Thursday 8 January 2015

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၂၅၀၀ ကို လက်မှတ်အတုဖြင့် လိမ်လည် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို အမှုဖွင့်

မန္တလေးမြို့တော်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်ခွဲ(၅)မှ ငွေကျပ်သိန်း ၂၅၀၀ ကို ချက်လက်မှတ် ဖြင့် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို ဇန်နဝါရီလ ၆ ရက်နေ့က ချမ်းအေးသာစံမြို့မရဲတပ်ဖွဲ့စခန်း တွင် အမှုဖွင့်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။

လေပွေလှိုင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

အရှေ့ရပ်က လေဝှေ့လှိုင်းများ ရွေ့လာသောကြောင့် ဇန်နဝါရီ ၈ ရက်မှစတင်ကာ သုံးရက်ဆက်တိုက် အချိန်အခါမဟုတ် မိုးရွားသွားနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)စည်းရုံးရေးစတင်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ယင်းတို့ဝင်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စည်းရုံး ရေးလုပ် ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ၏ အဓိကဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ ပုံစံပြောင်း လဲလာနိုင်ဟု ကော်မတီ တွင် ပါဝင်သူများဆို

အသစ်ဖွဲ့ စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ၏ အဓိကဆောင်ရွက်ရမည့် လုပ် ငန်း စဉ်များကို ကော်မတီအစည်းအဝေးပြုလုပ်မှသာ သိရှိရမည်ဖြစ်ပြီး ယခင်ကော်မတီနှင့် မတူညီဘဲ ဆောင်ရွက်မှုပုံစံပြောင်းလဲနိုင်ကြောင်း ကော်မတီဝင်များက ဇန်နဝါရီ ရရက်ကပြောသည်။

၂၀၁၄ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ်ဖြစ်ပွား ရှို့မီး ၂၂ ကြိမ်ပါဝင်

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်တွင် မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှို့မီး ၂၂ ကြိမ်နှင့် တောမီးလောင်ခြင်း ခြောက်ကြိမ်ပါဝင်သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၉၂,၉၉၈,၃၀၀ (သိန်း ၂,၀၀၀ ခန့်) ရှိသည်။

ခေါင်းဖြတ်သတ်ခြင်းကိုဦးဆောင်သည့် IS ခါင်းဆောင်ခေါင်းဖြတ်သတ် ခံရပြီး သေဆုံး

Photo: ခေါင်းဖြတ်သတ်ခြင်းကိုဦးဆောင်သည့် IS ခါင်းဆောင်ခေါင်းဖြတ်သတ် ခံရပြီး သေဆုံး
Thursday, January 8, 2015

IS အဖွဲ့၏ ရဲတပ်ဖွဲ့ဟု ၎င်းဘာသာ ကြေညာထားသည့်အဖွဲ့မှ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဆီးရီးယားအရှေ့ပိုင်းတွင် ခေါင်းဖြတ်သတ်ခံရကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

ထိုအဖွဲ့သည် ဖမ်းဆီးခံထားရသူများကို ခေါင်းဖြတ်သတ်ရာတွင် တာဝန်ယူထား သည့်အဖွဲ့ဖြစ်သည်။ ခေါင်းတခြား၊ ကိုယ်တခြားဖြစ်နေသည့် အလောင်းက ဒဏ် ရာဒဏ်ချက်များဖြင့် ပြည့်နေသည်။ ပါးစပ်တွင်မူ စီးကရက်တစ်လိပ်ခဲထားသည် ကို တွေ့ရကြောင်း၊ ထို့ ပြင် ““ဒီလုပ်ရပ်က လုံးဝလက်ခံနိုင်စရာမရှိတဲ့
လုပ်ရပ်ပဲ””ဟု ရေးသားထားသည့် စာတိုကိုလည်း ၎င်း ခေါင်းတွင်ကပ်ထားသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

IS တို့ လက်အောက်တွင်ကျ ရောက် နေသည့် ဆီးရီးယားအရပ်ဒေသ အချို့မှ ဒေသခံများက IS တို့သည် ၎င်းတို့အုပ် ချုပ်ရာနယ်မြေတွင် လူအများရှေ့၌ ဆေးလိပ်မသောက်ရဟု တားမြစ်ထားသည်ဟု ပြောပြသည်။
ထိုသို့ အသေဆိုးဖြင့် သေဆုံးသွားရသည်မှာ IS တို့ လက်ချက်လော၊ ဒေသခံတို့လက်ချက်လော သို့မဟုတ် အခြားသော တိုက်ခိုက်ရေးသမားများ၏ လက်ချက်လောဆိုသည်ကို တိတိကျကျ မသိရဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ IS အစွန်းရောက်တို့သည် ၎င်းတို့အဖွဲ့ဝင်ချင်းကိုလည်း စည်းကမ်း ချိုးဖောက်မှုဖြင့် သတ်ဖြတ်လေ့ရှိသည်။

Pyimyanmar
IS အဖွဲ့၏ ရဲတပ်ဖွဲ့ဟု ၎င်းဘာသာ ကြေညာထားသည့်အဖွဲ့မှ ထိပ်တန်းခေါင်း ဆောင်တစ်ဦး ဆီးရီးယား အရှေ့ပိုင်းတွင် ခေါင်းဖြတ်သတ်ခံရကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်

Photo: ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်
Thursday, January 8, 2015

ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒဏ်ကြေးကောက်ခံမှု ပုံစံဟောင်းကို လာမည့်ဖေဖော်ဝါရီ ၁ ရက်၌ စတင် မည်ဖြစ်ပြီး ရုံးပိတ်ရက်များကိုပါ ထည့်သွင်း၍ ကြာမြင့်ရက်အလိုက် ကောက်ခံမည်ဖြစ်သည်။

၎င်းဒဏ်ကြေးကောက်ခံမှု စနစ်ဟောင်းသည် ဆိပ်ကမ်းမှထုတ်ယူပြီး ခွင့်ပြုသတ်မှတ်ရက်မှ ကျော်လွန်သည့် ရက်များအတွက် တစ်ရက်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ကြေး ကောက်ယူခြင်းဖြစ်သည်။ အဆိုပါ ဒဏ်ကြေးစနစ်ဖြင့် ကောက်ခံခြင်းကိုလည်း ယခု ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်မှ စတင် သွားမည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခု ကျင့်သုံးသည့် စနစ်ဟောင်းကို ယခင်ကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၎င်းစနစ်ကို ကားတင်သွင်းသူများ၏ ဝင်းဝန်း အဆိုပြုတောင်းခံ ချက်အရ ရက်မည်မျှ ကျော်လွန်သည်ဖြစ်စေ ဒဏ်ငွေ ကျပ်တစ်သိန်းသာ ပေးဆောင်ရန် ကညနက လျှော့ပေါ့ ခဲ့ခြင်း ဖြစ်သည်။

ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “ဒီစနစ်က ရှိခဲ့ဖူးပြီး သားဖြစ်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အခု ပြန်ပြီးကောက်မယ်ဆိုတော့ တင်းကျပ်လိုက်တယ်လို့ ပြောရမှာပေါ့။ အဲဒီစနစ်က တစ်ဦးချင်း ဝယ်ရောင်းသမားတချို့ကိုတော့ နစ်နာစေတယ်။ မိသားစုစီးဖို့ ကိုယ်တိုင် ဂျပန်က လေလံဆွဲပြီး သွင်းတဲ့သူနဲ့ အရောင်းစင်တာတွေ အတွက်ကတော့ မထိခိုက်ပါဘူး” ဟု ပြောသည်။

ရန်ကုန်ကားဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် လက်ခံမှုပုံစံသည် နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအားနည်းပါးခြင်း ဖြစ်သည်။ ဝယ်ယူသူ အများစုသည် နံပါတ်ထုတ်ထားခြင်းမရှိသော ကားများကိုသာ ဝယ်ယူကာ နောက်ဆုံးရောက်ရှိသော နံပါတ်များကို ရယူလိုခြင်း ဖြစ်သည်။

“မှတ်ပုံတင်လိုက်လို့ နံပါတ်ကျပြီးတော့မှ ၀ယ်သူကိုစောင့်ရင် ကြာတာနဲ့အမျှ ဈေး ကျသွားတယ်။ အခြေ အနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းလောက်အထိ ဈေးကျသွားတယ်။ အဲဒါကြောင့် ဈေးကျတဲ့ ဒဏ်ကို မခံနိုင်ကြလို့ ဒဏ်ကြေးပေးဆောင်ပြီး မထားချင်ဘဲ ထားနေရတယ်””ဟု ၎င်းင်းက ရှင်းပြသည်။

ဒဏ်ကြေးစနစ်ပါ စည်းကမ်းချက်အရ တစ်ဦးချင်းနှင့် အိုဟောင်းပါမစ်ဖြင့် တင် သွင်းသည့်ကားများအတွက် အကောက်ခွန် ဦးစီးဌာန၏ ဆိပ်ကမ်းက ထုတ်ယူပြီးကြောင်း ဖော်ပြချက် (Custom Statement) စာရွက် စာတမ်းပါ သတ်မှတ်ရက် ၂၀ အတွင်းကို မူသေရက်အဖြစ် သတ်မှတ်ထားသည်။

ကားအရောင်းစင်တာများကိုမူ ပြခန်း တွင်ထားရှိသော ကြာမြင့်ရက်အတိုင်း ဒဏ် ကြေးပေးရခြင်းမရှိဘဲ မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီက ထုတ်ပေး သော ၀ယ်ယူခွင့်လက်မှတ်ပါ ခုနစ်ရက် ကျော်လွန်မှသာ ဒဏ်ငွေ ကျပ် ၃,၀၀၀ ပေးဆောင်ရခြင်း ဖြစ်သည်။

သီရိမင်္ဂလာဈေးဟောင်း ကားပွဲတန်းမှ ၀ယ်ရောင်း ဦးကျော်နိုင်က “ဆိပ်ကမ်းထုတ်ကားကို နံပါတ်ယူပြီး ဈေးအကျခံမလား၊ ရက်လွန်ဒဏ်ကြေး တစ်ရက် ကျပ် ၃,၀၀၀ ပေးပြီး လက်ထဲဆက်ကိုင် ထားမလား၊ ဒါပဲ ရှိတယ်။ အရောင်းစင်တာ ပါမစ်ဝယ်ပြီး သွင်းတဲ့သူတွေကတော့ အားသာတာပေါ့။

အရောင်းအ၀ယ် တည့်ပြီးမှ ကားအရောင်း စင်တာကိုသွားပြီး ၀ယ်ယူခွင့်လက်မှတ် လျှောက်ခိုင်းလို့ရတော့ ဒဏ်ကြေး မပေးရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ကားတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကြောင့် ကားအရောင်းစင်တာ အချို့က အရောင်းစင်တာ ပါမစ်များကို ပြန်လည်ရောင်းချမှု များရှိနေပြီး ပါမစ် တစ်စောင်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးပေါက်နေသည်။

Mizzima - News in Burmese 

ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင်တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) 
ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို

Photo: YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို
Thursday, January 8, 2015

 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူပိုင်ခွင့်မရှိကြောင်း သတင်းရရှိသည်။

