Tuesday 16 September 2014

ဖေဖော်ဝါရီဆယ့်လေးကဗျာမျိုးတွေ စောဝေ ဘာ့ကြောင့် မရေးချင်တော့တာလဲ

Photo: ဖေဖော်ဝါရီဆယ့်လေးကဗျာမျိုးတွေ စောဝေ ဘာ့ကြောင့် မရေးချင်တော့တာလဲ
Tuesday, September 16, 2014

အာနာရူးကြီးမှူးကြီးသန်းရွှေဆိုတဲ့ ထိပ်ဆုံးစကားလုံးတွေပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေးကဗျာ ရေးသားခဲ့တဲ့ ကဗျာဆရာစောဝေကတော့ လာမယ့် Valentine Day မှာတော့ ဒီလိုကဗျာမျိုး မရေးချင်တော့ဘူးလို့ ပြောပါတယ်။ စောဝေက ဘယ်အကြောင်းအရာကိုပဲ ရေးချင်နေတာလဲ။

“ဖေဖော်ဝါရီဆယ့်လေး ထပ်မရေးချင်တော့ပါဘူး။ ထပ်ရေးချင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အခုလည်း တွေ့နေရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီ
ဆယ့်လေးကဗျာထဲက အာနာရူးကြီးမှူးကြီးသန်းရွှေလို ကဗျာမျိုး မရေးပါရစေနဲ့။ ရေးလည်း မရေးချင်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွင့်လင်းမြင်သာပြီးတော့ လူသားအချင်းချင်း အသားအရောင် ဘာသာမခွဲ လူမျိုးမခွဲဘဲ ငြိမ်းချမ်းတဲ့
တိုင်းပြည်ဖြစ်တဲ့ ကဗျာမျိုးကိုပဲ ရေးပါရစေ”လို့ စောဝေက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။

အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စောဝေရဲ့ ဖေဖော်ဝါရီဆယ့်လေး ကဗျာကြောင့် စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရပြီး လူသိများခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း စောဝေတစ်ယောက် ဘာတွေရေးနေလဲ။

“ကျနော့်သမီးတွေလည်း အရွယ်ရောက်လာပြီဆိုတော့ ဒီခေတ်အမျိုးသမီးတွေ
ဘက်ကနေ ခံစားရေးဖွဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဒီရက်ပိုင်းအတွင်းမှာ ရေးဖြစ်
ပါတယ်။ ဒီကဗျာကို တိတ်တခိုးလို့ နာမည်ပေးထားပါတယ်။ 

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာနဲ့ ခေါင်းစဉ်တူတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကဗျာရဲ့အကြောင်းအရာကတော့ ကွဲပြားခြားနားမှာပါ”လို့ ဆိုပါတယ်။
ကဗျာဆရာ စောဝေဟာ လူချစ်လူခင်ပေါများသူဖြစ်ပေမယ့် နာမည်ကြီးသူတွေ
ကို သူငယ်ချင်းတော်ရကောင်းလားဆိုပြီး မောင်သာချိုက မြားနတ်မောင်မဂ္ဂဇင်း
ကနေ ထိုးနှက်ရေးသားဖူးပါတယ်။ 

ဒါပေမယ့် သူရဲ့ဖေဖော်ဝါရီဆယ့်လေးကဗျာနဲ့ သူ့သမိုင်းကိုသူ လှအောင်ရေးပြီး သူ့ရဲ့ပင်ကျရည်ကဗျာတွေဟာ လူထုကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

(ရွှေညာခိုင်စိုး)
Kamayut Media
အာနာရူးကြီးမှူးကြီးသန်းရွှေဆိုတဲ့ ထိပ်ဆုံးစကားလုံးတွေပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေးကဗျာ ရေးသားခဲ့တဲ့ ကဗျာဆရာစောဝေကတော့ လာမယ့် Valentine Day မှာတော့ ဒီလိုကဗျာမျိုး မရေးချင်တော့ဘူးလို့ ပြောပါ တယ်။ စောဝေက ဘယ်အကြောင်းအရာကိုပဲ ရေးချင်နေတာလဲ။

ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအတွက် လိုအပ်လျှင် တရုတ်မှ အခြားတောင်တက်အဖွဲ့များ လာရောက်ကူညီမည်

Photo: ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအတွက် လိုအပ်လျှင် တရုတ်မှ အခြားတောင်တက်အဖွဲ့များ လာရောက်ကူညီမည်
Tuesday, September 16, 2014

ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအတွက် မျှော်လင့်ချက်ရှိ နေခြင်းကြောင့် တရုတ်နိုင်ငံမှ တောင်တက်အဖွဲ့များ လာရောက်ကူညီကြမည်ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“လိုအပ်ပါက တရုတ်နိုင်ငံက အခြားတောင်တက်အဖွဲ့အစည်းတွေက ထပ်မံလာရောက် ကူညီကြမှာဖြစ်တယ် တောင်တက် သမားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၁၅ ရက်ခန့်သာ ရှိနေသေးသည့်အတွက် မျှော်လင့်ချက်ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသည့် ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၃ ရက်က ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ သွားရောက်နေသည့် တရုတ်နိုင်ငံမှ Blue Sky အရပ်ဘက်ရှာဖွေရေးအဖွဲ့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)

တရုတ်နိုင်ငံ တောင်တက်အဖွဲ့က ရောက်ရှိနေသည်မှာ နှစ်ရက်ကျော်ရှိပြီဖြစ်သော်လည်း ခါကာဘိုရာဇီ တောင်တက် အဖွဲ့မှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ရာသီဥတုအခက်အခဲကြောင့် စက်တင်ဘာ ၁၅ ရက်အထိ မစတင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဒေသရာသီဥတုမှာ တိမ်ထူပြီး မြူများဆိုင်းနေသဖြင့် မြင်နိုင်စွမ်းလွန်စွာ အားနည်းနေပါတယ်။ မိုးရွာသွန်း နေမှုကလည်း ရဟတ်ယာဉ်နဲ့ ရှာဖွေရေးလုပ်ငန်းတွေကို အခက်အခဲဖြစ်စေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ Blue Sky တောင်တက်အဖွဲ့က ၎င်းတို့ ခါကာဘိုရာဇီတောင်ပေါ်သို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ပြီးနောက် မြေပြင် ရှာဖွေရေးလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားနေ၍ မလုပ်နိုင်သေးဘဲ ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ပူတာအိုတွင် ပေါင်းစုံတောင်နှင့် အနီးဆုံးရွာဖြစ်သည့် တဟွန်ဒန်းရွာအထိ၊ ထိုမှတစ်ဆင့် ပန်နန်းဒင်ရွာ သို့ ထောက်ပံ့ကူညီရေး ပစ္စည်းများနှင့်တကွ စက်တင်ဘာ ၁၅ ရက်က ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ တောင်တက်သမားနှစ်ဦးသည် သြဂုတ် ၃၁ ရက် ညနေပိုင်းမှစ၍ အခြေစိုက်စခန်းနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

Mizzima - News in Burmese
ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအတွက် မျှော်လင့်ချက်ရှိ နေခြင်းကြောင့် တရုတ်နိုင်ငံမှ တောင်တက်အဖွဲ့များ လာရောက်ကူညီကြမည်ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင် တက် အသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရိုက်ပြချင်ပါတယ်လို့ ဆိုတဲ့ ဒါရိုက်တာနေပိုင်

 Photo: ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရိုက်ပြချင်ပါတယ်လို့ ဆိုတဲ့ ဒါရိုက်တာနေပိုင်
Tuesday, September 16, 2014

ဒါရိုက်တာတစ်ယောက်ရဲ့ဖန်တီးတင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်အတွက် ပြောစရာ မလိုအောင် ကြိုးစားတင်ဆက်နေတဲ့ ဒါရိုက်တာနေပိုင်ရဲ့ ခုလက်ရှိ ရိုက်ကူးနေတဲ့ကားကတော့ အနီရောင်ပုံရိပ်ဆိုတဲ့ ကားလေးပါတဲ့။ ဒီကားလေးမှာ အောင်ရဲလင်းရယ်၊ ၀တ်မှုန်ရွှေရည်ရယ် ၊ ကောင်းဆက်ထူး ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီကားလေးက တစ်ခြားကားတွေနဲ့ မတူ ၀ိဥာဉ်ကားဖြစ်တာကြောင့် ဘာ့ကြောင့် ရိုက်ဖြစ်သွားတယ်ဆိုတာ သူ့ကို မေးကြည့်လိုက်တော့ “ဘာလို့ရိုက်ရတာလဲဆိုတော့ ကစ်ကစ် ကိုယ်တိုင်လဲ ၀ိဥာဉ်ကားနည်းတယ်။ ကစ်ကစ်ရဲ့ ဒုတိယကားလေးပေါ့။ ပထမကားက ၀ိဥာဉ်ဆိုတဲ့ သီချင်းသံ ပေါ့။ ကျွန်တော်က ပြင်ပလူနေမှု စရိုက်မှာလဲ မယုံလို့မရတာတွေ ရှိတယ်။ ပရလောကမှာလေ။ ကျွန်တော်တို့ က ရုပ်ရှင်ကို နေရာစုံမှာ လိုက်ရိုက်ရတာဆိုတော့ သင်္ချီုင်းတွေမှာ ရိုက်ရတာရှိတယ်။  

အိမ်ကြီးအိမ်ဟောင်းတွေမှာ ရိုက်ရတာရှိတယ်။ အဲ့ဒါမျိုးကျရင် မရှိဘူးလို့ ငြင်းလို့မရဘူး။ ရှိကိုရှိတယ်။ ကြုံတွေဖူးတဲ့ အဖြစ်အပျက်ဆို ဟိုတုန်းကပေါ့ ကြာပြီ။ ကလောကအိမ်ကြီး တစ်အိမ်မှာ သရဲကားသွားရိုက်တာ ကိုကျော်သူနဲ့ထက်ထက်မိုးဦးနဲ့လားမသိဘူး။ အဲ့ဒီအိမ်ကြီးမှာလဲ တကယ်ဆွဲကြိုးချသေခဲ့ဖူးတယ်။ အဲ့ဒီတော့ အန်းတိတ်နာရီကြီးတစ်လုံးကို ရန်ကုန်ကနေ ငှားသွားတာပေါ့။ နာရီကြီးက လုံးဝ အစုတ်သုံးလို့မရဘူး။ ရိုက်ဖို့သီးသန့်ယူသွားတာ။ ရိုက်လို့ပြီးတော့ အဲ့ဒီအိမ်က ဗီရိုကြီးထဲမှာထည့်ပြီး သိမ်းထားတာ နာရီအပျက်ကြီးက ထမြည်ရော၊ အဲ့ဒါက ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က ပရလောကသားတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးကို အသံနဲ့ တောင်းဆိုတာပေါ့။ ဒီကားလေးကို ရိုက်ဖြစ်တာက သရဲကားဆို အောင်ရဲလင်းရော၊ ကစ်ကစ်ရော သရဲကားရှားတယ်လေ။ အဲ့ဒါကြောင့်လဲပါတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ဖြစ်တာကြောင့် လဲပါတယ်။ ထုတ်လုပ်ရေးကြောင့် လဲပါတယ်။ အဲ့ဒီလိုအားလုံးမျှပြီး ရိုက်ရတဲ့ အနေအထားတစ်ခုမှာ ရှိတာပေါ့။”လို့ သူက ရှင်းပြသွားပါတယ်။

ဈေးကွက်မှာ နာမည်ရနေပြီဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူရိုက်ချင်တဲ့ ဇာတ်ကားကိုလည်း ခုလို ပြောပြသွားပါသေးတယ်။ “ကိုယ့်အနေနဲ့ ခုချိန်မှာ အရမ်းရိုက်ချင်နေတဲ့ဇာတ်လမ်းဆို ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရုပ်ရှင်ကားကြီးအနေနဲ့ရိုက်ချင်တယ်။ ရိုက်ခွင့်ရဖို့အတွက် ကြိုးစားနေတုန်းပါပဲ။ အားလုံးထဲကမှ ဆလုံကို ရွေးရိုက်ချင်တာက သူတို့ကထူးခြားတယ်။ ရေငုတ် ကျွမ်းကျင် တယ်။ ဆလုံဆိုတာ တိုင်းရင်းသားလူမျိုးထဲမှာ နည်းနည်းလေးစိမ်းတယ်။ သိပ်လဲမသိကြဘူး။ အဲဒါကြောင့်ရိုက်ချင်တာပါ”တဲ့။

Trend Myanmar
ဒါရိုက်တာတစ်ယောက်ရဲ့ဖန်တီးတင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်အတွက် ပြောစရာ မလိုအောင် ကြိုးစား တင်ဆက်နေတဲ့ ဒါရိုက်တာနေပိုင်ရဲ့ ခုလက်ရှိ ရိုက်ကူးနေတဲ့ကားကတော့ အနီရောင်ပုံရိပ်ဆိုတဲ့ ကားလေးပါတဲ့။ ဒီကားလေးမှာ အောင်ရဲလင်းရယ်၊ ၀တ်မှုန်ရွှေရည်ရယ် ၊ ကောင်းဆက်ထူး ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ဒီကားလေးက တစ်ခြားကားတွေနဲ့ မတူ ၀ိဥာဉ်ကားဖြစ် တာကြောင့် ဘာ့ကြောင့် ရိုက်ဖြစ်သွားတယ်ဆိုတာ သူ့ကို မေးကြည့်လိုက်တော့ “ဘာလို့ရိုက်ရတာလဲ ဆိုတော့ ကစ်ကစ် ကိုယ်တိုင်လဲ ၀ိဥာဉ်ကားနည်းတယ်။ ကစ်ကစ်ရဲ့ ဒုတိယကားလေးပေါ့။ ပထမကားက ၀ိဥာဉ်ဆိုတဲ့ သီချင်းသံ ပေါ့။ ကျွန်တော်က ပြင်ပလူနေမှု စရိုက်မှာလဲ မယုံလို့မရတာတွေ ရှိတယ်။ ပရလောက မှာလေ။ ကျွန်တော်တို့ က ရုပ်ရှင်ကို နေရာစုံမှာ လိုက်ရိုက်ရတာဆိုတော့ သင်္ချီုင်းတွေမှာ ရိုက်ရတာရှိတယ်။ 

အိမ်တွင်းအလှဆင် ပစ္စည်းဈေးကွက် ယခင်ကထက် ဖွံ့ဖြိုးလာ

Photo: အိမ်တွင်းအလှဆင် ပစ္စည်းဈေးကွက် ယခင်ကထက် ဖွံ့ဖြိုးလာ
Tuesday, September 16, 2014

