Tuesday 20 January 2015

အစ္စရေးနှင့် ပါလက်စတိုင်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အစ္စရေးနှင့် ပါလက်စတိုင်း၏ အနောက်ဖက် ကမ်းခြေသို့ သွားရောက် မည့် သုံးရက်ကြာ ခရီးစဉ်၏ အစ အဖြစ်ဇန်နဝါရီ ၁၈ ရက်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံစီးပွားဆက်ဆံ မှုမြှင့်တင်နိုင် မည့်အခွင့် အလမ်းတစ်ခုအဖြစ် အစ္စရေး ကကြို ဆိုခဲ့သည်။

ခရီးသွား လုပ်ငန်းအခြေခံ အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်

Photo: ခရီးသွား လုပ်ငန်းအခြေခံ အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်
Tuesday, January 20, 2015

ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရီးသွားလုပ်ငန်း အခြေခံ အသေး စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဒေသများတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ILO နှင့် နယ်သာလန်နိုင်ငံအစိုးရ အကူအညီများဖြင့် ခရီးသွားလုပ်ငန်းအခြေခံ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် ၂ဝ၁၅ မှ ၂ဝ၁၇ ခုနှစ်အထိ သုံးနှစ်ကြာ ခရီး သွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဒေသများရှိသည့် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထောက်ပံ့သွား ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်အတွင်း ဆောင်ရွက် မည် ဖြစ်သည်။

ကယားပြည်နယ်တွင် နယ်သာလန် နိုင်ငံအကူအညီဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ဆောင်ရွက်နေ ကာ ၂ဝ၁၇ အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင် မိသားစု ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အိမ်တွင်းလက်မှု ပစ္စည်းထုတ်လုပ်မှုများကို ဈေးကွက်ရရှိရေး၊ အရည်အသွေး ပိုမိုမြင့်မားလာရေးတို့ အတွက် နည်းပညာဆိုင်ရာ အထောက် အပံ့များ ပေးသွားမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အမှတ်တရပစ္စည်း ထုတ်လုပ်မှုများ၊ ခရီးသည်များ အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက် ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ တိုး တက်လာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာကာ အကူအညီများ ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂ဝ၁၃ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၂၃,၅ဝဝ ရှိပြီး စုစုပေါင်း အလုပ်အကိုင်၏ သုံးရာခိုင်နှုန်း အထိရှိကာ ၂ဝ၁၄ ခုနှစ်တွင် စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာ ခိုင်နှုန်းအထိ မြင့်တက်လာကာ အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၇၇,၅ဝဝ ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ကရင်၊ ကယားနှင့် ဧရာဝတီတိုင်းဒေသများတွင် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည် ဖြစ်သည် ။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ကရင်၊ ကယားနှင့် ဧရာဝတီတိုင်းဒေသများတွင် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည် ဖြစ်သည်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရီးသွားလုပ်ငန်း အခြေခံအသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘဏ္ဍာနှစ် ကိုးလကျော်တွင် ပဲမျိုးစုံ တန်ချိန် ကိုးသိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း ၆၉၀ ကျော်ရရှိထား

Photo: ဘဏ္ဍာနှစ် ကိုးလကျော်တွင် ပဲမျိုးစုံ တန်ချိန် ကိုးသိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း ၆၉၀ ကျော်ရရှိထား
Tuesday, January 20, 2015

ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ကိုးလကျော် ကာလတွင် ပဲမျိုးစုံတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အောက် တန်ချိန် တစ်သိန်းကျော် ကျဆင်းနေသော်လည်း ပို့ကုန်ရငွေအားဖြင့် ပိုမိုရရှိထားသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချရမှု လျော့နည်းနေသော်လည်း တင်ပို့ရောင်းချငွေပမာဏမှာ ပိုမိုရရှိနေသည်။

ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ထားနိုင်သဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၃ဝ,ဝဝဝ ကျော် ကျဆင်းနေသည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

''ဒီနှစ်က တင်ပို့မှုကျဆင်းသွားပေမယ့် ပဲဈေးတွေက အရမ်းကောင်းတော့ ပြီးခဲ့တဲ့ အလားတူကာလထက် ရငွေက ပိုရထားတယ်။ လက်ရှိအနေအထားအရ ဘဏ္ဍာနှစ်ကုန်သွားလည်း တင်ပို့မှုက အရင်နှစ်ထက် နည်းသွားမှာပါ''ဟု ၎င်းက ပြောသည်။

၎င်းတင်ပို့မှုများအရ ပို့ကုန်ရငွေပမာဏသည် ကန်ဒေါ်လာ သန်း ၆၉ဝ ကျော် ရရှိ ထားကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် အလားတူ ကာလထက် ဒေါ်လာ လေးသန်းကျော် ပိုမိုရရှိထားသည်ဟု ဆိုသည်။

၂ဝ၁၃-၁၄ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန် ၉၉ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ပို့ကုန်ရငွေသည် ကန်ဒေါ်လာ ၆၈၆ သန်းကျော်သာ ရရှိ ထားခဲ့သည်ဟု ဆိုသည်။

ပြည်ပဈေးကွက်က ပေးဝယ်နေသော ဇန်နဝါရီ ၁၉ ရက်  FOB ပဲဈေးနှုန်းများသည် မတ်ပဲ (၂ဝ၁၄ သီးနှံ) FAQ အရည်အသွေး တစ်တန်ကို ကန်ဒေါ်လာ ၈၆ဝ နှင့် ၈၉ဝ အကြား ဈေးဖြစ်ကာ အရည်အသွေးမြင့် (SQ) တစ်တန်ကို ကန်ဒေါ်လာ ၉၄ဝ နှင့် ၉၇ဝ ကြားအထိ ရရှိနေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ကုန် ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် FOB  ဈေးနှုန်းများထက် တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော် ပိုမိုရရှိနေခြင်း ဖြစ်သည်။

ပဲစင်းငုံဈေးနှုန်းများမှာလည်း FOB ဈေးနှုန်းအရ ၂ဝ၁၄ သီးနှံ ပဲစင်းငုံအနီ တစ်တန်ကို ကန် ၇၇၅ ဒေါ်လာမှ ၈ဝ၅ ဒေါ်လာကြား ဈေးများ ရှိနေရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် နှစ်ကုန်ပိုင်းဈေးနှုန်းများသည် ကန်ဒေါ်လာ ၂ဝဝ ကျော် ပိုမိုရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုသည် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် မက်ထရစ် တန်ချိန် ၁၄ သိန်းကျော်ရှိကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာ နှစ် ကုန်ဆုံးရန် သုံးလသာ ကျန်ရှိတော့ သော်လည်း တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ထားနိုင်ခြင်း ဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ စတင်ကာ လေရောင်းလေဝယ်စနစ်ဖြင့် အရောင်း အဝယ်ဆောင်ရွက်ခြင်းကို ကာကွယ်တား ဆီးရန် ဘဏ်တွင် ငွေကြိုတင်အာမခံထား ကာ ရောင်းဝယ်သည့်စနစ်ကို စတင်ကျင့် သုံးဆောင်ရွက်ခဲ့သည်။

လေရောင်းလေဝယ်စနစ်ကြောင့် ပဲ ဈေးကွက်တွင် ငွေကြေးအရှုပ်အရှင်းများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

Mizzima - News in Burmese 

ရွှေပြည်သာစက်မှုဇုန်ရှိ ပဲသန့်စင် စက်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရွှေပြည်သာစက်မှုဇုန်ရှိ ပဲသန့်စင် စက်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ကိုးလကျော် ကာလတွင် ပဲမျိုးစုံတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အောက် တန်ချိန် တစ်သိန်းကျော် ကျဆင်းနေသော်လည်း ပို့ကုန်ရငွေအားဖြင့် ပိုမိုရရှိထားသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောသည်။

အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေ

Photo: အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေ
Tuesday, January 20, 2015

ရန်ကုန်၊ ဇန်နဝါရီ ၁၉- မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် များ အောင်မြင်စေရေးအတွက် အများပြည်သူသိခွင့်သိလမ်းဆိုင်ရာဥပဒေ တစ်ရပ်ပေါ်ထွက်လာရန် လိုအပ်နေ ကြောင်း လွှတ်တော်စောင့်ကြည့်လေ့ လာအစီရင်ခံစာများထုတ်ပြန်နေသော ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှပြောကြားလိုက်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အနေဖြင့် ဇန်နဝါရီ၁၉ရက်တွင် မြန်မာနိုင်ငံ သားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် က''နိုင်ငံရဲ့အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေအောင်မြင်ဖို့အတွက် သိခွင့် သိလမ်းဥပဒေပေါ်လာဖို့ လိုတယ်။ ဒီဥပဒေရှိမှ အစိုးရရဲ့ ပွင့်လင်းမြင်သာ မှုကိုမြင်နိုင်တယ်။ အဲလိုပွင့်လင်းမြင် သာမှုကိုမြင်နိုင်မှ လက်ရှိဖြစ်ပေါ်နေ တဲ့နိုင်ငံရေးအခက်အခဲတွေကျွတ် ငြိမ်းနိုင်မယ်''ဟု ပြောသည်။

ထို့ပြင် ထိုဥပဒေကိုရေးဆွဲအ တည်ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏နိုင်ငံ ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်လည်း အရေးကြီးကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း ပွင့်လင်း အစိုးရမိတ်ဖက်အဖွဲ့သို့ဝင်ရောက်ရန် ရည်ရွယ် ထားသည့်အတွက် သိ ခွင့်သိလမ်းဥပဒေသည် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထိုဥပဒေရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

OMI အကြံပေးဦးကိုကိုကြီးက ''အစိုးရအနေနဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဆိုတာမျိုးတွေကို ဘယ်လောက် ကြာအောင်လျှို့ဝှက်ထားမှာလဲ။ တစ် သက်လုံးလား၊ ပြည်သူတွေအနေနဲ့ ဒါကို သိခွင့်မရှိတော့ဘူးလား။ မလိုအပ်ဘဲ သိမ်းဆည်းရင် ပြည်သူအနေ နဲ့အခွင့်အရေးဆုံးရှုံးမယ်။ လိုအပ် ချက်အရလျှို့ဝှက်ဥပဒေရှိသလို အခွင့် အရေးအရလဲ သိခွင့်သိလမ်းရှိရမယ်။ ဒီနှစ်ခုကို မျှတအောင်လုပ်ဖို့ပြော နေတာဖြစ်တယ်''ဟုသိခွင့်သိလမ်း ဥပဒေနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ယင်းဥပဒေပေါ်ထွက်လာရေးအတွက် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းအပါအဝင် ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ် စားလှယ်များနှင့်ဆွေးနွေးတိုင်ပင် လျက်ရှိကြောင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဥပဒေနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်လာစေရန်အတွက်လည်း လာမည့်လများမှစတင်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း၊ အချက်အလက် များဖြန့်ဝေခြင်း လုပ် ငန်းများကို ပြုလုပ်သွားမည့်အပြင် ဥပဒေနှင့်ပတ်သက် သည့်မေးခွန်းနှင့် အဆိုများကိုလည်း လွှတ်တော်တွင်း တင်သွင်းနိုင်ရန် လွှတ်တော်ကိုယ်စား လှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့သည် လွှတ်တော်လေ့လာစောင့်ကြည့် ရေးပြု လုပ်နေသည့်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာသုံးအုပ်ထွက် ရှိထားပြီးဖြစ်သည်။

SYMZ
Democracytoday
မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ အောင်မြင်စေရေးအတွက် အများပြည်သူသိခွင့်သိလမ်း ဆိုင် ရာ ဥပဒေတစ်ရပ်ပေါ်ထွက်လာရန် လိုအပ်နေကြောင်း လွှတ်တော်စောင့်ကြည့်လေ့ လာအစီရင်ခံစာများ ထုတ်ပြန်နေသော ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှပြောကြားလိုက်သည်။

မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

Photo: မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်
Tuesday, January 20, 2015

