Monday 13 October 2014

သွားရင်းလာရင်း အ၀တ်အစား၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဒီနည်းလေးတွေက အရေးပါ

Photo: သွားရင်းလာရင်း အ၀တ်အစား၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဒီနည်းလေးတွေက အရေးပါ
Monday, October13, 2014

တစ်ခါတစ်လေ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်ဆင်လာတဲ့ အင်္ကျံ၊ ဖိနပ်၊ ဘရာ စတာတွေက အဆင်မပြေဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။ဖိနပ်ကို တစ်ခုခုနဲ့ ခြစ်မိသွားလို့ အရာထင်သွားတဲ့အခါ

သွားရမယ့်နေရာက သာမန်မဟုတ်ဘူး။ ဒင်နာပါတီ၊ ပွဲတစ်ခုခုဖြစ်နေတယ် ဆိုရင် ဖိနပ်မှာ သွားရင်းလာရင်း တစ်ခုခုနဲ့ခြစ်မိလို့ အရာထင်သွားတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရမှာအမှန်ပါပဲ။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် ဖိနပ်မှာထင်နေတဲ့ အစင်း၊ အရာကို ပိတ်စတစ်ခုခုနဲ့ ပွတ်တိုက်ရပါလိမ့်မယ်။ ပိတ်စသားပေါ်မူတည်ပြီး သင့်ဖိနပ်ဟာ အသစ်တစ်ရံလိုတောင် ဖြစ်သွားနိုင်ပါသေးတယ်။ လည်သာလိုမျိုးအသားဆိုရင် သွားတိုက်ဆေးနဲ့ နည်းနည်းလေး တိုက်လိုက်ရုံပါပဲ။ နည်းနည်းကြမ်းတဲ့အသားမျိုးဆိုရင် ခဲဖျက်လေးကို အသုံးပြုပြီး အမှတ်၊ အစင်းကို ဖျက်ပစ်နိုင်ပါတယ်။ canvas လိုအသားမျိုးဆိုရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းလေး သုံးပေးလိုက်ပေါ့။ ၀ါနေတာတွေတောင် ပျောက်သွားဦးမှာပါ။

၂။ဘောင်းဘီ၊ ဖိနပ်မှာ ပီကေကပ်သွားတဲ့အခါ

လမ်းလျှောက်ရင်း ပီကေတွေ ဖိနပ်မှာ ကပ်သွားတဲ့အခါ၊ ဒါမှမဟုတ် ဘောင်းဘီမှာ ပီကေတွေ ကပ်နေတဲ့အခါမျိုးတွေမှာ ဒါကို ပြန်ခွာဖို့အခက် အခဲရှိတယ်ဆိုရင် ခုနကပ်နေတဲ့ပီကေပေါ်မှာ ရေခဲတုံးလေးတွေ နည်းနည်းပွတ်ပေးလိုက်ပါ။ ဒါဆို ပီကေက ပျော့မနေတော့ပဲ မာလာပြီး ခွာရလွယ်ကူသွားပါပြီ။

၃။အသားကပ်ဘောင်းဘီအပါးကို တစ်ခုခုနဲ့ ငြိမိတဲ့အခါ

ပါးလွှာတဲ့ အသားကပ်ဘောင်းဘီကို တစ်ခုခုနဲ့ငြိမိသွားရင် အားလုံးဆက် တိုက်ပြဲရိသွားဖို့သာရှိပါတယ်။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် သင့်မှာရှိတဲ့ အရောင်မပါတဲ့ လက်သည်း polish လိုဟာမျိုးကို သုတ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

၎။သင့်အ၀တ်အစားမှာ ကြောင်မွှေး၊ ခွေးမွှေးစတာတွေ ကပ်နေတဲ့အခါ

သင်ဝတ်မယ့် အင်္ကျံ၊ ဘောင်းဘီစတာတွေမှာ ကြောင်မွှေး၊ ခွေးမွှေးတွေ ကပ်နေတာမို့ ခါရတာ အကုန်အစင်မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင် လက်နဲ့ခါနေမယ့်အစား တိပ်ခပ်ကြီးကြီးကို လက်မှာ ပတ်လိုက်ပြီး အဲ့ဒါနဲ့ ခါလိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပြီးစီးသွားပါလိမ့်မယ်။

၅။ဘရာစီယာကြိုးကို လူမမြင်စေချင်တဲ့အခါ

တစ်ခါတစ်လေ ကိုယ်ဝတ်ထားတဲ့ ဘရာစီယာကြိုးဟာ ၀တ်ထားတဲ့အင်္ကျံနဲ့ မလိုက်ဖက်တာပဲဖြစ်ဖြစ်၊ ကြိုးကိုမပေါ်စေချင်တာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲ အာရုံစားနေရင် တွယ်ချိတ်၊ ဒါမှမဟုတ် စက္ကူတွေဘာတွေ တွဲချိတ်လေ့ရှိတဲ့ ချိတ်မျိုးနဲ့ ကျောဘက်က ဘရာနှစ်ခုကို ဆွဲယူပြီး ကျောလယ်မှာ ချိတ်ထား လိုက်ပါ။ ဒါဆိုစွတ်ကျယ်လို ဟာမျိုးဝတ်ရင်တောင် သူ့ဟာနဲ့သူ အလယ်မှာ ပျောက်နေမှာပါ။

Ref:cosmopolitan.com
Trend Myanmar
တစ်ခါတစ်လေ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်ဆင်လာတဲ့ အင်္ကျံ၊ ဖိနပ်၊ ဘရာ စတာတွေက အဆင် မပြေဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့သုံးပွင့်ဆိုင်တွေ့ဆုံမည်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန် သံရုံး၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီး တန်း အရာရှိတစ်ဦးကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်

Photo: မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်
Monday, October13, 2014

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွားရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လုံခြုံ ရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန်မာအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံများဟု ထိုင်းရဲက စွပ်စွဲကာ ထိန်းသိမ်းခံထားရသည့် မြန်မာနှစ်ဦး၏ မိသားစုဝင်များသည် ရခိုင်ပြည်နယ်မှ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ ၎င်းတို့၏သားများထံ သွားရောက်တွေ့ဆုံရန်ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့အတွက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းသွားရန်စီစဉ်နေကြောင်း လိုက်ပါကူညီသူများကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့မသွား ရောက်မီ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ငှားရမ်းထားသော ထိုင်းရှေ့နေနှစ်ဦးက မြန်မာလုပ်သား နှစ်ဦး၏ မိဘများကို ခေါ်ဆောင်ရန် အကြံပြုသောကြောင့် ခေါ်ဆောင်ခြင်းဖြစ်သည်။

‘‘ထိုင်းရှေ့နေတွေကို အမှုအပ်ရင် မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူရမှာရယ်။ အခုလို ပူဆွေးသောကရောက်နေတဲ့အချိန်မှာ လူသားတွေအနေနဲ့ မိသားစုဝင်တွေကို တွေ့ချင်မှာ ဖြစ်တယ်။ သူတို့မိသားစုတွေ အချင်းချင်းဆိုရင်ပိုပြီး ယုံယုံကြည်ကြည်နဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပိုရနိုင်တယ်။ အဲဒါကြောင့် ဒီကိုလာဖို့ ခေါ်လိုက်တာပါ။ ကျွန်တော်တို့ ရှေ့နေတွေ ကလည်း ခေါ်ခိုင်းနေပါတယ်။ နောက်သူတို့ရောက်လာရင် အမှု တစ်စုံတစ်ရာ ထူးခြားမှုရှိနိုင်တယ် လို့ ရှေ့နေကပြောတယ်’’ဟု မြန် မာသံရုံးအထူးအဖွဲ့မှ ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ရန်ကုန်မြို့တွင် ပတ်စပို့၊ ဗီဇာများပြုလုပ်၍ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

‘‘ခရီးစရိတ်တွေကိုတော့ အလှူခံရဦးမယ်။ ကျောက်ဖြူမြို့ က သူဌေးတစ်ယောက်က လော လောဆယ် ဆယ်သိန်းလှူထား တယ်။ ဟိုက အဖွဲ့နဲ့ တိုင်ပင်ရဦး မှာပါ။ ကလေးတွေရဲ့ မိဘတွေကို ဦးထူးချစ်က လာခေါ်မယ်ပြော တယ်’’ဟု မြန်မာလုပ်သားနှစ်ဦး ၏ မိသားစုဝင်များအား ခေါ်ဆောင်ရန် စီစဉ်ပေးနေသော မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးကပြောသည်။

‘‘သားကိုတွေ့ချင်နေတယ်။ ကျွန်တော့်သား ပြစ်မှုမကျူးလွန်လောက်ဘူးဆိုတာ ယုံတယ်။ ဒီကအဖွဲ့တွေ ကူညီပေးတာကိုလည်း ကျေးဇူးအများကြီးတင်တယ်။ အစိုးရကို ကျွန်တော့်သားကိစ္စ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သား ကိုဝင်းဇော်ထွန်း၏ ဖခင်ဦးထွန်းထွန်းထိုက်က ပြောသည်။

ထိန်းသိမ်းခံမြန်မာလုပ်သားများ၏ မိဘများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတရုံးက နေ့ချင်းပြီး  ဆောင်ရွက်နိုင်ရန် ကူညီပေးမည်ဟု နှုတ်ကတိရထားကြောင်း၊ မိဘများအား ထိုင်းနိုင်ငံရှိ ၎င်းတို့ သားများနှင့် တွေ့ဆုံရေးအတွက် ရက်ပိုင်းအတွင်း အသေးစိတ် အစီအစဉ်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ထို့အပြင် ထိန်းသိမ်းခံမြန်မာ လုပ်သားများ၏ မိဘများအား ပြည်ဝင်ခွင့်ရရှိရန်အကူအညီပေးမည်ဟု မြန်မာနိုင်ငံအခြေစိုက် ထိုင်းသံရုံးဘက်မှ ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေရဲ့ မိဘတွေက သွားဖို့၊ လာဖို့ ငွေကြေးအခက်အခဲရှိကြတယ်။ တစ်ယောက်မိဘတွေဆိုရင် ကျောက်ဖြူကနေ ၁၂ မိုင်လောက်ဝေးတဲ့ မိချောင်းရေသောက်ဆိုတဲ့ရွာက။ ရန်ကုန်လာဖို့တောင် နာရီပိုင်းအတွင်းစီစဉ်ကြရတာ။ ကျောက်ဖြူနဲ့ ရန်ကုန်က ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေရယ်၊ တခြားစေတနာရှင် တွေရယ် အကူအညီပေးပြီး စီစဉ် ရတာ’’ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းနိုင်ကပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် ကိုဝင်းဇော်ထွန်း၏ ဖခင်ကမူ ၎င်း၏ သားသည် မတရားဖမ်းဆီးခံထားရ ခြင်းဖြစ်ပြီး မိသားစုများ အမြန်ဆုံးပြန်လည်တွေ့ဆုံရေးအတွက် ကြိုးစားနေကြောင်း ပြောကြားခဲ့ သည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို လူသတ်တရားခံဟု ထိုင်းရဲက ပြောသော်လည်း ထိုင်း ပြည်သူများအပါအ၀င် မယုံမကြည်ဖြစ်သူများ တစ်နေ့တခြား များပြားလာသည့် လိပ်ကျွန်းလူသတ်မှုကို စုံစမ်းရန် မြန်မာအစိုးရက မြန်မာသံရုံးဒုတိယကောင်စစ်ဝန်ခေါင်းဆောင်သည့်အဖွဲ့ဝင် ကိုးဦးပါ မြန်မာစုံစမ်းရေးအဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ အစိုးရထံ အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ပြည် ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ရန် ပြင်ဆင်လျက်ရှိ သည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် နှစ်ရက်တာ လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ယင်းလူသတ်မှုနှင့် ပတ်သက်၍ အဖြစ်မှန်စုံစမ်းပေးရန်  မြန်မာအစိုးရခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ဖိအားပေးတောင်းဆိုခဲ့ကြသည်။

7Day DAILY 

ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွားရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ် အတွင်း လုံခြုံရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန်မာအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သတင်းရရှိသည်။

ဟောင်ကောင်ဒီမိုကရေစီတောင်းဆိုမှုကြောင့် အစိုးရရပ်တည်ချက် မပြောင်းဟုဆို

Photo: ဟောင်ကောင်ဒီမိုကရေစီတောင်းဆိုမှုကြောင့် အစိုးရရပ်တည်ချက် မပြောင်းဟုဆို
Monday, October13, 2014

ဟောင်ကောင်မှာ ဆန္ဒပြတောင်းဆိုမှုတွေ ဘယ်လိုပဲ လုပ်ပေမယ့်လည်း တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ လုံးဝမရှိနိုင်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်မြင်သံကြားအမေးအဖြေခန်းမှာ အုပ်ချုပ်ရေးမှူး စီဝိုင်လျန် (C.Y Leung) က အခုလို ပြောကြားလိုက်ပြီး သူလည်း နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

hong kongစခန်းချ ဆန္ဒပြပွဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အတိအကျပြောဆိုခြင်း မရှိပဲ တရက်မှာ ဒီဆန္ဒပြပွဲတွေကို ရှင်းကို ရှင်းရမယ်လို့ ပြောဆိုပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လျန်က “ဟောင်ကောင်ရဲတွေရဲ့ ကျွမ်းကျင်မှု၊ သူတို့တွေရဲ့ စနစ်တကျ လေ့ကျင့်ထားမှုတွေနဲ့ အကောင်းဆုံး ဖြေရှင်းသွားနိုင်မယ်လို့လည်း ယုံကြည်တယ်။ သူအနေနဲ့ နုတ်ထွက်လည်း အခြေအနေက တိုးတက် ပြောင်းလဲမှာ မဟုတ်တဲ့အတွက် ရာထူးကနေ နုတ်ထွက်မှာလည်း မဟုတ်ဘူး” လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီနေ့မနက်မှာတော့ ဟောင်ကောင်ရဲတွေ ဆန္ဒပြ သူတွေ ချထားတဲ့ အရံအတားတွေကို စတင်ဖယ်ရှားနေတာ တွေ့ရပါတယ်။

