Tuesday 13 May 2014

အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ


အမြန်လမ်းမကြီး၊မိုင်တိုင် ၁၁၆ တွင် အကျွတ်အလွတ်ပွဲပြုလုပ်ခဲ့ရာ ပရလောကသားတို့၏ ခြေရာများတွေ့ ရှိစဉ်
ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။

ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား

Photo: ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား
Tuesday, May 13, 2014 

ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
    
ပြည်တွင်း၌ နိုင်ငံခြားသားအချို့အနေဖြင့် လိမ်လည်မှုအများစုမှာ စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်အောင် ပြောဆိုဆောင်ရွက်ပြီး လိမ်လည်မှု၊ တန်ဖိုးကြီး စိန်ထည်၊ ရွှေထည်နှင့် ကျောက်မျက်ရတနာများကို ခိုးယူမှုများဖြစ်ပွားနေကြောင်း သိရသည်။
    
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုဖြစ်ပွားနေတဲ့ နိုင်ငံခြားသားတွေက လိမ်လည်တဲ့အခါမှာ အမြတ်အရမ်းလိုချင်တဲ့သူတွေကို မက်လုံးပေးပြီးတော့ လိမ်လည်တာတွေရှိတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ ဈေးရောင်းတဲ့သူတွေကလည်း နိုင်ငံခြားသားတွေက မခိုးလောက်ဖူးဆိုပြီးတော့ အထင်ကြီးနေတာတွေရှိတယ်။ သူတို့ဆိုရင် ပစ္စည်းတွေရောင်းရပြီဆိုပြီးတော့ ထင်ကြတယ်။ အဲဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ လိမ်လည်သွားတာတွေ၊ ခိုးယူတာတွေ အများအပြားဖြစ်လာတယ်။ အခုနှစ်ပိုင်းမှာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံသားအချို့က လိမ်လည်ခိုးယူမှုဖြစ်စဉ်တွေရှိလာတယ်" ဟု မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
    
နိုင်ငံခြားသားများမှ လိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခုမှာ ဧပြီ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် Junction Square ရှိ Rose Mary စိန်ရွှေရတနာဆိုင်မှ ပါကစ္စတန်နိုင်ငံသားနှစ်ဦးက စိန်ထည်ပစ္စည်းများအား ကြည့်ချင်ယောင်ဆောင်ပြီး ကျပ် ၁၁၈ သိန်းတန်ဖိုးရှိ အသည်းပုံ စိန်လော့ကတ်တစ်ခုနှင့် ငွေကျပ် ၉၆ သိန်းကျော်တန်ဖိုးရှိ မိုးစက်ပုံ စိန်လော့ကတ်တစ်ခုတို့အား ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
"ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ ကောင်းတဲ့သူတွေရော မကောင်းတဲ့သူတွေရှိပါတယ်။ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို အမြတ်အစွန်းအများကြီးရမယ်ဆိုပြီးတော့အတွက် လိမ်လည်သွားတာတွေလည်းရှိတယ်။ ဘယ်အလုပ်ကိစ္စမဆို သေသေချာချာ ဆွေးနွေးစုံစမ်းပြီးတော့ လုပ်သင့်ပါတယ်။ နိုင်ငံခြားသားတွေဆိုပြီးတော့ ယုံကြည်မှုကို အလွန်အကဲမပေးသင့်ပါဘူး။ အခုပြစ်မှုကျူးလွန်ပြီးတော့ မမိသေးတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ထုတ်ဖို့အတွက် အင်တာပိုနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်" ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက မေ ၁၂ ရက်တွင် ပြောကြားသည်။
    
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး.... (၄၉) နှစ်အား ဂါနာနိုင်ငံသားသုံးဦးက ပူးပေါင်းကာ ဟိုတယ်လုပ်ငန်း အကျိုးတူဆောင်ရွက်လိုကြောင်း ဆက်သွယ်ပြောဆိုပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ အား လိမ်လည်မှု၊ ထို့အပြင် လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူသုံးစွဲနေသည့် အနေအထားရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ကြောင်း ထပ်မံပြောဆိုပြီး အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား ထပ်မံလိမ်လည်ရယူသွားမှု ဖြစ်ပွားခဲ့သည်။
    
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်းရတနာပစ္စည်းဆိုင်မှ တရုတ်နိုင်ငံသားနှစ်ဦးက ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်အလွတ်နှစ်ပွင့်အား ခိုးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးအောင်မြတ်မိုးက " ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကို နိုင်ငံခြားသားဦးရေ နှစ်သန်းကျော်လောက် ၀င်ရောက်ခဲ့တယ်။ ဒီနှစ်မှာ ဦးရေသုံးသန်းလောက် မှန်းထားတယ်။
ရဲတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေကို ဖော်ရွေ ဖို့၊ ကူညီစောင့်ရှောက်ဖို့မှာထားတယ်။ ဒီလိုတစ်ဆက်တည်းမှာပဲ လေဆိပ်မှာ နိုင်ငံခြားသားတွေခိုးယူလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ဆေးတွေ့ရှိရတယ်။ ဟိုတယ်အခန်းခတွေကိုလည်း အပြည့်အ၀မရှင်းဘဲနဲ့ ရှောင်ပြေးသွားတာတွေ စတဲ့မှုခင်းဖြစ်စဉ်တွေ တဖြေးဖြေးဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီးတော့ ဆောင်ရွက်မယ်ဆိုရင် နစ်နာမှုမရှိနိုင်ဘူး။ အိမ်ရှင်ဖြစ်တဲ့အတွက် ကူညီရမယ်ဆိုပေမဲ့လည်း ဧည့်သည်တွေက အိမ်ရှင်တွေကို မစော်ကားသင့်ပါဘူး" ဟု ပြောကြားခဲ့သည်။
    
ယင်းကဲ့သို့ နိုင်ငံခြားသားနှင့် ဆက်စပ်မှုခင်းများ ဖြစ်ပွားလာမှုကြောင့် ပညာပေးဆွေးနွေးဟောပြောမှုများ ပြုလုပ်ရာတွင် ထည့်သွင်းဟောပြောမှုများ ပြုလုပ်လာရကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။
    
