Sunday 1 February 2015

၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်




အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ဘက်က တင်ပြလာတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲ မှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။

ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉ ချက်ထဲက ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။

KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း အပါအ၀င် ၄ ဦး ထိမှန်ဒဏ်ရာရရှိ




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ အ၀င်၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ယာဉ်ေ မာင်း စုစုပေါင်း ၄ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဖြစ်စဉ်မှာ တောင်းကော့ကျေးရွာနှင့် ကောင်ဆန်ကျေးရွာလမ်းဆုံအနီးရှိ စိန်လုံတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းမှ မော်တော် ယာဉ် ၂ စီးဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင် များအား ယင်းကျေးရွာအ၀င်တွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိရဲအရာရှိတစ်ဦးထံမှ သိရသည်။
“ ကားလမ်းရဲ့ ဘယ်ဘက်ခြမ်းကနေ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်တာပါ၊ လာတဲ့ ယာဉ်နှစ်စီးအနက် နောက်ယာဉ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကားဆရာအပါ လေးယောက်ကတော့ ထိခိုက် ဒဏ်ရာရရှိသွားကြတယ် ” ဟု ကိုယ်တွေ့ကြုံခဲ့ရသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့ ငြိမ်းချမ်းရေးအ တွက် တွေ့ဆုံဆွေးနွေး


အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ‘၀’ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) (မိုင်းလားအဖွဲ့) မှ ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၀ ရက်တွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကိစ္စပဲ သွားဆွေးနွေးတာ ပြန်မရောက်ကြသေးတော့ အသေးစိတ်မသိသေးဘူး’’ဟုကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က တိုင်းရင်းသားများထံ ကမ်းလှမ်းခဲ့သည်။

ရွှေမှော်အလုပ်သမား ၁၂၀ ကျော်အား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော် အလုပ်သမားများအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက်စုဆောင်းသွား ကြောင်း သိရ သည်။
“နယ်ကနေလာရောက်အလုပ်လုပ်ကိုင်သူများတယ်၊ ဒီဒေသမှာတော့ မှော် လုပ်ငန်း ၈ ခုလောက်တော့ရှိတယ်။ ဒီမှော်တွင်းက ကျား/မ ၇၅ ယောက်ေ လာက်ခေါ် သွားတယ်”ဟု အောင်ဘာမှော်မှ အလုပ်သမားတစ်ဦးက ပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် ဒေသအတွင်းမှ မှော်သူ/မှော်သား စုစုပေါင်း ၁၂၅ ဦးအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မှော်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း




ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။
ထိုင်းအာဏာသိမ်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး နှိမ်နင်းဖို့ ကတိပေး ထားပေမယ့် လုပ်အားပေးတွေကတော့ ဒေသတွင်း တရားမဝင် ရွှေ့ပြောင်းနေ ထိုင်သူတွေ ပိုတိုးလာနေတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံတွင် ဆီးနှင်းများကျနေသည့်ကြားမှ ကြီးမားသောမီးလောင်မှုဖြစ်ပွား





မီးသတ်သမား၂၇၀ကျော်မှာ ဘရုပ်ကလင်း ကုန်လှောင်ရုံကြီး မီးအကြီးမားဆုံး မီးလောင်နေ သည့်ကြား အပြင်းအထန် ကြိုးစားငြိမ်းသတ်နေကြပါတယ်၊

နယူရော့ မြို့ တော်နဲ့  မြစ်ကမ်းတဖက်စီခြားနေတဲ့ ၀ီလရင်ဘတ် မြို့ ရဲ့  ကန့် ရိတ်သာ ၁၁လမ်းမှာ ရှိ တဲ့ လမ်းမှာရှိတဲ့ ကုန်သိုလှောင်ရုံကြီးမှာ ဆက် တိုက်လောင်ခဲ့တဲ့ မီးကိုငြိမ်းသတ်ဘို့ သွားကြတဲ့ မီးသတ်သမားတွေငြိမ်းသတ်ဖို့ အသွား မှာ အဆောက်အဦးတွေကို ခက်ခဲစွာဖြတ်နေရ တာကြောင့် ယခုလို မီးအရှိန်ပိုကြီးမားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဧက ၁၀၀ ကျော် ကျယ်ဝန်းသော သမိုင်းဝင် ကျိုက္ကဆံကွင်းကို အား/ကာ ၀န်ကြီး ဌာနမှတစ်ဆင့် စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်မှု အလွှာအသီးသီးက ၀ိုင်းဝန်း ကန့်ကွက်




ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းအဝေးပွဲ လုပ်ဖူးတဲ့ သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိက လက်ကိုအပ် စီးပွားဖြစ်ကွန်ဒို ပြောင်းလဲတည်ဆောက်ခွင့် ပေးပြီး တဲ့နောက် အခု ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို အားကစား ၀န်ကြီးဌာနက တစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီ အချို့က စီးပွားဖြစ် လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်နေကြ ပြန်ပါတယ်။
ရန်ကုန်မှာ ပန်းခြံ ၆၃ ခု၊ ကစားကွင်း ၉၉ ခုလို့ ဆိုပေမယ့် စာရင်းအဖြစ်ပဲ ရှိနေပြီး တကယ် လောက်လောက်လားလား အပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့က လက်နှစ်ဖက် မပြည့်ပါဘူး။

ပန်းခြံနဲ့ ကစားကွင်းတွေ ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ဧကကျယ်ကျယ်နဲ့ အများပြည်သူအတွက် နေရာလပ် ကျန်တာဆိုလို့ သမိုင်းဝင် ကျိုက္ကဆံကွင်း တစ်ခုပဲ ရှိပါတော့တယ်။ ကျန်တဲ့ မြေကွက်ကျယ်တွေကတော့ လုပ်ငန်းရှင်တွေက အုပ်ချုပ်သူ အဆက်ဆက်နဲ့ ပေါင်းပြီး အမွေခွဲသလို ခွဲယူထားလို့ မကျန် သလောက်ပါပဲ။ အခု တစ်ခုတည်းကျန်တဲ့ သမိုင်းဝင် ကွင်းကြီးကိုပါ စီးပွားဖြစ်လုပ်ဖို့ စီစဉ်နေတာပါ။

အများပြည်သူကိုလည်း ချပြမှု လုံးဝမရှိ၊ လွှတ်တော်ကိုလည်း လုံးဝ အသိမပေးဘဲ လုပ်မယ့် ကုမ္ပဏီက နိုင်ငံတော်သမ္မတထံကို လုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာတောင် တင်ထားပြီးပြီလို့ သိရပါတယ်။

ဒီပုံစံက ဘာနဲ့တူသလဲ ဆိုတော့ ခွင့်ပြုချက်ရပြီး လုပ်တော့မယ်ဆိုမှ ပြည်သူနဲ့ လွှတ်တော် သိခွင့်ရလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ခွင့်ရဖို့ လုပ်သွားတဲ့ပုံစံ၊ လက်သိပ်ထိုး ပုံစံနဲ့ အတူတူပါပဲ။

ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ






ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။

မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။

ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ တိရစ္ဆာန်တွေရောဈ ကောက်ပဲသီးနှံတွေ သေဆုံးနေပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ထုတ်လုပ်ရေးပါ ထိခိုက်ခဲ့ပါတယ်။

“ဗိုလ်ချုပ်နှင့် ရှေ့နောက်ဝဲယာ” ဓာတ်ပုံပြပွဲ





ဗိုလ်ချုပ်နှင့် ရှေ့နောက်ဝဲယာလို့ နာမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့က THINK ပန်းချီ ပြခန်းမှာ ဒီနေ့ စတင် ပြသလိုက်ပါတယ်။

ဗိုလ်ချုပ်ကို ဓာတ်ပုံရိုက်ခဲ့သူ တယောက်ဖြစ်တဲ့ ဓာတ်ပုံ ဆရာ အာရှဦးကျော့ရဲ့ ဓာတ်ပုံတွေကို ပြသနေတာဖြစ်ပြီး လက်ရှိမှာတော့ ၈၅ ပုံ ပြသနေတာပါ။

သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော





လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့က တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးက အခုလို ပြောကြားလိုက်တာပါ။

