Wednesday 26 September 2012

ယောက်ျားများကြောက်သော မိန်းမ



ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

“နေပြည်တော် ဟိုတယ်များ Presidental Suite တစ်ခန်း ထည့်တည်ဆောက်နေ”

အစိုးရ၏ ထပ်ညွှန်းချက်အရ နေပြည်တော်ရှိ ဟိုတယ်များတွင် Presidental Suite အခန်းတစ်စုံစီ မပါမနေရ ထည့်သွင်းရန် စီစဉ်နေပြီဟု နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ထည့်ရမယ်။ ဟိုတယ်အားလုံးက ထည့် သွင်းနိုင်ရင်တော့ ပိုအဆင်ပြေ တာပေါ့” ဟု Sky Palace ဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ



တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။

ရန်ကုန်အခြေစိုက်ပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေ့မည်

Wednesday, 26 September 2012

ရန်ကုန်အခြေစိုက်နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး မှ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ ၃ ၌ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီ တွင် တွေ့ဆုံသွားမည်ဟု သိရသည်။

မြစ်ဆုံအနီးမှ အောင်မြင်သာစံပြရွာ မူးယစ်ဆေးသုံးစွဲမှု လွန်ကျွံလာ

Wednesday, 26 September 2012

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရွာသားများနေထိုင်သည့် အောင်မြင်သာစံပြကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူငယ်ပိုင်းသေဆုံးမှုများ ရှိလာကြောင်းဒေသခံများထံမှ သိရသည်။
''လူငယ်တွေ မူးယစ်ဆေး ကြောင့် သေဆုံးတာ ၁ဝ ဦး လောက်ရှိပြီ။

KIO ဌာနချုပ်တွင် မူးယစ် တိုက်ဖျက်ရေး လူထုအစည်းအဝေး ကျင်းပ


Wednesday, 26 September 2012 



ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်းအဝေးတရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကပြည်ထောင်စုရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ

Wednesday, 26 September 2012
 
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ စက်တင်ဘာ ၂၅ ရက်နေ့တွင်ပြု လုပ်ခဲ့သောဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကပြည်ထောင်စုေ ရာက် မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲ တွင် အမေရိကရောက် မြန်မာမွတ်စလင်မ်ပြည်သူများလဲ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
(ဓါတ်ပုံ Nay Sai)

"ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့် များ မြန်မာသို့ လာရောက်ရန် စိတ်ဝင်စား"

Wednesday, 26 September 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေ ရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင် ငံသားများ မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားလာကြကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။

ကချင်တိုင်းရင်းသူ မော်ဒယ် အောန်ဆိုင်းရဲ့ Facebook



September 26, 2012 (ဧရာဝတီ Blog)


အောန်ဆိုင်းက ကြော်ငြာတွေမှာ တွေ့ရတတ်တဲ့ အထင်ကရ မော်ဒယ်တယောက် ဖြစ်နေပါပြီ။

သူနဲ့ Facebook သူငယ်ချင်းဖြစ်လိုရင် http://www.facebook.com/marip.a.seng ကို အရင် သွားရပါမယ်။ သူငယ်ချင်းဖြစ်ရေး မဖြစ်ရေးကတော့ သူ့အပေါ် မူတည်ပါလိမ့်မယ်။

ကြေးနီအလွဲသုံးစားမှု အာရှလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား


Wednesday, 26 September 2012

ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟူ၍ စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါး ကုမ္ပဏီလီမိတက် (MICL) မှ ဦးအောင်လောဟာနှင့် ပတ်သက်၍ တရားမျှတစွာ အမှုမှန်ပေါ်ေ ပါက် ရန် ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်သို့ ညီဖြစ်သူ ဦးအောင်လောကီးက တိုင်ကြားလိုက်သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အရေးယူ တရားစွဲဆိုမည်ဆိုပါက လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် ပြန်လည်တရားစွဲဆိုမှု ပြုလုပ်သွားမည်



WEDNESDAY, 26 SEPTEMBER 2012 10:02



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမည်ဆိုပါက မိမိတို့ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် ပြန်လည်၍ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူများမှ ပြောကြားခဲ့သည်။

ကချင်နှင့် ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်း


ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊စက်တင်ဘာ-၂၆



ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ် ပွားနေသော ပဋိပက္ခများအပေါ် နှုတ်ဆိတ်နေခြင်းအား ဝေဖန်မကျေနပ်မှုများနှင့် ပတ် သက်၍ အချင်းချင်းပဋိပက္ခ ပိုကြီးထွားမသွားစေရန် မည်သည့်ဘက်ကိုမှ ပြင်းပြင်းထန်ထန် မပြောခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာ

Wednesday, September 26, 2012
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ Secret Service ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ဂရု စိုက်ပါတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်း ဆောင်ရွက်ပါတယ်။

ဖားကန့်မြို့ နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်ပွား

Wednesday, 26 September 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpvmDXSiw0FwG74aj-wraoP08A5wHn6G3xtzZymLr0E3tGZMA0MjbvgDrAkGdiBuIitnir_lz2u0dAhIBOepH-XIePprykzXRmxjIyo7HqTWOwaxZolWB2PZ6i8-kk_uasUBKvDEKdqAo/s1600/shwe+myhanmar+group...jpg 

