Friday 14 August 2015

မြောက်ဦးတွင် စားနပ်ရိက္ခာအလှူများ ၀င်ရောက်နေသော်လည်း ဆန်ဈေးတက်ဆဲ

 ရေကြီးနစ်မြုပ်မှုဖြစ် ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းသည့် စား နပ်ရိက္ခာများ အဆက်မပြတ်ဝင် ရောက်နေသော်လည်း ဆန်ဈေး နှုန်းများ ဆက်လက်မြင့်တက်နေ ကြောင်း သတင်းရရှိသည်။
‘‘ရေဘေးကြုံတွေ့ပြီး ကား လမ်းတွေလည်း ဆက်သွယ်သွား လာနိုင်ပြီဖြစ်ပေမယ့် ဆန်ဈေးက တော့ တက်နေဆဲပါပဲ။ မြောက်ဦး ကို အလှူရှင်တွေ လာလှူတဲ့အထဲ မှာ အများဆုံးက ဆန်တွေဖြစ်ပါ တယ်။ အဲဒီဆန်တွေက ရေဘေး သင့်သူတွေဆီကို ဖြန့်ဝေပေးနေ ပေမယ့် ဆန်ဈေးမကျတာက အံ့ သြစရာပါပဲ’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး အကူအညီများ အဓိကလိုအပ်နေ

 ရေဘေးသင့် မြောက် ဦးမြို့ပေါ်နှင့် ကျေးရွာများ၌ အ ရေးပေါ် အကူအညီဖြစ်သော စားနပ်ရိက္ခာ လိုအပ်ချက်တွင် အဆင်ပြေနေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ အဓိကလိုအပ်နေ ကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။
‘‘မြောက်ဦးကို အဖွဲ့ပေါင်း စုံက စားနပ်ရိက္ခာအတွက် ဆန်တွေ၊ သောက်သုံးရေတွေ စစ်တွေကတစ်ဆင့် ကုန်းလမ်းရော ရေ လမ်းကပါဝင်နေပါတယ်။ ကူညီ ထောက်ပံ့ရေးအအဖွဲ့ကလည်း ကျေးလက်ဒေသအထိ သွားပြီး ထောက်ပံ့နေတဲ့အတွက် လော လောဆယ်တော့ စားနပ်ရိက္ခာအ ဆင်ပြေနေပြီလို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ နေအိမ်ပြိုလဲပျက် စီးသွားသူတွေအတွက် ပြန်လည် ထူထောင်ဖို့ အကူအညီတွေ လို အပ်နေပါတယ်’’ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် နာရေးကူညီမှုဖောင်းဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား One Stop Service ဖြင့် ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော ဒေသခံများအား One Stop Service ဝန်ဆောင်မှုဖြင့် ကွင်း ဆင်းပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ပေးခဲ့သော မိုးပွင့်အထူးစီမံချက် ပြီးဆုံးသွားသော် လည်း တိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများမပြုလုပ် ရသေးသည့် ဒေသခံများကို ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး သွားမည်ဟု တိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။
ရေလုပ်သားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများရှိရာ တနင်္သာရီတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကို မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများမပြုလုပ်ခဲ့ရသော ဒေသများ ရှိနေသေး ကြောင်း သတင်းရရှိသည်။

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်

ဒီတစ်ပတ် ကြည့်ဖို့အတွက် တော့ စူပါဟီးရိုး ဇာတ်ကားလေး တစ်ကားကိုပဲ ညွှန်းပေးလိုက်ပါ တယ်။ ၂၀ ရာစုမြေခွေးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက် Fantastic Four ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဂျော့ရှ်ထရန့်ခ်ရဲ့ လက်ရာပါ။
ရိဒ်ရစ်ချတ်နဲ့ ဘန်ဂရင်းမ် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ထူးခြားစွမ်းရည်ရှိကြသူတွေဖြစ် ပြီး ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ကြသူတွေပါ။ အသက်ငယ် ငယ်နဲ့ ပါရမီထူးတဲ့ ကလေးတွေအ တွက် ဖွင့်ထားတဲ့ သုတေသနစင် တာ ဘက်စ်တာ ဖောင်ဒေးရှင်း ဒါရိုက်တာ ပါမောက္ခဖရန်ကလင် စတောမ်က သူတို့နှစ်ဦးကို မျက်စိ ကျခဲ့ပြီး ရိဒ်ကတောမ် မိသားစုဝင်တွေဖြစ်တဲ့ ဆူးစတောမ်၊ ဂျော်နီတောမ် တို့နဲ့အတူ သုတေသနလုပ် ဖြစ်ခဲ့ပါတယ်။

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်မှုများကို အပြီးသတ် မငြှိမ်းသတ်နိုင်သေး

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဧရာမ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ နေရာ၌ တငွေ့ငွေ့ မီးလောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းက တီယန်ကျင်း ဆိပ်ကမ်းအနီး ကုန်လှောင်ရုံများတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားရာ အနည်းဆုံး လူ ၅၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် ၇၁ ဦးမှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွား ပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် မီးသတ်သမား ၁၇ ဦး ပါဝင်ကြောင်းလည်း မီးသတ်ဌာနက အတည်ပြုခဲ့သည်။