“ပြည်သူတွေဒုက္ခရောက်ကြတယ်၊ ဒုက္ခရောက်တယ်။ ကရင်တွေချည်းပဲ ရောက် တာမဟုတ်ဘူး၊ နှစ်ဖက်စ လုံးရောက်ကြတယ်။ အဲ့တော့ တယောက် နဲ့ တေ ယာက် သတ်နေကြတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးထွက် သံယိုမဟုတ်တဲ့ စစ်မြေပြင်ကို ပြောင်းသွားမယ်။”

အနာဂတ် ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြလှိုင်း ထုတ်လွှင့်သည့်စနစ် တပ်ဆင်ရန် ရည်ရွယ်


အနာဂတ်ကာလ၌ ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြ လှိုင်းများ ထုတ်လွှင့်ပေးနေသည့် စနစ်မျိုး တပ်ဆင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။
တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်များတွင် မိနစ်ပိုင်းမျှ သတ်မှတ်အချိန်တစ်ခု ကုန်ဆုံးသွားတိုင်း အချက်ပြလှိုင်းများ ထုတ် လွှင့်သော စနစ်မျိုးကို တပ်ဆင်လိုက်ခြင်းဖြင့် လေယာဉ်ပျက်ကျချိန်၌ ကယ် ဆယ်ရေးများက ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းသစ်ကို ယခုနှစ်ကုန်ပိုင်းခန့်တွင် အတည်ပြု ကျင့်သုံးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ကြီး (ICAO)က ပြောကြားခဲ့သည်။

ကချင်ဆရာမတွေ အသတ်ခံရမှု KIA တပ်ဖွဲ့ဝင်နဲ့ မပတ်သက်ဘူးလို့ ငြင်း


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါး ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက အဓမ္မ ပြုကျင့် အသတ်ခံ ခဲ့ရတဲ့ ကချင် လုပ်အားပေး ဆရာမတွေရဲ့ အမှုကိစ္စမှာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က ဒုတပ်ကြပ်တဦး ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှု ကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီ KIA ဒုတပ်ကြပ်ဟာ သေဆုံးသူ ဆရာမလေးတဦးနဲ့ ချစ်ကြိုက်နေသူ လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် KIA ကတော့ ဒီကိစ္စဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှေ့လမ်းမပေါ်၌ KIA အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ နန့်ယားကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ရှေ့လမ်းမပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မိုင်း ထောင်ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောသည်။
ဖြစ်စဉ်မှာဇန်န၀ါရီလ ၃၀ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းမုခ်ဝရှေ့လမ်းမ၊ နန့်ယားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက် ပညာ သင်ကြား နေသော ကျောင်းသူ/သား များ အသုံး ပြုနေသည့် လမ်းကြောင်းဖြစ်ပြီး စတုတ္ထတန်း ကျောင်းသူ (၁၀၀) ကျော် အချိန်ပိုစာ သင်ကြားနေချိန်တွင် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါ သည်။

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် အင်အား ၇၅၀၀ ပါ တပ်ဖွဲ့ကြီး ဖွဲ့စည်းမည်




ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆိုထောက် ခံလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြားလိုက်တာပါ။

အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီးယား သူပုန်တွေကို နှိမ်နင်းတိုက် ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာ တပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် သပိတ်စစ်ကြောင်း ရေနံချောင်းကို ပြောင်းရွှေ့




အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ပြီး ဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် သပိတ်စခန်းပြောင်းရွှေ့ခဲ့ပါတယ်။

မနေ့က မကွေးတိုင်း ဂွေးပင်ရွာအနီး ထန်းခြောက်ပင်ရွာဘုန်းကြီးကျောင်းမှာ ရပ်နားနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ဒေသအာဏာပိုင်တွေ ဖိအားပေးတာကြောင့် ဒီနေ့မှာ ကားတွေနဲ့ ရေနံချောင်းမြို့ကို ထွက်ခွာခဲ့ပြီး ရေနံချောင်မြို့က စပယ်ရုံဘုန်းကြီးကျောင်းမှာ စစ်ကြောင်းနားနေတယ်လို့ သပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

