Wednesday 21 January 2015

နုနယ်သည့်မြန်မာတွင် အားကောင်းသောစစ်တပ်ရှိရန်လိုဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် လွှတ်တော် တွင်းမှ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချရန် အဆင်သင့်မဖြစ်သေး ကြောင်း မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က စင်ကာပူ အခြေ စိုက်ချန်နယ်နယူးစ်အေးရှားရုပ် သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားလိုက်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အတွင်း စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်း မရှိမဖြစ်ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်သောအမတ် ၇၅ ရာခိုင်နှုန်းမှာ အခြေခံဥပဒေ ပါသည့် မည်သည့်အချက်ကိုမဆို ပြင်ဆင်လိုသည်ဖြစ်စေ စစ်တပ် က တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုမှသာ လုပ်ဆောင်နိုင် သည်။
မြန်မာအတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများနှင့် အတူ ၂၀၁၅ နှစ်ကုန်ပိုင်း၌ ကျင်းပ မည့်ရွေးကောက်ပွဲမတိုင်မီ အခြေ ခံဥပဒေပြင်ဆင်ရန် တောင်းဆို နေသည်။

အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ

Photo: အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ
Wednesday, January 21, 2015

ပြီးခဲ့တဲ့ လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

အမြင့်ကို ပျံတက်တာမှာ တမိနစ်ကို ပေ ၆ ထောင်နှုန်းနဲ့ အရှိန်ပြင်းပြင်း တက်ခဲ့လို့ စက်ချို့ယွင်းပျက်စီး ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပိုဆောင်ရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားကလာတဲ့ သတင်းတွေနဲ့ ဘီဘီစီသတင်းမှာ အဲအေးရှားလေယာဉ်ဟာ မုန်တိုင်းနား ရောက်သွား ခဲ့ပြီး ပြဿနာ တက်ခဲ့ပုံရကာ အခုလို မထင်မှတ်တဲ့ ပြဿနာ ဖြစ်ခဲ့တာလို့လည်း ယူဆတဲ့အကြောင်း
ဖော်ပြ ထားပါသေးတယ်။

မကြာသေးမီက ပျက်ကျအဲအေးရှား လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်စက် Black Box နဲ့ လေယာဉ်မှူး အခန်းက အသံဖမ်း ကိရိယာတွေကို အောင်မြင်စွာ ဆယ်ယူရရှိအပြီး လူသိရှင်ကြား ထုတ်ပြောလာခဲ့ တာပါ။

Black Box နဲ့ လေယာဉ်မှူး အခန်းက Voice recorder ကို အောင်မြင်စွာ ဆယ်ယူ ရရှိပြီး လေယာဉ် ကိုယ်ထည်ပိုင်းတွေ အပါအဝင် လေယာဉ်ရဲ့ အစိပ်အပိုင်းတွေ ဆက်တိုက် ဆယ်ယူရရှိခဲ့ကြတာပါ။

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ အလောင်းတွေကိုလည်း တော်တော် များများကို ဆယ်ယူရခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိ ခရီးသည်တွေရဲ့ အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါလို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။

ဧရာဝတီ
ပြီးခဲ့တဲ့လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

ပြည်တွင်းစွမ်းအင် ပိုလျှံမှသာ ပြည်ပရောင်းမည်

Photo: ပြည်တွင်းစွမ်းအင် ပိုလျှံမှသာ ပြည်ပရောင်းမည်
Wednesday, January 21, 2015

ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သော ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့်  တခြားစွမ်းအင် စီမံကိန်းများ အားလုံးကို ပြည်တွင်းစွမ်းအင် ဖူလုံရေးအတွက်သာ အဓိက ဦးစားပေးသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပ ရောင်းချသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့သော အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “စွမ်းအင် ထွက်သမျှကို ပြည်တွင်းသုံးကိုသာ ပြည့်အောင် ဖြည့်တင်းမယ်ဆိုတဲ့ မူနဲ့သွားနေပါတယ်။ ဒါကြောင့် နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ ထွက်သမျှ ထုတ်လုပ်မှုမှန်သမျှ အားလုံးသည် ပြည်တွင်းဖြည့်ဆည်းမှုကိုသာ အဓိကထားမယ်။ ပြည်တွင်းမှာ ပိုလျှံရင်တောင်မှ Raw (ကုန်ကြမ်း) အတိုင်း အပြင်ကို ထုတ်ရောင်းမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်တွင် ပြည်တွင်းတွင် လုပ်ကိုင်လျှက်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထောက်အပံ့ဖြစ်ရေး လုပ်ဆောင်ရန် အချက်ပါရှိသော်လည်း လက်ရှိတွင်  လုပ်ကိုင်မပေးနိုင်သေးကြောင်း သိရသည်။

ဦးဇေယျာအောင်က “အသေးစား အလတ်စားတွေကို အစိတ်အပိုင်းတခု အနေနဲ့ ထောက်ပံ့မှုပေးရမယ် ဆိုပေမယ့် လက်ရှိ အချိန်အထိ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်း တခုလောက်ပဲ ဖြည့်တင်းနိုင်တာပါတယ်။ ဆိုလိုတာတော့ စက်မှုလုပ်ငန်းသုံး သဘာဝဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့၊ ကျန်တဲ့အစိတ်အပိုင်းသုံး ဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့ ဒါတွေဟာ အစိတ်အပိုင်းသေးသေးပဲ ပါပါတယ်” ဟု ပြောသည်။

ယခုအချိန်တွင်  နိုင်ငံပိုင် စက်ရုံ အလုပ်ရုံကြီးများကိုသာ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အခြေအနေဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို  ယခင်အစိုးရ လက်ထက်တွင် ပြည်ပသို့ စာချုပ်ချုပ်ဆို ရောင်းချထားပြီး ယခုအချိန်တွင် ပြည်တွင်းစက်ရုံ အလုပ်ရုံများ လိုအပ်ချက်ကို ရောင်းချနိုင်ခြင်း မရှိသည့် အနေအထားဖြစ်သည်။

ပြည်တွင်း လုပ်ငန်းရှင်များက ရောင်းချရန် အစိုးရတာဝန်ရှိသူများသို့ တင်ပြ တောင်းဆိုမှုများ ရှိသော်လည်း လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်း မရှိပေ။

ယင်းအခြေအနေကို လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အရင်ကတည်းက တောင်းခဲ့တာ၊ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကပေါ့။ ထိုင်းက အခုစစ်အစိုးရတော့ မသိဘူး။ (ထိုင်းဝန်ကြီးချုပ်ဟောင်း) ယင်းလတ် လက်ထက်ကတော့ ဂတ်စ်ကို လိုချင်ရင် ကြိုပြောပါပေါ့။ ပြန်ပေးမယ်လို့ ပြောတယ်။ ဘန်ကောက်ရဲ့ ၆၀ ရာခိုင်နှုန်းက မြန်မာပြည်က ယူသုံးနေတာပဲ။ အန်ကယ်တို့က ဒီအတွက် ၀ယ်မယ်ဆိုရင် ပိုက်ဆံနဲ့ပေးမယ်ပေါ့။ ဒေါ်လာနဲ့ဆိုလည်း ဒေါ်လာပေးမှာပဲ” ဟု ပြောသည်။

စက်မှုဇုန်များမှာ စတည်ထောင်သည့် အချိန်မှစ၍ လျှပ်စစ်မီး အပြည့်အ၀ မရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ပိုမို ရရှိလာသော်လည်း လျှက်စစ်မီး မရသည့်အခါ ဒီဇယ်နှင့် လည်ပတ်ကျရာ တယူနစ်နှုန်း ၃၀၀ ကျပ် နီးပါးကျသည့် အခြေအနေဖြစ်ကြောင်း၊ ဂတ်စ်နှင့် ဇုန်များတွင် လျှပ်စစ်ပေးထုတ်လုပ်ပါက တယူနစ်လျှင် ၁၀၀ ၀န်းကျင်သာ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး စက်ရုံများ အချိန်ပြည့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အစိုးရသစ် လက်ထက်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၄ မတ်လတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် စုစုပေါင်း ၃၆ ကွက်ကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ သို့သော် အဆိုပါ လုပ်ကွက်များအတွင်း ကမ်းလွန် လုပ်ကွက်များလည်း ပါဝင်ပြီး ဂတ်စ် ထုတ်လုပ်နိုင်သည့် အနေအထား ရောက်ရန်မှာ ပုံမှန်ထုတ်လုပ်မှု ဖြစ်စဉ်အရ နှစ်အနည်းငယ် စောင့်ရဦးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

ကျေးလက်ဒေသများတွင် စွမ်းအင်အတွက် အားထားသုံးနေရသည့် ဆိုလာပြား (ဓာတ်ပုံ – ဧရာဝတီ)
ကျေးလက်ဒေသများတွင် စွမ်းအင်အတွက် အားထားသုံးနေရသည့် ဆိုလာပြား (ဓာတ်ပုံ – ဧရာဝတီ)
ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သော ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့်  တခြားစွမ်းအင် စီမံ ကိန်းများ အားလုံးကို ပြည်တွင်းစွမ်းအင် ဖူလုံရေးအတွက်သာ အဓိက ဦးစားပေးသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြော သည်။

အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို

Photo: အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို
Wednesday, January 21, 2015

ဖမ်းထားသည့် ဂျပန်ဓားစာခံ များကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ် ပစ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ် သည်။

''ဂျပန်ဓားစာခံတွေကို အထိအ ခိုက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျုပ် တောင်းဆိုတယ်။ ဂျီဟတ်တွေရဲ့ ဒီ လိုအပြုအမူကို ကျုပ်အလွန့်အလွန် ခံပြင်းတယ်။ ဒေါသလဲထွက်တယ်'' ဟု ရှင်ဇိုအာဘေးက ဂျေရုဆလင် သို့ရောက်စဉ် ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက် သည်။

ဂျပန်ဓားစာခံနှစ်ဦးကို အ မေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြင့် မရွေးလျှင်သတ်ပစ်မည်ဟု ဗီဒီ ယိုပြခြိမ်းခြောက်ပြီးနောက် အကြမ်း ဖက်ဝါဒကို အရှုံးပေးအညံ့ခံမည်မ ဟုတ်ဟု ဂျပန်အစိုးရက ဇန်နဝါရီ ၂ဝ ရက်၌ပြောကြားလိုက်သည်။

''ကျုပ်တို့ဂျပန်နိုင်ငံရေးမူက အကြမ်းဖက်ဝါဒကို တိုက်သာတိုက် မယ်၊ အညံ့ခံအရှုံးပေးမှာမဟုတ်ဘူး၊ ဒီသဘောထားနဲ့ ရပ်တည်ချက်ကို လဲ ဘယ်တော့မှပြောင်းမှာမဟုတ် ဘူး''ဟု အာဘေး၏ ပြောရေးဆိုခွင့် ရှိသူ ယိုရှီဟီဒေးဆူဂါက တိုကျိုတွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောကြားလိုက်သည်။

AFP
Yangon Media Group
ဖမ်းထားသည့် ဂျပန်ဓားစာခံများကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ်ပစ် မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု တပ်မတော်က မဟုတ်နိုင်ဟု ဒေသခံများမှယူဆ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကြူကုတ်မြို့နယ်ခွဲ၊ နမ့်တောင်းကျေး ရွာနှင့်မုံးပေါ်ကျေးရွာကြားရှိ ကောင်းခါး ကျေးရွာခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်း နေထိုင်သော စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး ဇန်န၀ါရီ ၁၉ ရက် နေ့၌ သတ်ဖြတ်ခံရမှုတွင် အွန်လိုင်းပေါ်၌ စွပ်စွဲရေး သားနေသော တပ်မတော် သားများ ပါဝင်ပတ်သက်မှု သတင်းမှာ မဟုတ် မှန်နိုင်ကြောင်း ယင်းဒေသခံများမှ ယူဆလျက်ရှိကြသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အားကစားကွင်း ၁၆ ခု ဆောက်လုပ်မည်

ရန်ကုန်တိုင်းဒေသကြီး တွင် အသုံးမပြုသော စည်ပင်နယ်နိမိတ်အတွင်းရှိ မြေများကို ဖော်ထုတ်၍ လာမည့် ဘဏ္ဍာနှစ်၌ အားကစားကွင်း ၁၆ ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိ၊ မမိ တရုတ်အစိုးရ စုံစမ်းစစ်ဆေးမှု စတင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ခံများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပူးတွဲအဖွဲ့က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိနေ ကြောင်း သိရှိရသည့်အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ဆင်းကာ စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei က ပြောကြားသည်။

မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ

Photo: မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ
Posted: Wednesday, 21 January 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန်နှုန်းကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီး နောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဆွေသဟာ ဝန်ဆောင်မှု မစတင်မီ လအနည်းငယ်ခန့်က တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ် သတ်မှတ်ထားသော MPT ၏ GSM နှင့် WCDMA မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခင်ထက် မြင့်တက်လာခဲ့သော်လည်း ယခုလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ အဆိုပါ ဖုန်းလိုင်းများ၏ အင်တာနက်မြန်နှုန်းများ ဆက် တိုက် ကျဆင်း လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူ အချို့က ပြောသည်။

MPT ၏ ဆွေသဟာ ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်သည့် မိုဘိုင်းအင်တာနက် မြန်နှုန်းသည် အမြင့်ဆုံး 42 Mbps အထိ တိုးမြှင့်ပေးထားကြောင်း အဆိုပါ လုပ်ငန်း မှ သတင်းရရှိသည်။

ယခုကဲ့သို့ MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်တွင် 3G ကွန်ရက်ကို မြန်နှုန်းများ တိုးမြှင့်ပေးလိုက်သော်လည်း တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်ဖြင့် အသုံးပြုနိုင်သည့် ယခင်ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်မည့် မိုဘိုင်း အင်တာနက် အမြန်နှုန်းကိုမူ 3G ဆင်းမ်ကတ်များအတွက် 256 kbps နှင့် 2G ဆင်းမ်ကတ်များအတွက် 128 Kbps အထိ ကန့်သတ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ မူလအစီအစဉ်များကိုသာ ဆက်လက်သုံးစွဲသူ အများစုသည် မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုလေးလံ လာခြင်း ပြဿနာနှင့် ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူအချို့က တညီတညွတ်တည်း ဆိုကြသည်။

MPT ၏ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့် ရလိုသူများသည် ဆွေသဟာ ဝန်ဆောင်မှုကို ရယူရမည်ဖြစ်ပြီး ထိုမှသာ HSPA+3G ဆက်သွယ်ရေးကွန်ရက် နည်းပညာဖြင့် ချိတ်ဆက်ထားသည့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်းကို ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်ပေးထားသည့် အမြင့်ဆုံး မြန်နှုန်း 42 Mbps သည် အသုံးပြုသည့်နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်း အမျိုးအစားနှင့် အသုံးပြုနေသော နေရာဒေသရှိ ဆက်သွယ်ရေး စနစ် က ပေးထားသည့် အခြေအနေ အရပ်ရပ်ပေါ်တွင်လည်း မူတည်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် MPT ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုသည် စတင်ခဲ့သည့် အချိန်မှ ယခုအချိန်အတွင်း၌ မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုမြင့်တက်လာခြင်း ရှိသလို အချို့သောနေရာများတွင်မူ မြန်နှုန်းမြင့် အရည်အသွေးအား လုံးဝ ပြည့်မီ ခြင်းမရှိဟု သုံးစွဲသူအချို့ထံမှ သိရသည်။

Internet Journal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန် နှုန်း ကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီး နောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

အင်းစိန်ထောင် အမျိုးသမီး အချုပ်ဆောင်၌ မိန်းမလျာတစ်ဦးကို အမျိုးသမီးဟု ထင်မှတ်ပြီး တစ်ပတ်ကြာ ချုပ်နှောင်

ပြည့်တန်ဆာ လုပ်ကိုင်မှုဖြင့် အင်းစိန် အကျဉ်းထောင် အမျိုးသမီး အချုပ်ဆောင်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိန်းသိမ်း ခံထားရသော အသက် ၂၀ အရွယ် မိန်းမလျာမှာ တစ်ပတ်အကြာတွင်မှ အမျိုးသား ဖြစ်နေသည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ စုံစမ်းသိရှိရသည်။

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ် သလဲ ဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။

ကေအိုင်အေ အဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ဒုရဲအုပ်မြင့်စိုး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် အဖွဲ့သည် ဖားကန့်နှင့် အင်းတော်ကြီးကြားတွင်ရှိသည့် ဖားကန့်-ဝှခေါ-ညောင်ပင်-လုံးတုံ-ဟိုပင်လမ်းပိုင်းများ ကိုစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင် သုံးဦးပါဝင်လျက် ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ က သွားရောက်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်

Photo: အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း
ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်
Wednesday, January 21, 2015