မျိုးစောင့်ဥပဒေများဟု ပြည်သူကသိရှိထားသော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံဖြတ်လိုက်သည်။

''ဒီဥပဒေကြမ်းကို လွှတ်တော်တင်သွင်းရန် ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီး ဖြစ်ပါတယ်''ဟု ပြည်ထောင်စုရှေ့နေချူပ်ရုံး ဒုတိယရှေ့နေချူပ် ဦးထွန်းထွန်းဦးက ပြောသည်။

အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်ကိုယ်စားလှယ်များ မတ်တပ်ရပ် မဲပေးစနစ်ဖြင့် ဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်သူ ကိုယ်စားလှယ် ရှစ်ဦးသာရှိခဲ့သည့်အတွက် လွှတ်တော်က ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မျိုးစောင့်ဥပဒေများဟု သိထားသည့် ဥပဒေလေးမျိုးမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှု ဥပဒေကြမ်းများဖြစ်သည်။

ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထှန်း က''လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိသည်ဆိုရင်ပြီးပြီ။ ဖောင်ပြည့်တဲ့အချိန်မှာလည်း ကြိုတ်သလို့ပေါ့။ ကိုယ်ဘယ်ဘာသာ ကိုးကွယ်တယ်ဆိုရင်လည်း မှတ်ပုံတင်မှာ ရေးပေးပါဆိုရင် ပြီးပြီ။ ဒီဥပဒေပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့် စစ်ဆေးမှုတွေ ဘာညာလုပ်မယ်ဆိုတာက ခက်ခဲအောင် လုပ်တဲ့သဘောပေါ့''ဟု ကန့် ကွက်ရခြင်းအပေါ်ပြောသည်။

ဒုတိယရှေ့နေချုပ်က ရဟန်းပြည်သူများက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေရေးဆွဲပေး ပါရန် နိုင်ငံတော် သမ္မတထံ ဆန္ဒပြုတင်ပြချက်အရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ နဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ ပြဋ္ဌာန်းပေးနိုင် ပါရန် ပေးပို့တင်ပြခဲ့သည်ဟု ဆိုသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်တွင် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်းနှစ်ခုကို အပြီးဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) 
မျိုးစောင့်ဥပဒေများဟု ပြည်သူကသိရှိထားသော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပထမ အကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံဖြတ်လိုက်သည်။

ချင်းအမျိုးသားများက ဘာသာ ကူးပြောင်းမှုဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းခြင်းမပြုရန် တိုက်တွန်း

၂ဝ၁၅ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များတွင် ဘာသာကူးပြောင်းမှု (ဥပဒေကြမ်း)ကို လွှတ်တော်ကမပြဋ္ဌာန်းရန် တိုက်တွန်းလိုက်ကြောင်း ချင်းအမျိုးသားညီလာခံ ဘုံသဘော တူညီချက်များ အကောင်အထည်ဖော်ရေး ပေါင်းစပ် ညှိနှိုင်းမှု ကော်မတီက ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးတွင် ဆုံးဖြတ်လိုက်သည်။

အစိုးရဝန်ထမ်း လစာတိုးချိန်နှင့်အညီ ပုဂ္ဂလိအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ပေးရန် လိုအပ်ဟုဆို

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဧပြီလတွင် အစိုးရဝန်ထမ်းများ လစာတိုးပေးမည် ဆိုသည့် သတင်းက အနည်းဆုံးလုပ်ခလစာ မသတ်မှတ်နိုင်သေးသည့် ပုဂ္ဂလိက အလုပ်သမားပြဿနာ  ပိုမိုကြီးထွားလာစေနိုင်သည့်အတွက် အစိုးရက လုပ်ခ၊ လစာကို ပြတ်သားစွာ သတ်မှတ်ဆုံးဖြတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

ကရင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် ကော်သူလေး တပ်မတော် ၂၀၁၆ မှသာ ဖွဲ့စည်း နိုင်မည်

ကရင် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် ကော်သူလေး တပ်မတော် (KAF) အား ၂၀၁၆ ခုနှစ် မှသာ ဖွဲ့စည်း နိုင်မည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပ ပြုလုပ်သည့် DKBA တပ်ဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ ကော်သူလေး တပ်မတော် (KAF) အား ၂၀၁၄ ခုနှစ် အောက်တိုဘာက (၁၃) ရက်နေ့တွင် စာဖြင့် စတင် ဖွဲ့စည်းပြီး လက်ရှိတွင် ကော်သူလေး တပ်မတော်အား လက်ခံခဲ့သည့် အဖွဲ့မှာ DKBA တပ်ဖွဲ့တစ်ဖွဲ့တည်းသာ ရှိသေးကြောင်း သိရသည်။

စိုက်ပျိုးရေး ကဏ္ဍ အတွက် ကန်ဒေါ်လာ (၃) သန်း ရင်းနှီး မြှုပ်နှံမည်

မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာ သုံးသန်း မတည်၍ လယ်ယာ စီးပွား ၀န်ဆောင်မှု လုပ်ငန်း များအား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းထံမှ သတင်း ရရှိသည်။ ထိုကဲ့သို့ လယ်ယာ စီးပွား ၀န်ဆောင်မှု လုပ်ငန်း၏ ရှေ့ပြေး စီမံချက် အနေဖြင့် နေပြည်တော် ကောင်စီ နယ်မြေ အတွင်း၌ နွေစပါး စိုက်ပျိုးရာသီမှ စတင်၍ ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး DKBA လက်မှတ်ရေးထိုးမည်

မကြာမီ ပြုလုပ်မည့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် DKBA အနေဖြင့် လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း ယမန်နေ့ က ကျင်းပ ပြုလုပ်သည့် DKBA တပ်ဖွဲ့ ၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ DKBA အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးအနက် အပစ်အခတ် ရပ်စဲရေးအား အစောဆုံး ပြုလုပ်ခဲ့ပြီး ယခု တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဆောင်ရွက်ရာ တွင်လည်း DKBA အနေဖြင့် ပြဿနာ မရှိကြောင်း DKBA တပ်ဖွဲ့ ၏ ဆက်ဆံရေး အရာရှိ ဗိုလ်မှူးကြီး မောင်လေး က ပြောသည်။

ပုသိမ်မြို့ ပြည်ထောင်စုကွင်းကို အောင်ဆန်း ရင်ပြင်ဟု သတ်မှတ်ရန် ပြည်သူငါးထောင်ခန့် သဘောတူ

ပုသိမ်မြို့ ရှိ   ပြည်ထောင်စုကွင်းကို အောင်ဆန်းရင်ပြင်ဟု သတ်မှတ်ခေါ်တွင် စေရန် ပြည်သူ ငါးထောင်ခန် က သဘော တူညီခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အကြို စင်တင် တေးဂီတ ဖျော်ဖြပွဲတွင် ကဗျာ ဆရာ ဦးသော်ဇင်အုန်းက အဆိုပါ ကွင်းသည် ဗိုလ်ချုပ် ရုပ်တု လည်းရှိပြီး ဖြစ်ရာ အောင်ဆန်းရင်ပြင် ပြောင်းလဲ ခေါ်တွင် စေရန် သဘော တူညီမှု တောင်းခံခဲ့ ရာ ဖျော်ဖြေပွဲသို့ တက်ရောက်လာ သူများက ထောက်ခံ ကာ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ကျေးရွာများအတွင်းသို့ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှု များကြောင့် ဒေသခံ ရွာသား(၂)ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ ကျေးရွာများအတွင်းသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ၀င်ရောက်ကာ မိုင်းထောင်ဖောက်ခွဲ မှု များကြောင့် ဒေသခံရွာသားများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

စဉ်းစားဆင်ခြင်မှုဦးစီးတဲ့ အရေး၊ အဖတ် သင်တန်း ချင်းမိုင်မှာ ပို့ချ

ပညာသင်ကြားနည်းစနစ် ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံက ဆရာ၊ ဆရာမ ၃ဝ နီးပါးကို စဉ်းစား တွေးခေါ်တဲ့ စာသင်ခန်းအဖွဲ့ Thinking Classroom Foundation က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးဌာနမှာ ဒီနေ့ကစပြီး သင်ကြားနည်းစနစ်သစ်တွေကို ပို့ချသင်ကြားပေးနေပါတယ်။

ဘုရားကျောင်းဖွင့်ပွဲတွင် ကျွေးသော ၀က်သားဟင်း စားမိရာမှ ၀မ်းပျက် ၀မ်းလျှောဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်၊ တဲသုံးလုံး ကျေးရွာ၌ ဘုရားရှိခိုး ကျောင်းသစ် ဖွင့်ပွဲတွင် ကျွေးသော ၀က်သားဟင်း စားမိ၍ (၃) ရက် အတွင်း ကလေးငယ် (၃၄) ဦး အပါအ၀င် လူပေါင်း (၈၀) ကျော် ဆေးကုသမှု ခံယူနေ ရကြောင်း သလပ်ခွာ တိုက်နယ် ဆေးရုံမှ သိရသည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့က ပုသိမ်မြို့ တဲသုံးလုံး ကျေးရွာ၌ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းဖွင့်ပွဲတွင် တက်ရောက် လာသူများအား ၀က်သားဟင်းဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်

Photo: ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်
Tuesday, January 20, 2015 

ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

လက်ပံတောင်းတောင်နှင့် ကြေးစင်တောင် ကြေးနီ စီမံကိန်းကြီးများ လုံးဝ ဖျက်သိမ်းပေးရေး အတွက် မုံရွာမြို့ ၌ နံနက်(၁၀) နာရီ အချိန်တွင် လူထု ဆန္ဒ ထုတ်ဖော်ပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး၊ လက်ပံတောင်း ဒေသခံများ အပါအ၀င် ဒေသခံ အင်အား(၁၀၀) နီးပါး တို့မှ ဒေါ်ခင်ဝင်း အသတ်ခံရ မှုတွင် အမှန်တရား ပေါ်ပေါက်စေရေးတို့ အတွက် အိမ်အပြန်လမ်း တစ်လျှောက် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

လူထု ဆန္ဒ ထုတ်ဖော်ပွဲကို သာဇံ ကျောင်းတိုက်မှာ ပြုလုပ်ဖို့ တရားဝင် ခွင့်ပြုပေးခဲ့ တာပါ။ ဒေသခံတွေက အပြန်မှာ ဆန္ဒ ထုတ်ဖော် တာကတော့ မကောင်းဘူးပေါ့။ ခွင့်ပြုမိန့် ထဲမှာ လုံးဝ မပါဘူး။ ဒါကြောင့် စည်ကမ်း ဖောက်ဖျက်မှုနဲ့ ပွဲစီစဉ်သူနဲ့ စီတန်းတဲ့ သူတွေကို အရေးယူသွားပါ့မယ် ဟု တိုင်း ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးကြီး နေထွန်းက The Messenger Media သို့ ပြောသည်။ ယင်းသို့ ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး များ လုံးဝ ဖျက်သိမ်းရေး လူထု ဆန္ဒ ထုတ်ဖော်မှုကို မုံရွာမြို့၊ သာဇံကျောင်းတိုက်ဝင်း အတွင်း ပြုလုပ်ခဲ့ ပြီးနောက် ဒေသခံများက နာရီ စင်မှ စတင်ကာ ချင်းတွင်းတာ ရိုးလမ်းမကြီး တစ်လျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

Messenger News Journal
ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

ယခုနှစ်ပထမအကြိမ်အမျိုးသားလွှတ်တော်သည် နောက်ဆုံးနှစ်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီတက်ရောက်ပြီး အင်တိုက်အား တိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောကြား

Photo: ယခုနှစ်ပထမအကြိမ်အမျိုးသားလွှတ်တော်သည် နောက်ဆုံးနှစ်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီတက်ရောက်ပြီး အင်တိုက်အား တိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောကြား
Tuesday, January 20, 2015 

