Wednesday 21 May 2014

နိုင်ငံတော်သမ္မတလမ်းညွှန်မှုဖြင့် ဝန်ထမ်းများ နေပြည်တော်မှ ရန်ကုန်နှင့်မန္တလေးသို့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန်စီစဉ်

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်တွင် တာဝန် ထမ်း ဆောင်နေကြသော ဝန်ထမ်းများ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရုံးပိတ်ရက် များတွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေး အတွက် လေအေးပေး စက်ပါ ကားများကိုတစ်ဦးလျှင် ကျပ်၃၅ဝဝနှုန်းဖြင့် ကုန်းလမ်းပို့ဆောင်ရေးက တာဝန် ယူပြေး ဆွဲပေးနေကြောင်းရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှသိရသည်။

နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ ၁၁၈ ဦး သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ ၁၁၈ ဦး သေဆုံး
Wednesday, May 21, 2014 

နိုင်ဂျီးရီးယားနိုင်ငံ ရော့စ်မြို့လယ်ခေါင် ရုံးတွေ၊ ဈေးတွေ ရှိတဲ့ လူစည်ကားတဲ့ ရပ်ကွက်မှာ မှာ မနေ့က ဗုံးအတွဲလိုက် ပေါက်ကွဲမှုကြောင့် လူ ၁၁၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရသွားပါတယ်။

ဘိုကိုဟာရမ်သာင်းကျန်းသူ အဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ လုံခြုံရေးအဖွဲ့တွေက ယူဆနေကြပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းတွေ မီးလောင် ပျက်စီးသွားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ညှိနှိုင်းရေးမှူးက အလောင်း ၁၁၈ လောင်းကို အတည်ပြုပြီး နောက်ထပ် တိုးလာနိုင်သေးတယ်လို့လည်း ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အခုလပိုင်းအတွင်း ဗုံးခွဲတာတွေကို ခပ်စိတ်စိတ် လုပ်နေတဲ့ ဘိုကိုဟာရမ် အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ လုံခြုံေ၇း အရာရှိတွေက သံသယရှိနေကြပါတယ်။

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့ ဘိုကိုဟာရိမ် အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကလည်း နိုင်ငံ အရှေ့မြောက်ဒေသက ချီဘွခ် ဆိုတဲ့ ကျေးရွာ အထက်တန်းကျောင်းက ကျောင်းသူ ၂၀၀ ကို ပြန်ပေးဆွဲခဲ့ပါတယ်။
ကျောင်းသူတွေကို ပြန်ကယ်နိုင်ဖို့ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနဲ့ ပြင်သစ်တို့က နိုင်ဂျီးရီးယား အစိုးရနဲ့ အတူ ဆောင်ရွက်ပေးနေပါတယ်။

အခု ရော့စ်မြို့ တိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့က စီစဉ်တာ မှန်ရင် ဘိုကိုဟာရမ် အဖွဲ့ဟာ အာဖရိကရဲ့ လူဦးရေ အများဆုံး နိုင်ငံမှာ နေရာအတော်များများကို ထိုးဖောက်တိုက်ခိုက်နိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီဗွီဘီ
နိုင်ဂျီးရီးယားနိုင်ငံ ရော့စ်မြို့လယ်ခေါင် ရုံးတွေ၊ ဈေးတွေ ရှိတဲ့ လူစည်ကားတဲ့ ရပ်ကွက်မှာမှာ မနေ့က ဗုံးအတွဲလိုက် ပေါက်ကွဲမှုကြောင့် လူ ၁၁၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရသွားပါတယ်။ ဘိုကိုဟာရမ် သာင်းကျန်းသူ အဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ လုံခြုံရေးအဖွဲ့တွေက ယူဆနေကြပါတယ်။

ရဟန်းသံဃာများ ရွေးကောက်ပွဲတွင် မဲပေးခွင့် အယူအဆများ လွှတ်တော်သို့ တင်သွင်းလာပါက တစည ကန့်ကွက်မည်ဟုဆို

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာများ မဲပေးခွင့် အယူအဆများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာများ လွှတ်တော် ရွေးကောက်ပွဲများတွင် မဲပေးခွင့် ရရှိရေး အယူအဆများ လွှတ်တော်သို့ တင်သွင်းလာပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ကန့်ကွက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက The Voice သို့ ပြောကြား သည်။

မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေး ဂျာမန်ဘဏ် ယူရို ၇ သန်း ကူညီ

