
ရာသီဥတု ပူပြင်းမှုကြောင့် နားပေါက်အတွင်း နားဆီခန်းခြောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေထည့်သော အကျင့်သည် နား မှိုစွဲသည့်ရောဂါ ဖြစ်ပွားနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ပါရဂူ တစ်ဦး က ပြောကြား ခဲ့သည်။ ရေနှင့်ဆီများ နားအတွင်း ထည့်သွင်းခြင်း သို့မဟုတ် မတော်တဆ ဝင်ရောက်ခြင်း များသည် နားအင်္ဂါ အတွင်းရှိ ပြွန်ထဲ၌ရှိသော နားစည်နှင့် ၎င်း၏ အနီးတစ်ဝိုက်တွင် နားဖာ ချေးထုတ်သော အကျိတ်၊ အဆီကျိတ်များရှိကာ ယင်းအကျိတ်များသည် ရာသီဥတုပူလာပါက ခန်းခြောက်တတ်သော သဘော ဖြစ်တတ်သဖြင့် ရေထည့်ခြင်းက နားမှိုစွဲသည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။