လက်ရှိရန်ကုန်မြို့မှာ တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ် စီမံကိန်းတွေ ပိုမိုဆောက်လုပ်လာမှုနဲ့ ရန်ကုန်မြို့ရဲ့
နေထိုင်သူအများစုဟာလည်း အရင်ကထက် အိမ်တွင်း အလှဆင်ခြင်းကို ပိုမိုအလေးပေးဆောင်ရွက်လာတာကြောင့် ဈေးကွက်ဖွံ့ဖြိုးမှုတွေရှိလာတယ်လို့ သိရပါတယ်။ အရင်က အိမ်တွင်းအလှဆင်ရာကြမှာတော့ နံရံဆေးသုတ်ခြင်း၊ ကြွေပြားထည့်သွင်းတပ်ဆင်ခြင်းနဲ့ အခြားပရိဘောဂပစ္စည်းတွေနဲ့သာ အလှဆင်တတ်လေ့ရှိကြပေမယ့် ခေတ်သစ်ဗိသုကာ အသွင်ပြင်တွေနဲ့ ပိုမိုအလှဆင်လာကြတယ်လို့ သိရပါတယ်။
 
အိမ်တွင်းအလှဆင်ပစ္စည်းသုံးစွဲမှု တစ်ခေတ်ဆန်းလာချိန်မှာ အိမ်တွင်းအလှဆင်ပစ္စည်းတင်သွင်း မှုတွေကလည်း နိုင်ငံတကာက ဒီဇိုင်းဆန်းတွေကို ပိုမိုတင်သွင်းလာရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာပြီး အဆင့်မီ အဆောက်အဦတည်ဆောက်မှုတွေ ပိုမိုများပြားလာတဲ့အတွက် အနာဂတ်မှာလည်း အိမ်တွင်း အလှဆင်ပစ္စည်းဈေးကွက်က ပိုမိုဖွံ့ဖြိုးလာဖို့ရှိတယ်လို့ အိမ်တွင်းအလှပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင် သူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပါယ်က သုံးသပ်ထားပါတယ်။

MRTV-4
လက်ရှိရန်ကုန်မြို့မှာ တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ် စီမံကိန်းတွေ ပိုမိုဆောက်လုပ် လာမှုနဲ့ ရန်ကုန်မြို့ရဲ့ နေထိုင်သူအများစုဟာလည်း အရင်ကထက် အိမ်တွင်း အလှ ဆင်ခြင်း ကို ပိုမိုအလေးပေးဆောင်ရွက်လာတာကြောင့် ဈေးကွက်ဖွံ့ဖြိုးမှုတွေရှိလာတယ်လို့ သိရပါ တယ်။ အရင်က အိမ်တွင်းအလှဆင်ရာကြမှာတော့ နံရံဆေးသုတ်ခြင်း၊ ကြွေပြားထည့်သွင်း တပ်ဆင်ခြင်းနဲ့ အခြားပရိဘောဂပစ္စည်းတွေနဲ့သာ အလှဆင်တတ်လေ့ရှိကြပေမယ့် ခေတ်သစ်ဗိသုကာ အသွင်ပြင်တွေနဲ့ ပိုမိုအလှဆင်လာကြတယ်လို့ သိရပါတယ်။

ဓာတ်ကြိုးအန္တရာယ် ကိုယ်တိုင်ကြည့်ရှောင်ဟု လျှပ်စစ်ဌာနပြော

Photo: ဓာတ်ကြိုးအန္တရာယ် ကိုယ်တိုင်ကြည့်ရှောင်ဟု လျှပ်စစ်ဌာနပြော
Tuesday, September 16, 2014

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ကိုယ့်အန္တရာယ်ကိုယ်ရှောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင်က သတိပေးလိုက်သည်။

၎င်းက “လျှပ်စစ်နဲ့ပတ်သက်ပြီး အကုန်လုံးကို အန္တရာယ်ကင်းရှင်းဖို့လုပ်ထားတယ်။ လမ်းဖြတ်ကူးရင် ကား ကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက်သွားမယ်ဆိုရင်လည်း ဓာတ်ကြိုးကို ကြည့်ရှောင်ရမယ်။

အန္တရာယ်ရှိတယ်ဆိုတာကို အရင်ကတည်းက သိထားရမှာပေါ့။ ဓာတ်ကြိုးတွေက အများကြီးမိုင်ပေါင်းများ စွာရှိနေတော့ ဘယ်အချိန် ပြတ်ကျမလဲဆိုတာ မသိနိုင်ဘူး။ မြင်တဲ့သူက အကြောင်းကြားပေးမှသာလျှပ် စစ်ဝန်ကြီးဌာနက ချက်ချင်းပြင်လို့ရမှာ”ဟု ပြောသည်။

ယခုနှစ်အတွင်း ဓာတ်ကြိုးပြတ်ကျမှုများကြောင့် လမ်းသွားလမ်းလာပြည်သူများ မကြာခဏ ဓာတ်လိုက် သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းစဉ်ယင်းသို့ ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။

ယင်းသို့ဖြစ်ပေါ်နေရခြင်းသည် လျှပ်စစ်ဓာတ်အားနှင့် ကြိုး၏ခံနိုင်ဝန် မျှတမှုမရှိ ခြင်းကြောင့်ဟုလည်း အုပ်ချုပ်မှုဒါရိုက်တာ က အသိပေးသည်။

“ဓာတ်ကြိုးပြတ်ကျတဲ့အခါ အန္တရာယ်မဖြစ်အောင် ကိုယ့်အိမ်တွေ၊ ကိုယ့်ပတ်ဝန်းကျင်က နေရာတွေကို သတိထားဖို့လိုတယ်။ အားလုံးဝိုင်းပြီးလုပ်ကြရမှာပေါ့။ လျှပ်စစ် အန္တရာယ်သတိပေးရေးကို စာစောင်တွေ မှာရော သတင်းစာတွေမှာရော ကြေညာပေးနေတာ။ ဒါတွေသိထားဖို့လိုတယ်။ ဒါမှ လျှပ်စစ်အန္တရာယ် လျော့သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့ သော်လည်း ရဲစခန်းများက ဖြစ်ရိုးဖြစ်စဉ် သေမှုသေခင်းအဖြစ်သာ အမှုဖွင့်ခဲ့ကြသည်။

အနီးဆုံးဖြစ်စဉ်သည် စက်တင်ဘာ ၁၂ ရက် ညက သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာ လမ်းအတွင်း ဖြစ်ပွားခဲ့သည်။ အဆိုပါလမ်းအတွင်းရှိ ဓာတ်တိုင်ရှိ ကြွေသီးကွဲရာမှ လျှပ်စစ်စီးဝင်ပြီး ဓာတ်တိုင်နှင့် ထိစပ်နေသည့် ရေအိုင်အတွင်းရှိေ သည့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေ ဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် ၁၀ နှစ်အရွယ် တတိယတန်းကျောင်းသူ မဖြူစင်ငြိမ်းနှင့် အသက် ၄၀ အရွယ် ဒေါ်အေးအေးဆန်းတို့ သေဆုံးခဲ့ကြသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက် သေဆုံးသူ ၅၅ ဦးရှိသည်ဟု စာရင်းများက ဆိုသည်။

Mizzima - News in Burmese
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ကိုယ့်အန္တရာယ်ကိုယ်ရှောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင်က သတိပေးလိုက်သည်။

IS အစ္စလာမ္မစ် ဂျီဟတ်များကို ချေမှုန်းရန် ကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစုဖွဲ့ရေး နိုင်ငံခြားရေး ဝန်ကြီးများ ပဲရစ်တွင် ညီလာခံပြုလုပ်

Photo: IS အစ္စလာမ္မစ် ဂျီဟတ်များကို ချေမှုန်းရန် ကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစု ဖွဲ့ရေး နိုင်ငံခြားရေး ဝန်ကြီးများ ပဲရစ်တွင် ညီလာခံပြုလုပ်
Tuesday, September 16, 2014

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် ကမ္ဘာအနှံ့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြကာ အစ္စလာမ္မစ်နိုင်ငံတော် IS ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် တပ်ပေါင်းစုဖွဲ့ရေး ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗြိတိန် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတစ်ဦးကို ခေါင်းဖြတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် IS ကို ချေမှုန်းရေးတစ်ခုခု လုပ်မှ ဖြစ်တော့မည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒဲလ်က ပြောကြားလိုက်သည်။

အာရပ် ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ က အီရတ်နှင့် ဆီးရီးယားရှိ IS များကို တိုက်ခိုက်မည့် ယင်းတပ်ပေါင်းစုတွင် ပါဝင်မည်ဟု စာရင်းသွင်းထားကြသည်။

အီရတ်နိုင်ငံ အတွင်းရှိ IS တိုက်ခိုက်ရေးသမားများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရန်အတွက် အာရပ်နိုင်ငံပေါင်း များစွာက ကမ်းလှမ်းထားကြောင်း အမေရိကန် အရာရှိများက ပြောကြားကြသည်။

“ဒီစစ်သွေးကြွ အုပ်စုကို ကိုင်တွယ်ဖို့အတွက် စစ်ရေးအရ အကူအညီပေးမယ်လို့ ကတိကဝတ်တွေ ရရှိတဲ့ အတွက်ကြောင့် အလွန်အမင်း စိတ်အားတက်မိ ပါတယ်” ဟု ဂျွန်ကယ်ရီက ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အရှေ့အလယ်ပိုင်းတစ်ခွင် သွားရောက်ခဲ့ကာ IS နှိမ်နင်းရေး အစီအစဉ်အပေါ် ထောက်ခံမှုများ ရယူခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့ကို နှိမ်နင်းရာတွင် သုံးမည့် နည်းဗျူဟာများမှာ အီရတ်ကို စစ်ရေးအရ ထောက်ပံ့ခြင်း၊ IS သို့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ ဝင်ရောက် လာနေခြင်းကို တားဆီးခြင်း၊ ရန်ပုံငွေ ဝင်နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းနှင့် ၎င်းတို့၏ နိုင်ငံရေး အတွေးအခေါ်များကို တန်ပြန်ခြင်းတို့ ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မကြာသေးခင်က CIA အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထုတ်ပြန်ချက် တွင် IS အဖွဲ့၌ စုစုပေါင်း အင်အား သုံးသောင်းကျော် ရှိနေပြီဟု ထည့်သွင်း ဖော်ပြထားသည်။

ပဲရစ်ညီလာခံသို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟမ်မွန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အီရတ်သမ္မတ ဖိုအက်ဒ်မက်စ်ဆိုအမ်တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

“ဆီးရီးယားကလည်း အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေတာမို့ အကြမ်းဖက် သမားတွေကို တိုက်ခိုက်မယ့် တိုက်ပွဲမှာ အဓိကနေရာက ပါဝင်သင့်ပါတယ်” ဟု ဆီးရီးယား နိုင်ငံခြားရေး ဒုဝန်ကြီး ဖိုက်ဆယ်မက်က်ဒက်က ဆိုလိုက်ပြီး အမေရိကန် ဦးဆောင်သော တပ်ပေါင်းစုတွင် အီရတ်၏ အဓိက အိမ်နီးချင်း ဆီးရီးယား ပါသင့်သည်ဟု ဆိုထားသည်။

အီရန်ကလည်း ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသည့်အပေါ် မကျေမနပ် ပြောဆိုခဲ့ပြီး ယင်းညီလာခံသည် ပြယုဂ်သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

The Voice Weekly
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် ကမ္ဘာအနှံ့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြကာ အစ္စလာမ္မစ်နိုင်ငံတော် IS ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် တပ်ပေါင်းစု ဖွဲ့ရေး ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကိုလံဘီယာ အမျိုးသမီးအသင်းဝတ်စုံကို နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ် ကန့်ကွက်

Photo: ကိုလံဘီယာ အမျိုးသမီးအသင်းဝတ်စုံကို နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ် ကန့်ကွက်
Tuesday, September 16, 2014

ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံ တကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။

အီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာ အမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့် လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် စက်ဘီးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဘိုင်ယံကွတ်ဆင်က အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ဘယ်လူမှုရေး ကျင့်ဝတ်စံ နှုန်းတွေနဲ့ပဲ ကြည့်ကြည့် ဒါဟာ လက်မခံနိုင်သလို ကိုလံဘီယာ စက်ဘီးအဖွဲ့ချုပ်ကိုလည်း ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အသင်းရဲ့ တာဝန်ရှိမှု ကို သတိပေး သွားမယ်လို့လည်း ဆိုပါတယ်။

ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသီတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်း ပွား ဖွယ် ရာ ဖြစ်ခဲ့ပါတယ်။

ကိုလံဘီယာအသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းက စက်ဘီးသမားတဦးက ဖန်တီးခဲ့တာ ဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို လပေါင်းအတော် ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဗွီဘီ
ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ်မ၀တ်ထားတဲ့ ကိုယ်လုံးတီး ပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံ တကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။

အရေးပေါ်လူနာတင်ဆောင်လာသည့် မည်သည့်ယာဉ်မဆို ယာဉ်ကြောကျပ်တည်းမှုပြဿ နာကြောင့် လူနာမထိခိုက်စေရန် အရေးပေါ်အနေဖြင့် ရှေ့မီးထိုး၍ မောင်းခွင့်ရှိသည်ဟုဆို

Photo: အရေးပေါ်လူနာတင်ဆောင်လာသည့် မည်သည့်ယာဉ်မဆို ယာဉ်ကြောကျပ်တည်းမှုပြဿ နာကြောင့် လူနာမထိခိုက်စေရန် အရေးပေါ်အနေဖြင့် ရှေ့မီးထိုး၍ မောင်းခွင့်ရှိသည်ဟုဆို
Tuesday, September 16, 2014

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လမ်းမ ကြီးများပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များတွင် အရေးပေါ်လူနာတင် ဆောင်လာသည့် မည်သည့်ယာဉ် မဆို အရေးပေါ်အနေဖြင့် ရှေ့မီးထိုး ၍ မောင်းခွင့်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင် ကဆိုသည်။

''လူနာတင်ယာဉ်အတွက် တော့ သီးသန့်ယာဉ်ကြော ရှင်းလင်းတာမရှိ ဘူး၊ ဒါပေမဲ့ အရေးပေါ်လူနာပါလာ ရင်တော့ လူနာတင်ယာဉ်မှမဟုတ် ဘူး မည့်သည့်ယာဉ်မဆို ရှေ့မီးကို ဖွင့်ပြီး မောင်းလို့ရပါတယ်။ ဒါဆို အရေးပေါ် အခြေအနေမို့လို့ယာဉ် ထိန်းရဲကလဲ လမ်းကူရှင်းပေးပါ လိမ့်မယ်'' ဟု ၄င်းကဆိုသည်။

