Wednesday 25 July 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana လာမည့်ရက်သတ္တပတ်၌ လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌ လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို
 လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်

ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင်
 ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော်   သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန
ကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရေးကုမ္ပဏီ ၄၀ ကျော် လုပ်ကိုင်ခွင့်ရ

တက္ကသိုလ်၊ ကောလိပ်များတွင် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသူ လုပ်ငန်းရှင်များကို ရန်ကုန်နှင့်မန္တလေးရှိ အဆင့်မြင့်ပညာဦးစီးဌာန ရုံးချုပ်များ၌ ဇူလိုင် ၁၉ ရက်က တွေ့ဆုံအသိပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အောက်မြန်မာပြည်တွင် တက္ကသိုလ်ခြောက်ခုအတွက် ကုမ္ပဏီကိုးခု၊ အထက်မြန်မာပြည်တွင် တက္ကသိုလ်၊ ကောလိပ် ၁၅ ခုအတွက် ကုမ္ပဏီ ၃၀ ကျော်က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

အချုပ်သားနှစ်ဦး အချုပ်ခန်းခေါင်မိုးဖောက်၍ ထွက်ပြေး

သန်လျင်မြို့နယ်ရဲစခန်းရှိ အချုပ်ခန်းအမှတ်(၂)မှ ပြစ်မှုကျူးလွန်ထားသူ အချုပ်သားနှစ်ဦးမှာ ဇူလိုင်လ ၁၄ ရက်က အချုပ်ခန်းခေါင်မိုးအားဖောက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားစဉ် သုံးဦးအနက် နှစ်ဦးသာ ထွက်ပြေးသွားနိုင်ခဲ့ပြီး ကျန်တစ်ဦးကို အချိန်မီ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သန်လျင်မြို့နယ် ရဲစခန်းရှေ့တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့

ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။



မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ

မဲဆောက်။ ဇူလိုင် ၂၅

မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ ၀င်တိုက်ခဲ့သူများထဲမှ တစ်ဦးဟု ယူဆရသူ အားထိုင်း ရဲက ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ ပြီးနောက် ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာအာဏာပိုင် များထံသို့လွဲပြောင်းပေးလိုက်သည်။

 နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရွှေဆိုင် ကိုဓားပြတိုက်သူ သုံးဦးထဲမှ တစ်ဦးဟု ယူဆရသူ ကိုလင်း ၂၈ နှစ်ကို ယခုရက်ပိုင်း အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အကြီးဆုံး သစ်သီးဝလံဈေး ဖြစ်သည့် (တလာထိုင်းဈေး) တွင် ထိုင်းရဲက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က မဲဆောက်သို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ထိုင်းဘက် မှမြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ 

တရားခံဟု ယူဆရသူ ကိုလင်း အားလက်ခံ ခဲ့သည့် မြ၀တီမြို့နယ်မှ ရဲမှူးကြီးက"တစ်ယောက်မိထားပြီး ဆိုတော့ မကြာခင်မှာ ကျန်တဲ့ လူတွေ ကိုလည်း ဖမ်းဆီးဖော်ထုတ်နိုင်မှာပါ"ဟုထိုင်းဘက်ရှိ သတင်းထောက် များကိုပြောကြားခဲ့သည်။ တရားခံဟုယူဆရသူအား လွှဲပြောင်းမှုကို ထိုင်းဘက်မှ လ၀ကဗိုလ်မှူးကြီး ယို့မနီးစောင် ဦးဆောင် သည့်အဖွဲ့နှင့် မြန်မာဘက်မှရဲမှူးကြီးမျိုးဇော် ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ပြီး တရားခံဟု ယူဆရသူအား ဖမ်းဆီး ရမိမှုနှင့်ပတ်သက်၍ အသေးစိပ်ပြောကြား ရန် နှစ်ဘက် တာဝန်ရှိသူများ ကငြင်းဆိုခဲ့သည်။ ယနေ့လွှဲပြောင်းမှုသည် ယခင်လ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းက မြ၀တီမြို့လယ်ရှိ အင်ပါယာရွှေဆိုင်ကို စစ်သုံးမောင်းပြန် လက်နက်များ ကိုင်ဆောင်ထားသူ ၃ ဦးက သေနတ်များ ပစ်ဖောက်ကာ ရွှေထည်ပစ္စည်း ၂ ပိဿာခွဲခန့်ကို ယူဆောင်သွားခဲ့သည့် အမှု၏ နောက်ဆက်တွဲဖြစ်သည်။

