Thursday 2 January 2014

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်

အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။

(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Photo: (၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Thursday, January 02, 2014

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့

အမေရိကန်နိုင်ငံ တဝှမ်းရှိ ရုပ်ရှင်ရုံ ပိုင်ရှင်များထံမှ ကောက်ယူသော စစ်တမ်းအရ (၂၀၁၃)ခုနှစ်အတွင်း ရုံဝင်ကြေး အမြင့်မားဆုံး ရရှိစေသည့် အနုပညာ ကြယ်ပွင့်အဖြစ် မင်းသမီး ဂျနီဖာလောရင့်စ်က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ထိုအခါ အများစုက အကယ်ဒမီဆုရှင် မင်းသမီး ဂျနီဖာကို ထိပ်တန်းနေရာတွင် ညီညီညွတ်ညွတ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သလို The Hunger Games: Catching Fireနှင့် American Hustleတို့ကလည်း ရုံဝင်ကြေး မြင့်မြင့်မားမား ရရှိစေခဲ့သည်။

ရုပ်ရှင်ရုံပိုင်ရှင် အများစုက ဂျနီဖာသည် မိမိတို့အတွက် အကျိုးအမြတ် အဖြစ်ထွန်းစေဆုံး အနုပညာရှင်အဖြစ် မှတ်ချက်ပေးခဲ့ပြီး ဒုတိယ နေရာတွင်မူ ဆန်ဒရာဘူးလော့ခ်ကို သတ်မှတ်ခဲ့ကြသည်။ သူမ၏ The Heatနှင့် Gravity ဇာတ်ကားနှစ်ခုလုံး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့သည်။ ထို့နောက် ထိပ်တန်း(၅)နေရာတွင် ဝါရင့်မင်းသား (၃)ယောက်ဖြစ်သည့် ဘရက်ဒ်လေကူးပါး၊ တွမ်ဟင့်ခ်စ်နှင့် ဒန်ဇယ်လ် ဝါရှင်တန်တို့က အစဉ်လိုက် ပါဝင် ရပ်တည်နေခဲ့သည်။ ထို့နောက် အဆင့်(၆)မှ (၁၀)ထိ နေရာများကိုမူ လီယိုနာဒို ဒစ်ကာပရီယို၊ တွမ်ခရုစ်၊ ဘရက်ဒ်ပစ်တ်၊ ဟုဂ်ျဂျက်မန်းနှင့် မယ်လစ်ဆာ မက္ကာသီတို့က ရယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network 
 Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာ ပြီး ဈေးေ ကာင်း ရကြသည် ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက် များက ပေါင်ပိုချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများ က ပြော ကြား သည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။

အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

Photo: အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
Thursday, January 2, 2014

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်ရှေ့အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇)လက္မခန့်ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံးတံတားအောက်သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်းဘရိတ်အားဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည်ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ)တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Thursday, January 2, 2014

ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မိမိတို့အနေဖြင့် အသေးအဖွဲ မတော်တဆ စစ်ရေးပဋိပက္ခများမှ မီးကုန်ယမ်းကုန် တိုက်ခိုက်ရသည့် စစ်ပွဲအဖြစ်သို့ ဦးတည်သွားနိုင်သော အန္တရာယ်ရှိသည့် အခြေအနေတစ် ရပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ငြိမ်းချမ်းရေး အတွက် အနူးအညွတ် တောင်းဆိုလိမ့်မည် မဟုတ်ကြောင်းနှင့် ရန်သူများအား တိုက်ခိုက်ရန် နျူကလီးယား လက်နက်ပိုင်ဆိုင်ပြီး အင်အားတောင့်တင်းသည့် မြောက်ကိုရီးယား၏ ကာကွယ်ရေး အစီအမံများနှင့်အတူ ဆုတ်ယုတ် ကုန်ခန်းသည်အထိ ကာကွယ်သွားရန် ကင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ
ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ် ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု

Photo: ၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု
Thursday, January 2, 2014

၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော်တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။

ရီးဂူးလပ်စ်ကြယ်ဆိုတာကတော့ ခြင်္သေ့ အသဲနှလုံးဟု ခေါ်သော သိဟ်ရာသီ အတွင်းမှ ထွန်းလင်းတာက်ပလင်းလက်နေတဲ့ အပြာရောင် ကြယ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၅ နှစ်သာကွာဝေးပြီး နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာဘဲ တည်ရှိပါတယ်။

၂၀၁၄ မတ်လ ၂၀ ရက်နေ့ မှာ အကျယ် ၄၅ မိုင် (၇၂ ကီလိုမီတာ) ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား အုပ်စုကြီးဟာ အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်သို့ ဖြတ်သန်းသွားမှာဖြစ်ပြီး သူတို့ရဲ့ အရိပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ အော့စ်ဝီးဂိုး မြို့ကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံ အောတိုရို မြို့အထိအောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုသို့ ကောင်းကင်မှ လင်းလက်နေသော ကြယ်တစ်လုံး ပျောက်ကွယ်သွားမှုကို ထိုအရိပ်ကျရောက်သော နေရာများမှာ သာမန်မျက်စိဖြင့် ကောင်းစွာမြင်ရမှာဖြစ်ပြီး အချိန် ၁၂ စက္ကန့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အင်မတန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ..