မြန်မာနိုင်ငံ ကျေးလက်ဒေသ အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျာမန် ဖွံ့ဖြိုး တိုး တက်ရေး ဘဏ်က မြန်မာ အစိုးရကို ဒေါ်လာ ၉ သန်းခွဲနဲ့ ညီမျှတဲ့ ယူရို ၇ သန်း အကူအညီပေးဖို့ မေလ ၂၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

တောင်ငူ အစာအဆိပ်သင့်မှု ဒီးဒိုအချိုရည် အပါအဝင် အစားအသောက်အားလုံး ဓာတ်ခွဲစစ်မည်

တောင်ငူမြို့နယ် ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးဂေဟာ တွင် ဖြစ် ပွားသော လူ ၇၀ ခန့် အစာ အဆိပ် သင့်မှု အတွက် ဒီးဒိုအချိုရည် အပါအဝင် အစားအသောက် အားလုံးကို ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲ ခန်းသို့ ပေးပို့ စစ်ဆေးမည် ဖြစ်ကြောင်း တောင်ငူ ပြည်သူ့ဆေးရုံကြီး၏ ဒုတိယ ဆေးရုံ အုပ်ကြီး ဒေါက်တာသီတာစိုးက The Voice သို့ ပြောကြားသည်။

" ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မြန်မာပြည်လာမည် "


ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မြန်မာနိင်ငံသို့ လာရောက် မည်ဖြစ် ကြောင်း ၎င်းအား သံတမန်အဖြစ် ခန့်အပ်ထားသည့် Ooredoo ဆက်သွယ် ရေးကုမ္ပဏီက အတည်ပြုခဲ့သည်။

ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေအတွက် သမ္မတအပါအ၀င် ၀န်ကြီး၊ ဒုဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်း လစဉ်လှူမည်

ကျေးလက်နေပြည်သူလူထု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ထူထော င်ရေး ပြည်ထောင်စုအဆင့် ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို လစဉ် အလှူ ငွေထည့်ဝင်ကြရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်း၌ ဂိုးသမား နျူအာနှင့် ဖိလစ်လမ်းတို့ ပါဝင် ကစားမည်

Photo: ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်း၌ ဂိုးသမား နျူအာနှင့် ဖိလစ်လမ်းတို့ ပါဝင် ကစားမည်
Wednesday, May 21, 2014

ဒဏ်ရာ အနည်းငယ်စီ ရရှိထားသော ဘိုင်ယန်မြူးနစ် အသင်းမှ ဂိုးသမား မန်နျူရယ်လ်နျူအာနှင့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်သူ ဖိလစ်လမ်းတို့သည်

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း၌ ပါဝင် ကစားရန် အတွက် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း အသင်းဆရာဝန် Hans-Wilhelm Mueller-Wohlfahrt က မေ ၁၉ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

နျူအာနှင့် ဖိလစ်လမ်း တို့သည် အဆိုပါ ဒဏ်ရာများကို ဒေါ့မွန်နှင့် မေ ၁၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သော ပိုကယ်လ်ဖလား ဗိုလ်လုပွဲစဉ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲစဉ်တွင် ဂိုးသမား နျူအာသည် ညာဘက်ပခုံးတွင် ဒဏ်ရာရရှိခဲ့ပြီး အလားတူ နိုင်ငံအသင်း ခေါင်းဆောင် လမ်းသည် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကစားသမား နှစ်ဦးသည် ဒဏ်ရာ ရရှိထားသော်လည်း South Tyrol ရှိ ၎င်းတို့၏ လေ့ကျင့်ရေး ကွင်းသို့ မေ ၂၁ ရက်တွင် နိုင်ငံအသင်းနှင့် အတူ သွားရောက် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဒဏ်ရာ အနည်းငယ်စီ ရရှိထားသော ဘိုင်ယန်မြူးနစ် အသင်းမှ ဂိုးသမား မန်နျူရယ်လ်နျူအာနှင့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်သူ ဖိလစ်လမ်းတို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း၌ ပါဝင် ကစားရန် အတွက် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း အသင်းဆရာဝန် Hans-Wilhelm Mueller-Wohlfahrt က မေ ၁၉ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်

 Photo: ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်
The Voice Weekly  

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမို ကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြော ကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ စိန်ခေါ်မှု ပိုမိုပြင်းထန်လာ

မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် ၀င်ရောက် လာခြင်းသည် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကြီးမားသည့်စိန်ခေါ်မှုအဖြစ် ရှိနေ သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးသာအေးက မဇ္ဈိမ ကို ပြော သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ယနေ့ (မေ ၂၁) တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင် များက ပြောကြားသည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရန် ပြည်ထောင်စုလွှတ်တော် ကော်မတီဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေး ပြင်ဆင်ရန် တောင်း ဆို ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွား မည် ဖြစ်ကြော င်း ပြည်ထောင်စု လွှတ်တော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော် မတီဝင် ဦးတင်မောင်ဦးက ပြောကြားသည်။

ကျောင်းသားနှင့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် မူလတန်းကျောင်း အုပ် အလုပ်ထုတ်ခံရ

စတုတ္ထတန်း ကျောင်းသားကလေးငယ်အား လိင်တူဆက်ဆံသည်ဟု စွပ်စွဲ ခံထားသော ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊၀က်ထီးကန်မြို့၊ အမက(၁)ရွေကန် သာကျောင်း မှ လုပ်သက် ၂၂ နှစ်ရှိ မူလတန်းကျောင်းအုပ်ကြီး ကို အလုပ် ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ်္ဈိမ ကို ပြောသည်။

မန်းအတွင်း ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ အူရီးဒူးက စိုက်ထူမည်

စနစ်ဖြင့် ပြည်တွင်းဖုန်းခေါ်ဆို စမ်းသပ်မှုကို မေ ၁၉ရက်တွင် စမ်းသပ်ပြသခဲ့ပြီး လိုင်းကတ်များ ကို ရောင်း ချရန် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ ကို မန္တလေးတိုင်းအတွင်းစိုက်ထူသွားမည်ဟု ကုမ္ပဏီမှ နည်းပညာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာတာဝန်ရှိသူဖြစ်သည့် John Farhat က ပြောသည်။

မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်-မှတ်တိုင်-ပေါက်တော လမ်းမကြီး ပြင်ပေးရန် ပြည်ခရိုင် ပေါင်းတည် မြို့ နယ် မှ ဒေသခံ အင်အား ၃,၀၀၀ ကျော်တို့က မေလ ၂၀ ရက်တွင် လမ်းလျှောက် ဆန္ဒပြတောင်းဆို လိုက်သည်။

မကွေးမြို့ ကလေးကစားကွင်းများရှိ အကြွေစေ့ဂိမ်းစက်များတွင် သိန်းရာချီ အရှုံးပေါ်သူများ ရှိလာ

Photo: မကွေးမြို့ ကလေးကစားကွင်းများရှိ အကြွေစေ့ဂိမ်းစက်များတွင် သိန်းရာချီ အရှုံးပေါ်သူများ ရှိလာ 
Wednesday, May 21, 2014 

နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၃ ခုနှစ်အတွက် အဖွံ့ဖြိုးဆုံးမြို့ဆု ပေးအပ်ခံခဲ့ရသည့် မကွေးမြို့ ကလေးကစားကွင်းသုံးခုရှိ အကြွေစေ့ဂိမ်းစက်များတွင် ရက်ပိုင်းအတွင်း သိန်းရာချီ အရှုံးပေါ်သူများရှိလာကြောင်း ကိုယ်တိုင်ကစားခဲ့သူများထံမှ သိရသည်။

မကွေးမြို့ ပြည်တော်သာလမ်း ကောင်းမွန်စင်တာ တတိယထပ်ရှိ Game House ကစားကွင်း၊ သစ္စာလမ်းရှိ ထိန်ထိန်သာကစားကွင်းနှင့် ရန်ကင်းရပ်ရှိ ထူးကစားကွင်းများရှိ အကြွေစေ့ဖြင့် ကစားရသည့် ဂိမ်းစက်များတွင် ကလေးငယ်များမှအစ မိသားစုလိုက်ပါ လုပ်ငန်းတစ်ခုသဖွယ် လာရောက်ကစားလေ့ရှိကြပြီး တစ်နေ့လျှင် ကျပ်သိန်းဆယ်ဂဏန်းအထိ အရှုံးပေါ်သူများ ရှိလာကြောင်း ဒေသခံများက ပြောကြားသည်။