ref:popular

မြန်မာ-အင်ဒို သာမန်ဗီဇာ ကင်းလွတ်ခွင့် ဆွေးနွေး

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံသာမန်ဗီဇာအပြန်အလှန်လွတ်ကင်း ခွင့်ရရန်
 စီစဉ်နေသည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။ အာဆီယံနိုင်ငံများ အချင်းချင်း ဗီဇာကင်းလွတ်ခွင့်များပြုရန် ၂ဝ၁၅ ခုနှစ်တွင် အပြီးဆောင်ရွက် ကြမည် ဟု မူအရ သဘောတူထားပြီးဖြစ် ရာ မြန်မာမှလာအိုနှင့် သဘောတူ မှုပြုလုပ်ခဲ့ပြီးနောက်၊ ဒုတိယအနေ ဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်လက် ကာဆောင်ရွက်ခြင်းဖြစ်သည် ဟု ၄င်းကပြောသည်။ ''ဆိုက်ရောက်ဗီဇာနဲ့ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ လုပ် ငန်းရှင်တွေက လေဆိပ်မှာပဲ လွယ် လွယ်ကူကူနဲ့ ပြည်ဝင်ခွင့် ရနိုင် အောင်လို့ပါ''ဟု ညွှန်ကြားရေးမှူး ချုပ်က ဆက်လက်ကာပြောသည်။

ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး

ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။


မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစီရင်ခြင်း ယမန်နှစ်ထက် သိသာစွာမြင့်တက်

အဆင်မပြေသော လူမှု စီးပွားအခြေအနေကြောင့် ရန် ကုန်တိုင်းဒေသကြီး အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုမှာ ယမန် နှစ်ကထက် သိသာစွာမြင့်တက် လာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှုခင်းမှတ်တမ်းဌာနရဲအရာရှိ တစ် ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုမှာ ယခင်နှစ်က အမှုပေါင်း ၄ဝ ခန့်သာရှိ ခဲ့သော်လည်း ယခုနှစ်တွင်မူ ဇူလိုင် ၁၄ ရက်နေ့ အထိ ကြိုးဆွဲချသေဆုံး မှု ၆ဝ မှု၊ အဆိပ်သောက်မှု ၆ မှု နှင့် တိုက်ပေါ်မှ ခုန်ချမှု ၂ဝ မှုဖြစ် ပွားခဲ့သည်ဟုပြောသည်။ သေဆုံးသူ အများစု မှာ အသက် ၃ဝ မှ ၅ဝ နှစ်ကြား လူလတ်ပိုင်းများဖြစ်ပြီး အမျိုးသား ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄ဝ ရာခိုင်နှုန်း ပါဝင် သည်ဟုသိရသည်။ 

ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်

ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက်လျှော့ချရန် အတွက် ဂျပန်ပညာရှင်များ ဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက်သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။
''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပန်ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။
၃၈၅ƒ မိုင်ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲနေသော်လည်း ဂျပန်အစိုး ရက အမြန်ရထားပြေးဆွဲချိန်ကိုသာ ထက်ဝက်လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။


ဂျပန်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသော ချေးငွေများကို နှစ်ရှည်ချေးငွေရယူကာ ပြန်လည်ပေးဆပ်ရန် လွှတ်တော် သဘောတူ