ရန်ကုန်၊ ဇန်နဝါရီ ၁၉- ယခုနှစ် ပထမအကြိမ် အမျိုးသားလွှတ်တော် သည် နောက်ဆုံးနှစ်ဖြစ်သောကြောင့် ယခုကျင်းပမည့် ပထမအကြိမ်အမျိုး သားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်လုပ်ငန်းများကို လက်စ သတ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီ ညီတက်ရောက်ပြီး အင်တိုက်အား တိုက်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယနေ့ကျင်းပ သည့် ပထမအကြိမ်အမျိုးသား လွှတ် တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်း အဝေးပထမနေ့ အစည်းအဝေး တွင် ပြောကြားသည်။

ပထမအကြိမ်အမျိုးသားလွှတ် တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးပထမနေ့တွင် တက်ရောက်လာ ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အား လုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ် ခွန်းဆက်သပါတယ်။ ယခုနှစ်ဟာ ပထမအကြိမ် အမျိုးသားလွှတ်တော် ရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့အတွက် ယခုကျင်းပမယ့်အစည်းအဝေးကစပြီး လွှတ်တော်ရဲ့လုပ်ငန်းများကိုလက်စသတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ယခုလွှတ်တော်ကာလများ မှာ တတ်နိုင်သလောက်စုံစုံညီညီ တက် ရောက်ကြပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့မှာလိုက်ပါတယ်''ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှုတ်ခွန်း ဆက်စကားတွင်ပြောကြားခဲ့သည်။

ယနေ့ကျင်းပသောအစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၁၅ ဦး ရှိပြီး အစည်းအဝေးတက်ရောက်သူ ၁၉၅ ဦးနှင့် ခွင့်တိုင်ကြားသူလွှတ်တော် ကိုယ်စားလှယ် ၂၀ ရှိသည့်အတွက် အစည်းအဝေးတက်ရောက်သူ လွှတ် တော်ကိုယ်စားလှယ်ဦးရေရာခိုင်နှုန်း ၉၀ ဒသမ ရ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

MO(NPD)
Democracytoday
ရန်ကုန်၊ ဇန်နဝါရီ ၁၉- ယခုနှစ် ပထမအကြိမ် အမျိုးသားလွှတ်တော် သည် နောက်ဆုံးနှစ်ဖြစ်သောကြောင့် ယခုကျင်းပမည့် ပထမအကြိမ်အမျိုး သားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်လုပ်ငန်းများကို လက်စ သတ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီ ညီတက်ရောက်ပြီး အင်တိုက်အား တိုက်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယနေ့ကျင်းပ သည့် ပထမအကြိမ်အမျိုးသား လွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်း အဝေးပထမနေ့ အစည်းအဝေး တွင် ပြောကြားသည်။

ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆရန် ဆရာတော် ဦးဝီရသူ မိန့်ကြား

ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆကြရန် ဆရာတော် ဦ၀ီရသူက The Messenger Media သို့ မိန့်ကြားခဲ့သည်။

မယ်ကမ္ဘာပြိုင်ပွဲ အထိ ဂယက်ရိုက် ခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန် ပဋိပက္ခ

Photo: မယ်ကမ္ဘာပြိုင်ပွဲ အထိ ဂယက်ရိုက် ခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန် ပဋိပက္ခ
Tuesday, January 20, 2015 

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ကမ္ဘာ့ ရန်သူတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး စတင်ခဲ့တဲ့ ရန်စဟာ ယခု အချိန်အထိ မပြီးဆုံးသေး ပါဘူး။ ၂၀၀၆ မှာ လက်ဘနွန် အစိုးရက ထောက်ခံထားတဲ့ ဟစ်ဇ်ဘိုလာ တော်လှန်ရေး သမားတွေကို အစ္စရေးရဲ့ နှိမ်နှင်းမှု ပြုလုပ်ခဲ့ရာမှာ လက်ဘနွန် ပြည်သူ (၁၂၀၀) ကျော် သေဆုံးခဲ့ရ ပါတယ်။ အစ္စရေးဘက်က (၁၂၀)ကျော် သေဆုံး ခဲ့ပေမယ့် စစ်ဘက် ဆိုင်ရာ ကသာ ဖြစ်ပါတယ်။ လက်ဘနွန် ပြည်သူတွေဟာ အစ္စရေး အပေါ် ရန်သူ အဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လက်ဘနွန် အလှမယ် တစ်ဦးဟာ အစ္စရေး အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ အတူ တွဲရိုက်ခဲ့ တာကြောင့် လက်ဘနွန် အလှမယ် ကို ပြည်သူတွေက ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီဟာ အစ္စရေး အလှမယ် မာတာလွန်နဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ ပြိုင်ဘက် နိုင်ငံက အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ခြင်း အပေါ် လက်ဘနွန် ပြည်သူတွေက လုံးဝ လက်မခံခဲ့ဘဲ ဂါရီဂီရဲ့ သရဖူကို ပြန်ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုခဲ့ကြ ပါတယ်။ တကယ်တော့ ဂါရီဂီမှာ အပြစ် မရှိခဲ့ပါဘူး။ အစ္စရေး အလှမယ် မာတာလွန်က ဂါရီဂီထံ လာရောက်ပြီး ခွင့်ပြုချက် မတောင်းဘဲ Selfie  ဓာတ်ပုံ ရိုက်ကူးပြီး အင်တာနက်မှာ လွှင့်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး၊ ဂါရီဂီကို ဝေဖန် ပြစ်တင် ခဲ့ခြင်း ဖြစ်ပါတယ်။ မကြာမီမှာ မယ်ကမ္ဘာပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုမှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်  ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေရင်း အစ္စရေး အလှမယ်နဲ့ လက်ဘနွန် အလှမယ်တို့ မထင်မှတ်ဘဲ တွေ့ဆုံ သွားခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီက သူ့အနေနဲ့ တမင်သက်သက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း လက်ဘနွန် ပြည်သူတွေကို ရှင်းပြခဲ့ ပါတယ်။ အစ္စရေး အလှမယ် မာတာလွန် ကလည်း ဂါရီဂီ အပေါ် အပြစ်မတင် ကြဖို့ တောင်းဆိုခဲ့ ပါတယ်။

Messenger News Journal
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ကမ္ဘာ့ ရန်သူတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး စတင်ခဲ့တဲ့ ရန်စဟာ ယခု အချိန်အထိ မပြီးဆုံးသေး ပါဘူး။ ၂၀၀၆ မှာ လက်ဘနွန် အစိုးရက ထောက်ခံထားတဲ့ ဟစ်ဇ်ဘိုလာ တော်လှန်ရေး သမားတွေကို အစ္စရေးရဲ့ နှိမ်နှင်းမှု ပြုလုပ်ခဲ့ရာမှာ လက်ဘနွန် ပြည်သူ (၁၂၀၀) ကျော် သေဆုံးခဲ့ရ ပါတယ်။ အစ္စရေးဘက်က (၁၂၀)ကျော် သေဆုံး ခဲ့ပေမယ့် စစ်ဘက် ဆိုင်ရာ ကသာ ဖြစ်ပါတယ်။ လက်ဘနွန် ပြည်သူတွေဟာ အစ္စရေး အပေါ် ရန်သူ အဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ ပါတယ်။

အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား သေနတ်ဖြင့် သေဆုံးခဲ့

Photo: အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား သေနတ်ဖြင့် သေဆုံးခဲ့
Tuesday, January 20, 2015 

အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား အဖြစ် သတ်မှတ်ခံထား ရတဲ့ ခရစ္စကယ်လီဟာ သေနတ်ဖြင့် သေဆုံး သွားခဲ့ ရတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ခရစ္စကယ်လီဟာ အီရတ် စစ်မြေပြင်မှာ ရန်သူတွေကို စနိုက်ပါ သေနတ်နဲ့ ပစ်ခတ် နှိမ်နှင်းခဲ့ရမှာ လူပေါင်း (၂၅၅) ဦး သတ်ဖြတ်နိုင် ခဲ့တယ်လို့ သိရပါတယ်။ ခရစ္စကယ်လီဟာ သူ့ရဲ့အကြောင်းကို စာအုပ် အဖြစ် ရေးသား ထုတ်ဝေခဲ့ ပါတယ်။ ဒီစာအုပ်ကို အမေရိကန် စနိုက်ပါလို့ အမည်ပေးထား ပါတယ်။ ထူးခြားတာ ကတော့ ဒီစာအုပ်ကို အမေရိကန် ရုပ်ရှင် မင်းသားကြီး ကလင် အိစ်ဝုဒ်က ဒါရိုက်တာ အဖြစ် ဆောင်ရွက်ပြီး ရုပ်ရှင်အဖြစ် အသက်သွင်း ခဲ့ရာမှာ အော်စကာဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ ပါတယ်။ အမေရိကန် စနိုက်ပါ ရုပ်ရှင် ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားထဲမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ခရစ္စ ကယ်လီရဲ့ အကြောင်း ကလည်း စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ခရစ္စကယ်လီဟာ အမိန့်ကို နာခံတတ်သူ တစ်ဦးဖြစ်ပေမယ့် အီရတ်စစ် မြေပြင်မှာ အမျိုးသမီးတွေကို သေနတ်နဲ့ ပစ်ရာမှာ ၀န်လေးနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ အမိန့် ကိုသာ နာခံရမှာ ဖြစ်လို့ သူ့အနေနဲ့ ငြင်းဆန်လို့ မရခဲ့ပါဘူး။ ဗုံးတွေ တပ်ဆင် ထားတဲ့ အမျိုးသမီးတွေဟာ အသေခံ ဗုံးဖောက်ခွဲ မှုတွေ ပြုလုပ်တတ် ကြပြီး ဒီလိုမျိုး အခြေအနေကို ကြုံတွေ့ရ ပါက ခရစ္စကယ်လီဟာ စနိုက်ပါနဲ့ ပစ်ခတ် ဖြေရှင်းလေ့ရှိ ပါတယ်။ ခရစ္စ ကယ်လီ ဟာ အီရတ်စစ် မြေပြင်မှာ ခြောက်နှစ်ကျော် ကာလအတွင်း (၂၅၅)ဦးကို စနိုက်ပါနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ တာမို့ အမေရိကန် စစ်သမိုင်း တစ်လျှောက်မှာ စနိုက်ပါနဲ့ အများဆုံး ပစ်ခတ်နိုင်သူ အဖြစ် မှတ်တမ်းဝင် သွားခဲ့ ပါတယ်။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ကလည်း ခရစ္စကယ်လီ အနေနဲ့ စစ်မှုထမ်းစဉ် ကာလ အတွင်းမှာ စနိုက်ပါနဲ့ (၁၆၀) ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အတည်ပြုချက် ပေးထား ပါတယ်။

စနိုက်ပါ ရုပ်ရှင် ဇာတ်ကားမှာတော့ ခရစ္စကယ်လီရဲ့ နေရာမှာ မင်းသားဘရက် ဒလေကော့ပါး ပါဝင် သရုပ်ဆောင် ထားပြီး အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိရန် ရေပန်းစားနေ ပါတယ်။  ခရစ္စကယ်လီဟာ ၂၀၀၉ အီရတ် စစ်မြေပြင်က အပြန်မှာ အငြိမ်းစားယူ ခဲ့ပါတယ်။ ဒီနောက် ၂၀၁၂ မှာ သူ့အကြောင်းကို စာအုပ် အဖြစ် ရေးသားခဲ့တာ ဖြစ်ပြီး၊ ဒါပေမဲ့ ၂၀၁၃ ဖေဖေါ်ဝါရီလ (၂) ရက်မှာတော့ စနိုက်ပါ သေနတ်ပစ်ရာမှာ အကျော်ကြားဆုံးလို့ နာမည်ကြီးခဲ့တဲ့ ခရစ္စကယ်လီဟာ သူငယ်ချင်း ဖြစ်သူရဲ့ သေနတ်ကြောင့် ကွယ်လွန်သွားခဲ့ ပါတယ်။