အစိုးရအဆောက်အဦတွေ အများဆုံးရှိတဲ့ မြို့လယ်မှာ ဆန္ဒပြသူတွေက ဆန္ဒပြ စခန်းချထားပြီး ရဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြတာကိုလည်း တွေ့မြင်ရ ပါတယ်။

ဒီဗွီဘီ
ဟောင်ကောင်မှာ ဆန္ဒပြတောင်းဆိုမှုတွေ ဘယ်လိုပဲ လုပ်ပေမယ့်လည်း တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ လုံးဝမရှိနိုင်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။

IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး

Photo: IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး
Monday, October13, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်က အဆိုပါ သဘောတူညီမှုကို ကြေညာခဲ့ပြီး တူရကီ၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဝမ်းသာမိကြောင်း ဆိုသည်။ တူရကီသည် နိုင်ငံတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်းကို အမေရိကန် လေယာဉ်များအတွက် အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များသည် ယခုအခါ တူရကီနှင့် ဆီးရီးယား နယ်စပ်အနီးထိ ချဉ်းကပ်လာနေပြီဖြစ်ရာ နယ်စပ်တစ်လျှောက်တွင် တူရကီ တင့်ကားများ ဖြန့်ကျက် စောင့်ကြည့်နေရသည်။

NBC အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ရိုက်စ်က “တူရကီက လေတပ် အခြေစိုက်စခန်း အသုံးပြုဖို့ လက်ခံခဲ့ပါတယ်။ ဒီအတောအတွင်း ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တချို့ကို အမေရိကန်က လေ့ကျင့်ပေးသွားမှာ ဖြစ်သလို အီရတ်၊ ဆီးရီးယားတို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်သွားပါမယ်။ တူရကီရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အလေးအနက် ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက IS တပ်ဖွဲ့များသည် တူရကီနှင့် နယ်စပ်ရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့ထိ ထိုးဖောက်ရောက်ရှိလာရာ အဆိုပါ အခြေအနေသည် တူရကီအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာသည်။ တူရကီ အစိုးရသည် မိမိတို့ ပိုင်နက်ကို ကာကွယ်ထားသော်လည်း IS အဖွဲ့ကို မြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲမည့် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုထားသည်။ ထို့အပြင် တူရကီဘက်မှ ကာ့ဒ်အနွယ်များကို နယ်စပ်ဖြတ်ကျော်ကာ ကိုဘာနီရှိ ကာ့ဒ်ခုခံရေး သမားများနှင့် သွားရောက် ပူးပေါင်း တိုက်ပွဲဝင်ခွင့်ကိုလည်း တားဆီးထားကြောင်း သိရသည်။

Ref: BBC
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်

Photo: ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်
Monday, October13, 2014

ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူးတင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပဲခူး-စစ်တောင်း တူးမြောင်းနှင့် ဆက်စပ်နေသည့် ရေနုတ်မြောင်းများ၊ ချောင်းများအား ဆက်လက်တူးဖော်ပေးရန် နှင့် တူးမြောင်းကို ယခုနှစ်ဆန်းတွင် ဖော်ပေးခဲ့သည့်အတွက် သမ္မတကို ကျေးဇူးတင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စုမှ ရွာသားတစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

  ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ’’၊  ‘‘နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး  အောင်ရေရရှိအောင် ဆောင်ရွက်ပေးသော နိုင်ငံတော်အစိုးရအား ကျေးဇူး တင်ပါသည်’’၊ ‘‘ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်ပြင်ပေးသော လယ် ဆည်ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ပါသည်’’ဟု ရေးသားထားသော ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍  လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

‘‘ဆန္ဒထုတ်ဖော်တာက နှစ်ခုပေါ့။ တစ်ခုက ပဲခူး-စစ်တောင်း တူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြုပြင်ပေးတဲ့ သမ္မတကြီးကို  ကျေးဇူးတင်ကြောင်းရယ်၊ နောက်တစ်ခုက ဒီတူးမြောင်းနဲ့ ဆက်စပ်နေတဲ့  ရေနုတ်မြောင်းတွေကို ဆက်ပြီးတူးပေးဖို့ပါ’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးမြင့်သိန်းက ပြောသည်။

 သနပ်ပင်မြို့နယ် မင်းရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာနှင့် ဆက်စပ်နေပြီး ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းများ၊ ချောင်းလက် တက်များကို  ထပ်မံတူးဖော်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ကျေးလက်လမ်းနှင့် တံတားများ ပြုပြင် ပေးရန်လည်း  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု ကျွန်းကြီးရွာသား ဦးဟန်မြင့်ကပြောသည်။

‘‘မိုးတွင်းလယ်တွေ မိုးများလို့ရေမြုပ်လည်း ရေနုတ်မြောင်းတွေ ကောင်းသွားရင် ရေဆင်းမြန်တော့ စပါးမသေဘူး။ ရေနုတ်မြောင်းတွေ မကောင်းရင် ရေအိုင်ပြီးတော့ စပါးသေတယ်’’ဟု ၎င်းကပြောသည်။

ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်တူးဖော်ပေးပြီး တာပေါင်လမ်း  ခင်းပေးခဲ့သည့်အတွက်ယင်းတူးမြောင်း  တစ်လျှောက်ရှိ ကျေးရွာသားများ  အဆင်ပြေခဲ့ကြောင်း၊ ရွာအတွင်းရှိလမ်းနှင့် တံတားတို့ကိုလည်း ယင်းကဲ့သို့ ပြုပြင်ပေးစေလို၍ ယခုကဲ့သို့ ဆန္ဒထုတ် ဖော် ရာတွင်ပါဝင်ခဲ့ကြောင်း မင်းရွာကျေးရွာအုပ်စု ကျူချောင်းရွာသားတစ်ဦးက ရှင်းပြသည်။

   ‘‘တူးမြောင်းတူးပေးတဲ့သမ္မတကိုလည်း  ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ ကျန်တာလေးတွေလုပ်ပေးဖို့လည်း တောင်းဆိုတာပါ’’ဟု ၎င်းက ပြောသည်။

ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ်ထားသော ၃၇ မိုင် ၇ ဖာလုံရှည် သည့် ပဲခူး-စစ် တောင်းတူးမြောင်းကို အင်္ဂလိပ် အစိုးရလက်ထက် ၁၈၇၈ ခုနှစ် တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ၂၀၁၄ ဖေဖော်ဝါရီမှစတင်ကာ အဆင့်မြှင့်ပြုပြင်ခဲ့ပြီး ၂၀၁၄ မေလ ၂၅ရက်တွင် တူးမြောင်းပြန်လည်တူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်း၊ တာပေါင်ပေါ် တွင် ၂၄ ပေအကျယ်ရှိ ဂ၀ံလမ်းခင်းခြင်းတို့  ပြီးစီးခဲ့ကြောင်း ဆည်မြောင်း ဦးစီးဌာနမှ သတင်းရရှိသည်။

 ဆန္ဒတူညီသည့် တောင်သူများက  သမ္မတကို ကျေးဇူးတင် ကြောင်း  ထုတ်ဖော်လိုခြင်းနှင့် ဒေသဖွံ့ဖြိုးရန် ဆက်လက်တောင်း ဆိုလို၍ ဖြစ်ကြောင်း၊ ဦးဆောင်သူ ဦးမြင့်သိန်းက ဆိုသည်။

‘‘ခွင့်ပြုမိန့်တောင်းတည်းကက ဘယ်ပါတီနဲ့မှ ပတ်သက်ခြင်းမရှိဘူးဆိုပြီး တင်ပြပြီးတောင်းတာ။ ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်သလို NLD နဲ့လည်းမပတ်သက်ဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှ  မပတ်သက်ဘူး။ တောင်သူတွေရယ် ဒေသခံပြည်သူအချို့ရယ်ပဲပါတာ’’ဟု ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။ 

7Day DAILY 

သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူး တင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပတွင် ဓာတ်ကြိုးပြတ်ကျရာမှ မိသားစုသုံးဦး ဓာတ်လိုက်

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သုမာလာ ၅ လမ်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီခန့်က ရပ်ထားသည့် ဆိုက်ကားအပေါ် ဓာတ်ကြိုးပြတ်ကျရာမှ လေးနှစ်ခန့်အရွယ် ကလေးငယ် အပါအဝင် မိသားစုသုံးဦး ဓာတ်လိုက်ကြောင်း မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့

Photo: Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့
Monday, October13, 2014 

Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ကိုစတိုလိုသည် Vanity Fair New Establishment အစည်းအဝေးတွင် Aspen အဖွဲ့အစည်းမှ ဝေါလ်တာ အိုင်ဇက်ဆန်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ စစ်သွေးကြွအဖွဲ့ ISIS အပေါ် ကုမ္ပဏီ၏ တုံ့ပြန်မှု လုပ်ရပ်ကို ပြောကြားခဲ့သည်။ ISIS သည် ၎င်းတို့၏ လုပ်ရပ်များကို ပျံ့နှံ့စေရန် Twitter ကို အသုံးပြုနေကြသည်။ ထိုလုပ်ရပ်နှင့် ပတ်သက်၍ ကိုစတိုလိုက Twitter ကဲ့သို့ အချက်အလက် ဝေမျှသည့် tool သည် ကောင်းမွန်သော လုပ်ရပ်အတွက်သာ အသုံးပြုသင့်သော်လည်း လူများကလည်း မကောင်းသော အကြံအစည်များအတွက် အသုံးချနေကြကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် Twitter အနေဖြင့် ISIS account များကို ဖယ်ရှားပစ်ခဲ့ပြီး ၎င်း account များသည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ချိုးဖောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ISIS အဖွဲ့၏ account များစွာကို ဖျက်သိမ်းပြီးနောက် ၎င်းကိုယ်တိုင်နှင့် Twitter ဝန်ထမ်းများစွာကို ISIS အဖွဲ့အစည်းက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း ကိုစတိုလိုက ပြောကြားသွားခဲ့သည်။

ISIS အဖွဲ့၏ account များကို ဖျက်သိမ်းပြီးနောက် ၎င်းစစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ်သူ လူတစ်စုက Twitter ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဝန်ထမ်းနှင့် အခြားဝန်ထမ်းများကို လုပ်ကြံသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယခုကိစ္စသည် လူတိုင်း ရင်ဆိုင်နေရသည့် အထိတ်တလန့် ဖြစ်ရပ်ဖြစ်ပြီး ကုမ္ပဏီအတွင်း ၎င်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေကြောင်း ကိုစတိုလိုက အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

အခြား လူမှုရေးမီဒီယာများကဲ့သို့ပင် Twitter သည် စည်းမျဉ်းများ ချိုးဖောက်နေသည့် account များကို ထုတ်ပယ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ပြုလုပ်လေ့မရှိပေ။ အကြောင်းအရင်းမှာ Twitter အနေဖြင့် account တစ်ခု၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် စွပ်စွဲချက်များကို ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။

Ref: CNET
Internet Journal
Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်

Photo: မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်
Monday, October13, 2014  

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ်ရမလို ဖြစ်ခဲ့သည်။

သို့သော် ရှမ်းပါတီများ၊ RCSS/SSA ၊ UWSA`၀´၊ NDAA (မိုင်းလား)အဖွဲ့များ၏ ကောင်းမှုကြောင့် SSA (၀မ်ဟိုင်း)ဌာနချုပ်ကို အစိုးရတပ်များက မသိမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်းကိုလည်း အပူသွားကပ်လေတော့ ၀မ်ဟိုင်းဌာနချုပ်ကို မသိမ်းပါဟု ပြောပေးခဲ့ခြင်းဖြစ်ပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် သိက္ခာပိုင်းအရ ရစရာ မရှိအောင် ကျဆင်းသွားသလို တိုင်းရင်းသားလက်နက်ကိုင်များအလယ် မျက်နှာငယ်ခဲ့ရတာလည်း အမှန်ပင် ဖြစ်ပါသည်။ ခဲမှန်ဖူးသော စာသူငယ်လို နောင်တရနေမှာ သေချာပါသည်။
ယခုအခါ UWSA`၀´နယ်မြေနှင့်ကပ်လျက် နေရာယူထားသည့် SSA(၀မ်ဟိုင်း) အဖွဲ့၏ တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို ဆုတ်ခွာပေးဖို့ ပြည်နယ် နယ်/လုံဝန်ကြီးက သတိပေးလိုက်ပြီ ဖြစ်ပါသည်။ နမ့်ပန်ချောင်း အရှေ့ဘက် တစ်နည်းအားဖြင့် သံလွင်အနောက်ခြမ်းသည် SSA(၀မ်ဟိုင်း)အဖွဲ့အား နေထိုင် လှုပ်ရှားခွင့်ပြုထားသော နယ်မြေမဟုတ်သောကြောင့် ဆုတ်ခွာခိုင်းခြင်းဟု သိရပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ဖိအားဖြစ်ပါသည်။ တာဖာဆောင်ကို သင်ခန်းစာယူသင့် ပါသည်။ ကိုယ့်နယ်မြေမဟုတ်ရင် အလိုက်တသိ ဖယ်ပေးလိုက်တာ ကောင်းပါသည်။ UWSA နဲ့ SSA(၀မ်ဟိုင်း) တို့ ဘိန်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သယ်ဆောင်နေသော လမ်းကြောင်းအဖြစ် တာဖာဆောင်တုန်းက သတင်းထွက်ခဲ့ဖူးပြီဖြစ်၍ ယခုတစ်ကြိမ် ထိုသို့ မဖြစ်ရန် လိုပါသည်။ သို့သော် ထွက်လာ သော အသံဗလံများအရ SSA(၀မ်ဟိုင်း)အဖွဲ့က မွေးရပ်မြေဖြစ်တဲ့အတွက် ဖယ်မပေးဘူး၊ သူတို့ နယ်မြေထဲ ၀င်လာရင် အမိန့်ကို စောင့်မှာ မဟုတ်ဘူးဆိုပြီး လေသံပစ်လာပြန်ပါသည်။
ပထမတစ်ကြိမ် ခံခဲ့ရတာကို မမှတ်သေးဘဲ နောက်တစ်ကြိမ် အနာခံချင်တာကတော့ မိုက်ရူးရဲဆန်တယ်လို့ပဲ ပြောချင်ပါသည်။ အစိုးရတပ်များကို အဘက်ဘက်မှ မယှဉ်နိုင်ဘဲနဲ့ စိန်ခေါ်၍ မရပါ။ တစ်ဖက်က `၀´ ကို အားကိုးရင်လည်း `၀´က အစိုးရနဲ့ အဆင်ပြေနေတာကြောင့် ကူညီမည်ဟု အာမခံမည်မဟုတ်ပေ။ SSA (၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ကိုယ့်နယ်မြေမဟုတ်ရင် စောစောစီးစီး ဖယ်ပေးလိုက်တာ ကောင်းပါသည်။ မျက်စိစုံမှိတ် ခေါင်းခါငြင်းနေမယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ပွဲများကို မြင်ရမည်သာ ဖြစ်ပါသည်။

