Sunday 23 September 2012

အပျော်တမ်း လေထီးခုန်သူနှစ်ဦး အခြင်းခြင်းတိုက်မိ၍ တဦးသေဆုံး။


အင်္ဂလန်နိုင်ငံ Peterborough မြို့မှ ၂မိုင်ကွာရှိ Sibson လေထီးခုန်စခန်းတွင် ဝေဟင်မှ အပျော်တမ်း   လေထီးခုန်ဆင်းလူသူ (၂)ဦးသည် မြေပြင်သို့ မရောက်မှီ ပေ(၅၀) အကွာတွင် အခြင်းခြင်းတိုက်မိ၍ လန်ဒန်မှ အသက်(၅၃)နှစ်အရွယ် အမျိုးသားတဦးသေဆုံးခဲ့ရသည်။ အခြားတဦးမှာ အသက်(၂၈)နှစ်အ ရွယ်ပြင်သစ် အမျိုးသားတဦးဖြစ်ပြီး ခန္ဓာကိုအချို့အစိပ်အပိုင်းနှင့် ခြေထောက်ကျိုးသွားပြီး   ဆေးရုံသို့  အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ 

တောင်ငူတွင် မီးရထားနှင့် ကားတိုက်မိမှု မြင်ကွင်း ဓါတ်ပုံ


စက်တင်ဘာ ၂၂ ရက်နေ့ ၁၀ နာရီ အချိန်က တောင်ငူမြို့ (ဖိုးတာတီးကားဂိတ်) နှင့် ပေါ်တော်မူ မီးရထား သံလမ်းဂိတ်ဆုံရာတွင် ရန်ကုန်- မန္တလေး အမှတ် ၅ အဆန်အမြန်ရထားနှင့် လွိုင်ကော်ရန်ကုန် ရွှေရာဇာ မှန်လုံအမြန်ယာဉ် တို့ တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေရာဇာ မော်တော်ကားအား ယနေ့ ညနေ ၄ နာရီခန့် က တွေ့မြင်ရစဉ်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ

နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊ မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ပအကူအညီ အဟောသိကံ မဖြစ်စေသင့်




ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန် ထမ်းဆောင်နေ သူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သလို၊ ပြည်ပအကူအညီကို ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။

~ လီကွမ်းယုနဲ့ အစ္စလာမ်ဘာသာတရား ~

 
မေး ။ ။ နိုင်ငံခြားသားတွေ အများကြီးဝင်လာတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယကပေါ့။ သူတို့ရောက် လာတဲ့အတွက် စင်ကာပူရဲ့ လက်ရှိ့လူ့အဖွဲ့အစည်းအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။