ယခုလက်ရှိတွင် ဖြစ်ပေါ်နေ သည့် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာများကြောင့်လူနာများနှင့်အရေးပေါ်ကိစ္စများနှောင့်နှေးမှုများ၊ အ ခက်အခဲများမဖြစ်စေရန် အရေးပေါ် ယာဉ်များဖြစ်သည့် လူနာတင်ယာဉ် များ၊ မီးသတ်ယာဉ်များ၊ လူနာတင် ဆောင်လာသည့် အရေးပေါ်ယာဉ် များစသည့် ယာဉ်များအား ရှေ့မီး ဖွင့်၍ မောင်းလာလျှင် ယာဉ်ထိန်းရဲ များမှ လမ်းကြောင်းဝိုင်းဝန်းကူညီရှင်းလင်းပေးမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ် နေရခြင်းသည် ကိုယ်ပိုင်ယာဉ်၊ အငှား ယာဉ်၊ လမ်းသွားလမ်းလာ၊ လမ်းဘေး ဈေးရောင်းများကြောင့် ဖြစ်ပေါ် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေတစ်ထောင်တွင် ကားအစီး ရေတစ်ရာမှ ခုနစ်ရာအထိ ရှိသော် လည်း မြန်မာနိုင်ငံတွင် လူဦးရေတစ် ထောင်တွင် ကားအစီးရေ ၄ဝခန့် သာရှိသည့်အတွက် ယာဉ်ကြောကျပ် တည်းမှုများသည် ယာဉ်အစီးရေများ လာခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ် စည်းကမ်း ချိုးဖောက်သည့် ယာဉ် မောင်းများကြောင့် ယာဉ်ကြောကျပ် တည်းမှုများ ဖြစ်ပေါ်နေကြောင်း မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုတိ ယဥက္ကဋ္ဌ ဦးအောင်မြင့်က ယာဉ်ကြော ကျပ်တည်းမှု ပြဿ နာဖြစ်ပေါ်နေ သည့် လက်ရှိအခြေအနေအား သုံး သပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာနှင့် ရင်ဆိုင်နေရသည့် နေရာပေါင်းခုနစ် ဆယ်၊ ရှစ်ဆယ်ကျော်ရှိကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆို သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ် တည်းမှုများ ဖြေလျှော့နိုင်ရန် အတွက် ယာဉ်မရပ်ရ လမ်း၈ဝကျော်သတ်မှတ် ကာ ဖမ်းဆီးအရေးယူမှုများ၊ အထူး အဖွဲ့များဖွဲ့ကာ မိုဘိုင်းစနစ်ဖြင့် လှည့် လည်ဖမ်းဆီးမှုများ ပြုလုပ်နေသော် လည်းယနေ့ထိ စည်းကမ်းလိုက်နာ မှုမရှိသည့် ယာဉ်မောင်းများရှိနေသေး ကြောင်း၎င်းကဆိုသည်။

NMK
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Media Group
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လမ်းမ ကြီးများပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များတွင် အရေးပေါ် လူနာတင် ဆောင်လာသည့် မည်သည့်ယာဉ် မဆို အရေးပေါ်အနေဖြင့် ရှေ့မီးထိုး ၍ မောင်းခွင့်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင် ကဆိုသည်။

ဒေးလီးမေးလ် ကံထူးဆု စီရော်နယ်ဒို နံပါတ် ၇ အင်္ကျီ ချီးမြှင့်မည်

Photo: ဒေးလီးမေးလ် ကံထူးဆု စီရော်နယ်ဒို နံပါတ် ၇ အင်္ကျီ ချီးမြှင့်မည်
Tuesday, September 16, 2014

လန်ဒန်က ဒေးလီးမေလ်းသတင်းဌာနက အားကစားသတင်းတွေကို တင်ဆက်နေတဲ့ အစီအစဉ် စပေါ့မေလ်း (Sportsmail) က အိုင်ကွန်းဒေါ့ကွန်း Icons.com အင်တာနက် စာမျက်နှာနဲ့ ပူးပေါင်းပြီး ကံထူးတဲ့ စာဖတ်သူကို စပိန် ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီယာ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ အားကစားအကျီကို ချီးမြင့်သွားမယ်လို့ ကြေညာပါတယ်။

ronaldo-cr7-ap-630အားကစား အင်္ကျီနဲ့အတူ ရော်နယ်ဒို လက်မှတ်ပါ ဓာတ်ပုံတပုံကို လက်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီဆုကို လက်ခံရယူ လိုသူတွေအနေနဲ့ ရော်နယ်ဒိုဟာ ဘယ်နိုင်ငံသား လဲဆိုတဲ့ မေးခွန်း အတွက် ပေးထားတဲ့ အဖြေ ၃ စပိန်၊ ပေါ်တူဂီနဲ့ အင်္ဂလိပ်ဆိုတဲ့ အဖြေ ၃ ခုထဲက တခုကို ရွေးချယ်ပြီး နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို sportcomp@dailymail.co.ukကို စက်တင်ဘာ ၂၀ ရက် စနေနေ့ နောက်ဆုံး ထား ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
လန်ဒန်က ဒေးလီးမေလ်းသတင်းဌာနက အားကစားသတင်းတွေကို တင်ဆက်နေတဲ့ အစီအစဉ် စပေါ့မေလ်း (Sportsmail) က အိုင်ကွန်းဒေါ့ကွန်း Icons.com အင်တာနက် စာမျက်နှာနဲ့ ပူးပေါင်းပြီး ကံထူး တဲ့ စာဖတ်သူကို စပိန် ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီယာ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ အားကစား အကျီကို ချီးမြင့်သွားမယ်လို့ ကြေညာပါတယ်။

ကားကြုံစီး မိန်းမလျာငါးဦး ဟံသာဝတီအဝိုင်း အနီးတွင် ငွေကျပ်ကိုးသိန်း ခိုးယူထွက်ပြေး

ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးတွင် စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲခန့်က ကယ်ဒီနာဗင် အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ် လမ်းကြုံလိုက်လာသော မိန်းမလျာငါးဦးက ယာဉ်ခေါင်းခန်း၌ သိမ်းဆည်း ထားသည့် ငွေကျပ် ကိုးသိန်းကို ခိုးယူထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်ဦးဆောင်နေဆဲ

ယခုဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာ သော ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သ တင်းရရှိသည်။

ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီကား တစ်ကား ဝင်ရောက်ပြသပြီး တရုတ်နဲ့ တိဘက်ကို ချစ်ကြည်ရေးခရီးသွား မယ့် သျှီ

Photo: ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီကား တစ်ကား ဝင်ရောက်ပြသပြီး တရုတ်နဲ့ တိဘက်ကို ချစ်ကြည်ရေးခရီးသွား မယ့် သျှီ
Tuesday, September 16, 2014

တေးသံရှင်သျှီက စက်တင်ဘာ လ ၁၃ရက်နေ့မှ စက်တင် ဘာလ ၂၁ ရက်နေ့ 
(အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့)အထိကျင်းပမယ့် ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီ ကားတစ်ကားကို ကိုယ်တိုင်ရေး ဆွဲပြီးပါဝင်ပြသမယ်လို့ သိရပါတယ်။ 

၃၅ လမ်းအလယ်ဘလောက်မှာရှိတဲ့River Ayeyarwaddy Gallery မှာ ကျင်းပမယ့် ပန်းချီပြပွဲမှာ ပါဝင်ပြသ ဖြစ်ပုံကို သျှီက “သျှီက အရှေ့မှာလည်း ပြပွဲတွေမှာ တစ်ကားစနှစ်ကားစဝင်ပြ ဖြစ်တယ်။ 

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အတွက် လုပ်တဲ့ပွဲမှာလည်း သျှီကအဲ့ဒီလိုလေးတွေ ဆွဲတတ်တာသိတော့ ပြခန်းကအစ်မက ဝင်ပြပါလား ဆိုပြီး ကမ်းလှမ်းတယ်။ အဲဒါနဲ့ သျှီလက်ထဲမှာလည်း ဆွဲထားတာ အများကြီး ရှိပေမယ့် သိပ်စိတ်တိုင်း မကျတာနဲ့ ဝင်မပြတော့ပါဘူး လုပ်ပြီးမှ တစ်ရက်မှာ ဆွဲချင်စိတ်ပေါက်လာပြီး ဆွဲဖြစ်လိုက်တော့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ကားဖြစ်နေတယ်။ စိတ်ထဲမှာ ဒီကားလေးဝင်ပြရင် ကောင်းမယ်ဆိုပြီး ပြ ဖြစ်သွားတယ်။ absolute peace ဆိုပြီး နာမည်ပေးထားတယ်” လို့ ပြော တဲ့သျှီက ဒီတစ်ခေါက်ပန်းချီကားကိုတော့ စာရွက်ပေါ်မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးပြပွဲမှာ ပန်းချီကားဝင်ရောက်ပြသတဲ့ သျှီကို ခုလိုငြိမ်းချမ်း ရေးပွဲတော်တွေ ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုမေးကြည့်တော့ “သျှီဖေ့စ်ဘုတ်မှာ ဖတ်ရတဲ့ status တစ်ခုထဲကအတိုင်း ပြောရမယ်ဆိုရင် စာတွေရေးရုံ၊ ကဗျာတွေရေးရုံနဲ့ ငြိမ်းချမ်းရေးရမယ်လို့ အတိအကျမပြော လိုပါဘူးတဲ့။ ဒါ ပေမဲ့ လူတွေကြားမှာ ငြိမ်းချမ်းရေး အသိငြိမ်းချမ်းရေးသတိ ရှိနေဖို့ ဒါက တော့ အပံ့အပိုးတစ်ခုအနေနဲ့ အနုပညာအရလိုအပ်ပါတယ်ပေါ့။ 

ဒါက ဒီအတိုင်းပဲ မပြောဘဲနဲ့ထားရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတောင် ပျောက် ကွယ်သွားနိုင်တယ်လေ။ ငြိမ်းချမ်းရေးဆိုတာက လုပ်ယူမယ်။ ဆွေးနွေးရမယ်။ အကောင်းကို တည်ဆောက်ရတာဖြစ်တဲ့အတွက် ခက်ခဲ တဲ့အရာ တစ်ခုပါ။ လူတွေရဲ့ တချို့အမြင်မှာတော့ ရှိမှာပေါ့။ စာတွေရေး၊ ပန်းချီတွေဆွဲ၊ ကဗျာတွေ ရွတ်ရုံနဲ့ရမှာလားပေါ့။ ဒီတစ်ခုခုနဲ့တော့ မရဘူးပေါ့။ အဘက်ဘက် ကနေ သတိေ ပးတဲ့ သဘောပါပဲ။ တကယ်တမ်းပြောရရင် စိတ်နှလုံးသားတွေ ပြောင်းလဲမှုကနေ ကောင်းတာတွေရော၊ ဆိုးတာတွေရောဖြစ်နိုင်တာပါ။ ဒီဟာတွေကလည်း စိတ်နှလုံး သားတွေ ငြိမ်း ချမ်းစေဖို့ပေါ့။ ကိုယ်က ကြမ်းတမ်းနေ ပေမယ့်လည်း ဒီအနုပညာနဲ့ ငြိမ်းချမ်း မှုကတစ်ဆင့် စိတ်ခံစားမှုနဲ့ ပြုပြင်ရေး လမ်းကြောင်းပေါ် ရောက်နိုင်မယ် မျှော်လင့်တယ်ပေါ့။ ငြိမ်းချမ်းရေး ဆိုတာကိုဘာမှ မပြောတာထက် စာရင် ဒီစကားလုံးလေးတွေ ရှိ နေတာကပဲ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ မြင်တယ်” လို့ သျှီ က သူ့အမြင် ကို ပြော ပြပါတယ်။ ငြိမ်းချမ်း ရေး ပန်းချီပြပွဲမှာ ပန်းချီ ကား ပါဝင်ပြသမယ့် သျှီကပြပွဲကိုတော့ မတက်ရောက်ဖြစ်ဘူး လို့သိရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ စက်တင် ဘာ ၁၅ရက် နေ့ မှာ တရုတ် နဲ့ တိဘက်ကို ချစ်ကြည်ရေး ခရီးစဉ် ၉ ရက်ကြာသွား ရောက်ရမှာကြောင့်ဖြစ်ပြီး ဒါရိုက်တာကြည်ဖြူသျှင်၊ ဒါရိုက်တာရီဇော်စသူတို့ အပြင်စာပေ နယ်မှ ပုဂ္ဂိုလ် များနဲ့အတူ သွားရောက် မှာ ဖြစ်ကြောင်းသိရပါ တယ်။

Pooular Journal
တေးသံရှင်သျှီက စက်တင်ဘာလ ၁၃ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့) အထိကျင်းပမယ့် ငြိမ်းချမ်းရေးပန်းချီပြပွဲမှာ ပန်းချီကားတစ်ကားကို ကိုယ်တိုင်ရေးဆွဲပြီး ပါဝင်ပြ သ မယ်လို့ သိရပါတယ်။

ခွပ်ဒေါင်းတစ်ကောင်ဖမ်းရင် ခွပ်ဒေါင်းတစ်သန်းနဲ့ ရင်ဆိုင်ရလိမ့်မယ်

Photo: ခွပ်ဒေါင်းတစ်ကောင်ဖမ်းရင် ခွပ်ဒေါင်းတစ်သန်းနဲ့ ရင်ဆိုင်ရလိမ့်မယ်
Tuesday, September 16, 2014

ရန်ကုန်ရှိ တက်္ကသိုလ်သုံးခု တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) မှ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက် ကြောင်း ထုတ်ပြန်ချက်စာရွက် များကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ဆက်တိုက် ဝေငှကြောင်း သိရသည်။

““ဒီဥပဒေကို ကျောင်းသူ၊ ကျောင်းသားတွေ သိရှိနားလည် မှု နည်းပါးတယ်။ တချို့ဆို မသိ ကြဘူး။ တက္ကသိုလ်သုံးခုမှာ လှုပ် ရှားမှုတွေ လုပ်ခဲ့ကြတယ်။ ဒီ ဥပဒေထဲမှာပါတဲ့အချက်တွေဟာ ဗဟိုချုပ်ကိုင်မှုတွေရှိနေတယ်ဆို တာကို ကျောင်းသားထုသိအောင် ရှင်းပြခဲ့တယ်။ အဲဒီခါမှာ ကျွန် တော်တို့ကို ကျောင်းထဲဝင်ခွင့် မပေးဘူး။ အပြင်မှာပဲလုပ်ခိုင်းတယ်။ 

အဲဒီကိစ္စကမဖြစ်သင့်ဘူး။ ဒီဥပဒေအကောင်း၊ အဆိုးကို ကျောင်းသားထု
သိသင့်တယ်””ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ်္ဂ မှ ကိုပိုင်ရဲသူက ပြောကြားသည်။