"ကျွန်တော့်ပြည်နယ်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ ထွက်ရှိတဲ့ငါးတွေကို ပြည်တွင်းမှာပဲ ရတဲ့ဈေးနှုန်းနဲ့ ညှိနှိုင်းပြီးတော့ ရောင်းချဖို့ပြောထားတယ်။ ဆက်စပ်တဲ့နိုင်ငံတွေကို တင်ပို့ရောင်းချမယ်ဆိုရင်တော့ တရားဝင်စာချုပ်စာတမ်းတွေပြုလုပ်ဖို့ ပြောထားပါတယ်။ နိုင်ငံခြားသားအချို့က တရားဝင်ကိုယ်စားလှယ်ဆိုပြီး စာရွက်စာတမ်းအတုပြုလုပ်ကာ လိမ်လည်မှုတွေရှိလာတယ်" ဟု ရဲမှူးကြီး ကြည်လင်းက ဆက်လက်ပြောကြားခဲ့သည်။
    
မှုခင်းဖြစ်စဉ်များအား ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အများနှင့်ဆိုင်သောနေရာများတွင် စီစီတီဗွီများတပ်ဆင်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

Eleven Media Group 

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ်
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ်ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။

ရာဇာမင်းကား တိမ်းမှောက်မှု ဒဏ်ရာရသူ သုံးဦး စိုးရိမ်နေရဆဲဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ပြော

Photo: ရာဇာမင်းကား တိမ်းမှောက်မှု ဒဏ်ရာရသူ သုံးဦး စိုးရိမ်နေရဆဲဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ပြော
Tuesday, May 13, 2014

နေပြည်တော်၊ မဇ္ဈိမ။ ။ ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူသုံးဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက မဇ္ဈိမကို မေလ ၁၄ရက်တွင် ပြောကြားသည်။

၎င်းက "စိုးရိမ်ရတဲ့ လူနာက နှစ်ယောက်၊ သုံးယောက်ရှိတယ်။ ဦးနှောက်အာရုံကြော ward မှာရယ်၊ အရိုးရယ်၊ အထူးကြပ်မတ်ဆောင်မှာရယ်ရှိတယ်။ သတိ မလည်သေးတာ (Unconcious) တစ်ယောက်၊ နှစ်ယောက်တော့ရှိပါတယ်"ဟု ပြောသည်။

ဒဏ်ရာရသူ ၂၉ ဦးအနက် ၂၆ ဦးကို နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံ၌ ကုသပေးနေပြီး ကျန်လူနာ သုံးယောက်ကိုမူ လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံး၍
ကုသပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းအရက်သောက်ခြင်း၊ မိုင်နှုန်းပိုမောင်းနှင်ခြင်းကြောင့် မဟုတ်ဘဲ မိုးရွာချိန်ဖြစ်၍ တိမ်းမှောက်သည်ဟု ယူဆနိုင်ကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။

ရာဇာမင်းကား၊ နေပြည်တော်ဂိတ်တာဝန်ခံ ဦးအေးမင်းထွန်းက "ကျွန်တော်တို့ဂိတ်မှာ ယာဉ်မောင်းတွေက အရက်သောက်ခွင့် မရှိပါဘူး"ဟုဆိုသည်။

မော်တော်ကားသည် အခင်းဖြစ်ပွားရာ နေရာ မရောက်မီ တစ်ဖာလုံခန့်မှစတင်၍ လမ်း၏ညာဘက်သို့ ဘီးကျသွားကာ မိုင်တိုင် ၁၉၇/၆ အရောက်တွင် ကွန်ကရစ်တုံးများ၊ တံတားလက်ရမ်းများနှင့် အကာများကို တိုက်မိကာ တံတားအောက်သို့ ၄၅ ဒီဂရီစောင်း ကာတိမ်းမှောက်သွားသည်ဟု ရဲမှူးကြီး နေ၀င်းက ပြောသည်။

၎င်းက "အမြင့်ပေကတော့ ၅၀ လောက်ရှိမှာပေါ့"ဟု ဆိုသည်။

နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက "ယာဉ်လိုင်းတွေမှာ တစ်ရက်တည်း နှစ်ကြောင်းပြေးတဲ့ ယာဉ်လိုင်းဆိုလို့
ရာဇာမင်းနဲ့ တစ်ခြား တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲရှိပါတယ်" ဟု မှတ်ချက်ပြုသည်။

ရာဇာမင်းဂိတ်မှ နေပြည်တော်တာဝန်ခံဦးအေးမင်းက အဆိုပါ မော်တော်ကားသည် မေလ ၁၂ရက် နံနက် မှ ရန်ကုန်မှထွက်လာရာ မွန်လွဲချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာပြီး ညနေ ငါးနာရီတွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။

ဖြစ်စဉ်တွင် ယာဉ်အကူ(စပယ်ယာ)သေဆုံးခဲ့သော်လည်း ယာဉ်မောင်းမှာမူ စိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ အတွင်းလူနာအဖြစ်ကုသနေရကာ ၎င်းကို အစောင့်ရဲများနှင့် သီးသန့်ထားရှိကာ လောလောဆယ်တွင် ခြေချုပ်ခတ်ထားပြီး ပုဒ်မ ၃၀၄(က)၊ ၃၃၇ ၃၃၈ စသည်တို့ဖြင့်စွဲဆိုထားသည်ဟု ဆိုသည်။

၂၀၀၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၆၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဝင်းကိုကိုလတ်
Mizzima - News in Burmese

ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ၀င်းကိုကိုလတ်)
ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ၀င်းကိုကိုလတ်)
ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူ သုံးဦးမှာ စိုးရိမ်ရသည့်အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်း က မဇ္ဈိမကို မေလ ၁၄ရက်တွင် ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရကိုဝေဖန်ခဲ့သူတွေကို အမိန့်ချလိုက်ပြီ

