Friday 7 September 2012

နန်းတော်၊ ကျုံးမြို့ရိုးနှင့် ခံတပ်များကို သမိုင်းဝင်ဥယျာဉ်များ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ



မန္တလေးမြို့၊ ရွှေဘိုမြို့၊ ပဲခူးမြို့နှင့် အင်းဝ မြို့ဟောင်းရှိ နန်းတော်များ၊ ကျုံးနှင့် နန်းမြို့ရိုးများ၊ သမိုင်းဝင်ခံတပ်များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အဆင် ပြေချောမွေ့စွာ လေ့လာနိုင်ရေးအတွက် သမိုင်းဝင်ဥယျာဉ် (Historical Park) များအဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ပြီး ပြင်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားနိုင်ရန် လုပ်ငန်း တင်ဒါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာန ကြီးကြပ်မှု လက် အောက်ရှိ မန္တလေးမြို့ နန်းတွင်းမှ မြနန်း စံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်း တော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော် နှင့် အင်းဝမြို့ဟောင်းရှိ သပြေတန်းခံ တပ်၊ အစေခံခံတပ်နှင့် ဆင်ကျုံး ခံတပ်တို့ ကို Historical Park များအဖြစ် အဆင့် မြှင့်ကာ ၀န်ဆောင်မှု လုပ်ငန်းများကို ဌာနနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ




နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက် ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။

အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော် တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင် တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့်   နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်း တင်နေကြပါတယ်။

မြန်မာ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်အပေါ် ထိုင်းဝေဖန်

Hero_1_aasထိုင်းနိုင်ငံ ပရထွမ်ဌာနီ ခရိုင်၊ ဖုစ်ထမွန်ထွန် အရပ်၌ အက်ဖီတမင်း စိတ်ကြွ ဆေးပြား (မြင်းဆေး) အလုံးရေ (၃ ဒသမ ၂၉) သန်းခန့်ဖမ်းဆီး ရရှိခဲ့ မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ်ယူ ဗန်ရွန်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ၌ ပြစ်တင် လိုက်ပါသည်။

တရုတ် တပ်မတော် PLA ဒုတိယ ဦးစီးချုပ်၏ နေပြည်တော် ခရီးစဉ်

Min_Ag_Hling__Chinaတရုတ်ပြည် လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ဒုတိယ စစ်ဦးစီး ချုပ် General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် သည်  နှစ်ဖက် နယ်စပ် တပ်ဖွဲ့များ ဆက်ဆံရေး တိုးမြှင့်ရေး အစီစဉ် သည်ရှိ ဟု နေပြည်တော် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါ သည်။
http://www.mwdmedia.net/2012/09/pla-general-ma-xiaotian.html
“ တရုတ်နဲ့ ဗမာကတော့ ပုံမှန် အပြန်အလှန် ဆွေးနွေးပွဲတွေရှိပါတယ်။ သုံးလတကြိမ် ပုံမှန် နယ်စပ် အစည်းအဝေးတွေ သူ့ ဖက်ကိုယ့်ဖက် နေရာ အပြန်အလှန် ဆွေးနွေး ကြတာ ရှိပါတယ်။ ဒါက မဆန်းပါဘူးဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းအရေး တင်းမာဆဲ

From- irrawaddy
ဆားလင်းကြီးမြို့နယ် သိမ်းခံထားရသည့် 
လယ်ယာမြေများအား ပြန်လည် ရရှိရေးအတွက်
 တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွင်
 ကျောင်းသားများလည်း ပါဝင်သည်
စစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ်သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။

UWSA “၀”တပ်ဖွဲ့၏ မူးယစ်ဆေးဝါးလုပ်ဆောင်မှုများကြောင့် RCSS/SSA ကို ထိခိုက်စေလျက်ရှိ

From-  thanlwinriver

ထိုင်း၊ လာအိုတို့မှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာအနှံ့သို့ပျံ့နှံ့ရောက်ရှိနေသော မူးယစ်ဆေး ၀ါး များ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ်ကြည့်ရာ ၁၉၈၉ ခုနှစ်က  မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သော UWSA ခေါ် “၀”တပ်ဖွဲ့ကို တွေ့ရှိရကြောင်း RCSS /SSA သတင်းရပ်ကွက်က ဆိုပါတယ်။

ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် စစ်တွေသို့ရောက်ရှိ

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။

 ဒေါက်တာမျိုးမြင့်ခေါင်းဆောင်သည့် ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦးလိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုသည်။

ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများအား သောကြာနေ့တွင် တောင်းပန် လိုက်သည်။

"မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းနေဖြင့် ထပ်တူဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားရုံး စွဲချက်တင်

ဇွန်လ ပထမပတ်အတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကို လျှပ်တပြက်ဂျာနယ်၏ သတင်းနှင့် ဓာတ်ပုံများကို ဖေါ်ပြခြင်းကို ပြည်သူများ ကြောက်ရွံ့ထိန်လန့်မှု ဖြစ်စေရန် မဟုတ်မမှန် သတင်းအား ထုတ်လွှင့်မှု၊ လူမျိုးစုတစုနှင့် တစု ပဋိပက္ခဖြစ်စေရန်၊ ခိုက်ရန် ဖြစ်ပွားစေရန် မမှန်သတင်း များ ရေးသားဖြန့်ဝေသည်ဆိုသော စွပ်စွဲချက်ဖြင့် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို သောကြာနေ့တွင် စွဲချက်တင်လိုက်ပြီဖြစ်သည်။

ဦးမြတ်ခိုင်၏ ရှေ့နေ ဦးဝင်းရွှေက သူ၏ အမှုသည်မှာ အဆိုပါ စွဲချက်များနှင့် ညှိစွန်းခြင်း မရှိဘဲ လွှတ်ပေးသင့်သည်ဟု ခုခံပြောဆိုသည်။

“နေပြည်တော် ၏ဒုတိယမြောက် ILBC ကျောင်း ၅နှစ်တွင်း အပြီးဆောက်၊ILBC ကျောင်းအားလုံးအနက် တစ်နေရာတည်း ပြည့်အစုံပါဝင်း သောကျောင်းတစ်ကျောင်းဖြစ်လာမည်ဟုသိရ”

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ ILBC ၏ဒုတိယမြောက်ကျောင်းအဆောက်အအုံကို နောင်ငါးနှစ်
အတွင်းအပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တည်ဆောက်ပြီးစီးသွားပါက မြန်မာနိုင်ငံအတွင်းရှိ ILBC ကျောင်းများအနက် တစ်နေရာတည်း တွင် ကျောင်းဆောင်အဆောက်အဦးများ၊အိုလံပစ်စံချိန်မှီ အားကစားကွင်းများ၊စာကြည့်တိုက်၊ကန်တင်း၊စသည်တို့ပါဝင်သော အပြည့်စုံဆုံးသောကျောင်းတစ်ကျောင်းဖြစ်လာမည်ဟု  သိရသည်။

~ တို့ရွာသမိုင်း ~

*ရေးသူ-မင်းသုဝဏ်*

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။

ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

“ နိုင်ငံတကာငွေပေးချေမှုနည်းစနစ်တွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဘဏ်များအားလုံးမှာ ပြည်တွင်းသုံးငွေကြေး နဲ့ သုံးဆွဲနိုင်တဲ့ Myanmar Payment Union Card (MPU-Debit Card) ကိုအသုံးပြုနိုင်ဖို့လည်းဆောင်ရွက်နေဟု ပြည်ထောင်စုဝန် ကြီး ဦးလှထွန်းကဆို”

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ငွေပေးချေမှုစနစ် အဆင့်မြင့်တင်ရေးတွက်   နိုင်ငံတ ကာနှင့်ရင်ဘောင်တန်းပြီး ICT နည်းပညာများသုံးဆွဲကာ ဘဏ်လုပ်ငန်းများလုပ်ကိုင်နိုင်စေရန်   ဆောင်ရွက်လျက်ရှိသည်ဟု ယင်းဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက     ငွေကြေးဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ်ပြောကြားသည့် မိန့်ခွန်း



တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ကြခြင်း ဖြစ်ပါတယ်။ အားလုံးကျန်းကျန်းမာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာလူမျိုးစုများ၏ ကိုယ်စားလှယ်များဖြစ်သည် နှင့်အညီ မိမိတို့လူမျိုးစုများ၏ အရေးအရာ ကိစ္စများကို တာဝန်ယူဆောင်ရွက် ပေးရန် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။


ဒေါက်တာနိုင်အောင်ရဲ့မြန်မာပြည် ခရီး (၁)


မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၇၊ ရန်ကုန်မြို့။           

 

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီလောက်မှာ ကျမတို့ရဲ့ မြစ်မခ သတင်းထောက် ထွန်းနေအောင်က  ဖြုန်းကနဲ ရောက်လာပြီး ပြောတယ်။

