Sunday 24 March 2013

မိတ္ထီလာ သတင်းများ

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်း ဖက် မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူ ဖို့ ဆောင် ရွက်နေကြောင်း၊

သံတွဲခရိုင် လ၀က ရုံး မီးလောင်



သံတွဲ၊ မတ်လ ၂၄ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါ သွား သည်ဟု သတင်း ရရှိသည်။မတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင် ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်လင်းက နိရဉ္စရာ သို့ ပြောသည်။

မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်။


မိတ္ထီလာသတင်းနှင့်ပတ်သတ်၍ သိလိုသည်များကို ကျွန်တော့် message box ၊
တယ်လီဖုန်းများနှင့်ဆက်သွယ်မေးမြန်းလာသည့် ကောလဟာလများနှင့်
သတင်းများကို အမှား၊အမှန်အတည်ပြုဖော်ပြလိုက်ပါတယ်။ကျွန်တော် သိလျှင်သိသည့်
အတိုင်း၊မသိလျှင် မသိသည့်အတိုင်းရိုးရိုးသားသားဖော်ပြလိုက်ပါတယ်။
၁။ Q; မိတ္ထီလာ ရှိဖောင်တော်ထိပ် ရပ်တော်မှုဆင်းတုကြီးတွေ အဖြိုခံရတယ်ဆိုတာ
ဟုတ်ပါသလား။

"ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား"



မိတ္ထီလာ၊ မတ် - ၂၄

နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။

လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့



နေပြည်တော်၊ မတ်လ ၂၄ ရက်

၂၃-၃-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်း(၁) ရပ်ကွက်နေ ရန်နိုင်ထွန်း (၃၂)နှစ်သည် ၄င်း၏ဇနီးဖြစ်သူ မ၀ါဝါ(၂၈)နှစ်နှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာ မှ နေအိမ်ရှိ လစ်ပိုပုလင်းအတွင်းထည့်ထားသော ဓါတ်ဆီပုလင်းအား အိမ်ပေါ်တွင် လောင်းချ မီးရှို့ခဲ့ သဖြင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၂၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ 

APPLE ကုမ္ပဏီ၏ I WATCH နာရီကို ယှဉ်ပြိုင်ရန် SAMSUNG ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ



လန်ဒန် ၊မတ်လ ၂၃ ရက်

Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ်ပြိုင်နိုင်ရန် အတွက် IS နာရီကို ထုတ်လုပ်လျက် ရှိသည်။

"ပျော်ဘွယ်နဲ့ရမည်းသင်းမှာ လုံခြုံရေး အခြေအနေ တိုးမြှင့်"



မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းဖြစ်စဉ်တွေရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေကို ကူးစက်လာခြင်း မရှိစေဖို့အတွက် ဒီကနေ့ မနက်ကစပြီး အဲဒီမြို့နှစ်မြို့မှာ လုံခြုံရေးအခြေအနေ တိုးမြှင့်လိုက်ရတာလို့ RFA က စုံစမ်းသိရပါတယ်။

ကုလ ကိုယ်စားလှယ် မိတ္ထီလာ မြို့တွင်း သွားရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် ယနေ့နံနက် ၈ နာရီခွဲတွင် မိတ္ထီလာခရိုင် အားကစားကွင်း၊ အထက (၁) မိတ္ထီလာကျောင်းဝင်း၊ ပညာရေး တက္ကသိုလ် စသည့်နေရာများရှိ ဒုက္ခသည်များအား သွားရောက်ကြည့်ရှု့ခဲ့ပြီး လက်ရှိတွင် မိတ္ထီလာမြို့ ကားကြီးဝင်းအနီး မီးလောင်ပြင်နေရာများအား သွားရောက်ကြည့်ရှု့နေကြောင်း သိရသည်။

ကယားပြည်နယ်တွင်း မြို့သုံးနေရာသို့ နိုင်ငံခြားဧည့်သည်များ လာရောက် လည်ပတ်နိုင်ဖို့ ခွင့်ပြုလာ



ကယား(ကရင်နီ) ပြည်နယ်အတွင်း အစိုးရမှ နိုင်ငံခြားဧည့်သည်များအတွက် မြို့နေရာသုံးခုကို လာရောက်လေ့လာ လည်ပတ် နိုင် ရန် အတွက် ခွင့်ပြုလာတာကို တွေ့မြင်နေရပါတယ်။

" ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"



ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

မြန်မာ ဆီးဂိမ်း သီချင်းများ