Wednesday 17 September 2014

Than Thar Moe Theint

than thar moe theint with red crystal background

ဒီဇင်ဘာအထိ ၂၄ နာရီ မီးပေးမည်ဟု ရန်ကုန်လျှပ်စစ် ပြော

ရန်ကုန် (မဇ္ဈိမ)။  ကျောက်ဆည် ဓာတ်အားပေးစက်ရုံ မိုးကြိုးပစ်ခံရခြင်းကြောင့် အချိန်ကြာ မီးပြတ်တောက်မှု များ ဖြစ်ခဲ့သော်လည်းပြန်လည်ကောင်းမွန်ပြီ ဖြစ်သည့်အတွက် ရန်ကုန်မြို့ မီးပေးဝေရေးကို ဒီဇင်ဘာအထိ ၂၄ နာရီအ ပြည့် ပြန်လည်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို ပြောသည်။

မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

Photo: မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ
===================================================

မြဝတီ၊ စက်တင်ဘာ ၁၆။

ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျလမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသို့ တပ်နယ်မှ စစ်ဗျူဟာမှူးဦးစီး၍ ခရိုင်အုပ်ချုပ် ရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိ လုံခြုံရေး အဖွဲ့ သွားရောက်စစ်ဆေး၍ ချိန်  ကိုက်မိုင်းဟုယူဆရသည့်အတွက် ဆက်စပ်ပစ္စည်းများအား စိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်မှ နာရီလက်တံ အား ၁၂နာရီအချိန်တွင်ထားရှိပြီး အခြားမိနစ်၊ စက္ကန့်တံများအား ဖြတ် တောက်ထားရှိကြောင်းနှင့် ပင်မယမ်း အုံမှာ အရှည်ခြောက်လက်မ၊ အချင်း နှစ်လက်မ၊ အလေးချိန် ၁ဒသ မ ၈ကီလိုခန့်ရှိ သံပိုက်လုံး တစ်လုံး၊ နှစ်လက်မပတ်လည် လေးထောင့်ပုံ စံ တရုတ်နိုင်ငံလုပ် စားပွဲတင်နာရီ အသေးတစ်လုံး၊ နာရီအတွင်း တိပ် အနီရောင်ဖြင့်ပတ်လျက် ဗဗ ဆိုဒ် ဓာတ်ခဲတစ်လုံး၊ ဗဗ ဆိုဒ် ပန်နာဆိုး နစ်အမျိုးအစား ဓာတ်ခဲလေးလုံးတို့ အား နံနက် ၉နာရီတွင် အချိန်မီရှင်း လင်းဖြုတ်သိမ်းနိုင်ခဲ့သည်။

''မြဝတီမှာ ဒီလိုချိန်ကိုက်မိုင်း တွေတွေ့တာဟာ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ဖန်တီးနေတာလို့ထင် တယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ် ငန်းရှင်တွေ၊ ကုန်သည်တွေ၊ အလုပ် သမားတွေနဲ့ ပြည်သူတွေအားလုံး လုံခြုံရေးသတိအပြည့်နဲ့ နေသင့်  တယ်။ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ် တာတွေရှိရင် တာဝန်ရှိသူတွေကို အမြန်ဆုံးသတင်းပေးပို့ကြဖို့ လို အပ်ပါတယ်''ဟု မြဝတီမြို့မှ မြို့မိ မြို့ဖတစ်ဦးကပြောကြားသည်။

ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက် ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ယခုအခါ ပြည်သူများ အန္တ ရာယ်ကင်းစွာ ပုံမှန်သွားလာလျက် ရှိကြောင်း သိရှိရသည်။

ZMT, TZ(MWD)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။) 
ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျ လမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟု ယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

MPT၏ ညပိုင်းဖုန်းခေါ်ဆိုမှု လျော့ချရာတွင် အခြားအော်ပရေတာသို့ ခေါ်ဆိုမှု မပါဝင်

ရန်ကုန် ၊ မဇ္ဈိမ။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဖုန်းခေါ်ဆိုမှုတွင် ည ၁၁နာရီမှ နံနက် ၇နာရီအတွင်း ခေါ်ဆိုသည့် နှုန်းများကို ထက်ဝက် လျော့ချထားသော်လည်း ယင်းသို့ ကောက်ခံမှုမှာ MPT ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုသာ ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုမှု မပါဝင်ဟု MPT က တရားဝင် ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျော့ချသွားရန် စီစဉ်နေပြီး လျော့ချလိုက်သည့် အချိန်တွင်မူ အခြားအော်ပရေတာများသို့ ခေါ်ဆိုခမှာလည်း ယခုထက် လျော့ကျသွားဖွယ် ရှိနေသည်။

သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်

ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများကတို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေးငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊

တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေဟု တယ်လီနော ပြောကြား


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သော်လည်း ခက်ခဲသည့်အပိုင်းများလည်း ရှိနေကြောင်း၊ ယင်းအနက် တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေကြောင်း Telenor Myanmar ၏ CEO Peter Furberg က စက်တင်ဘာ ၁၆ ရက် နေပြည်တော်၌ ကျင်းပသည့် Myanmar Connect 2014 တွင် ဆွေးနွေးပြောကြားခဲ့သည်။