စက်တင်ဘာ ၉ရက်တွင်ရန် ကုန်နည်းပညာတက္ကသိုလ် (လှော် ကား)၊ ၁၀ ရက်တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်တို့၌ စာမေးပွဲ ဖြေပြီးထွက်
လာသောကျောင်းသူ၊ ကျောင်းသားများကို (တကသ)မှ ထုတ်ပြန်ထားသည့် အမျိုးသား ပညာရေးဥပဒေအပေါ်ကန့်ကွက် ကြောင်းသဘောထားထုတ်ပြန် ချက်ကို ဝေငှခဲ့သည့်အပြင် ယင်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်း ဟောပြောမှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုပြုလုပ်ရာ တွင်ဗဟန်းကွန်ပျူတာတက္ကသိုလ် ၌ ကျောင်းတာဝန်ရှိသူများကလာ ရောက်ဟန့်တားမှုများရှိခဲ့ပြီး လှုပ် ရှားမှုတွင် ပါဝင်ခဲ့သည့် ကွန်ပျူ တာတက္ကသိုလ်မှ ကျောင်းသား နှစ်ဦးကို ကျောင်းတာဝန်ခံများမှ မိဘခေါ်ယူမှုပြုလုပ်ခဲ့ကြောင်းသိ ရသည်။

““ဒီလှုပ်ရှားမှုကို နည်းမျိုးစုံနဲ့ တားဆီးတာခံခဲ့ရတယ်။ ဥပဒေ စပြီး အတည်ပြုခဲ့တဲ့အချိန်ကကျွန် တော်တို့ကျောင်းသားတွေစာမေး ပွဲဖြေနေတယ်။ ကျွန်တော်တို့ဘာ မှ မလုပ်နိုင်ခဲ့ဘူး။ ကျောင်းသား ထုလိုလားတဲ့အထိ လှုပ်ရှားမှုတွေ တက်္ကသိုလ်တွေမှာဆက်လက်လုပ် သွားမယ်။ ကျွန်တော်တို့ကို ဟန့် တားဖမ်းဆီးမယ်ဆိုရင်တော့ ခွပ် ဒေါင်းတစ်ကောင်ဖမ်းရင်ခွပ်ဒေါင်း တစ်သန်းနဲ့ ရင်ဆိုင်ရလိမ့်မယ်”” ဟု တကသ အဖွဲ့ဝင်ကျောင်းသား များကဆိုသည်။

သမ္မတ၏သဘောထားမှတ် ချက် ၂၅ ချက်ဖြင့် ပြည်ထောင်စု လွှတ်တော်သို့ပြန်လည်ပေးပို့ထား သည့် အမျိုးသားပညာရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍သဘောထား မှတ်ချက်များအနက် ၃ ချက်ကို မူလအတည်ပြုထားသည့်အတိုင်း ထားရှိမည်ဟု သတင်းများထွက် ပေါ်နေပြီးယင်းသဘောထားမှတ် ချက် ၃ခုမှာ ဥပဒေကြမ်းတွင် ပါ ၀င်သည့်စနစ်တစ်ခုလုံး ၂၀၂၇ မှ အကောင်အထည်ဖော်ရန် မသင် မနေရအလယ်တန်းအဆင့်ပညာ ရေးစနစ်လှုပ်ရှားမှုကို ယခုနှစ် တွင် အကောင်အထည်ဖော်ရန် ကော်မရှင်ဖွဲ့စည်းရာတွင် ပြည် ထောင်စုလွှတ်တော်၏ အတည် ပြုချက်ရယူရန်တို့ဖြစ်သည်။

သမ္မတပေးပို့လိုက်သည့် သဘောထားမှတ်ချက်များကိုပြည် ထောင်စုလွှတ်တော်တွင်ဆွေးနွေး ပြီးပါက ဒုတိယအကြိမ်ဥပဒေမူ ကြမ်းကို ခုနစ်ရက်အတွင်းသမ္မတ လက်မှတ်ရေးထိုးရမည်ဖြစ်ပြီးရေး ထိုးခြင်းမပြုပါကလည်း ခုနစ်ရက် ပြည့်ပါကအလိုအလျောက်အတည် ဖြစ်မည်ဖြစ်သည်။ 

Hot News Journal
ရန်ကုန်ရှိ တက်္ကသိုလ်သုံးခုတွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)မှ အမျိုးသားပညာရေး ဥပဒေ ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်စာရွက်များကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက် ဆက်တိုက် ဝေငှကြောင်း သိရသည်။

နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍ ဒေါက်တာအေးမောင်ကို မေးမြန်းချက်

Photo: နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍ ဒေါက်တာအေးမောင်ကို မေးမြန်းချက်
Tuesday, September 16, 2014

နိုင်ငံရေးမူဘောင်တရပ် ပေါ်ထွန်းရေးအတွက် တရားဝင်နိုင်ငံရေးပါတီတွေ စုစည်းဆွေးနွေးပွဲကို အဓိက နိုင်ငံရေးပါတီကြီး ၂ ခု ဖြစ်တဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်တက်ရောက်ခြင်းမရှိကြပါဘူး။

ရန်ကုန်မြို့ ဂရင်းဟီးလ်(Green Hill) ဟိုတယ်မှာ စက်တင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဒုတိယခေါင်းဆောင်နဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ နိုင်ငံရးပါတီ ၆၇ ပါတီအနက်က နေပြီေးတာ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) က ဦးခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးတွေ မပါဘူး။ အဲဒီတော့ တခုခုများ လွဲနေလား။ ဘာတွေများ လွဲတယ်လို့ သုံးသပ်မိသလဲ။

“ကျနော့်အမြင် ပြောတာနော်။ စစ်အေးတိုက်ပွဲတုန်းက bloc (အုပ်စု) လေးတွေ ရှိတယ်လေ။ အရှေ့နဲ့ အနောက်အုပ်စုပေါ့။ ဒါလေးတွေ ရှိတာပေါ့။ ခုလည်း ကျနော်ထင်တယ်။ အုပ်စုလေးတွေ ရှိတာပေါ့။ တနည်းအားဖြင့်ဗျာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်တဲ့ အုပ်စုလေးတွေ ရှိပါတယ်။ အဲလိုပဲ ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ခဲ့တဲ့ အုပ်စု ရှိတာပေါ့။ တနည်းအားဖြင့် ၂၀၁၀ ဆိုရင်

အကြမ်းအားဖြင့် ယူအက်စ်ဒီပီ နဲ့ နွှယ်တယ်လို့ အများစုက သတ်မှတ်ကြတယ်။ ၁၉၉၀ ဆိုရင် အန်အယ်လ်ဒီနဲ့ နွှယ် တယ်လို့ သတ်မှတ်တာပေါ့။ ပွင့်ပွင့်လင်း လင်း ဆွေးနွေးရရင် အခု လက်ရှိ ငြိမ်းချမ်းမှုနဲ့ မငြိမ်းချမ်း မှုပေါ့။ ပြည် တွင်းငြိမ်းချမ်းရေးပြဿ နာက ကျနော်တို့ မြင်တာကတော့ ဘက်နှစ်ဘက် ဖြစ်တာပေါ့။ အုပ်ချုပ်တဲ့အစိုးရရဲ့ အောက်မှာရှိတဲ့ (တနည်းအားဖြင့်) အုပ်ချုပ်တဲ့အစိုးရရဲ့ အထက်မှာရှိတဲ့ တပ်မတော်၊ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့။ အဲဒီတော့ ဒီ ဘက်နှစ်ဘက်နဲ့ ပတ်သက်လို့ ကျနော်တို့ ကြည့်တဲ့အခါမှာ တော်တော်လေး ဆွေးနွေးပြီးကြပြီ။ ဆွေးနွေးပြီးကြတော့ တဖက်က နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ဆိုတာကို တဖက်နဲ့ တဖက်ဆီက သူ့ဟာသူ ချထားတာ ရှိတယ်။ ချထားတာ ရှိတော့ အစိုးရနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကလည်း မူဘောင်တခု ချတယ်လို့ သုံးသပ်တယ်။ အန်စီစီတီနဲ့ နွှယ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း မူဘောင်တခု ချတယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံရေးပါတီများဆိုတဲ့ များရာစုက လွတ်နေတာပေါ့။ တတိယအင်အားစု ဖြစ်နေတာပေါ့။ တနည်းအားဖြင့် ကြားခံအဖွဲ့အစည်းသဘောကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း ဖြစ်တာပေါ့။ ဆိုတဲ့အခါမှာ ကျနော် ထင်တယ်လေ။ အန်စီစီတီနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်တွေကော။ ဒီဘက်က အစိုးရကော ကြားခံအဖွဲ့အစည်းတခုက တင်တဲ့ မူဘောင်လေးကို စိတ်ဝင်စားကြတယ် ထင်တယ်။ ကျနော်မြင်တာ။ အဲဒီအခါမှာ တိုင်းရင်းသားအပါအ၀င် ပြည်မမှာရှိတဲ့ နိုင်ငံရေးပါတီ လောလောဆယ် မှတ်ပုံတင်ထားတာ ၆၇ ပါတီ ရှိတယ်။ အန်အယ်လ်ဒီတို့၊ ယူအက်စ်ဒီပီတို့ အပါအ၀င်ပေါ့။ အဲဒီတော့ ကျနော်တို့ကြားတာက ပြီးခဲ့တဲ့ ကာလလေးမှာ အန်ဘီအက်ဖ်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်လာတဲ့ တိုင်းရင်းသားညီနောင်ဖက်ဒရေးရှင်း၊ သူတို့က ပါတီ ၂၀ လောက်ရှိပါတယ်။ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်တဲ့ အန်ဒီအက်ဖ်လို့ ပြောရမှာပေါ့။ ဦးဆောင်တဲ့ အက်ဖ်ဒီအေပေါ့။ Federal Democratic Alliance ပေါ့။ သူတို့က ၁၀ ပါတီ၊ ၁၁ ပါတီလောက် ရှိတယ်။ နောက် အန်ယူပီပေါ့။ တစည၊ ဟိုတုန်းက မဆလ တဖြစ်လဲပေါ့။ နောက် လယ်သမားပါတီ စသဖြင့်ပေါ့။ ၄ ဖွဲ့က ၃၃ ပါတီပေါ့။ သူတို့ စုစုပေါင်းလေ။ သူတို့က တိုင်းရင်းသားပါတီနဲ့ ပြည်မပါတီ အားလုံး ၆၇ ပါတီ ဖိတ်ပြီးတော့မှ ဆွေးနွေးပွဲလေးပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရင် ဒိုင်ယာလော့ မူဘောင်လေးရအောင်ဆိုတဲ့သဘောနဲ့ ဆွေးနွေးပွဲ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အန်အယ်လ်ဒီနဲ့ နှီးနွ့ယ်တယ်လို့ သတ်မှတ်တဲ့ ဦးခွန်ထွန်းဦးတို့ အပါအ၀င်ပေါ့ဗျာ။ ၁၉၉၀ က ပုဂ္ဂိုလ်တွေ၊ စုစုပေါင်း ၁၀ ပါတီလောက် ထင်တယ်။ အန်အယ်လ်ဒီအပါအ၀င် မတက်ဖြစ်ဘူး။ ယူအက်စ်ဒီပီ မတက်ဖြစ်ဘူး။ ဒါကတော့ ကျနော်တို့ မြင်ကွင်းပါ။”

“၅၂ ပါတီက တက်ပါတယ်။ ၄ ပါတီကတော့ ဖုန်းနဲ့ပေါ့နော်။ ကျနော်တို့ဆုံးဖြတ် ချက်ကို လက်ခံတယ်ဆိုတော့ ၅၆ ပါတီ တက်တဲ့သဘော ဖြစ်သွားပါတယ်။ ကျန်တဲ့ အန်အယ်လ်ဒီ အပါအ၀င်ပေါ့။ အန်အယ်လ်ဒီနောက်ကရှိတဲ့ တိုင်းရင်း သားပါတီ မတက်ဘူး။ ယူအက်စ်ဒီပီ မတက်ဘူးဆိုတော့ ကျနော်တို့ ၅၆ ပါတီဘက်ကလည်း မူဘောင်တခုကို ချပြတာလည်း ၂ မျိုးဖြစ်နေတာပေါ့လေ။ အက်ဖ်ဒီအေဘက်ကလည်း ၁ ခု တင်တယ်။ 

ဒီဘက် အန်ဘီအက်ဖ် ဘက်ကလည်း တခု တင်တယ်။ နောက် တခြားပါတီတွေ
ကလည်း တင်ချင်ကြသေးတယ်ပေါ။ ဆိုတော့ ကျနော်တို့မြင်တာက ဒီနိုင်ငံရေး
ပါတီအားလုံးက မူဘောင်တခုပေါ။ frame work တခုကို တင်နိုင်မှ ဖြစ်တော့
မယ်ဆိုတဲ့အခါမှာ ကျနော်တို့က အဲဒီ ၅၆ ပါတီက ၁၅ ဦင်္းပါတဲ့ မူဘောင် frame work ရေးတဲ့ကော်မတီတခုကို ဖွဲ့ပါတယ်။ အဲဒီကော်မတီကလည်းပဲ မိမိတို့ ရေးတဲ့ frame work လေးကို ၅၆ ပါတီကို ပြန်ချပြပြီးမှ အတည်ပြုပြီးတဲ့နောက်မှာ အန်အယ်လ်ဒီ ဦးဆောင်နိုင်ဖွယ်ရှိတဲ့ လက်ကျန်ပေါ့။ 

မပါဝင်သေးတဲ့ပါတီတွေဘက်က တင်ပြတဲ့ မူဘောင်တခုနဲ့ ထပ်ညှိဖို့ လိုပါတယ်။ ပြီးမှ နိုင်ငံရေးပါတီအားလုံး မှတ်ပုံတင်ထားတဲ့ပါတီများရဲ့ မူဘောင်တခုကို ကျနော်တို့ အန်စီစီတီ၊ ဒီဘက်က ယူပီဒဗလျူစီ ဖြစ်ပါတယ်၊ သူတို့ကို တင်ပြပြီးမှ ညှိနှိုင်းမယ်။ ညှိနှိုင်းတဲ့အခါမှာ နိုင်ငံတခုလုံးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး
စကားပြောနိုင်တဲ့ Frame Work တခု ရလာနိုင်တယ်လို့ သုံးသပ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

တက်ရောက် ဆွေးနွေးတဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီရဲ့ ရပ်တည်ချက်က ဖက်ဒရယ် ပြည်ထောင်စုလား ဒါမှမဟုတ် တပြည်ထောင် ပြည်ထောင်စုလားဆိုတာ သဲသဲကွဲကွဲ သိရလား။

“သဲသဲကွဲကွဲတော့ ကျနော် မသိခဲ့ရဘူး။ ကျနော်တို့ တိုင်းရင်သားပါတီများစွာနဲ့ ပြည်ပ အက်ဖ်ဒီအေတို့ကတော့ ဖက်ဒရယ်ပြည်ထောင်စုကို ကြွေးကြော်နေတာပေါ့လေ။ အန်ယူပီပေါ့။ တစည ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပြည်ထောင်စုလို့ ကြွေးကြော်ပါတယ်။ အဲဒီတော့ ပါတီတိုင်းရဲ့ သဘောတရားကိုတော့ ကျနော်တို့ မသိခဲ့ရဘူးပေါ့။ ဒါကတော့ ကျနော်တို့ ပြောပြလို့ ရပါတယ်။”