ပြည်သူ့လွှတ် တော်မှ အတည်ပြုထားသော အမျိုး သားပညာရေးဥပဒေအား အလိုမရှိ ကြောင်း ကျောင်းသားကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေးပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍ ကျောင်းသား များဖွဲ့စည်းထားသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားဦးဆောင်မှုကော် မတီ၊ လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ NNER တို့ လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရသို့ သပိတ်မှောက်ကျောင်းသားများက ရက် ၆ဝ အချိန်ပေးတောင်းဆိုခဲ့ရာလိုက်လျောမှုမရှိသဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ ကျောင်းသားထုချီတက် ပွဲပြုလုပ်ကြခြင်းကို ထောက်ခံသော အားဖြင့် မုံရွာမြို့မှ ကျောင်းသား များသည် ဇန်နဝါရီ ၂ဝရက် နံနက် ပိုင်းက မြို့ပေါ်ကျောင်းများတွင် လှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်ဖို့ ကျောင်းသား ထုအားလုံးညီရင်ရပါတယ်၊ ပညာ ရေးမူကြမ်းမှာတောင် သမဂ္ဂဆိုတဲ့ စကားလုံးတောင် မထည့်သွင်းရဲတဲ့ အထိကြောက်နေတယ်''ဟု ဆန္ဒပြ ကျောင်းသား ကိုစည်သူထွန်းက ပြော သည်။

၎င်းတို့သည် ဘူမိဗေဒဌာန သုံးထပ်စာသင်ဆောင်ရှေ့တွင် ဟော ပြောစဉ် ဓာတုဗေဒဌာနပါမောက္ခ ဒေါ်ခင်စန်းနွယ် ရောက်ရှိလာပြီး အသံ ချဲ့စက်ဖြင့်ဟောပြောခြင်းကို တားမြစ် စဉ် ဒုပါချုပ်နှင့်မော်ကွန်းထိန်းဆရာ မတို့ ထပ်မံရောက်လာပြီး စာသင်နေ သော ကျောင်းသားများအား ထိခိုက် မည် စိုးသောကြောင် အသံချဲ့စက် မသုံး ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ဒုတိယပါမောက္ခချုပ် ဒေါက် တာကျော်ထွန်းက ''ဘာမှကြိုတင် ပြောမထားဘူး၊ လာပြောရင်၊ လာညှိ ရင်နေရာသတ်မှတ်ပြီး ပြောခွင့်ပေး မယ်၊ ခုဟာစာသင်ဆောင်တွေရှေ့လာ အော်တော့ စာသင်နေတဲ့ကျောင်း သားတစ်သောင်းကျော်ရှိတယ်၊ သမဂ္ဂ ဆိုပြီးစည်းကမ်းမရှိလုပ်လို့မရဘူး၊ ဒီမိုကရေစီနည်းကျဆိုရင်စာသင်ချင် တဲ့ ကလေးတွေမှာလဲ စာသင်ဖို့အခွင့် အရေးရှိတယ်၊ ကြိုက်တဲ့သူ လာနား ထောင်လိမ့်မယ်ပေါ့၊ အရေးယူဖို့ မဟုတ်ဘူး၊ ညှိနှိုင်းဖို့ပါပဲ'' ဟု မီဒီယာ များသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူကျောင်းသား များသည် မုံရွာမြို့ပေါ်ရှိ မုံရွာတက္က သိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်များသို့လည်း သွား ရောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ် ကြောင်း သိရသည်။

KTS
Yangon Media Group
ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ကျောင်းသား ကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေး ပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို ဆိုက်ပရပ်စ် ဒိုင်လူကြီးများ သပိတ်မှောက်

Photo: နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို ဆိုက်ပရပ်စ် ဒိုင်လူကြီးများ သပိတ်မှောက်
Wednesday, January 21, 2015

ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင် နေလျက်ရှိသော ဘောလုံး ဒိုင်လူကြီများသည် ဒိုင်လူကြီးတစ်ဦး၏ မိခင်ဖြစ်သူ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့အပြီးတွင် နိုင်ငံအတွင်းရှိ ဘောလုံးပွဲများကို ပွဲကြီးကြပ်ခြင်း မပြုတော့ဘဲနှင့် သပိတ်မှောက်နေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဆိုက်ပရပ်စ် ဘောလုံးအဖွဲ့ချုပ်သည် ဒိုင်လူကြီး သောမတ်စ်မော့စ်ကောစ်၏ မိခင်ဖြစ်သူ နေထိုင်သောအိမ်ကို ဗုံးခွဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ကြေညာချက် ထုတ်ပြန်ထားပြီ ဖြစ်ကာ မော့စ်ကော့စ်ကို ပစ်မှတ်ထား တိုက်ခိုက်လိုသူများမှာ မော့စ်ကော့စ်ကို ဒုက္ခပေးရန် အခွင့်မသာသည့်အတွက် မော့စ်ကော့စ်၏ မိခင်ကို လုပ်ကြံရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသွားခဲ့သည်။

မော့စ်ကော့စ်သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့သော အပိုလွန် အသင်းနှင့် အိုသဲလော့စ် အသင်းတို့၏ ပွဲစဉ်ကို တာဝန်ယူ ကြီးကြပ်ခဲ့ရာ၌ ၎င်း၏ စွမ်းဆောင်ရည်များအတွက် ဝေဖန် ပြစ်တင်ခြင်း ခံခဲ့ရကာ ယင်းပွဲစဉ် ပြီးဆုံးချိန်မှစ၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့် စာများမှာ မော့စ်ကော့စ်ထံသို့ အဆက်မပြတ် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဆိုက်ပရပ်စ် ရဲတပ်ဖွဲ့သည် မော့စ်ကော့စ်ထံသို့ ခြိမ်းခြောက်သည့်စာများ ရောက်လာခဲ့ အပြီးတွင် ၎င်း၏ နေအိမ်ကို လုံခြုံရေး အပြည့်အဝ ပေးလိုက်သောကြောင့် မော့စ်ကော့စ်ကို ဒုက္ခပေးရန် မလွယ်တော့သည့် အဆုံးတွင် အကြမ်းဖက်သူများက ၎င်း၏ မိခင်နေအိမ်တွင် သွားရောက် ဗုံးထောင်လိုက်ကြခြင်း ဖြစ်သည်။

ဒိုင်လူကြီး မော့စ်ကော့စ်သည် ၂၀၁၄ ခုနှစ်၏ မေလအတွင်း၌ ၎င်း၏နေအိမ်သို့ လက်ပစ်ဗုံး ပစ်သွင်းမှုနှင့် ကြုံဆုံခဲ့ရသေးကာ အဆိုပါဗုံးမှာ ပေါက်ကွဲမှု မဖြစ်ပေါ်ခဲ့၍သာ မော့စ်ကော့စ်အနေနှင့် ကံကောင်း သွားခဲ့ခြင်း ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲမှုတွင် အသက် ၆၀ အရွယ် ရှိပြီဖြစ်သော မော့စ်ကော့စ်၏ မိခင်မှာ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်ခဲ့သော်လည်း နေအိမ်၏ နေရာအချို့တွင်မူ ပျက်စီးမှုများ ဖြစ်ပေါ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အသိပေးထားသည်။

ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပွဲများတွင် တာဝန်ထမ်းဆောင်နေသော ဒိုင်လူကြီးများသည် ၎င်းတို့အပါအဝင် ၎င်းတို့၏ မိသားစုဘဝများ လုံခြုံစိတ်ချရခြင်း မရှိတော့သည့်အတွက် ယခုကဲ့သို့ သပိတ် မှောက်လိုက်ကြပြီး လွန်ခဲ့သည့် ၁၂ လအတွင်း ဆိုက်ပရပ်စ် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဒိုင်လူကြီးများ အကြမ်းဖက်ခံရမှုမှာ လေးကြိမ်အထိ ရှိခဲ့သည်။

The Voice Weekly
ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင် နေလျက်ရှိသော ဘောလုံး ဒိုင်လူကြီများသည် ဒိုင်လူကြီးတစ်ဦး၏ မိခင်ဖြစ်သူ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့အပြီးတွင် နိုင်ငံအတွင်းရှိ ဘောလုံးပွဲများကို ပွဲကြီးကြပ်ခြင်း မပြုတော့ဘဲနှင့် သပိတ်မှောက်နေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

လွှတ်တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော

Photo: လွှတ်တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော
Wednesday, January 21, 2015

လွှတ်တော်တွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်တွင် အတိအကျ ထုတ်ဖော်ပြောဆိုသွားမည်ဟု ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွင် ၈၈ ကျောင်းသားဟောင်း တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ၎င်းက လွှတ်တော်တွင်းနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ "ကျွန်တော်တို့ စဉ်းစားနေတာတွေ ရှိပါတယ်။ ဘယ်ကာလမှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်မယ်ဆိုတာကိုတော့ တိကျတဲ့ အချိန်ကျရင် အားလုံးကို အသိပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီး က ပြောကြားလိုက်သည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ရွေးကောက်ပွဲတွင် တရားမျှတရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအဓိက လိုအပ်သည်ဟု ၎င်းက ပြောသည်။ "ရွေးကောက်ပွဲ စစ်မှန်ဖို့က ပြည်သူစိတ်ဝင်စားမှုများဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

ထိုသို့  လွှတ်တော်နိုင်ငံရေးလုပ်မည်ဟု ပြောကြားလိုက်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကာလနှင့် မဲဆန္ဒနယ်ကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပေ။ ဦးကိုကိုကြီးသည် လက်ရှိတွင် လွှတ် တော်စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့်  ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကြံပေးအဖွဲ့ဝင် တစ်ယောက်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Mizzima - News in Burmese  

(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) 
လွှတ်တော်တွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်တွင် အတိအကျ ထုတ်ဖော်ပြောဆိုသွားမည်ဟု ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံ ရောင်းချပေးမည်

Photo: မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံ ရောင်းချပေးမည်
Wednesday, January 21, 2015

မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့ ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

''ဆင်းမ်ကတ်တွေ လစဉ်ထပ် ချဖို့ စီစဉ်ထားပါတယ်။ လတ်တလော မှာတော့ ဆင်းမ်ကတ် တစ်သန်းကျော် ထပ်ချပေးသွားမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဆင်းမ်ကတ်များဖြန့်ဖြူး နိုင်ရန်အတွက်MPTမှ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုက်ရိုက်ရောင်းချခြင်းနှင့် ကိုယ်စားလှယ်ဖြန့်ချိသည့်ဆိုင်များ မှတစ်ဆင့် ရောင်းချပေးမည်ဟု သိရ သည်။

MPT မှ ယင်းဆင်းမ်ကတ်တစ် ကတ်လျှင် ကျပ်၁၅ဝဝသတ်မှတ်ထား သော်လည်း ဈေးကွက်အတွင်း အဆို ပါဆင်းမ်ကတ်များပေါက်ဈေးသည် ကျပ် ၅ဝဝဝ ခန့် ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းဖုန်းအရောင်း ဆိုင်များမှ စုံစမ်းသိရသည်။

MPT ဆင်းမ်ကတ်ဝယ်ယူထား သူ ကိုမင်းဦးက ''တစ်နေ့ကပဲ လေး ထောင်ပေးပြီး ဝယ်လိုက်ရတယ်။ ၁၅ဝဝနဲ့ကတော့ ဆက်သွယ်ရေးက ရောင်းတဲ့ဆိုင်မှာ တိုးပြီးမှ ဝယ်လို့ရ မယ်။ ကတ်ရေများများချပေးနိုင်ရင် ဈေးကြီးနဲ့ ဝယ်နေရတဲ့မှောင်ခိုဈေး ကွက်က ပျောက်သွားမှာပဲ။ ဆင်းမ် ကတ်ဘယ်လောက်ချချ မထူးခြား ဘူး''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တိုင်းနှင့်ပြည်နယ်အ နှံ့တွင် ဆင်းမ်ကတ်ပေါင်း ၁၁သန်း နီးပါး အသုံးပြုလျက်ရှိပြီး MPT နှင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo တို့ ပူးပေါင်း၍ ငါး သန်းဖြန့်ဖြူးထားပြီး ယင်းမှ ၉ဝရာခိုင် နှုန်းကျော် အသုံးပြုလျက်ရှိကြောင်းသိ ရသည်။

Yangon Media Group
မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

ပဲဆီ အတုများ ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှု မရှိသေး

ပြည်တွင်း ဈေးကွက်တွင် ပဲဆီ အတုများ ထွက်ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှုများ မရှိသေးကြောင်း မန္တလေး တိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စုံစမ်း သိရသည်။ ပြည်တွင်းမှာ ပဲဆီ အတုတွေပေါ် နေပြီ။ စားအုန်းဆီ ထဲကို ပဲဆီအနံ့ ထည့်ပြီး ရောင်းနေတာ။ ပဲဆီ အတုနဲ့ အစစ်ကို အနံ့နဲ့ ခွဲကြည့် ရုံနဲ့ သိနိုင်တယ် ဟု မန္တလေးတိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီ လုပ်ငန်းရှင်များ အသင်းမှ ဦးသန်းလွင်က ပြောသည်။

ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ

Photo: ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ
Wednesday, January 21, 2015

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက်ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ချာနယ် ၃ တီဗွီသတင်းမှာ သံငြမ်းစင်ပြိုကျမှုကြောင့် အပေါ်က ပြုတ်ကျလာသူရော၊ အောက်ကနေ အပိခံရသူတွေပါ စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပြီး အဲဒီထဲမှာ မြန်မာ ၈ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ကျောရိုး၊ ခြေထောက်နဲ့ လက်တွေ ထိခိုက် ဒဏ်ရာရကြတာဖြစ်ပြီး မုံးကွတ်ဝပ်ထနဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ၃ ဦး ဒဏ်ရာပြင်းထန်ပြီး ထိုင်းလူမျိုး ၁ ဦး ကျောရိုးကျိုးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ရှေးဦးသူနာပြုဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

လတ်ဆီရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်းနလုန်းကျုံးကျဲမ်ဖက အဲဒီနေရာဟာ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတဲ့ ကောင်းကင်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး အပေါ်က ကွန်ကရစ်တွေသွန်းလောင်းရာမှာ အလေးချိန်မမျှတဲ့အတွက် သံတိုင်တွေရော၊ ငြိမ်းစင်တွေပါ ပြိုကျသွားတာလို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ရဲစခန်းက ဆက်လက်လုပ်စုံစမ်း တွက်ချက်နေပြီး ပေါ့ဆမှုဆိုရင် ကန်ထရိုက်မှာ တာဝန်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက် ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်

Photo: ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်
Wednesday, January 21, 2015

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကုသိုလ်တော် ဘုရားနဲ့ ဘုရားရှိ ကျောက်စာ ၇၂၉ ချပ်ကို ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ဆင်ဖို့လိုအပ် တဲ့ ကျောက်စာတွေကိုလည်း နည်းပညာတွေ အသုံးပြုပြင်ဆင်မယ်၊ ဌာန စိတ်တွေထားရှိပြီးလည်း ကျန်တဲ့ စောင့်ရှောက်မှုပိုင်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ" ဟု ၎င်းက ပြောသည်။

ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "နိုင်ငံခြားသားတွေ လာရောက် လေ့လာမှုကတော့ တစ်ရက်ကို နှစ် ဆယ်ဝန်းကျင်ကနေ များတဲ့ရက်ဆို ငါးဆယ်နီးပါးထိ ရှိတယ်၊ ဒါကြောင့် ထိန်းသိမ်းမှုအပြင် ဘုရားပရဝဏ်အတွင်း အမြင်မတင့်တယ်တာတွေကိုလည်း ဖယ်ရှားမှာ ဖြစ်တယ်" ဟု ပြောသည်။

ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ရာတွင် ရွှေကျောင်းကြီး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနစိတ်ကို ဖွဲ့စည်းထားရှိပြီးကုသိုလ်တော် ဘုရားဝန်းကျင်ရှိ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားများနှင့် အတူပူးပေါင်း လုပ် ဆောင်လျက် ရှိသည်။

အဆိုပါ ကုသိုလ်တော်ဘုရားမှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းက သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ကျောက်စာအရေအတွက်အဖြစ် ဝိနည်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာကျောက်စာ ၂ဝ၈ ချပ်နှင့် သုတ္တန်ကျောက်စာ ၄၁ဝ ချပ် စုစုပေါင်း ၇၂၉ ချပ်နှင့် မင်းတုန်းမင်းတရား ကုသိုလ်တော်စာရင်းပါ ကျောက်စာတစ်ချပ် စုစုပေါင်း ၇၃ဝ ကို ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက်ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက် ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား

Photo: ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား
Wednesday, January 21, 2015

ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက် ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ IS သည် ပြီးခဲ့သောနှစ် သြဂုတ်လမှ လက်ရှိအချိန်ထိ အနောက်နိုင်ငံသား ဓားစာခံ ၅ ဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဖမ်းမိထားသော ဓားစာခံအတွက် ခြိမ်းခြောက်ငွေ တောင်းသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

IS အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုထဲတွင် အနက်ရောင် ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ယောက်က လိမ္မော်ရောင် ဝတ်စုံနှင့် ဓားစာခံ နှစ်ယောက်၏ ကြားတွင် ရပ်လျက်က ကင်မရာဘက်သို့ ဓားတစ်လက်ကို ဝှေ့ယမ်းရင်း “ခင်ဗျားတို့ နိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ခင်ဗျားတို့အစိုးရက ဒေါ်လာသန်း ၂၀၀ ပေးလာအောင် ဖိအားပေးဖို့အတွက် ခင်ဗျားတို့ အချိန် ၇၂ နာရီရမယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်းတွင် IS အဖွဲ့ နှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း ထိခိုက်နစ်နာခဲ့ရသည့် နိုင်ငံများကို စစ်ရေးအရ မဟုတ်သော အကူအညီများ ပေးသွားမည်ဟု ကတိပြုခဲ့သည့်အတွက် လျော်ကြေးအနေနှင့် ယခုကဲ့သို့ ပြန်ပေးငွေတောင်းခြင်း ဖြစ်သည်ဟုလည်း ယင်းအကြမ်းဖက်သမားက ပြောကြားသည်။