ကော်မတီအဆင့်တာဝန် ထမ်းဆောင်ခွင့်ရရှိထားသော ရွေးကောက်ခံများကို နိုင်ငံဝန်ထမ်းအ ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းတို့အတွက် ပင်စင်ခံစားခွင့် ပေးရန် သဲကွဲစွာ ထုတ်ဖော်ပြော ကြားထားခြင်းမရှိဟု YCDC ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

‘‘နိုင်ငံ့ဝန်ထမ်းလို့ သတ်မှတ် ရင် ပင်စင်ရှိရမှာပေါ့။ ပင်စင်ခံစားခွင့်ပေးဖို့ ဥပဒေမှာလည်း မပါဘူး။ဒါပေမဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ်တော့ သူတို့သတ်မှတ်ထားတယ်’’  ဟု ဦးခင်လှိုင်က ပြောသည်။

ထို့အတူ ရွေးကောက်ခံ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင် မောင်တင့်ကလည်း ၎င်းတို့အနေ ဖြင့် သတ်မှတ်လစာသာ ခံစားခွင့် ရှိပြီး ပင်စင်ခံစားရယူပိုင်ခွင့်မရှိဟု သိထားကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စည်ပင်ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၅ ဦးအနိုင်ရရှိပြီး သက်ဆိုင်ရာ ဌာနများတွင် ဇန်န၀ါရီ ၇ ရက်မှ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဗဟိုကော်မတီအဆင့်မှ မြို့ နယ်အဆင့်အထိ တာဝန်ထမ်း ဆောင်သူများသည် လစာကျပ် သုံးသိန်းမှ ကျပ်တစ်သိန်းဝန်းကျင် အထိရရှိမည်ဖြစ်ပြီး အခြားခံစား ခွင့်များ ထပ်မံပေးထားခြင်းမရှိဟု ဆိုသည်။

သို့သော်လည်း ယခင်တာ ၀န်ယူထားခဲ့သည့် စည်ပင်သာ ယာရေးဝန်ထမ်းများမှာ သက် တမ်းကာလပြီးဆုံးပါက ပင်စင်ရ ယူခံစားခွင့်ရှိသည်ဟု သိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေတောင် သက်တမ်းကုန်ဆုံး ရင် ပင်စင်ခံစားခွင့်ရှိကြသေးတာ ပဲ။ အခုလူထုရွေးချယ်ခဲ့တဲ့ ကိုယ် စားလှယ်တွေကိုလည်း ပေးသင့် တယ်ထင်တယ်’’ဟု စည်ပင်ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူ ဦးမြင့်ထွန်းက ပြောသည်။

ယခုတာဝန်ထမ်းဆောင်နေ သော ရွေးကောက်ခံကော်မတီဝင်များမှာ သက်တမ်းကာလတစ်နှစ် သာ တာဝန်ထမ်းဆောင်ချိန်ရှိသ ဖြင့် ပင်စင်ခံစားခွင့်ရရှိရန် ခက်ခဲ နေသည့် သဘောလည်း သက် ရောက်နေသည်ဟု YCDC အငြိမ်း စားဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

7Day DAILY

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း) 
 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူ ပိုင် ခွင့် မရှိကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို

Photo: တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို
Thursday, January 8, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာ မည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ ၏ တောင်းဆိုချက် များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင် သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက် တွင် ပြောလိုက်သည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေး ထိုးရန် နေပြည်တော်တွင်ပြုလုပ် သည့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက် လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်တွင် တိုက်တွန်းခဲ့ မှု အပေါ် ကေအိုင်အိုက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ပြည်ထောင်စုနေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန် ဖြစ် နိုင်၊ မဖြစ်နိုင်ကိုမူ “ညှိနှိုင်းဆွေးနွေးရေး ဘက်မှာပဲ အဓိကဖြစ်သွားမှာ” ဟု ဦးဒေါင်ခါးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်း တွင် သဘောတူညီမှု ရရှိ ပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ် ထိုးနိုင်မည့်ရက်ကို တိတိကျကျ မပြောနိုင်သေးဟု ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီး ဦးအောင် မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောဆိုထားသည်။

ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်း ရင်းသား လက်နက်ကိုင်များက သံသယ ကင်းကင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ ဆက်လက်ချီတက် ကြရန် တိုင်းရင်းသားအဖွဲ့များနှင့် ဇန်န၀ါရီ ၅ ရက် တွေ့ဆုံပွဲတွင် တိုက်တွန်းထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကမူ ပြည်ထောင်စုနေ့တွင် လက်မှတ် ထိုးမည်၊ မထိုးမည်ကို NCCT ၏ အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်ဟု အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ဆိုသည်။

လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော် သဘောတူညီမှု ရပြီးဖြစ်သည်။

Mizzima - News in Burmese
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စု နေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန် က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ် လိုက်လျောနိုင်သောကြောင့်ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင် သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက် တွင် ပြောလိုက်သည်။

ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်

Photo: ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်
Thursday, January 8, 2015 

စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များရှိ ဂိုဒေါင်များကို ပြန်သိမ်းရန် အစီအစဉ်မရှိတော့ဟု ထုတ်ပြန် ထားသည်။

စက်ရုံဂိုဒေါင်တည်ဆောက်မှုမှာ ခန့်မှန်းခြေ ခြောက်လ၀န်းကျင်သာ အချိန်ယူရခြင်းကြောင့် လုပ်ငန်းရှင်များ အမှန်တကယ် အကောင်အထည်ဖော်ရန် တိုင်းအစိုးရ တာဝန်ရှိသူများက တိုက်တွန်းခြင်း ဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ဂိုဒေါင် တည်ဆောက်မယ်ဆိုရင် ဒီနေ့ခေတ်နည်းတွေနဲ့ ဆောက်ရင် အများဆုံး ခြောက်လလောက်ပဲ ကြာတဲ့အတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေကို တိုက်တွန်းတဲ့သဘောပါ” ဟု ၎င်းက ဆို သည်။

စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၂,၄၀၀ ၀န်းကျင်တွင် ဂိုဒေါင်တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီ အစဉ်တင်ပြသူ ၁,၄၀၀ ၀န်းကျင်အထိ ရှိနေခြင်းဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းစီမံကိန်း အစီအစဉ်မတင်သည့် မြေကွက်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ခြင်း မရှိသည့် မြေကွက်များ ကို ပြန်လည်သိမ်းယူရန် တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် စက် မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ များ ပူးပေါင်းကာ မြေပြင်ဆင် စိစစ်မှုများ ပြုလုပ်နေပြီဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။

ဂိုဒေါင်တည်ဆောက်နေသည့် မြေကွက်လွတ်နှင့် သိမ်းယူရန် သတိပေးထားသည့် ဂိုဒေါင်လွတ်များကို သိမ်းယူရန် အစီအစဉ် မရှိတော့ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့

Photo: အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့
Thursday, January 8, 2015 

နိုင်ငံတောင်ပိုင်းတွင် လောင် ကျွမ်းနေသော တောမီး၏ ပမာဏ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အပူလှိုင်း တစ်ခု ကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့်အနေအထားသို့ ပြင်ဆင်ထား ရကြောင်း ဩစတြေးလျအာဏာပိုင် များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်းတွင် ဖော်ပြထားသည်။

ဩစတြေးလျတောင်ပိုင်းမီး သတ်ဌာနကလည်း အဒီလိတ်တောင် ကုန်းမှ တောမီး၏ ၈၅ ရာခိုင်နှုန်း ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အပူလှိုင်း ကြောင့် အပူချိန် ၃၈ ဒီဂရီဆဲလ်စီ ယက် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

''တောမီး၏ ၈၅ ရာခိုင်နှုန်းကို ထိန်း ချုပ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း အပူ ချိန်ကြောင့် မီးမလောင်ရသေးသော နေရာများတွင် ရုတ်တရတ်မီးလောင် မှုများ ဖြစ်နိုင်သည့် အန္တရာယ်ရှိနေ ဆဲ''ဟု မီးသတ်ဌာန၏ ထိန်းချုပ်ရေး အရာရှိစတော့တာနာကဆိုသည်။

ထိုတောမီးသည် အဒီလိတ်မြို့အရှေ့ ပိုင်းမှ ချုံတောများနှင့် လယ်ယာမြေ များတွင် သောကြာနေ့ကတည်းက လောင်ခဲ့ပြီး မီးသည်မြေဧရိယာ ၁၂ ၅၀ဝဟက်တာလောင်ခဲ့ပြီးဖြစ်ရာ ယင်းကြောင့် အိမ် ၃၈လုံးအပါအဝင် အဆောက်အအုံ ၁၆ရ လုံးပျက်စီး ခဲ့ပြီဖြစ်သည်။

ထို့အပြင် အပူလှိုင်းကြောင့် မီးငြှိမ်းသတ်နေသည့် မီးသတ်သမား ၅၀ဝခန့်က အခြားမီးငြှိမ်းသတ်ရေး ဆိုင်ရာပစ္စည်းကိရိယာများ ကို ထပ်မံ စုဆောင်းနေရသည်ဟုလည်း တာနာ က ပြောသည်။

မီးသတ်သမားများ သည် ဗုဒ္ဓဟူးနေ့တွင် တောမီးကို ငြှိမ်းသတ်မှုစည်းများအတွင်း အပြီး သတ်ထိန်းသိမ်းနိုင်ရန်နှင့် ကြာသပ
တေးနေ့ရာသီဥတုတွင် အပြီးသတ် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည် ဟုလည်း တာနာက ပြောသည်။

သောကြာနေ့မှစတင်ခဲ့သော တော မီးကြောင့် ဩစတြေးလျဒေါ်လာ ၁၃သန်း(ကန်ဒေါ်လာ ၁၀.၅သန်း) ဆုံးရှုံးခဲ့ရပြီဟုလည်း ဩစတြေးလျ အာမခံကောင်စီက ဆိုသည်။

Ref : AFP
Democracytoday
နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီး၏ပမာဏအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော် လည်း အပူလှိုင်းတစ်ခုကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့် အနေ အထားသို့ ပြင်ဆင်ထားရကြောင်း ဩစတြေးလျအာဏာပိုင်များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်း တွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် ဆေးယဉ်ပါး အူရောင်ငန်းဖျားရောဂါများ တွေ့ရှိ

အစားမှားယွင်းမှုမှ တစ်ဆင့် အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားနေသော မန္တလေးမြို့တော်ရှိ ကလေးငယ် ၃၀၀ ကျော်ကို စမ်းသပ်စစ်ဆေးရာ ဆေးယဉ်ပါး အူရောင်ငန်းဖျား ဖြစ်ပွားနှုန်း ၁၃ ရာခိုင်နှုန်းကျော် တွေ့ရှိ ရကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်သော ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) စာတမ်း ဖတ်ပွဲတွင် ဖတ်ကြားသွားသည်။

လွတ်မြောက်ရေး ဆုတောင်းသူ ထောင်ချခံရ

မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရား မဝင် စီတန်း လှည့်လည်မှုပုဒ်မ ၁၈ နဲ့  ချမ်းမြသာစည်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ

Photo: သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ
Thursday, January 8, 2015

ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာ နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်း ပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိသမ္မတ မဟင်ဒါရာ ဂျာပတ်ဆီနှင့် အတိုက် အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင်ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

လက်ရှိသမ္မတ ရာဂျာပတ်ဆီ သည် သီရိလင်္ကာသမ္မတအဖြစ် သက် တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ တွင် တတိယ သက်တမ်းအတွက် ကြိုးပမ်းမည်ဖြစ် သည်။

