Tuesday 23 October 2012

မြောက်ဦး ပဋိပက္ခ ကြောင့် လူ ၇ ဦး သေဆုံး၊ မီးရှို့မှုများ ထပ်မံဖြစ်ပွား

ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ တွင် ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကြောင့် ရခိုင် တိုင်းရင်းသား ၅ ဦးနှင့် ဘင်္ဂါလီ ၂ဦး သေဆုံး ကာ ဒဏ်ရာ ရရှိသူ အများအပြား ရှိပြီး မီးရို့မှု များ ထပ်မံ ဖြစ်ပွားလျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့် မြောက်ဦးမြို့ နာရေးကူညီမှု အသင်း၏ စာရင်းများ အရ သိရှိရသည်။

ဟင်္သာတမြို့တွင် လူဦးရေအများဆုံး လောင်းကစားဝိုင်းအား သက်သေခံပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိ။

ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်အတွင်း ဗိုလ်မြတ်ထွန်းလမ်းမကြီးပေါ်ရှိ ဆိုင်တစ်ခုတွင် မြို့ပေါ်အ သိုင်းအ၀ိုင်း မှ နာမည်ကြီးများ ပါဝင်သော လောင်းကစားဝိုင်း ကို ယနေ့(23-10-2012)နေ့ ညနေပိုင်းတွင် ဖမ်းဆီး လိုက်ကြောင်းသတင်းရရှိပါသည်။ ဖမ်းဆီးရာတွင် လူဦးရေ (၁၈)ဦး အား သက်သေခံပ စ္စည်း၊ ငွေများနှင့် အတူ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ အဆိုပါသတင်း၏ ထူးခြားမှုများကို ဆက်လက် ဖော်ပြပေးသွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Google ၏ Data များ ထားသိုရာ Data Center

 

မိမိတို့ အသုံးပြုနေတဲ့ Google Talk, Mail, Youtube, Google+ တို့အပြင် အခြားခြားသော Google နဲ့ သက်ဆိုင် တဲ့ အချက်အလက်များကို ဘယ်မှာ သိမ်းဆည်းထား မယ်ဆို တာ စာဖတ်သူတို့လည်း စိတ်ဝင် စားမယ် ထင်ပါတယ်။ Google ဆိုတာ ကမ္ဘာ့အအောင်မြင်ဆုံး Search Engine ကုမ္မဏီဆိုလည်း ဟုတ်ပါတယ်။

"KNU မှ ဗဟို ကော်မတီဝင် ၃ ဦး ထုတ်ပယ်သည့်အမိန့် ပြန်လည်ကိုင်တွယ်ရန် သဘောတူညီချက် ရရှိ"

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် ၃ ဦးအား ထုတ်ပယ်သည့် အမိန့်ကိုပြန်လည်ပယ်ဖျက်ပေးရန်အတွက်အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူသွား ရန် နှစ်ဖက် သဘောတူညီမှု ရရှိထားသည်ဟု ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

9/11 ပုံစံ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် ဂျော်ဒန်ဟန့်တားနိုင်ခဲ့

အယ်လ်ကေးဒါး အကြမ်းဖက်သမားတို့၏ မဟာ ဖျက်ဆီးရေး စီမံကိန်းကြီး တစ်ခုကို ဂျော်ဒန် လုံခြုံရေး တပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့တော်တွင် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့သည့် အခြေအနေမျိုး ဂျော်ဒန်တွင်လည်း ပြုလုပ်ရန် အယ်လ်ကေးဒါးတို့က စီမံထားသည်။ နိုင်ငံအလယ်ပိုင်းတွင် အဓိက ဈေးဝယ်စင်တာကြီးများကို တစ်ပြိုင်တည်း စီးနင်းကာ လူပေါင်းထောင်နှင့်ချီ သေဆုံးစေမည့် အကြမ်းဖက်မှုမျိုးကို အယ်လ်ကေးဒါးတို့က ဇွန်လကတည်းက အကွက်ချ စီစဉ်နေခဲ့သည်။ အထူးသဖြင့် အယ်လ်ကေးဒါးတို့၏ ကမ္ဘာ့ရန်ဖြစ်သော အမေရိကန်၊ ဗြိတိန်တို့နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားသည့် ဂျော်ဒန်အစိုးရကို ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့ကြီးက မကျေနပ်ခဲ့ချေ။



စစ်တွေတွင် ဘင်္ဂလီမူဆလင်များထံမှ လက်နက်မျိုးစုံဖမ်းဆီးရမိ ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဟု ရခိုင်ပြည်နယ် ရဲမှူးကြီး အတည်ပြုပြောကြား

စစ်တွေ၊ အောက်တိုဘာ ၂၃ - ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ သဲချောင်းကျေး ရွာနေ ဘင်္ဂါလီ မူဆလင် များထံပေးပို့ လိုက်သော လက်နက်မျိုးစုံဖမ်းဆီးရမိ သတင်းမှာ မှန်ကန်မှုလုံးဝမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ မျိုးက အတည်ပြုပြောကြားသည်။
...

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်


 
ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ်ကျူးလွန်ခဲ့သူဂျပန်နိုင်ငံသားမှ ၀န်ချတောင်း ပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်ခဲ့သည့် သိန်း ၁၃၀ အနက် သိန်း၁၀၀ အာလူမှုအဖွဲ့အစည်းများ သို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်ဟိုတယ်ဝန်ထမ်း မအေးအေးကြည်ကပေါ်ပြူလာနယူးစ်သို့ပြော သည်။
““သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကိုပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေးကြည်ကပြောသည်။

မြောက်ဦးတွင် မီးရှို့မှု ထပ်မံဖြစ်ပွါး



ရန်ကုန်၊ အောက်တိုဘာ ၂၃

ရခိုင်တိုင်းရင်းသား များနှင့် ဘင်္ဂါလီ လူမျိုးများ နေထိုင်သော ယာဉ်သည်ကျေးရွာတွင်    ယနေ့ နံနက်
၈နာရီကျော်မှ စတင်ကာ အပြန်အလှန် မီးရှို့မှုတစ်ခု ဖြစ်ပွါးနေကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု
အသင်းထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာတို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်

၁။ (၂၁-၁၀-၂၀၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ အထက်ေ ဖ်ာပြပါ သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်ကို အောက်ပါ Link တွင် တွေ့ရှိရပါသည်-
http://www.thithto


၂။ ယင်းသတင်း၏ ဇစ်မြစ်မှ "အတွင်းသတင်း" အမည်ရှိ Facebook စာမျက် နှာတစ်ခုမှ    ဖြစ်ကြောင်း၊ ယင်းစာမျက်နှာမှာ အောက်ပါလိပ်စာ အတိုင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်-
http://www.facebook.com/photo.php?fbid=199160373552515&set=a.198396663628886.58090.198385523630000&type=1

၃။ သတင်းဖော်ပြချက်မှာ-

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပေဒတွင် ရာခိုင်နှုန်းများမထားရှိရန် နိုင်ငံတော် သမ္မတမှ သဘောထားထုတ်ပြန်

နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပေဒနှင့် ပတ်သက်သောအချက်များ အား အောက်တိုဘာ (၂၂)ရက်နေ့ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ ၌ေ ဆွးနွေး ခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံက သိရှိရသည်။

နန်းခင်ဇေယျာ ပြန်လည်ရောက်ရှိမှု ဓါတ်ပုံများ






နန်းခင်ဇေယျာ မြန်မာပြည် ပြန်ရောက်ပြီ