သို့ရာတွင် ဂျပန်အစိုးရကမူ ၎င်းတို့အနေနှင့် အကြမ်းဖက်သမားများကို အညံ့ခံမည် မဟုတ်ဟု ပြောကြားလိုက်သည်။

“အကြမ်းဖက်မှုကို နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်သလို ဒူးထောက် အညံ့ခံသွားမှာလည်း မဟုတ်ပါဘူး” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယိုရှီဟိုက်ဆူဂါက တိုကျိုမြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြမ်းဖက်မှု ကာကွယ်ရေးဌာနမှ အရာရှိ တစ်ဦးကမူ အစိုးရအဖွဲ့သည် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသလို ယင်းဗီဒီယိုဖိုင် အစစ်အမှန် ဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

IS အဖွဲ့သည် ပြီးခဲ့သောနှစ် သြဂုတ်လ နောက်ပိုင်းတွင် အမေရိကန် သုံးဦးနှင့် ဗြိတိန်နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ ရက်ရက်စက်စက် ကွပ်မျက်ပုံ ဗီဒီယိုများကို အင်တာနက်မှတစ်ဆင့် ပြသခဲ့သည်။

၎င်းတို့၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံခဲ့ရသူများမှာ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေနှင့် စတီဗင် ဆော့လော့ဖ်၊ အမေရိကန် လူမှုကယ်ဆယ် ဝန်ထမ်း ပီတာကက်စ်ဆစ်ဂ်နှင့် ဗြိတိသျှလူမှု ဝန်ထမ်းများ ဖြစ်သည့် အလန်ဟန်းနင်းနှင့် ဒေးဗစ်ဟိန်းစ်တို့ ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျေရုစလင်သို့ ရောက်ရှိနေသော ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အကြမ်းဖက်သမားများကို ပြောကြားလိုက်ပြီး ၎င်းအနေနှင့် ယခုလုပ်ရပ်မျိုးကို လုံးဝသည်းခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။

The Voice Weekly
ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက်ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်း ဌာန တွင် ဖော်ပြထားသည်။

ဥရောပနှင့် အမေရိကသို့ လေယာဉ် ပြေးဆွဲမည်

ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ ဥရောပနှင့်  အမေရိကန်သို့ လေယာဉ် တိုက်ရိုက် ပျံသန်း ပြေးဆွဲရန် စီစဉ် နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပျံသန်း ပြေးဆွဲမည့်  နိုင်ငံများမှာ ပြင်သစ်၊ နယ်သာလန်နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ပြီး လေယာဉ် ပျံသန်း ပြေးဆွဲရာ တွင် တစ်နေ့လျှင် တစ်ကြိမ် ပြေးဆွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။

သပိတ်မှောက် ကျောင်းသားများ လမ်းကြောင်း (၂) ခုဖြင့် ရန်ကုန်သို့ ချီတက်

Photo: သပိတ်မှောက် ကျောင်းသားများ လမ်းကြောင်း (၂) ခုဖြင့် ရန်ကုန်သို့ ချီတက်
Wednesday, January 21, 2015

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် နေသော ကျောင်းသား များသည် လမ်းကြောင်း နှစ်ခုဖြင့် ရန်ကုန်မြို့သို့ ချီတက်လာ ကြမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီထံမှ သိရသည်။ ကျောင်းသား သပိတ်တွေက စစ်ကြောင်း နှစ်ကြောင်းနဲ့ ရန်ကုန်မြို့ကို ချီတက်လာ ပါတယ်။ မန္တလေးက စစ်ကြောင်း တစ်ခု၊ ထားဝယ်က စစ်ကြောင်း တစ်ခုပါ ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ မဖြိုးဖြိုးအောင်က The Messenger Media သို့ ပြောသည်။ မန္တလေးမှ ကျောင်းသားသပိတ် စစ်ကြောင်းသည် မန္တလေးမြို့တွင် အိမ်တော်ရာ ဘုရားဝင်း အတွင်း စုဝေး၍ စတင် ခဲ့ပြီး ထားဝယ် ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးဝင်း အတွင်းတွင် စုဝေးကာ စတင်ခဲ့ ကြသည်။

ကျွန်တော်တို့က ဒီနေ့ တက္ကသိုလ်တွေ လိုက်ပြီးတော့ ကျောင်းသားတွေကို ဒီသပိတ်မှာ ပါဝင်ဖို့ လိုက်ပြီး စည်းရုံး ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေ တော်တော်များများ ပါလာ ပါတယ် ဟု ထားဝယ်ခရိုင် ကျောင်းသားသပိတ် စစ်ကြောင်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ နည်းပညာ တက္ကသိုလ် ကျောင်းသား ကိုမင်းလွင်ဦးက The Messenger Media သို့ပြောသည်။

အဆိုပါ သပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ရှိ တက္ကသိုလ် သုံးခုလုံးသို့ ယမန်နေ့က သွားရောက် ဆန္ဒပြခဲ့ပြီး၊ ယနေ့ တွင်လည်း ထားဝယ် မြို့တွင် ဆက်လက် ဆန္ဒပြကာ ရန်ကုန်သို့ ချီတက် လာမည် ဖြစ်ကြောင်း သိရသည်။  ထို့အပြင် အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြပွဲ များကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြပြီး၊ ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်မှ ညှိနှိုင်းရန် တောင်းဆို ၍ ဆန္ဒပြပွဲများကို ရပ်နားခဲ့သည်။ သို့သော် အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန် ခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြခဲ့ ကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ မန္တလေး စစ်ကြောင်း မှာ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ ပါပါတယ်။ နှစ်ပတ် အတွင်းလောက်တော့ ရန်ကုန်ကို ရောက်မယ်လို့ ထင်ပါတယ် ဟု မိတ်္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုအောင်နေပိုင်က The Messenger Media သို့ ပြောသည်။ အဆိုပါ ကျောင်းသားသပိတ် စစ်ကြောင်းသည် နှစ်ပတ် အတွင်း ရန်ကုန်သို့ ရောက်ရန် ရည်မှန်း ထားကြောင်း သိရသည်။ ထိုကဲ့သို့ ကျောင်းသားများ သပိတ် မှောက်ရာတွင် ပြည်သူ လူထု အနေဖြင့် ၀ိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဇန်န၀ါရီလ (၂၀)ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်၍ မေတ္တာရပ်ခံ ထားသည်။

Messenger News Journal
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက် နေသော ကျောင်းသား များသည် လမ်းကြောင်း နှစ်ခုဖြင့် ရန်ကုန်မြို့သို့ ချီတက်လာ ကြမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသနှင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း (၄၅) ဘီလီယံကျော် ထုတ်ချေးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချောင်းဦးမြို့ ၌ သမ၀ါယမ၀န်ကြီးဌာနမှ လယ်ယာနှင့်စက်မှုလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း (၄၅) ဘီလီယံကျော်ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစီးပွားရေးနှင့် စီမံကိန်း ၀န်ကြီးဌာနမှ သိရသည်။

လုံခြုံရေးမရသဖြင့် အောင်ဘာလေရွာသို့သွားသော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ နောက်ပြန်လှည့်

တိုက်ပွဲများကြောင့် အောင်ဘာလေကျေးရွာတွင်ပိတ် မိနေသော ဒေသခံများကို သွား ရောက်တွေ့ဆုံသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှာလုံ ခြုံရေးအခြေအနေအရ နောက် ပြန်လှည့်ခဲ့ရကြောင်း သတင်းရရှိ သည်။

ထိုင်းငါးဖမ်းလှေတွင် လုပ်အားခေါင်းပုံဖြတ်ခံရပြီး အင်ဒိုနီးရှားရေတပ်စခန်း၌ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာ

Photo: ထိုင်းငါးဖမ်းလှေတွင် လုပ်အားခေါင်းပုံဖြတ်ခံရပြီး အင်ဒိုနီးရှားရေတပ်စခန်း၌ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာ
Wednesday, January 21, 2015

ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင် စဉ်တစ်နှစ်ခွဲခန့် လုပ်ခ ခေါင်းပုံဖြတ်ခံရပြီးနောက် အင်ဒိုနီးရှားရေတပ်စခန်းတွင် ကိုးလခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာ သူများက ပြောသည်။

အဆိုပါလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများသည် အင်ဒိုနီးရှားနိုင်ငံ တရားမဝင်နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများမှ အဖွဲ့အစည်းအသီးသီး၏ အကူအညီဖြင့် ဇန်နဝါရီ ၁၃ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၁၉ဦးဖြစ်ကာ ပြန်လည် လွတ်မြောက်လာ မှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂ဝရက်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း အတတ်သင်ကျောင်းတွင် ရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးမှ လူ ကုန်ကူးခံရသူ အမျိုးသားတစ်ဦးက ''ထိုင်းနိုင်ငံကိုရောက်တာ ငါးနှစ် လောက်ရှိပါပြီ၊ ဟိုမှာအလုပ်ရှိတယ် ဆိုလို့သွားတာ။ ဟိုရောက်မှ ရောင်း စားခံရမှန်းသိတာ၊ ဟိုမှာပွဲစားတွေ အများကြီးပဲ၊ လှေမှာမြန်မာချည်း ပဲအယောက် ၅ဝလောက်ရှိတယ်။ ထိုင်းနိုင်ငံက စက်လှေမှာလုပ်ရတာ ပါ။ တစ်လကို ဘတ် ၅၀၀ဝလောက် ပဲရတယ်။ ပွဲစားခဘတ် ၃၀၀၀၀ လောက်ပေးရတယ်။ လှေပေါ်မှာ ၂၄နာရီ အလုပ်လုပ်ရတယ်၊ လှေတစ် ခေါက်ထွက်ရင် လေး၊ ငါးလလောက် ကြာတယ်၊ ပွဲစားယူသွားလို့လစာ တစ်နှစ်ခွဲလောက်မရဘူး။ အိမ်မှာ အဖေ၊ အမေရှိမှန်းတောင် မသိ တော့ဘူး။ အင်ဒိုနီးရှားရေပိုင်နက် ထဲကိုဝင်လို့ ရေတပ်ကဖမ်းခဲ့တာ ပါ၊ အားလုံးအဖမ်းခံရတာ၊ လှေပါ အသိမ်းခံရတာ၊ အင်ဒိုမှာ ထိန်းသိမ်း ခံရတာ ကိုးလလောက်ကြာပါတယ်'' ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရေတပ်စခန်းများတွင် ၎င်းတို့နည်းတူထိန်းသိမ်းခံ ထားရသည့် မြန်မာနိုင်ငံသားများ ကျန်ရှိနေသေးကြောင်းလည်း ပြန် လည်လွတ်မြောက်လာသူများမှ သိရသည်။

ပွဲစားများ၏လိမ်လည်ပို့ဆောင်မှုများကို မြန်မာအလုပ်သမားများအနေဖြင့် အများဆုံးခံနေရကြောင်း ပွဲစားခများပေးဆောင်ရသည့်အပြင် လုပ်အား ခများလည်း အလုပ်ရှင်ထံ မှပွဲစားများကာ ကြိုတင်ထုတ်ယူ ကာ ခေါင်းပုံဖြတ်ခံနေရခြင်းသည် ထိုင်း ငါးဖမ်းစက်လှေများပေါ်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့ ခံစားနေရကြောင်းလည်း ပြန်လည် လွတ်မြောက်လာသူများ၏ပြောပြချက်အရ သိရသည်။

TTA
Democracytoday
ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင် စဉ်တစ်နှစ်ခွဲခန့် လုပ်ခခေါင်းပုံဖြတ်ခံရပြီးနောက် အင်ဒိုနီးရှား ရေတပ်စခန်းတွင် ကိုးလခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာ သူများ က ပြောသည်။

အကယ်ဒမီအတွက် အလှူအတန်းလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ၀တ်မှုန်ရွှေရည်

Photo: အကယ်ဒမီအတွက် အလှူအတန်းလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ၀တ်မှုန်ရွှေရည်
Wednesday, January 21, 2015

ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ကို အကယ်ဒမီရစေချင်နေတဲ့ ပရိသတ်အချို့လဲ ရင်ထဲက ဆန္ဒတွေ ပြည့်ဝသွားပြီမို့ အကယ်ဒမီပိုင်ရှင် ၀တ်မှုန်ရွှေရည်က ၂၀ နောက်ပိုင်းမှာ အကယ်ဒမီနဲ့ပတ်သတ်တဲ့ အလှူအတန်းတွေ လုပ်ဖို့ရှိတဲ့အကြောင်း သိရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော၊ အကယ်ဒမီရသွားတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို သူမကို မေးမြန်းကြည့်လိုက်တော့ “အကယ်ဒမီရပြီးသွားတဲ့ စိတ်ခံစားချက်ကတော့ အရင်ကနဲ့မတူပဲ အရင်ကထက် ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်ဖြစ်လာတယ်။ ပရိသတ်တွေကလဲ ကစ်ကို အရမ်းအားပေးတာ မြင်ရတော့ ပရိသတ်ကို အရမ်းတန်ဖိုးထားပြီး ကစ်ဖန်တီးသမျှ ၊ ပေးဆပ်သမျှ အရာအားလုံးက ပရိသတ်အတွက် လုပ်နေတယ် ဆိုတာလေး တစ်ခုတော့ ဖြစ်လာတယ်။ ပိုသေချာလာတယ်။ အကယ်ဒမီနဲ့ ပတ်သတ်ပြီး လှူဖို့တန်းဖို့က ၂၀ကျော်ရင် စီစဉ်ထားတာ လေးတော့ ရှိတယ်။ မှော်ဘီက ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ။ ရက်ညှိနေတုန်းမို့လို့ သေချာသွားရင် ထပ်ပြောပါ့မယ်။”လို့ သူမက ပြောပါတယ်။

ဒီကြားထဲမှာက ခရီးတွေ ဆက်တိုက်သွားဖြစ်နေတာကိုလည်း သူမက “ကစ် နိုင်ငံခြားကို အသွားအပြန် ၂ ခေါက် လုပ်လိုက်ရတော့ နဲနဲပန်းပြီး ဖျားနေလို့ပါ။ ပထမတစ်ခေါက်က စင်ကာပူမှာ Construction ကြော်ငြာသွားရိုက်တာ။ နောက်တစ်ခေါက်က ဖူးခတ်မှာ သူငယ်ချင်း မင်္ဂလာဆောင်ကို သွားပြီး ပြန်လာတာ။ ခုကားရိုက်က တန်းဝင်တော့ နည်းနည်းပင်ပန်းပြီး ဖျားနေတာပါ”တဲ့။

ခုလိုဖျားနေပေမယ့် အနုပညာကို ချစ်တဲ့သူမက ကားရိုက်တွေ မဖျက်ပဲ သူမရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေသူလေးပါ။ “ခုရိုက်နေတဲ့ကားလေးက ပုံပြင်လေးကတော့ ဒါပါပဲကွယ်တဲ့။ ၀ိဇ္ဇာကာတွန်းကို ပြန်ရိုက်ထားတာပေါ့။ မင်းသားက ဇေရဲထက်၊ ဒါရိုက်တာက ကျော်ဇောလင်း။ ဟာသကားမှာမှ ကစ်က အကျောတင်းလေးပေါ့။ ဂျွတ်ဆပ်ဆပ်ပုံစံလေး သရုပ်ဆောင်ထားပါတယ်”လို့ သူမက ပြောပြပေးသွားပါတယ်။

Trend Myanmar
ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ကို အကယ်ဒမီရစေချင်နေတဲ့ ပရိသတ်အချို့လဲ ရင်ထဲက ဆန္ဒတွေ ပြည့်ဝသွားပြီမို့ အကယ်ဒမီပိုင်ရှင် ၀တ်မှုန်ရွှေရည်က ၂၀ နောက်ပိုင်းမှာ အကယ်ဒမီနဲ့ ပတ် သတ် တဲ့ အလှူအတန်းတွေ လုပ်ဖို့ရှိတဲ့အကြောင်း သိရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော၊ အကယ်ဒမီ ရသွားတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို သူမကို မေးမြန်းကြည့် လိုက်တော့ “အကယ်ဒမီရပြီးသွားတဲ့ စိတ်ခံစားချက်ကတော့ အရင်ကနဲ့မတူပဲ အရင်ကထက် ပိုကြိုးစား ရမယ် ဆိုတဲ့ စိတ်ဖြစ်လာတယ်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ယမန်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး  မစတင်မီတွင် သမ္မတပို့ လိုက်သော ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး နှင့်ပတ်သက်ပြီး သ၀ဏ်လွှာ အပေါ် မီဒီယာများ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ယမန်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး  မစတင်မီတွင် သမ္မတပို့ လိုက်သော ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး နှင့်ပတ်သက်ပြီး သ၀ဏ်လွှာ အပေါ် မီဒီယာများ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိကသို့ အမှိုက်သိမ်း စနစ် လွှဲပေးပါက ဈေးနှုန်း မြင့်တက်မည်