ဟုမ္မလင်းမြို့နယ် ၌ တရားသူကြီးတစ်ဦး လာဘ်စားမှု ပေါ်ပေါက်၍ အမှုဖွင့် အရေးယူခံရ

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီး တစ်ဦးသည် အမှုသည်များ ထံမှ ပိုက်ဆံ တောင်းခံ ရယူခြင်းနှင့် စားသောက်ဆိုင် များတွင် အစားအသောက် များဖြင့် ကျွေးမွေး ဧည့်ခံခိုင်းခြင်း များ စစ်ဆေး ပေါ်ပေါက်ခဲ့သည့် အတွက် စက်တင်ဘာ ၁၅ ရက်က အမှုဖွင့် အရေးယူ လိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။

တာဝန်ခံရဲသည့် စိတ်ဓာတ်ရှိမှ တာဝန်ယူသင့်သည်

စက်တင်ဘာလ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်းထဲတွင် ကလေးတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ လျှပ်စစ် ဓာတ်စီးဝင်နေသော လမ်းဘေး ဓာတ်မီးတိုင်ကြောင့် ဓာတ်လိုက်သေဆုံးသွားခဲ့ရသည်။ ဇွန်လ ၂၃ ရက်က လှည်းတန်း ပေ ၅၀ လမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။ ဇွန်လ ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးမှုပြီး ဇူလိုင် ၁၅ ရက်ကလည်း လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး သုံးဦး ဓာတ်လိုက်သေဆုံးခဲ့ကြရသည်။
ဆက်တိုက်ဆိုသလို ဓာတ်လိုက်သေဆုံးကြရသည့် ကြေကွဲဖွယ်အဖြစ်အပျက်များမှာ လမ်းဘေးဓာတ်မီးတိုင်များ ဆွေးမြေ့နေမှုနှင့် လျှပ်စ်ဆက်သွယမ်ရေး စနစ်မကျမှုကြောင့် ယခုလို မတော်တဆ ထိခိုက်သေဆုံးကြရသည်မှာ ထင်ရှားလှပါသည်။ ထိုအခါ လူထုက တိုက်ရိုက်တာဝန်အရှိဆုံး လျှပ်စစ်ဌာနကို ဝိုင်းဝန်းဝေဖန် ပြစ်တင်လာကြတော့သည်။ ဝေဖန်ဖြစ်တင်မှုများ ရှိလာသောအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်သူများသည် ကိုယ့်အန္တရာယ်ကို ကိုယ်ကိုယ်တိုင်ရှောင်ကြရန် ပြောဆိုခဲ့၏။

Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး

Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကွန်ရက်တွင် အင်တာနက် စနစ်ပေးအပ်ရန် မြန်မာဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် ဆွေးနွေးနေကြောင်း Telenor ၏ CEO ဖြစ်သူ Mr.Petter ကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် Gateway ပိုင်ဆိုင်သော အော်ပရေတာသည် မြန်မာနိုင်ငံ၌ MPT တစ်ခုသာရှိပြီး အဆိုပါ MPT Gateway ထံမှာ အင်တာနက် အသုံးပြုနိုင်သော Bandwidth ကို Telenor က ရယူ အသုံးပြုရန် ဆွေးနွေးနေခြင်းဖြစ်သည်။

အယ်လ်ခိုင်ဒါနှင့် ပတ်သက်၍ သတင်း အချက်အလက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မရသေး

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံကို တိုက်ခိုက်ရန် ခြိမ်းခြောက်ထားသည့် အယ်လ်ခိုင်ဒါ၏ သတင်း အချက်အလက်များကို အင်တာပိုထံမှ တောင်းခံထားသော်လည်း မရရှိသေးဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန ရဲမှူးကြီး အောင်ဌေးမြင့်က စက် တင်ဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။
“အကြမ်းဖက်မယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို အင်တာပိုကနေတောင်းထားတယ်။ လှုပ်ရှားတဲ့ သတင်းအ ချက်အလက်တွေပါ။ မနေ့ကထိ တောင်းခဲ့ပါသေးတယ်၊ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အယ်လ်ခိုင်ဒါသည် အိန္ဒိယတိုက်တွင် ဂိုဏ်းခွဲဖွင့်ကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆောင်ရွက် သွားမည်ဟု စက်တင်ဘာ ၃ ရက်က အတိအလင်း ကြေညာထားခြင်းဖြစ်သည်။

အီဘိုလာ နှိမ်နင်းဖို့ ဒေါ်လာ တစ်ဘီလီယံလိုအပ်



အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​နှိမ်နင်းဖို့အတွက် ​အမေရိကန် ​ဒေါ်လာ ​သန်းတစ်ထောင် ​ဒါမှမဟုတ် ​၁ ​ဘီလီယံနီးပါး ​လိုအပ်မယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။အခုဆိုရင် ​အဆိုးဝါးဆုံး ​ဗိုင်းရပ်စ်ပိုး ​ကူး ​စက် ​မှု ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၂၅၀၀ ​နီးပါး ​ရှိနေပါပြီ။