ကုန်လှေတစ်စင်း နစ်မြုပ်၊ တပ်မတော်(ရေ)မှ လှေလုပ်သားများအား ကယ်ဆယ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ကလွင်မီးပြ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ရက် မွန်းလွဲ ၁နာရီ မိနစ် ၂ဝခန့်တွင် မြိတ်ဆိပ်ကမ်း၌ လုံခြုံရေးတာဝန် ထမ်းေ ဆာင်နေသော တပ်မတော်(ရေ)မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားေ ရာက်၍ နစ်မြုပ် လှေပေါ်ပါ လှေသား ၁ဝဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ပုသိမ် သပိတ်မှောက်ကျောင်းသူကို ကျောင်းကဆင့်ခေါ်



သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အထက်တန်းကျောင်းသူတဦးကို ပုသိမ် အထက (၁) ကျောင်းဆရာဆရာမတွေက ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် ကျောင်းကနေ ထုတ်ပစ်ဖို့ အိမ်မှာ လာရောက်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့ မိဘဖြစ်သူက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသူမချောစုစံရဲ့အိမ်ကို ဆရာဆရာမ ၅ ဦးက လာရောက်ပြီး လက်မှတ် ထိုးခိုင်းတယ်လို့ ဖခင် ဦးအောင်ကျော်သူက ပြောပါတယ်။

“ချောစုစံကို ကျောင်းခေါ်ချိန်လည်း မပြည့်ဘူး၊ အဲဒါ တခါတည်း ကျောင်းထုတ် လိုက်မယ်တဲ့။ အိမ်မှာတင် လက်မှတ်ထိုးခိုင်းတယ်။ ဒါကို ကျနော် မထိုးပေးဘူး။ လက်မှတ်ထိုးတာ ကျနော့်သဘောတခုတည်းမဟုတ်ဘူး၊ သူ့အမေနဲ့ တိုင်ပင်ပြီးမှ ဒါကို ပြောလို့ရမယ်လို့ ပြောတယ်။ တယောက်တည်း သဘောထားနဲ့ လုပ်လို့မရ ဘူးလားလို့ ပြန်မေးသေးတယ်။ ဒါဆို ဆရာကြီးရုံးခန်းကို ဆက်ဆက်လာခဲ့ပါဆိုပြီး ပြောသွားတယ်။”

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူ



အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူကတော့ နေ့လည်ထမင်းစားနား ချိန်ထိ အစိုးနှင့်ကျောင်းသား တွေကြားမှာကျောင်းသား သမဂ္ဂ စာလုံးအသုံးအနှုန်းအသိအမှတ်ပြုမူနဲ့ပတ်သက်ပြီးပြေလည်မူမရရှိသေး ပါဘူး။
လက်ရှိအခြေအနေကတော့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီးဆွေးနွေး မူမပြုရသေးခင်မှာယနေ့ဆွေးနွေး ပွဲမစခင်ကျောင်းသားေ တွေ တာင်းဆို ထားတဲ့အချက် ကိုးချက်ကိုသာအရင်ဆွေးနွေးနေရခြင်းဖြစ်ပါတယ်။

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ


ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။

ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။

‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။

ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။

မန်ချက်စတာ ၂ သင်း နှင့် ရီးရဲမက်ဒရစ်စတားများ



မန်ချက်စတာစီးတီး အသင်းသည် ရီးရဲမက်ဒရစ်စတား ခရစ္စတီယာနိုရိုနယ်လ်ဒို ကသာ အင်္ဂလန် ပရီးမီးယားလိဂ် သို့ ပြန်လာရန်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရိုနယ်လ်ဒို ကို ကမ္ဘာ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်း ဖို့ အဆင်သင့်ဖြစ်နေ တယ် လို့သိရပါတယ်။ မန်စီးတီး အားကစား ဒါရိုက်တာ ဘီဂရီစတိန်း သည် ရီးရဲ စူပါ စတား ရိုနယ်လ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် နှင့် ပုံမှန် အဆက်အသွယ် ရှိနေတယ်လို့ The Sun သတင်းအရသိရပါတယ်။