အချုပ်ပြောရရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကတိက၀တ်များကို လေးလေးစားစား လိုက်နာရန် အရေးကြီးပါသည်။ တာဖာဆောင်တံတားကို ကိုယ့်နယ်မြေမဟုတ်ဘဲ တပ်စခန်းချပြီးနေထိုင်သည့်အတွက် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်သည်။ အခု နမ့်ပန်ချောင်း အရှေ့ဘက်ခြမ်း `၀´ နယ်မြေနဲ့ ဆက်စပ်နယ်မြေထဲကနေ ဆုတ်ခွာပေးဖို့ သတိပေးခံရပြီ ဖြစ်ပါသည်။ ကိုယ့်နယ်မြေမဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာ ငြိမ်းချမ်းရေး ကတိက၀တ်အတိုင်း သတ်မှတ်ပြီးဖြစ်၍ SSA(၀မ်ဟိုင်း)အဖွဲ့ အသိဆုံးဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် မိအေးနှစ်ခါနာ မဖြစ်စေဖို့ SSA(၀မ်ဟိုင်း)အဖွဲ့အနေဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။

နေ၀န်းသစ်
Credit to နေ့စဉ်သတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ် ရမလို ဖြစ်ခဲ့သည်။

၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်

Photo: ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်
Monday, October13, 2014 

နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် မူဘောင်ကို ရေးဆွဲနိုင်ရေးကို သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အားလုံး အဆင်သင့် ဖြစ်နေပြီ ၁၅ ရက်နေ့ စပြီးရေးဆွဲမယ်။ ညှိရနှိုင်းရတာတွေ များရင် အချိန်ကြာမယ်” ဟု ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF တို့ ရေးဆွဲထားသော မူဘောင်များကို ပေါင်းစည်းပြီး နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို သီးခြားရေးဆွဲလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅၆ ပါတီ၏ ဘုံသဘောတူညီသော မူဘောင်တစ်ရပ် ရရှိလာပါက UNA၊ NLD ပါတီတို့ သီးခြားရေးဆွဲလျက် ရှိသော မူဘောင်များနှင့်လည်း ပေါင်းစည်းနိုင်ရေးကို ညှိနှိုင်းသွားမည် ဖြစ်ကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စက်တင်ဘာလအတွင်း တတိယပတ်အတွင်း နှစ်ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly
နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြား သည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်

Photo: နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်
Monday, October13, 2014 

အမျိုးသားပညာရေး ဥပဒေ အပါအဝင် လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ဆွေးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်း အဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားများ ကျောင်းပိတ်ချိန်တွင် အတည်ပြုသွားခြင်းကြောင့် ယင်းကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရေးပေါ် အစည်းအဝေး လုပ်ဖို့ လိုတယ်။ ကျောင်းသားတွေ ကျောင်းပိတ်ချိန် ဥပဒေ အတည်ပြုသွားတယ်။ ကျောင်းသားတွေက ဒီအပေါ် ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ တိတိကျကျ ပြောဖို့လိုတယ်” ဟု ကိုဇေယျာလွင်က ရှင်းပြသည်။

အရေးပေါ် ကျောင်းသားထု အစည်းအဝေးသို့ နိုင်ငံတစ်ဝန်းမှ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရေး လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများ ဖိတ်ကြားထားကြောင်း ၎င်းကဆိုသည်။

အစည်းအဝေး ပထမရက်တွင် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒုတိယရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်ပြီး ကျောင်းသားများချည်းပဲ သီးသန့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရှိရသည်။

“အစည်းအဝေးကနေ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသားနေ့ (နိုဝင်ဘာလ ၁၆ ရက်) မှာ စတင် အကောင်အထည် ဖော်မှာပါ” ဟု နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထု အရေးပေါ်အစည်းအဝေး ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ပြောကြားသည်။

အစည်းအဝေး ကျင်းပမည့်နေရာကို ကြိုတင် ထုတ်ဖော်ပြောကြားပါက အုပ်ချုပ်ရေး တာဝန်ရှိသူများ ဖိအားပေးမည်စိုး၍ မကြေညာနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

လတ်တလော လျာထားချက်များအရ အစည်းအဝေး တက်ရောက်ရန် တစ်နိုင်ငံလုံးမှ ကျောင်းသားကိုယ်စားလှယ် ၅၀၀ နီးပါး ရှိနိုင်ကြောင်း၊ အလှူငွေများကိုလည်း လိုက်လံ ကောက်ခံသွားမည် ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly
အမျိုးသားပညာရေး ဥပဒေအပါအဝင် လက်ရှိပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ေ ဆွးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှ င့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။

ဦးနှောက်သည် အိပ်စက်နေသော်လည်း တက်ကြွမှုရှိခြင်း

Photo: ဦးနှောက်သည် အိပ်စက်နေသော်လည်း တက်ကြွမှုရှိခြင်း
Monday, October13, 2014

ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရသိရသည်။

ထိုလေ့လာမှုအတွက် Electroenceph-alogram (EEG) ဟုခေါ်သော ဦးနှောက်၏လှုပ်ရှားမှုကို လှိုင်းအဖြစ် မှတ်တမ်းတင်သောစက်ဖြင့် ဦးနှောက်ကို
နိုးကြားနေစဉ်နှင့် အိပ်စက်နေစဉ် တို့တွင် လေ့လာခဲ့ကြသည်။

လေ့လာ မှု၏ အဖွဲ့ခေါင်းဆောင် Mr.Kouider က ““ကျွန်တော်တို့တတွေဟာ အိပ် စက်သွားတဲ့အခါ ဦးနှောက်အလုပ် လုပ်မှုလျော့နည်းသွားတယ်လို့ ထင် ခဲ့ကြပါတယ်။

အမှန်တော့ မဟုတ်ပါ ဘူး။ ပိုပြီးတောင်တက်ကြွနေပါသေးတယ်။

ဘာလို့လဲဆိုတော့ လူတစ်ဦး အိပ်စက်တဲ့အခါမှာ မသိစိတ်နဲ့ အိပ်မက်မက်
တက်ကြပါတယ်။ ပြီးတော့ အိပ်နေစဉ်မှာ ဦနှောက်တက်ကြွနေလို့ မိမိနာမည်ကို
ခေါ်လိုက်တာတို့ နာရီနှိုးစက် အသံမြည်တာတို့ဆိုရင် အချိန်မရွေး နိုးထလာစေ
ပါတယ်။

ထိုအသံတွေကို ဦးနှောက်ကမှတ်သားထားပြီး နိုးထစေမှုကို ဖြစ်ပေါ် စေပါသည်။ ဒါဟာဦးနှောက်သည် အမြဲနိုးကြားတက်ကြွနေတယ်ဆိုတာ ရဲ့ အကောင်းဆုံး
သာဓကတစ်ခုပါ ပဲ။”” ဟု ပြောပါသည်။

မာဃ
Ref:Netdoctor
Health Updates Journal
ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့ လာမှုတစ်ရပ်အရ သိရသည်။

သဘာဝမကျသော သကြားများကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်

Photo: သဘာဝမကျသော သကြားများကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်
Monday, October13, 2014

သဘာဝ မကျသော သကြားများကို စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အရ သိရသည်။

လူတို့သည် ကြံပင်မှ ထုတ်လုပ်သည့် သကြားကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်သည်ဟု ဆိုကာ သဘာဝ အတိုင်း ထုတ်လုပ် ထားခြင်း မဟုတ်သည့် သကြားအတုများ စားသုံးမှု များလာ ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် စေကြောင်း သိရသည်။

အဆိုပါ သကြားအတု များတွင် ပါဝင်သည့် ပစ္စည်းများသည် ကယ်လိုရီ နည်းပါးသည် ဟုဆိုကာ ဆီးချိုသမား များအတွက် သင့်လျော်ကြောင်း ဆရာဝန်များ က ညွှန်ကြား ခဲ့သော်လည်း ယခု ဆန်းစစ် တွေ့ရှိချက် အရ ယင်း သဘာဝ မကျသည့် သကြား သို့မဟုတ် သကြားအတု များ စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်ခြေမှာ ပိုမို များပြားလာနိုင် ကြောင်း အဆိုပါ လေ့လာချက် များတွင် ဖော်ပြ ထားသည်။

လေ့လာ ဆန်းစစ်သူ များသည် ဆီးချိုရောဂါ ဝေဒနာရှင် များအား အုပ်စုနှစ်စု ခွဲ၍ စမ်းသပ်ခဲ့ရာ ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုနှင့် ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြု နေသည့် အုပ်စုဟူ၍ ခွဲခြား လေ့လာ ခဲ့သည်။ ယင်းကဲ့သို့ လေ့လာရာတွင် ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုအား အဆိုပါ သကြားအတုများ စားသုံးစေပြီး ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြုနေသည့် အုပ်စုအား သွေးတွင်း သကြားဓာတ် မြင့်မားစေသည့် ဂလူးကို့စ် ကို ထိုးသွင်း ပေးခြင်းတို့ ပြုလုပ်ပေး ခဲ့ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရာတွင် သကြားအတု များကို စားသုံးစေသည့် ဆီးချိုရောဂါ ဝေဒနာရှင် များသည် သွေးတွင်း သကြားဓာတ် ပါဝင်မှု ပမာဏ ပိုမိုမြင့်မား နေသည်ကို တွေ့ရပြီး ဂလူးကို့စ် ထိုးသွင်း ပေးသည့် ဒုတိယအုပ်စု တွင် သွေးတွင်း သကြားဓာတ် ပါဝင်မှုမှာ သင့်တင့်သည့် အခြေအနေ တွင်သာ ရှိနေကြောင်း လေ့လာချက်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ဆီးချို ဝေဒနာရှင်များ အနေဖြင့် သဘာဝ မဟုတ်သည့် သကြားများကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ကြ ပါရန် အဆိုပါ လေ့လာချက်တွင် တိုက်တွန်း ထားကြောင်း သိရသည်။

ကျော်ကိုဆင့်
Themyawadydaily
သဘာဝ မကျသော သကြားများကို စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ကြော င်း လေ့လာ ဆန်းစစ်ချက် အရ သိရသည်။

ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ကယ်ဆယ်ရေးတွင် ထိုင်း B4 ရဟတ်ယာဉ် မတော်တဆမှုနှင့် ပတ်သက်ပြီးလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စုံစမ်းစစ်ဆေးနေ

Photo: ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ကယ်ဆယ်ရေးတွင် ထိုင်း B4 ရဟတ်ယာဉ်
မတော်တဆမှုနှင့် ပတ်သက်ပြီးလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာနက စုံစမ်းစစ်ဆေးနေ
Monday, October13, 2014

ခါ ကာဘိုရာဇီတောင်တက်သမားနှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးဆောင် ရွက်နေစဉ် မတော်တဆမှုဖြစ်ပေါ် ခဲ့သောထိုင်း B4 ရဟတ်ယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ထိုင်း B4 ရဟတ်ယာဉ်သည် စက်တင်ဘာ၂၇ရက်မှစတင်ကာ မြေ ပြင်အဖွဲ့နှင့်အဆက်အသွယ်ပြတ် တောက်ခဲ့ပြီး၊ လိုက်ပါသူသုံးဦးမှာ လည်း ဆယ်ရက်ခန့် ကြာမြင့်စွာ ပျောက် ဆုံးနေခဲ့ခြင်းကြောင့် ယင်း နှင့်ပတ်သက်၍ ရဟတ်ယာဉ်၏မတော်တဆဖြစ်စဉ်များကို သိရှိနိုင် ရန် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ် ကြောင်း သိရသည်။