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

"ဒီချုပ်ကိုယ်စားလှယ်လောင်းတစ်ဦး ဆွဲကြိုးချသေဆုံး"

လပ္ပတာမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှုး ဖြစ်သည့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ထွန်းသည် ယနေ့ (သြဂုတ်၁၄) နံနက်၂နာရီ ကျော်ကနေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပ္ပတာမြို့နယ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသူမှာအသက်၆၀ကျော်ခန့်ရှိပြီး အလုပ်ဖိစီးမှုများနှင့် စိတ်ဖိစီးလာ ၍ သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်းပါတီတွင်း လုပ်ဖော်ကိုင်ဘက်များနှင့် မိသားစုဝင်များက ပြောသည်။
သေဆုံးသူသည် ကိုယ်စားလှယ်လောင်းအဖြစ်လျောက်လွာတင် ကတည်းကပင် အရက်ဖြတ်ထားခဲ့ပြီး အရက်ဖြတ်သည့်ဒဏ်နှင့် ပါတီအလုပ်ပင်ပန်းမှုများကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒီချုပ်ဥက္ကဌ ဒေါက်တာအေးကြူကပြောသည်။

ငါးရှာကိရိယာမသုံးတတ်၍ ထိုင်းနိုင်ငံသားများ ခေါ်ယူအသုံးပြုမည့်အစီအစဉ် ငါးလုပ်ငန်းအဖွဲ့ချုပ် ကန့်ကွက်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ငါးဖမ်းလုပ်ငန်းလေ လံခေါ်ယူရာတွင် ငါးရှာကိရိယာ (ဆိုနာ)ကို မြန်မာနိုင်ငံသားများ ကျွမ်းကျင်စွာ အသုံးမပြုတတ်သ ဖြင့် ထိုင်းနိုင်ငံသားများ ခေါ်ယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေခြင်းအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
တိုင်းရင်းသားပိုင် ငါးဖမ်း လှေများပေါ်တွင် ငါးရှာကိရိယာ (ဆိုနာ)အသုံးပြုရန် ထိုင်းနိုင်ငံ သားများကို ခေါ်ယူမည့် အစီအ စဉ်သည် နိုင်ငံခြားငါးဖမ်းသင်္ဘော များအား လုပ်ပိုင်ခွင့်ရပ်ဆိုင်းခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်စေကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘တိုင်းရင်းသားအမည်ခံပြီး ငါးလှေတွေပေါ်မှာ ဆိုနာကိရိယာ ကို ကိုင်တွယ်ဖို့ ထိုင်းနိုင်ငံသား တွေကို ခေါ်မယ်ဆိုရင် ဖစ်ရှင်း ရိုက် (နိုင်ငံခြားသင်္ဘောများ ငါး ဖမ်းခွင့်)ကို ပိတ်ထားတာ အလ ကားဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နာယက ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရေ စံချိန်တင်

၂၀၁၅ ရွေးကောက်ပွဲ သည် မြန်မာ့ရွေးကောက်ပွဲတစ် လျှောက် ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင် မည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာ သည်။
၂၀၁၅ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် သြဂုတ် ၁၂ ရက်အထိ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့် (၄,၉၃၂ ဦး)အမည် စာရင်းတင်သွင်းထားပြီး အဆိုပါ အရေအတွက်သည် မြန်မာ့ရွေး ကောက်ပွဲသမိုင်းတစ်လျှောက် တွင် စံချိန်တင် ကိုယ်စားလှယ် လောင်းအရေအတွက်ဖြစ်သည်။
လွန်ခဲ့သောငါးနှစ်က ကျင်း ပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်လောင်း ၂,၃၀၀ ခန့် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။

အာဏာရှင်ဆန်သော နိုင်ငံရေးပါတီများ ဖြန်းဖြန်းကွဲမှသာ ပါတီတွင်းပြဿနာများကို အပြင်လူသိရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 ကမ္ဘာ့နိုင်ငံအသီးသီး ရှိ အာဏာရှင်ဆန်သော ပါတီများ အနေဖြင့် ပါတီတွင်းပြဿနာများ ကို အပြင်လူများ သိရှိစေခြင်းမရှိ ဘဲ ယင်းပါတီများ ဖြန်းဖြန်းကွဲမှ သာ အပြင်လူများ သိရှိရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ် ၁၁ ရက်က ရွှေ တောင်မြို့လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများ လွှတ်တော်အတွင်း ရောက်ရှိစေရန် လူထုကို စည်းရုံးရမည်ဟု ၈၈ မျိုးဆက်ပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အ နိုင်ရရှိပြီး လွှတ်တော်အတွင်းသို့ အင် အားများများရောက်ရှိအောင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန်အတွက် လူထုကို စည်း ရုံးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက ပြောသည်။
သြဂုတ် ၉ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့် Triangle Women Support Group တို့ ပူးပေါင်းကျင်းပသည့် ‘ရွေးကောက်ပွဲက ပြည်သူ့လိုလား ချက်တွေကို ဘယ်လောက်ဖြည့် စွမ်းနိုင်မှာလဲ’ဟူသည့်ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ဦးမြအေးက ယင်းသို့ ပြောသည်။