သေဆုံးသူ ​ဦးရေဟာ ​နှစ်ပါတ်အတွင်း ​နှစ်ဆလောက် ​တိုးလာနေတာဖြစ်ပြီး ​ဒီနှစ်ကုန်ပိုင်းအထိ ​ဆိုရင် ​လူပေါင်း ​နှစ်သောင်းအထိ ​ကူးစက်ခံရနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။

ရဲကိုယ်တိုင် ယာဉ်လိုင်စင်အတုပြုလုပ်ဟုဆိုကာ တိုင်တန်း

နတ်မောက် (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အထက်တန်းရှေ့နေတစ်ဦးနှင့် ဒုရဲအုပ် တစ်ဦးတို့ ပူးပေါင်းကာ ငွေကြေးရယူ၍ မော်တော်ယာဉ်လိုင်စင် အတုပြုလုပ်ပေးသည်ဟုဆိုကာ တိုင်တန်းမှု တစ်ခု လက်ခံရရှိထားသည် ဟု နတ်မောက် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်ကို က ပြောသည်။
နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းမှ ဒုတိယရဲအုပ်တစ်ဦးနှင့် အထက်တန်း ရှေ့နေတစ်ဦးတို့က
ယာဉ်တိုက်မှုဖြင့် စိုင်းကောင်းရဲစခန်းတွင် သိမ်းယူခံထားရသော ဦးပေါ်အေး၏ လိုင်စင်မဲ့ကားကို

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

Photo: KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင်အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မိထုံထုယော် ဒဏ်ရာက တော်တော်ပြင်းတယ်၊ အသက်တောင် ရှင်ပါ့မလား မသိဘူး၊ ထန်းခေါင်ကတော့ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး၊ ဆေးမြီးတိုနဲ့ ကုနေတာ မသက်သာလို့ မြို့ဆေးရုံ သွားပြီ ” ဟု ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိဒဏ်ရာများအား ကချင်ဆေးမြီးတိုများဖြင့် ကုသခဲ့ပြီး သက်သာခြင်းမရှိသဖြင့် မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘောက်နော်နှင့် ဆက်သွယ်၍ ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူရန် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ ရွာနီးချုပ်စပ်မှာတောင် မိုင်းက ထကွဲနေတော့ ဝေးဝေးမသွားရဲကြတော့ဘူး၊ မိုင်းအဟောင်းတွေ ဖြစ်မယ်လို့တော့ ထင်တယ်၊ အဲဒီမိုင်းတွေကို KIA အဖွဲ့က ပြန်မဖော်ပေးတော့ ရွာသူရွာသားတွေအတွက် စိတ်မချရဘူးပေါ့ ၊ ဒီဒေသမှာ အဲဒီအန္တရာယ်ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ပါဘူး” ဟု ဒေသခံ ဦးဘောက်နန်က ဆိုသည်။

ယင်းကျေးရွာနေ ရွာသူရွာသား (၁၆) ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ ကျေးရွာဝန်းကျင်တစ်ဝိုက် လမ်းဘေးဝဲ/ယာ ခြုံများ ခုတ်ထွင် ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မိုင်
 ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင် အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ မှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည့်သူခေတ်ဂျာနယ်ရပ်ပြီး ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်ထုတ်မည်

Photo: ပြည့်သူခေတ်ဂျာနယ်ရပ်ပြီး ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်ထုတ်မည်
Wednesday, September 17, 2014

ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးအသားပေးဂျာနယ်ဖြစ်ပြီး ထုတ်ဝေခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ်သည်။ (ဓာတ်ပုံ - နစ်ကီ) 
မျက်မှောက် မြန်မာ့ နိုင်ငံရေးနှင့် စာပေရေးရာများကို ဦးတည်ဖော်ပြလေ့ရှိသည့် ပြည်သူ့ခေတ်ဂျာနယ်ကို ကနဦး တည်ထောင်သူ အယ်ဒီတာအဖွဲ့ဝင်ခြောက်ဦးက ထုတ်ဝေရေး ဆိုင်ရာအခက်အခဲ တစ်ရပ်ကြောင့် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ဘဲ ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်တစ်စောင် ထုတ်ဝေမည်ဖြစ်ကြောင်း အယ်ဒီတာအဖွဲ့ဝင်များထံမှ သတင်းရရှိသည်။