ရန်ကုန် မြို့တော်၏ အမှိုက်သိမ်း စနစ်အား ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံသို့ လွှဲပြောင်း ပေးရန် စီစဉ် လျက်ရှိ နေပြီး၊ယင်းကဲ့သို့ လွှဲပြောင်းပေး ပြီးနောက် အမှိုက်ခွန် ဈေးနှုန်းမှာ အဆမတန်  မြင့်တက်မည် ဖြစ်ကြောင်း  ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။

လူလတ်တန်းစားအကျိုးပြုစီးပွားရေး အကောင်ထည်ဖော်ရန် အိုဘားမား နိုင်ငံတော်မိန့်ခွန်းတွင်ပြောကြား

Photo: လူလတ်တန်းစားအကျိုးပြုစီးပွားရေး အကောင်ထည်ဖော်ရန် အိုဘားမား နိုင်ငံတော်မိန့်ခွန်းတွင်ပြောကြား
Wednesday, January 21, 2015

အမေရိကန်ပြည်ထောင်စုသည် စီပွားရေးအကြပ်အတည်းများ လွန်မြောက်ရန် အသင့်ဖြစ်နေကြောင်းနှင့် “လူလတ်တန်းစားစီးပွားရေး” မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်း၏ အင်္ဂါနေ့တွင် ပြုလုပ်သော နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမာရေး၊ လူမှုရေး နှင့် တက္ကသိုလ်ပညာရေးအထောက်အပံ့များ နိုင်ငံတော်က ဆောင်ရွက်ခဲ့သည်များကို ကိုးကားထောက်ပြ၍ “လူလတ်တန်းစားများကို အကျိုးပြုမည့် စီပွားရေးမူဝါဒများသည် ကောင်းမွန်စွာအလုပ်ဖြစ်သည့်အတွက် ထိုမူဝါဒမျာအား နိုင်ငံရေးကိစ္စများက မနှောက်ယှက်သ၍ ဆက်လက်အကောင်ထည်ဖော်နိုင်မည်” ဖြစ်ကြောင်း ၄င်း၏ အတိုက်အခံပါတီဖြစ်သော ရီပါဘလစ်ကန်ပါတီမှ လွှတ်တော်အမတ်များ လွှမ်းမိုးထားသည့် လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ စီပွားရေးအကြပ်အတည်းမှလွတ်မြောက်သည့် အခြေအနေများနှင့် အလုပ်အကိုင်များတိုးပွားလာမှုတို့အား ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ချမ်းသာသူများအား အခွန်ထပ်တိုးကောက်ခံရန်၊ ကလေးသူငယ်များစောင့်ရှောက်မှုအတွက် အခွန်လျှော့ပေါ့ရန်၊ ဒေသဆိုင်ရာကောလိပ်များတွင် ကျောင်းသားများ အခမဲ့ နှစ်နှစ်တက်ရောက်နိုင်ရန် နှင့် လုပ်ငန်းခွင်မှ လစာယူလျက် နာမကျန်းခွင့်ယူခြင်းအတွက် ထပ်တိုးသတ်မှတ်ချက်များပြုလုပ်ရန် အိုဘားမားကပြောကြားခဲ့သည်။

The Yangon Globe
အမေရိကန်ပြည်ထောင်စုသည် စီပွားရေးအကြပ်အတည်းများ လွန်မြောက်ရန် အသင့်ဖြစ်နေကြောင်းနှင့် “လူလတ်တန်းစားစီးပွားရေး” မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်း၏ အင်္ဂါနေ့တွင် ပြုလုပ်သော နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာပြည်ဖြတ် တရုတ်ရေနံပိုက်လိုင်း ဇန်နဝါရီလကုန်တွင် ဖွင့်မည်


တရုတ်သို့ ပို့သည့် ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းတို့ကို ဇန်နဝါရီလကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းမှာ တရုတ်ပြည်၏ သွင်းကုန်များကို မြန်မာနိုင်ငံမှတစ်ဆင့် သယ်ယူရန်ဖြစ်သည်။ သို့ရာ တွင် တရုတ်ပြည်၌တည်ဆောက်နေသည့် ရေနံချက်စက်ရုံမှာ ပြီးစီးရန် လများစွာလိုသေးသည်ဟုဆိုသည်။

ပညာရေး ဥပဒေကို သပိတ်မှောက်သည့် ကျောင်းသား များအား ထောက်ခံသည့် အနေဖြင့် မုံရွာတွင် ဆန္ဒထုတ်ဖော်

Photo: ပညာရေး ဥပဒေကို သပိတ်မှောက်သည့် ကျောင်းသား များအား ထောက်ခံသည့် အနေဖြင့် မုံရွာတွင် ဆန္ဒထုတ်ဖော်
Wednesday, January 21, 2015

 ဒီမိုကရေစီ ပညာရေး စနစ် ပေါ်ပေါက်စေရေး အတွက် ကျောင်းသားထု တစ်ရပ်လုံးမှ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကြီး ဆင်နွှဲနေသည်ကို ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃၀) ခန့် တို့သည် ယမန်နေ့က မုံရွာမြို့ရှိ တက္ကသိုလ် အသီးသီး၌ ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။ ယင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်မှုကို ကျောင်းသားထု တစ်ရပ်လုံးမှာ မန္တလေး မြို့မှ တစ်ဆင့် ရန်ကုန် မြို့သို့ ချီတက် လမ်းလျှောက်ကာ ဆန္ဒပြပွဲကြီး ဆင်နွှဲ နေစဉ်တွင် ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားများ ကလည်း မုံရွာ တက္ကသိုလ်၊ မုံရွာ စီးပွားရေး တက္ကသိုလ်နှင့် မုံရွာ နည်းပညာ တက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သည့် အနေဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။

အစိုးရကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ပညာရေး ဥပဒေကို ကန့်ကွက်နေ တာပါ။ ကျောင်းမတက်ချင်လို့ အခုလို လုပ်နေ တာလည်း မဟုတ်ပါဘူး။ ကျွန်ပညာရေး စနစ်ကို အလို မရှိလို့ပါ။ ကျောင်းသား ဆန္ဒပြပွဲကြီး ကိုလည်း ထောက်ခံတယ်။ ဒါကြောင့် အခုလို တက္ကသိုလ်ဝင်း ထဲမှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြ တာပါ ဟု မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ကြီးအား ထောက်ခံသည်ကို ဆန္ဒ ထုတ်ဖော်ခဲ့သည့် ကျောင်းသား များအား မုံရွာ တက္ကသိုလ်ဝင်း အတွင်း၌ တားဆီးမှုများ တွေ့ကြုံခဲ့ရပြီး အချိန် ကန့်သတ်ချက် များဖြင့် လုပ်ဆောင်ရန် အတွက် ဖိအားပေး ပြောဆိုခြင်းများရှိ ခဲ့ကြောင်း ကိုလည်း သိရသည်။

အသံချဲ့စက်တွေနဲ့ မအော်ဖို့ ကိုဘဲ ပြောတာပါ။ စာသင်ချိန် တွေလည်းရှိ နေတော့လေ။ ပြီးတော့ အချိန် ကိုလည်း ကန့်သတ်ပြီး ဆန္ဒပြကြ ဖို့ကို ပြောခဲ့တာပါ။ တခြား ဘာမှတော့ တားဆီးတာ မဟုတ်ပါဘူး ဟု မုံရွာ တက္ကသိုလ် ဒုတိယ ပါမောက်္ခချူပ် ဒေါက်တာ ကျော်ထွန်းက The Messenger Media သို့ ပြောသည်။

Messenger News Journal
 ဒီမိုကရေစီပညာရေးစနစ် ပေါ်ပေါက်စေရေး အတွက် ကျောင်းသားထု တစ်ရပ်လုံးမှ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကြီး ဆင်နွှဲနေသည်ကို ထောက်ခံသည့် အနေဖြင့် မုံရွာမြို့ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃၀) ခန့် တို့သည် ယမန်နေ့က မုံရွာမြို့ရှိ တက္ကသိုလ် အသီးသီး၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

အခြေခံအလုပ်သမားများနှင့်အလုပ်ရှင်များ၏ပြသနာများကို တိကျစွာ နားထောင်ခြင်းမရှိသည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင် ခြင်းသာဖြစ်ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဆို

Photo: အခြေခံအလုပ်သမားများနှင့်အလုပ်ရှင်များ၏ပြသနာများကို တိကျစွာ နားထောင်ခြင်းမရှိသည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင် ခြင်းသာဖြစ်ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဆို
Wednesday, January 21, 2015

အခြေခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ ပြသနာများကို တိကျစွာနားထောင်ခြင်းမရှိဘဲ လုပ်ဆောင်နေသည့် သုံး ပွင့်ဆိုင်ဆွေးနွေးပွဲများသည် ဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း မြန် မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (MTUF) မှ ဝေဖန်ပြောကြားလိုက်ပြီး အဆိုပါသုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲ ဆွေးနွေးခဲ့သည့် (SME)လုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍကိုလည်း လုပ်ငန်းရှင်အသိုင်းအဝိုင်း မှ ဝေဖန်ထောက်ပြခဲ့ကြသည်။

ဇန်နဝါရီ ၂ဝရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြု လုပ်ခဲ့သည့် အသေးစားနှင့် အလတ် စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်သမားများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်ရှင်များ၊ အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမား သမဂ္ဂခေါင်း ဆောင်များ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေး နွေးပွဲများအပေါ် ထိုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်းဖြစ်သည်။

အလုပ်သမားအရေးများနှင့် ပတ်သက်၍ (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက ''မြန်မာပြည်အထက် ပိုင်း စက်ရုံတွေ၊ သမဂ္ဂတွေက သူတို့ ရဲ့အခက်အခဲကို တင်ပြချင်လို့လာခဲ့ တယ်၊ တင်ပြခွင့်မရခဲ့ကြဘူး။ အလုပ်သမားတွေရဲ့ ဒုက္ခတွေကို ပြောချင်လို့ ကိုယ်စားပြုတက်လာတဲ့ အသံကို နားထောင်သင့်တယ်။ အဲ့လိုပဲ အလုပ်ရှင်တွေရဲ့အခက်အခဲကို ကျယ်ကျယ် ပြန့်ပြန့်နားထောင်သင့်တယ်။ အ လုပ်ရှင်တွေထဲမှာလဲ သူတို့ရဲ့အခက် အခဲကို ကျယ်ကျယ်ပြန့်ပြန့် ပြောချင် တဲ့သူတွေအများကြီးပဲ။ အဲလိုမှ အချိန် ပေးနားမထောင်နိုင်ရင် အလုပ်ရှင် အလုပ်သမားပြဿနာကို ဖြေရှင်းဖို့ လုံးဝမဖြစ်နိုင်ဘူး''ဟု ပြောကြားခဲ့သည်။

အလုပ်သမားများ၏အခက်အ ခဲများကို တင်ပြချင်၍ မန္တလေး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော် အစရှိသည့်နေရာများမှ တက်ရောက်ခဲ့သည့် အလုပ်သမားသမဂ္ဂများ၏အသံကို နားထောင်သင့်ကြောင်း၊ ယခုကဲ့သို့ အချိန်ပေးနားထောင်နိုင် ခြင်းမရှိဘဲ ရလဒ်မထွက်သည့် အစည်း အဝေးများ ပြုလုပ်နေခြင်းသည် နိုင်ငံ တော်ဘဏ္ဍာငွေ ဖြုန်းတီးနေခြင်း သာ ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သ မားများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေချင်ပါက အလုပ်ရှင်များ၏အသံ အလုပ် သမားများ၏အသံကို အချိန်ပေးနား ထောင်သင့်ကြောင်း ဦးအောင်လင်းက ဆိုသည်။

MTUF အဖွဲ့ဝင် ပလိပ်စက္ကူ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ဦးကျော်စိုး သန်းက''ကျွန် တော်ဆိုရင် မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ အစိုးရကနေ ပုဂ္ဂလိကကိုလွှဲ တဲ့ စက်ရုံ ၁ဝရုံကိုကိုယ်စားပြုပြီး အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ လက် ရှိဆန္ဒပြဖြစ်စဉ်တွေကို တင်ပြချင်လို့ ရောက်လာခဲ့ပေမယ့် တင်ပြခွင့်မရခဲ့ ဘူး။ ကျွန်တော်တို့ အစိုးရဝန်ထမ်း တွေက အစိုးရကနေ ပုဂ္ဂလိကကို ပြောင်းတဲ့အချိန်မှာ အလွန်ကိုဒုက္ခ ရောက်နေကြတယ်၊ အစိုးရနဲ့ ပုဂ္ဂလိ က ချုပ်ထားတဲ့စာချုပ်ကို ဘယ်စက် ရုံမှ ချမပြတဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်''ဟု ပြောသည်။

အစိုးရမှ ပုဂ္ဂလိကသို့ပြောင်းလဲသည့် စက်ရုံအတော်များများတွင် အစိုးရနှင့် ပုဂ္ဂလိက နှစ်ဖက်ချုပ်ဆို ထားသည့် စာချုပ်များကို လွှဲပြောင်းခံရသည့် ဝန်ထမ်းများ မသိရှိရသည့် အတွက် ဝန်ထမ်းအခွင့်အရေးကို လမ်းပေါ်ထွက် ဆန္ဒပြတောင်း ဆိုနေရခြင်းဖြစ်ကြောင်း ဦးကျော်စိုးသန်းက ပြောသည်။

အောက်ခြေအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေရသည့် အကြောင်း ရင်းများကိုတင်ပြရန် ပလိပ် ချည်မျှင်နှင့် အထည်စက်ရုံ၊ ပလိပ် စက္ကူစက် ရုံ၊ မြောက်ပြင်ရွှေဝါဆပ် ပြာစက်ရုံ၊ မြောက်ပြင်ဆွာအထပ်သား စက်ရုံ၊ ရမည်းသင်းချည်မျှင်နှင့် အ ထည်စက်ရုံ၊ ရမည်းသင်းအထပ်သား စက်ရုံ၊ အုတ်ကျင်း ဂုန်နီအိတ်စက်ရုံ၊ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံအသီးသီး မှ အလုပ်သမား သမဂ္ဂများ၊ ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂများ စသည့်မြန်မာတစ်နိုင်ငံလုံးရှိ အ လုပ်သမားသမဂ္ဂများ တက်ရောက်ခဲ့သော်လည်း တင်ပြခွင့်မရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များမှ ဆိုသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် ကဏ္ဍနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနအ နေဖြင့် ချေးငွေထုတ်ချေးခြင်းများကို ဆောင် ရွက်ပေးခဲ့ကြောင်း၊ စက်မှု ဝန်ကြီးဌာနမှ လက်ရှိခွင့်ပြုထားသည့် SME ပေါင်း ၄၆၀၀ဝကျော်ခန့်ရှိ ပြီး ချပေးသည့်ချေးငွေ ကျပ်ဘီလီယံ ၃ဝခန့်သည် SME ၄၆၀၀ဝကျော် ကို အချိုးကျခွဲဝေကြည့်မည်ဆိုပါက တစ်ဦးလျှင် အနည်းငယ်စီသာရရှိ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့သည်။

''အစိုးရအနေနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာ ကိုကြိုဆိုပါတယ်။ ဒါပေ မဲ့ SME တွေ ဖွံ့ဖြိုးတိုးတက်အောင် ချေးငွေတွေ ချေးပေး ခဲ့ပါတယ်။ ဘီ လီယံ ၃ဝလောက် ချေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက မြန်မာကျပ်ငွေ ပါ ဒေါ်လာမဟုတ်ပါဘူး။ အဲဘီလီယံ ၃ဝကို ခွင့်ပြုထားတဲ့ SME ၄၆၀၀၀ ကို အချိုးကျခွဲကြည့်ပါက ဆိတ်ပါး စပ် နှမ်းပက်သလိုပါပဲ'' ဟု ဦးမြင့်စိုး က ဆွေးနွေးပွဲတွင် ပြောသည်။

ZCH
Democracytoday
အခြေခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ ပြသနာများကို တိကျစွာနားထောင်ခြင်းမရှိဘဲ လုပ်ဆောင် နေသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများသည် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF)မှ ဝေဖန်ပြောကြားလိုက်ပြီး အဆိုပါသုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲ ဆွေးနွေး ခဲ့သည့် (SME)လုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍကိုလည်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ဝေဖန် ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တရားခံပြေးတစ်သောင်းကျော် လွတ်မြောက်လျက်ရှိ ======= တရားခံပြေးအများဆုံးတိုင်းဒေသကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးတွင်ရှိနေ စာရင်းများအရ ပဲခူး၊ မန္တလေတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့နောက်ကလိုက်နေဟုဆို

Photo: မြန်မာနိုင်ငံတွင် တရားခံပြေးတစ်သောင်းကျော် လွတ်မြောက်လျက်ရှိ
======================================

တရားခံပြေးအများဆုံးတိုင်းဒေသကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးတွင်ရှိနေ စာရင်းများအရ ပဲခူး၊ မန္တလေတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့နောက်ကလိုက်နေဟုဆို