`ဒေါက်တာနိုင်အောင်က စမ်းချောင်းက သူ့အမေအိမ်မှာ ခုရှိနေတယ်လို့ကြားတယ်အမ အဲဒါကျနော်သွားဗျူးမလို့`လို့ လာပြောတော့ ကျမက အမလည်း လိုက်မယ် ခဏ ဆိုပြီး လုပ်လက်စ အလုပ်တွေကို ခဏထားခဲ့ပြီး ကျမရဲ့ အလုပ်စားပွဲပေါ်မှာ အဆင်သင့်ရှိနေတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင် စာအုပ်ကို ကောက်ယူခဲ့ပြီး ဒေါက်တာနိုင်အောင်ရဲ့ မိခင်နေထိုင်ရာ စမ်းချောင်းဆီကို ထွက်လာခဲ့ကြပါတယ်။

လောင်ပြန်ပြီ ...... လောင်ပြန်ပြီ

ယနေ့(စက်တင်ဘာ၇ရက်) ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်တွင် Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်

မျက်မှန်စိမ်းတပ်ခံလိုက်ရပြီလား ၈၈၈၈

အခုတလော
ပြည်တော်ပြန်တွေ
ပြည်ပ အတိုက်အခံတွေ
ပြည်ပ ရောက်နေသူတွေ
ပြည်ပ မီဒီယာတွေ
အတိုက်အခိုက်ခံနေရ
ခွဲခြားဆက်ဆံနေရတာ
မြင်နေကြားနေရတယ်။

အဲဒီထဲကမှ
၈၈တွေ ပါတယ်ဆိုတော့
စိတ်မကောင်းစရာပဲ
ဒါကကြားကောင်းအောင်
ပြောတာပါ။
ခံပြင်းတယ်ဆိုရင်
ပိုမှန်မယ်။

အဲဒီ
တိုက်တဲ့ပါးစပ်တွေ
မျက်မှန်စိမ်းအတပ်ခံလိုက်ရတဲ့
မျက်လုံးတွေ
ပွင့်လာနိုင်ဖို့
အားထုတ်ခဲ့ကြတဲ့
သူတွေထဲမှာ
ဘယ်သူတွေပါလဲ။
အနှစ် ၂၀လောက် နှိပ်စက်ခံရလို့
အတိတ်များမေ့သွားကြလေသလား။

အထူးသဖြင့်
မြန်မာပြည်အရေး
ဘာအရေးမှန်သမျှ
ဘာကြောင့်ပဲဖြစ်ဖြစ်
တိုင်းပြည်ချစ်တဲ့သူတိုင်း
တိုင်းပြည်ကိုလွတ်မြောက်လိုသူတိုင်း
သာမန်အလုပ်သမားကအစ
အားတဲ့စနေ တနင်္ဂနွေလို့နေတွေမှာတောင်
တတ်စွမ်းသမျှ
လုပ်တဲ့သူတွေ ရှိခဲ့တယ်
မစော်ကားကြပါနဲ့ ။

 မန္တလေး-ဂန့်ဂေါ-ကလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်းထားရ



မန္တလေး-ပခုက္ကူ-စလင်း-ဂန့်ဂေါ-ကလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီးရေ ၁၀၀နီးပါး ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ငလျင်ဒါဏ်ကြောင်တရုပ်နိုင်ငံတွင် လူ၄၃ဦးသေဆုံး

ယနေ့နံနက် ၁၁နာရီအချိန်ခန့်တွင် တရုပ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan နှင့် Guizhouပြည်နယ် အတွင်းတွင် ငလျင်ပြင်းအား ၅.၇ မဂ္ဂနီကျူ့အဆင့်ရှိငလျင်တခုလုပ်ခတ်ခဲ့သောကြောင့် အိမ်ခြေ ၂သောင်းခန့်ပျက်စီးခဲ့ရပြီး လူ၄၃ဦးသေဆုံးခဲ့ရကြောင်း တရုပ်နိုင်ငံပိုင် CCTV မှကြေညာခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့သို့သွားရောက်

ပြည်ထောင်စုစာရင်းစစ်ချုပ် ပြောင်းလဲတာဝန်ပေးခြင်း

အသွင်သစ်အစိုးရနှင့် အားလုံးပါဝင်သော နိုင်ငံတည်ဆောက်ရေး

From- The Voice Weekly

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ပြည်ထောင်စုဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်က ပြန်လည်ဖြေကြားခြင်း

"ယခုအခါ လွှတ်တော်က ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အဖြစ်မှန် အချက်အလက်များပေါ်တွင် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် ဖော်ပြချက်များ၊ ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ခံစားရသကဲ့သို့ ခံစားခွင့်များ ရရှိနေလို သည့် ပုံစံမျိုးများဖြင့် နိုင်ငံပိုင် သတင်းစာများ၊ သတင်းမီဒီယာများ၊ Internet Website များမှ

