Wednesday 14 March 2012

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မီ ပြုပြင်ရန် အမေရိကန်သူဌေး ဒေါ်လာသန်းချီ ပေးမည်

ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ ”ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို   ဖြစ် အောင် လုပ်ဆောင်သွားမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု   ပြုရန်   နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက“္ကသိုလ် နှစ်ခု မှာ သုတေသန တက္ကသိုလ် အဆင့် သာ ရှိနေသေးရာ ရန်ကုန်တက္က သိုလ်ကို (National University) အမျိုးသားတက္ကသိုလ် အဆင့်အထိ ရောက်အောင် မျှော်မှန်းလုပ်ဆောင် ကြမည်ဟုလည်း ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။ ”သုတေသန ပူးပေါင်းမှုကို တော့ အချိန်မကြာစေဘဲ မြန်မြန် ဆောင်ရွက်သွားမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။  ၁၉၆၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကြီး၏ လက်အောက် တွင် ဆေးပညာ၊ စက်မှုပညာ အစရှိသည်ဖြင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များနှင့် တခြား သော ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များမှာ မဟာဌာနများအနေနှင့် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် မဟာဌာန အသီးသီးတို့ ခွဲထွက်၍ တက္ကသိုလ် များ တည်ထောင်ခြင်းများ ဆောင် ရွက်ခဲ့သည်။ လက်ရှိ တွင် မဟာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူ ဘွဲ့ သင်တန်းတို့သာ ပို့ချပေးနေကြောင်း ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောသည်။   ဆက်လက်၍   ဒေါက်တာထွန်း ခင်က ”ကျွန်တော့် အမြင်အရ ဆို ရင် အမေရိကန်တက္ကသိုလ်နဲ့ ရန် ကုန်တက္ကသိုလ်သာ ပူးပေါင်းလိုက် ရင်သင်ကြားရေးပိုင်းမှာလည်း နှစ် နိုင်ငံ တန်းတူဖြစ်သွားမယ်။ ဒီလိုပဲ သင်ရိုး၊ ညွှန်းတမ်းတွေလည်းကမ္ဘာ့ အဆင့်မီသွားမယ်။ ဒါ့အပြင် ရန် ကုန်တက္ကသိုလ်ဆီ ဧည့်ပါမောက္ခ တွေ လာကြမယ်။ သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြမယ် ဒီလိုပဲ ဒီက ထူးချွန်တဲ့ သူတွေလည်း ဟို ဘက်မှာ ဒီလိုပဲ သွားလုပ်ကြမယ်။ အားလုံးက မြန်မာ့ပညာရေး အဆင့်အတန်း ပိုမြင့်သွားဖို့ လုပ်ရပ် တွေကြီးပဲ” ဟု သုံးသပ်သည်။ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံတို့တွင်လည်း အမျိုး သားတက္ကသိုလ်များ ရှိပြီးဖြစ်နေရာ မြန်မာတွင်လည်း လုပ်လျှင်လုပ် သလို ဖြစ်မည့် အနေအထားမျိုး ရှိကြောင်း  ဒေါက်တာထွန်းခင်က ထပ်လောင်းပြောသည်။ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က မြန် မာနှင့် လာရောက်ပူးပေါင်းမည့် ဂျွန် ဟော့ကင်းတက္ကသိုလ်ဆိုသည်မှာ အမေရိကန်နိုင်ငံ၌သာမက ကမ္ဘာ ကပင် အသိအမှတ်ပြုထားပြီး သိက္ခာ ရှိသည့် တက္ကသိုလ်ဖြစ် ကြောင်း၊ ယနေ့မြန်မာ့ပညာရေးတွင် ခေတ်မီသင်ကြား နည်းစနစ်များ သုတေသနပစ္စည်းများနှင့် သင်ရိုး များ လိုအပ်မှုရှိနေသည့်အတွက် ၄င်းကိစ္စရပ်များပါ အလိုလိုဖြေရှင်း ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယူဆ ကြောင်း ပြောသည်။  အိန္ဒိယတက္ကသိုလ်ရဲ့ လက် အောက်ခံတက္ကသိုလ်ခွဲတစ်ခုအနေ ဖြင့်သာ ရပ်တည်ခဲ့ရသည့် ရန်ကုန် တက္ကသိုလ်မှာ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှ ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး  ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ် ကျောင်းနှစ်ကျောင်းကို ပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးအဓိပတိ မှာ မြန်မာပြည်ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဟု မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းအရ သိရသည်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၄ဝ -၁၉၅ဝ ခုနှစ် များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ်ခံရပြီး ၁၉၅ဝ-၁၉၆၂ခုနှစ် များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့်တက္ကသိုလ်အဖြစ် စာရင်းပေါက် ခဲ့သည်။
                                                                                                                                      ပေါ်ပြူလာဂျာနယ်

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျုက်၇ှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း ကြေငြာချက် အပြည့်အစုံ




နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်းတစ်ပုဒ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် (၇) ရက် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၀၀/၂၀၁၂ ဖြင့် နိုင်ငံတော် အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ရေ၊လေ ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင် လည်မှုရှိစေရန် အတွက်အပိုထောက် ပံ့ကြေးထောက်ပံ့မည့် ကြေငြာချက်တစ်ရပ်ထုတ်ပြန် လိုက်ကြောင်းသတင်းရရှိပါသည် ။
အဆိုပါအမိန့်ကြေငြာစာတွင် လက်ရှိလစာ အပြင်အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် သုံးသောင်း တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့စည်း များရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၁၁၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိ ကို ထပ်မံခံ စားခွင့်ပြုမည် ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၂၁၀၀ တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီ (၁)ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်သည်ဟု ဖေါ်ပြပါရှိပါသည် ။
သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Voice of Myanmar