တမီးလ်ကျားသူပုန်များနှင့် ကာလရှည်ပြည်တွင်းစစ်ကို ရပ်တန့် နိုင်ခဲ့ခြင်းက ရာဂျာပတ်ဆီအတွက် ကြီးမားသော ပြည်သူ့ထောက် ခံမှုကို ရရှိစေပြီး ၎င်းသည်နိုင်ငံတွင်း၌လည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေ ခံအဆောက်အအုံများ တည်ဆောက်
ပေးခြင်းဖြင့် ပြည်သူ့ထောက်ခံမှု ရ ဒသမ ၅ရာခိုင်နှုန်း မြင့်တက်လာခဲ့ သူဖြစ်သည်။

သို့သော် ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရန်ပုံ ငွေများကို အလွဲသုံးခဲ့သူဟု အတိုက် အခံများ၏စွပ်စွဲမှုကို ခံထားရသည်။

ထို့အပြင် ၎င်းသည်သူ၏ညီအစ် ကိုသုံးဦးနှင့် သားဖြစ်သူတို့အား အစိုး ရအဖွဲ့၏ အရေးပါသောရာထူးများ ပေးခြင်းဖြင့် တိုင်းပြည် ၏ဘဏ္ဍာငွေ ကို ထိန်းချုပ်ကာ မင်းဆက်တစ်ခုကို တည်ထောင်ရန် ကြံစည်နေသူဟု ဝေ ဖန်ခံထားရသည်။

ယင်းအပြင် တမီးလ် ကျားသူပုန်များနှင့် နောက်ဆုံးတိုက် ပွဲများတွင် စစ်တပ်က တမီးလ်အရပ် သား ၄၀၀၀၀ သတ်ခဲ့ခြင်းတွင် အဓိ ကတာဝန်ယူသူဟု နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့များ၏ စွပ်စွဲမှုနှင့် ရင်ဆိုင်နေရပြီး ထိုအမှုအတွက် စုံ စမ်းစစ်ဆေးရန် မည်သည့်အဖွဲ့အ စည်းကိုမျှ ၎င်းကခွင့်ပြုမထားသေး ပေ။

လက်ရှိသမ္မတနှင့် အပြိုင်ရေပန်း စားနေသူမှာ အတိုက်အခံခေါင်း ဆောင် သီရိသီနာပင်ဖြစ်သည်။ ၎င်းသည် ယခင်က အစိုးရ၏ ကျန်း မာရေးဝန်ကြီးတစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲဝင်ရန် ရာထူးမှနုတ်ထွက် ခဲ့သည်။

ယင်းကြောင့် လက်ရှိအစိုး ရက ၎င်းအား သစ္စာဖောက်ဟု စွပ် စွဲထားပြီး ၎င်းက လက်ရှိသမ္မတ၏ ကာလရှည် အာဏာဆုပ်ကိုင် ထားမှု ကို အဆုံးသတ်ပေးမည်ဟု ကြုံးဝါး ထားသည်။

သီရိသီနာသည် နိုင်ငံ၏ ဗဟိုလက်ယာစွန့်ပါတီ UNP ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိအစိုးရအပေါ် ကန့်ကွက်သူ များအကြား အထူးရေပန်းစားနေသူ ဖြစ်သည်။

၎င်းကို မြို့ပြနေလူများက အဓိကထောက်ခံပြီး ယင်းကလက်ရှိ သမ္မတအတွက် အန္တရာယ်များသော စိန်ခေါ်မှုဖြစ်စေသည်။

သီရိသီနာက ၎င်းအနိုင်ရပါက လက်ရှိသမ္မတစနစ် ကို ဖျက်သိမ်းကာ ပါလီမန်ဒီမိုကရေ စီစနစ်ကို ရက် ၁၀ဝအတွင်း ဖော်
ဆောင်မည်ဟုလည်း ကတိပေးထား သည်။

သီရိသီနာသည် ယခင်သမ္မတ ဟောင်း ကုမာရတွန်ဂါ၏ ဘက်တော် သားဟု စွပ်စွဲထားပြီး ၎င်းကလည်း ရွေးကောက်ပွဲတွင် အနိုင်ယူကာ လက် ရှိအစိုးရ၏ အကျင့်ပျက် ခြစားမှုများ ကို ဖော်ထုတ်အရေးယူကာ ရာဂျာ ပတ်ဆီနှင့် ၎င်းမိသားစု၏ အာဏာ ဆုပ်ကိုင်ထားမှုကို အဆုံးသတ်ကာ သီရိလင်္ကာနိုင်ငံအတွက် ခေတ်သစ် ကို ဖော်ဆောင်ပေးမည်ဟု ဆိုသည်။

Ref : AFP
Democracytoday
ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိ သမ္မတ မဟင်ဒါရာဂျာပတ်ဆီနှင့် အတိုက်အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင် ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

မြောက်ကိုရီးယားက ဆိုက်ဘာစစ်တပ်အင်အားကို ၆၀၀ဝအထိတိုးမြှင့်လိုက် ကြောင်း တောင်ကိုရီးယားဆို

Photo: မြောက်ကိုရီးယားက ဆိုက်ဘာစစ်တပ်အင်အားကို ၆၀၀ဝအထိတိုးမြှင့်လိုက် ကြောင်း တောင်ကိုရီးယားဆို
Thursday, January 8, 2015

မြောက်ကိုရီးယားက ၎င်းတို့၏ ''ဆိုက်ဘာစစ်တပ်''မှတပ်ဖွဲ့ဝင် အင် အားကို ၆၀၀ဝအထိ တိုးမြှင့်လိုက် ကြောင်း တောင်ကိုရီး ယားကာကွယ် ရေးဌာန၏ ပြောကြားမှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယင်းကြောင့် ဆိုက်ဘာတပ်ဖွဲ့ ဝင်ဦးရေသည် တောင်ကိုရီးယား၏ ၂၀၁၃ခုနှစ်ခန့်မှန်းချက်ထက် နှစ်ဆနီး ပါးမြင့်တက်လာသည်။

ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးအား ဆိုက်ဘာတိုက် ခိုက်မှုအတွက် အမေရိကန်က မြောက် ကိုရီးယားအပေါ်အရေးယူပိတ်ဆို့ မှုအသစ် ချမှတ်လိုက်ပြီးနောက် မြောက်ကိုရီးယားက ထိုသို့မြှင့်တင် လိုက်ခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် Bureau 121 ဟုခေါ်သော ၎င်းတို့၏ဆိုက် ဘာစစ်တပ်ကို နှစ်ပေါင်းများစွာမွမ်း မံမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန် တွင် ယင်းတွင်ခေတ်မီအဖွဲ့အစည်း တစ်ခုဖြစ်နေပြီဖြစ်သည်။

Bureau 121 ကို မြောက်ကိုရီးယားစစ်တပ်၏ စပိုင်အေဂျင်စီကဦးဆောင်ကာ ယင်း တွင် နိုင်ငံတွင်းမှကွန်ပျူတာကျွမ်းကျင်သူ များပါဝင်ပြီး ၎င်းတို့က တောင် ကိုရီးယားနိုင်ငံအပါအဝင် မြောက် ကိုရီးယား၏ပြိုင်ဘက်နိုင်ငံများ၏ဆက်သွယ်ရေးနှင့်စွမ်းအင် ကဏ္ဍတို့ ကို ကာလရှည်ပစ်မှတ်ထားတိုက်ခိုက် ကာ ထိုနိုင်ငံသားများ၏စိတ်ပိုင်းဆိုင် ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ချိုး နှိမ်ရန် ရည်ရွယ်သည်ဟု မြောက်ကို ရီးယားပြည်ပြေးအချို့က ဆိုသည်။

''တောင်ကိုရီးယားနိုင်ငံ၏စစ် ဆင်ရေးများ၊ အမျိုးသားအခြေခံအ ဆောက်အအုံများကို ပြဿနာများဖြစ် စေရန်'' မြောက်ကိုရီး ယားပြုလုပ်နေ သည်ဟု တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးက ဆိုသည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံအား ဆိုက် ဘာတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည် ဟုစွပ်စွဲခံထားရသည်။

Ref : Reuters
Democracytoday
မြောက်ကိုရီးယားက ၎င်းတို့၏ ''ဆိုက်ဘာစစ်တပ်''မှတပ်ဖွဲ့ဝင် အင် အားကို ၆၀၀ဝအထိ တိုးမြှင့်လိုက် ကြောင်း တောင်ကိုရီး ယားကာကွယ် ရေးဌာန၏ ပြောကြားမှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ချောင်းဆိုး၊ရင်ကျပ်၊ချွဲသလိပ်ကပ်များအတွက် သဘာဝဆေးနည်း

ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်ကပ်ဖြစ်နေသူများအတွက် အလွယ်တကူ ရနိုင်သည့် အိမ်တွင်းကုထုံး သဘာဝ ဆေးနည်းတစ်မျိုးကို မျှဝေပေးလိုက် ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် နိုင်/ကျဉ်းအရေး လှုပ်ရှားနေသည့် ပြည်တွင်း အဖွဲ့များ တွေ့ဆုံကာ လက်ရှိ နိုင်/ကျဉ်းများအရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် နိုင်ငံရေးအကျဉ်း သားများ အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ နှင့်တွေ့ ဆုံကာ ပြည် တွင်း၌ကျန်ရှိ နိုင်/ကျဉ်းအခြေအနေ များနှင့် လက်ရှိ အဆိုပါ နိုင်/ကျဉ်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ

Photo: မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ
Thursday, January 8, 2015

ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေး အပ်သည့် အသန့် ရှင်းဆုံးမြို့နယ်ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် မြို့နယ်၊ ခရိုင်ကော်မတီ များမှ တင်ပြလာသည့် မြို့နယ် လေးခုကို ဗဟိုကော်မတီကကွင်း ဆင်းစစ်ဆေး၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဒဂုံ၊ ရန်ကင်းနှင့် ဒဂုံဆိပ်ကမ်းတို့က သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများ  ရရှိခဲ့သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကိုရန်ကုန်မြို့ရှိ ခရိုင်လေးခု၊ မြို့နယ်၃၃ ခုမှ သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်နေမှုကို အမှတ်ပေးစနစ်ဖြင့် နိုဝင်ဘာမှ ဒီဇင်ဘာအထိအချိန်သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် အချက်တစ်ခုလျှင် ၁၀မှတ် နှင့် အချက်၃၀သတ်မှတ်ထားပြီ အမှိုက်အစို၊ အခြောက်ခွဲခြားစွန့်ပစ်မှုရာခိုင်နှုန်းနှင့် ပြည်သူများကို အသိ ပေးနှိုးဆော်မှု၊ အမှိုက်သိမ်းယာဉ်များ၊ အမှိုက်ပုံးများ၊ အမှိုက်ကန်များ၊ အမှိုက်လှည်းများသန့်ရှင်းရေးကောင်းမွန်မှုနှင့် စနစ်တကျထားရှိမှု၊ ခေါင်းလောင်းတီးဝန် ဆောင်မှုစသည့်အချက်များပေါ် မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ဆုရရှိခဲ့သည့်မြို့နယ်လေးခုမှာ အမှတ်ကွာခြားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူးဦးခင်ဝင်းကပြောသည်။

