Sunday 3 May 2015

တပ်မတော်နှင့် ကချင်တပ်မတော် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းလေ့ လာရန် အစိုးရဘက်မှ ခွင့်ပြုချက်မရသေး

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့် ဒေသနှင့် တနိုင်းဒေသ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစိုးရဘက်မှ ယနေ့ထိ ခွင့်ပြု ချက် မရသေးကြောင်း KIO နှင့် ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ PCG က ပြောသည်။
“မရသေးဘူး။ စောင့်နေတယ်။ ကျနော်တို့ ကေအိုင်အိုအဖွဲ့က စောင့်နေ တုန်းပဲ။ ဘာဖြစ်လို့ ကြာလဲ မသိဘူး။ PCG အဖွဲ့က မေးနေတယ်။ သူတို့ အဆက်အသွယ်လုပ်နေတယ်။ မေးမြန်းနေပါတယ်”ဟု မြစ်ကြီးနားမြို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါး က ပြောသည်။
တိုက်ပွဲအခြေအနေများ စုံစမ်းစစ်ဆေးရန် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့ကလည်း ယနေ့ထိ မြစ်ကြီးနားမြို့ KIO ရုံးတွင် စောင့်နေသည်ဟု သူက ပြောသည်။

တာချီလိတ်လေဆိပ် တွင် Asian Wings လေယာဉ် ပြေးလမ်းပေါ်၌ ဘီးပေါက်မှုဖြစ်ပွား

ယနေ့ မေ ၂ ရက်၊ ညနေ ၃ နာရီ ၅ မိနစ်ခန့်က တာချီလိတ် လေဆိပ်တွင် Asian Wings လေယာဉ် (XY-AJQ) သည် တာချီလိတ် - မြစ်ကြီးနား၊ မန္တလေး ခရီးစဉ်အဖြစ် ခရီးသည် (၄၄)ဦး နှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလျက် လေယာဉ်ပြေးလမ်းပေါ်၌ စတင် ပျံသန်းထွက်ခွာ ရန် ပြင်ဆင်စဉ် မတက်နိုင်သဖြင့် လေယာဉ် ကွင်းရှိရာ သို့ ပြန်လည်ကွေ့ ခဲ့ရကြောင်း သိရသည်။

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။