Sunday 11 November 2012

{{{ မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား }}}


မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံတိုင်ေ အာင်၊ တောင်ပိုင်း တစ်ေ လျှာက် မြစ် ၀ ကျွန်းပေါ်ဒေသအားဖြတ်၍ ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာဝင်းဆွေအဖို့ ခံစား ချက်နှစ်မျိုး ဖြစ်ပေါ်လာသည်။

ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ



နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင် လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အ တိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရ ရခြင်း ဖြစ် ပါ သ ည်။

ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ် ကန်တောင်ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ကျေးရွာ  ရုံးတစ်ရုံး တိုက်ခိုက် ခံခဲ့ ရပြီး ပါတီ အလံလည်း မီးရှို့ ဖျက်ဆီး ခံရသည်ဟု သတင်း ရရှိသည်။
တိုက်ခိုက်ခံရသည့် ရုံးမှာ တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံုး ဖြစ်သည်။

ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ခတ်


ယနေ့နံနက် ၇နာရီ ၄၂ မိနစ်အချိန်က ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၆.၈ ရှိ အင်အားပြင်းငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။