၁၅ ဦးကော်မတီထဲမှာ ဒေါက်တာအေးမောင်တို့ ပါလား။

“ကျနော်တို့ အန်ဘီအက်ဖ်ကိုယ်စားပြုတဲ့ပါတီပေါင်း ၂၀ က ၄ ဦး ကျနော်တို့ အဲဒီအဖွဲ့ ကော်မတီမှာ ပါမှာပါ။ နောက် အက်ဖ်ဒီအေက ၃ ဦးပါ။ နာမည်ကတော့ မသတ်မှတ်ရ သေးပါဘူး။ အန်ယူပီက ၁ ဦး၊ လယ်သမားပါတီက ၁ ဦး၊ ကျန်တဲ့ပုဂ္ဂိုလ်တွေကိုတော့ဖြင့် by name နဲ့ သူတို့ ရွေးပေးကြပါတယ်။”

ပြည်ခိုင်ဖြိုးပါတီက ဘာဖြစ်လို့ မတက်တာလဲ။

အဲဒါတော့ ဖိတ်ကြားတဲ့ပုဂ္ဂိုလ်တွေ ပြန်ကြားချက် ရှိတယ်လို့တော့ ကျနော် မသိပါဘူး။ ဘာကြောင့် မတက်ဘူးဆိုတာတော့ ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ယူအက်စ်ဒီပီသည် ယူပီဒဗလျူစီနဲ့ ပတ်သက်ရင်လည်းပဲ ပါတယ်လို့ သုံးသပ်လို့ ရတာပေါ့။ အုပ်ချုပ်တဲ့အစိုးရနဲ့ သိတဲ့အတိုင်းပဲလေ။ ဒီဘက် ဦးဆောင်တဲ့အဖွဲ့အစည်းတိုင်းမှာ ပြည်ခိုင်ဖြိုးအရောင်အသွေးရှိတဲ့ ပုဂ္ဂိုလ်တွေ ပါကြတာပေါ့။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)နဲ့ ပြည်တွင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ့ (ယူအန်အေ) တို့က gentalman agreement ယူထားတယ်လို့ ကြားသိရတော့ သူတို့ ၂ ဇွဲ့က မူဝါဒချင်း တူတယ်လို့ ခန့်မှန်းလို့ ရနိုင်တာပေါ့။ မဟုတ်ဘူးလား။

ခန့်မှန်းရင်တော့ ရတာပေါ့လေ။ ဒါပေမယ့် တကယ့်တကယ် ဟုတ် မဟုတ်ကတော့ ဒက်ထိ ပြောဖို့ ခက်တာပေါ့။

DVB
နိုင်ငံရေးမူဘောင်တရပ် ပေါ်ထွန်းရေးအတွက် တရားဝင်နိုင်ငံရေးပါတီတွေ စုစည်းဆွေးနွေးပွဲကို အဓိက နိုင်ငံရေးပါတီကြီး ၂ ခု ဖြစ်တဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့ ပါဝင်တက်ရောက်ခြင်းမရှိကြပါဘူး။

မြ၀တီနယ်စပ်မှာ ၂ရက်ဆက်တိုက် ချိန်ကိုက်ဗုံးတွေ တွေ့

သတင်းဓာတ်ပုံ - ဖိုးစီ
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မြို့နယ်တရားရုံးနဲ့ စီးပွားရေးဘဏ် အနားမှာ ကြွတ်ကြွတ်အိတ် အမည်းရောင် နဲ့ ထုတ်ထားတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဒီနေ့စက်တင်ဘာ ၁၆ရက် မနက် ၈း၄၅နာရီလောက်က ထပ် မံ တွေ့ရှိပါတယ်။

ဖိလစ်ပိုင်တွင် မီးတောင် ပေါက်ကွဲနိုင်သည့် အခြေအနေကြောင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း

Photo: ဖိလစ်ပိုင်တွင် မီးတောင် ပေါက်ကွဲနိုင်သည့် အခြေအနေကြောင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း
Tuesday, September 16, 2014

နိုးကြားလှုပ်ရှားနေသည့် မီးတောင်ကြီး တစ်လုံးသည် ပေါက်ကွဲနိုင်သည့် အလားအလာ ရှိနေခြင်းကြောင့် အနီးအနားရှိ ဒေသခံများကို ဖိလစ်ပိုင် အာဏာပိုင်များက အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၁၆)ရက်တွင် မေယွန်မီးတောင် အနီးတဝိုက် ကမ်းခြေရွာများနှင့် လယ်ယာစိုက်ခင်းများ၌ နေထိုင်သူများကို ရွှေ့ပြောင်းပေးနေကြောင်း ဖိလစ်ပိုင် သတင်းများက ဖော်ပြခဲ့သည်။ မေယွန် မီးတောင်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လှုပ်ရှားနိုးကြားမှုများ ပြသလာပြီး ပေါက်ကွဲထွက်မည့် အခြေအနေကို စိုးရိမ်နေရသည်။

အစိုးရ လက်အောက်ခံ မီးတောင်လေ့လာရေး အေဂျင်စီမှ ညွှန်ကြားရေးမှူး ရီနာတို ဆိုလီဒမ်က “ဒီတစ်ပတ်တည်းမှာတင် အကြီးအကျယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု AFP သို့ ပြောကြားခဲ့သည်။ ယခုအခါ မီးတောင် ပတ်ဝန်းကျင် အချင်း(၆)ကီလိုမီတာ အကွာတွင် နေထိုင်သူများကို ရွှေ့ပြောင်းပေးနေပြီး အဆိုပါ ဒေသကို အန္တရာယ်ဇုန်အဖြစ် ကြိုတင် သတ်မှတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဘာနာဒို အလက်ဂျန်ဒရိုက ဆိုသည်။

လတ်တလောတွင် မေယွန်မီးတောင်ကို အန္တရာယ်အဆင့် သတ်မှတ်ချက် (၃)အဖြစ် ထားရှိပြီး အမြင့်ဆုံးအဆင့်မှာ (၅)ဖြစ်ကြောင်း သိရသည်။ အဆင့်(၃)၏ အဓိပ္ပါယ်သည် မီးတောင်တွင်းတွင် လှုပ်ရှားဆူပွက်မှု အခြေအနေ ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် သဘောလည်း ဖြစ်သည်။ အဆင့်(၅)က ပေါက်ကွဲခြင်းကို ရည်ရွယ်သတ်မှတ်သည်။

မေယွန်မီးတောင်၏ ပတ်ဝန်းကျင် ဒေသသည် သဘာဝအတိုင်း လှပနေသဖြင့် ကမ္ဘာလည့် ခရီးသည် အများအပြားလည်း လာရောက်လည်ပတ်လေ့ ရှိသည်။ မေယွန်သည် ဖိလစ်ပိုင်နိုင်ငံ၏ အလှုပ်ရှား အနိုးကြားဆုံး မီးတောင်ကြီး တစ်ခုလည်းဖြစ်ပြီး (၂၀၁၃)ခုနှစ်၊ မေလက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးသည်။ ထိုစဉ်က မီးတောင်ပြာ တိမ်ထုကြီး ဖြစ်ပေါ်ခဲ့သလို ကျောက်တုံးကျောက်ခဲများ လွင့်စင်လာခဲ့ရာ နိုင်ငံခြား ခရီးသည် (၄)ဦးနှင့် ဒေသခံ လမ်းပြ(၁)ဦးတို့ အသက်ဆုံးရှုံးခဲ့သည်။

မေယွန်မီးတောင်သည် အမြင့် (၈၀၇၀)ပေ ရှိပြီး ကတော့ချွန်ပုံစံ ပီပီသသ ရှိနေသည့် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် လူသိများသည်။ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ဆိုးရွားသည့် သေကြေပျက်စီးမှု သမိုင်းကြောင်းမျိုး ရှိခဲ့ပြီး (၁၈၁၄)ခုနှစ် ပေါက်ကွဲမှုတွင် လူ(၁၂၀၀)ကျော် သေဆုံးကာ ကက်ဆာဝါတစ်မြို့လုံး မီးတောင်ချော်ရည်များအောက် နစ်မြုပ်သွားခဲ့ဖူးသည်။ (၂၀၀၆)ခုနှစ်က မီးတောင်ပေါက်ကွဲမှုတွင် လူအသေအပျောက် မရှိခဲ့သော်လည်း ထိုနှစ်ကုန်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ခတ်ရာ မီးတောင်ပေါက်ကွဲစဉ်က စီးထွက်နေခဲ့သည့် ချော်ခဲရွှံ့နွံများ ပြိုကျပြီး လူပေါင်း(၁၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။

Ref: Channelnewsasia
7Day DAILY
နိုးကြားလှုပ်ရှားနေသည့် မီးတောင်ကြီး တစ်လုံးသည် ပေါက်ကွဲနိုင်သည့် အလားအလာ ရှိနေခြင်းကြောင့် အနီးအနားရှိ ဒေသခံများကို ဖိလစ်ပိုင် အာဏာပိုင်များက အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း သတင်း ရရှိသည်။

မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်ဦးဆောင်နေဆဲ

ယခုဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာ သော ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သ တင်းရရှိသည်။

လက်ရွေးစင် သဲသောင်ပြင် ဘောလုံးအသင်း လူရွေးပွဲ ကျင်းပမည့် ရက် နောက်ဆုတ်

ကျင်းပမည့် သဲကွင်း ပြုပြင်ရန်ရှိသည့်အတွက် မြန်မာ့လက်ရွေးစင် သဲသောင်ပြင်ဘော လုံးအသင်း ဖွဲ့ စည်းရေး အတွက် လူရွေးပြိုင်ပွဲ စတင်ကျင်းပမည့် ရက်ကို စက်တင်ဘာ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဆောက်သမ်းအသင်း ပြည်ပနည်းပြနေရာတွင် ပြည်တွင်းနည်းပြအစားထိုးမည်

ဆောက်သမ်းမြန်မာ အသင်းကို ငါးနှစ်ကြာတာဝန်ယူ ကိုင်တွယ်ခဲ့သည့် သြစတြေးလျ နိုင်ငံသား ကင်ဝေါ်ဒန် မှာ ယခုရာ သီကုန်တွင် အသင်းနှင့် လမ်းခွဲ တော့မည်ဖြစ်၍ ၎င်း၏ နေရာတွင်ပြည်တွင်း နည်းပြ တစ်ဦးဖြင့်သာ အစားထိုးသွားမည်ဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့တွင် အသစ်ခေါ်ယူ ထား သည့် နိုင်ငံခြားသားကစားသမားများကိုလည်း ထပ်မံစာချုပ်သစ် ချုပ်ဆိုတော့မည် မဟုတ်ကြောင်း သတင်း ရရှိ သည်။‘‘ရာသီကုန်မှာ ဆောက်သမ်း အသင်းနဲ့ လမ်းခွဲတော့မယ်။ ဒီမှာ နေခဲ့တဲ့ ငါးနှစ်အတွင်းမှာ အသင်းပိုင်ရှင်၊ အသင်းမှာ တာဝန်ရှိသူ တွေရဲ့ ကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်’’ဟု ကင်ဝေါ် ဒန်က ပြောသည်။

သန္တိသုခကျောင်းတိုက်အတွင်း သံဃာများ၊ တုတ်၊ ဓားများဖြင့် ရှိနေသည်ဟု သီတဂူဆရာတော်မမိန့်ကြားကြောင်း စီမံအုပ်ချုပ်ဆရာတော်များ မြွက်ကြား

သန္တိသုခကျောင်းတိုက်တွင် ဆရာတော်၊ သုံးဆယ်တို့သည် တုတ်၊ ဓားတို့နှင့်ရှိနေ၍ အရေးယူရန် လို အပ်နေကြောင်း သီတဂူ ဆရာတော်ကြီးက မိန့် ကြားခဲ့ခြင်းမရှိဟု သီတဂူကျောင်းတိုက်ရှိ စီမံအုပ်ချုပ်ရေး ဆရာတော်များက မြွက်ကြားသည်။

မန္တလေးမြို့ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြင်သစ်အခြေစိုက်အဖွဲ့ တစ်ဖွဲ့ လေ့လာ အကဲဖြတ်

မန္တလေးမြို့၏ သယ် ယူပို့ဆောင်ရေးစနစ်ကို   ပြင် သစ် နိုင်ငံအခြေစိုက်အဖွဲ့တစ်ဖွဲ့က လေ့လာ အကဲဖြတ် ကာ စာတမ်း တစ်စောင်တင်သွားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုံလေအားကောင်း ဒေသအများ စု ရေဘေး အန္တရာယ်ရှိ

တောင်တရုတ်ပင်လယ်မှ ကယ်လ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သလို၊ လက်ရှိ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေ ပိုမိုအားကောင်း လာကာ ဒေသအများစု၌ ရေဘေးအန္တရာယ် ကြိုတင်သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြော သည်။

ဗဟိုဘဏ်သီးခြားရပ်တည်ခွင့်မရသေးသော်လည်း အချို့လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဟုဆို

 မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ယနေ့အချိန်အထိ အပြည့်အ၀သီးခြား ရပ်တည် လုပ် ဆောင်နိုင်ခြင်း မရှိဘဲ  အစိုးရ နှင့်တွဲ၍  လုပ်ဆောင်နေ ရသေး သော် လည်း အချို့လုပ်ငန်းများ တွင် ၀န်ကြီးဌာနများကဲ့သို့ မဟုတ်ဘဲ အားလုံးကိုဆန့်ကျင်လုပ် ဆောင်နေမှုများရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  ဦးဆက် အောင် ကပြောသည်။

ရွှေအုန်းပင် အိမ်ရာဝင်းအတွင်း အသေးစားမီးလောင်မှု ဖြစ်ပွား

ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာဝင်းအတွင်းရှိ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၁၅ ရက် နံနက်က မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

ကားမောင်းစနစ်ပြောင်းလဲခြင်းက မြန်မာအတွက် ပြဿနာဖြစ်လာနိုင်

Photo: ကားမောင်းစနစ်ပြောင်းလဲခြင်းက မြန်မာအတွက် ပြဿနာဖြစ်လာနိုင်
Tuesday, September 16, 2014