“အစ်မတို့ သားအမိသားအဖသုံးယောက် ကစားတာ သုံးရက်အတွင်း သိန်းတစ်ရာကျော် ကုန်ခဲ့တယ်။ အိမ်ဝိုင်းကိုတောင် ရောင်းလိုက်ရတယ်။ ဒါကလည်း ကိုယ်က သွားကစားလို့ ရှုံးတာပါ။ ဒါပေမဲ့ အရင်နှစ်က အစ်မတူမလေးနာရေးမှာ ဖဲဝိုင်းရှိတယ်ဆိုပြီး လာဖမ်းကြတဲ့အမှုက ခုထိမပြတ်သေးပေမဲ့ ဒီလိုသိန်းနဲ့ချီ ကစားနေတဲ့ စက်တွေကို ဘာလို့ခွင့်ပြုထားလဲဆိုတာ နားမလည်ဘူး” ဟု မကွေးမြို့ ဘူတာရပ် ၃ လမ်းမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ အဆိုပါကစားကွင်း တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းတို့က ကလေးကစားကွင်းအဖြစ် စည်ပင်သာယာခွင့်ပြုမှုနှင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အလောင်းကစားသဘော မသက်ရောက်စေရန် အကြွေစေ့များအား ငွေသားနှင့် ပြန်လဲပေးလေ့မရှိဘဲ ပစ္စည်းများနှင့်သာ လဲလှယ်ပေးလေ့ရှိကြောင်း ပြောကြားခဲ့ကြပြီး ကစားကွင်းများအတွင်း ဓာတ်ပုံရိုက်ခွင့်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြသည်။

“အကြွေစေ့ကို ငွေနဲ့ပေးဝယ်ရတယ်ဆိုတာ ငွေအစား ကူပွန်ထုတ်ပေးတာပါပဲ အလျော်အစားသဘော ပါနေတဲ့အတွက် လောင်းကစားဥပဒေနဲ့ ငြိတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ကိုချပေးထားတဲ့ လိုင်စင်မှာ ဘယ်လိုစည်းကမ်းတွေ ပါမလဲဆိုတာ ရှိတယ်။ လောင်းကစားခွင့်လိုင်စင် ဆိုတာတော့ ကျွန်တော်သိသလောက် ဘယ်မှာမှ ချထားပေးလေ့ မရှိဘူး” ဟု မကွေးမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ မကွေးမြို့နယ် စည်ပင်သာယာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူ တစ်ဦးထံ The Daily Eleven သတင်းစာမှ မေးမြန်းခဲ့ရာ မကွေးမြို့ပေါ်ရှိ ကစားကွင်းများ လိုင်စင်လျှောက်ထားစဉ်က ကလေးကစားကွင်း အဖြစ်သာ ခွင့်ပြုခဲ့ပြီး မည်သည့်စက် အမျိုးအစား မည်မျှပါဝင်မည်ဟု အသေးစိတ် မပါဝင်ခဲ့ကြောင်း ယခုကဲ့သို့ အကြွေစေ့ဂိမ်းစက်များ ပါဝင်ပြီး လောင်းကစားဥပဒေနှင့် ငြိစွန်းမည့် အခြေအနေများ ဖြစ်ပေါ်လာပါက ကစားကွင်းပိုင်ရှင်များတွင် တာဝန်ယူဖြေရှင်းရန် တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

Eleven Media Group 

(မကွေးမြို့ပေါ်ရှိ အကြွေစေ့ဖြင့် ဂိမ်းကစားခြင်း ပြုလုပ်နေသော ကစားကွင်းတစ်ခုအား တွေ့ရစဉ်)
မကွေးမြို့ပေါ်ရှိ အကြွေစေ့ဖြင့် ဂိမ်းကစားခြင်း ပြုလုပ်နေသော ကစားကွင်းတစ်ခုအား တွေ့ရစဉ်
နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၃ ခုနှစ်အတွက် အဖွံ့ဖြိုးဆုံးမြို့ဆု ပေးအပ်ခံခဲ့ရသည့် မကွေးမြို့ ကလေးကစား ကွင်း သုံးခုရှိ အကြွေစေ့ဂိမ်းစက်များတွင် ရက်ပိုင်းအတွင်း သိန်းရာချီ အရှုံးပေါ်သူများရှိလာကြောင်း ကိုယ် တိုင် ကစားခဲ့သူများထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံတော်ကောင်စီဝင် အမျိုးသားကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သော ကိုယ်စားလှယ်နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တရုတ် အလုပ်သမားတွေကို ဖမ်းသူတွေ အရေးယူခံရ