အာကာသနှင့် စကြ၀ဠာ

Myawady
၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော် တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ် သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။

မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ များ ဆန္ဒပြ

Photo: မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ  များ ဆန္ဒပြ
Thursday, January 2, 2014

မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ ဆန္ဒပြမှုသည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ကျော် တွင် ငြိမ်းချမ်းစွာ ပြီးဆုံး ခဲ့ကြောင်း၊ အဆိုပါ လူထုစုရုံးဆန္ဒပြမှုတွင် ပြည်သူပေါင်း ၁၅,ဝဝဝ ခန့် တက်ရောက်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက် ၅ဝဝဝ သာ တပ်ဖြန့်ချထား ခဲ့ကြောင်း ဆန္ဒပြမှု ဖြစ်မြောက်ရေး စီစဉ်လှုပ်ရှားသူများက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ''ဈေးနှုန်းများ လျှော့ချပေးပါ''နှင့် ''မိမိတို့၏ အခွင့်အလမ်းများကို ကာကွယ်သွားမည်'' ဆိုသည့် ပိုစတာများကို ကိုင်ဆောင်၍ ''ပြည်သူများ လူတန်းစေ့နေနိုင် ရမည်''ဟု သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့သည်။ ယနေ့သည် ပြည်သူ့ သဘောထားအား ထုတ်ဖော်ပြသသည့် နေ့တစ်နေ့ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ ဒေါသူပုန်ထ နေသည်ကို သဘောပေါက် ပြီး ပြည်သူများအတွက် နေထိုင်စားသောက်မှု ကုန်ကျစရိတ် လျှော့ချပေးရေး မိမိတို့၏ တောင်းဆိုမှုများကို ကြားသိနိုင်မည်ဟု မျှော်လင့်ပါကြောင်း မလေးရှား ကျောင်းသားများ စည်းလုံးညီညွတ်ရေး လှုပ်ရှားမှု လူငယ်အသင်း ဥက္ကဋ္ဌ Bukhairy Sofian က ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံတွင် မြောက်မြားစွာသော အကျင့်ပျက် ခြစားမှု များလည်း ရှိနေကြောင်းနှင့် ဆန္ဒပြမှုများလည်း ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ
မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

သင့်ဇနီး မီးဖွားပြီးချိန်မှာ


မိသားစုထဲက ကလေးတစ်ဦး ဝင်ရောက်လာ တာဟာ မိသားစုဘဝကို ပိုအဓိပ္ပာယ်ရှိလာ စေသလို ပျော်ရွှင် ကြည်နူးဖွယ်ရာလည်း ကောင်းပါတယ်။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ

Photo: အံသြဖွယ်ရာ သခွားသီး အစွမ်းများ ..
Thursday, January 2, 2014

အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

မြ၀တီ
အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရိုးရာဓလေ့ဖြင့် ဖြေရှင်းမှုကြောင့် ကယား အမျိုးသမီးများ နစ်နာ

ကယားပြည်နယ် ဒေသတွင်းရှိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများအတွက် ရိုးရာ ဓလေ့နည်းဖြင့် ကိုင်တွယ် ဖြေရှင်းမှုသည် ကာယကံရှင် အမျိုးသမီးတို့၏ အခွင့်အရေး နစ်နာဆုံးရှုံးလျက် ရှိကြောင်း ကယန်း အမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်မူအန်းဂျေလာ ကပြောကြားသည်။

လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား

Photo: လားရှိုးတွင် နေ့ခင်းဘက်၌ အနုကြမ်း စီးမှုဖြစ်ပွား 
Thursday, January 2, 2014

 လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ်သည်။ ပြောင်းဖူးကုန်သည်လုပ်ငန်းဖြစ်၍ အဆိုပါနေအိမ်၌ ကားသမားများ၊ ပြောင်းဖူးကုန်သည် ကိုယ် စားလှယ်များ၊ ပြောင်းပိုင်ရှင်များ လာရောက်ကြပြီး ငွေကြေးစာရင်းရှင်းတမ်းများ ပြုလုပ်ကြသည်ဟု သိရသည်။ ဒီဇင်ဘာ၂၉ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိလူသုံးဦးရောက်လာပြီးနောက် ပြောင်း ကိုယ်စားလှယ်များဟုဆိုကာ အိမ်ခြံဝင်းတံခါးဖွင့်ခိုင်း၍ဆ ယ့်သုံးနှစ်အရွယ် အိမ်ဖေါ်ကလေးမှ ခြံတံခါးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါလူသုံးဦးအနက်တစ်ဦးမှာ ၎င်းခြံဝင်းအိမ်အပြင်ဘက်တွင် ကျန်နေခဲ့ပြီး ကျန်နှစ်ဦးမှာ စာရေးမနှင့်တွေ့ချင်တယ်ဟု အိမ်ဖေါ်ကောင်လေးအားပြောကာ အသက်၂၄နှစ်အရွယ် စာရေးမ၊ မစုစုဝင်းဆိုသူ ထွက်လာပြီး တွေ့ချင်သည့် အကြောင်းကိစ္စ မေးရာ ၀င်လာသူ၊ သူစိမ်းနှစ်ဦးက ပြောင်းဖူးဘောက်ချာ ဖြတ်ပိုင်းနှစ်ရွက်ထုတ်ရင်း ငွေထုတ်ရန်ပြောသောကြောင့် စာရေးမ မစုစုဝင်းက သူ၏ ရုံးခန်းအားခေါ်သွားခဲ့ကြောင်း၊ စာရေးမရုံးခန်းသို့ သူစိမ်းလူနှစ်ဦးမှ တစ်ဦးသာ လိုက်သွားပြီး ကျန်တစ်ဦးမှာ အိမ်ရှေ့ ဧည့်ခန်းထဲတွင်ကျန်နေခဲ့ကြောင်း၊ လူစိမ်းတစ်ဦးမှပေးသော ပြောင်းဖူးဘောက်ချာမှ ပြောင်းဖူး အိပ် ၃၄၅အိပ်ဖိုးငွေတွက်ရန် မစုစုဝင်းက ဂဏန်းပေါင်းစက်ဖြင့် တွက်နေစဉ်အနားရှိသူစိမ်းလူက မစုစုဝင်း ၏လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့်ရစ်ပတ်ရင်း သေနတ်ထုတ်၍ မီးခံသေတ္တာထဲမှ ငွေများထုတ်ပေးရန် ခြိမ်းခြောက်၍ တောင်းကြောင်း၊ အဆိုပါအနုကြမ်းစီးသူသည် တရုတ်လူမျိုးဖြစ်ပြီး ကိုးကန့်စကားပြော၍ ခြိမ်းခြောက်ကြောင်း၊ မစုစုဝင်း၏ ထွက်ဆိုချက်အရ သိရသည်။ ယင်းအပြင် မစုစုဝင်း၏ရုန်းရင်းဆန်ခတ် အသံကြောင့်အိမ်ဖေါ် ကလေး မှ မြင်၍`“ဓါးမြ”ဟု အော်ဟစ် အကူအညီတောင်းရင်း အိမ်ခြံဝင်း အပြင် ဘက်သို့ ထွက်ပြေးနေစဉ် အိမ်ဧည့်ခန်းတွင် ရှိနေသော သူစိမ်းတစ်ဦးက တားဆီးချုပ်နှောင်သော်လည်း မမိဘဲ အိမ်ဖေါ်ကလေးထွက်ပြေးသွားနိုင်ခဲ့ကြောင်း ၊ ထို့အတူ အိမ်ဖေါ်ထမင်းချက် တစ်ဦးမှာလည်း အသံ ကြား၍ ပြေးထွက်လာပြီး “ဓါးမြ”ဟု အော်ဟစ်ကာ အိမ်ခြံဝင်းအပြင်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းရုန်းရင်းဆန်ခတ် အသံများကြောင့် အိမ်ခြံဝင်းအပြင်ဘက်တွင် စောင့်ကျန်နေသူ တစ်ဦးမှာလည်း ထွက်ပြေးသွားကြောင်း၊ ခဏအကြာအနုကြမ်း ၀င်စီးသူ နှစ်ဦးအိမ်ထဲမှ ပြေးထွက်လာပြီး ခြံဝင်းအပြင်ဘက် လမ်းဘေး တနေရာမှ အသင့်ရပ်ထားသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ အနီးဝန်းကျင်မှ လူများ အချိန်မီ ရောက်လာသောကြောင့် ပစ္စည်းတစ်စုံတစ်ရာမှ မပါသွားကြောင်း၊ အနုကြမ်းဝင်စီးနေချိန်တွင် အိမ်ရှင်ဦးကျင်းယုံမရှိသည့် အချိန်ဖြစ်ကြောင်း၊ အထက်ပါစာရေးမတစ်ဦးနှင့် အိမ်ဖေါ်နှစ်ဦးသာရှိကြောင်း ဖြစ်စဉ်၌ သိရသည်။ ၎င်းအမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာအာဏာပိုင်ရဲတပ်ဖွဲ့နှင့် လားရှိုးမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ စစ်ဗျူဟာမှုးများက လာရောက်စစ်ဆေးကာ တရားခံအနုကြမ်း စီးသူသုံးဦးအား အမြန်ဆုံးဖေါ်ထုတ် အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။ 

ထွန်းထွန်း
 The Myanma Age
လားရှိုးမြို့ရပ်ကွက်တွင်းရှိ လူနေအိမ်တစ်အိမ်အား ဒီဇင်ဘာ(၂၉)ရက်၊ နေ့လည်၂း၃၀နာရီအချိန်တွင် အမည်မသိ လူသုံးဦးမှ အနုကြမ်းဝင်စီးသွားကြောင်း ၎င်းမိသားစုများထံမှ သိရသည်။ အဆိုပါအနုကြမ်း ၀င်စီးခံရသည့် နေအိမ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂)၊ အောင်သပြေလမ်းမှ အိမ်အမှတ်(၃၄)ဖြစ် သည်။