''မတော်တဆဖြစ်သွားတာဆို တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ ပြီး စစ်ဆေးနေပါပြီ။ ဖြစ်စဉ်တောက် လျှောက်ကိုလဲ သတင်းမီဒီယာတွေ က ဖော်ပြကြတယ်ဆိုတော့ မတော် တဆဖြစ်ပွားမှုရဲ့စစ်ဆေးချက်တွေ၊ ထူးခြားမှုတွေရပြီဆိုရင် သတင်းထုတ် ပြန်မှာပါ။ အခုတော့ ဘာမှမသိသေး ဘူး။ စုံစမ်းနေတုန်းပဲ''ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။
အဆိုပါရဟတ်ယာဉ်စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံသား စုံစမ်းစစ်ဆေးမည့်သူလေးဦးပါဝင် ပြီး၊ အောက်တိုဘာ၁ဝရက်မှစတင်ဖွဲ့ စည်းကာ ဖြစ်စဉ်များကို စစ်ဆေးနေ ပြီဖြစ်ကြောင်း သိရသည်။

မတော်တဆမှုဖြင့် ပျောက်ဆုံး သွားသောရဟတ်ယာဉ်တွင် မြန်မာ နိုင်ငံသား ရဟတ်ယာဉ်မှူးဦးအောင် မြတ်တိုး၊ ထိုင်းနိုင်ငံသားရဟတ်ယာဉ် မှူး Mr.Chatchawal နှင့် ရဟတ် ယာဉ်တွင်လိုက်ပါသွားသူခါကာဘို ရာဇီတောင်ထိပ် တွင်ခြေချဖူးသည့် နမားဂျွန်ဆင်၏ တူတော်သူ ရွှေရင် တော်ကြီးလည်း ပါဝင်ကြောင်း၊ ယင်း သုံးဦးအနက် နှစ်ဦးကို အသက်ရှင် လျက်တွေ့ရသော်လည်း မြန်မာ ရဟတ်ယာဉ်မှူးမှာမူ ရဟတ်ယာဉ် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

MMA
Yangon Media Group
ခါ ကာဘိုရာဇီတောင်တက်သမားနှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးဆောင် ရွက်နေစဉ် မတော်တဆမှုဖြစ်ပေါ် ခဲ့သောထိုင်း B4 ရဟတ်ယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေပြီဖြ စ်ကြော င်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြော သည်။

မျက်မမြင်များက အိပ်မက်ဆိုးပိုမက်လေ့ရှိ

Photo: မျက်မမြင်များက အိပ်မက်ဆိုးပိုမက်လေ့ရှိ။
Monday, October13, 2014

မျက်မမြင်များသည် အိပ်မက်ဆိုးပိုမက်လေ့ရှိပြီး မွေးရာပါမျက်မမြင်များ သည် နောက် ပိုင်းမှမျက်မမြင်ဖြစ်သွားသူ များထက်လည်း ပို၍ အိပ်မက် ဆိုးများ မြင်မက်လေ့ရှိကြောင်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တက္ကသိုလ်နှင့် ဂလော့ စထရပ်တက္ကသိုလ်များမှ သုတေသီများက ထုတ်ပြန်ကြေငြာသည်။ 

မွေးရာပါမျက်မမြင်များ မြင်မက်လေ့ရှိသော အိပ်မက်များ၏ ၂၅ ရာခိုင်နှူန်းခန့် သည် အိပ်မက်ဆိုးများဖြစ်နေတတ် ရာဝယ် သာမန်လူပုဂ္ဂိုလ်များတွင် အိပ်မက်ဆိုးမက်သည့်နှူန်းမှာ ၆ ရာခိုင်နှူန်းသာရှိသည်။ 
လူသားများမြင်မက်သော အိပ်မက်သည် နိုးကြားနေချိန်တွင်ဖြစ်ပေါ်သည့် စိတ်ခံစားချက်၏ ထင်ဟပ်မှုဖြစ်ပြီး လောကတစ်ခွင်လုံး အမှောင်အတိပြီးနေသော မျက်မမြင်များသည် သာမန်လူများထက် စိုးရွံ့ ထိတ်လန့် မှုကို ပို၍ ခံစားရသောကြောင့် အိပ်မက်ဆိုးမက်ခြင်းသည်လည်း ပိုလာခြင်းဖြစ်ကြောင်း သုတေသီများကဆိုသည်။ 

မျက်စိမြင်သူတွေက သူတို့ မြင်တွေ့ ရတာတွေနဲ့ ဆက်စပ်ပြီး အိပ်မက်မက်ပါတယ်။ မျက်စိမမြင်သူတွေကတော့ အသံ၊ အနံ့ ၊ အထိ၊အတွေ့ တွေကိုပိုပြီးစွဲလမ်းပြီးတော့ တွေ့ ကြုံစဉ်ခဏမှာဖြစ်သွားတဲ့ ခံစားမှုက စွဲပြီးပါသွားပါ တယ်။ အိပ်ပျော်တဲ့အခါ အဲဒီခံစားမှုတွေကို ပြန်ပြောင်းပုံရိပ်ဖော်ပြီး မြင်ကြတာပါပဲဟု ဦးဆောင်သုတေသီ မီအိုင်ဒီ က ရှင်းပြသည်။ 

မျက်မမြင်တစ်ဦးအဖို့  သောက်လက်စကော်ဖီဖိတ်သွားသည့်အခါ ကြုံရသည့်ထိတ်လန့် မှုသည် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရလုနီးနီးဖြစ်သည့်အခါ ဖြစ်လေ့ရှိသော ထိတ်လန့် မှုအတိုင်းပင်ဖြစ်ပြီး စိတ်ပျက်အားငယ်စိတ်ပိုလာ တတ်ကြသည်။ အိပ်မက်ဆိုးများချဉ်းမက်သည့်အခါ စိတ်အားငယ်ခြင်းမှ စိတ်ဓါတ်ကျလာတတ်ကြပြီး ပတ်ဝန်းကျင် ၏ အကူအညီမရလျင် အခြေအနေပိုဆိုးသွားနိုင်ကြောင်း သိရသည်။ 

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံကြားရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိမမြင်သူတွေအဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက်ရှင်းပြသည်။ 

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံကြားရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိမမြင်သူတွေအဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက်ရှင်းပြသည်။ 

အိပ်မက်အဘယ်ကြောင့် မက်ရသည်ကို သိပ္ပံပညာရှင်များ တိကျစွာလက်ဆုပ်လက်ကိုင် မပြနိုင်သေးသော်လည်း အိပ်မက်သည် သတင်းအချက်အလက်များကို ရွေးထုတ်ရန်၊ အသက်ရှင်သန်ရန် အရေးကြီးသော အကြောင်းအရာ များကို မှတ်မိရန် အထောက်အကူပြုပြီး အိပ်မက်တွင် ခံစားမှုပြင်းထန်လေ၊ ကြောက်မက်ဖွယ်ပုံရိပ်များလေ၊ မိမိ လျစ်လျူရှုမိထားသောအရာမှာလည်း ကြီးကျယ်လေဖြစ်သည့်အတွက် အိပ်မက်တို့ သည် တစ်စုံတစ်ခုကို သတိပေး နေခြင်းဖြစ်ကြောင်း သုတေသီများက ယေဘုယျအားဖြင့် ယူဆသည်။

Lashio News Diary
မျက်မမြင်များသည် အိပ်မက်ဆိုးပိုမက်လေ့ရှိပြီး မွေးရာပါမျက်မမြင်များသည် နောက်ပိုင်းမှမျက်မမြင်ဖြစ် သွားသူများထက်လည်း ပို၍အိပ်မက်ဆိုးများ မြင်မက်လေ့ရှိကြောင်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် တက္ကသိုလ်နှင့် ဂလော့ စထရပ်တက္ကသိုလ်များမှ သုတေသီများက ထုတ်ပြန်ကြေငြာသည်။

စားသုံးရန်မသင့် အမှတ်တံဆိပ် ၁၉ မျိုး ကြေညာ


အများပြည်သူ စားသုံးဖို့ မသင့်တဲ့ အစားအသောက် အမှတ်တံဆိပ် ၁၉ မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ) ကန်တော်မင်္ဂလာပန်းခြံ ဟု ခေါ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားလိုက်ပြီဟုဆို

Photo: ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ) ကန်တော်မင်္ဂလာပန်းခြံ ဟု ခေါ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားလိုက်ပြီဟုဆို
Monday, October13, 2014

ရန်ကုန်၊ စက်တင်ဘာ ၁၂- နှစ်ပေါင်း ၆ဝကျော် ကန်တော်မင်္ဂလာပန်းခြံ အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ)ကန်တော်မင်္ဂလာ ပန်းခြံဟု ခေါ်တွင်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

မြန်မာ့လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော်တော်တစ်ပါး ဖြစ်သည့် ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမ ပန်းခြံအဖြစ် အမည်တွင်ခဲ့ဖူးသည့် ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် အမည်ပြောင်းလဲသတ် မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားသည်ဟု သတင်း များကြားသိရသဖြင့် နိုင်ငံတော်သမ္မတ ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သမိုင်းဆိုင်ရာ အချက်အလက်များကို စိစစ်ပြီး ဦးဥတ္တမပန်းခြံ(ခ)ကန်တော် မင်္ဂလာပန်းခြံအဖြစ် ခေါ်တွင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါအကြီးတန်း အရာရှိက ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ကန်တော်မင်္ဂလာပန်းခြံ ကို ဦးဥတ္တမပန်းခြံအဖြစ် အမည် ပြန်လည်ပြောင်းပေးဖို့ တင်ပြလာ တယ်။ တင်ပြတဲ့နေရာမှာ သမိုင်း ကြောင်းအထောက်အထားတွေနဲ့ပြ တယ်။ ဒါကြောင့်နိုင်ငံတော်သမ္မတ ကြီးက ဒီသမိုင်းကြောင်းအထောက် အထားတွေအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပန်းခြံရဲ့သမိုင်းကြောင်း နဲ့ ပတ်သက်ပြီးတော့ တင်ပြခိုင်း တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ကတင်ပြတဲ့အချက်အလက် တွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တင် ပြတဲ့အချက်အလက်တွေကို သေချာ စိစစ်ပြီးတော့မှ ဦးဥတ္တမပန်းခြံ(ခ) ကန်တော်မင်္ဂလာပန်းခြံအဖြစ် ခေါ် တွင်ဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးကဖြေကြားခဲ့သည်။

ကန်တော်မင်္ဂလာပန်းခြံကို ဦး ဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရန် တင်ပြထားသည်မှာ မှန်ကန်ကြောင်း နှင့် အမည်ပြောင်းလဲသတ်မှတ်ရန် အတွက် ညွှန်ကြားချက်မှာ မရောက် ရှိလာသေးကြောင်း၊ ရောက်ရှိလာ ပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

နယ်ချဲ့ဆန့်ကျင်ရေးတရား များကိုဟောကြားပြီး မြန်မာလူမျိုးတို့ ၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုး ကြားစေခဲ့သော ဆရာတော်ဦးဥတ္တမ သည် ၁၉၃၉ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဆရာ တော်ပျံလွန်သည့်နေ့ကို ထိုစဉ်အချိန် က ပြည်သူ့လွှတ်တော်မှ ဦးဥတ္တမနေ့ အဖြစ် တရားဝင်ကြေညာခဲ့ပြီးရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အနီးရှိ ကန် တိုမင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ၁၉၆၁ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် သတ်မှတ်ပေးခဲ့သော်လည်းတော်လှန် ရေးကောင်စီအစိုးရလက်ထက်တွင် ကန်တိုမင်ပန်းခြံအဖြစ် ပြန်လည်ပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံ ကျမ်းအတွဲ၁၅ပါ နိုင်ငံတော်သမိုင်း မှတ်တမ်းအရ သိရသည်။

''၁၉၈၉ ခုနှစ်တပ်မတော်အ စိုးရလက်ထက်မှာ ရန်ကုန်မြို့မှာရှိ တဲ့ အင်္ဂလိပ်အမည်တွေနဲ့လမ်းတွေ ကို မြန်မာမှုပြုတဲ့အချိန်မှာကန်တိုမင် ပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံအ ဖြစ် အမည်ပြောင်းခဲ့တာ။ အရင်က ဒီနေရာက အင်္ဂလိပ်စစ်တပ်တွေနေ တဲ့နေရာလို့လဲ သိရပါတယ်''ဟု အငြိမ်း စားဗိုလ်မှူးတစ်ဦးက ပြောသည်။

''နိုင်ငံတော်အစိုးရက ဒီလိုဆုံး ဖြတ်လိုက်တာကြိုဆိုပါတယ်။ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို အများကြီးအထောက်အကူပြုစေပါ တယ်။ သမိုင်းမှာ အထင်အရှားရှိခဲ့ တာကို ဖျောက်ဖျက်ခဲ့ပြီး အခုအချိန် မှာပြန်လည်သတ်မှတ်ပေးဖို့ဆုံးဖြတ် တာကွှ့ငမွျှိလေန ပြောင်းလဲမှု အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုကို ဆုံးဖြတ်လိုက်တာပါ။ ပန်း ခြံထဲမှာဆရာတော်ဦးဥတ္တမအမှတ် တရတွေလုပ်ဖို့ပဲ တဖြည်းဖြည်းစီစဉ် သွားရမှာပေါ့'' ဟု ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးဦးဇော်အေးမောင် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြောကြားခဲ့သည်။ 