အမျိုးသားပညာရေး သပဒေ ပြင်ဆင်ရေး ၄ပွင့်ဆိုင် တွေ့ဆုံပွဲ





(နေ့လည် ၁၂း၄၅ နာရီ update)
နေ့လည်စာ ထမ်ငးစားချိန် ရပ်နားလိုက်ပြီ။
ငြိမ်းချမးရေးအတွက် ၄နှစ်ကြာနေသလို PRE CONDITION ကိုးချက်ကို သဘောတူညီမှုရဖို့ လည်း ကြာမှာစိုးရိမ်တယ်လို့ ကျောင်းသားတွေပြော။
------------------------------------------------------------------
(နေ့လည် ၁၂း၃၀ နာရီ update)
NNER က နံပါတ်ငါး (သမဂ္ဂတွေ တရားဝင်မှု) နဲ့ပတ်သက်ပြီး ကျောင်းသားတွေဘက်က ထောက်ခံဆွေးနွေး။ သမဂ္ဂဆိုတာနဲ့ ပတ်သက်ပီးလူကြီးတွေက မကြောက်ကြဖို့ NNER တိုက်တွန်း။
သမဂ္ဂအပါအဝင် အဖွဲ့အစည်းများဖွဲ့စည်းခွင့်ကို လွှတ်တော်တင်ပေးမယ်၊ ပါမလာရင် ဦးအောင်မင်းကို ထွက်ခိုင်းလိုက်ဆိုပြီး ဦးအောင်မင်းပြော။
နံပါတ်(၄)အချက်ကို အားလုံးရဲ့သဘောတူညီချက်ရမှ ဆိုပြီးပြင်ဖို့ဆွေးနွေးခဲ့။
------------------------------------------------------------------
(နေ့လည် ၁၂း၁၅ နာရီ update)
သမဂ္ဂတွေရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပီးကျောင်းသားတွေက မေးခွန်းထုတ်။သူတို့က ဥပဒေသားတွေဖြစ်လို့ ဥပဒေထဲမှာပါတာကိုပဲ စဉ်းစားမယ်။ဒါပေမယ့် မကန့်ကွက်သလို ထောက်ခံတာလည်းမဟုတ်လို့ အကျယ်မချဲ့ဘဲဆက်ဆွေးနွေးရင်မကောင်းဘူးလားလို့ ဦးအောင်မင်းပြော။
------------------------------------------------------------------
(12:00 pm update)
ကျောင်းသားတွေတောင်ဆိုထားတဲ့ ဆွေးနွေးပွဲဆိုင်ရာ pre-condition အချက် ၉ ချက်ကို လက်ခံဆွေးနွေးဖို့ အစိုးရဘက်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
အချက် ၁၊၂၊၃ ကို အစိုးရ၊ လွှတ်တော်၊ NNER ၃ပွင့်လုံးက သဘောတူလိုက်ပါတယ်။
ကျန်တဲ့အချက်တွေကို ဆက်လက်ဆွေးနွေးနေပါတယ်။
------------------------------------------------------------------

သခင်၏အသက်ကို ကယ်တင်ခဲ့ကြသည့် ခွေးကလေးများ






တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်းယန်မြို့မှာ ဆီးချိုရောဂါရှင် အမျိုးသား တဦးဟာ သူအလုပ်လုပ်ရာ စက်ရုံဝင်ပေါက်မှာ မေ့လဲနေတုန်း သူမွေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ခွေးတွေက သူ့အသက်ကို ကယ်ခဲ့ပါတယ်။

ည ၁၀ နာရီလောက်က မေ့လဲခဲ့တာဖြစ်ပြီး အပြင်မှာ အပူချိန်က ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီအောက် လျော့နည်းတဲ့အထိ အေးခဲနေခဲ့တာပါ။
မနက် ၆နာရီလောက်မှာ သတိပြန်ရလာတော့ ပထမဆုံးမြင်တာ သူ့ခွေးတွေလို့ လောင်ယန်ကျီးက ပြောပါတယ်။

သူ့ရဲ့လက်တွေကတော့ နှင်းကိုက်မှုကြောင့် မည်းနက်နေပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ လောင်က ပြောပါတယ်။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပြီး ဆရာဝန်တွေ က ဆေးကုပေးခဲ့ရတာပါ။

တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၀၀၀၀ ကျော် ထပ်မံတွေ့ရှိ


တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၀၀၀၀ ကျော် ထပ်မံတွေ့ရှိ
ကချင်ပြည်နယ်အတွင်း တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၂၃၂၈ ကျော် တွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံဘက်သို့ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်များကို လိုက်လံရှာဖွေ သိမ်းဆည်း နေရဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသားများအနေဖြင့် ယင်းကဲ့သို့ သစ်ခိုးထုတ်မှုကို နှစ်စဉ် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး စီမံကိန်းကြီး တစ်ခုသဖွယ် သစ်ထုတ်လုပ်သည့် လုပ်ငန်း သုံးပစ္စည်း အများအပြားဖြင့် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။ 

