အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်အထက်
ဝန်ထမ်းများကို အစိုးရက အနံပေ ၄၀၊ အလျားပေ ၆၀ ရှိသည့် မြေကွက်များ
ဖော်ထုတ်ပေးရန် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင်
ကမာရွတ်မဲဆန္ဒနယ်မှ တိုင်းအမတ်ဦးမြငွေက အရေးဆိုလိုက် သည်။
Friday, 13 September 2013
ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ
![]() |
ခွင့်ပြုချက် မရှိသောကြောင့် စည်ပင်က ဖျက်သိမ်းရန် အမိန့်ချထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ၆ ထပ်တိုက် တလုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ) |
ရန်ကုန်မြို့တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိုက်တာ အဆောက်အအုံ တည် ဆောက်သူများကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာလိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွား
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသင်မပြည့်သေးသည့် ကလေးငယ်များအား
အဓမ္မပြုကျင့်ခံရ သည့် ဖြစ်စဉ်နှင့် ကြံစည်ခံရသည့် ဖြစ်စဉ်များမှာ
ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ရန်ကုန် တိုင်း ဒေသကြီးအတွင်း နေ့စဉ်ဖြစ်ပွားနေသော မူခင်းဖြစ်စဉ်များအား လေ့လာချက်များအရ သိရသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ အဆင့်မီရေး ICRC ကူညီမည်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
(ICRC)က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အရည်အသွေးမြှင့် တင်ရေးနှင့်
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့စံနှုန်းများအတိုင်း အသိအမှတ်ပြုခံရေး တို့အတွက်
မြန်မာနိုင်ငံ
ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါး လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြု
ပြည်ပမှ
ကုန်ပစ္စည်းတင်သွင်းရာတွင် ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါးကို
သွင်းကုန်လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းရန် စက်တင်ဘာ ၉ ရက်နေ့က
စတင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
ဘင်္ဂါလီ လူဦးရေ စာရင်း ပြန်ကောက်နိုင်ဖို့ လဝက ကြိုးပမ်း
![]() |
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဒီလ ၈ ရက်ကဆွေးနွေးပွဲ၌ တွေ့ရသည့် ၀န်ကြီး ဦးခင်ရီ |
တင်းမာမှုတွေကြောင့်
ရပ်ဆိုင်းထားရတဲ့ ဘင်္ဂါလီဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်
ကို ပြန်စနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဧရာဝတီကို ပြောပါတယ်။
WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွားသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။
ရွှေမှော်များတွင် KIA မှ ဆက်ကြေးငွေအစား ရိက္ခာများ လိုက် လံကောက်ခံ နေမှုကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမှာ ကို ဒေသခံများ စိုးရိမ်ပူပန် လျက်ရှိ

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါဂါးကျေးရွာ အနီးတွင် သြဂုတ်နောက် ဆုံးပတ်က နယ်မြေခံ အစိုးရ စစ်ကြောင်းနှင့် KIA တို့တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်းတွင် စက်တင်ဘာ ပထမပတ်မှစ၍ KIA မှ ရွှေမှော်
ကမ္ဘာ့ အမြင့်ဆုံး လေဆိပ်အား တရုတ် နိုင်ငံတွင် ယခု လအတွင်း စတင် ဖွင့်လှစ်မည်

ကမ္ဘာ့ အမြင့်ဆုံး အရပ်ဘက်သုံး လေဆိပ်တစ်ခုကို တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ တိဘက် ဒေသ၌ စက်တင်ဘာ ၁၆ ရက်မှ၊ စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ထားသည်။
ရုရှားနိုင်ငံက Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲအား ဘယ်လာရုစ် နိုင်ငံသို့ ပေးပို့သွားမည်

ရုရှားနိုင်ငံ၏ွှ Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲတစ်ခွဲကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တတိယအကြိမ်အဖြစ် ဘယ်လာရုစ်နိုင်ငံ
သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ် ကာကွယ်ရေး ဝန်ကြီး
ယူရီဇာဒိုဘင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာ နက်
သတင်းတစ်ရပ် အရ သိရသည်။
ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင်

ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်
လုပ်သွားရန် တောင်ကိုရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။
အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။
ဆီးဂိမ်း ပြိုင်ပွဲဝင်များအား တစ်ဦးလျှင် ၃၅ ဒေါ်လာ နှင့် ညီသည့် အစားအသောက် တစ်နေ့ ၅ နပ် ကျွေးရန် စီစဉ်ထား
ဆီးဂိမ်း ပြိုင်ပွဲဝင် အားကစားသမားများ၏ အစားအသောက်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ 4 Star အဆင့် သတ်မှတ်ကာ တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၃၅ ဒေါ်လာ အဆင့်ဖြင့် တစ်နေ့လျှင် ၅ ကြိမ် ကျွေးမွေးရန် စီစဉ်ထားကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က ပြောသည်။
ကသာမြို့အနီး ဧရာဝတီမြစ်ရေတက်မှုကြောင့် ရပ်ကွက်အချို့ရှိ လူနေအိမ်များ ရေနစ်မြှုပ်နေ
![]() |
ကသာမြို့အနီး လူနေအိမ် ရပ်ကွက်အချို့ ရေနစ်မြှုပ်နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - လေပွေနီ(အင်းတော်) |
ကသာ ၊ စက်တင်ဘာ ၁၂။ ။ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ကသာမြို့ (၁၀)ရပ်ကွက် အတွင်းသို့ စက်တင်ဘာ ၇ ရက် နံနက် ၁နာရီ မှစတင်ကာ မြစ်ရေတက်မှုကြောင့် စက်တင်ဘာ ၁ဝရက် ညနေ ၅နာ ရီတွင် မြစ်ရေလွှမ်းကာ လူနေ အိမ်အချို့မှာ ရေမြုပ်လျက်ရှိနေ ကြောင်း သိရသည်။
မြန်မာနိုင်ငံက ပြည်ပမှာ ငွေစာရင်းဖွင့်ထားကြောင်း BIC ရဲ့အာရှ မန်နေဂျာပြော

မြန်မာနိုင်ငံက ပြည်ပမှာ ဒေါ်လာ ၁၁ ဘီလီယံ ငွေစာရင်းဖွင့်ထားတယ်လို့ ပြည်တွင်းထုတ် Weekly Eleven စာစောင်မှာ ပါရှိပါတယ်။
တန်ဘိုးကျပ်(၂၃၇)သိန်းရှိ လက်ဝတ်ရတနာများခိုးယူခံရမှုမှ တရားခံအား ဖေါ်ထုတ်ဖမ်းဆီးရမိ

၎.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင်တာမွေမြို့နယ်နေဒေါ်ညိုသည် ၄င်းပိုင်ရွှေဆွဲကြိုးအလေးချိန် (၅) ကျပ်သား (၁)ကုံး၊တန်ဘိုးကျပ်(၃၄)သိန်း ရွှေပုလဲအားစိန်ကွပ်ထားသောဆွဲသီး(၁)ခု၊တန်ဘိုး (၃)သိန်း နှင့်
ကျောက်စိမ်း ဘယက်(၁)ကုံး၊ တန်ဘိုးကျပ်သိန်း(၂၀၀)၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၂၃၇) သိန်းတို့အား အိပ်ယာဘေးတွင် အမြဲထားလေ့ရှိသော စလင်းဘတ်အိတ်အတွင်း၌ထည့်ထားခဲ့ပါသည်။
ဓာတ်ဆီနဲ့ လက်ဆေးပြီး ဆေးလိပ်မီးညှိသောက်သူ မီးလောင်
ရန်ကုန်တိုင်းဒေသကြီး
လှော်ကားမြို့နယ်၌ စက်တင်ဘာ ၁ဝ ရက်က သံပန်းများကို သင်္ဘောဆေး သုတ်ပြီး
ပေကျံနေသောလက်ကို ဓာတ်ဆီဖြင့် ဆေးကြောခဲ့သည်။ ထို့နောက် ဆေးလိပ်
သောက်ရန် အတွက် ဂက်စ်မီးခြစ်ကိုခြစ် မိရာမှ မီးစွဲလောင်ပြီး သေဆုံးမှု တစ်ခု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းတွေကို Website တင်မယ့် အသည်းကွဲဖြူဖြူ

သုံးခွေမြောက် တစ်ကိုယ်တော် “မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်” ဒီဗီဒီခွေ ထွက်ရှိမည့် စက်တင်ဘာ ၂၁ရက်တွင် ၄င်း၏ နောက်ဆုံး သတင်းများကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် လွှင့်တင်သွား မည်ဖြစ်ကြောင်း ဖြူဖြူကျော် သိန်းက ပြောသည်ဟု သိရသည်။
မလေးရှားရောက် မြန်မာအလုပ်သမားများအတွက်
မလေးရှားရောက် မြန်မာအလုပ်သမားများအတွက် မလေးရှားရောက် တရားဝင်/ တရားမဝင် အလုပ်လုပ် ကိုင်နေ တဲ့ မြန်မာအလုပ်သမားတွေကို ကူညီကာကွယ်ပေးဖို့ မြန်မာ အလုပ်သမား ပြည်ထောင်စုဝန်ကြီး
ကိုယ်ဝန် အတုနဲ့ ကိုကင်းများဖမ်းမိ