ဥရောပဒုံးကျည် ကာကွယ်ရေး စနစ် အမေရိကန် ရှေ့တိုးလုပ် ဆောင်မည်

From- မြ၀တီ

အမေရိကန် ဦးဆောင်ပြီး ဖြန့်ချမည့် ဥရောပ ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ အမေရိကန် နှင့်ရုရှားတို့ ပူးပေါင်းလုပ် ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ခဲ့ပြီး ရုရှား နိုင်ငံ၏ ရပ်တည်ချက် မည်သို့ ပင်ရှိစေ ဒုံးကျည် ကာကွယ်ရေး စနစ် အစီအစဉ်ကိုရှေ့တိုး လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဒီမိုကရက်တစ် ပါတီ၏ ကြေညာ ချက် တွင်   ဖော်ပြထား ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သည် အမေရိကန် နှင့် ဥရောပ နိုင်ငံ များအား အီရန် ကဲ့သို့သော နိုင်ငံများမှ ဒုံးကျည် ခြိမ်းခြောက်မှု များကို ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ လျော့နည်းရရှိနေသည့် ကိစ္စ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ         အာဏာသက်ရောက်ခြင်း မရှိမီ ယင်းအခြေခံဥပဒေ ပုဒ်မ-၄၄၃ အရ ၁၀-၁-၂၀၁၁ ခုနှစ်တွင် အောက်ပါ ဥပဒေကို ပြဌာန်းခဲ့ပါသည်-

'တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ"

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း အမိန့်အမှတ် (၃၀/၂၀၁၂၀)

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း အမိန့်အမှတ် (၃၀/၂၀၁၂၀) ကို နိုင်ငံတော်သမ္မတရုံးက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ 
တာဝန်ပေးအပ်ခြင်းခံရသော ပြည်ထောင်စုဝန်ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည် -
၁။ ဦးအေးမြင့်ကြူ - ယဉ်ကျေးမှုဝန်ကြီးဌာန
၂။ ဗိုလ်ချုပ်ဇေယျာအောင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၃။ ဒေါက်တာမြင့်အောင် - သတ္တုတွင်းဝန်ကြီးဌာန
၎။ ဦးကျော်လွင် - ဆောက်လုပ်ရေးဝန်ကြီးဌာန
၅။ ဦးဝင်းရှိန် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဒေါက်တာကံဇော် - အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၇။ ဦးမောင်မြင့် - အလုပ်သမားဝန်ကြီးဌာန
၈။ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဒေါက်တာကိုကိုဦး - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
၁၀။ ဦးဌေးအောင် - ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

ABSDF ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၏ မြောက်ပိုင်း ကိစ္စ သဘောထား ထုတ်ပြန်ချက်


နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံမည်

From- The Voice Weekly
နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ယင်းဝန်ကြီးများ ထံမှ သိရှိ ရသည်။
အဆိုပါ နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အတွင်း တိုင်းဒေသကြီး ပြည်နယ် တိုင်းရင်း သား ရေးရာဝန်ကြီး ၂၉ ဦးက တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို ပိုမိုပီပြင် စွာ ဆောင်ရွက် နိုင်ရေး အတွက် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ အတွင်း တိုင်းရင်းသားဝန် ကြီးများ အနေဖြင့် တောင်းဆိုချက် အချက် ၅ ချက်ကိုတောင်းဆို ဆွေးနွေးမည် ဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

From-  နိရဉ္စရာ 

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့်  အစည်းအဝေး တစ်ခုကို ဒက္ကားမြို့ တွင် ယနေ့  ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေ ခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြား သည်။အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများ ကို ဆွေးနွေးကြမည်ဟု ဆိုသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

From- KDN
မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိ ပါသည်။၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန်အကြား မိုင် တိုင်အမှတ် ၆၂၂/၈၉ အကြား တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်း အသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့ တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးသစ်များ ကျမ်းသစ္စာဆို

အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး

From- Planet
အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး
သရုပ်ဆောင်လွင်မိုး၏ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက သူမကို ဆယ်ကျော်သက် မိန်းကလေး ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ်သာ ပရိသတ်ကမြင်စေ ချင်ကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ "ဆယ်ကျော်သက်တစ်ယောက်ပေါ့။ သူဝါသနာပါတာကို အောင်မြင်အောင်လုပ်ချင်တဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို့ပဲ မြင်စေချင်တယ်။ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက် လို့ပဲ မြင်စေ ချင်တယ်။ အမှန်တိုင်းပြောရရင် ဓာတ်ပုံမော်ဒယ်လ် ယွန်းဝတီလို့ပြောပေမယ့် ဦးလွင်မိုးသမီး ယွန်းဝတီလို့ပြောတာ ပိုကြိုက်ပါတယ်" ဟု ယွန်းဝတီလွင်မိုး ကပြောသည်။ မော်ဒယ်လ်တစ်ယောက်ဖြစ်လိုပြီး သရုပ်ဆောင်ရန်အတွက်မူ သူမအတွက်ခက်ခဲကြောင်းလည်း ဖွင့်ဟသည်။

Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ

From- Planet
Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ
Hip Hopဂီတ အဆိုတော် Dr. Dreသည် ၎င်း၏ အမည်ဖြင့် ထုတ်လုပ်သော နားကြပ်များ ရောင်းချမှုကြောင့် (၂၀၁၁)ခုနှစ်အတွင်း ဒေါ်လာ သန်း(၁၁၀)ကျော် ဝင်ငွေရခဲ့ကြောင်း သိရှိရသည်။ Dr. Dreသည် HTC ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ သုတေသနပြုပြီး Beats by Dr. Dre နားကြပ်များကို ရောင်းချခဲ့သည်။ ထိုနားကြပ်များသည် ဂီတလောကတွင် အလွန်နာမည်ကြီး လူကြိုက်များခဲ့ပြီး အောင်မြင်သော ထုတ်ကုန် တစ်ခု ဖြစ်လာခဲ့ရာ Dr. Dreလည်း ဝင်ငွေ တိုးလာခဲ့ခြင်း ဖြစ်သည်။

iPhone အသစ် မိတ်ဆက်ခြင်းမပြုမီ Nokia နှင့် Motorola ဖုန်းများ မိတ်ဆက်ပြသ

From- Planet


(Nokia က မိတ်ဆက်လိုက်သည့် Lumia 920)
Appleကုမ္ပဏီက ဆဋ္ဌမမျိုးဆက် iPhoneကို စက်တင်ဘာ (၁၂)ရက်နေ့ တွင် မိတ်ဆက်တော့မည်ဆိုသော သတင်းများ ထွက်ပေါ် လာပြီးနောက် Nokiaနှင့် Motorolaတို့သည် ၎င်းတို့၏ ဈေးကွက်ဝေ စုကို ထိန်းသိမ်းရန် မိုဘိုင်းလ်ဖုန်း အမျိုးအစားသစ်များကို မိတ်ဆက် ပြသလာခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့စမတ် ဖုန်း ဈေးကွက် ကို Samsungနှင့် Appleတို့က အဓိက ဦးဆောင်နေပြီးနောက် Nokiaနှင့် Motorolaတို့မှာ ပိုမို ရုန်းကန်လာရသည်။

အသက် ၄ နှစ်အရွယ် မိန်းကလေး အလောင်းများအောက်တွင် ၈ နာရီကြာပုန်းအောင်းနေခဲ့ရ

From- Planet

ပြင်သစ်နိုင်ငံတွင် ရာဇဝတ်မှုခင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခု၌ အသက်(၄)နှစ်အရွယ် မိန်းကလေး တစ်ဦးသည် အလောင်း များအောက် (၈)နာရီကြာ ပုန်းအောင်းနေခဲ့ရကြောင်း သိရှိရသည်။ အဲ့ပ်စ်တောင်တန်းများ ဒေသတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မှုခင်းဆေးပညာရှင်များက အလောင်းများကို စစ်ဆေးရန် လာရောက်ချိန်ကျမှ မိန်းကလေးကို တွေ့ရှိရခြင်း ဖြစ်သည်။ အစောပိုင်းက မိန်းကလေးကို ရဲများက လိုက်လံ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေခဲ့သည်။

မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား တူရကီအမျိုးသမီး သတ်ဖြတ်

From- Planet
(နာဗင် ယီလ်ဒါရင်မ်နှင့် သူမ သတ်ဖြတ်ခဲ့သည့် နာရက်တင် ဂီဒါ)

တူရကီနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် မိမိကို မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား သေနတ်ဖြင့် ပစ်သတ်ကာ ခေါင်းဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ နာဗင် ယီလ်ဒါရင်မ်သည် ယခုအခါတွင် လူသတ်မှုဖြင့် စွဲချက်တင်ခြင်း ခံထားရပြီ ဖြစ်သည်။ သူမက မုဒိမ်းသမားဟု စွပ်စွဲထားသူကို ပြီးခဲ့သည့် သီတင်းပတ်က တူရကီ အနောက်တောင် ပိုင်းရှိ ကျေးရွာတစ်ခု မှ နေအိမ် တွင် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာစက်မှုဇုန် (၄)ရှိ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ

 From- Popular Myanmar News Journal
 
 လှိုင်သာယာစက်မှုဇုန် (၄)ရှိ myue & sue အထည်ချုပ်စက်ရုံမှ အလုပ်သမား၁၂၀၀ ခန့်တို့သည် အခြေခံ လစာနည်းပါးမှုနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရန် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှစတင်၍ မရမ်းကုန်းမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ ရောက်ရှိလာခဲ့ကြစဉ် မှတ်တမ်းဓာတ်ပုံများ။

ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွာမည်

From- 7Day News Journal
ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ မြန်မာပြည်သူ နှစ်ထောင်ခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း အာဆီယံဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. David L Carden နှင့် အာဆီယံ-အမေရိကန် ထင်ပေါ်ကျော်ကြားသူများအဖွဲ့ဝင်များက စက်တင်ဘာ ၆ ရက် တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြု

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်း ကို အတည်ပြုခဲ့ပါသည်။

ယနေ့မွန်းလွဲ ၁နာရီ ၄၀ မိနစ်က လမ်းမတော်မြို့နယ် ၂လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက ဂက်စ် အရောင်းဆိုင် မီးလောင်ပေါက်ကွဲ

 ယနေ့မွန်းလွဲ ၁နာရီ ၄၀ မိနစ်က လမ်းမတော်မြို့နယ် ၂လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက ဂက်စ် အရောင်းဆိုင် မီးလောင်ပေါက်ကွဲခဲ့သည်။ မီးသတ်ကားအများအပြားနှင့် ငြိမ်းသတ်ပြီးနောက် တနာရီေ ကျာ်ကြာတွင် ငြိမ်းသတ်နိုင်ခဲ့သည်။ လူထိခိုက်သေဆုံးမှုမရှိပဲ အနည်းငယ်ပွန်းပဲ့ဒဏ်ရာရမှုသာရှိခဲ့သည်ဟု သိရသည်။ မီးမလောင်သေးသည့် ဂက်စ်အိုး တရာဝန်းကျင်ကို မီးသတ်သမားများက အန္တရာယ်ကြားမှ လွတ်ကင်းရာသို့ သယ်ထုတ်နိုင်ခဲ့သည်။

LOW PRESSURE TROUGH LINE နှင့် မိုးလေဝသအခြေအနေ

 
စက်တင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၀၀၃၀ နာရီ(6SEP-1800 UTC)တွင် ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ မြေပုံအရ Low Pressure Trough Line (မြန်မာမိုးဇလမှ   လေဖိအားနည်း မြောင်တန်းဟုခေါ်မည်ထင်ပါသည်)သည် တောင်ဘက်သို့ ရွေ့လျားလာနေသည်ကို တွေ့ရပါသည်။ ပြီးခဲ့သည့် နှစ်များမှ လေ့လာချက်များအရ LPTL(Low Pressure Trough Line) တောင်ဘက်သို့ ဆင်းလာပြီးမကြာမီကာလမှာပင် မုတ်သုံလေ စတင်ဆုတ်ခွာပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများ ဖြစ်ပေါ်တတ် သည်ကို တွေ့ရှိရပါသည်။

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး

From-  နိရဉ္စရာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီးလိုက်သည်ဟု အေပီ သတင်း တစ်ပုဒ်တွင် ဖေါ်ပြထားသည်။

ဖားကန့်တွင် လူစုလူဝေးဖြင့် လုယက်မှု ပစ်ခတ်နှိမ်နင်း တဦးသေ

From- mizzima

ချင်းမိုင်(မဇ္စျိမ) ။       ။ မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများ အနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အနယ်နယ်အရပ်ရပ်မှလာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့်  ကျောက်ရှာ သူများ ရှိနေထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့် ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိုဘားမားကို သမ္မတလောင်း အဆိုပြု

From- VOA
ဒီမိုကရက်ပါတီ ပြည်လုံးကျွတ် ညီလာခံကြီးမှာ သမ္မတဟောင်း ဘီလ်ကလင်တန်က လက်ရှိသမ္မတ ဘားရက် အိုဘားမားကို ဒီမိုကရက်တစ်ပါတီဘက်က ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်း အဖြစ် တရားဝင်အဆို တင်သွင်းလိုက်ပါတယ်။

ပြည်ပမှတရားမ၀င်တင်သွင်းသော ကွမ်းစားဆေးများတွင် ကင်ဆာဖြစ်နိုင်သော ဓာတုပစ္စည်း ၂၈ မျိုးပါဝင်