မြန်မာနိုင်ငံက  လမ်း များပေါ်မှာ ခပ်ကြမ်းကြမ်း  ဖို့ဒ်ထရက် ကားကနေပြီး ဂျက်ကွာပြိုင်ကား ထိ နိုင်ငံခြားဖြစ်ကားမျိုးစုံများက ရောက်ရှိလာနေကြပါသည်။ သို့ အတွက် ကားအများစုက လမ်း ကြောင်း   ပြောင်းပြန်မောင်းနေ သည့် မြန်မာနိုင်ငံမှာ ယာဉ်မောင်းနှင်သည့်ပုံစံပြောင်းလဲဖို့အတွက် ပထမဆုံးရှေ့ပြေးခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ရန်ကုန်ရှိ ခမ်းနားသော ကား အရောင်းပြခန်းကြီးများတွင် မ ကြာသေးခင်ကမှ ရောက်လာကြ သည့် အနောက်တိုင်းထုတ်ကား တွေက နည်းပါးပါသေးသည်။ သို့ သော်လည်း ကားလမ်းကြောင်းက ညာဘက်မောင်းစနစ်သုံးပြီး ညာ ဘက်မောင်းသူတွေများသည့် နိုင် ငံအတွက် ပြဿနာတွေ တိုးလာ ပါသည်။

ထိုပြဿနာက တကယ့်ကို နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ပြဿနာကြီးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတကာစီးပွားရေးစနစ်တွင် တိုးဝင်လာသော မြန်မာနိုင်ငံအနေဖြင့်     လူထုဘေးကင်းအန္တရာယ်ကင်းရေးအတွက် အနှစ်ငါးဆယ်ကျော် ထိန်းသိမ်းလာသော အစဉ်အလာတစ်ခုကို စွန့်လွှတ်မလားဆိုတာ အငြင်းအခုံဖြစ်လာပါပြီ။

‘‘ဒါက အဓိပ္ပာယ်မရှိတဲ့ မူဝါ ဒတွေရဲ့ ဥပမာတစ်ခုပဲ။ ဒီကိစ္စ က   ဆယ်နှစ်ကျော်လောက်က တည်းက ပြောင်းသင့်နေတာ’’ဟု အရှေ့တောင်အာရှလေ့လာရေး ဆိုင်ရာ   ပညာရှင်အဖွဲ့တစ်ခုမှ ဒေါ်မိုးသူဇာက ပြောကြားသည်။

ညာမောင်းကားတွေက မြန် မာနိုင်ငံက လမ်းတွေပေါ်မှာ မောင်းနေကြသော ကားများ၏ ကိုးဆယ် ရာခိုင်နှုန်းဖြစ်ပြီးနေ့တိုင်း ရင်တ မမဖြစ်နေရပါသည်။ ယာဉ်မောင်းတွေက ကားတွေကို ကျော်ရသည့် အခါ အခြားယာဉ်ကြောဘက်မှ မြင်ကွင်းကို ကွယ်သွားသလိုမျိုး ဖြစ်ကြသည်။ ဘတ်စ်ကားဒရိုင် ဘာများအနေနှင့်လည်း ညာဘက် မှာ ခရီးသည်တင်ချရသည့်အခါ ပလက်ဖောင်းဘေးထက် လမ်းမ ပေါ်မှာချရသလို ဖြစ်နေသည်။

‘‘အဝေးပြေးမောင်းတဲ့အခါ တော့     ပြဿနာနည်းနည်းရှိ တယ်’’ဟု ရန်ကုန်မှ အငှားယာဉ် မောင်းသူ ကိုမင်းက ပြောပါသည်။တစ်ခါတလေတွင် သူက ဘယ် ဘက်ကမမြင်ရသောအရာများအ  တွက် ခေါင်းကိုရှင်ရှင်ထားကြည့် ပြီး မောင်းရသည်။

ရက်စက်သော စစ်အာဏာ ရှင် ဦးနေ၀င်းလက်ထက်တွင် မြန် မာက ဘယ်ဘက်မောင်းစနစ်က နေ ညာဘက်ကိုပြောင်းခဲ့ခြင်းဖြစ် ပြီး အနှစ်လေးဆယ်လောက် ကျော်နေပြီ ဖြစ်ပါသည်။ ဗြိတိသျှ ကိုလိုနီစနစ်အောက်တွင်    ဘယ် မောင်းစနစ်ကနေ   ညာဘက်သို့ ပြောင်းရခြင်းမှာ ဗေဒင်ကို ယုံ ကြည်သောသူ၏ ကံကောင်းသော ဂဏန်းပါသည့် ငွေစက္ကူများထုတ် ဝေခဲ့သည့် ခေါင်းဆောင် ဦးနေ ၀င်းကြောင့်ဟု    ပြောလေ့ရှိကြ သည်။ မြန်မာစစ်အာဏာရှင်များ လက်ထက်တွင် အနောက်နိုင်ငံ များက ပိတ်ဆို့မှုများကြောင့် ဘယ် မောင်းစနစ်ဖြစ်သည့် မြောက်အ မေရိကနှင့် ဥရောပမှကားများ တင်သွင်းခွင့်ပိတ်ထားရသည်။ ထို့ကြောင့် ဘယ်ရောညာရောမောင်း သည့် ဂျပန်နှင့် ထိုင်းကဲ့သို့ နိုင်ငံ များမှ ကားများကို တင်သွင်းရ သည်။

၂၀၁၁ ခုနှစ် မြန်မာစစ်တပ်က  အာဏာကိုလွှဲပြောင်းမှုကြောင့် အနောက်နိုင်ငံက ကားထုတ်လုပ်သူ များလည်း မြန်မာကို ပြန်လည်ဝင် ရောက်လာပြီး ဘယ်မောင်းကား တွေကို သွင်းလာကြပါသည်။ အ ချို့နေရာများတွင် ကားအသစ် တင်ပို့မှုများသည် တစ်ပုံစံတည်း ဖြစ်ရမည်ဟု ဆိုသည်။

‘‘ဒါဘေးကင်းစေရေးမှာ တာ ၀န်ရှိတဲ့ အနေအထားပဲလို့ ကျွန် တော်ထင်ထားတယ်။ ကျွန်တော် တို့ကတော့ ဘယ်မောင်းဈေး ကွက်ကို ထူထောင်ထားတယ်’’ဟု ဖို့ဒ်ကားကုမ္ပဏီက အာရှဈေး ကွက်ဆိုင်ရာ တာဝန်ရှိသူဒေးဗစ် ၀ကိစတာမန်က ဆိုပါသည်။

သို့သော်လည်း မြန်မာကား ဈေးကွက်ကို လွှမ်းမိုးထားသည့် ပုဂ္ဂလိက ကားတင်သွင်းသူများထံ မှ ကန့်ကွက်သံတွေ ထွက်လာပါ သည်။ အကဲခတ်တချို့က လူအ နည်းငယ်လောက်ပဲ အမေရိက နှင့် ဥရောပမှ  ဘယ်မောင်းကား များကို တင်သွင်းနိုင်သည်ဟု ဆို သည်။ မြန်မာနိုင်ငံမှာ တိုးတက် နေသော်လည်း လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ တစ်နှစ်ကို ဒေါ်လာတစ်ထောင်အောက်မှာသာ ရှိသေးသည်။

‘‘တတ်နိုင်မှုဆိုတာကလည်း ပြဿနာတစ်ခုပဲ။ အခုလူလတ် တန်းစားမိသားစုတွေက ပထမ ဆုံးကားဝယ်ဖို့ တတ်နိုင်လာပြီ။ ဒါ ကောင်းတဲ့ တိုးတက်မှုပဲ။ ဒါပေမဲ့တခြားအကျိုးဆက်တွေလည်း ရှိ လာတယ်’’ဟု သမ္မတဦးသိန်းစိန် ၏ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောကြား ပါသည်။

မြန်မာအရပ်သားအစိုးရအ နေဖြင့် ဘယ်မောင်းညာမောင်း စနစ်ပြဿာနာကို ရိပ်စားသိရှိနေ သော်လည်း လာမည့်နှစ်မှာ ရွေး ကောက်ပွဲရှိနေသည့်အတွက် တိုင်းပြည်က    ကားအများစုကို လမ်းပေါ်မှ ပျောက်သွားစေတာ မျိုးလည်း မလုပ်ချင်ပါ။ သည်ပြ ဿနာကြောင့် နိုင်ငံရေးပြဿနာ ဖြစ်လာသည်မျိုးလည်း မဖြစ်စေ ချင်။  အခြားပြဿနာအများအ ပြားလည်း တိုင်းပြည်မှာရှိနေသေး သဖြင့် သည်ပြဿနာကို လတ်တ လောမှာ ဖြေရှင်းဖို့ မဖြစ်နိုင်သေး ပါ။ ‘‘ဘယ်မောင်းစနစ်ကို ပြန် သွားမယ်ဆိုရင်တော့ ယာဉ်တိုက် မှုတွေတော့ ရှိမှာပေါ့လေ။ ဒါပေ မဲ့ အခုလောက်တော့ ဆိုးမှာမ ဟုတ်ဘူး’’ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက   အကြံပြုပြောကြားပါ သည်။

(The Financial Times သတင်းစာပါဆောင်းပါးရှင် Michael Peel ရေးသားသော Car Quirk Poses Quandary For Myanmar ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)

7Day DAILY

ကမာရွတ်လှည်းတန်းခုံးကျော်တံတားအနီး ပြည်လမ်းမကိုမြင်ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
ကမာရွတ်လှည်းတန်းခုံးကျော်တံတားအနီး ပြည်လမ်းမကိုမြင်ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
မြန်မာနိုင်ငံက  လမ်းများပေါ်မှာ ခပ်ကြမ်းကြမ်း ဖို့ဒ်ထရက်ကားကနေပြီး ဂျက်ကွာပြိုင်ကားထိ နိုင်ငံခြားဖြစ် ကားမျိုးစုံများက ရောက်ရှိလာနေကြပါသည်။ သို့အတွက် ကားအများစုက လမ်း ကြောင်း   ပြောင်းပြန်မော င်းနေ သည့် မြန်မာနိုင်ငံမှာ ယာဉ်မောင်းနှင်သည့်ပုံစံပြောင်းလဲဖို့အတွက် ပထမဆုံးရှေ့ပြေးခြေလှမ်း တစ်ခု ဖြစ် လာနိုင် ပါသည်။

စီးပွားရေးလုပ်ငန်းများလူမှုစီးပွားတာဝန်သိတတ်မှုမြင့်မားလာစေရန် မန္တလေးတွင် ဒေါက်တာအောင်ထွန်းသက် ဟောပြောမည်

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လူမှုစီးပွားတာ ၀န်သိတတ်မှု များ မြင့်တက်လာ စေရန် ရည်ရွယ်၍ မန္တလေးမြို့ တွင်ပါမောက္ခဒေါက်တာအောင် ထွန်းသက်ကဟောပြောပို့ချမည် ဖြစ်ကြောင်း မြန်မာဂလိုဘယ် ကွန် ပက်ကွန်ရက်ကသတင်းထုတ်ပြန် သည်။

အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြမှု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထောက်ခံ

Photo: အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြမှု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထောက်ခံ
Tuesday, September 16, 2014

 နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ပြု၍ လွှတ် တော်တွင် ပြန် လည်ဆွေးနွေးနေ သော အမျိုးသားပညာရေးဥပဒေ ကြမ်းအပေါ် တက္က သိုလ်ကျောင်း သားများ ဆန္ဒပြကန့်ကွက်နေမှုကို အပြည့် အ၀ ထောက်ခံကြောင်း မြန်မာနိုင်ငံ လုံး ဆိုင်ရာ  ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာ ချက်ထုတ်ပြန်သည်။

အသွင်သဏ္ဌာန် အမျိုးမျိုး ဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ် နေသော တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ ရည်ရွယ်ချက်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ မူဝါဒများတူညီကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် က ဆိုသည်။

လက်ရှိအမျိုးသားပညာရေး ဥပဒေကြမ်း အတည်ပြုခဲ့ပါက ကျောင်းသားသမဂ္ဂများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို အရှိန်မြှင့် ဆောင်ရွက်ရန် ဆုံးဖြတ်ထားမှုကို ကြားသိရပြီး မြန်မ မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေဖြင့် အပြည့် အ၀ထောက်ခံကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် အထက်ပါဥပဒေကြမ်းကို ပညာ ရေးလွတ်လပ်မှုမရှိခြင်း၊ အုပ်ချုပ် ရေးမဏ္ဍိုင်မှ လွှမ်းမိုးချုပ်ကိုင် ခြင်း၊ ဒီမိုကရေစီကျင့်စဉ်များနှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် နိုင်ငံ နှင့် ပြည်သူကို အကျိုးပြုနိုင်မည့် ဥပဒေတစ်ရပ်ဟု မယုံကြည်ကြောင်းကန့်ကွက်ထားပြီး ဖြစ်သည်။

တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မည့် စစ်မှန်သော ပညာရေးဥပဒေတစ်ရပ်ပေါ်ထွန်း လာရေး ကြိုးပမ်းနေသော တက္က သိုလ်ကျောင်းသားသမဂ္ဂများကို မြန်မာနိုင်ငံလုံးဆိုင်ရာ  ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အပြည့် အ၀၀န်းရံ၍ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း  ဖော်ပြထား သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် တက္က သိုလ်ဆရာ၊ ဆရာမများအသင်း များကို အခြေခံ၍ ဖွဲ့စည်းထား သောအသင်းအဖွဲ့ဖြစ်ပြီး နိုင်ငံလုံး ဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲ ရေးကွန်ရက်နှင့် ချိတ်ဆက်ထား သည်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းအပေါ် ကျောင်းသားသမဂ္ဂ များ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ဖျောင်းဖျပေးရန် ပညာရေးဝန်ကြီး က တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း တာဝန်ရှိသူများနှင့် တွေ့ ဆုံပြောကြားခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

7Day DAILY 

ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ပြု၍ လွှတ် တော်တွင် ပြန် လည်ဆွေးနွေးနေ သော အမျိုးသား ပညာရေးဥပဒေ ကြမ်းအပေါ် တက္က သိုလ်ကျောင်း သားများ ဆန္ဒပြကန့်ကွက်နေမှုကို အပြည့် အ၀ ထောက် ခံကြောင်း မြန်မာနိုင်ငံ လုံး ဆိုင်ရာ  ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာ ချက်ထုတ်ပြန်သည်။

ပုဒ်မ ၅၀၀ ကို တည်ဆဲဥပဒေအတိုင်းသာထားရန် တရားရေးမဏ္ဍိုင်အလိုရှိ

သတင်းမီဒီယာသမား များကို ဖိနှိပ်ရာရောက်သည့် အသရေဖျက်မှုပုဒ်မ ၅၀၀ ကို ထောင်ဒဏ်မပါသည့် တရားမမှု အဖြစ်ပြင်ဆင်ရန် စာနယ်ဇင်း ကောင်စီ၏ ဆွေးနွေးမှုကို လွှတ် တော်ကိုယ်စားလှယ်အများစုက လက်ခံသော်လည်း တရားရေးမဏ္ဍိုင်ကမူ တည်ဆဲဥပဒေအတိုင်းသာ ဆက်လက်ပြဋ္ဌာန်း သင့်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သတင်းရရှိသည်။

ရန်ကုန်နဲ့မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB

Photo: ရန်ကုန်နဲ့မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB
Tuesday, September 16, 2014

