
ကမ္ဘာ့ အကြီးဆုံး ဖြစ်လာမည့် ဟိုတယ်ကြီးကို ဆော်ဒီ အာရေဗျနိုင်ငံတွင် စတင် တည်ဆောက် တော့ မည် ဖြစ်ပြီး အခန်းပေါင်း တစ်သောင်း ပါဝင်မည်ဟု သိရသည်။ အဘရက်ဂ်ျကူဒိုင် ဟိုတယ်ဟု နာမည်ပေး ထားပြီး ဒေါ်လာ သန်း (၃၅၀၀) ကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်သည်။ ဆော်ဒီသို့နှစ်စဉ် ဟက်ဂ်ျ ဘုရားဖူး ခရီးသည် နှစ်သန်း လာရောက်လျက်ရှိ သော မက္ကာနှင့် နှစ်ကီလိုမီတာသာ ဝေးသောနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ ၂၀၁၇ တွင် ဖွင့်လှစ်မည်ဟု သိရသည်။