Photo: တရုတ် အလုပ်သမားတွေကို ဖမ်းသူတွေ အရေးယူခံရ
Wednesday, May 21, 2014

လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်မှု၊ တရုတ် ဝန်ထမ်း၂ ယောက်ကို ဖမ်းဆီးခဲ့မှုတို့ အတွက် ဒေသခံ ရွာသား တွေကို အမှုဖွင့် လိုက်ပါတယ်။

ဆည်တည်း ရွာသားတွေနဲ့ ကျောက်ဖြူတိုင် ရွာသားတွေကို အုပ်စု ၂စု ခွဲပြီး ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့် တာဖြစ်ပါတယ်။

ရွာသားတွေ ဖမ်းထားခဲ့တဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ် အလုပ်သမား ၂ ယောက်ကို ပြန်ခေါ်နိုင်ဖို့ မေလ ၁၈ ညက ဇီးတော ကျောင်းတိုက်ကို ဝင်လာတဲ့ ရဲတွေကို ကျောက်ဖြူတိုင် ရွာသား တွေက တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ ပိုင် ဆိုင်ကယ် ၁၂ စီး နဲ့ ကားငါးစီးကို ဖျက်ဆီးခဲ့မှုနဲ့ ကျောက်ဖြူတိုင် ရွာသားတွေကို အမှုဖွင့်ထားတာ ဖြစ်ပြီး ဆည်တည်းရွာက ခေါင်းဆောင် ၅ယောက်နဲ့ ရွာသားတွေ ကိုတော့ တရုတ်ဝန်ထမ်း နှစ်ယောက်ကို ဖမ်းဆီးခဲ့မှုနဲ့ အမှုဖွင့် ထားတယ်လို့ ဆားလင်းကြီး မြို့နယ် စခန်းမှူးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သူတို့အမှုကို ဇွန်လ ၈ ရက်မှာ ရုံးတင်မယ်လို့ ဆိုပေမဲ့ ကာယကံရှင် ရွာသားတွေက သူတို့ကို ဘာပုဒ်မနဲ့ အမှုဖွင့်ထားပြီး ဘယ်နေ့ ရုံးချိန်း လာရမယ်ဆိုတာ အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ညှိနှိုင်း ခဲ့ကြတုန်း ကလည်း မပြောလိုက်ဘူးလို့ အမှုဖွင့်ခံထားရတဲ့ ဆည်းတည်း ရွာသူ မဝင်းဝင်းဌေးက ပြောပါတယ်။

အစိုးရ သတင်းစာတွေ မှာတော့ တရုတ် ဝန်ထမ်း နှစ်ယောက်ကို ဖမ်းထားတဲ့ ကိစ္စအတွက် ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းဖို့ လာတဲ့ ညှိနှိုင်းရေး အဖွဲ့တွေကို ရွာသားတွေက အကြမ်းဖက် တိုက်ခိုက်လို့ ရဲသား နှစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက် ကုနေရတယ်လို့ ဖော်ပြထားပါတယ်။

ရွာသားတွေ ကတော့ တဘက်နဲ့တဘက် အပြန်လှန် ပစ်ခတ်လို့ ထိခိုက်တာ ဖြစ်ပြီး သူတို့ ရွာသားတွေ ဘက်မှာလည်း ဒဏ်ရာ ရသူတွေရှိတယ်လို့ ပြောပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုမှာ ရဲတပ်ဖွဲ့ ဘက်က ရာဘာ ကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ် လူစုခွဲ ခဲ့ရပါတယ်။

နောက်တနေ့ ညနေပိုင်း ရောက်တော့ နှစ်ဘက်ညှိနှိုင်းမှုတွေ အရ တရုတ်ဝန်ထမ်း နှစ်ယောက်ကို ပြန်လွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝမ်ပေါင်က တရုတ် ဝန်ထမ်း ၂ ယောက်ကို ဆည်တည်း ရွာသားတွေ ဖမ်းထားခဲ့စဉ်
ဝမ်ပေါင်က တရုတ် ဝန်ထမ်း ၂ ယောက်ကို ဆည်တည်း ရွာသားတွေ ဖမ်းထားခဲ့စဉ်လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်မှု၊ တရုတ် ဝန်ထမ်း၂ ယောက်ကို ဖမ်း ဆီး ခဲ့မှု တို့ အတွက် ဒေသခံ ရွာသား တွေကို အမှုဖွင့် လိုက်ပါတယ်။