Wednesday, January 21, 2015

ရန်ကုန်၊ ဇန်နဝါရီ ၂၀-မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီး တွင် တရားခံပြေးတစ်သောင်းကျော် (၁၁၇၀၈ဦး) လွတ်မြောက်နေကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်၏ မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး စာရင်းနှင့် တရားခံပြေးများကို ဖမ်းဆီးရမိရန် မည်သို့ဆောင်ရွက် လို ကြောင်း မေးမြန်းမှုအပေါ် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖမ်းဆီးရန် ကျန်တရားခံပြေးအရေ အတွက်မှာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၅၂၄ဦး၊ ကချင်ပြည် နယ်တွင် ၇၀၉ဦး၊ ကယားပြည် နယ်တွင် ၃၈ဦး၊ ကရင်ပြည်နယ်တွင် ၃၅၄ဦး၊ ချင်းပြည်နယ်တွင် ၂၁ဝဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၅ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇ဝဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၉ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၉ဦး၊ မွန်ပြည်နယ်တွင် ၇၂ဝဦး၊ ရခိုင်ပြည်နယ်တွင် ၁၁၆၁ဦး၊ ရန်ကုန် တိုင်းဒေသကြီးတွင်၂၄၃၆ဦး၊ ရှမ်းပြည်နယ်တွင် ၃၃၈ဦးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတွင် ၆၂၅ဦးစုစု ပေါင်း ၁၁၇၀၈ဦးဖမ်းဆီးရန် ကျန် ရှိလျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

''ဖမ်းဆီးရန်ကျန်ရှိတဲ့တရားခံ ပြေးများကို ဖော်ထုတ်ဖမ်းဆီးရယူ နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရေးဆွဲထားသည့်စီမံချက်များနှင့်အညီ တိုင်းဒေသကြီးနဲ့ပြည်နယ် ရဲတပ်ဖွဲ့ဝင်များရဲ့ကြီးကြပ်မှုနဲ့ ခရိုင်၊ မြို့နယ်များမှာ တရားခံပြေးဖမ်းဆီး ရေးအထူးအဖွဲ့များ ဖွဲ့စည်းပြီးတော့ ဟော့စပေါ့ဧရိယာများ သတ်မှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ လူထုများအနေနဲ့လဲ သတင်းပေး ပါ ဝင်စေခြင်းဖြင့် တရာခံပြေးများကို ပိုမိုဖမ်းဆီးနိုင်မှာဖြစ်ပါတယ်''ဟု ယင်းကပြောသည်။

''ကျွန်မတို့ အခုတလောမကြာခဏကြားနေရတဲ့ စိတ်မချမ်းမြေ့ဖွယ် ရာမှုခင်းသတင်းတွေကတော့ သက် ကြီးရွယ်အိုများကို နေအိမ်မှာတစ်ဦး တည်းရှိနေစဉ်သတ်ဖြတ်ပြီး ရွှေငွေ ပစ္စည်းတို့ကို ယူဆောင်သွားကြ တဲ့ ဖြစ်စဉ်တွေနဲ့ လူမဆန်စွာရက်ရက် စက်စက်သတ်ဖြတ်တဲ့မှုခင်းတွေကို သတင်းစာတွေထဲမှာ သတင်းတွေ ထဲမှာကြားနေရပါတယ်။ ၎င်းအပြင် လုယက်မှုနဲ့ဓားပြမှုတွေကလဲ နေရာ အနှံ့အပြားမှာဖြစ်ပွားနေကြောင်း လဲကြားသိရပါတယ်။ ဒါကြောင့် နိုင်ငံ တော်အေးချမ်းတည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ထိန်းသိမ်း ရေး၊ပြည်သူများ၏ဘဝလုံခြုံရေးနှင့် စိတ်သောကရောက်မှုနဲ့ စိုးရိမ်ပူပန် မှုများရှိနေတဲ့အတွက်ကြောင့် ဒီမေး ခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

MP, YM
Democracytoday
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးတွင် တရားခံပြေးတစ်သောင်းကျော် (၁၁၇၀၈ဦး) လွတ်မြောက် နေကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရခြင်း တွင် ပြည်သူများ နစ်နာမှုမ ရှိရန် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက် မပေး သည့် အာဏာပိုင် များကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူမည် ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

Photo: လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရခြင်း တွင် ပြည်သူများ နစ်နာမှုမ ရှိရန် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက် မပေး သည့် အာဏာပိုင် များကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူမည် ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော
Wednesday, January 21, 2015

လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်း ခံရခြင်း မှ ပြည်သူ များနစ်နာမှုမရှိ စေရန်တာဝန်ရှိသူများ၏ ညွှန်ကြား ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်မပေးသည့် အာ ဏာပိုင်များကို နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြည်သူ့ လွှတ်တော် တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂ဝရက်တွင် ကျင်းပ သည့်ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် အစည်း အဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့် က လယ် ယာမြေနှင့်အခြားမြေ များ သိမ်းဆည်းခံရမှုအား တာဝန်ရှိ သူများ၏ ညွှန်ကြား ချက်များကို လိုက်နာအကောင် အထည်မဖော် သည့် အချို့အာဏာ ပိုင်များအား မည်သို့ အရေးယူဆောင်ရွက်မည် ကိုသိရှိလိုခြင်း မေးမြန်းမှု အပေါ် ပြည် ထဲရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခံရမှုကြောင့် ပြည် သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပေး ပို့လာ သော အပိုင်း အသီးသီးမှ မြေကိစ္စ များကိုစိစစ်ဖြေရှင်းဆောင်ရွက်ရာ မှာမြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကော်မတီ မှချမှတ်ထား သည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာမြေအသုံးချမှု စီမံခန့်ခွဲရေးကော် မတီအဆင့်ဆင့် တို့မှ လိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ ကော်မတီအဆင့်ဆင့် အနေဖြင့် လိုက်နာဆောင်ရွက်ရန် ပျက် ကွက် ကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ ခိုင် လုံသောအကြောင်းပြချက် များနှင့် တိုင်ကြားတင်ပြလာခြင်းများရှိပါက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်ပြီး နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်သွား မည်ဖြစ်ပြီး အခြား ပါဝင်ပတ်သက်သူများရှိပါက တည်ဆဲ ဥပဒေများနှင့် အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ် ပါတယ်''ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ပြောသည်။

ထိုကဲ့သို့ ဒုတိယဝန်ကြီး၏ပြောကြားချက် အပေါ် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ''ကျွန်တော့်ဆီမှာ ဆောင်ရွက်ပေး ရန် ပျက်ကွက် တဲ့အ တွက် ကျွန်တော့် ဆီကိုတိုင်ထားတာတွေလဲ ရှိပါတယ်။ နိုင်ငံတော်သမ္မတ အထိလဲ တိုင်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အထိလဲ တိုင်တယ်။ ကာကွယ်ရေး ဝန်ကြီးအထိလဲ တိုင်ထားတာတွေ ကျွန်တော့်ဆီမှာရှိပါတယ်။ ဒီလိုပျက် ကွက်တဲ့လူတွေကို အရေးယူတယ် ဆိုရင် ဘယ်နှမှုအထိ၊ ဘယ်နှဦး အထိ အရေးယူထားပြီးပြီလဲဆိုတာ သိချင်ပါတယ်'' ဟု လွှတ်တော်အတွင်း ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့သော် လည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိကျစွာပြန်လည် ပြောကြား ခဲ့ခြင်းမရှိကြောင်း သိရ သည်။

သက်ဆိုင်ရာအစိုးရအဖွဲ့မှ ပြည် ထောင်စုအစိုးရအဖွဲ့သို့ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုတွင် ပြည်သူများနစ်နာမှု မရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင် ၏အစီရင်ခံစာအပေါ် အရေးယူ ဆောင်ရွက်ချက်များ တင်ပြရာ၌ မြေပြင်ပကတိအခြေအနေနှင့် ကွဲ လွဲစွာ တင်ပြလာခြင်း၊ လေ့ လာတွေ့ ရှိချက်အချို့မှာ မြေအသုံးချမှုစီမံ ခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန် ကြားချက်ကို ဆောင်ရွက်ခြင်း မပြုဘဲ လျှောက်ထားသူများကို တရား ဥပဒေ ကြောင်း အရ ဖြေရှင်းရန် လမ်းလွှဲ ခြင်း၊ သိမ်းဆည်းခံထားရသူ ပိုင်ရှင် များမှာ ပြန်လည် တရား စွဲဆိုခံနေရ ခြင်း၊ အဆောက်အအုံရှိသော မြေ များကို လုပ်ငန်းရှင်များကပြန်လည် မစွန့်လွှတ်ဟု သဘောထားပေးခြင်း ၊ ဒေသ ၏ပေါက်ဈေး နစ်နာကြေး ပေးရန်ဆောင်ရွက်မှုမရှိခြင်းစသည့် အချက်များ ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အောက်ခြေအဆင့် ဆင့် မှ ဆောင်ရွက်နေ မှုများသည် ပြည် ထောင်စုလွှတ်တော်၏ တိုက်တွန်း ချက်၊ အကြံပြုချက်၊ ဆုံးဖြတ်ချက်များ၊ နိုင်ငံတော်သမ္မတ ၏ မြေမူဝါဒ များ၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟို ကော်မတီတို့၏ လမ်းညွှန်ချက်များ နှင့် ကွဲလွဲနေကြောင်း ဦးဝင်းမြင့်က လွှတ်တော် အတွင်း ပြောကြားခဲ့ သည်။

YM,MP
Democracytoday
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရခြင်းမှ ပြည်သူ များနစ်နာမှုမရှိ စေရန်တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မပေးသည့် အာဏာပိုင်များကို နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြည်သူ့ လွှတ်တော် တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်များအား အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်းလက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ် ပင်တားဆီးရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်သို့ အတည်ပြု ဝင်ရောက်နိုင်ရေးကို လွှတ်တော်က သဘောတူအတည်ပြု

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်များအား အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်း လက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ်ပင်တားဆီးရေးနှင့် ဖျက်သိမ်း ရေးဆိုင်ရာ သဘောတူ စာချုပ်သို့ အတည် ပြုဝင်ရောက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒုတိယ နေ့ အစည်းအဝေးတွင် တင်ပြခဲ့သည်။

ဓာတုလက်နက်ဖျက်သိမ်းရေးသဘောတူ စာချုပ်အဖွဲ့သို့ မြန်မာအတည်ပြု ၀င်ရောက်မည်

ဓာတုလက်နက်များ ထုတ်လုပ်သိုလှောင်ခြင်းဆိုင်ရာ ဖျက်သိမ်းရေး သဘောတူစာချုပ်အဖွဲ့သို့ အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံ အတည်ပြုဝင်ရောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ မှ ချေးငွေ ဂျပန်ယန်း ၁၀.၅၀၀ ဘီလီယံ ချေးယူရန် အတွက် လွှတ်တော်တွင် တင်ပြ

ဆယ်သွယ်နည်းပညာ ၀န်ကြိးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာ့ဆက်သွယ်ရေး ကွန် ရက် ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA ) ထံမှ ဂျပန်ယန်း ၁၀.၅၀၀ ချေးယူနိုင်ရန် သဘောတူညီချက်ရရှိပြိး ဖြစ်ကာ ပြည်ထောင်စု လွှတ် တော် မှအတည်ပြုချက်ရယူနိုင်ရန် ယခု ၂၀ ရက်နေ့ ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ဆက် သွယ်ရေးနှင့် နည်းပညာဝန်ကြိးဌာန ဒုတိယ၀န်ကြိး ဦးသောင်းတင်မှ လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

အမျိုးသားပညာရေး ဥပဒေပါ အချက်များအား ပြန်လည် သုံးသပ် ပြင်ဆင် ပေးနိုင် ရန် သမ္မတ က ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ 

ပြည်ထောင်စုလွှတ်တော် မှ အတည်ပြု ပြဌာန်းပေးခဲ့သည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအား ပြန်လည်သုံးသပ် ပြင်ဆင်ပေးနိုင်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၉ ရက်နေ့ ရက်စွဲဖြင့် သ၀ဏ်လွှာ တစ်စောင်ပေးပို့ ခဲ့သည်။

နိုဘယ်လ်-မြန်မာ စာပေပွဲတော်

အခုလပိုင်းအတွင်း မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာနဲ့ ပျော်ရွှင်စရာ သတင်းကောင်း တစ်ခု ကတော့ နိုဘယ်လ်- မြန်မာ စာပေပွဲတော်ကြီးကို စည်စည်ကားကား၊ အောင်အောင်မြင်မြင် ကျင်းပပြီးသွား ခဲ့တယ် ဆိုတဲ့ သတင်းပါ။ မြန်မာစာပေ သမားတွေက ကမကထပြု ဦးစီးကျင်းပတာ ဖြစ်ပြီး အစိုးရအဖွဲ့၊ နော်ဝေနိုင်ငံက အဖွဲ့အစည်းတချို့နဲ့ နော်ဝေသား မြန်မာတချို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ ကျင်းပနိုင်ခဲ့တာပါ။ ပွဲကြီး ကို ဘယ်သူတွေက ဘယ်လို ကျင်းပခဲ့ကြသလဲ၊ ဘယ်လိုအောင်မြင်ခဲ့သလဲ၊ ဒီပွဲကြီးကနေ နောင် ဘာတွေ  မျှော်လင့်နိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ဒုက္ခသည်စခန်းတွင် လုပ်အားပေးနေသော ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ

ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာရှိ ကချင်စစ်ဘေးဒုက္ခသည်စခန်းတွင် လုပ်အားပေး စာသင် နေသည့်ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ကာ အသတ်ခံရကြောင်းသတင်းရရှိ သည်။

ပညာရေးဥပဒေ ကန့်ကွက်တဲ့ ခရီိးရှည် ချီတက်ပွဲ စတင်

Photo: ပညာရေးဥပဒေ ကန့်ကွက်တဲ့ ခရီိးရှည် ချီတက်ပွဲ စတင်
Wednesday, January 21, 2015 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက် တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆၀ ကျော် ကြာ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှုမရှိ တာကြောင့် ကျောင်းသား တွေက အခုလိုဆန္ဒပြကြ တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောပါတယ်။

"ကျနော်တို့ ရက် ၆၀ ကာလထဲက အစိုးရကို ညှိနှိုင်း ထားတာရှိပါတယ်၊ အခုရက် ၆၀ ကျော်လာတဲ့ အခါမှာ အစိုးရက တစ်စုံတစ်ရာ ညှိနှိုင်းလာတာ မရှိတဲ့အတွက် ကျနော်တို့ သပိတ်တိုက်ပွဲကို အခုလိုအရှိန်မြှင့်လိုက်တာဖြစ်တယ်၊ ဒီအရှိန်မြှင့်ပြီးတာနဲ့ ကျနော်တို့ တနိုင်ငံလုံးက ကျောင်းသားတွေ ရန်ကုန်မှာ ဆုံပြီးရင် သပိတ်ဆောင်ရွက်နေချိန်မှာပဲ မြို့ကြီးတွေမှာ မုံရွာ၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ရန်ကုန်သပိတ်နဲ့ ဟန်ချက်အညီ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖို့ အနေအထားတွေကအစ ပြင်ဆင်ထားပြီးသားပါ "

လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ မန္တလေး - ရန်ကုန်ကားလမ်းမဟောင်း အတိုင်းရန်ကုန်မြို့ကိုချီတက် မှာဖြစ်ပြီး ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့တွေကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက်မှာလည်း ဟောပြောပွဲတွေကျင်းပသွားမယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေ အပြင် လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြ ပါတယ်။ ပခုက္ကူမြို့နယ်နဲ့ ထားဝယ်မြို့နယ်က ဆန္ဒပြကျောင်းသားသမဂ္ဂအဖွဲ့ ၀င်တွေကလည်း မန္တလေးမြို့က ဆန္ဒပြကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ လာရောက်ပူးပေါင်းဆန္ဒပြကြ မှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်း ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကိုကန့်ကွက်တဲ့ ကျောင်းသားသမဂ္ဂဝင်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့မှာ သပိတ် မှောက်ဆန္ဒပြ ခဲ့ကြပြီး အစိုးရကို ရက် ၆ဝ အတွင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးအရာရှိ သစ်ခိုးထုတ်သူများနဲ့ တွေ့ဆုံ

Photo: တရုတ်ကောင်စစ်ဝန်ရုံးအရာရှိ သစ်ခိုးထုတ်သူများနဲ့ တွေ့ဆုံ
Wednesday, January 21, 2015 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၅ ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ်သုံးယောက်က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို အချုပ်သားအခွင့်အရေးနဲ့အညီ တန်းတူပေးထားတယ်လို့ မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ထောင်ပိုင်ကြီး ဦးတင်မောင်ချိုက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ ဒီလဆန်းပိုင်းက တရုတ်နိုင်ငံဘက် တရားမဝင်သစ် ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို ယာဉ်မျိုးစုံ ၄၇၀ ကျော် အပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသားတွေကို မကြာခင်တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။လက်ရှိအခြေအနေမှာ ဖမ်းဆီးရမိတဲ့ သစ်ကား ၁၅ စီးနဲ့ ခန့်မှန်းသစ်တန်ချိန် ၅၀၀ကျော်ကို ဝိုင်းမော်မြို့နယ်ထဲကို သယ်ယူနေပြီလို့ သိရပါတယ်။

တရုတ်ကောင်စစ်ရေးရာဋ္ဌာန ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ခွင့်ပြုချက်နဲ့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