‘‘တခြားပြဿနာ မရှိပါဘူး။ ထုတ်ဝေခွင့်ဆက်ခံသူက ဆက် မထုတ်ချင်ဘူး ဆိုလို့ ကျွန်တော် တို့က ပြည်သူ့အရေးဆိုတဲ့ နာ မည်နဲ့ ဂျာနယ်တစ်စောင်ကို ပြည် သူ့ခေတ်အယ်ဒီတာအဖွဲ့ရဲ့ရပ် တည်ချက်မူဝါဒအတိုင်း အမြန် ဆုံးထွက်ဖို့ စီစဉ်နေပါပြီ’’ ဟု ပြည်သူ့ခေတ်၏ ယခင်အတိုင်ပင် ခံ အယ်ဒီတာ စာရေးဆရာဖေမြင့် က ပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး စာရေးဆရာမောင်ဝံသ၊ ဆရာဖေမြင့်၊ စာပေလောက ဦးမျိုးညွန့်၊ ကိုရဲ၊၀င်းချို၊ ဆရာအာသာတို့ ခုနစ်ဦးစပ်တူပူးပေါင်း  လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ကို ဆရာမောင်ဝံသအမည်ဖြင့် မှတ်ပုံတင်ထားပြီး ဆရာမောင်ဝံသ ကွယ်လွန်ချိန်တွင် မိသားစုက ဆက်ခံလုပ်ကိုင်နေခြင်းဖြစ်သည်။

‘‘ပြည်သူ့အရေးကတော့ အ ရင်ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့ ရဲ့ မူဝါဒအတိုင်းပဲ ဆက်သွားမှာ။ လက်ရှိ နိုင်ငံရေး အခင်းအကျင်း  အရ ပြောင်းတန်သရွေ့ပြောင်း တာလည်း ရှိကောင်းရှိမယ်။ နှစ် ရှည်လများလုပ်ကိုင်ခဲ့တဲ့ ပြည်သူ့ ခေတ်ကို ဆက်မလုပ်တော့တာကို တော့ တကယ်စိတ်မကောင်း ဖြစ် မိတယ်’’ ဟု ဆရာဖေမြင့်က  ပြောကြားသည်။

‘‘ထုတ်ဝေသူကို ဆက်ခံသူ က ကိုယ်တိုင်လုပ်ချင်တဲ့ သဘော ပါ။ တခြားဘာမှ ထွေထွေထူးထူးမရှိပါဘူး’’ဟု ဒုတိယအယ်ဒီတာချုပ် ဦးမျိုးညွန့်က ဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆက်ခံထုတ်ဝေသူများက ယခုနှစ်ဒီဇင်ဘာ လဆန်းတွင် ပြန်လည်ထွက်ရှိရန် လုပ်ကိုင်မည်ဖြစ်ကြောင်း စာပေအသိုင်း အ၀ိုင်းကဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်သည်  ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီ အကူးအပြောင်း ကာလမစတင်မီတွင် နိုင်ငံရေးဦးစားပေး ဂျာနယ် တစ်စောင် အဖြစ်  ထွက်ရှိလာခြင်းဖြစ်ပြီး မျက်မှောက်ရေးရာ ဆောင်းပါးများကြောင့် အောင်မြင်မှု ဆုပ်ကိုင်ထားသည့် ဂျာနယ်တစ်စောင် ဖြစ်သည်။

7Day DAILY
ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးအသားပေးဂျာနယ်ဖြစ်ပြီး ထုတ်ဝေခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ် သည်။

ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ

Photo: ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ
Wednesday, September 17, 2014

စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက်ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်းကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။

ထို့အတူပင် အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း မကြာသေးမီနှစ်များက နိုင်ငံခြားရေးမူဝါဒ ပစ်ပယ်လျစ်လျူရှုခဲ့မှုများအတွက် ဆုံးရှုံးသွားသော ရပ်တည်မှု ပြန်လည်ရရှိနိုင်မှသာလျှင် အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေး ရေရှည်တည်မြဲသော မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်နိုင်ပါလိမ့်မည်။ ယင်းအတွက် အကောင်းဆုံး အမေရိကန်ဦးဆောင်မှုဟု သမ္မတက ခေါ်ဝေါ်သောကိစ္စမှာ အကြမ်းဖက်တိုက်ပွဲလည်းဖြစ်သလို အမေရိကန်၏အင်အားအပေါ် သံသယရှိသူများကို ပြန်လည်ထိုးနှက်မှုလည်းဖြစ်သည်။

အိုဘားမားချပြသော အစီအစဉ်မှာ အိုင်အက်စ်အဖွဲ့ကို စစ်ရေး၊ ဘဏ္ဍာရေးနှင့် အတွေးအခေါ် သဘောတရားရေးရာများ ဆုတ်ယုတ်စေပြီး နောက်ဆုံး၌ ဖျက်ဆီးပစ်ရေး တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၏ အတည်ပြုချက်မရရှိလျှင်ပင် (မကြာသေးမီကပင် ရုရှားနိုင်ငံက ယင်းအချက်အပေါ် သတိပေးထားသည်) အာရပ်နှင့် မွတ်စလင်နိုင်ငံများ၏ ထောက်ခံမှုဖြင့် မဟာမိတ်အဖွဲ့မှာ ဥပဒေအရ ဘောင်ဝင်သွားနိုင်မည် ဖြစ်သည်။