နိုင်ငံရေးအပြောင်းအလဲတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် ဆရာ တော်ဦးဥတ္တမကို ဂုဏ်ပြုသောအား ဖြင့် ယင်းကဲ့သို့ သတ်မှတ်ရသည်မှာ နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းနှင့် ယင်းသို့သတ်မှတ်လိုက်ခြင်းကြောင့် ပြည်သူများအကြား အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာစေပြီး နိုင်ငံရေးအပြောင်းအလဲအတွက် အထောက်အကူပြုနိုင်ကြောင်း အင်္ဂ လန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံပညာရပ် ဒီပလိုမာသင်တန်းတက်နေသည့် ဦး မင်းမင်းလတ်က သုံးသပ်သည်။

''ဆရာတော်ဦးဥတ္တမက မြန်မာ နိုင်ငံသမိုင်းမှာ ပထမဆုံး နိုင်ငံတော် အကြည်အညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲခံရသူတစ်ယောက် လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်ရာမှာ စံနှုန်းတွေ၊ စံပြပုဂ္ဂိုလ်တွေရှိဖို့ လိုပါတယ်။ နိုင်ငံ တကာမှာဆိုရင် သူတို့နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ်အသိအမှတ်ပြု ပြီးလမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံတွေကို နာမည်တွေသတ်မှတ် ပေးပြီး ဂုဏ်ပြုထားကြပါတယ်။ မြန်မာ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်ကနေ ဒီနေ့ ဒီမိုကရေစီခေတ်အထိ စံထား လို့ရတဲ့ လူပုဂ္ဂိုလ်တွေအများကြီးရှိ ပေမယ့် အသိအမှတ်ပြုဂုဏ်ပြုတာ မျိုးအားနည်းနေတာ တွေ့ရပါတယ်'' ဟုဦးမင်းမင်းလတ်က သုံးသပ်သည်။

ကန်တော်မင်္ဂလာပန်းခြံကို ရန်ကုန်မြို့တော်စည်ပင်မှ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ် ဆောင်နေ၍ ယခင်ကထက် ပိုမို ကောင်းမွန်လာသော်လည်း ပန်းခြံ အတွင်းသို့ လာရောက်သူအချို့မှာ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းနှင့် ကွမ်း တံတွေးများထွေးခြင်းများရှိနေကြောင်း ပန်းခြံသို့တစ်လလျှင် နှစ်ကြိမ်ခန့် သွားရောက်အပန်းဖြေသည့် ကိုစိုင်း သီဟက ပြောသည်။

''လွတ်လပ်ရေးအတွက် ဘယ် လိုကြိုးပမ်းခဲ့သလဲ၊ ဘယ်လိုအရေး ကြီးခဲ့လဲဆိုတာ လူငယ်တွေကြားမှာ လိုက်မေးကြည့်မယ်ဆို နာမည်ကို တော့ ကြားဖူးပေမယ့် သမိုင်းကိုတော့ ပြောနိုင်သူနည်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲမသိပါဘူး။ တကယ်လို့ သမိုင်းကို သေသေချာချာသိကြမယ် ဆိုရင် ဆရာတော်ကိုဂုဏ်ပြုထားတဲ့ ပန်းခြံမှာ စည်းကမ်းမဲ့တာမျိုးတွေ လျော့ကျသွားမယ်ထင်ပါတယ်။ ပန်း ခြံထဲလာရောက်လည်ပတ်သူတွေ လဲ သိနိုင်အောင်သမိုင်းကျောက်စာ မျိုး၊ ရုပ်တုမျိုးတွေပါလုပ်ပေးမယ် ဆိုရင် ပိုကောင်းတာပေါ့ဗျာ''ဟု ကို စိုင်းသီဟက ပြောသည်။ 

၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် (၇၄) နှစ် မြောက်ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းတွင်ရှိသော ဃြဃ ခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဒဂုံမြို့နယ်၊ ရွှေတိဂုံတောင်ဘက်မုခ် အနီးရှိ ကန်တော်မင်ပန်းခြံကိုဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်အမည်ပြောင်း သတ်မှတ်ပေးရန် နိုင်ငံတော်သို့ တောင်းဆိုသည့်ကြေညာချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ငယ်ထွေး(ကလေး)
Yangon Media Group
ရန်ကုန်၊ စက်တင်ဘာ ၁၂- နှစ်ပေါင်း ၆ဝကျော် ကန်တော်မင်္ဂလာပန်းခြံအဖြစ် သတ်မှတ်ခံခဲ့ရသည့် ပန်း ခြံကို ဦးဥတ္တမပန်းခြံ (ခ)ကန်တော်မင်္ဂလာပန်းခြံဟု ခေါ်တွင်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြား ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြော သည်။

သီရိမင်္ဂလာဈေးသစ်တွင် အုပ်စုဖွဲ့ ဆက်ကြေး တောင်းခံနေသူများကို အရေးယူရန် ခက်ခဲဟုဆို

Photo: သီရိမင်္ဂလာဈေးသစ်တွင် အုပ်စုဖွဲ့ ဆက်ကြေး တောင်းခံနေသူများကို အရေးယူရန် ခက်ခဲဟုဆို
Monday, October13, 2014

ကုန်စိမ်းနှင့် အသီးအနှံများ အဓိက ရောင်းဝယ်ဖောက်ကားရာ ဈေး တစ်ခုဖြစ်သော သီရိမင်္ဂလာဈေးသစ်တွင် ဈေးသည်များနှင့် ကုန်တင်ယာဉ် များထံမှ အုပ်စုဖွဲ့၍ မိုက်ကြေးခွဲကာ ဆက်ကြေးတောင်းနေသူများကို အမှုဖွင့်တိုင်ကြားမည့်သူ မရှိသောကြောင့် ဖမ်းဆီးအရေးယူရန် အခက်အခဲများ ရှိကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။ 

ဒေသအစုံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တွင် လာရောက် ရောင်းချနေသော ဈေးသည်များနှင့် ကုန်တင်ယာဉ်မောင်းများထံမှ လူတစ်စုက မိုက်ကြေးခွဲကာ ယာဉ်ရပ်နားခနှင့် ဈေးဗန်းခင်းရန် နေရာခများ ကောက်ခံနေမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသော်လည်း ဆက်ကြေး ပေးဆောင်နေသူများဘက်က တရားလိုပြု အမှုဖွင့်တိုင်ကြားခြင်း မရှိသောကြောင့် အရေးယူဆောင်ရွက်ရန် ခက်ခဲရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဈေးလာရောင်းသူတွေဆီက ဆက်ကြေးတောင်းတယ်၊ မပေးရင် သတ်ပစ်မယ်ဆိုပြီး ဓားထောက် ခြိမ်းခြောက်မှုတွေ လုပ်တာကို သတင်းရလို့ မသင်္ကာသူတွေကို စခန်းခေါ်စစ်တယ်၊ ဆက်ကြေး တောင်းခံရသူတွေကို အနိုင်ကျင့် ငွေတောင်းသူတွေက ဒီလူတွေလား ခေါ်မေးရင် သူတို့က ကြောက်ပြီး အမှန်အတိုင်း မထွက်ဆိုတော့ဘူး၊ ဒီတော့ သက်သေ အထောက်အထား မခိုင်လုံတာကြောင့် ဖမ်းဆီးထားသူတွေကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်ရတယ်” ဟု လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါအုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ဆက်ကြေး တောင်းခံနေသူများက ဈေးသည်များနှင့် ယာဉ်မောင်းများထံမှ နေ့စဉ် ငွေတောင်းခံမှုများ ရှိကြောင်း၊ ၎င်းတို့ တောင်းဆိုသော ငွေကိုမပေးပါက အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ကြောင်း ယင်းဈေးအတွင်း ကုန်စိမ်းရောင်းချနေသူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဈေးဗန်းခင်းခ စည်ပင်ကို ပေးပြီးပေမယ့် သူတို့အဖွဲ့ ငွေလာကောက်ရင် ထပ်ထည့်ရတယ်။ မပေးရင် ဈေးဗန်းတွေ ဆွဲလွှင့်ပစ်ပြီး လူကိုပါ ရန်ရှာတယ်၊ ဈေးမှာရှိတဲ့ လုံခြုံရေးတွေကအစ သူတို့အုပ်စုကို ကြောက်နေရတာ၊ စခန်းမှာ တရားလိုပြု အမှုဖွင့်ပါ ဆိုပေမယ့် ကိုယ်က ဒီဈေးနဲ့ မကင်းနိုင်ဘူး။ ဈေးရောင်းမှ ထမင်းစားရတာ။ အမှုဖွင့်သူရှိခဲ့လည်း နောက်နေ့ ဈေးလာရောင်းရင် သူတို့အဖွဲ့က အမှုဖွင့်တဲ့သူကို ရန်ပြုမှာ။ အဲဒါကြောင့် အနိုင်ကျင့်ခံနေရမှန်း သိပေမယ့် ကိုယ့်အသက် ကိုယ်နှမြောလို့ အမှုမဖွင့်တာ” ဟု ၎င်းက ရှင်းပြသည်။ 

ယင်းအုပ်စုဖွဲ့ ဆက်ကြေးတောင်းသူများက ဈေးဝင်းအတွင်း ရောင်းချနေသော ပျံကျဈေးသည်များထံမှ တစ်ဦးလျှင် ကျပ်ငွေငါးရာမှ တစ်ထောင်ကျပ်အထိ ကောက်ခံမှုများ ရှိကြောင်း၊ ကုန်တင်ယာဉ်များထံမှ ယာဉ်ရပ်နားခ တစ်စီးလျှင် အနည်းဆုံး ငွေတစ်သောင်းကျပ် ကောက်ခံကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ ဒေသထွက် ကုန်စိမ်းများ အပတ်စဉ် လာရောက် ပို့ဆောင်နေသည့် ကုန်တင်ယာဉ်မောင်း အမျိုးသားကြီးတစ်ဦးထံမှ သိရှိရသည်။

သီရိမင်္ဂလာဈေးသစ် စတင်ဖွင့်လှစ်ချိန်မှ စတင်ကာ ခရိုင်အဆင့် လုံခြုံရေးကို ဆောင်ရွက်ထားပြီး ဈေးဧရိယာအတွင်း တစ်နေ့လျှင် ၈ နာရီ တစ်ဖွဲ့နှုန်းဖြင့် အလှည့်ကျ ဆောင်ရွက်ထားကြောင်း၊ ရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အရ အပြစ်မဲ့သူတစ်ဦး မဖမ်းမိစေရေးအတွက် သက်သေအထောက်အထား ခိုင်လုံမှု မရှိသော အချိန်တွင် သံသယရှိသူများကို အရေးမယူနိုင်ကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

“အထောက်အထား အတိအကျတိုင်မှ အရေးယူပေးမယ် ဆိုကတည်းက လွဲနေပြီး၊ ဓားပြတိုက်ခံပြီတော့မှ တရားခံ ဖမ်းပေးမယ် ဆိုသလို ဖြစ်နေတယ်။ အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးသမားတွေ၊ ဆန္ဒပြတဲ့သူတွေကို သက်သေအထောက်အထား အခိုင်အလုံ မရှိဘဲနဲ့ အရေးယူခဲ့တာ အများကြီးပါ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ဆိုသည်။

အုပ်စုဖွဲ့ မိုက်ကြေးခွဲ ဆက်ကြေး တောင်းနေသည်ဟု သတင်းရရှိထားသော အဖွဲ့မှ လူစာရင်းများကို ရဲတပ်ဖွဲ့က စာရင်းများ ကောက်ယူထားပြီး သက်သေအထောက်အထား အခိုင်အလုံ ရရှိခဲ့ပါက အရေးယူသွားမည် ဖြစ်ကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။ 

အောက်တိုဘာလ ပထမပတ်အတွင်း ကျောက်ပန်းတောင်းမြို့နယ်မှ သြဇာသီး လာပို့သော ကုန်တင်ယာဉ်မောင်းကို ဆက်ကြေးတောင်းခံမှုမှ ယာဉ်မောင်းက အမှုဖွင့် တိုင်ကြားခဲ့သော်လည်း တိုင်ကြားခံရသူ သုံးဦးမှာ သက်သေမခိုင်လုံသောကြောင့် ခံဝန်လက်မှတ်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ကုန်စိမ်းနှင့် အသီးအနှံများ အဓိက ရောင်းဝယ်ဖောက်ကားရာ ဈေး တစ်ခုဖြစ်သော သီရိမင်္ဂလာဈေးသစ် တွင် ဈေးသည်များနှင့် ကုန်တင်ယာဉ် များထံမှ အုပ်စုဖွဲ့၍ မိုက်ကြေးခွဲကာ ဆက်ကြေးတောင်းနေသူများကို အမှုဖွင့်တိုင်ကြားမည့်သူ မရှိသောကြောင့် ဖမ်းဆီးအရေးယူရန် အခက်အခဲများ ရှိကြောင်း အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

အရေးယူခံလိုက်ရတဲ့ တောင်ကိုရီးယား စစ်တပ်အရာရှိ

Photo: အရေးယူခံလိုက်ရတဲ့ တောင်ကိုရီးယား စစ်တပ်အရာရှိ
Monday, October13, 2014

တောင်ကိုရီးယား စစ်တပ် အရာရှိ တစ်ဦးဟာ လက်ထောက် အမျိုးသမီး စစ်တပ်အရာရှိကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီး
လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ တာဝန် ထမ်းဆောင် နေဆဲဖြစ်တဲ့ တိုင်းမှူး တစ်ယောက်ကို လက်အောက်ငယ်သား အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တောင်ကိုရီးယား စစ်တပ်က ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။
 