RFA Burmese
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီး ခံထား ရတဲ့ တရုတ်နိုင်ငံသား ၁၂၅ ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ်သုံးယောက်က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီကေဘီအေမှ ပြန်လည်ခန့်အပ်လျှင် တာဝန်ထမ်းဆောင်ရန်အသင့်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော

ဒီကေဘီအေမှ မိမိအားထုတ်ပယ်မှုအပေါ်တွင် အထက်လူကြီးများ၏ သဘောထားကို နားလည်ပြီး စစ်တပ် တိုင်း၌ ဖြစ်တတ်သည့်သဘောမျိုးဖြစ်သောကြောင့် မိမိအား တာဝန်ပေးအပ်ပါက ပြန်လည်ထမ်းဆောင်ရန် အသင့်ရှိသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

သစ်ခိုးထုတ်မှုဖြင့်ထိန်းသိမ်းထားသော နိုင်ငံသားများကို လုံခြုံစွာစောင့်ရှောက်ပေးရန် တရုတ်အစိုးရ တောင်းဆိုထား

Photo: သစ်ခိုးထုတ်မှုဖြင့်ထိန်းသိမ်းထားသော နိုင်ငံသားများကို လုံခြုံစွာစောင့်ရှောက်ပေးရန် တရုတ်အစိုးရ တောင်းဆိုထား
Wednesday, January 21, 2015

မကြာမီက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများကို လုံခြုံစွာ စောင့်ရှောက်ထားရန်နှင့် တရားဥပဒေဆိုင်ရာအခွင့်အရေးများအကာအကွယ်ပေးရန် မြန်မာအစိုးရကို တရုတ်အစိုးရက တောင်းဆိုကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးတို့ကလည်း ထိန်းသိမ်းခံတရုတ်နိုင်ငံသားများ နှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ထိန်းသိမ်းခံ မိမိတို့ နိုင်ငံသားများအတွက် လိုအပ်သည့် ကူညီ ထောက်ပံ့ပေးမှုများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဟောင်းလီက တရုတ်နိုင်ငံတွင် ဇန်န၀ါရီ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ကချင်ပြည်နယ်ရှိ ပဋိပက္ခ များ ဖြစ်ပွားရာနယ်မြေတွင် တရားမ၀င်သစ်ထုတ်မှုကြောင့် ဇန်န၀ါရီ၎ ရက်က ဖမ်းဆီးခံထားရသူ ၁၄၆ ဦး၌ တရုတ်နိုင်ငံသား ၁၂၆ ဦး ပါဝင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့သတင်း များကို ကိုးကား၍ ယမန်နေ့က ပြောကြားခဲ့သည်။

ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများအားလုံး လူ သားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် သင့် လျော်သည့် ဆေးဝါးကုသမှုများ ရရှိရန်၊ ဖမ်းဆီးခံထားရမှုအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုကိုလည်း မြန်မာအာဏာပိုင်တို့ကို ထုတ်ဖော်ပြောကြားကြောင်းနှင့် မြန်မာအစိုးရကလည်း ထိန်းသိမ်းထားသူများအား ကောင်းမွန်စွာဆက်ဆံမည်ဟု ပြန်လည်တုံ့ပြန်ပြောကြားကြောင်း မစ္စတာဟောင်းလီက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း သစ် တင်ယာဉ် ၅၀၀ စီး၊ သစ်မှောင်ခိုဂိုဏ်းသား ၂၀၀ နီးပါးနှင့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံသားများကို ပြည်သူပိုင်ပစ္စည်းအလွဲသုံးမှု အပက (၃)၊ တရားမ၀င် ၀င်ရောက်မှု လူဝင်မှုကြီးကြပ်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားပြီး ဖြစ်သည်။

လက်တလောဖြစ်ပွားနေ သော မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားရာနေရာတွင် ဒေသခံများပိတ်မိနေရာ တရုတ်နိုင်ငံ သားများလည်း ပါဝင်ကြောင်း တရုတ်အစိုးရအာဘော်သတင်းစာ The Global Times က ဖော်ပြထားသည်။

7Day DAILY 

သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထားသောတရုတ်နိုင်ငံသားများ (ဓာတ်ပုံ - ကာကွယ်ရေးဦးစီးချုပ်ရုံး)
သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထားသောတရုတ်နိုင်ငံသားများ (ဓာတ်ပုံ - ကာကွယ်ရေးဦးစီးချုပ်ရုံး)
မကြာမီက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများကို လုံခြုံစွာ စောင့် ရှောက်ထားရန်နှင့် တရားဥပဒေဆိုင်ရာအခွင့်အရေးများအကာအကွယ်ပေးရန် မြန်မာအစိုးရကို တရုတ် အစိုးရက တောင်းဆိုကြောင်း သတင်းရရှိသည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် စောဆန်းအောင်လုပ်ရပ် ဒီကေဘီအေနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ခဲ့၍ ဒီကေဘီအေမှ ဗိုလ်မှူး ကြီးရာထူးဖြင့် ထုတ်ပယ်ခံရသူက ကော့ကရိတ် မြို့တွင် ဇန်န၀ါရီ ၁၉ ရက်၌ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် ဒီကေဘီအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်ကလည်း ထိုသတင်းစာရှင်းလင်းပွဲမှာ ဒီကေဘီအေအဖွဲ့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် အင်ခါဂါကျေးရွာတွင် ဒေသခံ ၁၀၀ခန့် ပိတ်မိ

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် မချမ်းဘောမြို့နယ်၊ အင်ခါဂါကျေးရွာ ဒေသခံတစ်ရာ နီးပါးထွက်ပြေးတိမ်းရှောင်နေပြီး ယင်းရွာအတွင်း ဒေသခံအချို့ ပိတ်မိနေကြောင်း ကချင် နှစ်ခြင်း အသင်းတော်(ပူတာအိုဇုန်)မှ သတင်းရရှိသည်။

သမ္မတ၏ သ၀ဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် တရားဝင်တုံ့ပြန်မည်

Photo: သမ္မတ၏ သ၀ဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် တရားဝင်တုံ့ပြန်မည်
Wednesday, January 21, 2015

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြန်ကြားသည့် သ၀ဏ်လွှာနှင့် ပတ်သက်၍ တရားဝင်တုံ့ပြန်ပြောကြားသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

သမ္မတ၏ သ၀ဏ်လွှာသည် အကြောင်းအရာကို တိတိကျကျ ဖော်ပြသင့်သည်ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ယခုလ ၂၀ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးမစတင်မီ မီဒီယာ များနှင့် တွေ့ဆုံစဉ်ပြည်သူ့လွှတ် တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ရှင်းရှင်းလင်းလင်းပြော သင့်တာပေါ့။ အန်တီတို့ကတော့ ပြောရင် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ဒီကိစ္စက အရေးကြီးတဲ့ အတွက် ဒီလိုအလွတ်သဘော ပြောလို့တော့ ဘယ်ကောင်းမလဲ။ တရားဝင်ပြောမယ်။ အဲဒီအခါ စောင့်နားထောင်ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်သမ္မတက ဇန်န၀ါ ရီ ၁၇ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ သော သ၀ဏ်လွှာတွင် လွှတ် တော်က တောင်းဆိုသည့် ခြောက် ပွင့်ဆိုင်ကို လက်ခံခြင်းပြု၊ မပြု တိတိကျကျပြန်ကြားထားခြင်းမရှိ ဘဲ ငြင်းဆိုသော သဘောသက် ရောက်သည့် အသုံးအနှုန်းများသုံးစွဲရေးသားထားခြင်း ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် အကျပ်အတည်းမဖြစ်ပေါ်စေရန် သမ္မတ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်များအား ကိုယ်စားပြုသူတစ်ဦးတို့ ဆောလျင်စွာ တွေ့ဆုံ ဆွေးနွေးရေးကို နိုဝင်ဘာ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် က တောင်းဆိုထားသော ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ထက် တိုင်းရင်းသားများ၊ လူထု လူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများဖြင့် အား လုံးပါဝင်သော တွေ့ဆုံဆွေးနွေး ရေး ပြုလုပ်ခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင်ဖော်ပြ သည်။

အဆိုပါအကြောင်းပြန်ကြား သည့် သ၀ဏ်လွှာတွင် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်တို့က အတည်ပြုထားသည့် (၁၂) ပွင့်ဆိုင်တွေ့ဆုံရေး၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ သဘော ထားထုတ်ဖော်မှုများအစရှိသည် တို့ကို အလေးထားထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း သမ္မတကဆိုသည်။

7Day DAILY 

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပြန်ကြား သည့် သ၀ဏ်လွှာနှင့်ပတ်သက်၍ တရားဝင်တုံ့ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်

Photo: မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်
Wednesday, January 21, 2015 

ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းချက်အပေါ် ဆန္ဒပြ ကန့်ကွက်ခဲ့ရာ၌ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ထွက်ပေါ်ခဲ့သော ကုလသမဂ္ဂ၏ တိုက်တွန်းချက်ကို ဇန်န၀ါရီ ၁၆ ရက်က ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက မိန့်ကြားမှုပြုလုပ်ကာ ထိုမိန့်ကြားမှုတွင် သံဃာ၏သိက္ခာနှင့် လျော်ညီမှုမရှိသော ဆဲဆိုကြိမ်းမောင်းမှုများ ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆဲဆိုကြိမ်းမောင်းမှုသည် မကြာသေးမီ အချိန်က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီအား ဦးတည်ပြောဆိုရာ၌ ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

“မျိုးစောင့်ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီး ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါသလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ် ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ -ာသည်မပဲဗျ။ ခင်ဗျားစိတ်ပါလို့ ခင်ဗျားကုလားကို -င်ပေးပါ။ ကျုပ်တို့ ရခိုင်ပြည်နယ်ကိုတော့ ရောင်းစားခွင့် မပေးပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ ခံတပ်ကြီး၊ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ တံခါးဝ၊ ဒီတံခါးဝတွေကို ခင်ဗျားတို့ ၀င်ရောက်ချိုးဖျက်မယ် မကြံပါနဲ့။ ချိုးဖျက်ရင်တော့ ထိုးနှက်ပစ်မှာ...” အစရှိသော စကားလုံးများဖြင့် အရှင်ဝီရသူက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (ဗဟို) အဖွဲ့၏ အထက်မြန်မာပြည် တာဝန်ခံအဖြစ် လူသိများထင်ရှားသော အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများမှာ လူပုဂ္ဂိုလ်များ အကြား၌သာ ဝေဖန်မှု မြင့်တက်ခဲ့သည်သာမက သံဃာတော်များကြားတွင်လည်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ ဖြစ်ခဲ့ကြသည်။

“၀ိနည်းနဲ့ မညီဘူးပေါ့။ မပြောသင့်ဘူးပေါ့။ သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ် ၂၂၇ သွယ်ထဲမှာ သြမသ၀ါဒဆိုတဲ့ သိက္ခာပုဒ်နဲ့ ငြိသွားတာပေါ့။ အဲဒီ သိက္ခာပုဒ်မှာ ရဟန်းအချင်းချင်း ဆဲရေးတိုင်းထွာမှု ပြုလုပ်ရင် ပါစိတ်အာပတ်သင့်တယ်။ လူကိုဆဲရင်တော့ ဒုက္ကဋ်အာပတ်သင့်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဓမ္မစရိယတန်း အောင်မြင်ပြီးဖြစ်သည့် ရန်ကုန်မြို့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဝိနယပိဋကတ်၊ ပါစိတ်ပါဠိတော်၊ သုဒ္ဓပါစိတ်၊ မုသာဝါဒ၀ဂ်၌ ပါဝင်ခဲ့သော သြမသ၀ါဒ သိက္ခာပုဒ်သည် ဗုဒ္ခဘုရားရှင် ကိုယ်တော်တိုင် ပုံဝတ္ထုဖြင့် မိန့်ကြားပြီး “မလုပ်ရ” ဟူ၍ တားမြစ်ခဲ့သော သိက္ခာပုဒ်တစ်ပါး ဖြစ်သည်။

ထိုတားမြစ်ချက်အရ ရဟန်းတော်များ အနေဖြင့် အမျိုးအားဖြင့် ဆဲရေးခြင်း၊ အမည်အားဖြင့် ဆဲရေးခြင်း၊ အနွယ်မည်အားဖြင့် ဆဲရေးခြင်း၊ အလုပ်အားဖြင့် ဆဲရေးခြင်း၊ အတတ်အားဖြင့် ဆဲရေးခြင်း၊ အနာအားဖြင့် ဆဲရေးခြင်း၊ အသွင်သဏ္ဌာန်အားဖြင့် ဆဲရေးခြင်း၊ ကိလေသာအားဖြင့် ဆဲရေးခြင်း၊ အာပတ်အားဖြင့် ဆဲရေးခြင်း၊ ယောက်ျားမိန်းမအားဖြင့် ဆဲရေးခြင်း အစရှိသော ဆဲရေးခြင်း ဆယ်မျိုးကို မပြုအပ်ကြောင်း သိရသည်။

“အခု သူ့လုပ်ရပ်တွေ အတော်များများက အားလုံးကို အကြည်ညိုပျက်စေတဲ့ အခြေအနေ ရောက်ကုန်ပြီ။ ဆဲဆိုတာဟာ ပါစိတ်အာပတ်သင့်စေတယ်” ဟု မြ၀တီဆရာတော် အရှင်အရိယ၀ံသာဘိဝံသက မိန့်ကြားသည်။

ထို့ပြင် ထိုလုပ်ရပ်အပေါ် ပကာသနိယကံပြု၍ လုပ်ဆောင်ခြင်းဖြင့် သာသနာတော်အတွက် ဂုဏ်သိက္ခာ ပြန်ရနိုင်မည်ဟု မြ၀တီဆရာတော်က ဆက်လက်မိန့်ကြားသည်။

“သူ့ရဲ့ ကာယကံ၊ ၀စီကံ ပြုမူပြောဆိုမှုသည် သံဃာနှင့်မဆိုင်၊ သာသနာနှင့်မဆိုင်၊ သာသနာသည်လည်း သူနှင့်မဆိုင်၊ သံဃာသည်လည်း သူနှင့်မဆိုင်၊ သူ့လုပ်ရပ်သည် သူ့လုပ်ရပ်သာဖြစ်သည်လို့ ကြေညာရမှာက ပကာသနိယကံပြုတယ်လို့ ခေါ်တာပေါ့။ ဘုရင်းရှင် လက်ထက်က ဒီလိုအခြေအနေ ဖြစ်ခဲ့ဖူးတယ်။ ဒေ၀ဒတ်က သူကိုယ်တိုင် ဘုရားဖြစ်ချင်တော့ အဇာတသတ်ကိုမြှောက်ပြီး နန်းတွင်းရေးမှာ ၀င်ရှုပ်တဲ့ အခါကျတော့ ခမည်းတော် ဗိမ္မိသာရမင်းကြီးကို သတ်အောင် သူလုပ်တာပဲ။ မင်းသားက ၁၆ နှစ်ဆိုတော့ နားမလည်၊ သူခိုင်းတဲ့အတိုင်းလုပ်၊ လုပ်တော့ ဘုရင်ကိုသတ်၊ ပြည်သူက မကျေမနပ် ဖြစ်ကုန်တာပေါ့။ ဒါတွေကို မြင်တော့ ဒေ၀ဒတ်ရဲ့ လုပ်ရပ်သည် သာသနာနှင့် မဆိုင်၊ သာသနာသည် ဒေ၀ဒတ်နဲ့ မပတ်သက်ဆိုပြီးတော့ ကြေညာရတာ။ အဲဒါကို ကံပြုတယ်လို့ ခေါ်တယ်။ သပိတ်မှောက်ကံ တစ်ခုလို ပြုရတာ။ ဒီလိုပြုနိုင်မှ သာသနာအတွက် ဂုဏ်သိက္ခာရမှာ။ အခုဟာက သာသနာမှာ အရမ်း ထိခိုက်ကုန်ပြီ” ဟု မြ၀တီဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားခဲ့ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သော မြန်မာနိုင်ငံအတွက် ဗုဒ္ဓဘုရားရှင်၏ တရားတော်များအတိုင်း အတိအကျ လိုက်နာရေးမှာ သာသနာ အရှည်တည်တံ့စေရေးအတွက် အရေးကြီးဆုံးအချက် ဖြစ်သည်။

ထို့အပြင် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုများသည် မြန်မာနိုင်ငံက ယုံကြည်ကိုးကွယ်နေသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အထင်သေးစေသည့်အမြင် ဖြစ်သွားနိုင်ကြောင်း ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မိန့်ဆိုသည်။

“ဘုန်းကြီးဆိုတာ ဒေါသထွက်တာတောင် တော်တော်လွန်နေပြီ။ ဆဲဆိုတယ်ဆိုတော့ ဘယ်အဆင်ပြေတော့မလဲ။ လူကို ဖြစ်ဖြစ်၊ ဘုန်းကြီးကို ဖြစ်ဖြစ် ဆဲဆိုတယ်ဆိုတာ မလုပ်ရဘူး။ နောက်ပြီး ကိုယ့်ကို ဘယ်လောက် ဝေဖန်၊ ဝေဖန်၊ တန်ပြန်တုံ့ပြန်တာမျိုးတွေ ဘုန်းကြီးက မလုပ်ရဘူး” ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

လူအများ မြင်ကွင်းတွင် ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည့် အရှင်ဝီရသူကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်သေးမှုများ ဖြစ်ပေါ်စေခဲ့သည့်အပြင် သာသနာညှိုးနွမ်းမှုလည်း ဖြစ်စေခဲ့သည်။  

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်က ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး၌ အရှင်ဝီရသူ၏ ဓာတ်ပုံကို ဖော်ပြခဲ့ကာ “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ဖူးသည်။ ထိုသို့ ဖော်ပြစဉ်က အရှင်ဝီရသူဘက်မှ ခံပြင်းစွာဖြင့် တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းများ၊ ဗုဒ္ဓ၏ အဆုံးအမ၊ လမ်းစဉ်သည် အကြမ်းဖက် အစွန်းရောက်ခြင်း မဟုတ်ဘဲ အရှင်ဝီရသူလည်း အကြမ်းဖက် အစွန်းရောက်သူ မဟုတ်ကြောင်း တုံ့ပြန်ပြောကြားမှုများ ရှိခဲ့သည်။

သို့သော် လက်ရှိအချိန်၌ အရှင်ဝီရသူ မိန့်ကြားခဲ့သော ဆဲဆိုကြိမ်းမောင်း စကားများ ထွက်ပေါ်အပြီးတွင် အရှင်ဝီရသူဘက်မှ ရပ်တည်ခဲ့သူများကိုယ်တိုင် လက်မခံနိုင်ဘဲ ဖြစ်ခဲ့ကြရသည်။

    အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း . . . . .