Messenger News Journal
အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား အဖြစ် သတ်မှတ်ခံထား ရတဲ့ ခရစ္စကယ်လီဟာ သေနတ်ဖြင့် သေဆုံး သွားခဲ့ ရတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ခရစ္စကယ်လီဟာ အီရတ် စစ်မြေပြင်မှာ ရန်သူတွေကို စနိုက်ပါ သေနတ်နဲ့ ပစ်ခတ် နှိမ်နှင်းခဲ့ရမှာ လူပေါင်း (၂၅၅) ဦး သတ်ဖြတ်နိုင် ခဲ့တယ်လို့ သိရပါတယ်။ ခရစ္စကယ်လီဟာ သူ့ရဲ့အကြောင်းကို စာအုပ် အဖြစ် ရေးသား ထုတ်ဝေခဲ့ ပါတယ်။ ဒီစာအုပ်ကို အမေရိကန် စနိုက်ပါလို့ အမည်ပေးထား ပါတယ်။ ထူးခြားတာ ကတော့ ဒီစာအုပ်ကို အမေရိကန် ရုပ်ရှင် မင်းသားကြီး ကလင် အိစ်ဝုဒ်က ဒါရိုက်တာ အဖြစ် ဆောင်ရွက်ပြီး ရုပ်ရှင်အဖြစ် အသက်သွင်း ခဲ့ရာမှာ အော်စကာဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ ပါတယ်။ အမေရိကန် စနိုက်ပါ ရုပ်ရှင် ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားထဲမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ခရစ္စ ကယ်လီရဲ့ အကြောင်း ကလည်း စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို

Photo: ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို
Tuesday, January 20, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

၎င်းက ''တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပဲမြင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်းဒေသမှာ မှိုင်းခွဲမှုတွေ၊ ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တာတွေ ကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာအခြေအနေကို တွေ့ရမှာပါ''ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၁၉ ရက်က ရေးသားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်တစ်ရက် အကြာတွင် ကေအိုင်အေတပ်နှင့် အစိုးရ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကို ရည်ညွှန်းပြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေးပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြား ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

အမျိုးသားဘ၀ ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့တဲ့ ပထမဆုံး ဗြိတိန် စစ်သား

Photo: အမျိုးသားဘ၀ ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့တဲ့ ပထမဆုံး ဗြိတိန် စစ်သား
Tuesday, January 20, 2015 

ဟန်နာဟာ ဗြိတိန် စစ်တပ်မှာ ပထမဆုံး လိင်ပြောင်းလဲခဲ့သူ အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ ဟန်နာဟာ အမျိုးသား ဘ၀ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့ တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်မှာ ဒီလိုမျိုး လိင်ပြောင်းလဲမှုတွေကို မကြာခဏ ကြားသိနေ ရပေမယ့် လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ စစ်သား တစ်ဦး အနေနဲ့ ဒီလို ပြုလုပ်ခဲ့တဲ့ အတွက် ထူးခြားတဲ့ သတင်း တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိ ဟန်နာဟာ တော်ဝင် တပ်မတော်မှာ စစ်အင်ဂျီနီယာ တာဝန်ရယူ ထားဆဲ  ဖြစ်ပါတယ်။ သူဟာ အာဖဂန်နစ္စတန်ကို သွားရောက်ပြီး ဗြိတိန်ကို ပြန်ရောက် လာတဲ့ အခါမှာ လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။  ဗြိတိန် တပ်မတော် မှာတော့ ဒီလိုမျိုး ဖြစ်ရပ်ဟာ ပထမဆုံး အကြိမ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

ဟန်နာက ကျွန်မဟာ အာဖဂန်နစ္စတန်မှာ တာဝန် ထမ်းဆောင်နေတဲ့ ကာလအတွင်း ဘ၀ရဲ့ နေထိုင်မှု ပုံစံကို အများကြီး လေ့လာ သင်ယူ ဖြစ်ခဲ့ ပါတယ်။ ကျွန်မ အနေနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။  ဒါကြောင့် ဗြိတိန်ကို ပြန်ရောက်တဲ့ အခါမှာ လိင် ပြောင်းလဲမှု တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဟန်နာဟာ လိင်ပြောင်းလဲမှု မပြုလုပ်ခင်မှာ ဆရာဝန်တွေဆီမှာ စုံစမ်းမေး မြန်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဟန်နာရဲ့ မိဘတွေ ကလည်း ကြည်ဖြူစွာ ခွင့်ပြုခဲ့ကြပါတယ်။ ဟန်နာ အနေနဲ့ ဒီလိုပြုလုပ်ခဲ့ ခြင်းကြောင့် စစ်တပ် ကနေ အနားယူ ရမှာကို စိုးရိမ်နေ ပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာ ၂၀၀၉ ခုနှစ်က စတင်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး တန်းတူ အခွင့်အရေးနဲ့ အလုပ် လုပ်ခွင့်ပေးခဲ့ တာမို့ ဆက်လက်  တာဝန် ထမ်းဆောင်ရမယ်လို့ မျှော်လင့်နေ ပါတယ်။

The Messenger News Journal
ဟန်နာဟာ ဗြိတိန် စစ်တပ်မှာ ပထမဆုံး လိင်ပြောင်းလဲခဲ့သူ အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ ဟန်နာဟာ အမျိုးသား ဘ၀ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့ တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်မှာ ဒီလိုမျိုး လိင်ပြောင်းလဲမှုတွေကို မကြာခဏ ကြားသိနေ ရပေမယ့် လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ စစ်သား တစ်ဦး အနေနဲ့ ဒီလို ပြုလုပ်ခဲ့တဲ့ အတွက် ထူးခြားတဲ့ သတင်း တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိ ဟန်နာဟာ တော်ဝင် တပ်မတော်မှာ စစ်အင်ဂျီနီယာ တာဝန်ရယူ ထားဆဲ  ဖြစ်ပါတယ်။ သူဟာ အာဖဂန်နစ္စတန်ကို သွားရောက်ပြီး ဗြိတိန်ကို ပြန်ရောက် လာတဲ့ အခါမှာ လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။  ဗြိတိန် တပ်မတော် မှာတော့ ဒီလိုမျိုး ဖြစ်ရပ်ဟာ ပထမဆုံး အကြိမ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော

Photo: မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော
Tuesday, January 20, 2015 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့လက်ထဲမှာသာရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်ချင်တယ်ဆိုရင်၊ ဒေသတွင်းမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ သူတို့တကယ်လိုချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရွေးချယ်နိုင်ပါတယ်၊ ငြင်းခုန်နေစရာ မလိုတော့ပါဘူး၊ စိတ်ဝမ်းကွဲနေတာတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည်စရာအကြောင်းအချက်တွေ အတော်များများရှိနေပါတယ်လို့ သူရဲ့အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။

RFA Burmese
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ရဲ့လက်ထဲ မှာသာ ရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။

သစ်ခိုးသူ တရုတ်နိုင်ငံသားတွေ လုံခြုံရေး တရုတ်အစိုးရ တောင်းဆို

Photo: သစ်ခိုးသူ တရုတ်နိုင်ငံသားတွေ လုံခြုံရေး တရုတ်အစိုးရ တောင်းဆို
Tuesday, January 20, 2015 

ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက်ထားဖို့၊ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံထားရသူတွေရဲ့လုံခြုံရေးနဲ့ ဥပဒေအရခံစားခွင့်တွေပေးဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း၊ မြန်မာဘက်ကလည်း ထိန်သိမ်းထားသူတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံမှာဖြစ်တယ်ဆိုတဲ့ တုံ့ပြန်ချက်ရရှိထားကြောင်း၊ လက်ရှိအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက အမှုနဲ့ပတ်သက်လို့ လိုက်ပါဆောင်ရွက်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသား ၁၂ဝ ဝန်းကျင်နဲ့ သစ်တင်ကား ၅ဝဝ နီးပါးကို သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးထားကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။

ဒီအတွင်း KIA ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရပ်သားတွေထဲမှာ တရုတ် နိုင်ငံသားတွေ ပါဝင်နေကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

RFA Burmese
ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက်ထားဖို့၊ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြပါတယ်။

ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့

Photo: ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့
Tuesday, January 20, 2015

 ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဆောင်၍ ခြောက်ဦးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန် သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြု မှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိစေမည့်မူ ဘောင်များ ကြိုတင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည် ဟု ဖော်ပြထားသည်။

သို့ပါ၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွက် မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ပါသည်ဟု ဆက်လက်ဖော်ပြထား သည်။

ခြောက်ပွင့်ဆိုင်အတွက် တိုင်းရင်းသား ကိုယ်စားပြုရွေးချယ်ခံရသူ ဒေါက်တာ အေးမောင်က ''ဒါက သမ္မတက ခြောက်ပွင့်ဆိုင် လက်ခံတယ် ဆိုတဲ့ သဘောပါ၊ ကျွန်တော်တို့က Framework ဆွဲပေးရမယ့်သဘောလို့ ထင်ပါတယ်'' ဟုဆိုသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့် အနာဂတ်မြန်မာ နိုင်ငံတော်တည်ဆောက် ရေးအတွက် လွှတ်တော်က တိုက်တွန်းထားသော်လည်း အခြေခံဥပဒေပြင်ဆင်ရေးတွင် အခန်း ၁၂ ပုဒ်မ များဖြစ်သည့် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ နှင့် ၄၃၆ အရသာ ပြင်ဆင်ရေးအတွက် လိုက်နာမည်ဖြစ်ကြောင်း၊ ယင်းပုဒ်မများ၏ လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ပါက လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းလွှတ်တော်တို့က အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လူမျိုးစု ခုနစ်စု ပါဝင်သော တွေ့ဆုံမှုကို အလေးထား၍ တိုင်းရင်း သားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းအားလုံး နှင့် နိုင်ငံရေးအင်အားစုများ လက်ခံသော တွေ့ဆုံမှုကို ဖြစ်စေလိုကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ရုပ်သိမ်းမည် မဟုတ်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်က ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် တွေ့ဆုံအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

Mizzima - News in Burmese 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် လိုလားနေသော်လည်း သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်များက နိုင်ငံရေး အင်အားစုများအားလုံး ပါဝင်ဆွေးနွေးရန် ရည်သန် လျက်ရှိသည်။ (ဓာတ်ပုံ - မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် လိုလားနေသော်လည်း သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်များက နိုင်ငံရေး အင်အားစုများအားလုံး ပါဝင် ဆွေးနွေး ရန် ရည်သန်လျက်ရှိသည်။ (ဓာတ်ပုံ - မဇ္ဈိမ)
ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ရန်ကုန်မြို့ စနစ်တကျ ဖွံ့ဖြိုးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၇ ရက်ထိ ရန်ကုန်မှာ 'ရန်ကုန်မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းရေး' ခေါင်းစဉ်နဲ့ ဖိုရမ်တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဒေါက်တာသန့်မြင့်ဦး ဦးဆောင်တဲ့ ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မြို့ပြ ပညာရှင် ဒေါက်တာ ကျော်လတ် အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေ အခြား ပညာရှင်တွေနဲ့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဘာ တွေ ဆွေးနွေးခဲ့ကြသလဲ၊ ဘာတွေကို စိတ်ပူခဲ့ကြသလဲ၊ ရန်ကုန်မြို့ စနစ်တကျ ဖွံ့ဖြိုးဖို့ဆိုရင် ဘာတွေလို ပြီး ဘယ်သူတွေမှာ အဓိက တာဝန်ရှိမလဲဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်။

ရခိုင်အမျိုးသားပါတီ ဘင်္ဂါလီအရေးဖိအားပေးသော ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေးရပ်ဆိုင်း

ရခိုင်အမျိုးသားပါတီ (ANP)က ဘင်္ဂါလီအရေးဖိအား ပေးဆောင်ရွက်နေသော ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်ဆံရေးရပ် ဆိုင်းလိုက်ကြောင်းသတင်းရရှိ သည်။

အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး

Photo: အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး
Tuesday, January 20, 2015 

ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဖော်ထုတ်နိုင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ကြံစည်မှုကို နောက်ကွယ်ကနေ အဓိ ကစီစဉ်ခဲ့သူဟာ လွတ်မြောက်နေဆဲဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံတရားရေးဝန်ကြီးက ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ ဥရောပတလွှားမှာ လုံခြုံရေးအတွက် သတိထားဖို့လည်း တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိသူဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယူဆထားတဲ့ ဂရိနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးထဲမှာလည်း မပါဘူးလို့ ဘယ်လ်ဂျီယံ တရားရေးဝန်ကြီး Koen Geens ကပြောပါတယ်။ ဘယ်လ်ဂျီယံ မီဒီယာတွေမှာတော့ အကြမ်းဖက်ဖို့ ကြံစည်သူအဖြစ် အလိုရှိနေသူဟာ Abdelhamid Abaaoud ဖြစ်တယ်လို့လည်း ဖော်ပြနေကြတာပါ။ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသားဟာ နိုင်ငံအရှေ့ပိုင်းက Verviers မြို့မှာရှိတဲ့ လျို့ဝှက် အစ္စလာမ် အစွန်းရောက်အဖွဲ့ တဖွဲ့ကို ဦးဆောင်သူအဖြစ်နဲ့လည်း သံသယရှိနေကြပါတယ်။

ဒီအကြမ်းဖက်အဖွဲ့က ရဲတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရှိနေချိန်မှာပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူတို့ ခိုအောင်းရာ နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွားပြီး သံသယရှိသူ ၂ ဦး သေဆုံးခဲ့တာပါ။

VOA
ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၏ချီးမြှင့်ငွေနှင့် စရိတ်များကို နိုင်ငံစီးပွားရေးတိုးတက်လာသည်နှင့်အမျှ တိုးမြှင့်သတ်မှတ်ပေးသွား မည်ဟု သမ္မတ မှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ 

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ကို ချီးမြှင့်ငွေ နှင့် စရီတ်များကို နိုင်ငံစီးပွားရေးတိုးတက်လာသည်နှင့်အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြိး တစ်ဆင့် တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ မှ ဇန်န၀ါရီလ ၁၇ ရက်နေ တွင် ပြည်ထောင်စုလွှတ်တော် သို့ သ၀ဏ်လွှာပေးပို့ ခဲ့သည်။ 

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရက ကျင်းပပေးခြင်း မရှိသောကြောင့် ပြည်သူအများစုမသိကြ

Photo: ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရက ကျင်းပပေးခြင်း မရှိသောကြောင့် ပြည်သူအများစုမသိကြ
Tuesday, January 20, 2015 

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ပြည် ထောင်စုအစိုးရက အခမ်းအနား များ ဦးဆောင်ကျင်းပလေ့မရှိ သောကြောင့် အများပြည်သူများ မသိရှိကြကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။
‘‘ဗိုလ်ချုပ်မွေးနေ့ကို ကလေး များနေ့အဖြစ် သတ်မှတ်တယ်ဆို တာက ကလေးတွေက ဖေဖေနဲ့ ပတ်သက်လို့ ကောင်းတဲ့ အရည် အချင်းတွေ အားကျအောင်၊ ဒီလို အရည်အချင်းတွေမွေးပြီးကြိုးစား ရအောင်ဆိုပြီး သတ်မှတ်ထားတာ ပါ’’ဟု ပျဉ်းမနားမြို့ ဇန်န၀ါရီ ၁၇ရက်တွင်ပြုလုပ်သော ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကလေးငယ်များကို မှန်မှန် ကန်ကန် ပြုစုပျိုးထောင်နိုင်မှ နောင်တစ်ချိန် တိုင်းပြည်အတွက် ထိထိရောက်ရောက် တာဝန်ယူ နိုင်သော နိုင်ငံသူ၊ နိုင်ငံသားများ ပေါက်ဖွားလာမည်ဟု ၎င်းက ဆို သည်။
မြန်မာနိုင်ငံတွင် ပြည်ထောင် စုအစိုးရ ခေတ်အဆက်ဆက် မြန် မာနိုင်ငံ ကလေးများနေ့အခမ်းအ နားများကို အသိအမှတ်ပြုကျင်းပ ခြင်းမရှိခဲ့ပေ။ ထိုသို့ သတ်မှတ် ထားခြင်းရှိ၊မရှိကို နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးနှင့် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း မသိရှိကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများက မိမိတို့မျိုးဆက်များကို တိုင်းပြည်အနာဂတ်အတွက် မှန် မှန်ကန်ကန် ပြုစုပျိုးထောင်ပေး သော နည်းတစ်ခုတည်းဖြင့် လက် ဆောင်ပေးရန် ဒေါ်အောင်ဆန်းစု ကြည်က ယင်းအခမ်းအနားတွင် တောင်းဆိုလိုက်သည်။ ထိုသို့မွေး နေ့လက်ဆောင် တောင်းဆိုခြင်း သည် ဗိုလ်ချုပ်အောင်ဆန်း အ တွက်မဟုတ်ဘဲ ပြည်သူအားလုံး အတွက်ဖြစ်သည်ဟု ၎င်းကထပ် လောင်းပြောကြားသည်။

7Day DAILY 

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ခုအတွက် အာကာကျော် က ဗိုလ်ချုပ်ဂရပ်ဖစ်တီရေးဆွဲနေစဉ် (ဓာတ်ပုံ − ဇွဲဥာဏ်)
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ခုအတွက် အာကာကျော် က ဗိုလ်ချုပ်ဂရပ်ဖစ်တီ ရေးဆွဲနေစဉ် (ဓာတ်ပုံ − ဇွဲဥာဏ်)
ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ပြည် ထောင်စုအစိုးရက အခမ်းအနားများ ဦးဆောင်ကျင်းပလေ့မရှိ သောကြောင့် အများပြည်သူများ မသိရှိကြကြောင်း ဒေါ်အောင် ဆန်း စုကြည်ကပြောကြားသည်။

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်

Photo: ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်
Tuesday, January 20, 2015 

အစားအစာဆိုတဲ့ လူသားတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့၊ထူးခြားဆန်းပြားတဲ့အစားအသောက်
တွေကြိုက်တတ်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်ဖြစ်တဲ့ MyLannက အကြီးမားဆုံး Food Fair ကို ဇန်နဝါရီ ၂၄ရက်ကျရင် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတော့မယ်။

ဆိုင်ခန်းပေါင်း ၁ဝဝကျော်ပါဝင်ပြီး အမျိုးအစားစုံလင်လှတဲ့ အစားအသောက်ပွဲတော်မှာ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အားတီ၊ ဉာဏ်လင်းအောင်တို့ရဲ့ ဖျော်ဖြေမှုနဲ့အတူ ယူရေနီယံအကအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကြမှာပါ။ နှစ်ရက်ကြာကျင်းပမယ့် ဒီပွဲတော်မှာ ခင်လှိုင်နဲ့ဒိန်းဒေါင်တို့ရဲ့ တင်ဆက်မှုနဲ့အတူ ကံစမ်း မဲအဖြစ် Honda Fitတစ်စီး၊ Samsung Note 4 ၁ဝလုံး၊ Huawei Ascend Mate 7 ၁ဝလုံးအပြင် အခြားဆု မဲတွေလည်း မဲဖောက်ပေမှာမို့ လက်မှတ်ရောင်းရငွေရဲ့ ၁ဝရာခိုင်နှုန်းကို မိဘမဲ့နဲ့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Food Fair ကျင်းပရတာက စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေကြား ပျော်ရွှင်မှုနဲ့ အထိအတွေ့ရှိစေဖို့။ စားသောက်ပွဲတော်မှာ အားလုံး ပျော်ပျော်ပါးပါး စားသောက်နိုင်ဖို့ အခုလို စီစဉ်တာလို့ MyLann ရဲ့ Brand Ambassador အောင်မင်းခန့်က ဆိုပါတယ်။ စားဖို့ချည်းသက်သက်မဟုတ်ဘဲ ဘဝအမောတွေပြေစေမယ့်
ဖျော်ဖြေမှုတွေလည်း ပါတယ်လို့ ပြောပါတယ်။

ခင်လှိုင်၊ ဒိန်းဒေါင်တို့နဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ် ကမ်းလှမ်းလို့ ပါဝင်လာတဲ့ သရုပ်ဆောင် ပွင့်က ကိုယ်တိုင်လည်း အစားအစာကို ဝါသနာပါပြီး ပျော်ပျော်ပါးပါး လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ အစာလည်း
ဆေး၊ ဆေးလည်းအစာဆိုသလို သင့်တင့်အောင်စားရင် ကျန်းမာရေးလည်း အထောက်အကူ ပြုတာမို့ ပွဲတော်ကိုလာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Food Fair အတွက် ပြည်သူ့ရင်ပြင်ဝင်ခွင့် အခမဲ့သတ်မှတ်ထားပြီး သရုပ်ဆောင်ခင်လှိုင်က ပရိသတ်ကြား လူသိများတဲ့ ဂေးတို့ရဲ့မာယာဇာတ်ကားထဲက ဇာတ်ရုပ်အတိုင်း ပြင်ဆင်ပြီး တင်ဆက်မှာဖြစ်ပါတယ်။ မုန့်မျိုးစုံပါဝင်ဖို့ မျှော်လင့်ထားသလို ကချင်ပြည်နယ်က ကြက်ဥကစော်၊ မြောင်းမြက ကြာဆံနဲ့လုပ်တဲ့ ကြက်ဥမရွေးလိုမုန့်မျိုး ရောင်းမယ်ဆိုရင် မိန်းမဝတ်ကြီးနဲ့ သွားစားမှာပါလို့ ခင်လှိုင်က ပြောပါတယ်။

kamayutmedia
အစားအစာဆိုတဲ့ လူသားတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့၊ထူးခြားဆန်းပြားတဲ့အစားအသောက်
တွေကြိုက်တတ်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်ဖြစ်တဲ့ MyLannက အကြီးမားဆုံး Food Fair ကို ဇန်နဝါရီ ၂၄ရက်ကျရင် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတော့မယ်။

တိုင်းရင်းသား လက်နက်ကိုင်အချို့ စည်းကမ်း မလိုက်နာခြင်းကြောင့် ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဖြစ်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော

Photo: တိုင်းရင်းသား လက်နက်ကိုင်အချို့ စည်းကမ်း မလိုက်နာခြင်းကြောင့် ပြည် တွင်း စစ် အဆုံးမသတ်နိုင်ဖြစ်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော
Tuesday, January 20, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားချင်မှ ထားမည် ဟု မြန်မာစစ်ဘက်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စည်းမျဉ်းစည်းကမ်းများ ကို လေးစား လိုက်နာမှု မရှိသဖြင့် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချန်နယ် နယူးအေရှ သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အခြေအနေမတည်ငြိမ်မှု၏ လက္ခဏာ တစ်ရပ်အဖြစ် လွန်ခဲ့သည့်ရက် အနည်းငယ်က အစိုးရစစ်တပ်နှင့် ကေအိုင်အေကြား တိုက်ပွဲသစ် များ ဖြစ်ပွားခဲ့သည်။ သို့သော် မြန်မာအစိုးရသည် လာမည့်လတွင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်လျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အစိုးရနှင့် တိုက်ခိုက်နေသည်မှာ နှစ်ပေါင်း ၆ဝ ရှိနေ ပြီဖြစ်သည်။ ၎င်းတို့ ၏ တောင်းဆိုမှုများမှာ ရှင်းသည်။ နိုင်ငံရေးညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၎င်းတို့က လိုလားနေသည်။

လူနည်းစု လူ့အဖွဲ့အစည်းများသည်လည်း ၎င်းတို့လူမျိုးစု အဖွဲ့အစည်းများမှာ မမျှမတဆက်ဆံခံနေရပြီး နိုင်ငံသားဖြစ်ရေး ၎င်းတို့၏ အခွင့်အရေးများမှာလည်း လျစ်လျူရှုခံနေရသည်ဟု ယူဆလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သည်။ ယင်းတို့ထဲမှ တစ်ခု မှာ ၂ဝ၁၁ ခုနှစ် က ကေအိုင်အေနှင့် စစ်တပ်တို့၏ တိုက်ပွဲများကြောင့် လူတစ်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယနေ့ အချိန်အထိ အများအပြားမှာ ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်သည်။

မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းမှုများက အခြေအနေကို အတန်အသင့် ငြိမ်သက်စေခဲ့ပြီး တိုက်ပွဲများ လျော့ကျခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် လက် နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ထိုးရန်ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲများမှာ ပြောက်တိ ပြောက်ကျား ဖြစ်ပွားလျက်ရှိသေးပြီး စေ့စပ်ညှိနှိုင်းမှုများ ကို နှောင့်ယှက်လျက်ရှိသည်။

''ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် မူတည်ပါတယ်။ သူတို့က တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တာလား။ သူတို့သာ တကယ်ပဲငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် မရနိုင်စရာအကြောင်း မရှိပါဘူး။ သူတို့သာ ဒီမိုကရေစီလမ်းကြောင်း အတိုင်းသွား ချင်တယ်ဆိုရင် ကိုယ့်ဒေသမှာ စည်းလုံးညီ ညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဒီလမ်းကြောင်းကို သူတို့ ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့က ဆက်ပြီးစောဒကမတက်နိုင်ဘူး။ အငြင်းပွားမှုတွေက နိုင်ငံဖွံ့ဖြိုးရေးအတွက် အနှောင့် အယှက်ပါ''ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

သဘောတူညီချက်ရရှိပါက မြန်မာ နိုင်ငံတိုးတက်လာမည်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်း မှုအဖွဲ့ (NCCT) က လက်ခံထားသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုကို ကိုယ်စားပြု သော ၎င်းအဖွဲ့က ပဋိပက္ခကို အဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။

''ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ အမှန် တကယ်ဆုံးဖြတ်ထားပါတယ်''ဟု NCCTမှ အဖွဲ့ဝင်နှင့် ချင်းအမျိုး သားတပ်ဦး ဦးစီးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်း လျံမှုံဆာခေါင်က ပြောကြားခဲ့သည်။

''အမျိုးသားအပစ်ရပ်သဘောတူညီ ချက်ရဖို့ ကျွန်တော်တို့ အမှန်တကယ်ဆုံး ဖြတ်ထားပါတယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲပြီး အဆိုပြုခဲ့တဲ့ သူတွေပါ။ ဦးသိန်းစိန် အာဏာရရချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ပြဿနာနှစ်ခုမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသေးသည်။ တစ်ခုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အနာဂတ်ဖြစ်ပြီး နောက်တစ်ခုမှာ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဆိုသည့်အစိုးရ၏ ကတိကဝတ် ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးမှာ သမ္မတ ဦးသိန်းစိန် မျှော်လင့်ထားသည့် ဖေဖော်ဝါရီလမှာထက် ဧပြီလမှသာ ပို၍ဖြစ်နိုင်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ယုံကြည်လျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်သာ မထိုးနိုင်ပါက အားထုတ်မှုများ အချည်းနှီး ဖြစ်ကာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို အကြီးအကျယ်ထိခိုက်စေ မည် ဖြစ်သည်။ ယခုနှစ်တွင် အထွေထွေရွေး ကောက်ပွဲများ ပြုလုပ်ပြီးပါက အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ကောင်း ဖြစ်လာနိုင်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - အီးပီအေ)
(ဓာတ်ပုံ - အီးပီအေ)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားချင်မှ ထားမည် ဟု မြန်မာစစ်ဘက်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စည်းမျဉ်းစည်းကမ်းများ ကို လေးစား လိုက်နာမှု မရှိသဖြင့် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချန်နယ် နယူးအေရှ သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဒေ၀ူးက ကူညီတဲ့ကျောင်း သံထည်နဲ့ဆောက်၍ ဒေသခံတွေ ကန့်ကွက်

မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ) 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာတွင် ဒေ၀ူး (Daewoo) ကုမ္ပဏီက လှူဒါန်းသော ကျောင်းကို သံထည်ဖြင့် တည်ဆောက်နေသဖြင့် ဒေသခံတွေက ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။

ပြုံယမ်း အင်တာနက် အမေရိကန် နှစ်ချီ ထိုးဖောက်နိုင်ခဲ့

Photo: ပြုံယမ်း အင်တာနက် အမေရိကန် နှစ်ချီ ထိုးဖောက်နိုင်ခဲ့
Tuesday, January 20, 2015

မြောက်ကိုရီးယားရဲ့ ကွန်ပြူတာစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အခုလို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့နည်းပညာအစွမ်းကြောင့် မကြာသေးမီက ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးကော်ပိုရေးရှင်းကို အင်တာနက်ကနေ တိုက်ခိုက်မှု အတွက် မြောက်ကိုရီးယားကနေ တာဝန်ယူလုပ်ဆောင်ခဲ့တယ်ဆိုတာကို အမေရိကန်ဘက်က အတိအကျပြောနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကွန်ပြူတာစနစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ malware ကွန်ပြူတာနည်းပညာကို အသုံးပြုခြင်းအားဖြင့် ၂၀၁၀ ခု နှောင်းပိုင်းကစလို့ မြောက်ကိုရီးယားရဲ့ကွန်ပြူတာကို အမေရိကန်က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်နဲ့ နိုင်ငံခြားထောက်လှမ်းရေးအရာရှိတွေကို ကိုးကားပြီး The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကို ပြင်ပကမ္ဘာနဲ့ဆက်သွယ်ပေးထားတဲ့ တရုတ်ကွန်ပြူတာ ကွန်ယက်တွေကို အမေရိကန်ထောက်လှမ်းရေးက ထိုးဖောက်နိုင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်က အင်တာနက်ထိုးဖောက်တဲ့ ဟက်ကာတွေရဲ့ အသုံးများတဲ့ မလေးရှားဆက်သွယ်မှုကတဆင့် ဆက်စပ်မှုကိုရရှိခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားနဲ့ တခြား အမေရိကန်မဟာမိတ် နိုင်ငံတွေရဲ့ အကူနဲ့ရယူပြီး အခုလို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပေါ် နိုဝင်ဘာလက အင်တာနက်ကနေတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားလက်ချက်ဖြစ်ကြောင်း လူသိရှင်ကြား စွပ်စွဲပြောဆိုနိုင်ဖို့ သမ္မတဘာရက်အိုဘားမားကို နားချရာမှာ အခုလို မြောက်ကိုရီးယား ကွန်ပြူတာစနစ်တွေကို အမေရိကန်က ထိုးဖောက်နိုင်ခဲ့တဲ့ အချက်ဟာ အဓိကအကြောင်းဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
မြောက်ကိုရီးယားရဲ့ ကွန်ပြူတာစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အခုလို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့နည်းပညာအစွမ်းကြောင့် မကြာသေး မီက ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးကော်ပိုရေးရှင်းကို အင်တာနက်ကနေ တိုက်ခိုက်မှု အတွက် မြောက် ကိုရီးယား ကနေ တာဝန်ယူလုပ်ဆောင်ခဲ့တယ်ဆိုတာကို အမေရိကန်ဘက်က အတိအကျပြောနိုင်ခဲ့ တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယီမင် ဝန်ကြီးချုပ် နေအိမ်သူပုန်တွေ ဝိုင်းခံရ

Photo: ယီမင် ဝန်ကြီးချုပ် နေအိမ်သူပုန်တွေ ဝိုင်းခံရ
Tuesday, January 20, 2015

ယီမင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့သူပုန်တွေကြား တရက်ကြာတိုက်ပွဲအဆုံးသတ်ဖို့ အပစ်ရပ်သဘောတူညီမှုရရှိပြီး နာရီအနည်းငယ်အကြာမှာ မြို့တော် ဆိုင်နိုင်းရှိ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို Houthi စစ်သွေးကြွတွေက ဝိုင်းထားတယ်လို့ ယီမင်အစိုးရက ပြောပါတယ်။ အဲဒီဝိုင်းထားချိန်မှာ ဆနိုင်း တဟီရာ ရင်ပြင်ရှိ ဝန်ကြီးချုပ်အိမ်တော်အတွင်းမှာ ဝန်ကြီးချုပ် Khaled Bahah ရှိနေတဲ့အကြောင်း အစိုးရပြောခွင့်ရက ထုတ်ဖော်ပြောကြားပါတယ်။

Houthi စစ်သွေးကြွတွေရဲ့တောင်းဆိုချက်တွေကိုတော့ လူသိရှင်ကြား ချက်ခြင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ အဲဒီနေ့စောစောပိုင်းကတော့ သမ္မတရဲ့နန်းတော်ကနေ ဝန်ကြီးချုပ်ရဲ့ကားတန်းရှည် ထွက်ခွာလာခဲ့စဉ် ဝန်ကြီးချုပ်ဗဟားရဲ့ကားတန်းရှည်ကို ဟိုသီစစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ ကြတယ်လို့သိရပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်အနေနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သေနတ်ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ အဲဒီနေရာကနေ အရပ်သားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူအနည်းဆုံး သုံးဦးသေဆုံးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရသတင်းဌာန အဆောက်အဦးကို သူပုန်တွေသိမ်းပိုက်ထားတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယီမင်နဲ့Zaidi Shi'ite တွေရဲ့အခွင့်အရေးတိုးပေးဖို့ တောင်းဆိုနေတဲ့ ဟိုသီ သူပုန် တွေဟာ မြို့တော်ကို ပြီးခဲ့တဲ့စက်တင်ဘာလက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရသစ်ဖွဲ့ပေးဖို့တောင်းဆိုထားတဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတဲ့ အစည်းအဝေးပွဲကို နှောင့်ယှက်တဲ့အနေနဲ့ ဟိုသီသူပုန်တွေက သမ္မတ Abed Rabbo Mansour Hadi ရုံးရဲ့ အရာရှိချုပ်ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယီမင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့သူပုန်တွေကြား တရက်ကြာတိုက်ပွဲအဆုံးသတ်ဖို့ အပစ်ရပ်သဘောတူညီမှု ရရှိပြီး နာရီအနည်းငယ်အကြာမှာ မြို့တော် ဆိုင်နိုင်းရှိ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို Houthi စစ်သွေးကြွ တွေက ဝိုင်းထားတယ်လို့ ယီမင်အစိုးရက ပြောပါတယ်။ အဲဒီဝိုင်းထားချိန်မှာ ဆနိုင်း တဟီရာ ရင်ပြင်ရှိ ဝန်ကြီးချုပ် အိမ်တော်အတွင်းမှာ ဝန်ကြီးချုပ် Khaled Bahah ရှိနေတဲ့အကြောင်း အစိုးရပြောခွင့်ရက ထုတ်ဖော်ပြောကြားပါတယ်။

တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်

Photo: တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်
Tuesday, January 20, 2015

ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ လစဉ်ထောက်ပံ့ရေး အစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာစီမံချက်များ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း ဆိုသည် အချက်ကို အကောင်ထည်ဖော်သည့် အနေနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဖွံ့ဖြိုးမှု အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး စီးပွားရေး၊ ဘဏ်မန်နေဂျာနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ တစ်ဆင့် လစဉ် ဘိုးဘွားများထံသို့ ငွေကြေးရောက်ရှိနိုင်သည့် နည်းလမ်းများဖြင့် ဘိုးဘွားဦးရေ စာရင်းများကို ကောက်ယူနေပြီး ရရှိသည့် အချက်အလက်များပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့မှုကို လာမည့် ဘတ်ဂျက်နှစ်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

“ထောက်ပံ့မှုက အသက် ၈၀ ပေးမလား၊ ၉၀ ပေးမလား ဆိုတာနဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ ဌာနက ဆုံးဖြတ်မှာပါ။ မန္တလေးတိုင်းကတော့ သတင်းအချက်အလက် ကောက်ယူတာ ပြီးစီးသွားပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် လတ်တလော အနေအထားအရ အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများကို လစဉ် ကျပ်နှစ်သောင်းငါးထောင် ပေးရန် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် အရောက်တွင် ဘိုးဘွား သုံးသန်းကျော်အထိ ရောက်ရှိရန် အစီအစဉ်များ ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