‘‘တစ်နေ့အမှိုက် တစ်နေ့   သိမ်းဆည်းနိုင်တာကို မူတည်ပြီး ပေးအပ်ခဲ့တာဖြစ်တယ်။ဒီဆုပေး ခြင်းအားဖြင့် လုပ်ငန်းတွေရဲ့ စွမ်း ဆောင်မှုက ပိုမြင့်တက်လာမယ်။  ရပြီးသားမြို့နယ်အနေနဲ့လည်းသူ့ မြို့နယ်ရဲ့ ရှိပြီးသားအဆင့်ကို  ထိန်းသိမ်းရမယ်ဆိုတဲ့အသိ လည်းရှိသွားမယ်’’ဟု ၎င်းကပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုရ ရှိခဲ့သည့် မရမ်းကုန်းမြို့နယ်ကို ဆုငွေကျပ်၂၅သိန်းနှင့် သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများအတွက် ကျပ်ငါးသိန်းပေးအပ်ခဲ့ပြီး ၀န်ထမ်းများအား ပြန်လည်ခွဲဝေပေးမည်ဖြစ်သည်။

‘‘ကော်မတီက ချမှတ်ထား တဲ့အချက် ၃၀အပေါ် မူတည်ပြီး တော့ ကြိုတင်ပြင်ဆင်ခဲ့၊ ဆောင် ရွက်ခဲ့တယ်။ ယခင်ထက် အား ထည့်ပြီးတော့ ဆောင်ရွက်ခဲ့တာ။မြို့နယ်သန့်ရှင်းရေးကောင်းမွန်ဖို့ က ကိုယ့်တာဝန်ပဲ’’ဟု မရမ်းကုန်း မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူးဦးတင်မျိုးထွေး ကပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ဆုကို အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်း ဆည်းအမှိုက်များ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ စွန့်ပစ်ခြင်းလုပ်ငန်းများအား ပုဂ္ဂလိကသို့မလွှဲမီစပ်ကြားအထိ သုံးလတစ်ကြိမ်ရွေးချယ်မည်ဟု သိရသည်။

7Day DAILY 

မရမ်းကုန်းမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)
မရမ်းကုန်းမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း) 
ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေးအပ်သည့် အသန့် ရှင်းဆုံးမြို့နယ် ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

တာဝန် ထမ်းဆောင် နေသည့် ရဲဝန်ထမ်းအား ဒဏ်ရာ ရရှိ စေသည့် အမှု ယခုလ တတိယပတ်တွင် အမိန့်ချမည်

နေပြည်တော် ကောင်စီ နယ်မြေရှိ၊ ပုဗ္ပသီရိ မြို့နယ် ၀ဲကြီး ကျေးရွာတွင် ရဲဝန်ထမ်း များနှင့် ရွာသားများ ပဋိပက္ခ ဖြစ်ပွားခဲ့ သောကြောင့် တာဝန် ထမ်းဆောင် နေသည့် ရဲ ၀န်ထမ်းများ အပြင်းအထန် ဒဏ်ရာ ရရှိစေ သည့် အမှု အပါအ၀င် ရွာသား များအား ပုဒ်မ (၃) ခု တပ်ကာ စွဲဆို ထားသည့် အမှုကို ယခုလ (၂၁) ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အခြေခံ လစာ နည်းပါးမှုကြောင့် Yess သကြားလုံး စက်ရုံ လုပ်သားများ စက်ရုံဝင်ပေါက် ပိတ်ဆို့ ဆန္ဒပြ

အလုပ်သမား တစ်ဦးအတွက် သတ်မှတ် ထားသည့် အခြေခံ လစာ နည်းပါးမှုကြောင့် လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် (၄)၊ ပြင်စည် မင်းသားကြီး လမ်းရှိ Yess သကြားလုံး စက်ရုံ အလုပ်သမား (၂၀၀) ခန့်သည် ယမန်နေ့က Yess သကြားလုံး စက်ရုံ၏ ၀င်ပေါက်အား ပိတ်ဆို့ ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံရှိ အီလက်ထရွန်နစ်စက်ရုံတစ်ခုမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ဝခန့်ကို အလုပ်ထုတ်ခဲ့ပြီး လုပ်သား ၁၄ဦး၏ ATM ကတ်များကို သိမ်းဆည်းထားဟုဆို

ထိုင်းနိုင်ငံရှိ အီလက်ထရွန်နစ်စက်ရုံတစ်ခုမှ မြန် မာရွှေ့ပြောင်းအလုပ်သမား ၅ဝခန့် ကို အလုပ်ရှင်က အလုပ် ထုတ်ခဲ့ပြီး အဆိုပါလုပ်သားများအနက်မှ ၁၄ ဦး၏ ATM ကတ်များကို သိမ်းဆည်းကာ ထိုင်းပုလိပ် များနှင့် ပွဲစား များပူးပေါင်းကာ ငွေကြေးအမြတ် ထုတ်ခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေ စိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးကွန်ရက် (MWRN) မှ သိရသည်။

ဦးဥတ္တမ ကြေးသွန်းရုပ်ထု တောင်ကုတ်တွင်ထားရှိမည်

Photo: ဦးဥတ္တမ ကြေးသွန်းရုပ်ထု တောင်ကုတ်တွင်ထားရှိမည်
Thursday, January 8, 2015

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထု တစ်ခုကို သွန်းလောင်းပြီး တောင်ကုတ်မြို့တွင် ဂုဏ်ပြုထားရှိရန် တောင်ကုတ် ဒေသခံများက စီစဉ်နေကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က တောင်ကုတ်မြို့ ဓမ္မ၀ိဇယ ဓမ္မာရုံကြီး တွင် ပြုလုပ်သော လူပေါင်း ၉၀ ကျော်တက်ရောက်ခဲ့သည့် အစည်းအဝေးမှ ယင်းသို့ ဦးဥတ္တမ ရုပ်ထုအား သွန်းလုပ်ထားရှိရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် လူပေါင်း (၄၀) ပါဝင်သော ဦးဥတ္တမရုပ်ထု သွန်းလုပ် ရေး ကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြပြီး ဥက္ကဌ အဖြစ် ဦးစံဆင့် တာဝန်ယူ သွားမည်ဟု သိရသည်။

“ တက်ရောက်လာသူတွေအကုန်လုံးက သဘောတူတယ်။ ဦးစံဆင့်ကို ဥက္ကဌ တာဝန်ပေးပြီး လူပေါင်း ၄၀ နဲ့ ကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့ကြတယ်။ လုပ်ငန်းဖေါ်ဆောင်ရေး ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်” ဟု လူထုအကျိုးဆောင်ကော်မတီ (တောင်ကုတ်) မှ ဦးဇေယျာကျော်က ပြောသည်။

ဦးဥတ္တမ ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ကျပ် သိန်း (၅၀) ပံ့ပိုးကူညီထားကြောင်းလည်း သိရသည်။

ဦးဥတ္တမ ကြေးသွန်းရုပ်ထုအား ၆ ပေ အမြင့် သွန်းလုပ်ရန် ရာတားထားကြောင်း၊ သို့သော်လည်း အရွယ်အစားကို အများနှင့် တိုင်ပင်ညှိနိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ဖွဲ့စည်းထားသော ကော်မတီအနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် လူမူရေးကွန်ယက်များမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇေယျာကျော်က ပြောသည်။

ဇန်န၀ါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထု သွန်းလုပ်ရေး အစည်းအဝေးကို လူထု အကျိုးဆောင်ကော်မတီ (တောင်ကုတ်)က ခေါ်ယူကျင်းပပေးခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ မြို့နယ် သံဃ နာယက ဆရာတော်ကြီးများ၊ မဘက ဥက္ကဌဆရာတော်၊ အရပ်ဘက် လူ့မှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

နိရဉ္စရာ 

(ဦးဥတ္တမ ကြေးသွန်းရုပ်ထုကို မြောက်ဦးမြို့တွင် သွန်းအလုပ်အပြီးတွေ့ရစဉ်)
(ဦးဥတ္တမ ကြေးသွန်းရုပ်ထုကို မြောက်ဦးမြို့တွင် သွန်းအလုပ်အပြီးတွေ့ရစဉ်) 
မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထုတစ်ခုကို သွန်းလောင်းပြီး တောင်ကုတ်မြို့တွင် ဂုဏ်ပြုထားရှိရန် တောင်ကုတ် ဒေသခံများက စီစဉ်နေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

Photo: ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး
Thursday, January 8, 2015

ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်ရှိ တောင်ပြိုကျေးရွာ၏အနောက် ဘက်၊ ဗလခရွာနှင့် မှော်မောင်းဘွမ်ကျေးရွာ အနီးရှိကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တွင် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည့် ကုမ္ပဏီများ ၏စွန့်ပစ်မြေစာပုံသည် ဇန်နဝါရီ ၆ ရက်ည ရနာရီ ၁၅မိနစ်ခန့်တွင် ပြိုကျလာသဖြင့် ရေမဆေးကျောက်ရှာဖွေသူများနှင့်ဈေးရောင်းချသူများ ထွက်ပြေးခဲ့ကြရပြီး လေးဦး ပိမိခဲ့ ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြေစာပိမိနေသူများ အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ရရက် ညနေပိုင်းထိ အမျိုးသားနှစ်ဦးအ လောင်း ကိုသာ ရှာဖွေတွေ့ရှိခဲ့ရ ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုပြိုကျခဲ့သည့် မြေစာပုံမှာ အဆိုပါကျေးရွာအတွင်း လုပ်ကိုင် လျက်ရှိသည့်ကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီ၊ ကချင်တိုင်းရင်းသားများဖွံ့ ဖြိုးတိုး တက်ရေးကုမ္ပဏီ၊ နဂါးကိုး ကောင်ကုမ္ပဏီ၊ နယူး ရတနာကုမ္ပဏီ နှင့် သိန်းအောင်ကုမ္ပဏီ စသည်တို့မှ စုပေါင်းစွန့်ပစ်လျက်ရှိသည့်မြေစာ ပုံဖြစ်ကြောင်း တောင်ပြိုကျေးရွာ ရာအိမ်မှူးဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြော သည်။

''ဒီမှာက ရေမဆေးကျောက်ရှာ တဲ့သူတွေကော၊ ရွာသားတွေကောရှိ တော့ တကယ်လို့ လူအပျောက်အ ရှတွေရှိရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေကိုလာ အကြောင်း ကြား ဖို့ပြော ထားတယ်။ လောလောဆယ်တော့ လူပျောက်လေးဦးပဲ လာပြောထား တယ်''ဟု ဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

အဆိုပါပျောက်ဆုံးနေသည့် လေးဦးမှာ ဗလခကျေးရွာနေ မောင် နေလင်း ၂ဝနှစ် အဘဦးမောင် သောင်း၊ မောင်မျိုးနိုင် ၂၃နှစ် အဘ ဦးသာထွန်းစိန်၊ မသီတာစိုး ၂၁နှစ်၊ အဘဦး နေအောင် တို့နှင့် တောင်ပြို ကျေးရွာနေ မစိန်ဌေး ၃၅နှစ် အဘဦး အောင်ထွန်းကျော် တို့ဖြစ်ကြောင်း သိရသည်။ ပြန်လည်ရှာတွေ့ရှိခဲ့သည့် အလောင်းနှစ်လောင်းမှာ မောင်နေ လင်းနှင့် မောင်မျိုးနိုင် တို့ ဖြစ်ကြောင်း သိရသည်။