စစ်တပ်အရာရှိ တစ်ဦးရဲ့ သတင်း ထုတ်ပြန်ချက် အရ ဖမ်းဆီးခံ လိုက်ရတဲ့ တိုင်းမှူးဟာ သူ့လက်အောက်မှာ တာဝန် ထမ်းဆောင် နေတဲ့ အမျိုးသမီး အရာရှိကို သူ့ရုံးခန်းကို ခေါ်ပြီး အကြိမ်ပေါင်း များစွာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန် ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တာဝန် ထမ်းဆောင် နေဆဲဖြစ်တဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အရေးပေါ် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြစ်ချက်နဲ့ စုံစမ်းတာဟာ တောင်ကိုရီးယား နိုင်ငံရဲ့ ပထမဦးဆုံးသော ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
 
ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တောင်ကိုရီးယား စစ်တပ် ရုံးချုပ်က လက်ခံရရှိခဲ့ တာကြောင့် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တိုင်းမှူးကို အောက်တိုဘာလ ၉ ရက်နေ့မှာ အရေးပေါ် ဖမ်းဆီးခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မပေါ်ပေါက်စေဖို့ တိုင်းမှူးတွေ အနေနဲ့ စစ်တပ် စည်းမျဉ်း စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ထားဖို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေး ဌာနက သောကြာနေ့ မနက်ပိုင်းမှာ အရေးပေါ် စည်းဝေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။ 

MRTV-4
တောင်ကိုရီးယား စစ်တပ် အရာရှိ တစ်ဦးဟာ လက်ထောက် အမျိုးသမီး စစ်တပ်အရာရှိကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ တာဝန် ထမ်းဆောင် နေဆဲဖြစ် တဲ့ တိုင်းမှူး တစ်ယောက်ကို လက်အောက်ငယ်သား အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုနဲ့ တောင်ကိုရီးယား စစ်တပ်က ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။

လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ

 Photo: လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ
Monday, October13, 2014

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသူ နှင့် တရားရင်ဆိုင်နေ ရသူ ၃၀၀ ကျော် ရှိပြီဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က အောက်တိုဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားမရှိအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် ကတိပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၇၆ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် လယ်ယာမြေအရေး ဆောင်ရွက်သူများ ပြစ်ဒဏ်ကျခံနေရဆဲဟု ၎င်းကဆိုသည်။

“ ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုပေမယ့် အကန့်အသတ်နဲ့ လုပ်နေတာ တွေ့ ရတယ်” ဟု ဦးရဲအောင်က ပြောသည်။ သမ္မတသက်တမ်း လေးနှစ်နီးပါးအတွင်း သမ္မတ၏ ၁၅ ကြိမ်မြောက် အမိန့် ဖြင့် အောက်တိုဘာ ၇ ရက် လွတ်ငြိမ်း ချမ်းသာခွင့်အရ ၃,၀၇၃ ဦးလွတ်မြောက်ရာတွင် လွတ်ရက်နီးကပ်နေ သည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးသာပါဝင်သည်ဟု ကော်မတီက ပြောသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဦးရေ ၂၈,၆၁၈ ဦးလွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက် ထုတ် နိုင်ငံပိုင် သတင်းစာတွင်ပါရှိသည်။

၂၀၁၂ ခုနှစ်၊ မတိုင်မီက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိခဲ့သည်။

Mizzima - News in Burmese 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း လယ်ယာမြေပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်နေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း လယ်ယာမြေပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်နေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသူ နှင့် တရားရင်ဆိုင်နေ ရသူ ၃၀၀ ကျော် ရှိပြီဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင် က အောက်တိုဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဝေးသင်ဖြေမည့် ဘင်္ဂါလီကျောင်းသားလေးဦးအား အနီးကပ်သင်ပေးရန် တာဝန်ပေးခံရသူဆရာများ လုံခြုံရေးကြောင့် သွားရန်စိုးရိမ်နေ

ရခိုင်ပြည်နယ်ဘူးသီး တောင်မြို့နယ်ရှိ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ဘင်္ဂါလီကျောင်း သား လေး ဦးကို အနီးကပ်သင်တန်းပို့ချရန်အတွက် တာဝန် ပေးအပ်ခြင်းခံရသည့် စစ်တွေ တက္ကသိုလ်မှ နည်းပြဆရာ ခုနစ် ဦးမှာ ၎င်းတို့ လုံခြုံရေးကြောင့် မသွားလိုကြကြောင်း သတင်းရရှိ သည်။

B4 ရဟတ်ယာဉ်မတော်တဆမှု မြန်မာ- ထိုင်း ပူးပေါင်းစုံစမ်းစစ်ဆေးမည်

Photo: B4 ရဟတ်ယာဉ်မတော်တဆမှု မြန်မာ- ထိုင်း ပူးပေါင်းစုံစမ်းစစ်ဆေးမည်
Monday, October13, 2014

ပူတာအို နောင်မွန်းရွာအ နီးတွင် မတော်တဆဖြစ်ခဲ့သော ထိုင်းနိုင်ငံမှ B4ရဟတ်ယာဉ်ဖြစ် စဉ်ကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းစုံ စမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘ရဟတ်ယာဉ်က ထိုင်းလေ ကြောင်းဦးစီးမှာ မှတ်ပုံတင်ထား တဲ့ရဟတ်ယာဉ်။ ပြီးတော့စက်ပိုင်းဆိုင်ရာတွေ ပိုင်းလော့ကအစ သူတို့ဘက်က ကွန်ထရိုးလုပ်ပါ တယ်။ ပြီးတော့ ဖြစ်တာက မြန် မာပိုင်နက်ဖြစ်တာကြောင့် မြန်မာ က ဦးဆောင်ပြီးတော့ ထိုင်းနဲ့ ပေါင်းပြီး ပျက်ကျရတဲ့အကြောင်း ကို စစ်ဆေးဖို့လုပ်နေပါပြီ’’ဟုလေ ကြောင်းဦးစီး ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။

လက်ရှိတွင် လေယာဉ်နှင့် ပတ်သက်သော အချက်အလက် များ စုဆောင်းရရှိထားသကဲ့သို့ လေယာဉ်ထုတ်လုပ်သည့် ပြင် သစ် ကုမ္ပဏီနှင့်လည်းဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမျိုးသန့်ကဆိုသည်။

လက်ရှိအနေအထားအရ လေယာဉ်မတော်တဆဖြစ်ပွားခဲ့ သော နေရာအတိအကျကို မသိရ သေးဘဲ သက်သေများ၏ထွက်ဆို ချက်များဖြင့် ဆက်လက်ရှာဖွေပြီး နေရာအတိအကျသိရရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းဦးမျိုး သန့်ကပြောသည်။

ခါကာဘိုရာဇီရေခဲတောင် တွင်ပျောက်ဆုံးနေသည့်တောင် တက်သမားနှစ်ဦးကိုရှာဖွေကယ် ဆယ်ရေးပြုလုပ်စဉ် ထိုင်းနိုင်ငံ Advance Aviationကုမ္ပဏီမှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂နာရီ ၂၀မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ် တောက်သွားခဲ့သည်။

ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက ရဟတ်ယာဉ်မတော် တဆဖြစ်မှုကို မိမိတို့အနေဖြင့်အ ဖြေပေး၍ မရဘဲသက်ဆိုင်ရာလေ ကြောင်းထိန်းသိမ်းညွှန်ကြားရေး အဖွဲ့အစည်းများ၊ ပညာရှင်များ ၏ သုံးသပ်ချက်များသာ အတည် ဖြစ်ပါလိမ့်မည်ဟု ထူးဖောင် ဒေးရှင်းဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ အောက်တိုဘာ ၁၂ရက်က ရေးသားထားသည်။

ရဟတ်ယာဉ်ပျက်ကျ၍ သေ ဆုံးသွားသည့် မြန်မာရဟတ်ယာဉ် မှူးဦးအောင်မြတ်တိုးကို တော တွင်းမှာပင် သဂြုင်္ိဟ်ခဲ့သည့် ဓာတ် ပုံများကို ပထမဆုံးအကြိမ်ထုတ် ပြန်ခဲ့ပြီး ၎င်းရဟတ်ယာဉ်မှူး၏ မိသားစုကို ထူးဖောင်ဒေးရှင်းက တာဝန်ယူသွားမည်ဟုကြေညာခဲ့ သည်။

မတော်တဆဖြစ်ခဲ့သည့် ရ ဟတ်ယာဉ်တွင်လိုက်ပါသွားသည့် ဦးတေဇ၏ ကိုယ်ရေးအရာရှိ ရွှေ ရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၈ရက်တွင် ထိုင်း ရဟတ်ယာဉ်မှူးMr.Chatchawal ကိုထပ်မံတွေ့ရှိခဲ့သည်။

ထိုင်းရဟတ်ယာဉ်မှူးမှာ မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန် ကောက်ဆေးရုံတွင် စောင့်ရှောက် မှု ဆက်လက်ခံယူရန် အောက်တိုဘာ ၁၁ ရက်တွင်အထူးလေယာဉ် ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ သည်။

7 Day Daily
ပူတာအို နောင်မွန်းရွာအ နီးတွင် မတော်တဆဖြစ်ခဲ့သော ထိုင်းနိုင်ငံမှ B4ရဟတ်ယာဉ်ဖြစ် စဉ်ကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းစုံ စမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

ဦးစိုးသူဆီက ပညာတွေရခဲ့တယ်ဆိုတဲ့ နီနီခင်ဇော်

Photo: ဦးစိုးသူဆီက ပညာတွေရခဲ့တယ်ဆိုတဲ့ နီနီခင်ဇော်
Monday, October13, 2014

စက်တင်ဘာလတွင် သွား ရောက်ခဲ့သော သြစတြေးလျခရီး စဉ်၌    အတူဖျော်ဖြေခဲ့သည့် စိုးသူထံမှ ဖျော်ဖြေရေးနှင့်ပတ် သက်၍ ပညာယူခဲ့ရသလို ပရိ သတ်များလည်း တိုး၍ရခဲ့ကြောင်းနီနီခင်ဇော်က ပြောသည်။

‘‘ဦးစိုးသူက ဆိုတဲ့ပညာနဲ့ ရော ပရိသတ်ကို တင်ဆက်တဲ့ ပညာနဲ့ရော နှစ်ခုစလုံး ပရိသတ် ကို ဖမ်းစားနိုင်တဲ့အတွက် နီတို့ တောင် ဦးစိုးသူဆီက ပညာတွေ အများကြီးသင်ရပါတယ်။ နောက် ပြီး ဦးစိုးသူရဲ့ Fan တွေကလည်း ဦးစိုးသူရဲ့ ဖေးမမှုနဲ့ နီတို့ Fan တစ်ဝက်ဖြစ်သွားတယ်’’ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေရေးခရီးစဉ် တွင် လူကြီးပရိသတ်အများစုနှင့် တွေ့ဆုံခဲ့ရပြီး  လူကြီးပရိသတ် များဖြစ်သော်လည်း ၎င်းတို့ သီဆို သည့် သီချင်းများကို   လိုက်ပါ ခံစားပေးကြကြောင်း နီနီခင်ဇော် က ပြောသည်။

‘‘မျှော်လင့်ချက်တစ်စုံတစ် ရာကတော့ ပွဲတိုင်းဆိုဖြစ်ပါ တယ်။ နောက်ပြီး ဆီးဂိမ်းမှာဆိုခဲ့ တဲ့ တိုင်းရင်းသားသီချင်းလေး လည်း ဆိုဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

နယ်ဖျော်ဖြေရေးခရီးအနေ ဖြင့် တောင်ကြီးနှင့် မန္တလေးတွင် သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိသလို ရန်ကုန်တွင်လည်း ရွှေ အက်ဖ်အမ်နှစ်ပတ်လည်ပွဲနှင့် မိုးရာသီမြန်မာဂီတဆုပေးပွဲများ တွင်  ဖျော်ဖြေရန်  အစီအစဉ်ရှိ ကြောင်း    နီနီခင်ဇော်က  ပြော သည်။

7Day DAILY
စက်တင်ဘာလတွင် သွား ရောက်ခဲ့သော သြစတြေးလျခရီးစဉ်၌ အတူဖျော်ဖြေခဲ့သည့် စိုးသူထံမှ ဖျော်ဖြေေ ရးနှင့် ပတ် သက်၍ ပညာယူခဲ့ရသလို ပရိ သတ်များလည်း တိုး၍ရခဲ့ကြောင်း နီနီခင်ဇော်က ပြောသည်။

ဆိုင်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်ကြောင့် ပဲဈေးတက်

အိန္ဒိယနိုင်ငံသို့ ဆိုင်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်ဝင်ရောက်လျှင် ရိတ်သိမ်းေ နသော ပဲများပျက်စီးမှုရှိနိုင် ၍ မြန်မာပဲကို အိန္ဒိယပဲကုန်သည်များ  ပြန်ဝယ်ယူလာသောကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲဈေးနှုန်း ပြန် တက် လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိသည်။

မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျား စစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်

Photo: မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျား စစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်
Monday, October13, 2014

 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေး မြို့သို့ ၀င်ရောက်နေသည့် တရား မ၀င် ကုန်သွယ်နေမှုများအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျား စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးထိန်းချုပ်ရန် စီးပွားကူး သန်းဝန်ကြီးဌာန ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထား သည့် တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး Mobile Team အ ဖွဲ့ဖြင့် လက်ရှိအချိန်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို စစ် ဆေးအရေးယူမှုများ ပြုလုပ်နေ ပြီး မကြာမီကာလအတွင်း မန္တလေး မြို့လေဆိပ်နှင့် ရေဆိပ်များကို စစ်ဆေးအရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘လောလောဆယ်  စီစဉ် နေဆဲပါ။ အစောဆုံး နိုဝင်ဘာလ ထဲမှာ စနိုင်မယ်ထင်ပါတယ်။ နယ်မြေ ကွင်းဆင်းပြီး ဆာဗေး လုပ်တာတွေ ဘာတွေတော့ပြီးပါ ပြီ။ အသုံးစရိတ် တွက်ချက်တာ တွေ၊ လူတွေစုဖွဲ့ပြီး ဘယ်လို ထားမယ်ဆိုတာတွေ စီစဉ်နေပါ တယ်’’ ဟု Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားကူးသန်းဝန် ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