 ပြည်သူ့ဒီမိုကရေစီပါတီမှ ထုတ်ဝေသော ပြည်သူ့လုပ်သား သတင်းစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ သည် ပြည်နယ်အတွင်း ရှိ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း များကို ဖျက်သိမ်းခြင်း၊ မြစ်ကြီးနား မြို့ရှိ ပြည်သူ့ အားကစား ကွင်းကို ကချင်ပြည်နယ်  အစိုးရအဖွဲ့က ဂရန်လျှောက်ထားခဲ့ခြင်း၊ တနိုင်း ဒေသမော်တော် စက်လှေ အသင်း၏ ဘဏ္ဍာရေး ရှင်းတမ်း မရှင်းခြင်းနှင့် ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်း စဉ်လာများကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ၀င်ရောက်စွတ်ဖက်ခြင်းများပြုလုပ် ခဲ့သည်ဟု ဖော်ပြ ခဲ့ခြင်းကြောင့် ကချင်ပြည်နယ်အစိုးရကပါတီတာဝန် ရှိသDr. သန်းထိုက်ဦးအပါဝင် (၃)ဦးကို ၁၉၆၂ ခုနှစ် ပုံနှိပ်သူ များနှင့် ထုတ်ဝေသူများမှတ်ပုံတင် ဥပဒေနှင့် ပုဒ်မ(၅၀၀)တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မိုးရာသီ နီးကပ်လာ၍ ကချင်စစ်ရှောင်ဒုက္ခသည်များ အမိုးအကာလိုအပ်

Photo: မိုးရာသီ နီးကပ်လာ၍ ကချင်စစ်ရှောင်ဒုက္ခသည်များ အမိုးအကာလိုအပ်
Tuesday, May 13, 2014

မိုးရာသီ နီးကပ်လာပြီဖြစ်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် တိမ်းရှောင် ထွက်ပြေး နေသည့် ထောင်ချီသော စစ်ရှောင်ဒုက္ခသည်များအတွက် အမိုးအကာနှင့် မိုးလုံလေလုံတဲများ လိုအပ်နေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဧပြီလမှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်စခန်းများသို့ ဒုက္ခသည်များ ပြောင်းရွှေ့ ခိုလှုံလာကြကြောင်း၊ စစ်ရှောင် ဒုက္ခသည် စခန်းများတွင် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ထွက်ပြေးခိုလှုံ လာကြသည့် ဒုက္ခသည်ဦးရေ ၁ သိန်း ခန့် ရောက်ရှိ နေသည်ဟု ခန့်မှန်းချက်များရှိနေပြီး လတ်တလော ထွက်ပြေးတိမ်းရှောင်နေကြသော ဒုက္ခသည်များသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသည့် အဖြူရောင် ယာယီတဲများတွင်သာ နေထိုင်ကြရကြောင်း ယင်းယာယီတဲများသည် မိုးဒဏ်၊ လေဒဏ်ကို မခံနိုင်ကြောင်း ဒုက္ခသည်များကို ကူညီစောင့် ရှောက်နေသော အဖွဲ့အစည်းများထံမှ သိရှိရသည်။

မိုင်ဂျာယန်တွင် အခြေစိုက် စစ်ရှောင်ဒုက္ခသည်များကူညီပေးရေး အဖွဲ့ဖြစ်သော ၀မ်ပေါင်နင်တွဲ (WPN) အဖွဲ့မှ ဒေါ်မေရီတောင်က “ ပြီးခဲ့တဲ့ရက်တွေမှာ မိုးတွေရွာတော့ ဒုက္ခသည်တွေနေတဲ့ တဲတွေထဲကို ရေတွေ ၀င်လာတယ်။ ရေတွေကို အပြင်ကို ပြန်ထုတ် နေရတဲ့ အတွက် ဒုက္ခသည်တွေ အခက်အခဲ တွေ့နေကြတယ်” ဟု ပြောသည်။

မန်ဝိန်းကြီး ကျေးရွာမှ စစ်ရှောင် ဒုက္ခသည်များဆီသို့ မကြာသေးခင်က သွားရောက် ကူညီခဲ့သည့် အဖြူရောင် တွဲလက်များ အဖွဲ့ဝင် မဖြူအိသိန်းက ဒုက္ခသည်များ အတွက် နောက်ထပ် အစားအသောက်များ ထပ်မံ ပေးပို့နိုင်ရေးတွင် အခက်အခဲများ ရှိနေကြောင်း ပြောသည်။

တိုက်ပွဲများကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် Save the Children ကဲ့သို့သော နိုင်ငံတကာ NGO များက တိုးပွားလာသည့် ကချင် စစ်ရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့်အကူအညီသစ်များ ပေးပို့ရန် အခက်အခဲဖြစ်နေပြီး တိုက်ပွဲများမဖြစ်ပွားမီ ပေးပို့ထားသော စားနပ်ရိက္ခာနှင့် အထောက်အပံ့များသည် ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များ အတွက် လုံလောက်ခြင်း မရှိဟု သိရှိရသည်။

စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးနေသည့် ကရုဏာမြန်မာ လူမှုရေး အဖွဲ့၏ အဆိုအရ လူဦးရေ ၃၃၀၀ ရှိသည့် မန်ဝိုင်းကြီး ကျေးရွာသို့ ဒုက္ခသည် ၃၀၀၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု ဆိုသည်။

မန်ဝိုင်းကြီး ကျေးရွာသည် အစိုးရ စစ်တပ်က ထိန်းချုပ်ထားသည့် နေရာဖြစ်သည်ဟု သိရှိရသည်။

မန်ဝိုင်းကြီး ကျေးရွာတွင် ရိုမန်ကက်သလစ် ဒုက္ခသည်စခန်း နှင့် ကချင်နှစ်ခြင်း အသင်းတော်က ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းတို့ရှိပြီး ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို စာသင်ကျောင်းတခုအတွင်းတွင် ယာယီစခန်း တခုဆောက်လုပ်နေရာချထားသော်လည်း အမိုးအကာ လိုအပ်ချက်များရှိနေကြောင်း သိရှိရသည်။

“ ကျောင်းထဲမှာ အခု နေထိုင်ကြတဲ့ သူတွေက မေလကုန်လို့ ကျောင်းဖွင့်တဲ့ အခါကျရင် ရွှေ့ပြောင်း ပေးရ တော့မယ်၊ သူတို့ အတွက် အမိုးအကာ ရဖို့ အရေးတကြီး လိုအပ်နေတယ်။ UNHCR ကပေးတဲ့ တဲတွေကလည်း မိုးရာသီ ရောက်ရင် နေလို့မကောင်းဘူး၊ သူတို့ကို အမိုးအကာ ဆောက်လုပ်ပေးဖို့လည်း ဘတ်ဂျက် မရှိဘူး” ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် မဖြူအိသိန်းက ပြောသည်။

