(အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသို့
ဆောက်လုပ်ခွင့်ပြုထားသော သိမ်ဖြူယာဉ်မောင်းကွင်း (ယခင်-
အားကစား ကွင်းဟောင်းနေရာ) ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-
အောင်မျိုးသန့်))
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြား စီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်း တွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။