From- KDN


ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှ အထွေထွေနှင့် အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်သန်းထွန်း က ပြော သည်။ “အရင်တုန်းက မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့သူတွေ က ဆေး ရွက်ကြီးတို့၊ ထုံးတို့၊ ရှားစေးတို့နဲ့ပဲ စားပေမယ့် နောက်ပိုင်း ကျတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေက တစ်ဆင့် ကွမ်းစားဆေး အမျိုးမျိုးက မြန်မာနိုင်ငံထဲကို ဝင်လာတယ်။

စာအုပ်အတွက် ISBN မြန်မာနိုင်ငံတွင် လျှောက်ထားနိုင်ပြီ

နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်နံပါတ် အိုင်အက်စ်ဘီအင်န် (International Standard Book Number ISBN) လျှောက်ထားလိုသူများ အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ စာပေထုတ်လုပ်သူ များနှင့် ဖြန့်ချိသူများအသင်းတွင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စာအုပ် တစ် အုပ် အတွက် ISBN ရရှိရန် အသင်းသို့ ငွေကျပ် ငါးထောင်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများဖြည့်စွက်ပြီး ပါက နေ့ချင်း ပြီး ရယူနိုင်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင် ကပြောသည်။

ခင်ပွန်းသည်ကို နောက်သက်တမ်း တစ်ကြိမ် တိုးပေးရန် မဲဆန္ဒရှင်များသို့ Michelle Obama မှ တောင်းဆို

From- MRTV-4

လက်ရှိ အမေရိကန် သမ္မတ ဖြစ်သူ၏ ဇနီးသည်မှ အမေရိကန်ရှိ ဆန္ဒ မဲပေးသူများကို လာမည့် သမ္မတ သက်တမ်းအတွက် အိုဘားမားကို ဆက်ပြီး မဲပေးကြရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ လက်မှတ်ရေးထိုး တောင်းဆို

 မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ သိမ်းပိုက်ခံ လယ်မြေနဲ့ အိမ်ခြံတွေ ပြန် ရရေး တောင်းဆိုနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တဝိုက် ဒေသခံတွေဟာ ဒီစီမံကိန်း ရပ်ဆိုင်းဖို့ စုပေါင်းလက်မှတ် ထိုး တောင်းဆိုပွဲကို ဒီနေ့ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

သီရိလင်္ကာ ကျောက်မျက် ပြပွဲတွင် လူတစ်ဦးမှ ဒေါ်လာ ၁၄၀၀၀ တန် စိန်ကိုမြိုချ

From- MRTV-4

သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော အကြီးဆုံး ကျောက်မျက်ပြပွဲ တစ်ခုတွင် တရုတ် နိုင်ငံသား ခရီးသည် တစ်ဦးကို ခိုးမှု ကျူးလွန်ရန် ကြိုးစားမှုဖြင့်ဖမ်းဆီးလိုက်ပြီ ဖြစ်ကာ ဒေါ်လာ ၁၄၀၀၀ တန်သည့် စိန်တုံး တစ်တုံးကို မြိုချခဲ့ပြီးနောက် ယခုလို ဖမ်းဆီးလိုက်ခြင်း လည်း ဖြစ်သည်။

နယူးဇီလန် ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အတွက် ဒီဇိုင်းနာ အပြစ်ဖို့ခံရ

From- MRTV-4

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်က နယူးဇီလန် နိုင်ငံ Christchurch မြို့တွင် ဖြစ်ပွားခဲ့ရသည့် ငလျင်ကြောင့်ပြိုကျခဲ့သည့် အဆောက်အအုံ အတွက် ဒီဇိုင်နာကို အပြစ်တင်ရမည် ဖြစ်သည်ဟု စုံစမ်းရေး လုပ်ငန်းတွင် ပါဝင်သူ ဥပဒေ ပညာရှင်များမှ ပြောကြား သွားခဲ့သည်။

ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများ

From- Eleven Media Group
ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။  
(၁) ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးနိုင်ရေး အတွက် နိုင်ငံတော် သမ္မတက အဆိုပြုလာသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း။

နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံမည်

From- The Voice Weekly
နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ယင်းဝန်ကြီးများ ထံမှ သိရှိ ရသည်။

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

From-  နိရဉ္စရာ 

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့်  အစည်းအဝေး တစ်ခုကို ဒက္ကားမြို့ တွင် ယနေ့  ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေ ခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြား သည်။အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများ ကို ဆွေးနွေးကြမည်ဟု ဆိုသည်။

လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး


စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းေ တာင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်း ခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက် က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