စစ်သွေးကြွတွေကို အင်ဒိုရဲ နှိမ်နင်း

Photo: စစ်သွေးကြွတွေကို အင်ဒိုရဲ နှိမ်နင်း
Thursday, January 2, 2014

ဂျာကာတာ မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုက အိမ်တအိမ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က ဝင်စီးရာမှာ စစ်သွေးကြွလို့ မသင်္ကာသူ ၆ ဦးသေဆုံးခဲ့ တယ်လို့ အင်ဒိုနီးရှား ရဲက ပြောပါတယ်။

အခု သေဆုံးခဲ့သူ တွေက လက်နက်ချဖို့ ငြင်းဆန် ခဲ့တာကြောင့် ၉ နာရီကြာ တဘက်နဲ့ တဘက် အပြန်အလှန် ပစ်ခတ်ခဲ့ ရတယ်လို့ ရဲအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။
စစ်သွေးကြွလို့ မသင်္ကာသူ တွေက သေနတ်တွေ လက်လုပ်ဗုံး တွေနဲ့ ပြန်လည် ပစ်ခတ် ခဲ့ပါတယ်။

အခု သေဆုံးခဲ့သူ တွေဟာ လုယက်မှု၊ ရဲ အရာရှိ တွေကို သတ်ဖြတ်မှု တွေနဲ့ ဆက်စပ်နေနိုင်တဲ့ အတွက် ရဲက အလိုရှိ နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက ဂျာကာတာ မြန်မာ သံရုံးကို ဗုံးခွဲဖို့ ကြံစည် ခဲ့မှုနဲ့ ဒီလူတွေ ပတ်သက် နေမလား ဆိုတာကိုလည်း ရဲက စုံစမ်း စစ်ဆေး နေပါတယ်။

ဒီ အထူး ရဲတပ်ဖွဲ့ဟာ အရှင် မဖမ်းဘဲ အသေပစ်ခတ် ဖမ်းဆီးဖို့ ကြိုးစားလေ့ ရှိတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက စွပ်စွဲ ခဲ့ပါတယ်။

BBC Burmese
ဂျာကာတာ မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုက အိမ်တအိမ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က ဝင်စီးရာမှာ စစ်သွေးကြွလို့ မသင်္ကာသူ ၆ ဦးသေဆုံးခဲ့ တယ်လို့ အင်ဒိုနီးရှား ရဲက ပြောပါတယ်။

အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်

Photo: အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ် 

Thursday, January 2, 2014

နိုင်ငံတော်သမ္မတရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားတချို့လည်း ထပ်မံ လွတ်မြောက်လာပါတယ်။ အမှုရင်ဆိုင်နေရဆဲ လူပေါင်း ၁၀၀ ကျော်တို့ဟာလည်း ချုပ်နှောင်ခံထားရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတွေ လွတ်မြောက်ဦးမယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တွေကလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြန်လွတ်လာတဲ့ အကျဉ်သားတွေထဲက နိုင်ငံရေးအကျဉ်းသား ၅ ဦးသာ လွတ်မြောက်လာသေးကြောင်း၊ ပုဒ်မ ၁၈ ခွင့်ပြုမိန့်မရဘဲ စီတန်းလမ်းလျှောက်မှု၊ ၅၀၅ (ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခံထားရသူများကတော့ ၁၃၀ ခန့် ပြန်လွတ်လာကြောင်းကို နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသက်ဦးက ပြောပြပါတယ်။

“အခုလွတ်လာတာက အကုန်လုံး စာရင်းအရ ၅ ယောက်ပဲ။ တောင်ကြီးထောင်က ၂ ယောက်၊ အင်းစိန်ထောင်က ၂ ယောက်၊ မော်လမြိုင်ထောင်က ၁ ယောက်၊ ပေါင်း ၅ ယောက်။ ဒါပေမဲ့ အခု ၃၅ ယောက်ကျန်တယ် ထောင်ထဲမှာ။ ၅၀၅ (ခ) နဲ့ ဥစ္စာက သူက အယောက် ၁၃၀ နီးပါး လွတ်တယ်။ အဲ့ဒါကိုကျတော့ ကျနော်တို့က စာရင်းနှစ်ခုခွဲထားတယ်။ အချုပ်နဲ့ အမှုရင်ဆိုင်ဆဲဆိုတဲ့ စာရင်းက အယောက် ၂၀၀ နီးပါးရှိတယ်။ အဲ့ဒီကနေ သူက ၁၃၀ လောက် လွတ်တယ်။ ၇၀ လောက် ကျန်နေခဲ့တယ်။ ကျန်နေခဲ့တယ်ဆိုတာက ဘာကြောင့် ကျန်သလဲဆိုတော့ အခု ပယ်ဖျက်တယ်ဆိုတဲ့ ဥစ္စာက ၅၀၅ နဲ့ ပုဒ်မ ၁၈ ပေါ့။ အဲ့ဒီထဲမှာမပါဘဲနဲ့ တခြားပုဒ်မနဲ့ စွဲထားတာဆိုရင် သူက အဲ့ဒီပုဒ်မအရ ကျန်တာဖြစ်တယ်။ ဥပမာ - ၄၄၇ ပေါ့ လယ်သမားတွေ ဒါမျိုးတွေ ကျန်တယ်။ အဲ့ဒီ ၄၄၇ တပ်တဲ့ အများစုက ဧရာဝတီတိုင်းမှာ လယ်သမားတွေနဲ့ ပတ်သက်တဲ့ဥစ္စာကို တပ်တာ။ နိုင်ငံတော်သမ္မတကနေ ပြဌာန်းထားတဲ့ ပုဒ်မ ၆ ခု ဥစ္စာသမားတွေက ပြုတ်သွားပြီးတော့ အဲ့ဒါတွေနဲ့ တွဲထားတဲ့ ပုဒ်မတွေရဲ့ အကျိုးခံစားခွင့်မရဘဲနဲ့ သူတို့က ထောင်ထဲမှာ ဆက်နေရတယ်။”