Father Land ကုမ္ပဏီပိုင်ရှင်အား ငွေလိမ်ခံရသူများက ဆယ့်နှစ်ရက်အတွင်း အဖြေတစ်ခုပေးရန် သတိပေး

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ လိမ်လည်ခံရသည်ဟု  ဆိုသည်။ သင်္ဃန်းကျွန်းမြို့နယ်နေသူ ၃၀ ဦးခန့်က ၁၂ ရက်အတွင်း တိကျသည့်အဖြေတစ်ခုပေးရန် သတိပေးအကြောင်းကြားခဲ့ကြောင်း သတင်း ရရှိသည်။

လမ်းကြော ကျပ်တည်းစေသည့် ဘလောက်တုံးအချို့ ပြန်ဖယ်မည်ဟုဆို


ရန်ကုန်မြို့တွင်း၌ ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ် တွင် ကွန်ကရစ်တုံးများ ချ၍ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို ၂၀၁၄ နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ် လမ်းကြောင်းအ ဖြစ် သတ်မှတ်ထား သော ဘ လောက်တုံးအချို့ကို ပြန်လည် ဖယ်ရှားမည်ဟု သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံများ နှစ်ဖွဲ့ကွဲ

Photo: ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံများ နှစ်ဖွဲ့ကွဲ
Sunday,February 1, 2015

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းပုံစံငယ်
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ စီမံကိန်းမ စတင်မီ လိုအပ်ချက်များ ဦးစွာ ဖြည့်ဆည်းရေးတောင်းဆိုသူများ နှင့် စီမံကိန်းဆက်လုပ်ရန်ထောက် ခံပွဲပြုလုပ်မည့်သူများဟူ၍ နှစ် ဖက်ပေါ်ပေါက်လာကြောင်းတွေ့ ရသည်။

စီမံကိန်းထောက်ခံပွဲကို ဖေ ဖော်ဝါရီ ၁ရက်တွင် ဒေသခံအချို့ က ပြုလုပ်မည်ဟုသတင်းများ ထွက်ပေါ်လာပြီးနောက်လိုအပ် ချက်များဆောင်ရွက်ရေးတောင်း ဆိုသူဒေသခံများက ဇန်န၀ါရီ ၃၁ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုများမှာ ဇန်န၀ါရီ ၃၁ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နှစ် နိုင်ငံအစိုးရတို့ ထားဝယ်အထူးစီး ပွားရေးဇုန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက်ပေါ် ပေါက်လာခြင်းဖြစ်သည်။

‘‘စီမံကိန်းကြောင့်ဖြစ်လာ မယ့် ဒေသဆိုးကျိုးတွေကို ဘယ် လိုအာမခံချက်ပေးမလဲ။ မြေယာ လျော်ကြေးကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စ၊ ပြန်လည်နေ ရာချထားရေးကိစ္စ၊ ကိစ္စတွေ အများကြီး ဖြေရှင်းဖို့ရှိနေသေး တယ်’’ဟု ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် စီမံကိန်းနှင့်ပတ်သက် ၍ ဆုံးရှုံးနစ်နာမှုများအား တာဝန် ယူဖြေရှင်းပေးရန် တောင်းဆို သည့် နဘုလယ်ဒေသခံလူငယ် များအဖွဲ့မှ ကိုအောင်ဇော်တူးက ပြောသည်။