အထူးသဖြင့် ရဟန်းသံဃာများ အနေဖြင့် သိက္ခာပုဒ် ၂၂၇ သွယ်အတိုင်း လိုက်နာမှု အားနည်းလာခြင်း၊ ရဟန်းကိစ္စ ရဟန်းမဆောင်ရွက်ဘဲ လူပုဂ္ဂိုလ် အရေးကိစ္စများ လုပ်ဆောင်လာကြခြင်း၊ လောကီရေးရာများတွင် ပါဝင်မှု ပိုလာခြင်း၊ ပကာသန၊ ငွေကြေးများအပြင် ကားစီးမှု အခြေအနေများတွင်ပါ ပြိုင်ဆိုင်မှုများ ရှိလာခြင်းက သာသနာတော် ညှိုးနွမ်းပျက်စီးစေသည့် အခြေအနေ ဖြစ်လာပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာကိုလည်း ဝေဖန်ပုတ်ခတ်သူများ ရှိလာစေကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။

လက်ရှိအချိန်တွင်မူ မစိုးရိမ်တိုက်သစ် နာယကဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုကို ရဟန်းတော် အများအပြားကလည်း လက်သင့်ခံခြင်း မရှိသည့် နည်းတူ လူပုဂ္ဂိုလ် အများစုကလည်း လက်ခံနိုင်စွမ်း မရှိဟု ပြောဆိုကြသည်။

“ဆဲတယ်ဆိုတာ လူတွေတောင် မလုပ်သင့်တဲ့ အရာပေါ့ဗျာ။ အဲဒီလို အလုပ်မျိုး ဘုန်းကြီးက လုပ်တယ်ဆိုတော့ ဘယ်ကြားကောင်းမလဲ။ အကုသိုလ် ဖြစ်စေတာပေါ့။ ၀ိနည်းတွေ ခဏဖယ်ထား။ လူတောင်မလုပ်သင့်တဲ့ ၀ဇီ ဒုစရိုက်ပါ” ဟု မြောင်းမြမြို့မှ ကျူရှင်ဆရာ ကိုသက်က ဆိုသည်။

“ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဒီလိုတော့ မဆဲသင့်ဘူးပေါ့။ ဘုရားက သစ္စာလေးပါး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာကို ဟောခဲ့တာလေ။ ဆဲဆိုတာက တရားနဲ့ လွဲချော်နေတာပေါ့။ ကမ္ဘာကလည်း ဗုဒ္ဓဘာသာအပေါ် အမြင်လွဲနိုင်တယ်” ဟု လယ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်းက ပြောကြားသည်။

မစိုးရိမ်တိုက်သစ် နာယကဆရာတော် အရှင်ဝီရသူသည် ၁၉၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့သူ တစ်ဦးဖြစ်ပြီး မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ဇာတိဖြစ်သည်။ အသက် ၁၄ နှစ် အရွယ်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စတင်ပြီး အမျိုးသားရေးတရားများ စတင်ဟောကြားကာ ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်းက ကျောက်ဆည်မြို့၌ အရှင်ဝီရသူ၏ တရားပွဲတစ်ပွဲ ပြုလုပ်ခဲ့ပြီး တရားပွဲအပြီး၌ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း အရှင်ဝီရသူကို ဖမ်းဆီးခဲ့ကာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်ချိမှုအပြင် အခြားအမှုများဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ၂၀၁၁ ခုနှစ်အတွင်း အရှင်ဝီရသူ၏ ဟောကြားချက်များ အင်တာနက် စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့သည်။

ထိုအချိန်နောက်ပိုင်း အရှင်ဝီရသူ၏ ဟောကြားချက်များ ပိုမိုပျံ့နှံ့လာခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် အပြင်းထန်ဆုံး ဖြစ်လာသည်။ ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင်ဆရာတော်အဖြစ် လူသိများ ထင်ရှားလာသည့်အပြင် အရှင်ဝီရသူ၏ တရားပွဲများက ဗုဒ္ဓဘာသာဝင်များကို သွေးဆူစေသော ဖြစ်ရပ်များ ပေါ်ပေါက်စေသည်ဟူသော စွပ်စွဲမှုများ ရှိလာခဲ့သည်။

အမျိုးသားရေး ခေါင်းစဉ်ဖြင့် ဟောကြားမှုများ ပြုလုပ်လာခဲ့သော အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။

လက်ရှိအချိန်တွင် ၉၆၉ လှုပ်ရှားမှုများ နေရာ၌ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စရပ်က ပိုမိုနေရာယူလာခဲ့ပြီး အဆိုပါ အမျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး တိုက်တွန်းချက်များနှင့် စပ်လျဉ်းသော အဆိုပြုချက်များကို အရှင်ဝီရသူက၂၀၁၂ ခုနှစ်နောက်ပိုင်း ပိုမိုပြုလုပ်ခဲ့သည်။

အမျိုးစောင့်ဥပဒေများ ပေါ်ထွက်ရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်က ဖွဲ့စည်းခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို စတင်ခဲ့သူ ဦးဆောင်ဆရာတော်များထဲတွင်လည်း အရှင်ဝီရသူ ပါဝင်ခဲ့ကာ လက်ရှိအချိန်တွင်လည်း ထိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ တာဝန်ခံအဖြစ် ဆောင်ရွက်ကာ အဖွဲ့၌ ဓမ္မကထိကနှင့် ကမ္မာဋ္ဌာနာစရိယ ဆရာတော်များ ပါဝင်စေရန် တာဝန်ယူ နှိုးဆော်စည်းရုံးရေး ဆရာတော်တစ်ပါး ဖြစ်သည်။  

မကြာသေးမီ အချိန်များကလည်း အရှင်ဝီရသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၊ ယခင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်တို့နှင့် လျို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့နှင့် ရင်းနှီးမှုရှိသူ အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်ခဲ့သော ဆန္ဒပြ ကန့်ကွက်ပွဲတွင် အရှင်ဝီရသူသည် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန်လိုသည့် အရေးနှင့် ပတ်သက်၍ ဆဲဆိုကြိမ်းမောင်း ပြောဆိုရာ၌ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကိုသာ မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ရည်ညွှန်းပြောဆိုသည့် အဓိပ္ပာယ် ရည်ရွယ်ချက်များ ပါဝင်နေသည်ဆိုသော သုံးသပ်မှုများလည်း ရှိသည်။

အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းအရေးယူမှု ပြုလုပ်ရန် အစီအစဉ် ရှိမရှိ အခြေအနေအတွက် သာသာနာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ သာသနာရေးဦးစီးဌာန သာသနာရေးရာနှင့် ၀ိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က သံဃာတော်များ သိက္ခာပုဒ် ဖောက်ဖျက်မှုများအပေါ် တိုင်ကြားလာမှသာ စစ်ဆေးအရေးယူနိုင်ကြောင်းနှင့် တစ်ပါးသူ၏ ပြောစကားကို ကြားသိရုံဖြင့် အရေးယူ၍ မရနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Eleven Media Group 

ဇန်န၀ါရီ ၁၆ ရက်က ကျင်းပသည့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဆရာတော် အရှင်ဝီရသူအား တွေ့ရစဉ် (Photo:AFP)
ဇန်န၀ါရီ ၁၆ ရက်က ကျင်းပသည့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဆရာတော် အရှင်ဝီရသူအား တွေ့ရစဉ် (Photo:AFP) 
ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တိုက်တွန်းချက်အပေါ် ဆန္ဒပြ ကန့်ကွက်ခဲ့ရာ၌ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။

ဝစီပိတ်ကျင့်ရတော့မည် ဖြစ်သောကြောင့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး ခုနှစ်ရက် နားမည်ဟု ဦးကျော်ဝင်း ပြော

Photo: ၀စီပိတ်ကျင့်ရတော့မည် ဖြစ်သောကြောင့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး
ခုနှစ်ရက် နားမည်ဟု ဦးကျော်ဝင်း ပြော
Wednesday, January 21, 2015 

ရန်ကုန်မြစ်အတွင်း သန်လျင် ရေနံချက်စက်ရုံအနီးတွင် ရှာဖွေနေသော ဓမ်္မ စေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းစဉ် အတွက် ၇ ရက် ၀စီပိတ် နေထိုင်ရတော့ မည်ဖြစ်သောကြောင့် ရှာဖွေရေးလုပ်ငန်း များ ခုနှစ်ရက်ရပ်နားထားမည်ဖြစ်ကြောင်း ရှာဖွေသူဦးကျော်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်မြန်မာသို့ ပြောသည်။
““ဒီနေ့ကနောက်ဆုံးပေါ့ဗျာ၊ နောက် ရက်ကစလို့ ကျွန်တော်ဘာသတင်းမှပြောလို့ရတော့မှာမဟုတ်ဘူး၊ ၇ ရက် ၀စီပိတ် နေရတော့မယ်၊ ဒါကြောင့် နောက် ၇ ရက် ကြာမှပြန်ဆက်သွယ်ပါ ““ဟု ၎င်းကပြော သည်။ခေါင်းလောင်းရှိသည်ဟု ၄င်းခန့်မှန်း ထားသောနေရာသည် ဖြစ်နိုင်ချေရှိသော နေရာဟု ထင်မြင်ကြောင်း သြစတေးလျ ရေငုပ်သမားတစ်ဦးကလည်း မှတ်ချက် ပြုခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဇန်န၀ါရီ ၁၂ ရက်တွင်စတင်ခဲ့ပြီး ၎င်းသည်ရေအောက်တိုင်းတာရှာဖွေရေးစက် တစ်လုံး စက်လှေတစ်စင်းဖြင့် ရှာဖွေနေ ခြင်းဖြစ်သည်။
၎င်း၏အဆိုအရ ဇန်န၀ါရီ၁၈ ရက် က ပုံရိပ်ဖမ်းစက်တွင်တွေ့ရှိသော ဓမ္မစေ တီခေါင်းလောင်းဟုထင်ရသော အရာကို တွေ့ရှိခဲ့သည် ဆိုသော်လည်း အဆိုပါနေရာအား ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းတွင် ရေငုပ်သမားများက ဦးကျော်ဝင်းညွှန်ပြ သောနေရာကို ရေငုပ်ရှာဖွေစဉ်ခေါင်း လောင်းနှင့်တူသောအရာကိုမတွေ့ခဲ့ရဘဲကျောက်တုံးများနှင့်ရေအောက်ကမ်းပါးယံများ သာတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ခေါင်းလောင်းရှာဖွေခွင့်ရက်နှင့်ပတ် သက်၍၄င်းကိုအစိုးရမှ မကန့်သတ်ထား ဘဲ ရှာဖွေခွင့်ပေးထားကြောင်း ဦးကျော် ၀င်းကပြောခဲ့သည်။
ထို့ပြင် ရေငုပ်ခ တစ်နေ့လျှင် ကျပ် နှစ်သိန်းခွဲပေးရသဖြင့် ပြန်လည်စဉ်စားဦး မည်ဟုလည်း ဇန်န၀ါရီ ၁၉ ရက်က ပြော ကြားခဲ့သည်။ ဆယ်ယူရေးလုပ်ငန်းကို နိုင်ငံတော်က တာဝန်ပေးပါကချက်ချင်းလုပ်ဆောင်မည်ဖြစ်ပြီးလောလောဆယ်အစိုးရအဖွဲ့အား အသိမပေးရသေးကြောင်းလည်း ထိုစဉ်က ပြောကြားခဲ့သည်။
၎င်းသည်ငါးဖမ်းသင်္ဘောများတွင်အသုံးများသောရေအောက်ရှာဖွေတိုင်းတာ ရေး
စက် (Samyung N 800GPS LCD ColorPlotter) ဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်က ခေါင်းလောင်းအားအမှန်တကယ်တွေ့ရှိပြီဟုလည်း ပြော ကြားခဲ့သေးသည်။လွန်ခဲ့သော နှစ်ပေါင်းလေးရာခန့်ကနစ်မြုပ်ခဲ့သည်ဆိုသော အဆိုပါဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လပိုင်းက ဦးစံလင်းဦးဆောင် သောအဖွဲ့ ၀ိဇ္ဇာဦးစားပေးအစီအစဉ်များ ဖြင့်ရှာဖွေခဲ့ရာတွင် ခေါင်းလောင်းကို အ မှန်တကယ်မတွေ့ရှိခဲ့ဘဲ နောက်ဆုံးတွင် ရှာဖွေမှုကို ရပ်နားခဲ့သည်။
ဦးကျော်ဝင်းက ၎င်းင်းအနေဖြင့် ယခု ရှာဖွေမှုတွင် ၀ိဇ္ဇာလိုင်းအား မပစ်ပယ် သကဲ့သို့ သိပံ္ပလိုင်းကို ပိုမိုဦးစားပေးမည် ဟုလည်းဆက်လက်ပြောကြားခဲ့ပြီးနောက် တွင် ယခုကဲ့သို့ ၀စီပိတ် ၇ ရက်နေရမည် ဟူ၍ဖြစ်လာခဲ့ခြင်းဖြစ်သည်။

Pyimyanmar
ရန်ကုန်မြစ်အတွင်း သန်လျင် ရေနံချက်စက်ရုံအနီးတွင် ရှာဖွေနေသော ဓမ်္မ စေတီခေါင်းလောင်း ရှာဖွေရေး လုပ်ငန်းစဉ် အတွက် ၇ ရက် ၀စီပိတ် နေထိုင်ရတော့ မည်ဖြစ်သောကြောင့် ရှာဖွေရေးလုပ်ငန်းများ ခုနှစ်ရက်ရပ်နားထားမည်ဖြစ်ကြောင်း ရှာဖွေသူဦးကျော်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်မြန်မာသို့ ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ရေနံပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိ လာမည်ဖြစ်ပြီး ရေနံတင်သင်္ဘောများ၏ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီး ဌာနက Drone ဖြင့် လိုက်လံစစ်ဆေး၍ ရေနံဖိတ်စဉ်ပါက အရေးယူရန် စီစဉ် ထားကာ ဒေသခံများကမူ ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေ

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာ နိုင်ငံ အတွင်း စတင်ရောက်ရှိ လာတော့မည်ဖြစ်ပြီး ရေနံတင်သင်္ဘောများမှ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေးမည်ဖြစ်ကာ ရေနံဖိတ်စဉ်မှု တွေ့ရှိပါက အရေးယူရန် စီစဉ်ထားပြီး မဒေးကျွန်း ဒေသခံများကမူ ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ဇန်နဝါရီ ၂ဝ ရက်က သတင်းရရှိသည်။

ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်း စနစ်များသာ ခွင့်ပြုရန် စီစဉ်နေ

Photo: ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်း စနစ်များသာ ခွင့်ပြုရန် စီစဉ်နေ
Wednesday, January 21, 2015

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး ကားသစ်များ တင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းစနစ်များသာ ခွင့်ပြုရန် စိစစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။

“ဒီ ၂၀၁၅ – ၁၆ ခုနှစ်က စပြီး Brand new ကားတွေ တင်သွင်းမယ် ဆိုရင်လည်း ဘယ်ကားမဆို ဘယ်မောင်းတွေကိုပဲ ခွင့်ပြုသွားမယ်”ဟု စီးပွား/ကူးသန်း ဒု ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ဘယ်မောင်းစနစ် ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန် စိစစ်ရခြင်းသည် နိုင်ငံတကာ၌ ဘယ်မောင်းစနစ် ကျင့်သုံးနေသည့် အတွက် ပြည်တွင်း၌ နိုင်ငံတကာ အလားတူ ဘယ်မောင်းစနစ် ယာဉ်များကို တင်သွင်းရန် စိစစ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆို သည်။