 ဧပြီလအတွင်းက လာ ရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေ အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး မန္တ လေးမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ဒိုင်းမွန်းစင်တာအပေါ် ထပ်၌လည်းကောင်း၊ ရန်ကုန်မြို့ ၌ စက်တင်ဘာ ၂၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ လည်းကောင်းပြုလုပ်မည်ဖြစ် သည်။

‘‘ရန်ကုန်နဲ့ မန္တလေးနှစ်ပွဲ လုပ်ဖြစ်တာက ရန်ကုန်မှာတော့ ဧပြီလတုန်းက လုပ်ပြီးပြီ။ အဲဒါ ကြောင့် ဖျော်ဖြေတင်ဆက်မှု အသစ်တွေ လုပ်ပြချင်တယ်။ မန္တလေးမှာတော့ ကေပေါ့ပ်က မရောက်သေးဘူး။ အဲဒါကြောင့် မန္တလေးမှာလည်း ကေပေါ့ပ်ကို ထိုးဖောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ’’ဟု ယင်းဖျော်ဖြေပွဲစီစဉ်ကျင်း ပသည့် လရိပ်ဝါကုမ္ပဏီမှ မ ဆောင်းသက်ဇွန်စိုးကပြောသည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့ သော ဖျော်ဖြေပွဲတွင် M.I.B အဖွဲ့ သည် ပရိသတ်အများဆုံးအားပေး မှုရရှိခဲ့ပြီး ယခုဖျော်ဖြေပွဲတွင် M.I.B အဖွဲ့နှင့်အတူ အမျိုးသမီး ဆယ်ကျော်သက် ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 4 Ten အဖွဲ့ လည်း ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

လက်မှတ်ခဈေးနှုန်းများကို ရန်ကုန်တွင် ကျပ်ခုနစ်သောင်း နှင့် ကျပ်သုံးသောင်း နှစ်မျိုးသတ် မှတ်ထားပြီး မန္တလေးဖျော်ဖြေပွဲ တွင် ကျပ် ငါးသောင်းတန်လက် မှတ်များကိုပါရောင်းချပေးသွား မည်ဖြစ်သည်။

‘‘မန္တလေးပွဲအတွက် လက် မှတ်တွေကိုတော့ စက်တင်ဘာ  ၆ ရက်မှာ စ၀ယ်လို့ရပါပြီ။ ရန် ကုန်ပွဲအတွက်ကိုတော့ နောက် ရက်မှာ စရောင်းပေးမှာပါ’’ဟု  မဆောင်းသက်ဇွန်စိုးက  ပြော သည်။

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 ဧပြီလအတွင်းက လာရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့်M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

လူငယ်များတွင် Botox ဆေးသွင်းကုသခြင်း ခံစားချက်ပိုင်းဖွံ့ဖြိုးမှုကို ထိခိုက်နိုင်

လန်ဒန်- လူငယ်များအား Botox ဆေးသွင်းကုသပေးခြင်းသည် ၎င်းတို့၏ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကို အကန့်အသတ်ရှိစေနိုင်သည်ဟု ကျွမ်းကျင်သူများကပြောကြားသည်။

တိုရန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ထိပ်တန်းဆုရသွားတဲ့ The Imitation Game ဇာတ်ကား

Photo: တိုရန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ထိပ်တန်းဆုရသွားတဲ့ The Imitation Game ဇာတ်ကား
Tuesday, September 16, 2014

ဗြိတိန်ကွန်ပျူတာ သိပ္ပံ ပညာရှင် အယ်လန်ကျူရင်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားဖြစ်သော The Imitation Game ဇာတ်ကား သည် (၃၉)ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ထိပ်တန်းဆုဖြစ်သော People's Choice Award ဆုကို ရရှိခဲ့သည်။

The Imitation Game ရုပ် ရှင်ဇာတ်ကားတွင် ဗြိတိန်သရုပ် ဆောင် များဖြစ် ကြသော ဘန်နက် ဒစ်ကမ်ပါဘက်ခ်ျ၊ ကီရာနိုက်တ လေနှင့် မက်သရူးဂွတ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေ သည့် အချိန်ကို အခြေခံရိုက်ကူး သော The Imitation Game ဇာတ်ကား၌ ဘန်နက်ဒစ်ကမ်ပါ ဘက်ခ်ျက စကားဝှက်ဖော်သူ ဗြိ တိန်သင်္ချာပညာရှင် အယ်လန် ကျူရင်းအဖြစ် သရုပ်ဆောင်ထား သည်။

ဘန်နက်ဒစ်သည် ယင်း ဇာတ်ကားတွင် သင်္ချာပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ထား သော ထိုခေတ်၌ လူသိမခံဝံ့သည့်လိင်တူစုံမက်သူ (ဂေး)တစ်ဦးအ ဖြစ် သရုပ်ဆောင်ထားသည်။

ပြီးခဲ့သည့်နှစ်များက တိုရန် တို ရုပ်ရှင်ပွဲတော်၌ People's Choice Award ဆုကို ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားခြောက်ကားအ နက် သုံးကားမှာ အော်စကာဆု ပေး ပွဲ များ၌ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုများ ရရှိခဲ့သည်ဟု သိရသည်။

(၃၉) ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၄ ရက်မှ ၁၄ ရက် အထိ ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

Ref: Press Association
7Day DAILY
ဗြိတိန်ကွန်ပျူတာ သိပ္ပံ ပညာရှင် အယ်လန်ကျူရင်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားဖြစ်သော The Imitation Game ဇာတ်ကား သည် (၃၉)ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ    ရုပ်ရှင်ပွဲတော်၌ ထိပ်တန်းဆုဖြစ်သော People's Choice Award ဆုကို ရရှိခဲ့သည်။

အများပိုင်ကုမ္ပဏီများ ရှယ်ယာထုတ်ရောင်းမှုများလာ၍ ခိုင်မာမှုအခြေအနေ သတိထားသင့်ဟုဆို

စတော့အိတ်ချိန်းဈေး ကွက်မပေါ်မီ အများပိုင်ကုမ္ပဏီများ ရှယ်ယာကြိုတင်ရောင်း ချမှု များပြားလာသဖြင့် ရှယ်ယာဝယ်ယူရာတွင် သတိပြုသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တပ်မတော်အရာရှိ တစ်ဦးကိုပုဒ်မ ၄၃၆ပြင်ဆင် လှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကြောင့် အ ရေးယူထားသည်ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ဘဲ မူလ ကတည်းက အုပ်ချုပ်မှု လျော့ရဲသည့်ဖြစ်စဉ် ကြောင့် တပ်တွင်းအရေးယူ မှုကို ပြုလုပ် ထားခြင်းဖြစ်ကြောင်း တပ် မတော်အရာရှိကြီးတစ်ဦးကပြော ကြားလိုက်သည်။

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအနီးမှ ချိန်ကိုက်မိုင်း အချိန်မီ ရှင်းလင်းနိုင်

Photo: မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအနီးမှ ချိန်ကိုက်မိုင်း အချိန်မီ ရှင်းလင်းနိုင်
Tuesday, September 16, 2014

 မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီးတွင် ထောင်ထားသည့် ချိန်ကိုက် မိုင်း တစ်လုံးကို နယ်မြေခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက်နံနက် ၆ နာရီကျော်အချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီး ချဉ်းကပ်လမ်းညာဘက် ပလက် ဖောင်းဘေး၌ သန့်ရှင်းရေးဝန် ထမ်းများက ယင်းမိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချိန်ကိုက် မိုင်းကို နယ်မြေခံစစ်တပ်ရင်း ခမရ (၂၇၅)နှင့် ရဲတပ်ဖွဲ့ဝင်များ က ရှင်းလင်းခဲ့ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကို ဦးက ပြောသည်။

 ‘‘ရဲတပ်ဖွဲ့က စစ်ဆေးနေတုန်းပါ။

ဘယ်သူတွေထောင် သွားတယ်ဆိုတာကို စည်ပင်ဝန်ထမ်းတွေတွေ့တွေ့ချင်းပဲ မိုင်းကျွမ်းကျင်သူတွေသွားပြီးရှင်းပေးခဲ့တာပါ’’ဟု ၎င်းကပြောသည်။

ယင်းသတင်းနှင့် ပတ်သက်၍ မြဝတီခရိုင်ရဲတပ်ဖွဲ့သို့ မေးမြန်း ရာ ၎င်းတို့မသိရှိကြောင်း တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါမိုင်းမှာ အဝေးထိန်း စနစ်မပါဘဲ မိုင်းတွင် တပ်ဆင် ထားသည့်နာရီလက်တံကို နံနက် ၁၀ နာရီ ၅၅ မိနစ်သို့ ချိန်ထား သောကြောင့် လူစည်ကားသည့် အချိန်တွင် ပေါက်ကွဲစေရန် ရည် ရွယ်ထားခြင်း ဖြစ်နိုင်ကြောင်း မြဝတီမြို့ခံ ဦးလှဝင်းက ပြော ကြားသည်။

‘‘ဒီမြို့မှာက လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ ရဲတွေရော၊ စစ် တပ်ရော၊ ထိုင်းနဲ့မြန်မာ ကူးချည် သန်းချည်လုပ်နေတဲ့ကြေးစားလူ မိုက်တွေရော ရှုပ်နေတာပဲ။ ဒီအ မှုလည်း ဘယ်သူလုပ်တယ်ဆိုတာ ပေါ်မှာမဟုတ်ဘူး။ ပေါက်ကွဲရင် သာ ဒေသခံတွေအသားလွတ်ခံရ မှာ’’ဟု ဦးလှဝင်းကပြောသည်။

အဆိုပါမိုင်းမှာ မပေါက်ကွဲ မီ ရှင်းလင်းနိုင်ခဲ့သောကြောင့် အမှုဖွင့်ထားခြင်းမရှိဘဲ မိုင်းထောင်သူကို စုံစမ်းနေကြောင်း မြဝတီ မြို့မ ရဲစခန်းမှူးက  ပြောကြားသည်။

7Day DAILY 

မြဝတီချစ်ကြည်ရေးတံတားအနီးမှ ချိန်ကိုက်မိုင်းကို လုံခြုံရေးတပ်ဖွဲ့များက ဖယ်ရှားစဉ် (ဓာတ်ပုံ − ဂျွန်စံလင်း)
မြဝတီချစ်ကြည်ရေးတံတားအနီးမှ ချိန်ကိုက်မိုင်းကို လုံခြုံရေးတပ်ဖွဲ့များက ဖယ်ရှားစဉ် (ဓာတ်ပုံ − ဂျွန်စံလင်း)
 မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီးတွင် ထောင်ထားသည့်ချိန်ကိုက်မိုင်း တစ်လုံးကို နယ်မြေခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု ပြောဆို၍ သွေးဆောင်ခေါ် ယူလာသူများအား အရေးယူထား

၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅) မိုင် ယာဉ်ရပ်နားဝန်းအတွင်း ဖြူးအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန် ဆောင်ရွက်နေစဉ် “ပိုင်အိုးနီးယား” စားသောက်ဆိုင်တွင် ရပ်နားထားသည့် 3G/---- “ရာဇာထွန်း” ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ အမျိုးသမီး (၂) ဦး ဆင်းပြေးလာသဖြင့် တပ်ဖွဲ့ဝင်များက အမြန်လမ်း ရဲစခန်း သို့ ခေါ်ယူမေးမြန်းခဲ့သည်။

ထိုင်းရဲက မြန်မာများအား ငွေတောင်းခြင်းနှင့် KNLA က ထိုင်းကုန်တင်ကားများ တားဆီးခြင်းကိစ္စ ထိုင်းနှင့် မြန်မာတာဝန်ရှိသူများဆွေးနွေး

Photo: ထိုင်းရဲက မြန်မာများအား ငွေတောင်းခြင်းနှင့် KNLA က ထိုင်းကုန်တင်ကားများ တားဆီးခြင်းကိစ္စ ထိုင်းနှင့် မြန်မာတာဝန်ရှိသူများဆွေးနွေး
Tuesday, September 16, 2014

မြန်မာနိုင်ငံသားများ ထံမှ ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေကြေးတောင်းခံနေသည် ဆို ခြင်းနှင့် KNU/KNLA-PC အဖွဲ့ က ထိုင်းကုန်ကားများအား တား ဆီးပိတ်ဆို့ခဲ့သည့်ဖြစ်စဉ်ကို မြန် မာနှင့် ထိုင်းအစိုးရတာဝန်ရှိသူ များ မြ၀တီခရိုင်ထွေ/အုပ်ရုံးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၁၄ ရက်က မြ၀တီခရိုင်နှင့် ထိုင်းနိုင်ငံ တာ့(ခ်) ခရိုင်တို့မှ ခရိုင်အဆင့် တာဝန်ရှိ သူများဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မှ အကြောင်း အမျိုးမျိုးဖြင့် သွားလာနေသူများ ဥပဒေအတိုင်းလိုက်နာကြရန် ဦး စားပေးဆွေးနွေးခဲ့ကြောင်း မြ၀ တီခရိုင်ထွေ/အုပ်ရုံးအရာရှိတစ် ဦးကပြောသည်။ ထို့အပြင် မြန် မာနိုင်ငံသားများအား နည်းမျိုးစုံ သုံး၍ ငွေညှစ်နေသည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်ရန် ထိုင်း အစိုးရတာဝန်ရှိသူများအား အသိ ပေးခဲ့ကြောင်း ၎င်းကပြောသည်။

မြ၀တီမြို့နှင့် နယ်စပ်မြို့ဖြစ် သော ထိုင်းနိုင်ငံ မဲဆောက်သို့ အကြောင်းအမျိုးမျိုးဖြင့် သွား သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲ ငွေညှစ်မှုမှာ ဆိုးရွားနေ ပြီး ယင်းဖြစ်စဉ်ကို နှစ်နိုင်ငံတာ ၀န်ရှိသူများ ဖြေရှင်းမပေးသော ကြောင့်ဟုဆိုကာ KNU/KNLA- PC အဖွဲ့ မြ၀တီမြို့သို့ ၀င်လာ သည့် ထိုင်းကုန်တင်ကားများအား တားဆီးခဲ့သည်။ စက်တင်ဘာ ၁၃ ရက် နံနက်က ကားအစီးရေ ၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ဗိုလ် မှူးကြီး တိုက်ဂါး ဦးဆောင်ကာ တားဆီးခဲ့ခြင်းဖြစ်ပြီး မြ၀တီမြို့ နယ်နယ်ခြားကော်မတီရုံးအရာရှိ များနှင့် ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ညှိနှိုင်းမှုဖြင့် ပြန်လည်ထွက်ခွာခွင့်ပေးခဲ့သည်။