အမှတ်၂ Bum Tsit Pa ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၀၀၀ ခန့်သည် UNHCR ၏ တဲများတွင် နေထိုင် နေကြရပြီး ဒုက္ခသည်အများစုသည် ၎င်းတို့ ယခင်က နေထိုင်ခဲ့သည့် နမ့်လင်းပါစခန်း အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် တိမ်းရှောင် လာသူများဖြစ်ကြောင်း WPN အဖွဲ့မှ ဒေါ်မေရီတောင်က ပြောသည်။

“ဒီစခန်းမှာ ဒုက္ခသည်တွေ ရောက်နေတာ ၃ နှစ် ရှိပြီ။ အထပ်သား အမိုးအကာတွေက မိုးရာသီ ဆို မခံနိုင်ဘူး။ ပြန်ပြင်ဖို့ လိုနေပြီ။ ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် ငွေကြေးလည်း အဆင်သင့် မရှိဘူး” ဟု ဒေါ်မေရီတောင်က ဆိုသည်။

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ဒေသတွင် စစ်ရှောင် ဒုက္ခသည် ၉၀၀ ကျော် ထပ်မံ ရောက်ရှိလာပြီး ယာယီတဲများနှင့် နေထိုင် နေကြရကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သည့် မခွန်ဂျာ၏ အဆိုအရ သိရှိရသည်။

ဧရာဝတီ

ကချင်ဒုက္ခသည်များကိုတွေ့ရစဉ်
ကချင်ဒုက္ခသည်များကိုတွေ့ရစဉ်
မိုးရာသီနီးကပ်လာပြီဖြစ်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် တိမ်းေ ရှာင် ထွက်ပြေး နေသည့် ထောင်ချီသော စစ်ရှောင်ဒုက္ခသည်များအတွက် အမိုးအကာနှင့် မိုးလုံလေလုံ တဲများ လိုအပ်နေကြောင်း သိရှိရသည်။

ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ

Photo: ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ
Tuesday, May 13, 2014

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ် အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။

Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာသာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။

ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံးအတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့် အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည်များကိုလည်း သိမ်းဆီးရမိခဲ့သည်။

အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရမည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

(ပုံ- ဘာသာရေးပုလိပ်များ)
Ref ; Yahoo

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ် အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။

ကဆုန်လပြည့်နေတွင် ထားဝယ် ရိုးရာ ကျွဲခတ်ပွဲ ကျင်းပ


ယနေ့သည် ဗုဒ္ဓဘာသာဝင် တို့၏ အထွတ်အမြတ် ထားရာ ကဆုန် လပြည့်နေ့ ဖြစ် သည်နှင့် အညီကဆုန်ညောင်ရေသွန်း ပွဲတော်ကို ကျင်းပလျက် ရှိရာ တနင်္သာရီ တိုင်းဒေသကြီး ၊ ထားဝယ်ဒေသ အတွင်း အစည်ကားဆုံး ပွဲတော် ကျင်းပ ရာနေရာဖြစ်သည့် ရှင်မုတ္ထီး ဘုရား အနီးတွင် ထားဝယ်ရိုးရာ ကျွဲခတ်ပွဲ ကို မွန်းလွဲ ၂ နာရီ အချိန်မှ စ၍ စတင် ကျင်းပနေပြီဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင်အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့်တစ်ဦးသေဆုံး

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ၏ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၁၀ ရက်၊ ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယား သမ္မတကို နိုင်ငံရေးပြည့်တန်ဆာဟု မြောက်ကိုရီးယား သုံးနှုန်းတိုက်ခိုက်

Photo: တောင်ကိုရီးယား သမ္မတကို နိုင်ငံရေးပြည့်တန်ဆာဟု မြောက်ကိုရီးယား သုံးနှုန်းတိုက်ခိုက်
Tueday, May 13, 2014

တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည်ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆိုလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်စခန်းများကို ထောက်လှမ်းရန် မတ်လက မောင်းသူမဲ့လေယာဉ် စေလွှတ် ထောက်လှမ်းခဲ့သည်ဟု အမေရိကနှင့် တောင်ကိုရီးယားတို့က လုပ်ကြံ ပြောကြားခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

ထို့ပြင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း နိုင်ငံရေး ပြည့်တန်ဆာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကသည် ပတ်ဂွမ်ဟေး ဖန်တီးထားသော ထိပ်တိုက် ရင်ဆိုင်ရေး အကြံအစည်ကို မျက်စိမှိတ် ထောက်ခံ နေကြောင်းကိုလည်း အမည်ဖော်ပြခြင်း မရှိသည့် မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန် ပြောကြားချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ထုတ်ပြန် ကြေညာချက်သည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း၊ မြောက်ကိုရီးယားသည် နိုင်ငံတစ်ခုဟုပင် မခေါ်နိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမရှိဘဲ လူတစ်ဦး တစ်ယောက်ကိုသာ အကာအကွယ်ပေးရန် တည်ရှိနေရသော နိုင်ငံတစ်ခုဟု ဆိုနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နည်းနာပိုင်းအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။

မြောက်ကိုရီးယား၏ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကကို တိုက်ခိုက်သည့် စကားလုံးများဖြင့် သုံးနှုန်း ပြောဆိုခြင်းသည် နောက်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဧပြီလကလည်း အမေရိကန်သမ္မတ အိုဘားမားကို ကောက်ကျစ်စဉ်းလဲသော မျောက်မည်းဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။

မတ်လနှောင်းပိုင်းက တောင်ကိုရီးယား နယ်မြေဘက်ခြမ်း နေရာ သုံးခုတွင် တွေ့ရှိရသော မောင်းသူမဲ့လေယာဉ် သုံးစင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

The Voice Weekly
တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည် ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆို လိုက် ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး ကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မုံရွာတက္ကသိုလ်ဆေးရုံ၌ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများ အခမဲ့ ဆေးကုသခွင့်ရရှိမည်