ထိုသို့ ဘယ်မောင်းစနစ် ယာဉ်များသာ တင်သွင်းခွင့်ပြုမည် ဆိုပါက လက်ရှိပြည်တွင်း ကားဈေးကွက်တွင် ဂျပန်နိုင်ငံမှ အသုံးပြုပြီး သော ညာမောင်း ယာဉ်များကိုသာ အရောင်းစင်တာများက အဓိက တင်သွင်းခြင်း ဖြစ်သောကြောင့် အရောင်း စင်တာများ အကြား ကွာဟချက် ပဋိပက္ခ ကြီးမားလာနိုင်ကြောင်း ကားရောင်းဝယ် လုပ်ကိုင်ကြသူများက ပြောသည်။

“ဘယ်မောင်း ဆိုရင်တော့ ဇိမ်ခံကားတွေပဲ၊ ဥရောပ အခြေစိုက်ကားတွေက ဘယ်မောင်းတွေပါ၊ ဈေးလည်း မြင့်တယ်၊ ဒီလို မူဝါဒ သာ ဆိုရင် ညာမောင်းကိုပဲ အဓိက တင်သွင်းနေတဲ့ ကားကုမ္ပဏီတွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်၊ ဘယ်မောင်းသွင်းတဲ့ ကားဈေးကွက်က ကြီးလာနိုင်တယ်”ဟု ဗဟန်းမြို့နယ် ဆရာစံလမ်းရှိ Future Auto ကားအရောင်း စင်တာမှ မန်နေဂျာ ဦးဇေယျာစိုး က ပြော သည်။

ကား အရောင်းစင်တာ အများစုသည် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများနှင့် ကြိုတင်စာချုပ် ချုပ်ဆိုထားမှုများ ရှိနေပြီး ကားအရောင်း စင် တာများသည် ကားတင်သွင်းမှု တရားဝင် ပြုလုပ်နိုင်ရန် အနည်းဆုံး မတည်ငွေ ကျပ် သိန်း ၁၀၀၀ ရှိရပြီး ကားအစီးရေ ၂၀၀ တင် သွင်း ခွင့်ရှိကာ အစီး ၅၀ ရောင်း၊ အစီး ၅၀ ပြန်သွင်းစနစ်(Recycling system) ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အရောင်း စင် တာ များက ပြောသည်။

ပြည်တွင်းတွင် ကား တရားဝင် တင်သွင်းခွင့် ရရှိထားသော ကားအရောင်းစင်တာ ၁၇၀ တွင် Brand new တင်သွင်းသော ကား အရောင်း စင်တာ ၂၀ ရှိနေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူးသူများ အသင်း (MAMDA/Myanmar Automobile Manufactureers & Distributors Association) ၏ စာရင်းမှတ်တမ်းများ အရ သိရသည်။

လက်ရှိအချိန် အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၌ တင်သွင်းရန် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီး ရေ စုစုပေါင်း ၆ သိန်း ရှိပြီး ၄ သိန်းမှာ အသစ်များ ဖြစ်ကြောင်း MAMDA ၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဘယ်မောင်းစနစ် ယာဉ် တင်သွင်းရန် စိစစ်မှုနှင့် ပတ်သက်ပြီး ကားအရောင်းအ၀ယ် ပြုလုပ်နေသူ တဦးက“မြန်မာနိုင်ငံရဲ့ လမ်း အနေအထားအရ ဘယ်မောင်းပဲ သွင်းသွင်း Safety မဖြစ်ပါဘူး၊ စင်္ကာပူတို့ ဂျပန်တို့မှာတောင် ဘယ်ညာခွဲထားတာ မရှိပါဘူး။ ယာဉ်မောင်းသူကလည်း ကျွမ်းကျင်မှုရှိမှ ရမှာပါ၊ အစိုးရကရော Traffic control ကို ဘယ်လောက်အထိ ကောင်းအောင် လုပ်ပေး ထားလို့လဲ”ဟု ပြောဆိုသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုများ အတွက် စတင် ခွင့်ပြုချိန်မှ ယခုအချိန် အထိ ထုတ်ပေးသည့် ပါမစ်ပေါင်းမှာ ၁၆၉၀၀၀၊ တဦးချင်း တင်သွင်းမှုများအတွက် ၂၃၅၀၀၀၊ စုစုပေါင်း ၃ သိန်း ၉ သောင်း ရှိကြောင်း၊ ပါမစ် လာရောက်လျှောက်ထားသည့် အရေအတွက် သည် တရက်လျှင် အစောင် ၆၀ မှ ၈၀ အထိ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး နှစ်ရှည်ကျင့်သုံးနိုင်မည့် ပေါ်လစီတရပ် ယခုနှစ်အတွင်း ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူးသူများ အသင်းက ကြိုးစားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူးသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းက“ကျနော်တို့ အနေနဲ့ ပေါ်လစီ၊ ဥပဒေ ပေါ်လာဖို့ ကြိုးစားနေ တယ်။ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာဖို့ ရှိတယ်။ အဲဒီမှာ အဓိက ပါလာမယ့် အချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ ယာဉ်ကြောစနစ်နဲ့ ကိုက်ညီတဲ့ယာဉ် တင်သွင်းခွင့်ပြုရန်ဆိုတော့ လက်ရှိ ဂျပန်ကားတွေက ညာမောင်းပဲ ဖြစ်နေတော့ ဘယ်မောင်းပဲ သွင်းရမယ်ဆိုတဲ့ စိစစ်မှု အနေအထားအရ ကားတင်သွင်းခွင့်က ချောင်လာဖို့ မမြင်ပါဘူး”ဟု ပြောဆိုသည်။

 ဧရာဝတီ

ရန်ကုန်မြို့ရှိ ကမ္ဘာ့ နာမည်ကြီး LAND ROVER ကား အရောင်းပြခန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့ရှိ ကမ္ဘာ့ နာမည်ကြီး LAND ROVER ကား အရောင်းပြခန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး ကားသစ်များ တင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းစနစ်များသာ ခွင့် ပြုရန် စိစစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။

သမ္မတအိုဘားမား ဆဌမမြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း

Photo: သမ္မတအိုဘားမား ဆဌမမြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း
Wednesday, January 21, 2015

အမေရိကန် အရှေ့ဘက်ခြမ်း အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီခွဲမှာ ပြောကြားမယ့် သမ္မတ Barack Obama ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာ ချမ်းသာတဲ့သူတွေဆီကနေ အခွန် ပို တိုးကောက်ရေး တိုက်တွန်းပြောဆိုမှာပါ။

Republican တွေကြီးစိုးတဲ့ လွှတ်တော်နှစ်ရပ်လုံး ရှေ့မှောက်မှာ အခုလို ပထမဆုံး မိန့်ခွန်းပြောကြားမှာပါ။ သူ့ရဲ့သမ္မတသက်တမ်းလက်ထက် စီးပွားရေး အလားအလာ ကောင်းလာတာကြောင့် လူကြိုက်များလာတယ်လို့ လူထုကောက်ခံမှု စစ်တမ်းတွေအရ သိရပါတယ်။

ကျူးဘားနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ကောင်းလာတာ၊ တရားမ၀င် နေထိုင်သူတွေကို နေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပေးဖို့  မစ္စတာ အိုဘားမားရဲ့ လုပ်ဆောင်ချက်တွေကို မဲပေးသူ တော်တော်များများက ထောက်ခံကြပါတယ်။

ဒါပေမဲ့လည်း တဘက်မှာတော့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေမှာ ကိုယ်စားလှယ်ဦးရေ ပိုအနိုင်ရခဲ့တဲ့ Republican တွေကို  သမ္မတအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အခုလို ရင်ဆိုင်ရမှာပါ။ Republican အတော်များများဟာ သမ္မတရဲ့ ကျူးဘားနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအပြင် သက်တမ်း ၅ နှစ်ရှိပြီဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကိုလည်း အပြောင်းအလဲလုပ်နိုင်အောင် ကြိုးစားနေတာပါ။

Stock၊ ငွေစုစာချုပ်နဲ့ အိမ်ခြံမြေလို ပိုင်ဆိုင်မှုတွေ ရောင်းချတာကနေ ရလာတဲ့အမြတ်အပေါ် အခွန်တိုးကောက်ဖို့၊ ဒေါ်လာသန်းပေါင်း များစွာတန်တဲ့ အမွေရ အိမ်ခြံမြေတွေအပေါ် အခွန်မကောက်ဘဲ ရပ်ထားတာကို အဆုံးသတ်ဖို့၊ နိုင်ငံရဲ့ အကြီးမားဆုံး ဘဏ္ဍာငွေကြေး ကုမ္ပဏီတွေအပေါ် ငွေကောက်ခံဖို့ စတာတွေကို မစ္စတာ အိုဘားမား ထည့်ပြောမှာပါ။

အဲဒီလို ကောက်ခံတာတွေကနေ နောင် ၁၀ နှစ်အတွင်း ရလာမယ့် ခန့်မှန်းအခွန်ငွေ ဒေါ်လာဘီလီယံ ၃၂၀ ကို အလယ်အလတ်ဝင်ငွေရှိ အမေရိကန် နိုင်ငံသားတွေအပေါ် အခွန်လျှော့ပေးထားတာ ကာမိစေဖို့နဲ့ ဒေသဆိုင်ရာ ကောလိပ်တွေမှာ အခမဲ့ ပညာသင်ပေးတာလိုမျိုး ကိစ္စတွေမှာ သမ္မတက အသုံးပြုချင်ပါတယ်။

ဒီအဆိုပြုချက်တွေကို Republican လွှတ်တော်အမတ်တွေဘက်က အပြင်းအထန် ကန့်ထားပြီး အခုလို အခွန်တိုးကောက်တာတွေ လုပ်မယ်ဆိုရင် စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုကြပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန် အရှေ့ဘက်ခြမ်း အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီခွဲမှာ ပြောကြားမယ့် သမ္မတ Barack Obama ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာ ချမ်းသာ တဲ့ သူတွေဆီကနေ အခွန် ပို တိုးကောက်ရေး တိုက်တွန်းပြောဆိုမှာပါ။

ယီမင်သမ္မတနန်းတော် သူပုန်တွေဝိုင်း

Photo: ယီမင်သမ္မတနန်းတော် သူပုန်တွေဝိုင်း
Wednesday, January 21, 2015

ယီမင်နိုင်ငံအတွင်း နိုင်ငံ့ခေါင်းဆောင်တွေကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ နောက်ဆုံးဖြစ်ရပ်အဖြစ် Houthi သူပုန်တွေဟာ အင်္ဂါနေက မြို့တော် Sana'a မှာရှိတဲ့ သမ္မတအိမ်တော်ခြံဝန်းကို သိမ်းပိုက်ထားပြီး၊ သမ္မတရဲ့ နေအိမ်ကိုလည်း တိုက်ခိုက်နေကြပါတယ်။

Shi'ite စစ်သွေးကြွသူပုန်တွေနဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေအကြား တနင်္လာနေ့အထိ ရရှိထားတဲ့ အပစ်ရပ်သဘော တူညီမှုဟာ မြို့တော်အတွင်း လူပေါင်း ၉ ယောက် သေဆုံးသွားခဲ့ပြီးနောက် ပျက်ပြားသွားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။

သူပုန်ခေါင်းဆောင် Abdel Malik Al Houthi က ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ သူ့ရဲ့အဖွဲ့အနေနဲ့ တိုင်းပြည်တွင်းမှာ အဂတိလိုက်စားမှုနဲ့ အကြွင်းမဲ့ အာဏာရှင်ဝါဒ အဆုံးသတ်ဖို့ လိုလားတယ်လို့ ပြောသွားပါတယ်။ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေမှုကို ဆက်လုပ်တာမျိုး မလုပ်တော့ပါဘူး။

ဒါပေမဲ့ နောက်ထပ်တိုးပြီး ဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးသွားပါတယ်။ အင်္ဂါနေ့မှာ သမ္မတ Abd Rabbuh Mansour Hadi ဘယ်မှာရှိနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အရာရှိတယောက်ကတော့ သမ္မတဟာ သူ့ရဲ့အိမ်တွင်းမှာပဲ လုံလုံခြုံခြုံ ရှိနေတယ်လို့ ပြောပါတယ်။

အင်္ဂါနေ့ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံတမန်တွေက ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီးတဲ့နောက်၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှု အပြည့်အ၀ ပြန်လည် အသက်ဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယီမင်နိုင်ငံအတွင်း နိုင်ငံ့ခေါင်းဆောင်တွေကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ နောက်ဆုံးဖြစ်ရပ် အဖြစ် Houthi သူပုန်တွေဟာ အင်္ဂါနေက မြို့တော် Sana'a မှာရှိတဲ့ သမ္မတအိမ်တော်ခြံဝန်းကို သိမ်းပိုက် ထားပြီး၊ သမ္မတရဲ့ နေအိမ်ကိုလည်း တိုက်ခိုက်နေကြပါတယ်။

ဒေါက်တာထွန်းအောင် လွတ်မြောက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို

Photo: ဒေါက်တာထွန်းအောင် လွတ်မြောက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို
Wednesday, January 21, 2015

 ရခိုင်ပြည်နယ် မောင်တောမြို့က ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသား တွေကြား ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရိုဟင်ဂျာဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

ဒါ့အပြင် ဆက်လက် အဖမ်းဆီးထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အမြန် ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါက်တာထွန်းအောင်ကို ဇန်န၀ါရီလ ၁၉ ရက် တနင်္လာနေ့ညနေ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက် တာပဲ ဖြစ်ပါတယ်။ သူ့ကို အခုလို လွှတ်ပေးတာကို ကြိုဆိုပေမဲ့ သူ့ကိုထောင်ချခဲ့တာဟာ တကယ်တော့ အကြောင်းပြချက် ခိုင်လုံမှုမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ သုတေသနမှူး Ms. Laura Haigh က ပြောပါတယ်။

“ဒေါက်တာထွန်းအောင်ကို ပြန်လွှတ်ပေးတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် အထူးပဲ ကြိုဆိုပါတယ်။ ပြန်လွတ်လာတဲ့အတွက် သူ့မိသားစုအတွက်လည်း ၀မ်းသာပါတယ်။ သူ့အပေါ် စွဲခဲ့တဲ့အမှုတွေကလည်း အခြေအမြစ် မရှိပါဘူး။ ကျမတို့ လေ့လာချက်အရ မငြိမ်မသက်ဖြစ်မှုကို သူက အေးအေးချမ်းချမ်း ဖြေရှင်းဖို့ ကြိုးစားခဲ့သူပါ။ ဒါပေမဲ့ အာဏာပိုင်တွေက သူ့ကို ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။”

၂၀၁၂ ခုနှစ်တုန်းက မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူအဖြစ် စွပ်စွဲပြီး ဒေါက်တာ ထွန်းအောင်ကို မြန်မာအစိုးရက အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅-ည)၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ပုဒ်မ / ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ပုဒ်မ (၆-က)၊ နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်း ပုဒ်မ (၂၄-က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁၇) နှစ်အထိ ချမှတ်ကာ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ပြစ်ဒဏ်ကို လျှော့ချထားတာကြောင့် ၂၀၁၅ ဧပြီလထဲမှာ ပြန်လွတ်လာမယ့်သူလည်း ဖြစ်ပါတယ်။

ဒေါက်တာထွန်းအောင် ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ကြိုဆိုကြောင်း အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ပြောခွင့်ရသူ Davd Mathieson က ဗွီအိုအေကို ပြောပါတယ်။

“နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ ဒေါက်တာထွန်းအောင် အခုလို ပြန်လွတ်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါဟာ မြန်မာအစိုးရကို ကျေးဇူးတင်ရမယ့် အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖမ်ဆီးထောင်ချထားတဲ့ မြေယာအခွင့်အရေး လှုပ်ရှားသူတွေ လွတ်လပ်စွာ စုဝေး ဆန္ဒပြသူတွေကိုလည်း ပြန်လွှတ်ပေးသင့်ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်း ပြန်လွတ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခြားအကြောင်းတွေနဲ့ အဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးဖို့ လိုကြောင်း HRW အဖွဲ့လိုပဲ A.I အဖွဲ့ကလည်း တောင်းဆိုလိုက်ပါတယ်။ A.I အဖွဲ့က Ms. Haigh ပြောတာက -

“လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့ကြပြီး ဖမ်းဆီးအပြစ်ပေးခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေပေါ် စွဲထားတဲ့အမှုတွေကို အဆုံးသတ်ပြီး၊ သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။”

ဒေါက်တာထွန်းအောင် (ခေါ်) နူရာဟက်ကို ၂၀၁၂ ဇွန်လတုန်းက မောင်တောမြို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးခွဲမှာ ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက မိသားစုဝင်တွေနဲ့ အဆက်ဖြတ်ထားခဲ့ပါတယ်။ ဒေါက်တာထွန်းအောင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ A.I အဖွဲ့ကလည်း လှုံ့ဆော်ကြိုးပမ်းခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်တွေကပါ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ အင်းစိန်ထောင်က ပြန်လွတ်လာချိန်မှာ သမီးဖြစ်သူ မြနန္ဒအောင်နဲ့ သမက်ဖြစ်သူတို့ လာရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ် မောင်တောမြို့က ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသား တွေကြား ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရိုဟင်ဂျာဆရာဝန် တဦးဖြစ်သူ ဒေါက်တာထွန်းအောင်ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆို လိုက်ကြပါတယ်။