အမေရိကန်က အိုင်အက်စ်အဖွဲ့ကို အီရတ်နိုင်ငံ၌ လေကြောင်းမှ တိုက်ခိုက်သွားမည်ဖြစ်ကာ လိုအပ်ပါက ဆီးရီးယားနိုင်ငံကိုပါ တိုက်ခိုက်မည်ဖြစ်သည်။ အမေရိကန်က ကာ့ဒ်တပ်ဖွဲ့များအား ကူညီပေးပြီး အီရတ်စစ်တပ်ကိုလည်း အင်အားဖြည့်တင်းပေးသွားမည်ဖြစ်သည်။ အီရတ်စစ်တပ်မှာလည်း ရှီးယားလိုလားသော ဘက်လိုက်မှုများနှင့် အိုင်အက်စ်အဖွဲ့ကို ရှုံးနိမ့်မှုများကြောင့် အထိနာနေပြီဖြစ်သည်။ ထို့အပြင် မဟာမိတ်အဖွဲ့က ဆီးရီးယားရှိ အယူဝါဒ အလယ်အလတ် သူပုန်တပ်ဖွဲ့များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ယခုရက်ပိုင်းမှာပင် ယင်းတပ်ဖွဲ့များအား လေ့ကျင့်ပေးရေးစခန်းများကို ၎င်းတို့ပိုင်နက်အတွင်း လက်သင့်ခံမည်ဟု ဆော်ဒီအာရေးဗီးယားနိုင်ငံက သဘောတူခဲ့သည်။ ယင်းတွင် အမေရိကန်မရိန်းတပ်ဖွဲ့များ ပါဝင်လိမ့်မည်မဟုတ်သော်လည်း အမေရိကန်အထူးတပ်ဖွဲ့များနှင့် စစ်ဘက်လေ့ကျင့်ရေးမှူးများ၏ကဏ္ဍ ကြီးမားစွာပါဝင်ပါမည်။

အီရတ်နိုင်ငံမှာ လွတ်လပ်တည်ငြိမ်ပြီး မိမိကိုယ်ကိုယ် အားကိုးနိုင်သောနိုင်ငံဟု အတိတ်ကာလတွင် အိုဘားမားက မှားယွင်းစွာအကဲဖြတ်ခဲ့ပြီး အိုင်အက်စ်အဖွဲ့ထံမှ ခြိမ်းခြောက်မှုကိုလည်း လျှော့တွက်ထားခဲ့သည်။ ဘာရှားအာဆတ်ကို ဆန့်ကျင်သော အုံကြွမှုကြောင့်လည်း ယင်းအဖွဲ့ကို ပေါက်ဖွားခွင့်ပေးခဲ့သည်။ ယင်းမှထွက်ပေါ်လာသော အကျိုးဆက်တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်အက်စ်အဖွဲ့မှာ အရှေ့အလယ်ပိုင်းဒေသကို တစ်စစီဆုတ်ဖြဲပစ်နေသည်။ ဆီးရီးယားဒေသ အများအပြားကို သိမ်းပိုက်ထားကာ ဆွန်နီတို့အပေါ် ဆွဲဆောင်မှုရှိလာခြင်းနှင့်အတူ အိမ်နီးချင်းအီရတ်နိုင်ငံကို ဖျက်ဆီးပစ်နေသည်။ အထိန်းအချုပ်မဲ့လွှတ်ထားခဲ့ပါက ယင်းအဖွဲ့လှုပ်ရှားမှုမှာ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံတို့သို့ ဆက်လက်ရောက်ရှိပြီး နောက်ဆုံးတွင် အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်ဒေသများရှိရာ ဒေသနှင့် ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သူ ဆော်ဒီအာရေးဗီးယားနိုင်ငံအထိပင် ရောက်ရှိသွားနိုင်သည်။

ယင်းအဖွဲ့၏ လမ်းကြောင်းပေါ် ကျွံသွားသော အနောက်နိုင်ငံသားများအတွက် အိုင်အက်စ်အဖွဲ့မှ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကာ အနောက်တိုင်းမှ ဂျီဟတ်ဆင်နွှဲလိုသူများ မိခင်နိုင်ငံပြန်လာပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်သော အန္တရာယ်လည်း ရှိနေသည်။

သူ့အစီအစဉ် အောင်မြင်နိုင်ကြောင်း ထင်မြင်ရန် အိုဘားမားတွင် အကြောင်းပြချက်များစွာ ရှိသည်။ အမေရိကန်လူထု၏ ထင်မြင်ချက်မှာ အရှေ့အလယ်ပိုင်း၏ ဒုက္ခသုက္ခများဆီ ပြန်သွားရေးဆန့်ကျင်ဘက်၌ ရှိနေတတ်သည်။ သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံသားနှစ်ဦးကို ခေါင်းဖြတ်မှုအပြီးတွင် ပြည်သူများက အမေရိကန်ကြားဝင်မှုကို ထောက်ခံလာကြသည်။ ထိုနည်းတူစွာပင် မွတ်စလင်နိုင်ငံများလည်း အိုင်အက်စ်အဖွဲ့တွင် ကြောက်ရွံ့စရာတစ်စုံတစ်ခု တွေ့မြင်ရပြီး ယင်းအဖွဲ့ကိုရပ်တန့်ရန် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်နိုင်ငံကသာ စည်းရုံးနိုင်သည်ကို အသိအမှတ်ပြုလာကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက လှုံ့ဆော်ခဲ့ရာ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားတို့၏ ထောက်ခံမှုကတိက၀တ်များ ရရှိခဲ့သည်။