Photo: မုံရွာတက္ကသိုလ်ဆေးရုံ၌ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများ အခမဲ့ ဆေးကုသခွင့်ရရှိမည်
Tueday, May 13, 2014

နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် မုံရွာတက္ကသိုလ် ဆေးရုံကို ၂၀၁၄ ခုနှစ်တွင်း ပြင်ဆင်မှုများ ပြုလုပ်ခြင်းနှင့် ဆေးဝါးများ ဖြည့် တင်းပြီး ဖြစ်သောကြောင့် ယခုနှစ် ကျောင်းဖွင့်ရာသီမှ စတင်၍ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့ ဆေးကုသခွင့် ရရှိတော့မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အနေနှင့် ဖျားနာခြင်းများ၊ ထိခိုက်ဒဏ်ရာ ရှိခြင်းများကို တက္ကသိုလ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနိုင်ပြီး၊ ဆေးဝါးများအတွက် အခကြေး ငွေပေးစရာ မလိုဘဲ အခမဲ့ ကုသနိုင်မည်ဟု ၎င်းကပြောဆိုသည်။ 

“ဒီဆေးရုံ အဆောက်အအုံက ရှိခဲ့တာတော့ ကြာပါပြီ။ ဒီအတိုင်းပဲ ပစ်ထားခဲ့တာ။ အခုတော့လမ်းတွေ၊ အဆောက်အအုံတွေ ပြန်လည် ပြင်ဆင်ပြီးပါပြီ။ ဆေးတွေလည်း ထည့်ပြီးပြီဆိုတော့ ဒီနှစ် ကျောင်းဖွင့် ရာသီကစပြီး ဆေးကုမှု ခံယူနိုင်တော့မှာပါ။ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ခန့်ထားပြီးပါပြီ” ဟု မုံရွာ တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ပြောဆိုသည်။

မုံရွာတက္ကသိုလ် နယ်မြေအတွင်းတွင်၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း စာသင်ဆောင်အသစ်များ၊ အားကစားခန်းမများ၊ စာကြည့်တိုက် အသစ်များ တည်ဆောက်ခဲ့သည့်အပြင် ဘွဲ့နှင်းသဘင် ခန်းမအသစ်ကြီးကိုလည်း တည်ဆောက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေနှင့် ယခင်ကမုံရွာ တက္ကသိုလ်ထက် သာလွန်နေပြီ ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဝန်ထမ်းများနှင့် ဆရာဆရာမများက တူညီစွာ ပြောဆိုသည်။

“မုံရွာတက္ကသိုလ်မှာ ကျွန်တော်တို့ တက်ခဲ့တုန်းက တောကြီးပါပဲ။ အခုတော့ ပန်းခြံတွေ၊ ဆိုင်ကယ်တွေ စနစ်တကျ ရပ်နိုင်တဲ့ နေရာတွေ၊ နောက်ပြီးလမ်း ညွှန်ဆိုင်းဘုတ်တွေနဲ့ အရင်ကနဲ့ ဘာမှမတူအောင် ပြောင်းလဲသွားပြီ” ဟု မုံရွာ တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည့် ကျောင်းသားဟောင်း တစ်ဦးက ပြောကြားသည်။

The Voice Weekly
နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် မုံရွာတက္ကသိုလ် ဆေးရုံကို ၂၀၁၄ ခုနှစ်တွင်း ပြင်ဆင်မှု များ ပြု လုပ်ခြ င်းနှင့် ဆေးဝါးများ ဖြည့် တင်းပြီး ဖြစ်သောကြောင့် ယခုနှစ် ကျောင်းဖွင့်ရာသီမှစတင်၍ တက္ကသိုလ် ဝန် ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့ ဆေးကုသခွင့်ရရှိတော့မည် ဖြစ်ကြောင်း ယင်း တက္ကသိုလ် တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဟန်လင်းမြို့ဟောင်းမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်း အပ်နှံသူကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ကျပ်သိန်း ၃၀ ခန့် ပေးအပ်

ပျူမြို့ဟောင်း သုံးမြို့တွင်ပါဝင်သည့် ဟန်လင်းမြို့ဟောင်းမှ တူးဖော်ရရှိသော အလေးချိန် လေးကျပ် သားကျော်ရှိ ရှေးဟောင်း ရွှေလက်ပတ် အပ်နှံခဲ့သည့် ဒေသခံတောင်သူကို ကျပ်သိန်း ၃၀ ခန့် (ကျပ် ၂,၉၉၇,၈၈၇) ပြန်လည် ပေးအပ်ခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဟန်လင်းဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြော ကြားသည်။

စွမ်းဆောင်ရည်မြင့် Chromebook များကို Google နှင့် Intel မိတ်ဆက်

Photo: စွမ်းဆောင်ရည်မြင့် Chromebook များကို Google နှင့် Intel မိတ်ဆက်
Tueday, May 13, 2014

ပြီးခဲ့သည့် ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Google နှင့် Intel သည် Acer, Asus, Dell, Lenovo နှင့် Toshiba တို့၏ Chromebook အသစ်များ မိတ်ဆက်ခဲ့ကြောင်း သိရသည်။
 
ထို့အပြင် Google က Chromebook များတွင် မကြာမီ Google Now နည်းပညာ ပါဝင်လာတော့မည်ဖြစ်ပြီး offline အဖြစ် Google Play ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များကို ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Chromebook များသည် Google ၏ Chrome OS အသုံးပြုထားသည့် laptop များဖြစ်ပြီး ၎င်းတို့သည် Netbook များဖြင့် တူညီမှုရှိကာ သာမန် laptop ထက် စွမ်းဆောင်ရည် အနည်းငယ်မြင့်မားသည်။  မျိုးဆက်သစ် Chromebook များတွင် ပါဝင်သည့် Intel ချစ်ပ်သည် ယခင်ထွက်ရှိပြီးသား model များထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာကြောင်း သိရသည်။
 