“ဘိုဘွားထောက်ပံ့မှုပေးရေး အစီအစဉ်ကို ကြားရတာ ဝမ်းသာပါတယ်။ ပင်စင်ရ ဘိုးဘွားတွေ ပါ မပါကို ကွဲကွဲပြားပြား သိချင်ပါတယ်” ဟု အသက် ၇၀ အရွယ် မဟာအောင်မြေ မြို့နယ်ရှိ အငြိမ်းစား အထက်တန်းပြ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်နွဲ့ရီက ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဘိုးဘွားများကို ထောက်ပံမည့် အစီစဉ်ကို ကြိုဆိုပြီး ယင်းထောက်ပံ့မည့် အစီအစဉ်ကို အသက်ရှင်သည်အထိ ပေးစေလိုကြောင်း၊ အသင်းအနေနှင့် ဘိုးဘွား ၁၈၀ ဦးကျော်ကို ဆန်၊ ငွေကြေးနှင့် အသုံးဆောင်ပစ္စည်းများ၊ အိမ်အရောက် စောင့်ရှောက်မှုအပြင် ဂိလာနဘိုဘွားများကိုလည်း သီးခြား စောင့်ရှောက်ပေးနေသည်ဟု မန္တလေးမြို့ပေါ်တွင် နာရေးကူညီမှုလုပ်ငန်း အပြင် ဘိုးဘွားစောင့်ရှောက်ရေးကိုပါ တွဲဖက်လုပ်ကိုင်နေသည့် ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘိုးဘွားများကို လစဉ် ငွေကြေးထောက်ပံ့ပေးရေး သုတေသန အချက်အလက် ကောက်ယူရေးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးရှိ အသက်တစ်ရာအထက် ဘိုးဘွား ၈၈ ဦးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ လစာစုဆောင်းငွေ ၂၅ ရာခိုင်နှုန်းမှ ထုတ်နှုတ်ကာ ဘိုးဘွားတစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ပေးအပ်ရန် ရှိသည်ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အထဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ပါဝင်မှု ၁၀ ရာခိုင်နှုန်း နီးပါးခန့် ရှိပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးအရေအတွက် စာရင်းသည် ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာမည် ဖြစ်ကာ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် သက်ကြီးရွယ်အို တစ်ဦးနှုန်း ပါဝင်လာမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကော်မတီဝင် ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေထက် သက်ကြီးရွယ်အို အရေအတွက်က ပိုများလာမည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာတစ်ရပ်က ထောက်ပြထားသည်။

The Voice Weekly
ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်

Photo: နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်
Tuesday, January 20, 2015

အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတာကြောင့် အလုပ်မလုပ်နိုင်သူတွေကို တနှစ်ဆေးခွင့် ၇ ရက်ထိ ပေးဖို့ အဆိုပြုထားတဲ့ ဥပဒေကိုလည်း သမ္မတက ထောက်ခံထားပါတယ်။ အဆင့်မြင့်ပညာသင်ကြားနေသူတွေ၊ ကလေးမရှိတဲ့ အိမ်ထောင်ရှင်တွေအတွက် နှစ်ကုန် အခွန်ပြန်အမ်းငွေ ပိုတိုးလာဖို့နဲ့ Community ကောလိပ်မှာ နှစ်နှစ် အခမဲ့ပညာသင်ကြားခွင့်၊ အငြိမ်းစားထောက်ပံ့ငွေအတွက်စုဆောင်းတာတွေလုပ်ဖို့ကိုလည်း သမ္မတက တိုက်တွန်းဖို့ရှိနေပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း အတူလက်တွဲလုပ်ဆောင်ဖို့အကြောင်းလည်း မိန့်ခွန်းမှာ ပါဝင်ဖို့ရှိတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ အင်္ဂါနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာမှာ ရီပါတ်ဗလီကင်တွေ ကြီးစိုးတဲ့လွှတ်တော် နှစ်ရပ်ရှေ့မှောက် ပြောရမှာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းနဲ့ ပါတ်သတ်ပြီး သမ္မတအပေါ် ပိုပြီး ထောက်ခံသူတွေ ပိုများလာပါတယ်။ Wall street Journal နဲ့ NBC ရုပ်သံဌာနတို့က ကောက်ယူမှုစစ်တမ်းတွေအရ သမ္မတမိန့်ခွန်းအပေါ် လွန်ခဲ့တဲ့နှစ်က ထောက်ခံမှု ၃၂ % ရှိရာက အခုနှစ်မှာ ၃၈ % အထိ တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ သမ္မတကတော် Michelle Obama ရဲ့ဧည့်သည်တော်အဖြစ် မကြာသေးခင်က ကျူးဘားအကျဉ်းစခန်းက လွတ်မြောက်လာတဲ့ Alan Gross နဲ့ အာကာသယာဉ်မှူး Scott Kelly တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၂ ယောက်ထဲမှာ ကျောင်းသားနဲ့ ပညာရေးဝန်ထမ်းတွေ၊ ထူးချွန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေနဲ့ အာဖဂန်နစ္စတန်တိုက်ပွဲမှာ ပါဝင်တဲ့ ဒဏ်ရာရစစ်သည်တော်တွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့ မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါ တယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေ အတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိထက် လျှပ်စစ်ဓာတ်အား အဆ၃၀ပိုထုတ်နိုင်သည့် ရတနာသိုက်ရှိ

မြန်မာနိုင်ငံသည် လက် ရှိထုတ်လုပ်နေသောလျှပ်စစ် ဓာတ်အားပမာဏထက် အဆသုံး ဆယ်ပိုမိုထုတ်လုပ် နိုင်သည့် စွမ်းအင်ရတနာသိုက်ကြီးကို ပိုင်ဆိုင် ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု နှင့် အပြည်ပြည်ဆိုင်ရာ ရေအား လျှပ်စစ်အဖွဲ့တို့ ထုတ်ပြန်ချက် အရသိရသည်။ 

ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်

Photo: ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်
Tuesday, January 20, 2015

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့်အင်တာဗျူး ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြားလိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမိုက ရေစီလမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော်တို့ ငြင်းခုံမနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည် ပြည်တွင်းစစ် အဆုံးသတ်ရန် ဆန္ဒအပြည့်အ၀မရှိနိုင်ဟု တပ်မတော်က ယူ ဆထားကြောင်း စီအင်န်အေက ဖော်ပြသည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင် ချိုးဖောက်ကြောင်း၊ ထို့ကြောင့် ပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်စေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

တစ်ဖက်တွင်လည်း NCCT အဖွဲ့ဝင်လည်း ဖြစ်၊ ချင်းအမျိုး သားတပ်ဦး (CNF)၏ အဓိပတိ ကောင်စီဝင်လည်းဖြစ်၊ တိုင်းရင်း သားလူမျိုးများ ကောင်စီ (ENC) ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ‘‘ငြိမ်းချမ်းရေးအတွက် ကျွန်တော် တို့ အမှန်တကယ်ဆန္ဒရှိကြတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်အတွက် ကျွန်တော်တို့ တကယ့်ကိုအမှန်ကိုဆန္ဒရှိကြတယ်။ ကြည့်စမ်းပါဦး ဗျာ၊ ကျွန်တော်တို့က ဒီတစ်နိုင်ငံ လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အဆိုပြုခဲ့ပြီး ရေးဆွဲခဲ့တဲ့သူတွေပါ။ သမ္မတ ဦးသိန်းစိန်အာဏာရတာနဲ့ ကျွန် တော်တို့ ကြေညာချက်တစ်စောင် ထုတ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေး ပွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အတွက် တောင်းဆိုခဲ့တယ်’’ ဟု စီအင်န်အေအား ပြောကြားသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေး အစိုးရထံအဆိုပြုခဲ့ကြောင်း NCCTဘက်က ပြီးခဲ့သည့် ဒီဇင်ဘာအ စည်းအဝေးတွင် သတင်းထောက် များအား ပြောခဲ့သည်။ ယင်းနောက် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ဗိုလ်ရှုခံ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်ကပါ ပြည်ထောင်စုနေ့ ၌ NCA ရေးထိုးရန် အသားပေးတိုက်တွန်းပြောကြားခဲ့ပြန်သည်။ ထို့အပြင် NCA ကို ဖေဖော်ဝါရီတွင် ချုပ်ဆိုရန် ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစစ်ရန်ဟီးလီကိုလည်း အစိုးရက ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် ကချင်ပြည်နယ် တွင် လောလောဆယ် ပြန်လည်ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေကြားတိုက်ပွဲများ က မြန်မာ့ငြိမ်းချမ်းရေး၏ ထိလွယ် ရှလွယ် အခြေအနေကို ဖော်ပြ သည့် လက္ခဏာတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။

၂၀၁၄ စက်တင်ဘာက ပြုလုပ်ခဲ့ သည့် UPWC နှင့် NCCT နှစ်ဖက် ကြား တရားဝင် ခြောက်ကြိမ် မြောက် ဆွေးနွေးပွဲနောက်ပိုင်း တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့မတိုးသာသည့် အခြေအနေ ဖြစ်သွားပြီဟူသည့် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အလုပ်အဖွဲ့များ ငါးကြိမ် တွေ့ဆုံခဲ့ကြသည်။ NCA ပါ အ ချက်ပေါင်း(၁၁၂)ချက်အနက် စာ ချုပ်ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရ မည့် အချက်မှာ ဒီဇင်ဘာဆွေးနွေး ပွဲအပြီးတွင် သုံးချက်သာ ကျန်ရှိ တော့၍ ယင်းတို့မှာ ကြားကာလ တပ်နေရာချထားရေးဆိုင်ရာနှင့် ဆက်စပ်သည့် အချက်များ ဖြစ်နေသည်။ ယင်းအတွက် ယခုတစ်ခေါက် NCA ကို အမှန်တကယ်လက်မှတ်ရေးထိုးနိုင်တော့မည်လားဆိုသည့် မေးခွန်းတွင် အဓိကပါဝင် ပတ်သက်နေသူက တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။

7Day DAILY 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ −မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ −မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြား လိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

ငြိမ်ချမ်းရေးရပါက တပ်မတော်၏ အခန်းကဏ္ဍ နောက်ဆုတ်ပေးလိမ့်မည်ဟု သမ္မတပြောကြား

Photo: ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ
Tuesday, January 20, 2015

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိကြောင်း ၎င်း ကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ် နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်း တာ။မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်း
နေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါ တယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျိုးမင်းဦး 
7Day DAILY
တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိသည့်အခါတွင် တပ် မတော် အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍမှ နောက်ဆုတ်ပေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က စင်ကာပူ သတင်းစာ စထရိတ်တိုင်းမ်စ်နှင့် သီးသန့်အင်တာဗျူး တွင် ပြောကြားသည်။

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ

Photo: ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ
Tuesday, January 20, 2015

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိကြောင်း ၎င်း ကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ် နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်း တာ။မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်း
နေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါ တယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျိုးမင်းဦး 
7Day DAILY
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

Photo: ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး
Tuesday, January 20, 2015  

ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ် ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

အစ္စရေးရဲ့ Ynet သတင်းဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ အစ္စရေးကို တိုက်ခိုက်လိုတဲ့ အကြမ်းဖက်သမား
တွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် သတင်းတွေကို ကိုးကား ဖေါ်ပြထားပါတယ်။ လက်ဘနွမ်ဘက်ကတော့ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ ဟက်ဇ်ဘိုလာတွေရဲ့ မော်တော်ယာဉ်နှစ်စီးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဟာ ဟက်ဇ်ဘိုလာတပ်မှူး Mohammad Issa ဖြစ်ပြီး သူဟာ ဆီးရီးယား နဲ့အီရတ်က စစ်ဆင်ရေးတွေကို ကိုင်တွယ်သူလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ နောက် သေဆုံးသူတ ဦးကတော့၂၀၀၈ ခုနှစ်တုန်းက ဆီးရီးယားမှာ ကားဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ရတဲ့ ဟက်ဇ်ဘိုလာ စစ်ဘက် အကြီးအကဲImad Mughniyeh ရဲ့သားဖြစ်သူ Jihad Mughniyeh ဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ အစ္စရေးတွေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။