အိုင်အက်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အိုဘားမားက နိုင်ငံတော်သို့ မိန့်ခွန်းမပြောမီ အထက်၊ အောက်လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၎င်း၏အစီအစဉ်ကို တင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်အတွက် လွှတ်တော်၏အတည်ပြုမှု လိုအပ်မည် မဟုတ်ဟုလည်း ဒုတိယမြောက် သမ္မတသက်တမ်းတာဝန် ထမ်းဆောင်နေသော အိုဘားမားက ပြောကြားသည်။ နောက်တစ်နေ့တွင်မူ အမေရိကန်အောက်လွှတ်တော် ရီပက်ဘလေကန်ခေါင်းဆောင် ဂျွန်ဘိုးနာက အိုဘားမား၏အစီအစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် သမ္မတအိုဘားမားအနေဖြင့် ၎င်း၏ မဟာဗျူဟာအသေးစိတ်ကို တင်ပြရမည်ဟုလည်း ပြောကြားသည်။

အိုဘားမား၏တာဝန်မှာ ခက်ခဲမှုများ ရှိသည်။ ၎င်းအနေဖြင့် အာရပ်နိုင်ငံများထံမှ ကျယ်ပြန့်သောထောက်ခံမှုရရန် လိုအပ်သည်။ အိုင်အက်စ်အဖွဲ့ကို အီရတ်နှင့် ဆီးရီးယားတွင်လည်း ချိုးနှိမ်ရန်လိုအပ်သည်။ သို့မဟုတ်ပါက ခိုလှုံစရာနေရာများရရှိပြီး ပြန်လူစုနိုင်သည်။ အီရတ်အစိုးရအနေဖြင့် အိုင်အက်စ်အဖွဲ့နှင့်အတူ တိုက်ခိုက်နေသော ဆွန်နီများကို ခွဲထုတ်၍ အားနည်းအောင် လုပ်ရပါမည်။ သို့သော် အီရတ်တွင် ၀န်ကြီးချုပ်သစ်အယ်လ်အဘာဒီ ဦးဆောင်သော အစိုးရအဖွဲ့၌ မည်ကာမတ္တ ဆွန်နီကိုယ်စားပြုမှုသာ ပါဝင်သည်။

ဆီးရီးယားအတွက် စိတ်ကူးမှာ အာဆတ်ကို ဆန့်ကျင်နေသော အဖွဲ့များထဲမှ အလွန်အစွန်းမရောက်သူများကို အင်အားဖြည့်တင်းပေးပြီး ၎င်းတို့အနေဖြင့် အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရန် လိုအပ်ပုံကို သဘောပေါက်ရေးဖြစ်သည်။ သို့သော် ယင်းအလယ်အလတ်အဖွဲ့များကို ထူထောင်ရေးမှာ အားနည်းနေပြီး ၎င်းတို့မှာလည်း အိုင်အက်စ်အဖွဲ့နှင့် အာဆတ်ကို ယှဉ်နိုင်မည့်သူများဖြစ်လာမည်လားဆိုသည်မှာ မသေချာသေးပေ။

ယင်းအတွက် အိုဘားမားမှ အချိန်လိုအပ်သည်။ တစ်ဖက်တွင် အိုင်အက်စ်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုများမှာ အယူအဆ အပြင်းဆုံးအဖွဲ့များမှလွဲ၍ ကျန်အဖွဲ့များကြား လူကြိုက်များမှုမရှိ၍ အိုဘားမားအတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ သို့သော် စိတ်ရှည်သည်းခံမှုမှာ အမေရိကန်နိုင်ငံရေး၏ ကောင်းကွက်အဖြစ် ရှိမနေပါက အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရေးဂိုဏ်းဖွဲ့နေသော နိုင်ငံများကြားတွင်လည်း မူလကပင် ကွဲပြားမှုများရှိနေပြီး ယာယီအကျိုးစီးပွားအတွက် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ရာ အနှေးနှင့်အမြန်ဆိုသလို ပြိုင်ဆိုင်မှုများ ခေါင်းပြန်ထောင်လာနိုင်သည်။ မဟာမိတ်အဖွဲ့ အားနည်းသွားလျှင် လုပ်ငန်းစဉ်တစ်ခုလုံး အရှိန်လျော့ကျသွားမည် ဖြစ်သည်။

အောင်မြင်မှုအတွက် အကြီးမားဆုံး အခွင့်အရေးရရန် မည်သည့်မဟာမိတ်အဖွဲ့မဆို ရေရှည်တည်မြဲရမည်ဖြစ်သည်။ ယင်းအတွက် အိုဘားမားမှာ ၎င်း၏သမ္မတသက်တမ်း၌ ချို့ငဲ့နေသော ကိုယ်တိုင်ပါဝင်ကပြရမည့် သံတမန်ရေး ရေရှည်ထိန်းသိမ်းမှုအပေါ် စိတ်ပိုင်းဖြတ်မှု ပြသရပါမည်။

Ref: Economist/Reuters/ BBC
7Day Daily 
 စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက် ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသ ကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်းကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။

ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှု မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေး

ဘန်ကောက်- ထိုင်းနိုင်ငံတောင် ပိုင်း ခိုတောင်းကျွန်းပေါ်တွင် ဗြိ တိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအမျိုးသားလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃ မြို့တွင် မြို့သစ်များ တိုးချဲ့မည်

Photo: မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃ မြို့တွင် မြို့သစ်များ တိုးချဲ့မည်
Wednesday, September 17, 2014

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့တွင် အထပ်မြင့်အဆောက် အအုံများ ပါဝင်တည်ဆောက်မည့် မြို့သစ်  စီမံကိန်းများ တိုးချဲ့အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ လက် အောက်ရှိ မန္တလေးခရိုင် ငါးမြို့ နယ်မှလွဲ၍ တိုင်းဒေသကြီးအ တွင်းရှိ အခြားမြို့များအားလုံးတွင်မြို့သစ် တိုးချဲ့မည့် မြို့ပြစီမံကိန်း များ အကောင်အထည်ဖော်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေ သကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့အတွက် ရေးဆွဲထားသည့် မြို့ပြ စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒသမပုံမှန်အစည်းအဝေးသို့ တင် ပြသည်။

မြို့နယ် မြို့ပြစီမံကိန်းများ ကို လူဦးရေတိုးတက်မှုနှုန်း ၁ဒသမ၁ရာခိုင်နှုန်းပေါ် အခြေခံကာ မြို့ များအလိုက် ယနေ့ရှိနေသည့် လူ ဦးရေနှင့် နောင်နှစ်သုံးဆယ်အ တွင်း တိုးပွားလူဦးရေကို တွက် ချက်ကာ တိုးတက်လာသည့်လူဦးရေများ အဆင့်မီနေထိုင်နိုင်ရေး မြေယာအသုံးချမှုအဆင်ပြေရေး တို့အတွက် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသည့် မြို့ပြ စီမံကိန်းများအရ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်ဦးလွင်စသည့် မန္တလေး မြို့နှင့် မြို့နယ်နိမိတ်ချင်းထိစပ် နေသည့် မြို့များအပါအ၀င် တိုင်း ဒေသကြီးအတွင်းရှိ မြို့များအား လုံးတွင် မြို့သစ်များတိုးချဲ့ခြင်း၊ တိုးချဲ့မြို့သစ်များတွင် လေးခန်း တွဲ လေးထပ်မြင့်အဆောက်အအုံ များ တည်ဆောက်ခြင်း၊ အုပ်ချုပ် ရေးဆိုင်ရာ ရုံများဆောက်လုပ် ခြင်းနှင့် ကစားကွင်းများ၊ ပန်းခြံ များဆောက်လုပ်ခြင်းတို့ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လျာထားသည့် မြေနေရာများမှာ ကောင်းမွန်သင့် တော်သော်လည်း ၎င်းစီမံကိန်းမြေ နေရာများတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ မြေနေရာများ၊ ၀ယ်ယူ နေထိုင်မှုကြောင့် စီမံကိန်း အ ကောင်အထည်ဖော်ရန် နှောင့် နှေးခြင်းများ၊ အခက်တွေ့ခြင်း များ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများအား အလျင်အမြန် အကောင်အထည်ဖော်ဆောင် ရွက်သင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး  လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

မြို့ပြစီမံကိန်းသတင်းများ ကြောင့် မြေကြိုတင်ဝယ်ယူစု ဆောင်းသူများရရှိနိုင်ကာ မြေဈေး များမြင့်တက်လာနိုင်သည်ဟု ကြို တင် ခန့်မှန်းမှုများလည်း ရှိနေ သည်။ မြို့ပြစီမံကိန်းများ အ ကောင်အထည်ဖော်ရန် လျာထား စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးလွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်မှ မှတ်တမ်းတင်ထား မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

7Day DAILY

မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်သော မန္တလေးမြို့ကိုတွေ့ရစဉ်။ မန္တလေးမြို့နှင့်ဆက်စပ်လျက်ရှိသော မြို့အများစုတွင် မြို့သစ်များ တိုးချဲ့တည် ဆောက် ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်သော မန္တလေးမြို့ကိုတွေ့ရစဉ်။ မန္တလေးမြို့နှင့် ဆက်စပ် လျက်ရှိသော မြို့အများစုတွင် မြို့သစ်များ တိုးချဲ့တည် ဆောက် ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့တွင် အထပ်မြင့်အဆောက်အအုံများ ပါဝင် တည်ဆောက် မည့် မြို့သစ်  စီမံကိန်းများ တိုးချဲ့အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိ သည်။

မလေးရှားရှိ မြန်မာများ အကြမ်းဖက်ခံနေရမှုအပေါ် တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မလေးရှားလွှတ်တော် ဥက္ကဋ္ဌထံ သ၀ဏ်လွှာပို့မည်

 မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံနေရမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ မလေးရှားလွှတ်တော်ဥက္ကဋ္ဌသို့ သ၀ဏ်လွှာ ပေးပို့ကာ မလေးရှားတည်ဆဲ ဥပဒေများနှင့်အညီ မြန်မာနိုင်ငံ သားများအား အကာအကွယ်ပေး ရေးအတွက် အရေးဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံခရီးသွားဖိုရမ်သို့ ခရီးသွားကုမ္ပဏီ ငါးရာကျော်တက်မည်

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်၌ ပြခန်းသုံးရာကျော် ပြသသွား မည်ဖြစ်ပြီး ခရီးစဉ် ဒေသများဝယ်ယူမည့် နိုင်ငံပေါင်း ၆၀ နီးပါးမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ငါးရာကျော် တက် ရောက်ရန် စာရင်းပေးထား ကြောင်း ဟိုတယ်/ခရီးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစတင်မည်

Photo: ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစတင်မည်
Wednesday, September 17, 2014

မူးယစ်ဆေး စွဲသူများအ တွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု ရရှိစေရေး (One Stop Shop) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီနှစ်အတွင်းမှာ လုပ်နေပါ ပြီ။ ဆေးစွဲလူနာတွေ ဆေးကုသ ရေးဌာနကို လာတဲ့အခါမှာ အ ဆင်ပြေစေဖို့၊ လိုအပ်တဲ့ ၀န် ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး တော့ ဒီစီမံချက်ကို လုပ်ရခြင်းဖြစ် ပါတယ်’’ဟု ရန်ကုန်တိုင်းကျန်းမာ ရေးဦးစီးမှူး ဒေါက်တာအေးကိုကို က ပြောသည်။

ရှေ့ပြေးစီမံကိန်းအနေဖြင့် မက်သာဒုန်းဆေးရည် တိုက် ကျွေးရေးဌာန ခုနစ်ခု၌ ဆောင် ရွက်မည်ဖြစ်သည်။ မူးယစ်ဆေး ၀ါးသွေးကြောတွင် ထိုးသွင်းသူ များအနေဖြင့် မက်သာဒုန်းဆေး ရည်သောက်သုံးရေးတစ်ခုတည်း သာ မက မိမိဆန္ဒအလျောက် သွေး စစ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာ ပေးခြင်း၊ စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှု များ၊ အေအာတီနှင့် တီဘီရောဂါ ဆေးများ ရရှိခြင်း၊ အိပ်ချိအိုင်ဗီ ပိုးနှင့် အသည်းရောင် အသားဝါ ပိုးများ ကာကွယ်ကုသရေး စသော ၀န်ဆောင်မှုများကို ခံစား ရမည် ဖြစ်သည်။

ယခုစီမံကိန်းကို ကျန်းမာ ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Burnet Institute တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။ ယင်းဝန်ဆောင် မှုလုပ်ငန်းများ စတင်မည့်နေရာ ခုနစ်ခုမှာ မင်္ဂလာဒုံဆေးရုံ၊ အနောက်တိုင်းဆေးရုံ၊ သန်လျင် ဆေးရုံ၊ အရှေ့ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် သင်္ဃန်းကျွန်းဆေး ရုံတို့ ဖြစ်သည်။

ယခုကဲ့သို့ တစ်နေရာတည်း၌ ကျန်းမာရေးစောင့်ရှောက်မှု ပေး နိုင်ရေးစနစ် (One Stop Shop) ကို ကျင့်သုံးမည်ဆိုခြင်းသည် မူးယစ်ဆေးစွဲဝေဒနာရှင်များအ တွက် ပိုမိုကောင်းမွန်သော်လည်း ဆေးရုံ၏လုံခြုံရေးအခြေအနေ ပိုင်း၌မူ အခက်အခဲများကြုံတွေ့ နိုင်ခြင်းကြောင့် အဆိုပါ အချက် ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း သင်္ဃန်းကျွန်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်းက ဆိုသည်။

‘‘ဆေးလာသောက်တဲ့သူ တွေက လူနာဆောင်ထဲဝင်ပြီး ဆေးဝင်ထိုးတယ်။ လူနာတွေနဲ့ ၀န်ထမ်းအင်အားမမျှဘူး ဖြစ်နေ တယ်။ ဒီစနစ်လုပ်ရင် အင်မတန် ကောင်းတယ်။ ဒါပေမဲ့ လုံခြုံရေး ကို သေချာလုပ်ပေးနိုင်မှသာ ဆေးရုံက အခက်အခဲမရှိ ၀န်ဆောင် နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကုဌာနပေါင်း ၇၃ ခုရှိပြီး မက်သာဒုန်း အစားထိုးဆေးရည် တိုက်ကျွေးရေးဌာနပေါင်း ၃၅ ခုရှိကာ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မူးယစ် ဆေး အကြောတွင်းထိုးသွင်းသူ ပေါင်း ၆၈၆၃ ဦးအား မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

7Day DAILY

ဝေဘာဂီဆေးရုံ(ဓာတ်ပုံ − ကျော်ဇင်သန်း)
ဝေဘာဂီဆေးရုံ(ဓာတ်ပုံ − ကျော်ဇင်သန်း)
မူးယစ်ဆေး စွဲသူများအ တွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု ရရှိစေရေး (One Stop Shop) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။