Chromebook ဒီဇိုင်းသစ်များတွင် Intel ၏ "Bay Trail" ကို အခြေခံထားသည့် Intel Celeron ပရိုဆက်ဆာများ ပါဝင်သောကြောင့် ဘက်ထရီကို ၁၁ နာရီအထက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Intel သည် နောက်ဆုံးပေါ် Intel စတုတ္ထမျိုးဆက် Intel Core i3 ပရိုဆက်ဆာ အသုံးပြုထားသည့် စွမ်းဆောင်ရည်မြင့် Chromebook နှစ်ခုကိုလည်း မိတ်ဆက်ခဲ့သေးသည်။ အဆိုပါ Dell Chromebook ၁၁ နှင့် Acer C720 Chromebook တို့ကို ပရိုဆက်ဆာ အဆင့်မြှင့်ထားကြောင်း သိရသည်။
 
စိုးထက်
Ref: Mashable
7Day DAILY
ပြီးခဲ့သည့်ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Google နှင့် Intel သည် Acer, Asus, Dell, Lenovo နှင့် Toshiba တို့၏ Chromebook အသစ်များ မိတ်ဆက် ခဲ့ကြောင်း သိရသည်။

သရက်သီးပို့ကုန် တောင်ကိုရီးယား၊ ဂျပန်နှင့် မကာအိုသို့ ဈေးကွက် ချဲ့ထွင်ထိုးဖောက်မည်


တရုတ်နှင့် စင်ကာပူနိုင်ငံများသို့ မြန်မာ့သရက်၊ သခွားမွှေးနှင့် ဖရဲသီးများ တင်ပို့လျက်ရှိရာ ယခုအခါ တွင် တောင်ကိုရီးယား၊ ဂျပန်နှင့် မကာအိုနိုင်ငံများမှ မြန်မာ့သရက်များတင်သွင်းရန် ကမ်းလှမ်း လာေ သာကြော င့် အသင်းချုပ်အနေဖြင့် အဆိုပါနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရန် ဆွေးနွေးလျက် ရှိကြောင်း မြန် မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မြစ်ရေတစ်ရှိန်ထိုးမြင့်တက်နိုင်

Photo: ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မြစ်ရေတစ်ရှိန်ထိုးမြင့်တက်နိုင်
Tuesday, May 13, 2014

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၁၁ရက် ၌တစ်နေ့တည်း ၁၃ပေခန့်အထိ မြင့် တက်လာပြီး  မြစ်ဖြတ်သန်းရာ အောက်ပိုင်းဒေသများတွင်  မြစ်ရေတစ်ရှိန်ထိုးမြင့်တက်လာနိုင်သော ကြောင့် သက်ဆိုင်ရာဒေသတာ ၀န်ရှိသူများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံအထက်အစွန်း ပိုင်းပြည်တွင်းရော၊ ပြည်ပမှာရောမိုးကအဆက်မပြတ်ရွာနေတော့ ရွာသမျှမိုးက ဧရာဝတီမြစ်ထဲ စီးဝင်တာ။ တက်လာတဲ့ မြစ်ရေက အောက်ဘက်ကို တစ်ရှိန်ထိုးစီးလာမှာဖြစ်တဲ့အတွက် ရေယာဉ်တွေနဲ့ မြစ်ဘေးမှာ နေသူတွေကို သတိပေးချက်ထုတ်ထား ပါတယ်’’ဟု မိုး/ဇလဌာန မြစ်ရေခန့်မှန်းရေးဌာနဦးစီးအရာရှိ ဦးဝင်းမော်ကပြောသည်။

 မေလ၁၁ရက် တစ်ရက်တည်းတွင် မြစ်ကြီးနားမြို့၌ ဧရာဝတီ မြစ်ရေ ၁၃ပေအထိ မြင့်တက်ခဲ့ပြီး မြစ်အောက်ပိုင်းမြို့များဖြစ် သည့် ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့်ဇ လွန်တို့တွင် ၇ ပေမှ ၁၀ပေခန့်အထိ တစ်နေ့ချင်းအလိုက်အဆင့်ဆင့်မြင့်တက်လာနိုင်သည်။ ထို့ ကြောင့် မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်နှင့် သင်္ဘောများ၊ မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ဒေသခံများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်သတိပေးထားကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

 ‘‘မြစ်အထက်ကနေ ဆင်း လာတာကြောင့်   မြစ်ကြီးနား အောက်မှာရှိတဲ့ ဗန်းမော်နဲ့ကသာ မြို့မှာ ဒီနေ့တစ်နေ့တည်း ၁၀ပေ နဲ့ ၈ပေအထိတက်လာပြီ။ အ ထက်ပိုင်းက တချို့မြို့တွေမှာ မိုး လေ၀သစခန်းမရှိသေးလို့ ဘယ် လောက်အထိ မိုးရွာနေလဲဆိုတာမတိုင်းတာနိုင်ဘူး။ ဒီရက်ပိုင်း ဧရာဝတီမြစ်ရေကိုတော့ သတိပြုဖို့လိုတယ်’’ဟု  ဦးဝင်းမော်က မေလ၁၂ရက်ကပြောသည်။

ဧရာဝတီမြစ်ဖြတ်သန်းသွား သည့် ဟင်္သာတမြို့တွင်လည်း မြစ် ကမ်းနံဘေးသောင်ခုံများတွင် တဲ ထိုး၍ စိုက်ပျိုးရေးလုပ်ငန်းနှင့်တံ ငါလုပ်ငန်းလုပ်ကိုင်သူများစွာရှိ ပြီး မြစ်ရေကြီးမည့် သတိပေးချက် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သတိပေးထားကြောင်း ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

 ယခုရက်ပိုင်း မြန်မာနိုင်ငံအနှံ့ရွာသွန်းသောမိုးသည် မုတ်သုံမိုးကြောင့်မဟုတ်ဘဲ ဘင်္ဂလားပင် လယ်အော်နှင့် ကပ္ပလီပင်လယ် ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်များ၏ အရှိန်ကြောင့်ဖြစ် ကြောင်း  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းသို့ ၀င်မည့် မုန်တိုင်းသည်ပင်လယ်အော်တွင် အင်အားကောင်းကောင်းနှင့် တိုက်ခတ်နေစဉ်ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ယင်းမိုးကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းအတွင်းသို့ တောင်ကျရေများရုတ်တရက်စီးဝင်ကာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ရှိ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တို့တွင် မြစ်ကမ်းနံဘေးနေကျေးရွာဒေသခံများ၏ အိမ်များရေစီးနှင့်မျောပါခဲ့ရသည်။ လူသေဆုံး မှုအချို့ရှိခဲ့ပြီး ဒေသခံလူဦးရေသုံးသောင်းနီးပါး  ရေဘေးသင့်ခဲ့သည်။