‘‘သူတို့ဆွေးနွေးတာက လည်း အလွတ်သဘောလုပ်သွား တာ။ ဘာသတင်းမှ ထုတ်ပြန်တာ မျိုးလည်း မရှိဘူး။ ထိုင်းဘက်ကို ပြောထားတယ်။ အရေးယူလိမ့် မယ်ဆိုတာပဲ သိရတယ်။ ဘာ အာမခံချက်မှ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း အခြေအ နေကို စောင့်ကြည့်သွားမှာပါ’’ ဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဆက်ဆံရေးအရာရှိက ပြော သည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ မဲ ဆောက်မြို့သို့သွား၍ အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသား ခရီးသွားများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲမှ နည်းမျိုးစုံသုံး၍ ဖမ်းဆီးငွေညှစ် နေသောလုပ်ရပ်ကို ဖြေရှင်းမပေး ပါက စက်တင်ဘာ ၁၈ ရက် နောက်ပိုင်းတွင် အရေးယူဆောင် ရွက်မှုများ လုပ်သွားမည်ဖြစ် ကြောင်း ကရင်ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး က VOA သတင်းဌာနသို့ ပြော ထားသည်။

မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာနေသည့် မြန်မာနိုင်ငံသားနှင့် အလုပ်သမား များနေ့စဉ်ထောင်နှင့်ချီ၍ ရှိနေပြီး ထိုင်းရဲ၊ လ၀ကနှင့် ယာဉ်ထိန်းရဲ များကလည်း နည်းမျိုးစုံဖြင့် ငွေ ကြေးတောင်းခံဖမ်းဆီးခြင်းများရှိ နေကြောင်း မဲဆောက်မြို့မှ မြန် မာအလုပ်သမားအရေး ဆောင် ရွက်သူ ကိုစိုးထွန်းကပြောသည်။

၂၀၁၄ နှစ်ဦးပိုင်းကလည်း ထိုင်းရဲ၏ အတင်းအကျပ်ငွေ တောင်းခံရသော မြန်မာအလုပ် သမားအချို့ ထိုင်းနိုင်ငံဘန် ကောက်မြို့တွင် ကားလမ်းပိတ် ဆို့၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း အပါအ၀င် မြန်မာအလုပ်သမားများ ထိုင်းရဲကို ဆန္ဒပြမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။

7 Day Daily
မြန်မာနိုင်ငံသားများ ထံမှ ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေကြေးတောင်းခံနေသည်ဆို ခြင်းနှင့် KNU/KNLA-PC အဖွဲ့က ထိုင်းကုန်ကားများအား တားဆီးပိတ်ဆို့ခဲ့သည့်ဖြစ်စဉ်ကို မြန်မာနှင့် ထိုင်းအစိုးရတာဝန်ရှိသူ များ မြ၀တီခရိုင်ထွေ/အုပ်ရုံးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးပဋိပက္ခ ဖြစ်စဉ်မှ ရဲထွဋ်နှင့် နုနုမြတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်သူများအဖြစ် ပျဉ်းမနားမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားသော ကိုရဲထွဋ်နှင့် မနုနုမြတ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင် သူများ အက်ဥပဒေ ၆ (၂) ၆ (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။

ပီအာရ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း

Photo: ပီအာရ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း
Tuesday, September 16, 2014

ဒီမိုကရေစီစနစ် ကို စတင်အကောင်အထည်ဖော် နေရသော ယခုကဲ့သို့ အချိန်အခါ တွင် နိုင်ငံအတွက် အခြားအရေး တကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများ မှာ သင့်လျော်မှုမရှိသော လုပ် ဆောင်ချက်များဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသောစာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ယခုလ ၁၅ ရက်တွင် ပြည် ထောင်စုလွှတ်တော်တွင် ကျင်းပ ပြုလုပ်သော ၂၀၁၄ ခုနှစ် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား၌ အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်က စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ယနေ့အ ချိန်အခါကို အခွင့်ကောင်းယူကာ  ယခုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး အ ချိုးကျ ကိုယ်စားပြုစနစ် PR ကဲ့သို့သော ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးကိစ္စရပ်များသည် ပြည်သူများ၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီ အချို့မှသာစတင်သော ကိစ္စဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြထား သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်တွင်းရောက်ရှိနေ သည့် နိုင်ငံရေးပါတီ ၁၈ ခုမှ စာ တမ်း ၁၈ စောင် တင်သွင်းခဲ့ကာ ကျောင်းသားလူငယ်များ၏ စာ တမ်း၊ ပြည်သူလူထုကိုယ်စားပြု ကိုယ်စားလှယ်၏ စာတမ်းများ အ ပါအ၀င် စာတမ်း ၁၈ စောင် တင် သွင်းခဲ့သည်။

‘‘ဒီစာတမ်းတွေက တင်ပြီး ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တင်တဲ့အထဲမှာ ကောင်းနိုးရာရာ အချက်တွေကို ရွေးထုတ်ပြီး လွှတ် တော်အနေနဲ့ ဆက်လုပ်သင့်တာ လုပ်သွားမှာပါ။ ပါတီတွေအနေ နဲ့ကလည်း သူတို့ရဲ့ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာဖြစ် တဲ့အတွက် ဆက်ပြီးတော့ ဆောင် ရွက်နေကြမှာပါ’’ ဟု အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက 7Day ၏ မေး မြန်းမှုကို ဖြေကြားရာတွင် ထည့် သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ ဦးဆောင်၍ အဆိုပါ အခမ်းအနား ကို ကျင်းပခဲ့သည်မှာ လေးကြိမ် ရှိပြီဖြစ်ပြီး ယခုနှစ် အခမ်းအနား သို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း စာတမ်းတင်သွင်းမှု မပြုခဲ့ခြင်းအ တွက် မေးမြန်းမှုအပေါ်ဦးဌေးဦး က မိမိတို့ကော်မတီ၏ ဆုံးဖြတ်ချက်အရတင်သွင်းမှုမပြုစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

7Day DAILY 

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ဒီမိုကရေစီစနစ် ကို စတင်အကောင်အထည်ဖော် နေရသော ယခုကဲ့သို့ အချိန်အခါ တွင် နိုင်ငံအတွက် အခြား အရေး တကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများ မှာ သင့်လျော်မှုမရှိသော လုပ် ဆောင်ချက်များဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသောစာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လူငယ်အင်အားစုများ ပိုမိုပါဝင် ခွင့် ပေးရေး သမ္မတတိုက်တွန်း

Photo: ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လူငယ်အင်အားစုများ ပိုမိုပါဝင် ခွင့် ပေးရေး သမ္မတတိုက်တွန်း
Tuesday, September 16, 2014

ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်နိုင်ရေး လူငယ်အင်အားစုများက ဝိုင်းဝန်း ဆောင် ရွက်ပေးကြရန်နှင့် လူငယ်များကို ပိုမိုပါဝင်ခွင့်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုက်တွန်းပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၀ ရွေးကောက် ပွဲပြီး နောက်ပိုင်း လွှတ်တော် အစည်းအဝေးများ စတင်ခေါ်ယူခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ လေးကြိမ်မြောက် ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပါတီပေါင်း ၁၈ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအချို့က ဒီမိုကရေစီ ထွန်းကားရေးနှင့် ပတ်သက်သည့် စာတမ်းနှင့် သဝဏ်လွှာများ ပေးပို့ခဲ့သည်။

လူငယ်အင်အားစုများသည် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် အဓိကကျသဖြင့် စွမ်းရည်ပြည့်ဝစွာ ပါဝင်နိုင်ရေး အခြေခံပညာကျောင်းများတွင် ကင်းထောက် အဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်း လေ့ကျင့်ပေးခြင်းနှင့် ထူးချွန်ကျောင်းသားများ ရွေးချယ်ကာ လေ့ကျင့်ပေးမှုများ ပြုလုပ်နေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်လျက် ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် လူငယ်များ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင် စေနိုင်ရေးအတွက် သမ္မတ အနေနှင့် မိန့်ခွန်းပြောကြားနေရုံဖြင့် မပြီး လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

ယင်းသဝဏ်လွှာနှင့် ပတ်သက်ပြီး လူငယ်အဖွဲ့အစည်းများကိုမူ လူငယ်များ၏ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများနှင့် လူငယ်များ ပါဝင်နိုင်မှု အခန်းကဏ္ဍ မြှင့်တင်ရန် အဓိက လိုအပ်နေကြောင်း တုံ့ပြန် ပြောဆိုကြသည်။

“ဆောင်ပုဒ်တင်မရဘူး။ အဲဒီ ဆောင်ပုဒ် အကောင်အထည်ဖော်ဖို့ လမ်းစတွေ ဖော်ဆောင်ရမယ်။ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေ၊ အားထုတ်မှုတွေ ရပြီ ဆိုရင်လည်း အစိုးရ အဖွဲ့အစည်းတွေက အသိအမှတ်ပြုဖို့ လိုပါသေးတယ်” ဟု မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောကြားသည်။

အစိုးရအဖွဲ့ လုပ်ငန်းစဉ်များတွင် လူငယ်များကို ခန့်ထားလုပ်ကိုင်စေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လက်ဆင့်ကမ်း ကူညီမှုများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ထပ်မံပြုလုပ်သင့်ကြောင်း Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

“ပညာရေးစနစ်က ပျက်စီးနေတော့ လူငယ်အများစုက စွမ်းဆောင်ရည် သိပ်မရှိကြဘူး။ အဲဒီတော့ ပါဝင်ပါလို့သာ ပြောနေတယ်။ ပါဝင်ချင်ပေမယ့် အသိပညာပိုင်း၊ အတတ်ပညာပိုင်းမှာ သိပ်မပါဝင်နိုင်ကြဘူး။ ခန္ဓာကိုယ်ပဲ ပါနိုင်တယ်” ဟု ကိုမိုဃ်းသွေးက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သဝဏ်လွှာတွင်လည်း လူငယ်များ၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုကို အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ ပေးသွားရမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုနှစ် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၏ ဆောင်ပုဒ်ကို ဒီမိုကရေစီ ဖော်ဆောင်ရေး လူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး “Engaging Youth on Democracy” ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN က သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၅၁ သန်းကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်အရေအတွက်မှာ ၁၆ သန်းခန့် အထိရှိပြီး နိုင်ငံတိုးတက်ရေးသည် လက်ရှိ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားမှုပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ၆၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အခမ်းအနား ပြုလုပ်ရန် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်နိုင်ရေး လူငယ်အင်အားစု များက ဝိုင်းဝန်း ဆောင် ရွက်ပေးကြရန်နှင့် လူငယ်များကို ပိုမိုပါဝင်ခွင့်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုက်တွန်းပြောကြားသည်။

ဒုတိယသမ္မတဦးဥာဏ်ထွန်း နန်နင်းတွင်ပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက်

Photo: ဒုတိယသမ္မတဦးဥာဏ်ထွန်း နန်နင်းတွင်ပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက်
Tuesday, September 16, 2014

တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ် သီးအစည်းအဝေးကို တက်ရောက် ရန်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၅ရက်ညနေပိုင်းတွင် မြန် မာကုန်စည်ပြပွဲ ပြခန်းများသို့ လှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၅ရက် နံနက် ၉နာရီက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နန်နင်း မြို့သို့ တပ်မတော်လေယာဉ်ဖြင့်ထွက် ခွာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ မွန်းလွဲ ၁၂နာရီခွဲ တွင် ရောက်ရှိခဲ့ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ နန်နင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး မှ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ က ကြိုဆိုပြီး ယင်းမှ လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ထွက်ခွာခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လိယွမ်အစိုးရဧည့်ဂေဟာ တွင်ပြုလုပ်သည့် နှစ်နိုင်ငံဆွေးနွေး ပွဲကိုတက်ရောက်ခဲ့ပြီး ယင်းဆွေးနွေး ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်Mr. Zhang Gaoli နှင့်တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စ ရပ်များဆိုင်ရာကို တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group
တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြ ပွဲနှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ် သီးအစည်းအဝေးကို တက်ရောက် ရန်ရောက် ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သော မြန်မာ ကိုယ် စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၅ရက်ညနေပိုင်းတွင် မြန် မာကုန်စည်ပြပွဲ ပြခန်းများသို့ လှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တပ်မတော်အရာရှိတစ်ဦးကိုပုဒ်မ ၄၃၆ပြင်ဆင် လှုပ်ရှားမှုတွင်ပါဝင် လက်မှတ်ရေးထိုးခြင်းကြောင့်အ ရေးယူထားသည်ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ဘဲ မူလကတည်းက အုပ်ချုပ်မှု လျော့ရဲသည့်ဖြစ်စဉ် ကြောင့် တပ်တွင်းအရေးယူမှုကို ပြုလုပ် ထားခြင်းဖြစ်ကြောင်းတပ် မတော်အရာရှိကြီးတစ်ဦးကပြော ကြားလိုက်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် လုံခြုံရေးနှင့် နယ်စပ် တည်ငြိမ်အေးချမ်းရေး တာဝန်  ထမ်းဆောင်နေသော ဗိုလ်မှူး  ကျော်စွာဝင်းမှာ မန္တလေးမြို့တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်းဆောင်ရွက်သည့်ဖွဲ့စည်းပုံ 
အခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင် ရေးလှုပ်ရှားမှုတွင် ပါဝင်လက် မှတ်ရေးထိုးခြင်းကြောင့် ပြင်ဦး လွင်မြို့တွင် ဖမ်းဆီးခံနေရ ကြောင်းသတင်းများအပေါ်တပ်မ တော်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူက  ငြင်းဆို လိုက်ခြင်းလည်း ဖြစ် သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုံလေ အားကောင်း ဒေသအများစု ရေဘေးအန္တရာယ်ရှိ

 တောင်တရုတ်ပင်လယ် မှ ကယ်လ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းမုန် တိုင်းငယ်အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သလို၊ လက်ရှိ မုန် တိုင်းအရှိန်ကြောင့် မုတ်သုံလေ ပိုမိုအားကောင်းလာကာ ဒေသ အများစု၌ ရေဘေးအန္တရာယ် ကြိုတင် သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။
‘‘တတိယရေကြီးကာလ လည်း ဖြစ်နေတယ်။ မုန်တိုင်းက လည်း အားကောင်းနေတယ်။ သူ့ အရှိန်ကြောင့်လည်း မုတ်သုံက ပြန်အားကောင်းနေပြန်တယ်။ အခုတောင် မိုးခေါင်နေတဲ့ အ လယ်ပိုင်းမှာ ရေဘေးတွေ့နေရ ပြီ။ ဒီမုန်တိုင်းကြောင့် ရေလွှမ်း မယ့်အန္တရာယ်ရော လေပြင်း ကျမယ့်

မန္တလေးပဋိပက္ခ ဖြစ်စဉ်မှ ရဲထွဋ်နှင့် နုနုမြတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်သူများအဖြစ် ပျဉ်းမနားမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားသော ကိုရဲထွဋ်နှင့် မနုနုမြတ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ၆ (၂) ၆ (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ် ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။