''ကျန်တဲ့သူတွေကတော့ ပြေး တာလွတ်သွားတယ်လို့သိရတယ်။ အဲဒီ့လူလေးယောက်ကတော့ ပျောက် ဆုံးနေတယ်ပေါ့။ အခုတော့ အမျိုး သားနှစ်ဦးကိုတွေ့ပါပြီ။ ကျန်တဲ့သူ တွေကို တော့ ဆက်ရှာနေဆဲပါ''ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် မော်မောင်း  ချောင်းနှင့်ဥရုချောင်းမတိမ်ကောရေး အတွက် မော်မောင်းဘွမ်ကျေးရွာ အနီး ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီများအနေဖြင့် ယင်းလုပ်ကွက် များနှင့်ငါးမိုင်ခန့် ကွာသောနေရာ သို့ ကျောက်မျက်တူးဖော်သည့်မြေစာ များ သွားရောက်စွန့်ပစ် ရကြောင်း သိ ရသည်။

ယင်းမြေစာပုံပြိုကျမှုကြောင့် ယင်းမြေစာပုံအနီးဈေးရောင်းချ နေသည့် ယာယီဈေးဆိုင် ကိုးဆိုင်၊  ဆိုင်ကယ်များနှင့်လူအချို့မြေစာ ပုံ အောက် နစ်မြုပ်သွားကြောင်း မိုးညှင်း မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဦးကျော်စိုးလေးက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ရတနာ ဆင်သီရိကုမ္ပဏီ၊ ဝေကုမ္ပဏီနှင့်ယူန တီကုမ္ပဏီတို့မှ ဘက်ဟိုးစက်များဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့သလို နယ်မြေ ခံတပ်ရင်းမှ စစ်သည်အရာရှိများက လည်း ကူညီ ရှာဖွေပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Democracytoday

မြေပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှင်းလင်းနေမှုကိုဒေသခံများ ဝိုင်းဝန်း ကြည့်ရှု နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - စိုးနိုင်ဦး (ဖားကန့်)
မြေပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှင်းလင်းနေမှုကိုဒေသခံများ ဝိုင်းဝန်း ကြည့်ရှု နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - စိုးနိုင်ဦး (ဖားကန့်) 
ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအတွက် သံသယရှိသူများ အနက်မှ ခြောက်ဦးကို လူသတ်မှုဖြင့် တရားစွဲ

မလေးရှားတွင် မြန်မာနိုင်ငံသားများအသတ်ခံရသည့်အမှုများအတွက် သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ များ အနက်မှ ခြောက်ဦးကို လူသတ်မှုဖြင့် မလေးရှားရဲများမှ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ရ ရက် ထုတ် မလေးရှားနိုင်ငံအခြေစိုက် The Star သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။

ဖမ်းဆီးထားသော ပြိုင်ကားများကို ပိုင်ရှင်များ ပြန်ရွေးရန် ကျပ် ၁၅၀၀ သာ ဒဏ်ငွေဆောင်ခိုင်း

Photo: ဖမ်းဆီးထားသော ပြိုင်ကားများကို ပိုင်ရှင်များ ပြန်ရွေးရန် ကျပ် ၁၅၀၀ သာ ဒဏ်ငွေဆောင်ခိုင်း

စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် ၅၁စီးကို ယာဉ်လိုင်စင် တစ်လပိတ်

Thursday, January 8, 2015 

ရန်ကုန်၊ ဇန်နဝါရီ ၇-စီမံချက်ဖြင့် ဖမ်းဆီးရမိထားသော စည်းကမ်းမဲ့ပြိုင် ကားများနှင့် ပါဝါအိတ်ဇောတပ် မော် တော်ယာဉ် ၅၁စီးအား ယာဉ်လိုင်စင် တစ်လပိတ်သိမ်း၍ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်ခိုင်းပြီး မူလပိုင်ရှင်များ သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

ဇန်နဝါရီ ရရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်ခဲ့သည့် ဖမ်း ဆီးရမိထားသော မော်တော်ယာဉ်များအား ပိုင်ရှင်ထံပြန်လည်ပေးအပ် ခဲ့သည့် အခမ်းအနားတွင် ယခုကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသော မော်တော်ယာဉ်စုစုပေါင်း ၉ဝအနက် ဇန် နဝါရီ ၇ရက်တွင် ၅၁စီးကို ပြန်လည် ပေးအပ်ခဲ့ပြီး ယင်းမော်တော်ယာဉ် ၅၁စီးကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေနှင့် ၁၉၈၉ခုနှစ် မော်တော် ယာဉ် နည်းဥပဒေများ အရ ယာဉ်လိုင် စင် တစ်လပိတ်သိမ်းကာ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်စေပြီး ခံဝန်လက်မှတ်ထိုးကာ ပြန်လည်ပေးအပ်ခဲ့သည် ဟု သိရသည်။

ရဲမှူးကြီးဝင်းဗိုလ်က ''အခုလို စီမံချက်ချပြီး ဖမ်းဆီးရတာက အများ ပြည်သူတွေရဲ့ အကြောင်းကြား တိုင် ကြားချက်တွေကြောင့်ပါ။ ကျန်ရှိနေသေးတဲ့ မော်တော် ယာဉ် ၃၉စီးကိုလဲ ကညနမှာ မှတ်ပုံတင်ထားခြင်း ရှိ၊ မ ရှိ စစ်ဆေးနေပါ တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် များအား စီမံချက်ချကာ ဖမ်းဆီးမှုကို ဒီဇင်ဘာ ၅ရက်မှ ဇန်နဝါရီ ၁ရက် အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းမော်တော်ယာဉ် အစီးရေ ၉ဝကို ဖမ်းဆီးရမိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မော်တော် ယာဉ်ဝပ်ရှော့တွေအနေနဲ့ မော်တော်ယာဉ်တွေ ကို ပါဝါအိတ်ဇော မတပ်ဆင်ပေးဖို့ အကြောင်းကြားထားပါတယ်။ ရဲ၊ ယာဉ်ထိန်းနဲ့ သက်ဆိုင် ရာတာဝန်ရှိသူတွေအနေနဲ့လဲ စည်း ကမ်းမဲ့ပြိုင်ကားနဲ့ ပါဝါအိတ်ဇော တပ် မော်တော်ယာဉ်တွေကို ဆက်လက်ဖမ်း ဆီးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒုတိယအကြိမ်ကျူးလွန်ရင် ယာဉ်လိုင် စင်ကို ခြောက်လတိတိ ပိတ်သိမ်းမှာ ပါ''ဟု ပြောသည်။

KMZ
Democracytoday
စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် ၅၁စီးကို ယာဉ်လိုင်စင် တစ်လပိတ်

တရုတ်က ယခုနှစ်တွင် မြန်မာ့ဆန် တန်တစ်သန်း ၀ယ်ရန်သဘောတူ

တရုတ်အစိုးရက ၂၀၁၅ တွင် ကိုတာစနစ်ဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သန်းကို ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူရန်မူအားဖြင့် သဘောတူညီသည်ဟု အကြောင်းပြန်ကြားလာကြောင်း သတင်းရရှိသည်။

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….

ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်း အနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော် သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးက ကိုယ်စားလှယ် တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင် ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာ တစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။

အမျိုးသမီးလိဂ်တည်ထောင်ရန်ခက်ခဲကြောင်း ဦးဇော်ဇော်ဆို

အမျိုးသမီးလက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန်အတွက် အမျိုးသမီးလိဂ်တည်ထောင်ရမည် ဖြစ် သော် လည်း ကလပ်အသင်းများမရှိသေး သဖြင့်ခက်ခဲကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းမ် သို့ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏သား ဦးဖြိုးဝေဝင်းနှင့် တွေ့ဆုံခြင်း

““ ပစ်ခတ်သွားတဲ့ကိစ္စတွေ၊ အာဏာသိမ်းတဲ့ကိစ္စတွေ၊ စီးပွားရေးနိမ့်ကျသွားတဲ့ ကိစ္စတွေကို အကောင်း အဆိုး၊ အကြောင်းအကျိုးအမှန်ကို အမှန်အတိုင်း အားလုံး ဝေဖန်နိုင်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံမတည်ငြိမ်အောင် လုပ်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သမ္မတရုံး ပြောကြား

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါဆုံးအဖြစ် သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်အောင် လုပ်ဆောင်သူများကို ထိထိရောက် ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မက်ဒေါနယ် အစားအစာ မသန့်သည့်အရာများပါဝင်မှု ဂျပန်ဆိုင်ခွဲ တောင်းပန်

Photo: မက်ဒေါနယ် အစားအစာ မသန့်သည့်အရာများပါဝင်မှု ဂျပန်ဆိုင်ခွဲ တောင်းပန်
Thursday, January 8, 2015 

ဂျပန်နိုင်ငံ မက်ဒေါနယ်ဆိုင်တွေက ရောင်းချခဲ့တဲ့ အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပါဝင်ခဲ့တဲ့အတွက် ဂျပန်ဆိုင်ခွဲ ဒုဥက္ကဋ္ဌက မနေ့က တောင်းပန်ခဲ့ပါတယ်။

Employees work at a production line prior to a seizure at the Husi Food factory in Shanghai“ဆိုင်က ရောင်းချတဲ့အစားအစားတွေမှာ မသန့်ရှင်းတဲ့ အရာတွေ တွေ့ရှိခဲ့တဲ့အတွက် စားသုံးသူတွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ ပါတယ်။ အဲ့ဒါအတွက် အနူးအညွတ်တောင်းပန်ပါတယ်” လို့ ဒုဥက္ကဋ္ဌ Aoki က သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ မက်ဒေါနယ်အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့ အရာတွေ ၃ ကြိမ်တိတိတွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့တပတ်က ကြက်ကြော်ထဲမှာ ဗီနိုင်းစ၊ သြဂုတ်လက အာလုံးချောင်းကြော် ထဲမှာ လူသွားတချောင်း၊ ဒီဇင်ဘာလက ချောကလက်ရေခဲမုန့်ထဲမှာ  ပလတ်စတစ်စ တွေ့ရှိခဲ့တာပါ။

အာလူးကြော်ထဲမှာ လူသွားတချောင်း တွေ့ရှိခဲ့တဲ့ကိစ္စတုန်းကတော့ ဘယ်လို လုပ် လူသွားတချောင်း ပါလာခဲ့လဲဆိုတာ မသိရှိဘူးလို့ ဒုဥက္ကဋ္ဌက ပြောဆိုခဲ့ပြီး နောက် ဒီလိုမဖြစ်စေရဘူးလို့လည်း ပြောဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုကျိုမြို့ခံတဦးကတော့ ဒီအစားအစာတွေဟာ နဂို ကတည်းက ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အစားအစာတွေ မဟုတ်တဲ့ အတွက် မသန့်ရှင်းတဲ့အရာတွေ ပါပါနေတယ်ဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ပြောဆိုပါတယ်။