ကချင် ပြည်နယ်ကဖားကန့် မြို့နယ်အတွင်း မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၂ ရက်ကနေ ၂၄ ရက် နေ့အ ထိ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖို့ဝိန်း မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ

Wednesday, 26 September 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPdinpD9M809qGX1gzSXJHlxNKAirSfxP81RJ4NzWn3W-krvnv6qJIV1LCaNyFf10uQU9tbhYxs6NUHnw2JB_DnUyQs4I3aj1bO2gUUyuJXU5vcpF33khwDl7_c7ur1VG7sBTWkV4jgqw/s1600/shwe+myanmar+group,,.jpg


ကိုယ့်ရောက်ရာအရပ်မှာ အကောင်းဆုံး ပညာတွေကို ရှာယူပြီး တိုင်းပြည် အတွက် အကျိုးပြုနိုင်အောင် ကြိုးစားကြဖို့ အမေရိကန် ပြည်ထောင်စုမှာ ခေတ္တရောက်နေတဲ့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယ ကုမ္ပဏီမှ ဘင်္ဂလီတစ်ဦး ရခိုင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

Wednesday, 26 September 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjnhh6DxbMBeTV9Vr6ZlyzBHhHy2G8VGzShQH7E09NmpzMCsrHxnU3uCuUZcanItNLEENyNn4lVjOKauwEElcCHMrIUaVQkc-KFI7DPxIuxcaHiBi9c3B8biuxfe0nrPWfryPTFDyf7s8/s1600/DSCF2073+copy.jpg


ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ၊ စည်ပုတ်ကေထောင့်မှ (ဘ)ဦးမောင်ကြချမ်း (မ)ဒေါ်ဗွီစိကေတို့ သမီးဖြစ်သူ အသက်(၁၇)နှစ် ရှိသော မရွှေဇင်အေးအား အိန္ဒိယကုမ္ပဏီ
၏ အလုပ်သမားဖြစ်သော ဘင်္ဂလီတစ်ဦးဖြစ်သူ အာလီကူးမားသည် ယင်းမိန်း ကလေးကို ယနေ့မနက်(၉)နာရီတွင် အဓမ္မမုဒိန်းကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

Wednesday, 26 September 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1Ft2CaSin2XSBzXoD3rNz8-3gE5TQN3RUWLuAfpMHSj-JtBTD6udc2L9-4GfXNIwWxWhwqRbYRc1aSF7ixQF32DN89tJgZLpbrWDT6RBI-uvzcYSmk5Lt0McQhY8Vf7sXh5DguvcUnU/s1600/shwemyanmar+group.jpg

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာအင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အား တက်စကား ပြောဆိုသွားပါတယ်။

လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ပြည်ပ အကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော

September 26, 2012
Photo: လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ပြည်ပ အကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော

September 26, 2012

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်ခေါင်းဆောင် မစ္စတာ Mitch McConnell ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် လူးဝစ္စဗီးလ်တက္ကသိုလ် “မက္ကော်နယ် ဗဟိုလေ့လာရေး ဌာန” မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အတိတ်ကလို အဆိုးအကောင်း အလွယ်တကူ ခွဲခြားလို့ရတဲ့အချိန် မဟုတ်တဲ့အတွက် ဒီအခြေအနေမျိုးမှာ အဆိုးအကောင်း ခွဲခြားသိမြင် လုပ်ကိုင်နိုင်ဖို့ ဥာဏ်ပညာအားဖြင့် မြန်မာနိုင်ငံကို ၀ိုင်းဝန်း အကူအညီပေးကြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။

“ဘယ်အရာက အမှန်တရားလဲ၊ ဘယ်ဟာက အပေါ်ယံလည်းဆိုတာကို ခွဲခြားသိနိုင်ဖို့ အရေးကြီးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်၊ ဒါဟာ အလွန်တရာခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

ဒီအခမ်းအနားကို အထက်လွှတ်တော် အမတ် မစ္စတာ Mitch McConnell လည်း တက်ရောက်ပြီး မြန်မာ့အရေး လေ့လာသူတွေ၊ ကင်တပ်ကီပြည်နယ်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အမေရိကန် ပြည်ထောင်စုရောက်
မြန်မာအများစု နေထိုင်ရာ မြို့တမြို့ ဖြစ်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို ရောက်ရှိနေပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။

အမေရိကန်   အထက်လွှတ်တော်  ရီပတ်ဘလစ်ကန်  အမတ်ခေါင်းဆောင် မစ္စတာ  Mitch McConnell ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု၊ ကင်တပ်ကီပြည် နယ် လူးဝစ္စဗီးလ်တက္ကသိုလ် “မက္ကော်နယ် ဗဟိုလေ့လာရေး ဌာန” မှာ  မနေ့က ကျင်းပတဲ့  အခမ်းအနားမှာ  ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြော လိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အမေရိကန်ခရီးစဉ် (Day One)

September 25, 2012
 
ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလား လို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မ တကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့ နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။
မူရင်းသတင်း - BBC