 Author: အောင်သစ်လွင်

 7DAY DAILY
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၁၁ရက် ၌တစ်နေ့တည်း ၁၃ပေခန့်အထိ မြင့်တက်လာ ပြီး  မြစ်ဖြတ်သန်းရာ အောက်ပိုင်းဒေသများတွင်  မြစ်ရေတစ်ရှိန်ထိုးမြင့်တက်လာနိုင်သော ကြောင့် သက် ဆိုင်ရာဒေသတာ ၀န်ရှိသူများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ အမျိုးသမီးတွေ သတင်းယူခွင့်မရ

 
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်မှာ ကျင်းပနေတဲ့ ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ အမျိုးသမီး သတင်းထောက်တွေ သတင်းယူခွင့်ကို ကန့်သတ် ထား ပါတယ်။

အမျိုးစောင့်ဥပဒေ အသိပညာပေး ဟောပြောပွဲ လူနှစ်ထောင်ကျော် တက်ရောက်

ပြည်ထောင်စုလွှတ်တော်အတွင်း ရေးဆွဲနေဆဲ ဖြစ်သော အမျိုးစောင့်ဥပဒေ အသိပညာပေးရေးနှင့် လူ ထုထောက်ခံ ပွဲသို့ လူနှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါပွဲတွင် ဟောပြောသူ မကွေး ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင် ဆင်သင့်ဟု JICA အကြံပြု

Photo: ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင် ဆင်သင့်ဟု JICA အကြံပြု
Tueday, May 13, 2014 

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် အများပြည်သူများ ခရီးသွားလာရေး လွယ်ကူစေရန် BRT စနစ် အကောင်အထည်ဖော်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲရေးနှင့် ဥပဒေ၊ နည်းဥပဒေ ပြန်လည် ပြုပြင်ခြင်း ဟူသည့် အချက်သုံးချက်ကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr.TaKashi Shoyama က အကြံပြုသည်။

မေလ ၁၂ ရက်က ရန်ကုန်မြို့ Asia Plaza တွင် ပြုလုပ်သည့် Yangon Urban Transport Master Plan နှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သီးသန့်လမ်းကြောင်းဖြင့် ဘတ်စ်ကားများ ပြေးဆွဲသည့် BRT (BUS Rapid Transit) Network စနစ်ကို ကျင့်သုံးပါက ခရီးသွားလာရ လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လမ်းပေါ်တွင် ယာဉ်များ ရပ်နားထားမှုများကြောင့် လမ်းယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကားပါကင် နေရာအသစ်များ ထားရှိပေးရန် လိုကြောင်း၊ အလားတူ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်သင့်ကြောင်း JICA က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ အကြံပြုချက်မှာ သင့်လျော်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများမှာ ယာဉ်အစီးရေ များပြားလာခြင်း၊ စည်းကမ်းမဲ့ယာဉ် များပြားလာခြင်းများကြောင့် ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မ.ထ.သ အဖွဲများနှင့် ပူးပေါင်း ဖြေရှင်းလျက် ရှိကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

“ပြည်သူတွေ သွားလာရ အဆင်ပြေအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကို ရေးဆွဲပြီး တင်ပြထားပါတယ်။ မကြာခင် တိုင်းလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ပေးနိုင်မှာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား စီးနင်း အသုံးပြုသူ ၄၉ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုယ်ပိုင်ယာဉ် အသုံးပြုသူ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ TAXI အငှားယာဉ် အသုံးပြုသူ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ် အသုံးပြုသူ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စက်ဘီးစီးနင်းသူ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ကုန်တင်ယာဉ် အသုံးပြုသူ ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ရထားစီးနင်းသူ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ရေကြောင်းခရီး အသုံးပြုသူ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခြားခရီးသွား ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း JICA က ထုတ်ပြန်သည်။

The Voice Weekly
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် အများပြည်သူများ ခရီးသွားလာရေး လွယ် ကူစေရန် BRT စနစ် အကောင်အထည်ဖော်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲရေးနှင့် ဥပဒေ၊ နည်း ဥပဒေ ပြန်လည် ပြုပြင်ခြင်း ဟူသည့် အချက်သုံးချက်ကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr.TaKashi Shoyama က အကြံပြုသည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် အချိန်အတွင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်က မေ ၁၁ ရက်က နေပြည်တော်၌ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များဖိုရမ် အကြိုဂုဏ်ပြုညစာစားပွဲတွင် ပြော ကြား ခဲ့ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် ကုမ္ပဏီဝန်ထမ်း၊ အငြိမ်း စားနှင့် အများပြည်သူ ၅၀၄၀ အတွက် လျှောက်ထားသူများရှေ့တွင် မဲနှိုက်ပေးမည်

Photo: ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် ကုမ္ပဏီဝန်ထမ်း၊ အငြိမ်း စားနှင့် အများပြည်သူ ၅၀၄၀ အတွက် လျှောက်ထားသူများရှေ့တွင် မဲနှိုက်ပေးမည်
Tueday, May 13, 2014 

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် အသင်းအဖွဲ့၊ ကုမ္ပဏီ ၀န်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၊ အများပြည်သူ စုစုပေါင်း ၅၀၄၀ တို့ အတွက် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဒဂုံမြို့နယ် ရှင်စောပုလမ်း Myanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမတွင် မဲနှိုက်ရွေး ချယ်ပေးမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၏ ကြေညာချက်အရ သိရသည်။

ယင်းနေ့များတွင် နံနက် ၈ နာရီမှ စ တင်၍ လျှောက်ထားသူ ကာယကံရှင် များရှေ့တွင် မဲနှိုက်ပေးမည် ဖြစ်သောကြောင့် လာရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိရာ ယင်းအိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာ များကို ယခုနှစ်ဆန်း ပိုင်းတွင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း  ၄၀၀ ကျော် သာ ရောင်းချပေးမည် ဖြစ်သော်လည်း လျှောက်ထားသူ ၁၃၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ယင်းအထဲမှ လုပ်သက်နှစ် ၂၀ ကျော် ရှိ အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားဝန် ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အများပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည်ဖြင့် ခွဲခြားကာ မဲနှိုက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၅ ရက်နှင့် ၆ ရက်တို့တွင်  ဗိုလ်ဗထူးတိုက်ခန်းများကို မဲနှိုက်ပြီး မဲပေါက်ခဲ့သည့် ဌာနဆိုင်ရာ ၀န်ထမ်းများစာရင်းကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group 

