Monday 23 November 2015

အမျိုးသားတစ်ဦး ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ်ထိမ်းမြား

ထိုင်ဝမ်ကျွန်း ဆင်ချူကျေးရွာ၌ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ် ထိမ်းမြားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသား၏အမည်မှာ လိုင်ဖြစ်ပြီး ၎င်း၏ ချစ်သူမိန်းကလေးသည် မင်္ဂလာပွဲ မကျင်းပမီတွင် သေဆုံးခဲ့သည့် အတွက် လိုင်သည် ချစ်သူမိန်းကလေး အပေါ်ထားရှိသော ကတိကို ဆက်လက်စောင့်ထိန်း လိုသည့်အတွက် မိန်းကလေး၏ အရိုးပြာများနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ လက်ထပ် မင်္ဂလာပွဲကိုလည်း ဗီဒီယိုမှတ်တမ်း တင်ကာ လူမှုမီဒီယာများတွင် ဝေမျှခဲ့သည်။

ဇနီးဖြစ်သူ၏ အရိုးပြာအိုးကို ကိုင်ထားသော လိုင်အား ဗီဒီယိုထဲတွင် မြင်တွေ့ရသည်။ လက်ထပ်ပွဲတွင် လိုင်နှင့် ဧည့်သည်များ မျက်ရည်ကျဆင်း နေပုံကိုလည်း ဗီဒီယိုမှတ်တမ်း တင်ခဲ့သည်။

လိုင်က မင်္ဂလာကားထဲသို့ ၀င်ရောက်ပြီး မောင်းထွက်သွားပုံနှင့် ဗီဒီယိုကို အဆုံးသတ်ထားသည်။ အာရှ ဒေသတွင် အမျိုးသားတစ်ဦးသည် သေဆုံးသူ ချစ်သူမိန်းကလေး နောင်ဘ၀တွင် ပျော်ရွှင်စေရန် အတွက် မိန်းကလေး၏ ရုပ်အလောင်းနှင့် လက်ထပ်သည့် ဓလေ့များ ရှိခဲ့သည်။သို့သော် အရိုးပြာအိုးအား လက်ထပ် ၀တ်စုံ ၀တ်ပြီး မင်္ဂလာဆောင်မှု များမှာမူ ရှားတောင့်ရှားခဲ ဖြစ်ရပ်များ ဖြစ်ကြသည်။ 

Source:Mirror 
Messenger News Journal 

No comments:

Post a Comment