မနေ့က ကမ္ဘာ့သတင်းလောကမှာ နာမည်ကြီးသွားတဲ့ သတင်းတပုဒ်ကတော့ ကနေဒါ နိုင်ငံသူ တဦးဟာ ကိုယ်ဝန်အတု ထဲမှာ ၀ှက်ထားတဲ့ ကိုကင်း ၄ ပေါင်နဲ့အတူ ကိုလံဘီယာ လေဆိပ်ကနေ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့ကို ထွက်ခွာခါနီး စက်တင် ဘာလ ၁၁ ရက်နေ့ ဖမ်းဆီးခံခဲ့ရအဖြစ်ပါ။
အတ္တလန္တိတ် သမုဒ္ဒရာကို မိုးပျံဘောလုံးနဲ့ဖြတ်မယ့် Jonathan Trappe

အမေရိကန်နိုင်ငံက Jonathan Trappe လို့အမည်ရတဲ့ ပုဂ္ဂိုလ်ပါ။ အမှန် တကယ်တော့ သူ့ရဲ့  အသက်မွေး ဝမ်းကျောင်း ပညာရပ်က IT Manager ဖြစ်ပေ မယ့် မိုးပျံဘောလုံးနဲ့ စွန့်စားခရီးသွားခြင်းကို ခုံမင်လာတာ အတော်လေးကြာနေပါပြီ။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား ဆီးဂိမ်းစ်ပြိုင်ပွဲအပြီး ဖွင့်လှစ်နိုင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲ

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် ဖွင့်လှစ်နိုင်ရန်အတွက် တက္ကသိုလ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနေကြောင်း အားကစား ၀န်ကြီးဌာနမှ သိရသည်။
ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် မလွဲ မသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က စက်တင် ဘာ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ် (ဒေသစံတော်ချိန် ညနေ ၄ နာရီ) ၀ါဆော တက္ကသိုလ်၌ ပြုလုပ်ခဲ့သော Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနှင့် မလေးရှား မာဒေးကား ဖလား ဗိုလ်လုမည်

(၄၁)ကြိမ်မြောက် မာဒေးကား ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ရက်
(စနေနေ့) မြန်မာ စံတော် ချိန် ည ၇နာရီ ၁၅မိနစ်တွင် မလေးရှားနိုင်ငံ
ခွမ်တန်မြို့ရှိ ပရိသတ် ၃၅ဝဝဝဆံ့ ဒါရုမက်ခ်မာ ကွင်းကြီး ၌ မြန်မာ ယူ-၂၃နှင့် မလေးရှား ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန် ကြက်ခြေနီအသင်း တို့ ဘေး အန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းမည်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်
အမေရိကန်ကြက်ခြေနီအသင်းတို့ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင်
ပူးပေါင်းလုပ်ဆောင် သွား မည်ဖြစ်ပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု
သဘောတူညီမှု စာချွန် လွှာကို စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံ
ကြက်ခြေနီအသင်း(ရန်ကုန်ရုံးခွဲ)တွင် လက်မှတ်ရေး ထိုး ခဲ့ကြောင်း သိရသည်။
Nibiru နဲ့ ဂြိုဟ်သား

ကမ္ဘာပျက်အောင်လုပ်နိုင်တယ်လို့ ယုံကြတဲ့ Nibiru ဂြိုဟ် ဒါမှမဟုတ် X- Planet ဆိုတာ တကယ်ရှိသလားဆိုတာနဲ့ ဂြိုဟ်သားဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုမြင်ကြတယ် ဆိုတာကို Illinois တက္ကသိုလ် Spoon River ကျောင်းက ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။
သပွတ်အူကို မြင်အောင်ကြည့်စေလိုပါသည်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
အပစ်အခက်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ ထွက်ရှိလာသော တပ်မတော်၏
သဘောထား(၆)ချက်သည် မျှတမှုမရှိဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို
အဟန့် အတားဖြစ်စေနိုင်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများက ပြောဆိုနေသည်ဟု
ဧရာဝတီ သတင်းစာ မျက်နှာတွင် ဖတ်ရှုလိုက်ရပါသည်။
အိန္ဒိယနှင့်ပါကစ္စတန်တပ်ဖွဲ့များ ကက်ရှ်မီးယား၌ အပြန်အလှန်ပစ်ခတ်
အိန္ဒိယပိုင်
ကက်ရှ်မီးယားဒေသ၏ ထိန်းချုပ်ရေးမျဉ်း ကြောင်းရှိ ကင်းစခန်းများကို
အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့ များက စက်တင်ဘာ ၁၁ရက်တွင် အပြန်အလှန်ပစ်ခတ်ခဲ့
ကြကြောင်း စက်တင်ဘာ ၁၂ရက် သတင်းတွင် ဖော်ပြသည်။
Subscribe to:
Posts (Atom)