နောက်ထပ် ကျန်နေတဲ့ အကျဉ်းသားတွေကိုတော့ ဇန်န၀ါရီလ ပထမအပတ်ထဲမှာပဲ ပြန်လွှတ်ပေးဖို့ တင်ပြထားတယ်လို့လည်း ကိုသက်ဦးက ဆက်ပြောပြပါတယ်။

“ပြောထားတာရှိတယ်။ အဲ့ဒါကို ကျနော်တို့က အခု ဇန်န၀ါရီလ ပထမအပတ်မှာ လွတ်လာမယ်လို့ မျှော်လင့်ထားတယ်။ စောင့်ကြည့်နေပြီးတော့ ကျနော်တို့ နိုင်စစ်ကော်မတီမှာ နိုင်စစ်ကော်မတီက ဖျက်တော့မဖျက်သေးဘူး။ အဲ့ဒီမှာ ဆက်လက်ပြီးတော့ ဥပမာ ကျန်နေခဲ့ဦးမယ်ဆိုရင် ဒါတွေကို ဆက်လက်တင်ပြပြီးတော့ တောင်းရမှာပဲ။”

လယ်ယာမြေ အသိမ်းခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေထဲက မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟံဇားရဲစခန်းပိုင် လယ်မြေအတွင်း ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့တာကြောင့်ဆိုပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ၃ လ ချခံထားရတဲ့ ရမည်းသင်းလူမှုကွန်ရက်က မသန္တာအောင် အပါအ၀င် ၃ ဦးနဲ့ နေပြည်တော် ၀ဲကြီးကျေးရွာက ရွာသား ၂၁ ဦးကတော့ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ဆိုပါတယ်။

“သူတို့ကလည်း မလွတ်လာဘူး။ အဲ့ဒီအမျိုးသမီးက အခြေအနေ တော်တော်ဆိုးတယ် ကျန်းမာရေး။ မသန္တာအောင်တဲ့။ သူက ၅၀၅ (ခ)၊ (ဂ) ၁၄၃ ရယ် ၂ နှစ်မှာ။ ၆-၁ က တနှစ် ပြီးတော့ ၁၈၉ ဆိုတဲ့ဟာက ၃ လ၊ အဲ့ဒီကနေမှ သူတို့နဲ့အတူသွားပြီး ကူညီတဲ့သူရှိသေးတယ် တောင်ငူ NLD ကပဲ အဲ့ဒီလူနာမည်က ကိုမင်းဆွေတဲ့ သူက ၂ နှစ်နဲ့ ၃ လ။ အဲ့ဒီမှာ သူတို့နဲ့အတူ လယ်သမား ဦးဘိုဆိုတာ ၀င်ကူညီတာပေါ့နော် သူတို့လည်း သူတို့ လယ်မြေကိစ္စဆိုတော့ သူတို့လည်း ၀င်လုပ်တော့ အဲ့ဒီလယ်သမားက ၆ လ။ မလွတ်လာသေးဘူးတဲ့ အဲ့ဒါ။ လွှတ်ချင်ရင်တော့ လွှတ်ပေးလို့ရပြီပေါ့။ သူတို့ကတော့ ပြန်ပြောရင် ထောင်ကျပြီးသားပေါ့။ ကိုဇော်လတ်တို့ကတော့ အမှု ရင်ဆိုင်နေရဆဲပေါ့။”

ဇန်န၀ါရီ ၁ ရက်နေ့မှာတော့ ထိန်းသိမ်းခံထားရတဲ့ စစ်ထောက်လှမ်းရေးဟောင်း တွေထဲက တချို့ပြန်လွတ်ပေးတယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ကိုသက်ဦး ပြောပြတာက -

