့ ပုဂ္ဂလိက အလှုရှင်တွေက အခုလို ရေရှိနိုင်ဖို့ ကူညီဆောင်ရွက် ပေးကြတာ ဖြစ်ပါတယ်။ မိုးခေါင် ရေရှားမှု ကြောင့်ရော ဒီနှစ်အတွက် မိုးမရွာ သေး တာကြောင့်ပါ သောက်သုံးရေ ရှားပါးနေတဲ့ ဒလဖက်မှာ အခုလို ရန်ကုန်ကနေ သွယ်တန်း လွှတ်ပေးနေတဲ့ ရေတွေကို ဒေသခံတွေက အင်မတန် တန်ဖိုးထား သုံးစွဲနေကြတဲ့ အကြောင်း Reuters သတင်းကို အခြေ ခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေ အင်တာနက်သုံးစွဲမှု ပိုမြင့်မား

Photo: ဖွံ့ဖြိုးဆဲနိုင်ငံတွေ အင်တာနက်သုံးစွဲမှု ပိုမြင့်မား
Wednesday, May 7, 2014

ကမ္ဘာတဝန်းမှာ အင်တာနက် သုံးစွဲသူ အရေအတွက် ဆက်လက် များပြားလာနေတယ်လို့ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ ITU ကပြောလိုက်ပါတယ်။ ဒီနှစ်မကုန်ခင် ကမ္ဘာပေါ်က အင်တာနက် သုံးစွဲသူ အရေအတွက် စုစုပေါင်းဟာ သန်းပေါင်း ၃ ထောင်လောက်ရှိမှာဖြစ်ပြီး အဲဒီထဲက ၃ ပုံ ၂ ပုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ITU ရဲ့ ကြေညာချက်မှာ လက်ကိုင် Mobile ဖုန်းသုံးစွဲသူ အရေအတွက် ၂၀၁၄ အကုန်မှာ သန်းပေါင်း ၇ ထောင်အထိ ရှိလိမ့်မယ်လို့ ပြောထားပါတယ်။

တချိန်တည်းမှာပဲ ကြိုးဖုန်းသုံးစွဲသူ အရေအတွက်ကတော့ ဆက်လက် ကျဆင်းနေပြီး ၂၀၀၉ ခုနှစ်ကထက်စာရင် ဒီနှစ်ထဲ ကြိုးဖုန်းသုံးစွဲသူ သန်း ၁၀၀ ပိုနည်းသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကြိုးဖုန်းထက် လက်ကိုင်ဖုန်း သုံးစွဲသူအရေအတွက် ပိုများလာနေပြီး အထူးသဖြင့် အာရှ ပစိဖိတ် ဒေသမှာ အများဆုံးဖြစ်တယ်လို့ ITU ကပြောပါတယ်။

လက်ကိုင်ဖုန်းဈေးကွက်ဟာ အမြင့်ဆုံးကို ရောက်နေတယ်လို့ တွက်နိုင်တယ်လို့လည်း ITU ကဆိုပါတယ်။ ဒီနှစ်မကုန်ခင် အင်တာနက် သုံးစွဲနိုင်တဲ့ အိမ်ထောင်စုပေါင်းက ကမ္ဘာတဝန်းမှာ ၄၄% အထိရှိလာနိုင်တယ်လို့လည်း ကြိုတင်တွက်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်ထောင်စုပေါင်း ၃ ပုံ ၁ ပုံ လောက်က အင်တာနက်ချိတ် ဆက်သွယ်နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ အိမ်ထောင်စုပေါင်းက ၇၈% လောက်ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ ITU ရဲ့ ခန့်မှန်းချက်တွေဟာ ဘက်လိုက်မှုကင်းပြီး ယုံကြည်စိတ်အချရဆုံး ကိန်းဂဏန်းတွေလို့ သတ်မှတ်ကြတဲ့အတွက် အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေက ကိုးကားမှီငြမ်းလေ့ ရှိကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ကမ္ဘာတဝန်းမှာ အင်တာနက် သုံးစွဲသူ အရေအတွက် ဆက်လက် များပြားလာနေတယ်လို့ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ ITU ကပြောလိုက်ပါတယ်။ ဒီနှစ်မကုန်ခင် ကမ္ဘာပေါ်က အင်တာနက် သုံးစွဲသူ အရေအတွက် စုစုပေါင်းဟာ သန်းပေါင်း ၃ ထောင်လောက်ရှိမှာဖြစ်ပြီး အဲဒီထဲက ၃ ပုံ ၂ ပုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ဝဲဘက်ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ

၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

လိုင်စင်မရှိဘဲ ရဲတပ်ကြပ်ကြီး အငှားယာဉ်မောင်းရာမှ လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်တိုက်မိ

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တပ်ကြပ်ကြီးအဆင့်ရှိ ၀န်ထမ်းတစ်ဦးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ အငှား ယာဉ်တစ်စီးကို မောင်းနှင်ခဲ့ပြီး လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများ အရေးပေါ်ကုသရေး လျင်မြန်စွာဆောင်ရွက်ရန် စီစဉ်နေ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ်အခြေအနေကုသရေးအတွက် လျင်မြန်စွာ ကုသပေးနို င်ရေး စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့်ထိခိုက် ဒဏ်ရာ ကုသရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ် အကြောင်း အရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်း လင်း ပွဲ ယနေ့ပြုလုပ် မည်

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်း လင်းပွဲကို မေ ၇ ရက် (ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ မေ ၂၈ ရက်တွင် ပြန်လည်ကျင်းပမည်

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးများအား ၂၀၁၄ ခုနှစ် မေ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ မှ မေ ၆ ရက် ရက်စွဲဖြင့် အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။

တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀နဲ့ အထက်ရှိသူတွေ အခွန်ဆောင်ဖို့ ကြေညာ

တစ်နှစ် ၀င်ငွေကျပ်သိန်း ၂၀ နဲ့ အထက် လစာငွေရရှိသူတိုင်း ၀င်ငွေခွန်ဆောင်ရမှာဖြစ်ကြောင်း အဲဒီ လို ပေးဆောင် ဖို့ အတွက် ၀င်ငွေခွန်နှုန်းအမျိုးအစား ၅ မျိုး သတ်မှတ်ထားကြောင်း အစိုးရက ဒီနေ့ ထုတ် ပြန်ကြေ ညာပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ

Photo: မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ
Wednesday, May 7, 2014

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုးဝါးဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖေါ်ပြ ထားပါတယ်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကုန်သည်စက်မှု အသင်းချုပ် ဒေါ်ခင်ခင်နွယ် က ဒီနေ့ ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်စစ်တမ်းအကြောင်း အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အလွှာအသီးသီးကို တိုင်နဲ့ပြည်နယ် အနှံ့ပေါ့နော်၊လုပ်ငန်းပေါင်းစုံအနှံ့ ကဏ္ဍစုံအောင်လေ့လာပြီး ဒီလုပ်ငန်း ဌါနပေါင်း ၃၀၅၅ ခုအထိ လေ့လာပြီးတော့ ထွက်လာတဲ့စစ်တမ်းဟာ ပထဆုံးအကြိမ် ဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ ဒါကိုလုပ်နေစေချင်တဲ့ စိတ်ဝင်စားခဲ့တဲ့ ဒါကြောင့်မို့ ဒီနေ့လည်းဒါကို ရအောင်တက်ပြီးတော့ နားထောင်ခဲ့ခြင်းဖြစ်ပါတယ်"

ဒီစီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ခံမှုစစ်တမ်း ကို မြန်မာနိုင်ငံ က အသေးစား၊ အလတ်စား နဲ့ အကြီးစား လုပ်ငန်းပေါင်း ၃၄၀၀ ကို မေးခွန်းတွေမေးမြန်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအများစုက ဖြေဆိုတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ အကတိလိုက်စားမှုက ထိပ်ဆုံးကဖြစ်ပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာချို့တဲ့မှုနဲ့ စီးပွားရေးလုပ်ငန်း ရပ်တည်နိုင်ဖို့ မြေနေရာ အဆောက် အဦးရှားပါးမှုတွေကိုလည်း ရင်ဆိုင်နေရအကြောင်း စစ်တမ်းမှာ ဖေါ်ပြထား ပါတယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI ၊ ကုလသမဂ္ဂလက်အောက်ခံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီတစ်ခုဖြစ်တဲ့ UNESCAP ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ OECD တို့က ပူးတွဲပြီး စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုး ၀ါးဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာအချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့ စစ် တမ်း မှာ ဖေါ်ပြ ထားပါတယ်။