VOA
ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

အတွင်းဝန်ရာထူးအတွက် ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းပေး

Photo: အတွင်းဝန်ရာထူးအတွက် ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းပေး
Tuesday, January 20, 2015

အတွင်းဝန်ရာထူးခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသည့် ညွှန်ကြားရေး မှူးချုပ် (DG) များအား ဇန်နဝါရီ ၁၉ ရက်မှစတင်၍ သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

အတွင်းဝန်ရာထူးအတွက် ဝန်ကြီးဌာနတစ်ခုစီမှ အရန်တစ်ဦးအပါအဝင် ညွှန်ချုပ်နှစ်ဦးစီ ရွေးချယ်ထားပြီး သီတင်းလေးပတ်ကြာသင်တန်း ပေးနေခြင်းဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းကနေပြည်တော်၌ ပြုလုပ်ခဲ့သည့် အဆင့်မြင့်အရာရှိများ အထူးမွန်းမံသင်တန်းတွင် နိုင်ငံရေးတာဝန်ဖြင့် ပြည်ထောင်စုဝန်ကြီးတယ၀န်အလှည့်ကျတာဝန် ထမ်းဆောင်ကြသည့်ဝန်ကြီး၊ ဒုတိယ၀န်ကြီးများအလွှဲအပြောင်းကာလ လစ်လပ်ချိန်များတွင် ၀န်ကြီးဌာနတစ်ခုလုံးလက်အောက်ဌာနများ အပါအ၀င်ကိုယ်စားတာဝန်ခံမည့် အမြဲတမ်းအတွင်းဝန်တာဝန်ခံ ညွန်ကြားရေးမှူးချုပ်များ ဖွဲ့စည်းခန့်ထားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အတွင်းဝန်ရာထူးသည် ပြည်ထောင်စုဝန်ကြီးပြောင်းလဲသော်လည်းဝန်ကြီး ဌာန၏ ဝါဒ မပြောင်းလဲဘဲ ဆောင်ရွက်နိုင်စေရန် ခန့်အပ်ထားသည့် ရာထူးဖြစ်ပြီး ပါလီမန်အစိုးရလက်ထက်က ကျင့်သုံးခဲ့ဖူးသည်။

ဖဆပလပါလီမန်အစိုးရ ခေတ်တွင် ကိုယ်ရေးအရာရှိ အဖြစ်တာဝန်ယူဖူးသူ ဦးသုဝေက အတွင်းဝန်ရာထူးသည် တာဝန်ကြီးမားပြီး အရေးပါသည့်ရာထူးဖြစ် သည့် အတွက် အမှန်တကယ် အရည်အချင်းရှိရန်လိုအပ်ကြောင်း မှတ်ချက်ပြု သည်။ လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၆ ခုရှိပြီး ပြည်ထောင်စုဝန်ကြီး ၉၀ ကျော်ရှိကြောင်းသတင်းရရှိသည်။
 
7Day DAILY  

အတွင်းဝန်ရာထူးအတွက်ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းစတင်ပေးသည့်နေ့တွင် သမ္မတဦးသိန်းစိန်အမှာစကားပြောကြား နေစဉ်(ဓာတ်ပုံ - MOI)
အတွင်းဝန်ရာထူးအတွက်ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းစတင်ပေးသည့်နေ့တွင် သမ္မတဦးသိန်းစိန်အမှာစကားပြောကြား နေစဉ်(ဓာတ်ပုံ - MOI) 
အတွင်းဝန်ရာထူးခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသည့် ညွှန်ကြားရေး မှူးချုပ် (DG) များအား ဇန်နဝါရီ ၁၉ ရက်မှစတင်၍ သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသော ယူရေနီယံ အများအပြားထွက်ရှိသည့်နေရာတွေ့ရှိ ယူရေနီယံ ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ခဲ့သော ဦးတေဇက ဓာတ်ရောင်ခြည်သင့်ထား၍ ကျန်းမာရေးသိပ်မကောင်းဟုပြော

နျူကလီးယားလက် နက်များထုတ်လုပ်ရာတွင် အဓိက ပါဝင်သော ကုန်ကြမ်းဖြစ်သည့် ယူရေနီယံသတ္တု အများအပြား ထွက်ရှိသောနေရာကို မြန်မာ နိုင်ငံ၌ တူးဖော်ရှာဖွေတွေ့ရှိ ထားပြီဖြစ်ကြောင်း ထူးကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇကပြောသည်။

ဖျက်သိမ်းသင့် ပူပေါင်းသင့်သည့်ဌာနများကို ဖျက်သိမ်းခြင်း၊ ပူးပေါင်းခြင်းများ ပြုလုပ်သွားမည်ဟု သမ္မတပြော

ခေတ်စနစ်နှင့် ကိုက်ညီသော အစိုးရအုပ်ချုပ်ရေးယန္တရားအဖြစ် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရန် ဖျက်သိမ်း သင့်သည့် ဌာနများ ဖျက်သိမ်းခြင်းနှင့် ပူးပေါင်းသင့် သည့်ဌာနများ ပေါင်းစည်းဖွဲ့စည်း ခြင်းများပြုလုပ် သွားမည် ဖြစ် သည် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

ဝန်ကြီးများရုံးကို ပြတိုက်နှင့် ဟိုတယ်ဝန်ဆောင်မှုပေးရန် အနော်မာအနုပညာလုပ်ငန်းစု လုပ်ခွင့်ရ

Photo: ၀န်ကြီးများရုံးကို ပြတိုက်နှင့် ဟိုတယ်ဝန်ဆောင်မှုပေးရန် အနော်မာအနုပညာ လုပ်ငန်းစု လုပ်ခွင့်ရ
Tuesday, January 20, 2015

ရန်ကုန်မြို့တွင်းရှိ ရှေး ဟောင်းအဆောက်အအုံတစ်ခု ဖြစ်သော ၀န်ကြီးများရုံးကို ပြ တိုက်အပါအ၀င် ၀န်ဆောင်မှု လုပ်ငန်း လုပ်ဆောင်ရန် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်တွင် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းရရှိ သည်။

ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းတွင် တည်ရှိပြီး ၁၅ ဧကကျော် ကျယ်ဝန်းသော ၀န်ကြီးများရုံးအား ပြတိုက် အပါအ၀င် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ပိုင်ခွင့်ကို အနော်မာ အနုပညာလုပ်ငန်းစုက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

နှစ်ပေါင်း ၅၀ နှင့် ၁၀ နှစ်စီ နှစ်ကြိမ်သက်တမ်းတိုးနိုင်သော နှစ် ၇၀ လုပ်ခွင့်ရသည့် BOT စနစ် ဖြင့် လုပ်ခွင့်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ ပြုပြင်တည်ဆောက်နိုင်သော အ စိုးရပိုင် ရှေးဟောင်းအဆောက် အအုံအားလုံးနီးပါးကို ဟိုတယ်အ ဖြစ် ပြုပြင်လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ခွင့်ပြုပေးလိုက်သည့် အ ဆောက်အအုံအများစုမှာ ဟို တယ်အဖြစ် ပြောင်းလဲလုပ်ကိုင် ရန် သင့်လျော်သည့် အဆောက် အအုံများကိုသာ စစ်ဆေးခွင့်ပြု ခြင်းဟု အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဆောက်အအုံ များထဲတွင် မြန်မာ့မီးရထားရုံး ချုပ်၊ စုပေါင်းရုံး၊ ကုန်သွယ်ရေးရုံး ဟောင်း၊ ရဲမင်းကြီးရုံးနှင့် ယခုခွင့်ပြုလိုက်သည့် ၀န်ကြီးများရုံးတို့ ပါဝင်သည်။

သို့သော် ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံများတွင် နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး အသုံးမပြုတော့သော အစိုးရရုံးဟောင်းအများစုပါဝင်ပြီး ဘာသာရေးအဆောက်အအုံများ မပါဝင်ကြောင်း၎င်းက ဆက်လက်ပြောသည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ များတွင် အက်ဖ်အမ်အိုင်၊ မက်စ် မြန်မာ၊ ဒိုင်းမွန်းစတားအစရှိသော ပြည်တွင်းထိပ်သီး ကုမ္ပဏီကြီး များပါဝင်ပြီး ကမ္ဘာကျော်ဟိုတယ် အုပ်စုအချို့ပါဝင်သည်။ အမှန်တကယ် ထိန်းသိမ်းပြီး တာဝန် ယူမှုရှိသည့် ကုမ္ပဏီများသာ ဦးစားပေးရွေးချယ်သည်ဟု ရွေး ချယ်ရေးမူများတွင် သတ်မှတ် ထားသည်။

‘‘တချို့လာတင်ပြတဲ့အထဲ မှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်တဲ့ ပုံစံလေးတွေ ရှိတယ်။ ဒါတွေကို တော့ လမ်းကြောင်းပြန်တည့်ပေး ရတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ရှေး ဟောင်းအဆောက်အအုံအားလုံး ကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့် ပေး၍ မရဘဲ အချို့မှာ ကြံ့ခိုင်မှု အားနည်းသောကြောင့် အကြီး စားပြန်လည်ပြင်ဆင်မှုများ ပြု လုပ်ရန် လိုအပ်နေကြောင်း ရှေး ဟောင်းအဆောက်အအုံများ လေ့လာမှုပြုလုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းကလည်း အကြံပြုထားသည်။

ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခွင့်ပေးလိုက်သည့် အ ဆောက်အအုံအများစု၏ မူလ လက်ရာ မပျောက်ပျက်ရန် လွန် စွာ အရေးကြီးပြီး အကြီးစားပြင် ဆင်မှုများ ပြုလုပ်ပါက များစွာ သတိထားရမည့် အဆောက်အအုံ များပါဝင်ကြောင်း ရှေးဟောင်းအ ဆောက်အအုံများ လေ့လာစောင့် ကြည့်သူများက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ စာရင်း အရ ရန်ကုန်တွင် ရှေးဟောင်း အဆောက်အအုံ ၁၈၉လုံးရှိသည်။

ရန်ကုန်မြို့ရှိ ရှေ့နေချုပ်ရုံး ကိုလည်း Kempinski ဟိုတယ် အုပ်စုကို ပြန်လည်ပြုပြင်ဝန် ဆောင်မှုပေးခွင့်ပြုထားသည်။

7Day DAILY 

ယခင်ဝန်ကြီးများရုံး အဆောက်အအုံဟောင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ယခင်ဝန်ကြီးများရုံး အဆောက်အအုံဟောင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တွင်းရှိ ရှေး ဟောင်းအဆောက်အအုံတစ်ခုဖြစ်သော ၀န်ကြီးများရုံးကို ပြတိုက်အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်တွင် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းရရှိ သည်။

အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး မြန်မာကောင်စစ်ဝန်ရုံး ဖွင့်မည်

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းပြည်နယ်ရှစ်ခုနှင့် ကန်ပြည်ထောင်စုပိုင် ပစိဖိတ် နယ်မြေအချို့ တွင် နေထိုင်သူများ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်၊ နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးမည့် ပထမဆုံး မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးကို အမေရိကန်ပြည်ထောင်စု လော့စ်အန်ဂျလိစ်မြို့၌ ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ ဆိုးရွားစွာမမျှတမှုဖြစ်ခဲ့လျှင် ဂျပန်ပေးမည့် အကူအညီ အပြောင်းအလဲဖြစ်နိုင်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းများအတွက် အ မေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ချေးငွေပေးရန် ဂျပန်အစိုးရက သဘောတူညီထားသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဆိုးရွား သောတရားမမျှတမှုများ ဖြစ်ပေါ် လာပါက ထောက်ပံ့ကူညီမှုများအ ပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင် ရွက်မှုအေဂျင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲက ပြော ကြားသည်။