လက်ရှိဗိုလ်ဗထူးတ န်ဖိုးမျှတအိမ်ရာ ဆောက်လုပ်နေမှုအား တွေ့ရစဉ်
လက်ရှိဗိုလ်ဗထူးတ န်ဖိုးမျှတအိမ်ရာ ဆောက်လုပ်နေမှုအား တွေ့ရစဉ်
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် အသင်းအဖွဲ့၊ ကုမ္ပဏီ ၀န်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၊ အများပြည်သူ စုစုပေါင်း ၅၀၄၀ တို့ အတွက် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဒဂုံမြို့နယ် ရှင်စောပုလမ်း Myanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမတွင် မဲနှိုက်ရွေး ချယ်ပေးမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၏ ကြေညာချက်အရ သိရသည်။

ရာဇာမင်းမှန်လုံယာဉ် အရှိန်လွန် အမြန်လမ်းပေါ်မှ ရထားလမ်းပေါ် ထိုးကျတိမ်းမှောက်၍ ခရီးသည် ၁၄ ဦးသေဆုံး

Photo: ရာဇာမင်းမှန်လုံယာဉ် အရှိန်လွန် အမြန်လမ်းပေါ်မှ ရထားလမ်းပေါ် ထိုးကျတိမ်းမှောက်၍ ခရီးသည် ၁၄ ဦးသေဆုံး
Tueday, May 13, 2014 

 ဖြစ်စဉ်မှာ ယနေ့ညနေ ၆ နာရီ၄၅ မိနစ်က နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း မင်းခန့်(ခ) ထွန်းခန့်စိုး(၃၄နှစ်) မဟာစည်ရိပ်သာ အနောက်ဘက်လမ်း အမှတ်(၁)ရပ်ကွက်မြင်းခြံမြို့နေသူ မောင်းနှင်သော ရာဇာမင်း ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ ကို စတင် တိုက်မိပြီး ဝက်လက်မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်ပေါ်၌ ယာဉ်မောင်း နှစ်ဦး၊ယာဉ်နောက်လိုက် တစ်ဦး၊ ခရီးသည်အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၀ဦး စုစုပေါင်း ၄၆ ဦးပါရှိသည့်အနက်အမျိုးသား ၁၀ ဦး၊အမျိုးသမီး လေးဦးပေါင်း ၁၄ ဦးသေဆုံးပြီး နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီး၌အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ဦး၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၌အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးစုစုပေါင်း အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၂ ဦး ပေါင်း ၂၉ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

ယာဉ်မတော်တဆမှုကြောင့် ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ်မှာလုံးဝပျက်စီးသွားခဲ့ပြီး မိုင်တိုင်တစ်ခု၊ တံတားထိပ်ပိတ်လက်ရန်း၁၀ ပေခန့်နှင့် ဘာရီယာတုံး ၁၀ တုံးတို့ ပျက်စီးခဲ့သည်။

အခင်းဖြစ်နေရာသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်မတော်သားများ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသူရွာသားများရောက်ရှိလာပြီး သေဆုံးသူ အလောင်းများအား လမ်းမပေါ်သို့ သယ်ဆောင်၍ လူနာတင် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခြင်း၊ ဒဏ်ရာရရှိသူများအားဝိုင်းဝန်းကူညီသယ်ဆောင်၍ လူနာတင် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခြင်း၊သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများအား အမြန်လမ်း ရဲတပ်ဖွဲ့ ဝင်များက တပ်ဖွဲ့ပိုင်ယာဉ်များဖြင့်နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံနှင့် လယ်ဝေးပြည်သူ့ ဆေးရုံတို့သို့ ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ်မှ ယာဉ်မောင်း မင်းခန့်(ခ)ထွန်းခန့်စိုးမှာ ဒဏ်ရာရရှိသဖြင့် နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသည်။ အဆိုပါယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ ပလွေးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူထားရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

MOI Webportal Myanmar
ဖြစ်စဉ်မှာ ယနေ့ညနေ ၆ နာရီ၄၅ မိနစ်က နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း မင်းခန့်(ခ) ထွန်းခန့်စိုး (၃၄နှစ်) မဟာစည်ရိပ်သာ အနောက်ဘက်လမ်း အမှတ်(၁)ရပ်ကွက်မြင်းခြံမြို့နေသူ မောင်းနှင်သော ရာဇာ မင်း ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ ကို စတင် တိုက်မိပြီး ဝက်လက်မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက် ခဲ့သည်။

ကြိုးတုတ်ရိုက်သည့် ပွဲစားကိုဖမ်း၊ လူကုန်ကူးခံရသူ ၃ ဦးကို ကယ်တင်


ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန် ၅လမ်း တွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အဓမ္မလုပ်အား ခိုင်းစေပြီး ကြိုးတုတ်၍ ရိုက်နှက်သည့် မြန်မာပွဲစားအား ဖမ်းဆီးကာ လူ ကုန်ကူးခံနေရသည့်   မြန်မာအလုပ်သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင်လိုက်သည်။

ယူကရိန်းအရှေ့ခြမ်းပြည်နယ်နှစ်ခု လွတ်လပ်ရေးကြေညာ


ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကို လွတ်လပ်ရေး ကြေညာလိုက်တဲ့ ခွဲထွက်ရေး ခေါင်းဆောင် Denis Pushilin ကို သတင်းစာ ရှင်းလင်း ပွဲမှာ တွေ့ရစဉ်
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသက လွတ်လပ်ရေးကို ကြေညာလိုက်ပြီး သူတို့ကို ရုရှားနိုင်ငံ ရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ပါဝင်ခွင့်ပြုဖို့အတွက် စဉ်းစားဖို့ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။