Wednesday 10 July 2013

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရှိလာပြီး ပို့ကုန်တင်ပို့မှု များပြား

trading-july10
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိ ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ဇွန်လလယ်အထိ အမေရိကန်ဒေါ် လာသန်း ၇၆၀ နီးပါး ရှိလာပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုများ ပြားခဲ့ကြောင်း ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး လျက်ရှိပြီး ရုပ်ရှင်စက်ပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရန် စီစဉ်မည်

vedioupdating-july10
ဈေးဝယ်စင်တာ တစ်ခုရှိ ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်
ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံ တကာ အဖွဲ့များမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ရုပ်ရှင် စက်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေမှုများအား ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ စက်တင်ဘာတွင် ဖွင့်မည်

hyundai-july10
ဗြိတိန်နိုင်ငံရှိ HYUNDAI ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-www.richmondhyundai.co.uk)
တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြ ခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ယခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း HYUNDAI ၏ မြန်မာနိုင်ငံမိတ်ဖက် Fortune International Limited ထံမှ သတင်းရရှိသည်။

ပဲဈေးကွက် နှစ်နှင့်ချီ၍ ကျဆင်းနေမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီအများစု တင်ပို့နိုင်ခြင်း မရှိတော့

bean-july10
မန္တလေး ကုန်စည်ဒိုင်မြင်ကွင်း (ဓာတ်ပုံ-သက်ထွန်းအောင်)

ပြည်ပသို့ အဓိက တင်ပို့နေသော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သိသိသာသာ ကျဆင်းလာမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီရာခိုင်နှုန်း ၈၀ ၀န်းကျင် တင်ပို့ရန် အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ဒိုင်မှ ပဲလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

mitsubishi-july10
ထိုင်းနိုင်ငံရှိ Mitsubishi ကားစက်ရုံကိုတွေ့ရစဉ်
 ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံ တွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။  

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

Wednesday, 10 July 2013

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြုလုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။        

From...EMG

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စု စာရင်း ကောက် ယူမှု ပြန်လည်ပြု

တိုင်းဒေသကြီးသုံးခုမှ လယ်သမား ၂၀၀ ခန့် လယ်ယာမြေ မူလပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုများအတွက် ရန်ကုန်တွင် ဆန္ဒပြ

yangonwish-july10
လယ်သမားများ ဆန္ဒပြနေသည်ကို ဇူလိုင် ၉ ရက် နံနက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
တပ်မတော်၊ တိုင်းဒေသကြီး အစိုးရနှင့် ၀န်ကြီးဌာနအချို့က သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဒေသသုံးခုမှ လယ်သမား ၂၀၀ ခန့်သည် ၎င်းတို့၏ လယ်ယာမြေ မူလပိုင်
ဆိုင်မှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ရေးဆွဲမည် မဟုတ်

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ယင်းဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်း အထိ ပြစ်မှု ကျူး

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့်