မန္တလေးရေကြောင်းနှင့် လေကြောင်းကုန်သွယ်မှုများမှ တရားမ၀င် ကုန်သွယ်မှုများ စစ်ဆေး မည့်အချိန်ကို တရားဝင်သတင်း စာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ထုတ်ပြန်ကြေညာပေးမည် ဖြစ် သကဲ့သို့ Mobile Team အဖွဲ့ဖြင့် စတင်စစ်ဆေးချိန်တွင်လည်း ပညာပေးကာလ၊ အရေးယူမည့် ကာလများဖြင့် ခွဲခြားသတ်မှတ် ၍ လုပ်ဆောင်မည်ဟု ဦးညွန့်အောင်က ပြောသည်။

မန္တလေးမြို့သို့ မန္တလေး- ဗန်းမော်၊ မန္တလေး-လွယ်ဂျယ် စသည့် ဧရာဝတီမြစ်ကြောင်း ခရီး စဉ်များမှတစ်ဆင့် တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်နှင့် အ ထည်အလိပ်များ တရားမ၀င် ၀င် ရောက်မှု ရှိနေသည်ဟု ကြိုတင် လေ့လာမှုများ ပြုလုပ်ခဲ့သည့် Mobile Team အဖွဲ့မှ သတင်းရရှိ သည်။ ထို့အပြင် အိန္ဒိယနယ်စပ် ကလေး၊ တမူးဒေသမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း၊ ဧရာဝတီ မြစ်ကြောင်းများမှလည်း တရား မ၀င် ကုန်ပစ္စည်း ၀င်ရောက်မှုများ ရှိနိုင်ကြောင်း ခန့်မှန်းထား သည်။

 မန္တလေးမြို့ တံတားဦး လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ လေကြောင်းခရီး စဉ်များ ပျံသန်းလျက်ရှိသည်။

မန္တလေးမြို့ လေဆိပ်နှင့် ရေ ဆိပ်များတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးစစ်ဆေးမည့် အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြနိုင်ခြင်း မပြုလုပ်ရသေးဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ် ပြီးမှသာ လုပ်ငန်းများ စတင်နိုင် မည်ဖြစ်သည်ဟု ဦးညွန့်အောင် က ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေး မြို့သို့ စားသုံးရန် မသင့်သော တရုတ်နိုင်ငံထုတ် သရေစာနှင့် မုန့်မျိုးစုံ ဆက်တိုက် ၀င်ရောက် နေသလို အိန္ဒိယနယ်စပ်မှလည်း ဆေးဝါးများ တရားမ၀င် ၀င် ရောက်မှုရှိသည်ဟု မန္တလေးမြို့ခံ အချို့က ပြောသည်။

တရားမ၀င် ကုန်သွယ်မှုများ တားဆီးစစ်ဆေးသည့် Mobile Team အဖွဲ့တွင် စီးပွားကူးသန်း၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ ကုန် သည်စက်မှုအသင်းနှင့် မီဒီယာ အဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။ Mobile Team အဖွဲ့ဖြင့် ရန်ကုန်မြို့ရှိ လေဆိပ် နှင့် ရေဆိပ်များ စစ်ဆေးရာတွင် ချယ်ရီဦးနာရီများ မမှန်မကန်တင် သွင်းလာသည်ကို ဖမ်းဆီးရမိမှု များ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် Mobile Team အဖွဲ့ဖြင့် တရားမ၀င်ကုန်သွယ်မှု များ စစ်ဆေးခဲ့ရာ လက်ရှိအချိန် ထိ ကျပ်သန်း ၇၀၀၀ ကျော်တန် ဖိုးရှိ တရားမ၀င် တင်သွင်းလာ သည့် ကုန်ပစ္စည်းများကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY 

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေးမြို့သို့ ၀င်ရောက်နေသည့် တရားမ၀င် ကုန်သွယ်နေမှု များအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျား စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပုဂံဒေသ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် ယူနက်စကို ပညာရှင်များ အချက်သုံးချက် အကြံပြု

Photo: ပုဂံဒေသ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် ယူနက်စကို ပညာရှင်များ အချက်သုံးချက် အကြံပြု
Monday, October13, 2014

ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်နိုင်ရန် ယင်းဒေသ ၌ ခြောက်လအတွင်း အဆောက် အအုံများ မတည်ဆောက်ရန်၊ တုရင်တောင်ဒေသကို ရှေး ဟောင်း အမွေ အနှစ်ဇုန်အဖြစ် သတ်မှတ်ရန်နှင့် မြို့ကို မြင်းခြံ ဘက်သို့တိုးချဲ့ရန် ယူနက်စကိုမှ ပညာရှင်များက အကြံပြုခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ခြောက်လအတွင်း အဆောက်အအုံ မဆောက်ဖို့ကတော့ သဘောမတူကြဘူး။ ဆောက်လက်စအိမ်တွေကို ရပ်ထားလို့မရဘူး။ ဘတ်ဂျက်ကျပြီး သားလမ်းဖို့ဖို့ ကိစ္စတွေက ဆက် လုပ်မှဖြစ်မယ်။ မြင်းခြံဘက်ကို မြို့ချဲ့ဖို့ကတော့ သဘောတူကြတယ်’’ဟု ရှေး/သု ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်ကပြောသည်။

ထို့အပြင် တုရင်တောင် သည် စွယ်တော်လေးဆူတွင် ပါဝင်သဖြင့် ထိုဒေသရှိ သဘာဝ ရှုခင်းများ မပျက်စီးရေး ရှေး ဟောင်းဇုန်အဖြစ် သတ်မှတ်ရန် မှာ သင့်လျော်ကြောင်း ဦးသိန်း လွင်ကဆိုသည်။ အဆိုပါအကြံ ပြုချက်ကို သက်ဆိုင်ရာ တာဝန် ရှိသူများထံ တင်ပြဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ပုဂံဒေသကို ယူနက်စကို ၏ ကမ္ဘာ့ရှေးဟောင်း အမွေအ နှစ် စာရင်းတင်သွင်းရန် ပြည် တွင်း၊ ပြည်ပ ပညာရှင်များ ယူ နက်စကိုမှ ပညာရှင်များ၊ ယဉ် ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းနှင့် ဗိသုကာပညာရှင်များအသင်း၊ ရှေးဟောင်းသုတေသန ပညာဌာန၊ ပုဂံဒေသရှိ ယဉ်ကျေး မှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ၊ ဒေသခံများ စသည်တို့ ပူးပေါင်း၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

ပုဂံဒေသခံ အဖွဲ့အစည်း များသည် ပုဂံဒေသတွင် သတ် မှတ်ထားသော ရှေးဟောင်းဇုန် နယ်နိမိတ်များကို ပြန်လည်ပြင် ဆင်ပေးရန် တင်ပြခဲ့ပြီး တိကျ သော ရှေးဟောင်းဇုန်သတ်မှတ် ရန် အချိန်တစ်နှစ်ကျော်ကြာ စီမံ ကိန်းရေးဆွဲ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ဒါတွေက အချိန်ပေးပြီး လုပ်ရမယ့်ဟာတွေ။ ကွင်းဆင်း ပြီး ဆောင်ရွက်ရမယ်။ ဒေသခံ တွေက တင်ပြတာတွေ ရှိတယ်။ ဘယ်နေရာတွေမှာ ဇုန်သတ်မှတ် သင့်တယ်။ ဘယ်နေရာတွေက ဇုန်ထဲကနေ ဖယ်ရမယ်လို့ တင်ပြ ကြပါတယ်။ ဒါတွေကို သတ်မှတ် ဖို့ အချိန်ပေးရပါမယ်’’ဟု ၎င်းက ပြောသည်။

‘‘ဒေသခံတွေ အိမ်တွေဖယ် ရှားပေးရမှာတို့ဆို ဇုန်သတ်မှတ် တာ ပြင်လည် ပြင်ပေးဖို့ တင်ပြ ထားတယ်။ အဓိက ဇုန်ထဲမှာပါ နေတဲ့ နေရာတွေမှာ အဆောက် အအုံတွေ ထပ်မဆောက်ဖို့ လုပ်ရ ပါမယ်။ သတ်မှတ်ထားတဲ့ ဇုန် တွေထဲမှာပဲ အဆောက်အအုံတွေ ဆောက်တာ ကောင်းပါတယ်။ ဒီ ဆွေးနွေးပွဲက တိကျတဲ့ အဖြေ တော့ မထွက်ပါဘူး။ ဆွေးနွေး တင်ပြတာပဲ ရှိတာပါ’’ ဟု ပုဂံ ချစ်သူများအသင်းမှ ကိုမင်းနိုင် အောင်က ပြောသည်။

7Day DAILY 

ဆွေးနွေးပွဲမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်နှင့် တာဝန်ရှိသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ − မင်းနိုင်အောင်)
ဆွေးနွေးပွဲမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်နှင့် တာဝန်ရှိသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ − မင်းနိုင်အောင်)
ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်နိုင်ရန် ယင်းဒေသ ၌ ခြောက်လအတွင်း အဆောက် အအုံများ မတည်ဆောက်ရန်၊ တုရင်တောင်ဒေသကို ရှေး ဟောင်း အမွေ အနှစ်ဇုန်အဖြစ် သတ်မှတ်ရန်နှင့် မြို့ကို မြင်းခြံ ဘက်သို့တိုးချဲ့ရန် ယူနက်စကိုမှ ပညာရှင်များက အကြံပြုခဲ့ ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်ပြီး ဖောက်ခွဲရေးသုံး ဓာတုပစ္စည်းများ သိုလှောင်သည်ဆိုသော အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး

အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုနှင့် ဆက်သွယ်ကာ ရန်ကုန်မြို့ရှိ အဆောက် အအုံ သုံးခုတွင် ဖောက် ခွဲရေးဓာတုပစ္စည်း များ သိုလှောင်ထားသည်ဆိုသည့် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ် ဆေးနေကြောင်း မြန် မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိ သည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်

Photo: မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်
Monday, October13, 2014

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွား ရောက်မည့် မိဘဆွေမျိုး များ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လုံခြုံ ရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင် ရွက်ပေးရန် ထိုင်းနှင့် မြန် မာအာဏာပိုင်များထံ အကူအညီ တောင်းခံ ထားကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံများဟု ထိုင်းရဲ ကစွပ်စွဲကာ ထိန်းသိမ်းခံထားရသည့် မြန်မာနှစ်ဦး၏ မိသားစုဝင်များသည် ရခိုင်ပြည်နယ်မှ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ ၎င်းတို့၏သားများထံ သွားရောက်တွေ့ဆုံရန်ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့အတွက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းသွားရန်စီစဉ်နေကြောင်း လိုက်ပါကူညီသူများကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့မသွား ရောက်မီ ရန်ကုန်မြို့၌ သတင်း စာရှင်းလင်းပွဲတစ်ခုပြုလုပ်သွား မည်ဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ငှားရမ်း ထားသော ထိုင်းရှေ့နေနှစ်ဦးက မြန်မာလုပ်သား နှစ်ဦး၏ မိဘများကို ခေါ်ဆောင်ရန် အကြံပြုသောကြောင့် ခေါ်ဆောင်ခြင်းဖြစ်သည်။

‘‘ထိုင်းရှေ့နေတွေကို အမှု အပ်ရင် မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူရမှာရယ်။ အခုလို ပူဆွေးသောကရောက်နေတဲ့အချိန်မှာ လူသားတွေအနေနဲ့ မိသားစုဝင်တွေကို တွေ့ချင်မှာ ဖြစ်တယ်။ သူတို့မိသားစုတွေ အချင်းချင်းဆိုရင်ပိုပြီး ယုံယုံကြည်ကြည်နဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင် တယ်။ လိုအပ်တဲ့ သတင်းအချက် အလက်တွေပိုရနိုင်တယ်။အဲဒါ ကြောင့် ဒီကိုလာဖို့ ခေါ်လိုက်တာ ပါ။ ကျွန်တော်တို့ ရှေ့နေတွေ ကလည်း ခေါ်ခိုင်းနေပါတယ်။ နောက်သူတို့ရောက်လာရင် အမှု တစ်စုံတစ်ရာထူးခြားမှုရှိနိုင်တယ် လို့ ရှေ့နေကပြောတယ်’’ဟု မြန် မာသံရုံးအထူးအဖွဲ့မှ ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြော သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ရန်ကုန်မြို့တွင် ပတ်စပို့၊ ဗီဇာများပြုလုပ်၍ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံ သို့ သွားရောက်မည်ဖြစ်သည်။

‘‘ခရီးစရိတ်တွေကိုတော့ အလှူခံရဦးမယ်။ ကျောက်ဖြူမြို့ က သူဌေးတစ်ယောက်က လော လောဆယ် ဆယ်သိန်းလှူထား တယ်။ ဟိုက အဖွဲ့နဲ့ တိုင်ပင်ရဦး မှာပါ။ ကလေးတွေရဲ့ မိဘတွေကို ဦးထူးချစ်က လာခေါ်မယ်ပြော တယ်’’ဟု မြန်မာလုပ်သားနှစ်ဦး ၏ မိသားစုဝင်များအား ခေါ်ဆောင်ရန် စီစဉ်ပေးနေသော မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးကပြောသည်။