အရင်က တရုတ်ကုမ္ပဏီတွေကို ကုန်ကြမ်းလက်ခွဲပေးခဲ့လာတာကနေ ပြီးခဲ့တဲ့ နှစ်က မသန့်မရှင်းလုပ်တဲ့ပြဿနာတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ထိုင်းကုမ္ပဏီ ၃ ခုကို ပြောင်းလဲငှားရမ်းခဲ့ပြီး လူသွားတချောင်း တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီဗွီဘီ
ဂျပန်နိုင်ငံ မက်ဒေါနယ်ဆိုင်တွေက ရောင်းချခဲ့တဲ့ အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပါဝင်ခဲ့တဲ့ အတွက် ဂျပန်ဆိုင်ခွဲ ဒုဥက္ကဋ္ဌက မနေ့က တောင်းပန်ခဲ့ပါတယ်။

လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်

Photo: လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်
Thursday, January 8, 2015 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ပါဝင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်န၀ါရီ လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ညွှန့်ပေါင်း အစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့ အစည်းများက ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် မြန်မာပြည် MEITI ရုံးသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စာတင်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ဒု-၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကော်မတီအဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားသည်။

စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက“ကျွန်မတို့ ဖိတ်ကြားထားတဲ့သူတွေ အစိုးရ ဘက်ကလူတွေ ရှိတယ်။ သူတို့တွေမပါရင် ကျွန်မတို့ လည်းမတက်ဘူး။ သူတို့က တက်မယ်လုပ် ဖြစ်တယ် လို့ ဖုန်းဆက်ထားတယ်။ စာနဲ့တော့ တရားဝင် အကြောင်းမကြားသေးဘူး” ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲကို ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို စသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ကိုးဦး တက်ရောက်မည် ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ဒီလိုပွဲမဖြစ်ဘူးဆိုရင် EITI အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ ခက်ခဲသွားနိုင်တယ်။ လက်ပံတောင်းတောင်ကိစ္စပဲ ဦးစားပေးပြီး ပြုလုပ်သွားမှာပါ။ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ကို အဓိထား ဇောင်းပေးပြီး ဆွေးနွေး သွားမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ၏ အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသခံ ငါးဦးကိုလည်း ယင်း အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြား ထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ သည်။

Mizzima - News in Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ပါဝင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်န၀ါရီ လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဂျပန်နိုင်ငံက ကွန်ဒုံးစွတ် အစားအစာ

Photo: ဂျပန်နိုင်ငံက ကွန်ဒုံးစွတ် အစားအစာ
Thursday, January 8, 2015 

ဂျပန်တွေဆီက ပိုမိုထူးခြားတာ မရှိနိုင်တော့ဘူးလို့ မှတ်ချက်ချလိုက်တဲ့ အချိန်လေးမှာတင် ဒီအဖြစ်လေး ဖြစ်ပွားခဲ့တာပါ… ကွန်ဒုံးချက်ပြုတ်နည်း လမ်းညွန်(The Condom Cookbook) တဲ့။

ဒီစာအုပ်ကို Condom Meals I Want To Make For You လို့ အမည်ပေးထားပြီး အသားသွတ်ကွန်ဒုံး၊ ထောပတ်ချက် ခရုကွန်ဒုံး အပြင် အချိုပွဲအဖြစ် ကွန်ဒုံးကွတ်ကီး ကဲ့သို့သော အရသာရှိတဲ့ ကွန်ဒုံးအဓိက သုံးအညွန်း (၁၁) မျိုးပါဝင်ပါတယ်။ ဒီစာအုပ်အနေနဲ့ ကွန်ဒုံးရဲ့ အသုံးခံမှုကို ပြသဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ချက်ပြုတ်ခြင်းမှတဆင့် ကွန်ဒုံးပျံ့နှံ့မှုကို အထောက်အကူပြုကောင်းပြုနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

တစ်ဖက်ကို ပိုမိုထင်ရှားအောင်ဖော်ပြထားတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်… ဂျပန်အမျိုးသားတွေဟာ ကမ္ဘာမှာ ကွန်ဒုံးအသုံးပြုမှုမှာ တတိယအဆိုးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကာမဆက်ဆံရာမှာ ပိုမိုလုံခြုံမှုရှိစေ ဖို့ ဖန်တီးထားခြင်းလည်း ဖြစ်ပါတယ်တဲ့။

Trend Myanmar
ဂျပန်တွေဆီက ပိုမိုထူးခြားတာ မရှိနိုင်တော့ဘူးလို့ မှတ်ချက်ချလိုက်တဲ့ အချိန်လေးမှာတင် ဒီအဖြစ်လေး ဖြစ်ပွားခဲ့တာပါ… ကွန်ဒုံးချက်ပြုတ်နည်း လမ်းညွန်(The Condom Cookbook) တဲ့။

တစ်ကျော့ပြန် ဖုန်ကြားရှင် နောက်မှာ ဘယ်သူရှိမလဲ ?

နှစ်အတန်ကြာ ထွက်ပြေးတိမ်းရှောင်နေသော ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် အနေဖြင့် မကြာမီ ရက်ပိုင်းက အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု တရုတ်အစိုးရ၏ အာဘော် များအား မကြာခဏဖော်ပြ လေ့ရှိသည့် Global Times တရုတ်သတင်းစာနှင့် ပြုလုပ်သည့် Interview တစ်ခုတွင်ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံဒေသခံများ စားဝတ်နေရေး၊ လူနေမှုဘ၀များ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာ

Photo: မစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံဒေသခံများ စားဝတ်နေရေး၊ လူနေမှုဘ၀များ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာ
Thursday, January 8, 2015

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများ တစ်နှစ်ထက်တစ်နှစ် စားဝတ်နေရေး၊ လူမှုရေးဘဝများ ခက်ခဲလာပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးခေါင်းဆောင်သော အဖွဲ့ဝင်ခြောက်ဦးသည် ဒေသခံများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လက်ရှိအခြေအနေများကို လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသို့ ပြောင်းရွှေ့ခံကျေးရွာများမှ လူ ၂ဝ ကျော် တက်ရောက်ခဲ့ပြီး ရွှေ့ပြောင်းကျေးရွာများတွင် နေအိမ်၊ လမ်း၊ မီးတို့တွင် အဆင်ပြေသော်လည်း စိုက်ပျိုးမြေ မရှိခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြုရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်း၊ လျော်ကြေးငွေများ ပြည့်စုံအောင်မရရှိခြင်း၊ ၁ဝ မိုင်ခန့်ကွာဝေးသော ကျေးရွာဟောင်းများမြေတွင် သွားရောက်လုပ်ကိုင် စားသောက်ရခြင်း၊ ပြောင်းရွှေ့ကျေးရွာ အားလုံးတွင် သင်္ချိုင်းမြေများ မရှိခြင်း၊ ကျေးရွာစားကျက်မြေများ မရှိခြင်း၊ ရပ်ဝေးဒေသများတွင်သာ စီးပွားရှာဖွေရေး သွားရောက်လုပ်ကိုင်ကြသောကြောင့် လူမနေသောအိမ်များ တစ်နှစ်ထက်တစ်နှစ် များလာခြင်း၊ ဝင်ငွေရှိသော အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း စသည်တို့ကြောင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းစေလိုကြောင်း ဆွေးနွေးခဲ့ကြသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာမှ ဦးမြအေးက “ ကျွန်တော်တို့ ၈၈ အဖွဲ့အစည်းအနေနဲ့ ပြတ်သားတဲ့မူဝါဒ ချမှတ်ထားတာ ရှိပါတယ်။ ဘယ်နည်းနဲ့မှ မြစ်ဆုံရေကာတာ စီမံကိန်းကိုဆက်ပြီး လုပ်ခွင့်မပေးနိုင်ဘူး။ အပြီးတိုင်ဖျက်သိမ်းရေးဟာ ကျွန်တော်တို့မူပါ။ ယနေ့အထိ ပြောင်းလဲခြင်း မရှိသေးပါဘူး။ CPI ကုမ္ပဏီက သက်ဆိုင်ရာတွေနဲ့တွေ့ပြီး ကျွန်တော်တို့ရပ်တည်ချက်ကို ပြတ်ပြတ်သားပြောခဲ့ပါပြီ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ပေါ်ထွန်းရာ ပင်မမြစ်ဖြစ်သလို မြစ်ဆုံဒေသဟာ ကချင်လူမျိုးများ၏ အမွေအနှစ်ဖြစ်တယ်။ ဒါကြောင့် ရေကာတာကြီးဆောက်ပြီး ဘယ်လောက်ဝင်ငွေရရ ကျွန်တော်တို့ လက်မခံနိုင်ဘူးဆိုတာကို ပြောပြပါတယ်” ဟု ပြောကြားသည်။

ပြောင်းရွှေ့ခံ မလိယန်ကျေးရွာမှ ရွာသားများက “ကျွန်တော်တို့ မီး၊ လမ်း၊ နေအိမ် အဆင်ပြေတယ်။ ငွေရတဲ့ အလုပ်တစ်ခုမှ ဒီရွာမှာမရှိဘူး။ ရွှေ့ပြောင်းရွာတိုင်း သင်္ချိုင်း၊ အားကစားကွင်း မရှိဘူး။ စိုက်ပျိုးရေးသွားလုပ်ရတာ ရွာနဲ့ ၁ဝ မိုင်ကျော်မှာရှိတယ်။ ဖော်ပေးတဲ့ လယ်မြေတွေကလည်း စိုက်ပျိုးလို့မကောင်းတဲ့ သူများပိုင်မြေတွေပါ။ ကျွန်တော်တို့ ပြောင်းလာခဲ့တဲ့ နေရာဆိုရင် လုပ်ငန်းဖော်ဆောင်တဲ့ နေရာဖြစ်လို့ ပြန်ပြီး လုပ်စားလို့ မရတော့ပါဘူး။ လျော်ကြေးလည်း ဝါးတစ်ရုံလုံးမှ ကျပ် ၅ဝဝဝ ပဲပေးတယ်။ နှစ်ရှည်ပင်တွေ အများစုအတွက်လည်း လျော်ကြေးမရဘူး။ အခုတော့ စီမံကိန်းဒုက္ခသည်တွေ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ အခုပြောနေတာ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ အသနားခံနေတာပါ” ဟုဆိုသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ  ဦးမြအေးက “ကျွန်တော်တို့ ဒီကိုရောက်လာရ တဲ့ အကြောင်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေကို ရပ်ဆိုင်းအောင် လုပ်ဆောင်တဲ့နေရာမှာ တိုင်းရင်းသားတွေအားလုံး လွတ်လွတ်လပ်လပ် ပါဝင်နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်စီရင်နိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီး ပေါ်ပေါက်ရေးကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနေတဲ့ ကိစ္စမှာ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် စီးပိုးမှုမရှိအောင် မျှမျှတတဖြစ်ပေါ်ပြီး တိုင်းရင်းသား အခွင့်အရေးတွေကို တကယ်ဖော်ဆောင်နိုင်တဲ့၊ နိုင်ငံရေးအရ အနှစ်သာရပြည်ဝတဲ့ ဖြစ်ပေါ်နိုင်ရေးအတွက် ဒေသခံများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉ဝ၄ စု၊ လူဦးရေ ၁ဝ၅ဝ၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြရသည်။ အောင်မြင်သာ ကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂ဝ၇၅ ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂ဝ စု လူဦးရေ ၅ဝဝ ကျော်ရှိပြီး အများစုမှာ ဝမ်းစာရှာဖွေရန် အခက်အခဲတွေ့လျက် ရှိသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်။ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်းစက်တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၂ဝဝဝဝ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ဘီလျံ ၁ဝဝ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ ၂ဝ၁ဝ ပြည့်နှစ် မေလ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ မေခ-မလိခ နှင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။