ဂျပန်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသော ချေးငွေများကို နှစ်ရှည်ချေးငွေရယူကာ ပြန်လည်ပေးဆပ်ရန် တင်ပြချက် ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၂၄ ရက်နေ့တွင် သဘောတူခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ JICA ချေးငွေ (ယခင် OECF ချေးငွေ)ရယူခဲ့သည့် ၀န်ကြီးဌာန ၁၂ ခုရှိပြီး ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ ချေးငွေများရယူခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပြန်လည်ပေးဆပ်ရန် ကြွေးမြီမှာ ဂျပန်ယန်း ၅၀၂ ဒသမ ၄ ဘီလျံ ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံအစိုးရမှ အဆိုပါကြွေးမြီများအနက် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလျံအား ကြွေးလျော်ခြင်း၊ ကြွေးမြီ ဂျပန်ယန်း ၁၂၇ ဒသမ ၄ ဘီလျံကို ပယ်ဖျက်ပေးခြင်း၊ ကျန်ရှိသောကြွေးမြီ ဂျပန်ယန်း ၁၉၈ ဒသမ ၉ ဘီလျံအား နှစ်ရှည် သက်သာသော ချေးငွေအသစ်တစ်ရပ် ထုတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ဖြေရှင်းရန်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပေးဆပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဘဏ်များဖြစ်သော Bank of Tokyo Mitsubishi ၊ Mitsubishi-Sumitomo Bank နှင့် Mizoho Bank တို့မှ နှစ်ရှည်ချေးငွေများ
 ချေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ref:EMG

ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ယခုထက် ပိုမိုပွင့်လင်းမြင်သာရန်လို


ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ယခုထက် ပိုမိုပွင့်လင်းမြင်သာရန်လိုကြောင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၊ အတွင်းရေးမှူး၊ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဇူလိုင်လ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
''ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၁၀ ဖွဲ့နဲ့တော့ ဆွေးနွေးနေပါတယ်။နောက်ထပ် အပစ်အခတ်မရပ်စဲသေးတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ အခုအချိန်မှာ ပြည်ထောင်စုဝန်ကြီးတစ်ဦးပဲ ဆွေးနွေးနေ ပါတယ်။ ဒီအပေါ်မှာလည်း ဒီထက်ပိုပြီး ပွင့်လင်းထင်သာမြင်သာ ရှိဖို့ လိုပါတယ်လို့ ကျွန်မပြောလိုပါတယ်။ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသား လူမျိုးစုဆိုတဲ့အထဲမှာ ဗမာလည်း တိုင်းရင်းသားပါပဲ။ ဗမာဆိုရင် တိုင်းရင်းသားတွေထဲမှာ လူများစု တိုင်းရင်းသားဖြစ်ပါတယ်။ လူများစု တိုင်းရင်းသားဖြစ်တဲ့အတွက် ဗမာကပဲဦးဆောင်ပြီး ဒီကနေ့ တိုင်းရင်းသားတွေရဲ့အခြေအနေကို ဆောင်ရွက်ပေးမယ်ဆိုရင် အောင်မြင်မှု မရရှိနိုင်ပါဘူး။ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုပါတယ်။

ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင် တည်ငြိမ်နေသည့်တိုင် ရေရှည်တွင် စိတ်မချရကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက  ပြောကြားသည်။

မြန်မာ့ ပို့ကုန်တင်သွင်းမှုကို ပိတ်ပင်ထားခြင်းအားပြန်ရုပ်သိမ်းရန်လိုသေးဟု ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင် ငံရေးပြုပြင်ပြောင်းလဲမှုများကို အမေရိကန်အစိုးရက အားပေး နေသော်လည်း မြန်မာနိုင်ငံမှာ အမေရိကန်သို့ သွင်းကုန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းရန် အတွက် တိုးတက်မှုများတွေ့ရရန် လိုအပ်သေးကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဟောမက်က ဇူလိုင် ၂၃ရက်တွင်ပြောသည်။

ကမ္ဘာ့ဘဏ် အဆင့်မြင့်အရာရှိတစ်ဦးကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် လာရောက်မည်

ကမ္ဘာ့ဘဏ်အရှေ့  အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌMs. Karin Finkelston သည် မြန်မာနိုင်ငံသို့ ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် ဇူလိုင် ၃၀ မှ သြဂုတ် ၁ရက်အထိသုံးရက်ကြာခရီးလာရောက်မည်ဖြစ်သည်။ အစိုးရသစ်လက်ထက်

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တနှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ် လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ကထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။


ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေကြည့်ဖို့ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဖို့အတွက် ဒီလုပ်ငန်းဖြစ်ထွန်းနေတာလို့ဆိုပါတယ်။