အစိုးရနှင့် KIO တိုက်ပွဲများပြင်းထန်ဆဲ

From- KDN 
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်သွားလမ်း ဒေါဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တောင်ခြေတွင် မြန်မာအစိုးရတပ် ခမရ (၄၃၈)နှင့် (၃၈၇) တပ်ပေါင်းစုနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) တပ်ဖွဲ့များသည် ယနေ့နံနက် ၁၀ နာရီခွဲမှစ၍ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။

မဲဆောက်တရုတ်ရိုးရာ အလှူကြီးပေးပွဲ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သောင်းကျော် အလှူခံ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ယနေ့ တရုတ်လူမျိုး များကျင်းပ ပြုလုပ်သည့် ၄၃ကြိမ်မြောက် ရိုးရာ အလှူကြီး ပေးပွဲ သို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းကျော် သွားရောက်အလှူခံခဲ့ကြသည်။
တရုတ်လူမျိုးတို့၏ ဆွေမျိုးသားချင်းများနှင့် ဆွေမျိုးမဲ့သားချင်းများ လွတ်ရာလွတ်ကြောင်းအတွက် ရည်စူး၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လ ၆ရက်နေ့တွင် အလှူပေးပွဲကြီးကို ကျင်းပခဲ့ကြပြီး ယခုနှစ်တွင် အလှူပေးမည့် ပစ္စည်းအထုတ်ပေါင်း ၁၂,၀၀၀ စီစဉ်ထားသည်ဟု ယင်းအလှူပေးပွဲကို ဦးဆောင်သူတစ်ဦးက ပြောသည်။

စပ်မျိုးစပါးအစား စိုက်ပျိုးစရိတ်သာ ချပေးရန်ဧရာလယ်သမား များ တောင်းဆို


ဧရာဝတီတိုင်းအတွင်း မိုးများ၍ လယ်ယာမြေများ ရေနစ်မြှုပ် မှုကြောင့် ပြန်လည်စိုက်ပျိုးရန် အတွက် စိုက်ပျိုးရေးဌာနမှ ပေးဝေ မည့် မျိုးစပ် စပါးများကို စိုက်ပျိုးရန် အဆင်မပြေသဖြင့် စိုက်ပျိုး စရိတ် ငွေကြေးသာ ချပေးပါရန် ကျောင်းကုန်း မြို့နယ် လယ်သမားများ က ယနေ့ တောင်းဆိုခဲ့ကြသည်။

ဒိန်းမတ် ရခိုင်အသင်းမှ ရွှေဝါရောင် ရဟန်းတော်များ တည်းခိုရာ တောကျောင်းသို့ အ၀ီစိ စက်ရေတွင်းလှူ

From-  နိရဉ္စရာ

ရွှေဝါရောင် အရေးအခင်းပြီးနောက် ထွက်ပြေး တိမ်းရှောင်လာကြသော ရဟန်းတော်များ အများဆုံး တည်းခိုရာ  ကော့စ်ဘားမြို့ တောကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ဒိန်းမတ် ရခိုင် အသင်းမှ စက်ရေတွင်း တစ်တွင်းနှင့် ရေတင် မော်တာ စက်တစ်လုံး လှူဒါန်း လိုက်ကြာင်း သတင်း ရရှိသည်။

လှူဒါန်းငွေမှာ ဘင်္ဂလာ တာကာ ၄၇၀၀၀ (မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၄၅၀၀၀၀) ရှိကြောင်း သိရသည်။

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည်ခရီး(၅)

From- မြစ်မခ

ကိုမိုးသီးဇွန်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ရေးမိတဲ့အတွက် ကျမမှာလည်း ကဗျာဆရာကိုအောင်ဝေးရဲ့ ကဗျာထဲမှာတောင် ထည့်စပ်တယ် ဆိုတော့ …ဒီဆောင်း ပါးကို စောင့်ဖတ်တဲ့ သူ တော်တော်များတယ် လို့ ပြောရမယ် ထင်ပါတယ်။ဒါကလည်းသူ့အမြင်ပါပဲ။ ကျမတော့ အဲလိုပဲ သဘောထား နားလည်ပါတယ်။
 တကယ်တော့ ဒီဆောင်းပါးကို စောင့်ဖတ်ကြတယ် ဆိုတာကို ကြည့်ခြင်း အားဖြင့် မြန်မာပြည် နိုင်ငံရေးနဲ့ကိုမိုးသီးဇွန်တို့အပေါ်မှာ လူစိတ်ဝင်စားမှု ရှိတယ်ဆို တာ သိသာစေပါတယ်။