Friday 16 May 2014

ရန်ကုန်တွင် ငါးရက်အတွင်း ယာဉ်မတော်တဆ ၁၈ မှု ဖြစ်ပွား ၁၂ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက်အတွင်း ယာဉ်မတော် တဆ ဖြစ်ပွားမှု ၁၈ မှု ဖြစ်ပွားခဲ့ရာမှ ၁၂ ဦး သေဆုံးပြီး ၁၅ ဒဏ်ရာ ရရှိခဲ့ရာတွင် သေဆုံးသူ အများစုမှာ လမ်းဖြတ် ကူးစဉ်နှင့် လမ်းဘေးရပ်နေစဉ် ယာဉ်တိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများထံမှ သိရှိရသည်။

မန္တလေးမှ စင်ကာပူသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမည်

မြန်မာနိုင်ငံ၏ ဒုတိယ အဖွံ့ဖြိုးဆုံး မြို့တော်ဖြစ်သော မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူသို့ ပြေးဆွဲမည့် ဒုတိယမြောက် တိုက်ရိုက် လေကြောင်းလိုင်းကို ဇွန်လ ၁၀ ရက်နေ့တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း Silk Air (Singapore Airlines) လေကြောင်းလိုင်း Passenger Sales Officer ဒေါ်အေးနွဲ့ကြည်က ပြောကြားသည်။

မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA

Photo: မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA
Friday, May 16, 2014

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သောလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်းရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား ဆိုတာကိုတောင် တွေးစရာဖြစ်နေ သည်။
သေချာစဉ်းစားကြည့်ရင်တော့ ဗိုလ်ချုပ် ဂွမ်မော် အကြောင်းပြချက်ပေးတာလို့ မြင်မိတယ်။ ဘာကြောင့်လဲ ဆိုတော KIA စတင်တည်ထောင်စဉ် မူလအစက ကချင်လူမျိုးများ တန်းတူအခွင့်အရေး ရဖို့ဟုဆိုကာ အစိုးရအား လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၉၄ ခုနှစ်မှ စတင်၍ KIA ဟာ ၁၇ နှစ်တိုင်တိုင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး စီးပွားရေးတွေလုပ်၊ လူသစ်တွေစု၊ သယံဇာတတွေ ထုတ်ရောင်းနေတဲ့ အချိန်မှာ ကချင်ပြည်နယ်နှင့် ကချင်လူမျိုးတွေ လွတ်လပ်ရေးမရသေးဘူးလို့ တစ်ခွန်းမှပြောခဲ့ဘူးတာ မရှိပါဘူး။ ယခုနောက်ပိုင်း လူအင်အား၊ လက်နက်အင်အားနှင့် စီးပွားရေးတွေ တောင့်တင်းလာပြီး တရားမ၀င်စီးပွားရေး လုပ်ငန်းမျာလုပ်၊ တရုတ်နိုင်ငံသားများအား တရားမ၀င်ခိုးသွင်း၊ ကချင်ပြည်နယ်၏ အဖိုးတန်လှသော သယံဇာတများကိုရောင်းချ ၊ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသော ကချင် တိုင်းရင်းသားနှင့် ဒေသခံတို့၏ သား/သမီးများအား အတင်းအကြပ် လူသစ်စုဆောင်းမှုတွေ ပြုလုပ်လာသဖြင့် အစိုးရမှ ဝင်ရောက်ထိန်းသိမ်းသောကြောင့် ၂၀၁၁ ခုနှစ်မှာ စပြီး စာချုပ်ပျက်ပြယ်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ဒါကို KIA က အစိုးရက ကျူးကျော်စစ်တွေ ဆင်နွဲလို့ တိုက်ပွဲတွေဖြစ်တာပါဆိုပြီး အော်ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ် ဂွမ်မော်ပြောသလို KIA ဟာ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေး မရလို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကချင်ပြည်နယ်ရှိ အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် သယံဇာတများကို ၎င်းတို့ရဲ့ လက်တစ်စုပ်စာ KIA အဖွဲ့ရရှိဖို့ စစ်တိုက်နေတာပါ။ အဖိုးတန် သယံဇာတများမှ ရရှိတဲ့အကျိုးအမြတ်ကိုလည်း ကချင်လူထု အတွက်မဆိုထားနဲ KIA မှ အောက်ခြေရဲဘော်တွေတောင် သိခွင့်၊ ခံစားခွင့်မရှိပါဘူး။ ယခုလဲ အစိုးရက အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်လိုတဲ့စိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်နေ သော်လည်း KIA မှ အကြောင်းအမျိုးအမျိုးပြကာ လက်မှတ်မထိုးပဲ ပြုလုပ်နေခြင်းဟာ ကချင်လူထု ကောင်းစားရေး၊ ကချင် ပြည်နယ် လွတ်လပ်ရေးအတွက် ကာကွယ်နေခြင်းမဟုတ်ပဲ ၎င်းင်းတို့၏ အကျိုးစီးပွားအတွက် ကာကွယ်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ ၎င်းတို့အဖွဲရဲ့ အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲများဖြစ်အောင် ဖန်တီး နေခြင်းဟာ ငြိမ်းချမ်းရေးလမ်းကြောင်းထဲက သွေးဖယ်နေကာ မြန်မာပြည်မြေပုံကို ခေါင်းပိုင်းပျောက်အောင် KIA ဟာ လုပ်နေပြီး ကချင်လူမျိုးတွေကိုလဲ တိုင်းရင်းသားညီနောင်ဘွားတွေနဲ့ ကင်းကွာအောင် လွတ်လပ်ရေးတောင်းဆိုနေတာ လားလို့တောင် မေးစရာပင် ဖြစ်နေပါတော့တယ်။