မြစ်ဆုံဆည်ရေကာတာ စီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက်တင်ဘာ ၃ဝ ရက်တွင် သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တန်ဖဲရွာကို တွေ့ရစဉ်
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တန်ဖဲရွာကို တွေ့ရစဉ်
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများ တစ်နှစ်ထက်တစ်နှစ် စားဝတ်နေရေး၊ လူမှုရေးဘဝများ ခက်ခဲလာပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ

Photo: ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ
Thursday, January 8, 2015

ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ်သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif တို့ဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ထဲက တယောက်ရဲ့ ID ကို ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုလုပ်အပြီး စွန့်ပစ်သွားတဲ့ ကားအတွင်းကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Kouachi တို့ ညီအကိုဟာ ပဲရစ်မြို့မှာ နေထိုင်သူတွေဖြစ်ပြီး Mourad ကတော့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims က ဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးဟာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လူ ၁၂ ဦး သေဆုံးပြီး ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ Charlie Hebdo အပတ်စဉ်ထုတ် သရော်စာစောင် မဂ္ဂဇင်းဟာ မကြာခန ဆိုသလို မူဆလင် အစွန်းရောက်ဝါဒီတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်ပြောင်ကာတွန်းတွေ ထည့်သွင်းဖော်ပြလေ့ ရှိပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူ သေနတ်သမားတွေဟာ မဂ္ဂဇင်းရဲ့ အယ်ဒီတာအစည်းအဝေး ပြုလုပ်နေစဉ် အဆောက်အဦးအတွင်းကို ၀င်ရောက်လာပြီး ဘုရားသခင်ဟာ ကြီးမြတ်တယ်ဆိုတဲ့ အာရပ်ဘာသာစကားကို ကြွေးကြော်ပြီး သတင်းခန်းအတွင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့ဟာ ပြင်သစ်ဘာသာစကားကို ကောင်းကောင်း ပြောနိုင်ကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ၀မ်းနည်းကြောင်း ပြောဆိုကြသလို၊ ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုမျိုးကြောင့် ကျန်တဲ့ တကမ္ဘာလုံးကို စည်းရုံးတဲ့အား ဖြစ်စေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ ပြင်သစ်နိုင်ငံအတွင်းက မူဆလင် အဖွဲ့အစည်းတွေကလည်း တိုက်ခိုက်မှုအပေါ် ရှုံ့ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း လွတ်လပ်စွာထုတ်ဖော် ခွင့်နဲ့ လွတ်လပ်စွာ တင်ပြရေးသားခွင့် ဆိုတာဟာ စံထားရမယ့် အရာတွေဖြစ် တယ်လို့ ပြောပါတယ်။ တကမ္ဘာလုံးက စံထားရတဲ့ အရာတွေဖြစ်တယ်၊ ဒါကို တိုက်ခိုက်လို့ရပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်လို့တော့မရဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာတခွင်မှာရှိတဲ့ လူကောင်းသူကောင်းတွေက အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုကို ဘယ်တော့မှ လက်မခံလို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်
သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်
ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ် သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ

Photo: ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ
Thursday, January 8, 2015

မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေးအရ ကာ ကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

‘‘ဗဟုသုတနည်းတော့ စီးပွား ရေးအရ ကာကွယ်မှုကို ဒီနည်းသုံးကြတာပါ’’ဟု ၎င်းက ပြောသည်။

စိုက်ခင်းများနှင့် ငါးကန်များ တွင် လက်လုပ်မြေမြှုပ်မိုင်းအသုံး ပြုသောဒေသ များအနက် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများ၌ အများစုဖြစ် သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ၂၀၁၄ ကစတင်ကာ ပိုအသုံးများလာသည်။

လက်လုပ်မြေမြှုပ်မိုင်းများ အသုံးပြုရခြင်းမှာ မွေးမြူစိုက်ပျိုးထားသော ငါးများ ခိုးဖမ်းခြင်း၊ သီးနှံခိုးရိတ်ခြင်းကို ကာကွယ်ရန် လွဲမှားစွာအသုံးပြုခြင်း ဖြစ်သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ငါး ကန်ပေါင်များ၊ စိုက်ပျိုး ထားသည့် ကန်သင်းရိုး များတွင် ထောင်ထားခြင်းဖြင့် ခိုးယူမှုရန်ကို ကာကွယ်ကြခြင်း ဖြစ်သည်။

လက်လုပ်မြေမြှုပ်မိုင်းတစ် လုံး၏ တန်ကြေးမှာ ဘတ်ငါးရာ (ကျပ်ငွေ ၁၅၀,၀၀၀ ခန့်)သာဈေး ရှိပြီး နယ် စပ်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ လက်လုပ်မြေ မြှုပ်မိုင်းများမှာ စီးကရက်ဘူးခွံအရွယ်သာရှိပြီး အတွင်း၌ ကျောက် စရစ်ခဲများ၊ သံတိုသံစများနှင့် တီအမ်တီယမ်းပျော့တို့ ထည့်သွင်း ဖောက်ခွဲခြင်း ဖြစ် သည်။ အဆိုပါ မိုင်းထိသူသည် သေဆုံးခြင်းထက် ခြေထောက်များဖြတ်ပစ် ရသည့် ဒုက္ခိတမျိုးသာအဖြစ် များကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်း သူများအသင်းမှ မန်နေဂျင်းဒါ ရိုက်တာ ဦးအေးကိုကိုက ပြော ကြားသည်။

လက်ရှိမြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းအသင်းတွင် အ သင်းဝင်ပေါင်း ၇,၀၀၀ ကျော်ရှိပြီးမြေမြှုပ်မိုင်းကြောင့် ကိုယ်အင်္ဂါမ သန်စွမ်း သူ ၂,၀၀၀ ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ် အခတ် ရပ်စဲရေး ဆောင်ရွက်ထားသော်လည်း မြေမြှုပ်မိုင်းရှာဖွေဖော်ထုတ်ရေးကို ဒေသအများစုတွင် မလုပ်ကိုင်နိုင်သေးပေ။ မြန် မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှာဖွေ ဖော်ထုတ်ရာ၌ အဓိက စိန်ခေါ် မှုမှာ မြေမြှုပ်မိုင်းမြေပုံရေးဆွဲနိုင် ခြင်းဖြစ်သည်ဟု Norwegian Peoples Aid မှ ပရိုဂရမ်မန်နေဂျာမြေမြှုပ်မိုင်း ပညာရှင် Aksel Steen-Nilsen က ပြောကြားထားသည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများသည် အချိန်ကြာမြင့် စွာ လုပ်ကိုင်ရပြီး ရှင်းလင်းသူတစ်ဦးအတွက် ဘတ်ဂျက်ကုန်ကျစရိတ်မှာ အစတွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်ကုန်ကျ နိုင်သည်။ ယင်းတွင်မြေမြှုပ် မိုင်းဒဏ်ခံအ၀တ်အစားများနှင့် ရှာဖွေရေးကိရိယာများ၊ သင်တန်းစရိတ်များပါဝင်သည်။ လုပ်ငန်းလုပ်ကိုင်ပါ က တစ်ဦးလျှင် တစ်လဒေါ်လာ ၃၀၀ ခန့် သုံးစွဲရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှိသည့် မြို့နယ် ၅၀ ခန့် သတ်မှတ်ထားပြီး ကယားပြည်နယ်၌ မြို့ နယ် ခုနစ်ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်ခု၊ ကချင်ပြည်နယ်တွင် မြို့နယ်ခြောက်ခု၊ မွန်ပြည်နယ်တွင် မြို့နယ် ခြောက် ခု၊ ပဲခူးတိုင်းတွင် မြို့နယ်လေးခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၁၂ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ငါးခုနှင့် ချင်းပြည်နယ်တို့ပါဝင်သည်။မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း
ကြောင့် ထိခိုက်ဒဏ်ရာရမှုများကို ၁၉၉၉ မှ စတင်စာရင်းကောက်ရာ ၂၀၁၂ ထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာ ရသူ ၂,၈၁၉ ဦးရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများစောင့်ကြည့်
လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြသည်။

7Day DAILY
မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေး အရ ကာကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

အရပ်ဘက်လူငယ်အဖွဲ့များ UPWC နှင့် တွေ့ရန် အကြိုဆွေးနွေးပွဲကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တွေ့ဆုံရန် အရပ်ဘက် လူငယ် အဖွဲ့အစည်းများ၏ အကြိုနှီးနှောဖလှယ် ပွဲကို ဇန်န၀ါရီလ ၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

NCCT၏ အစည်းအဝေး ဇန်န၀ါရီဒုတိယပတ်တွင် ကျင်းပမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၏ အစည်းအဝေးကို ဇန်န၀ါရီ ဒုတိယ ပတ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်းအဆိုပါအဖွဲ့ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းကပြောသည်။

ကချင်ပြည်နယ် သစ်ခိုးဂိုဏ်းဖမ်းဆီးမှု ငါးနှစ်အတွင်း အကြီးမားဆုံးဟုဆို

Photo: ကချင်ပြည်နယ် သစ်ခိုးဂိုဏ်းဖမ်းဆီးမှု ငါးနှစ်အတွင်း အကြီးမားဆုံးဟုဆို
Thursday, January 8, 2015

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားဦးရေနှင့် သစ်ထုတ်ကားစီးရေ အမြောက်အမြားပါဝင်သည့် သစ်ခိုးထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်းသည် ငါးနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေးဌာန
ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။

“ဂိုဏ်းအဖွဲ့လို့ ပြောရမှာပေါ့။ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ အကြီးမားဆုံး ဖမ်းဆီးမှုပေါ့။ ဒါကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကနေ ဦးစီးပြီးတော့ ဖမ်းဆီးတာ”ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်သည် လေကြောင်းသတင်း စံစမ်းမှုများပြုလုပ်ပြီးမှ ဇန်န၀ါရီ ၂ ရက်တွင် စတင်ပြီး နယ်မြေ ရှင်းလင်းကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။ တပ်မတော်စစ်ကြောင်းသည် ဇန်န၀ါရီ ၄ ရက် မှ စတင်ပြီး သစ်တောဦးစီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ အပါအဝင် ဗျူဟာနှစ်မျိုးဖြင့် ရှာဖွေဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်တလော သုံးရက်အတွင်း ၁၀ ဘီးကား သစ်တင်ယာဉ် ၄၅၅ စီး၊ ဘက်ဟိုး ခြောက်စီး၊ ပါဂျဲရိုး လေးစီး၊ ဒေါင်ဖန်းယာဉ် ငါးစီး၊ ခြောက်ဘီးယာဉ် သုံးစီး၊ ကရိန်းယာဉ် ခြောက်စီး၊ ပီကင်းဂျက်လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး စုစုပေါင်း ၄၈၈ စီးကို ဖမ်းဆီးရရှိထားသည်ဟု တပ်မတော်၏ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိချိန်တွင် သစ်မျိုးစုံ အလုံးမှာ ၅၂၁ လုံးနှင့် ၁၀ ဘီးကားဖြင့် သစ်လုံးများ တင်ဆောင်ထား သည့် ၁၄ စီး ဖမ်းဆီးထားပြီး အဆိုပါနယ်မြေများတွင် တပ်မတော်စစ်ကြောင်းက ထပ်မံရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“အခြားနိုင်ငံသားဆိုတာ အများစုက တရုတ်နိုင်ငံသားတွေပဲ များတယ်။ မြန်မာအလုပ်သမားတွေလည်း ပါတယ်။ စာရင်း အတိအကျတော့ မရသေးဘူး။တောထဲမှာ ပဲရှိသေးတယ်”ဟု ဦးပြည့်စုံမျိုးကပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံသား လေးဦး၊ အမျိုးသမီး ၁၆ ဦးနှင့် တရုတ်နိုင်ငံသား ၁၂၁ ဦး၊ အမျိုးသမီး ငါးဦး အပါအ၀င် စုစုပေါင်း ၁၄၆ ဦးဖမ်းမိထားပြီး သစ်တောဥပဒေနှင့် လဝက ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်။