၂၀၀၈မှစ၍ စီမံကိန်းခေတ္တ ရပ်ဆိုင်းနေခဲ့ချိန်အထိ လေးနှစ် တာကာလအတွင်း စီမံကိန်းလုပ် ငန်းခွင်တွင် ဒေသခံအနည်းငယ် သာဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့ ကြောင်း၊ ဒေသခံ ၁၅ရာခိုင်နှုန်း သာလျော်ကြေးရရှိခဲ့ပြီး ယင်းအ နက်အပြည့်အ၀ရသူမှာ ၃ရာခိုင် နှုန်းသာရှိကြောင်း၊ လျော်ကြေးရ သူများအနက်တရားဝင်စာရွက် စာတမ်းဖြင့် ပေးအပ်ခံရသူအ နည်းငယ်သာရှိပြီး အများစုမှာအ ထောက်အထားတစ်စုံတစ်ရာမရှိ ဘဲ လျော်ကြေးရခဲ့ကြောင်း၊ ပြန်လည်နေရာချထားရေးကဏ္ဍ တွင်လည်း ဘ၀ါရွာ၌ အိမ်အလုံးပေါင်း ၄၈၀ ခန့် ဆောက်လုပ်ပေးထားသော်လည်း ရာသီဥတုကြောင့် ယင်းအိမ်များ ပြိုကျပျက်စီး၍ ဒေသခံများပြောင်းရွှေ့ရန် တွန့်ဆုတ်နေကြောင်း နဘုလယ်ဒေသခံလူငယ်များက ထောက်ပြလာသည်။

ဇန်န၀ါရီ ၃၁ရက်တွင် ၎င်း တို့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး စီမံကိန်းမစ တင်မီ ပွင့်လင်းမြင်သာစွာတရား ၀င်ထုတ်ဖော်ဖြေကြားရန်အချက် ၄ ချက်ကို စီမံကိန်းတွင်ပါဝင်သူ များထံ တောင်းဆိုခဲ့သည်။ ယင်း တို့မှာ စီမံကိန်းနှင့်ပတ်သက်၍ သ ဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှုစစ်တမ်း အား ထုတ်ပြန်ကြေညာရန်၊ လျော်ကြေးနစ်နာကြေးမရသေးသော ဒေသခံများအား ပြေလည်မှုရ သည်အထိ လျော်ကြေးကိစ္စဖြေ ရှင်းရန်၊ ပြန်လည်နေရာချထား ရေးနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည်တည်ဆောက်ရေးအ တွက် ဘ၀လုံခြုံမှု အာမခံချက်ရသည်အထိ ဆောင်ရွက်ရန်၊ နဘုလယ်အပါအ၀င် ထားဝယ်ဒေသတွင် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာလျှင် စီမံကိန်းအကောင်အထည်ဖော်သူက ထိ ရောက်စွာဖြေရှင်းရန်စသည်တို့ ဖြစ်ကြသည်။

တစ်ဖက်တွင်လည်း စီမံကိန်းထောက်ခံသူဒေသခံများ၏ ဆန္ဒထုတ်ဖော်ခွင့်ကော်မတီအဖွဲ့ ဟုဆိုသူတို့က ဖေဖော်ဝါရီ ၁ရက် ၌ ထောက်ခံကြောင်းဆန္ဒထုတ် ဖော်ပွဲ ပြုလုပ်ရန်စီစဉ်ထားသည်။ သို့သော် ဖေဖော်ဝါရီ ၁ရက်အတွက်ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်မရ ၍ဖေဖော်ဝါရီ ၃ရက်တွင်မှ ပြုလုပ်သွားတော့မည်ဟု ဆိုသည်။

‘‘သဘာဝပတ်ဝန်းကျင်ပျက် စီးမှာတို့ ဘာတို့ နည်းနည်းတော့ စိုးရိမ်ဖွယ်ရာတော့ရှိမှာပေါ့။ အ ကောင်းချည်းတော့ဘယ်ရမလဲ။ ဒါ ပေမဲ့ ဒေသက ဒီအတိုင်းသွားနေ ရင် ဘာမှမထူးဘူး။ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းအစစ အရာရာပေါ့။ အဲဒါကြောင့် စီမံကိန်းဆက်လုပ်ဖို့ ထောက်ခံတဲ့ပွဲပေါ့ဗျာ’’ဟု ယင်းဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် နဘုလယ်ကျေးရွာအုပ်စု ထိန်ကြီးကျေးရွာနေ ဦးရွှေဌေးကပြောသည်။

၎င်းမှာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ကြွသည့်ပါတီဝင် တစ်ဦးအဖြစ် လူသိများသည်။ သို့သော် ယခုဆန္ဒထုတ်ဖော်ပွဲနောက်ကွယ်တွင် အစိုးရကျောထောက်နောက်ခံမရှိကြောင်း၎င်းက ငြင်းဆိုသည်။

