နောင်လာမည့် ရွေးကောက်ပွဲများတွင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်
ကျင့်သုံးရန် အဆိုကို အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်
သုံးဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် အများစုက ကန့်ကွက်သည့် သဘောဖြင့်
ဆွေးနွေးခဲ့သည်။
အဆိုပါစနစ်ကို ကျင့်သုံးနိုင်ရေး
လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့က
တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇွန် ၉ ရက်နေ့တွင် လွှတ်တော်တွင် စတင်
ဆွေးနွေးခြင်း ဖြစ်သည်။