“ဒီနေ့ လွတ်တယ်လို့ သတင်းတော့ကြားတယ်။ ဒါပေမဲ့ Confirm တော့ မဖြစ်သေးဘူး။ ဒီနေ့ လွတ်တယ်ဆိုတာက ဒီလိုပါ။ အနည်းအကျဉ်းလွတ်တယ်လို့ကြားတယ်။ ဒီကိစ္စက တိတိကျကျ ဘာမှ ထပ်မ၀င်လာဘူး။”

သမ္မတဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စတဲ့ အမည်တွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ၁၅ ကြိမ် ရှိပြီဖြစ်သလို ဒီအထဲက ရာဇ၀တ်မှုနဲ့ အကျဉ်းကျသူ သောင်းနဲ့ချီ ပြန်လွှတ်ပေးတဲ့အထဲမှာ
နိုင်ငံရေးအကျဉ်းသား ၁ ထောင်ကျော် ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

တချို့ကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်လို့ နိုင်ငံရေးအကျဉ်းသား စာရင်းထဲ ထည့်သွင်းလို့ မရသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ပြောပါတယ်။ 

VOA
နိုင်ငံတော်သမ္မတရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားတချို့လည်း ထပ်မံ လွတ်မြောက်လာပါတယ်။ အမှုရင်ဆိုင်နေရဆဲ လူပေါင်း ၁၀၀ ကျော်တို့ဟာလည်း ချုပ်နှောင် ခံထားရာ ကနေ လွတ်မြောက်လာခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတွေ လွတ်မြောက်ဦးမယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တွေကလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေး ပို့ ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှ တစ်ဆင့် ပြည်သူများ သို့ ပြောကြား သည့် မိန့်ခွန်း

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှ တစ်ဆင့် ပြည်သူများ သို့ ပြောကြား သည့် မိန့်ခွန်း
Thursday, January 2, 2014

မိဘပြည်သူများ ခင်ဗျား
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်း နေတဲ့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြားရင်း အစပြုသွားမှာ ဖြစ်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အဓိကရရှိခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု ကတော့ မတူညီ တဲ့ နိုင်ငံရေးအင်အားစုတွေ အချင်းချင်းကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားနိုင်ခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ ကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်း နိုင်ခဲ့ခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို အသင်ဝင်ရှင်သန်စေခဲ့ခြင်း ပင် ဖြစ်ပါတယ်။ ကိစ္စရပ်တော်တော် များများမှာ ပူးပေါင်းဆောင်ရွက်နိုင် ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ အားကောင်း ခိုင်မာလာခဲ့ပါတယ်။

နိုင်ငံရေးစနစ်တစ်ခုကို လပေါင်း(၃၀)ကျော်ကြာ အတူတကွဖြတ်သန်းပြီး ချိန်မှာ ယခင်က အချင်းချင်းကြားမှာ ရှိခဲ့တဲ့ သံသယကြီးမှုတွေ၊ မယုံကြည်မှုတွေ ကို လျှော့ချနိုင်ခဲ့ခြင်းသည်ပင်လျှင် ကျွန်တော်တို့အားလုံး ကြိုးစား ဖော်ဆောင်နေကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ရဲ့ အောင်မြင်မှုမှတ်တိုင်များအဖြစ် သက်သေထူ နေတယ်လို့ နားလည်လက်ခံထားကြရမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်လာနိုင်ခြင်းရဲ့ အကျိုးရလဒ်တစ်ခုကတော့ ကျွန်တော်တို့ အားလုံး မျှော်လင့်စောင့်စားခဲ့ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ပင် ဖြစ်ပါတယ်။ နှစ်ပေါင်း(၄၄)နှစ်ကြာမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ကျင်းပ ခွင့်ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ယခုလို ပြည်သူတွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ အသိုက်အဝန်းမှာ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ရပ်အဖြစ် ပြန်လည်ဝင်ဆံ့လာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ကျွန်တော် အဓိက ပြောကြားလိုတဲ့ အချက်နှစ်ချက်ရှိပါတယ်။

ပထမတစ်ချက်ကတော့ ယခုလို အမိမြေမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ အားကစားသမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေရရှိအောင် ကြိုးစားခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှုတစ်ရပ် အဖြစ် မော်ကွန်းတင် လိုပါတယ်။ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ ပြည်သူတစ်ဦးချင်းစီအနေနဲ့ရော ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေအားလုံးပါ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ပါဝင်အားဖြည့်ပံ့ပိုးပေးခဲ့ကြတာကြောင့် ဒီလို ဆုတံဆိပ်တွေ ရရှိလာဖို့ ကြီးမားတဲ့တွန်းအားတွေ ဖြစ်စေခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ လေးလေး နက်နက် ယုံကြည်ပါတယ်။ ဒါ့အပြင် အာကစားပွဲတွေရဲ့ အနိုင်အရှုံးရလဒ်တွေထက် ကျော်လွန်ပြီး ကျွန်တော် တို့ နိုင်ငံအတွက် ပိုမိုတန်ဖိုးကြီးတဲ့ အကျိုးရလာဒ် ကတော့ မြန်မာ တစ်မျိုးသားလုံးရဲ့ စုစည်းမှုအားကို ပြသနိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ပြောကြားလိုတဲ့ အချက်ကတော့ ဒီအားကစား ပွဲတော်ကြီး အောင်မြင်စွာ ပြီးမြောက်အောင်မြင်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ စေတနာ့ ဝန်ထမ်း လူငယ်တွေ ပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီး ကနေ စေတနာ့ဝန်ထမ်း လူငယ်တွေပဲ ဖြစ်ပါတယ်။

ဒီအားကစားပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်းလူငယ်တွေ အနေနဲ့ ရရှိလိုက်တဲ့ အနစ်နာခံမှု၊ ပရဟိတစိတ်ရှိမှု၊ တာဝန်ယူလိုစိတ်ရှိမှု၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်တတ်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်တတ်မှု စတဲ့ အတွေ့အကြုံတွေဟာ တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီအရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကနေ မိမိတို့ ဆောင် ရွက်နိုင်စွမ်းတွေအတွက် ဂုဏ်ယူကြရမှာဖြစ်ပြီး လိုအပ်ချက်များကိုလည်း သင်ခန်းစာယူ ပြင်ဆင် သွားကြရမှာ ဖြစ်ပါတယ်။

တဆက် တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်အလဲများ ကို လေ့လာသုံးသပ်ကြည့်မယ်ဆိုပါက ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ မူဘောင်များထဲက အစပြုပေါ်ပေါက်လာတဲ့ နိုင်ငံရေး လှုပ်ရှားခွင့်များ ကို နိုင်ငံရေး အင်အားစုအသီးသီးက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ထိရောက်စွာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အတွက် အချိန်တိုအတွင်း အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာ ကို တွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။ ထိုအခြေအနေသစ်တစ်ရပ်ကို ပကတိအရှိတရားအဖြစ် မှတ်ယူပြီး နိုင်ငံရေးဖြစ်စဉ် ပိုမိုအသက်ဝင်လာစေရေး အတွက် နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင် လာစေရေး၊ ပြည်သူများ အားလုံး နိုင်ငံရေးအခွင့်အရေးများ ပိုမို ရရှိလာစေရေးတို့ကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အထက်ပါ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ နိုင်ငံရေးအကျိုးဆက်အနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွင်း အပြုသဘော ဆောင် တဲ့ နိုင်ငံရေးငြင်းခုံဆွေးနွေးညှိနှိုင်းခြင်းဓလေ့ကို အားကောင်း ရှင်သန်လာစေခဲ့ပါတယ်။ ဒီကိစ္စရပ်များကို သက်သေထူတဲ့အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှုများကို နားလည်မှုရှိရှိ၊ စိတ်စေတနာမှန်မှန်ဖြင့် ခက်ခဲစွာကျော်ဖြတ်ခဲ့ကြတဲ့အတွက် ရရှိတဲ့ အကျိုးရလာဒ် ကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ကဲ့သို့သော နိုင်ငံရေးစိန်ခေါ်မှုမျိုးကို ပြည်သူလူထု အကြားမှာ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံလာနိုင်သည်အထိ နိုင်ငံရေးတိုးတက်မှုတွေ ရှိလာပါတယ်။ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်ချက်များကို လည်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော “အခြေခံဥပဒေပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေးကော်မတီ” ကို ဖွဲ့စည်းပြီး လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးရဲ့ သဘောဆန္ဒများ ရယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော သဘောထား ရပ်တည် ချက်အချို့ကို ကော်မတီကို ပေးပို့ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေး ပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ယခုလို နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့်ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးချင်းစီနဲ့ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရဲ့ သဘောဆန္ဒ ထုတ်ဖော်ဆွေးနွေးမှုများကို သတင်းမီဒီယာမျိုးစုံကစလို့ အင်တာနက် လူမှုကွန်ယက်များအထိပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆွေးနွေး ခွင့် ရှိနေခြင်း ကလည်း အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဟု ဆိုရမှာ ဖြစ်ပါတယ်။

ခေတ်မီတဲ့ ဒီမိုကရေစီလူ့ဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာဖြစ်တဲ့ နိုင်ငံရေး ကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုများ အားကောင်းမောင်းသန်ဖြစ်လာခြင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက် အချို့ကို ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမှုကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။

လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှု့မြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စ်ွရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်ဖြစ်ပါတယ်။
ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင် လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင်ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်မဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တာမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချိုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေးအကြပ်အတည်း တစ်ခုဆီ သို့ ဦးတည်မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထားကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွား မှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလိုပါတယ်။