၂၅၀စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၀၀)ခန့်အကျယ်အ ၀န်းနေရာယူမည့် တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ် ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်စီမံကိန်း ပြီးစီးပါက အရှေ့ တောင်အာရှတွင် အကြီးဆုံးစက် မှုဇုန်တစ်ခုအဖြစ်ပေါ်ပေါက်လာ မည်ဖြစ်သည်။

7Day DAILY
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းပုံစံငယ်
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ စီမံကိန်းမ စတင်မီ လိုအပ်ချက်များ ဦးစွာ ဖြည့်ဆည်းရေး တောင်းဆိုသူများ နှင့် စီမံကိန်းဆက်လုပ်ရန်ထောက် ခံပွဲပြုလုပ်မည့်သူများဟူ၍ နှစ် ဖက်ပေါ်ပေါက်လာ ကြောင်းတွေ့ ရသည်။

မြန်မာ့ကြယ်လိပ် အပါအ၀င် အာရှမျိုးစိတ် ၁၀ မျိုးကို တရားမ၀င် ဖမ်းဆီး ရောင်းဝယ်ခြင်းမှ ကာကွယ်ပေးရန် သက်ဆိုင်ရာ အစိုးရများအား WWF တိုက်တွန်း



အာရှ ရှားပါးတောရိုင်းတိရစ္ဆာန် စာရင်းဝင် ကြယ်လိပ်များကို တွေ့ရစဉ် (asianturtlenetwork.org)

ရန်ကုန်- တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေးများကို ကမ္ဘာတစ်ဝန်း လုပ်ဆောင်နေသော ကမ္ဘာလုံး ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန် ပုံငွေအဖွဲ့ (ယခင်ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့-WWF)က အာရှနိုင်ငံများတွင် တရားမ၀င်ဖမ်းဆီးရောင်းချခံနေရပြီး လူအများဂရုမပြုမိသေးသော အာရှရှားပါး တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်(၁၀)မျိုးစာရင်းကို ထုတ်ပြန်လိုက်ပြီးထိုတောရိုင်း တိရစ္ဆာန်များ ကျန်ရှိရာ နိုင်ငံများမှ အစိုးရများကိုလည်း ယင်းသို့ ဖမ်း ဆီးသတ်ဖြတ်ခံရမှုဘေးမှ လုံးဝ ကာကွယ်ပေးရန် တိုက်တွန်းလိုက်ရာ ထို(၁၀)မျိုးတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ တွေ့ရသည့် မြန်မာ့ကြယ်လိပ် များလည်းပါဝင်သည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့်စွာ လုပ်ကိုင်ရန် ကေအင်န်ယူဥက္ကဋ္ဌပြော

ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းတွင် ယုံကြည်မှု အပြည့်ဖြင့် ရဲရင့်စွာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ရန် (၆၆) နှစ်မြောက် ကရင်အမျိုးသား တော် လှန်ရေး နေ့တွင် ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြောသည်။

ဧရာဝတီဘဏ်တွင် အပ်နှံငွေပေါင်း ကျပ် ၁ဒသမ ၅ ထရီလီယံရှိ

ဧရာဝတီဘဏ်ဖွင့်လှစ် ပြီး နှစ်အနည်းငယ်အတွင်း ငွေ အပ်နှံသူများ၏ ယုံကြည်မှုများရရှိ လာသောကြောင့် လက်ရှိတွင် ဘဏ်အပ်ငွေပေါင်း ၁ဒသမ ၅ထ ရီလီယံ(ဘီလီယံပေါင်း ၁,၅၀၀ ကျပ်)ရှိလာပြီဖြစ်ကြောင်း သ တင်းရရှိသည်။

သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုများလာနိုင်

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းရင်း သားအရေအတွက် မူလရှိသည့် ၁၃၅ မျိုးထက်ပိုများလာရန်ရှိ ကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

ယခုနှစ်ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်အစိုးရ ကြီးမှူးကျင်းပပေးမည်



လာမည့် ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့ အခမ်းအနားကျင်းပရန် အစိုးရက ဇန်န၀ါရီ ၃၀ ရက်က ဆွေးနွေးနေစဉ် (ဓာတ်ပုံ − moi)

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင်နှစ်များတွင် အစိုးရ ကကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။