အထက်ပါသစ်ခိုးထုတ်မှုဂိုဏ်း ဖမ်းဆီးမိရာတွင် KIA ကချင်အဖွဲ့ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချူပ်အဆင့်ရှိ ဇောဘုတ်ထန်းမှ လက်မှတ်ရေးထိုး ထားပြီး သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာရွက်စာတမ်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းဦးစီပြီး လက်ရှိ သစ်ခိုးထုတ်မှုများကို ကချင်ပြည်နယ်ရှိ ၀ိုင်းမော်မြို့နယ်၊ မန်ဝိန်း၊ မန်တောင်၊ လောခွန်ယန်ဒေသ၊ ၀ါရှောင်၊ ဆီနီကူး၊ ဆဒုံးဒေသများက ဖမ်းဆီးရရှိခြင်းဖြစ်ပြီး ဆက်လက် ရှာဖွေမှု ပြုလုပ်လျက်ရှိပြီး မည်သည့်အချိန်ထိ ဆောင်ရွက်မည်ကို လတ်တလောတွင် ပြောဆိုင်နိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။

“သစ်လုံးတွေကို ဖမ်းဆီးရမိသည့် ကားတွေနဲ့ပဲ ပြန်သယ်ယူဖို့လုပ်နေတယ်။ မြန်မာ သစ်လုပ်ငန်းကတော့ ကားတွေမောင်းသယ်ဖို့အတွက် ယာဉ်မောင်းတွေ စုထားတယ်” ဟု ညွှန်ကြားရေးမှူး ပြည်စုံမျိုးက ပြောသည်။

နယ်မြေရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည့်အတွက် လက်တလော ဖမ်းဆီးရရှိမိသည့် စာရင်းများသည် တည်ငြိမ်မှုမရှိသလို ထပ်မံတိုးပွားလာနိုင်သည့်ဟု ၎င်းက ပြောသည်။

သစ်တောဦးစီးဌာန၏ စာရင်းများအရ အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ တရားမ၀င် သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၄၀,၀၀၀ ကျော်နှင့် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၃၄ ဦး နှင့် မြန်မာနိုင်ငံသား ၂၃,၁၇၅ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ထိုအပြင် လက်နက်များ အပါအဝင် သစ်ခိုးထုတ်ကား စုစုပေါင်း ၃,၅၀၀ ကျော်နှင့် အခြားဆက်စပ်ပစ္စည်း အများအပြား ဖမ်းဆီးရရှိမိခဲ့ သည်ဟု ဆိုသည်။

Mizzima - News in Burmese
ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားဦးရေနှင့် သစ်ထုတ်ကားစီးရေ အမြောက်အမြားပါဝင်သည့် သစ်ခိုး ထုတ် ဂိုဏ်းကို ဖမ်းဆီးနိုင်ခြင်းသည် ငါးနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်သည်ဟု သစ်တော ဦးစီဌာန စစ်ဆေးရေးဌာနညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။

အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ

Photo: အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ
Thursday, January 8, 2015

အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့်တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

မြန်မာ့သစ်လုံးများ ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းပြီး တစ်လအကြာတွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ပါဝင်နေသော မြန်မာ့သစ်များတင်သွင်းရန် ခွင့်ပြုသည့် တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိကန်အစိုးရက အမေရိကန်သစ်ကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သည်။

‘‘ဒီဘဏ္ဍာရေးနှစ်အတွင်း ကွန်တိန်နာ ၂၅ လုံးတင်ပို့ဖို့ရှိပါ တယ်။ အရွယ်အစားကြီးတဲ့ ခွဲ သားတွေပို့ရမှာပါ’’ဟု အဆိုပါအ သင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာတစ်လုံး လျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်သည့် ကွန်တိန်နာ ၂၅ လုံးတင်ပို့မည်ဟု သတင်းရရှိသည်။

မြန်မာ့သစ်များ အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ခွင့်ပြု စဉ် နှစ်လအတွင်း အမေရိကန်နိုင်ငံက မှာယူမှုသည် ဥရောပနိုင်ငံ များ၏ ၀ယ်လိုအားကို မမီခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသိုင်း အ၀ိုင်းက ဆိုသည်။

မြန်မာ့သစ်များပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် အခြားနိုင် ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်းပေးသည့်အပြင် မည် သည့်သစ်ထောက်ခံချက်မျှမလို ဘဲ အမေရိကန်နိုင်ငံက ပြဋ္ဌာန်း ထားသည့် Lacey Act ဥပဒေအရ ကိုက်ညီရမည်ဟု ဆိုသဖြင့် စိတ် ၀င်စားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပြ ဋ္ဌာန်းထားသည့် Lacey Act ဥပဒေသည် ၎င်းနိုင်ငံသို့ တင်သွင်းလာ မည့် သစ်သည် တရားဥပဒေနှင့် ကိုက်ညီသောသစ်ဖြစ်ရမည်။ သ ဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိစွာ ထုတ်လုပ်ထားသော သစ် ဖြစ်ရမည်။ လူ့အခွင့်အရေးလေး စားလိုက်နာရမည်။ လာဘ်ပေး လာဘ်ယူမှုကင်းရမည်။ စီးပွား ရေးအရ တာဝန်ယူမှုရှိရမည် ဖြစ်သည်။

အမေရိကန်က ခွင့်ပြုလိုက် သည့် နိုင်ငံအတွင်း မြန်မာ့သစ် တင်သွင်းခွင့် တစ်နှစ်သက်တမ်း သည် အမေရိကန်အစိုးရက မြန် မာ့သစ်များ ထာဝရခွင့်ပြုလိုက် သည်မဟုတ်ဘဲ ယာယီစောင့် ကြည့်သည့် သဘောသာဖြစ်သော ကြောင့် ကျေနပ်အားရမှုမရှိကြောင်းသစ်လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသစ် အချောထည်နှင့် ခွဲသားလုပ်ငန်း တွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့နိုင်သော လုပ်ငန်းရှင် မှာ ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်မှာ နှစ်ဦးနှင့် သုံးဦးကြားသာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများအရ သိရှိရသည်။

7Day DAILY
အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့် တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ

Photo: ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ
Thursday, January 8, 2015

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းသည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး လူ့အခွင့် အရေး အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်သည်။

တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ ထောင်အခြေအနေက ဦးရေနဲ့ အဆောက်အဦး မဆန့်တဲ့အပြင် ၁၉၉၀၊ ၁၉၈၈ လောက်ထက် စာရင်သာ နည်းနည်းတိုးတက် ပေမယ့် ယန်ဟီးလီတို့ သွားတာနဲ့ အရင်အတိုင်းပြန်ပြီး ဖြစ်တာပါပဲ" ဟု ဆိုသည်။

အင်းစိန်ထောင်မှ နိုင်ကျဉ်းများနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီ မှ ၆ နာရီ ၁၅ အထိ လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်း များစိစစ်ရေး အဖွဲ့ဝင်များဖြစ်ခဲ့ သည့် ဦးရဲအောင်၊ ဦးကိုကိုကြီး၊ ဦးသူရ (ဇာဂနာ) တို့နှင့် ကုလသမဂ္ဂရုံး (မင်္ဂလာ တောင်ညွှန့်) တွင် တွေ့ဆုံခဲ့သည်။

ဦးရဲအောင်က "အရင် နိုင်စစ်အဖွဲ့ဝင်တွေဖြစ်လို့ တွေ့တာပါ နိုင်ကျဉ်း ဘယ် လောက် ရှိနေလဲ ဆိုတာကိုမေးတာပါပဲ တစ်ခြားဘာကြောင့် နိုင်ကျဉ်းတွေ ဆက်ရှိနေတာတို့ဘာတို့ကိုတော့ မမေးပါဘူး၊ မဆွေးနွေးဖြစ်ဘူး" ဟု ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက် လက်ရှိအချိန်ထိ နိုင်ကျဉ်း ၈၂ဦးနှင့် တရားရင်ဆိုင်နေရသူ တက်ကြွလှုပ်ရှားသူ ၂၀၀ခန့် ရှိနေသေးကြောင်း ယန်ဟီးလီကို တင်ပြခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီလီးသည် ဇန်နဝါရီ ၇ရက်မှ ၁၆ရက်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ရှေးရှုပြီး ဒေသဖွံဖြိုးရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံသွားမည်အပြင် ရှမ်းမြောက်ပိုင်းရှိ လူ့အခွင့် အရေး အခြေအနေများကို လေ့လာမည်ဟု ကုလသမဂ္ဂက ထုတ်ပြန် ထားသည်။

Mizzima - News in Burmese
ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မုံရွာမြို့တွင် ခွင့်ပြုချက်ရ ယူပြီး ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်နှင့် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ရည် ရွယ်ချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့်အထိ မုံရွာမြို့၌ သံဃာအချို့အပါအဝင် အင်အား ၂၅ဝ ခန့် စုဝေးခဲ့ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အစိုးရ သတိရှိသင့်တယ်

အမေရိကန်က သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကိုရောက်ပြီး သမ္မတကြီး နဲ့ တွေ့ခဲ့တယ်လို့ အင်တာနက်မှာ ဖတ်လိုက် ရတယ်။ ပြန်သတိရ မိတယ်၊ ၈၈ အရေးတော်ပုံကာလတုန်းက ကျွန်တော်ရယ်၊ ညိုအုန်းမြင့်ရယ်၊ မိုးသီးဇွန် ရယ်၊ ကျော်သူ ရယ်ပေါ့။ ကျော်သူက မင်းသားကိုပြောတာ မဟုတ် ဘူး ဒေါက်တာကျော်သူ၊ Save the Children ကျော်သူပေါ့။ နောက်ပိုင်း လူတွေကွဲသွားတော့ ကျွန်တော်က ဘန်ကောက်မှာ၊ မိုးသီးဇွန်က US မှာ၊ ညိုအုန်းမြင့်က MPC မှာတဲ့၊ ကျော်သူကတော့ Save the Children ခေါင်းစဉ်နဲ့ George Soros ရဲ့ Rep: ပေါ့။ အင်းလေ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုကိုယ် လျှောက်ကြတာပဲ၊ ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေကလည်းများပြီ၊ အမှန်တရားကိုလည်း ရှာဖွေတွေ့ပြီလို့ မုဒိတာပွားကြည့် မိတယ်..

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်


တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။