လာမည့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ တာဝန်ကြီးတစ်ခုကတော့ အာဆီယံဥက္ကဌ အဖြစ် ဒေသတွင်းနိုင်ငံများ ပါဝင်တဲ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါတယ်။ ဒေသ တွင်း နိုင်ငံတကာ ကိစ္စရပ်များ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု တိုးလာခြင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ အာရှဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါမြင့်တက် လာခြင်းတို့က မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌအဖြစ် ဦးစီးဦးဆောင်ပြုရမယ့် အချိန်မှာ မိမိတို့၏ ဦးဆောင်မှု တာဝန်ကို ပိုမိုအရေးကြီး လာစေမှာ ဖြစ်ပါတယ်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံဥက္ကဌတာဝန်ကိုလည်း နိုင်ငံရေးအင်အားစုများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းပါဝင်ပြီး အောင်မြင်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အရှေ့တောင် အာရှဒေသ၏ အကျိုးကို သယ်ပိုးခွင့်ရမှာ ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းများကြား မှာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နေ့မှစပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ လိုလားချက်များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေနဲ့ လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေနှစ်ရပ်အကြား သဟဇာတ ဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

သဟဇာတဖြစ်ရေးဆိုရမှာလည်း လက်ရှိနိုင်ငံရေးအပြောင်း အလဲနဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်ခိုင်မာရေး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်းရေးကု မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အစဉ်နှလုံးသွင်း ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော့်အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုးချက်များ အတွက်လည်း အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့် လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့ နိုင်ငံရေးအင်အားစုများရဲ့ ကွဲပြားတဲ့ လိုလားချက်များ၊ သဘောထားရပ်တည်ချက်များကို နက်နဲသိမ်မွေ့ စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊ တည့်မတ်ပေးခြင်းများ လုပ်ဆောင်နေရတော ဖြစ်ပါတယ်။ ဒီလိုချင့်ချိန် ဆောင်ရွက်ရတာကြောင့် တခါတလေမှာ နိုင်ငံရေးအင်အားစုအချို့ရဲ့ အားမလိုအားမရဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံထားပါတယ်။ ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေး အရှိတရားအနေဖြင့်ခံယူပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်မှု စွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ သမ္မတတာယန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေ က ဖြည့်ဆည်းပေးနိုင် သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေ့ရှု့ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော်ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦးတစ်ယောက်မှ မကျန်ရှိ စေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။

လာမည့် ၂၀၁၄ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အတွေးသစ်၊ အမြင်သစ်များဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ယခင်နှစ်ကထက် တိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

MOI Webportal Myanmar
မိဘပြည်သူများ ခင်ဗျား
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ် ထွန်း နေတဲ့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက် အချို့ ကို ရှင်းလင်း ပြောကြားရင်း အစပြုသွားမှာ ဖြစ်ပါတယ်။

ဆီးရီးယား တပ်ဖွဲ့၏ သီးခြားစီးနင်း တိုက်ခိုက်မှုများ အတွင်း အတိုက်အခံ အဖွဲ့ဝင် ၇၃ ဦး သေဆုံး

Photo: ဆီးရီးယား တပ်ဖွဲ့၏ သီးခြားစီးနင်း တိုက်ခိုက်မှုများ အတွင်း အတိုက်အခံ အဖွဲ့ဝင် ၇၃ ဦး သေဆုံး
Thursday, January 2, 2014

ဆီးရီးယား တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၉ ရက်က လုပ်ဆောင်ခဲ့သော နိုင်ငံတစ်ဝန်း စီးနင်း တိုက်ခိုက်မှုများ အတွင်း အတိုက်အခံ အဖွဲ့ဝင် ၇၃ ဦးအား ချေမှုန်း နိုင်ခဲ့ကြောင်း နိုင်ငံ ပိုင် သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

အလားတူ ဆီးရီးယား တပ်ဖွဲ့ဝင် များသည် ဒမတ်စကပ်စ်မြို့ အရှေ့ပိုင်း ဒိုမာ ဆင်ခြေဖုံး ဒေသရှိ အတိုက်အခံ အဖွဲ့များ ထိန်းချုပ်ထားသော ဒေသ နှစ်ခုအတွင်း စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ ဂျီဟဒ် အဖွဲ့နှင့် Nusra အတိုက်အခံ အဖွဲ့ အပါအဝင် အတိုက်အခံ အဖွဲ့ဝင် ၃ဝ ဦး သေဆုံးခဲ့ပြီး လက်နက် များစွာကို သိမ်းဆည်း နိုင်ခဲ့ကြောင်း SANA သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

မြ၀တီ
ဆီးရီးယား တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၉ ရက်က လုပ်ဆောင်ခဲ့သော နိုင်ငံတစ်ဝန်း စီးနင်းတိုက်ခိုက် မှုများအတွင်း အတိုက်အခံအဖွဲ့ဝင် ၇၃ ဦးအား ချေမှုန်း နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့ သည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်စုစည်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးမည်

၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံထားခဲ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် များ က အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီနိုင် ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီအတွင်း တွေ့ဆုံကာ အဖွဲ့တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေး မှု ကို UN နှင့် ဗြိတိန်နိုင်ငံတို့မှ ကြိုဆိုခဲ့ပြီး လွှတ်ပေးရန် ကျန်နေ သူများ ရှိသေးကြောင်း ထောက်ပြ

သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်း သာ ခွင့် ပေးမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဗြိတိန်နိုင်ငံ တို့မှ အသီးသီး ထုတ်ပြန်ခဲ့သည်။