‘‘သားကိုတွေ့ချင်နေတယ်။ ကျွန်တော့်သားပြစ်မှုမကျူးလွန် လောက်ဘူးဆိုတာ ယုံတယ်။ ဒီ ကအဖွဲ့တွေ ကူညီပေးတာကို လည်း ကျေးဇူးအများကြီးတင် တယ်။ အစိုးရကို ကျွန်တော့်သား ကိစ္စ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သား ကိုဝင်းဇော်ထွန်း၏ ဖခင်ဦးထွန်းထွန်းထိုက်က ပြောသည်။

ထိန်းသိမ်းခံမြန်မာလုပ်သား များ၏ မိဘများအား နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတရုံးကနေ့ချင်းပြီး  ဆောင်ရွက်နိုင်ရန် ကူညီပေးမည် ဟု နှုတ်ကတိရထားကြောင်း၊ မိဘများအား ထိုင်းနိုင်ငံရှိ ၎င်းတို့ သားများနှင့် တွေ့ဆုံရေးအတွက် ရက်ပိုင်းအတွင်း အသေးစိတ် အစီအစဉ်ကို ထုတ်ပြန်မည်ဖြစ် ကြောင်း ရခိုင်အမျိုးသားကွန် ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ထို့အပြင် ထိန်းသိမ်းခံမြန်မာ လုပ်သားများ၏ မိဘများအား ပြည်ဝင်ခွင့်ရရှိရန်အကူအညီ ပေးမည်ဟု မြန်မာနိုင်ငံအခြေစိုက်ထိုင်းသံရုံးဘက်မှ ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေရဲ့ မိဘတွေက သွားဖို့၊ လာဖို့ ငွေကြေးအခက် အခဲရှိကြတယ်။ တစ်ယောက်မိဘ တွေဆိုရင် ကျောက်ဖြူကနေ ၁၂ မိုင်လောက်ဝေးတဲ့ မိချောင်းရေ သောက်ဆိုတဲ့ရွာက။ ရန်ကုန်လာ ဖို့တောင် နာရီပိုင်းအတွင်းစီစဉ် ကြရတာ။ ကျောက်ဖြူနဲ့ ရန်ကုန် က ရခိုင်စီးပွားရေးလုပ်ငန်းရှင် တွေရယ်၊ တခြားစေတနာရှင် တွေရယ် အကူအညီပေးပြီး စီစဉ် ရတာ’’ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းနိုင်ကပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် ကိုဝင်း ဇော်ထွန်း၏ ဖခင်ကမူ ၎င်း၏ သား သည် မတရားဖမ်းဆီးခံထားရ ခြင်းဖြစ်ပြီး မိသားစုများ အမြန်ဆုံးပြန်လည်တွေ့ဆုံရေးအတွက် ကြိုးစားနေကြောင်း ပြောကြားခဲ့ သည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို လူသတ်တရားခံဟု ထိုင်းရဲက ပြောသော်လည်း ထိုင်း ပြည်သူများအပါအ၀င် မယုံမ ကြည်ဖြစ်သူများ တစ်နေ့တခြား များပြားလာသည့် လိပ်ကျွန်းလူ သတ်မှုကို စုံစမ်းရန် မြန်မာအစိုးရ က မြန်မာသံရုံးဒုတိယကောင်စစ် ၀န်ခေါင်းဆောင်သည့်အဖွဲ့ဝင် ကိုးဦးပါ မြန်မာစုံစမ်းရေးအဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေ လွှတ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ အစိုး ရထံ အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ပြည် ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ရန် ပြင်ဆင်လျက်ရှိ သည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် နှစ်ရက်တာ လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ယင်းလူသတ်မှုနှင့် ပတ်သက်၍ အဖြစ်မှန်စုံစမ်းပေးရန်  မြန်မာအစိုးရခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ဖိအားပေးတောင်းဆိုခဲ့ကြသည်။

7Day DAILY 

ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ထိုင်းသို့ သွားရောက်ရန် ရန်ကုန်သို့ ရောက်ရှိလာသည့် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွား ရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ် အတွင်း လုံခြုံ ရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန် မာအာဏာပိုင်များထံ အကူ အညီ တောင်းခံထားကြောင်း သတင်းရရှိသည်။

တယ်လီနောဖုန်းများတွင် အခမဲ့ဝန်ဆောင်မှု အများအပြားပါဝင်မည်

တယ်လီနောဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် အခြေခံဝန်ဆောင် မှု ခုနစ်ခုကို အခမဲ့အသုံးပြုနိုင်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

အဝေးသင်ဖြေမည့် ဘင်္ဂါလီကျောင်းသားလေးဦးအား အနီးကပ်သင်ပေးရန် တာဝန်ပေးခံရသူဆရာများ လုံခြုံရေးကြောင့် သွားရန်စိုးရိမ်နေ

ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ်ရှိ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေ ဆိုမည့် ဘင်္ဂါလီကျောင်း သား လေးဦးကို အနီးကပ်သင်တန်းပို့ချရန်အတွက် တာဝန် ပေးအပ်ခြင်းခံရသည့် စစ်တွေ တက္ကသိုလ်မှ နည်းပြဆရာ ခုနစ် ဦးမှာ ၎င်းတို့ လုံခြုံရေးကြောင့် မသွားလိုကြကြောင်း သတင်းရရှိ သည်။

ဒိုင်နာယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၄ ဦး ဒဏ်ရာရ

လိုင်းကားအမှတ် ၁၃၀ ဒိုင်နာယာဉ်သည် မင်္ဂလာဒုံမြို့နယ် တိုက်ဂါးဘီယာစက်ရုံ အနီးတွင် အရှိန်ပြင်း စွာမောင်းနှင်မှု ကြောင့် တိမ်းမှောက်ခဲ့ပြီး ခရီး သည် ၂၄ ဦးဒဏ်ရာရရှိခဲ့၍ တစ် ဦးမှာ စိုးရိမ်ဖွယ် အခြေ အနေ ရှိ ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပဆေးရုံကို ၀န်ကြီးဌာနတစ်ခုမှ သန့်ရှင်းရေးပြုလုပ်ပေး

ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကို ၀န်ကြီးဌာနတစ်ခုက ပထမဆုံးအကြိမ် သန့်ရှင်းရေးဆောင် ရွက်ပေး ခဲ့ကြောင်း သ တင်းရရှိသည်။

စီးပွားရေးပြပွဲတွင် ပြသသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ ရောင်းချ၍ ဝန်ကြီးဌာနသတိပေး

ရန်ကုန်မြို့တွင် လာရောက် ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာ စီးပွားရေးပြပွဲကြီး များ၌ ပြသထားသည့် ပစ္စည်း များကို အခွန်မဆောင်ဘဲ တင်သွင်းလာပြီး ပြပွဲတွင် တိုက်ရိုက်ရောင်းချမှုများရှိသဖြင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်သန့်ရှင်းရေး အမှိုက်ဆယ်ရေယာဉ်များဖြင့် စတင်ဆောင်ရွက်

Photo: ရန်ကုန်မြစ်သန့်ရှင်းရေး အမှိုက်ဆယ်ရေယာဉ်များဖြင့် စတင်ဆောင်ရွက်
Monday, October13, 2014

ရန်ကုန်မြစ်အတွင်း အမှိုက်ဆယ် ရေယာဉ်များဖြင့် မြစ်သန့်ရှင်းရေးအတွက် အမှိုက်ဆယ်ယူရေးလုပ်ငန်းစဉ်များ  စတင်ဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အမှိုက်ဆယ်ရေယာဉ် နှစ်စီးဖြင့် ရန်ကုန်မြစ် အတွင်း သန့်ရှင်းရေး အတွက် အောက်တိုဘာ ၁၁ ရက် ကစတင် အသုံးပြုနေပြီ ဖြစ်ကြောင်း ပို့ဆောင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

‘‘ဒီသင်္ဘောငယ်လေးတွေက မြစ်ထဲမှာရှိတဲ့ အမှိုက်တွေ မမျောနိုင်ဘဲ ကမ်းနားကပ်နေတာတွေကို ဆယ်နိုင်အောင်လို့ပါ ခုဝါးတန်းဆိပ်ကမ်းမှာ စသုံးနေပါပြီ’’ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသင်္ဘောများ၏ တန်ဖိုး မှာ တစ်စီးလျှင် အမေရိကန်ဒေါ် လာ ၉၈,၀၀၀ ရှိပြီး တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

 ယင်း သင်္ဘောများအပြင် ဆိပ်ကမ်းအာဏာပိုင်က သိမ်ဖြူ သင်္ဘောကျင်းတွင်တည်ဆောက် သော ပင်လယ်သွားတွန်းသင်္ဘော များနှင့် ဆိပ်ကမ်းသုံးဆွဲရေယာဉ် များကိုလည်း စက်တင်ဘာအ တွင်း လွှဲပြောင်းရယူခဲ့သည်။

 ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနကလည်း ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ် လာ သန်း ၄၀ တန်ဖိုးရှိ သောင်တူးသင်္ဘော ၁၄ စီးကို ၀ယ်ယူခဲ့သည်။

7Day DAILY 

အမှိုက်ဆယ်ယူရေးယာဉ်များဖြင့် ရန်ကုန်မြစ်အတွင်း အမှိုက်ဆယ်ယူနေစဉ် (ဓာတ်ပုံ - မောင်ကြင်နာ)
အမှိုက်ဆယ်ယူရေးယာဉ်များဖြင့် ရန်ကုန်မြစ်အတွင်း အမှိုက်ဆယ်ယူနေစဉ် (ဓာတ်ပုံ - မောင်ကြင်နာ)
ရန်ကုန်မြစ်အတွင်း အမှိုက်ဆယ် ရေယာဉ်များဖြင့် မြစ်သန့်ရှင်းရေးအတွက် အမှိုက်ဆယ်ယူရေးလုပ်ငန်း စဉ်များ  စတင်ဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

ပါပါရာဇီကို အီဘိုလာဖြစ်ပါစေလို့ ကျိန်ဆဲခဲ့တဲ့ အစ်ဂီအဇယ်လီယာ

Photo: ပါပါရာဇီကို အီဘိုလာဖြစ်ပါစေလို့ ကျိန်ဆဲခဲ့တဲ့ အစ်ဂီအဇယ်လီယာ
Monday, October13, 2014

သြစတြေးလျ အဆိုတော် အစ်ဂီအဇယ်လီယာ သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ထွက် စဉ် ဓာတ်ပုံသတင်းထောက်တစ် ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်း က သတင်းထောက်အား အီဘိုလာရောဂါဖြစ်ပြီး သေပါစေဟု ကျိန် ဆဲခဲ့သည်။

အစ်ဂီအဇယ်လီယာနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ထဲ၌ ဈေးဝယ်နေစဉ် ၎င်းတို့နောက် သို့ တကောက်ကောက်လိုက်၍ ဓာတ်ပုံရိုက်နေသော သတင်း ထောက်နှင့် စကားများရန်ဖြစ်ခဲ့ ပြီး အစ်ဂီ၏ သူငယ်ချင်းဖြစ်သူ က သတင်းထောက်အား တံ တွေးဖြင့် ထွေးခဲ့သည်။ သူငယ် ချင်းဖြစ်သူထွေးသော   တံတွေး ကြောင့် AIDS ကူးပြီ၊ အီဘိုလာ ကူးပြီဟု ဓာတ်ပုံသတင်းထောက် က ပြန်ပြောခဲ့ရာ အစ်ဂီအဇယ်လီယာက ‘‘ရှင် အီဘိုလာရောဂါဖြစ် ပြီ သေပါစေ’’ဟု ကျိန်ဆဲခဲ့သည်။

၎င်းတို့စကားများရန်ဖြစ်နေ သည်ကို ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ ၌ ဖော်ပြခြင်းနှင့် ပတ်သက်၍ အစ်ဂီ အဇယ်လီက အောက်တိုဘာ ၁၁ရက်တွင် ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ပရိသတ်များအား ရှင်းပြခဲ့သည်။ ဓာတ်ပုံ သတင်းထောက်သည် တစ်ချိန်လုံးနောက်မှ လိုက်နေပြီး အဆက် မပြတ်အနှောင့်အယှက်ပေးနေခဲ့ ကြောင်းနှင့် ဓာတ်ပုံရိုက်သူများကို မမုန်းသော်လည်း ၎င်းအပေါ်ရန် လိုသူများကိုမူ ပြန်၍ ရန်မူတတ် သည်ဟု အစ်ဂီအဇယ်လီယာက ပြောကြားခဲ့သည်။

Ref:RapRadar
သြစတြေးလျ အဆိုတော် အစ်ဂီအဇယ်လီယာ သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ထွက် စဉ် ဓာတ်ပုံသတင်းထောက်တစ် ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်း က သတင်းထောက်အား အီဘိုလာရောဂါဖြစ်ပြီး သေပါစေဟု ကျိန် ဆဲခဲ့သည်။

ကော်ဖီနေ့စဉ်သောက်ခြင်းဖြင့် အသည်းကျန်းမာရေး ကောင်းနိုင်

ဝါရှင်တန်- ကော်ဖီနေ့တိုင်းသောက်သူများတွင် အသည်းလုပ်ဆောင်ချက် တိုးတက်ကောင်းမွန် ကာ ရော ဂါဖြစ်ပွားမှုကို ဟန့်တားနိုင်သဖြင့် အသည်းကျန်းမာရေးကို တိုးတက်စေသည်ဟု အမေရိကန်အမျိုးသား ကင်ဆာရောဂါကုဌာနမှ သုတေသီများက ပြောသည်။