မောင်ဇော်

Credit to Man Super
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သော လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင်တွင် လည်း ရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေ ကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား ဆိုတာကိုတော င် တွေး စရာဖြစ်နေ သည်။

သြဂုတ်လ၌ မြန်မာ့ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်မည်ဟု ဦးခင်ရီဆို

ရန်ကုန်၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ရှေ့ပြေးလူဦး ရေစာရင်းကို ထုတ်ပြန် သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြော ကြားလိုက်သည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ယခင်နှစ်များထက် ပိုမို မြင့်တက်လာ

Photo: မန္တလေးတိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ယခင်နှစ်များထက် ပိုမို မြင့်တက်လာ
Friday, May 16, 2014

မန္တလေးတိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဖြတ်သန်းသွားလာရာ
Transit ကြားခံမြို့ ဖြစ်သဖြင့် မန္တလေးတိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂ဝ၆ မှု၊ အမျိုးသား တရားခံ ၂၆၂ ဦး၊ အမျိုးသမီး တရားခံ ၆၈ ဦး စုစုပေါင်း ၃၃ဝ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ကာလတန်ဖိုး ငွေကျပ် ၂၄၂၉၁၉၂၂၇ဝ ကို ဖမ်းဆီး ရမိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၄၆ မှု၊ အမျိုးသား တရားခံ ၃၄၆ ဦး၊ အမျိုးသမီး တရားခံ ၁ဝဝ ဦး စုစုပေါင်း တရားခံ ၄၄၆ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု ကာလတန်ဖိုး ငွေကျပ် ၃၅၂ဝ၁၆၃၇၆၇ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၉ စီး၊ ဆိုင်ကယ် ၁၂၅ စီး၊ လက်ကိုင်ဖုန်း ၁၄၄ လုံး၊ မြန်မာငွေ ကျပ် ၂၅၂၄၂၈၁ဝ၇ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုရန် အတွက် ကုန်ကြမ်းဖြစ်သည့် အိန္ဒိယနိုင်ငံ ဘက်မှ လာသော ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ အအေးမိ နှာစေးချောင်းဆိုးပျောက် ဆေးပြားများသည် မန္တလေးမြို့ကို ဖြတ်သန်းလျက် တရုတ်နိုင်ငံ နယ်စပ်ဘက်သို့ သယ်ဆောင် ရောင်းဝယ်မည် ဖြစ်ကြောင်း သတင်း ရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်း အတည်ပြု ဖော်ထုတ်ဆောင်ရွက် ခဲ့ရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၈၂၄၇၆ဝဝဝ အလေးချိန် ၉၃၂ ဒသမ ၁၆ ကီလို စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၁၅၄၆၆၄ဝဝဝ ကို ဖမ်းဆီး ရမိခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၉ဝ မှု၊ အမျိုးသား တရားခံ ၁၄၆ ဦး၊ အမျိုးသမီး တရားခံ ၂၁ ဦး စုစုပေါင်း တရားခံ ၁၆၇ ဦး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၂၂၇၂၁၆၂၂၇၄ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၁ စီး၊ ဆိုင်ကယ် ၃၉ စီး၊ လက်ကိုင်ဖုန်း ၅၂ လုံး၊ မြန်မာငွေ ကျပ် ၈၄၅၄၇၅ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဖမ်းဆီးရမိမှုများ အနေနှင့် အောင်မြေသာဇံ မြို့နယ်တွင် နှစ်မှု၊ ချမ်းအေးသာဇံ မြို့နယ်တွင် ၁၁ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၄ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ၁၅ မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၁၅ မှု၊ ပုသိမ်ကြီး မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် မြို့နယ်တွင် သုံးမှု၊ မိုးကုတ် မြို့နယ်တွင် နှစ်မှု၊ မတ္တရာ မြို့နယ်တွင် နှစ်မှု၊ စဥ့်ကူးမြို့နယ်တွင် သုံးမှု၊ ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ သပိတ်ကျင်း မြို့နယ်တွင် ခြောက်မှု၊ သာစည် မြို့နယ်တွင် လေးမှု၊ ရမည်းသင်း မြို့နယ်တွင် သုံးမှု၊ မြင်းခြံ မြို့နယ်တွင် တစ်မှု၊ မိတ္ထီလာ မြို့နယ်တွင် ငါးမှုတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ တစ်နှစ်ထက် တစ်နှစ် ပိုမို ဖမ်းဆီး ရမိမှုမှာ ပြည်သူလူထု ပူးပေါင်း ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပိုမို တိုးတက် အောင်မြင်စေရေး အတွက် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ
မန္တလေးတိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဖြတ်သန်းသွားလာရာ Transit ကြားခံမြို့ ဖြစ် သဖြင့် မန္တလေးတိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်း များ ဆောင် ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂ဝ၆ မှု၊ အမျိုးသား တရားခံ ၂၆၂ ဦး၊ အမျိုး သမီး တရားခံ ၆၈ ဦး စုစုပေါင်း ၃၃ဝ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ကာလတန်ဖိုး ငွေကျပ် ၂၄၂၉၁၉၂၂၇ဝ ကို ဖမ်းဆီး ရမိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၄၆ မှု၊ အမျိုးသား တရားခံ ၃၄၆ ဦး၊ အမျိုးသမီး တရားခံ ၁ဝဝ ဦး စုစုပေါင်း တရားခံ ၄၄၆ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု ကာလတန်ဖိုး ငွေကျပ် ၃၅၂ဝ၁၆၃၇၆၇ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၉ စီး၊ ဆိုင်ကယ် ၁၂၅ စီး၊ လက်ကိုင်ဖုန်း ၁၄၄ လုံး၊ မြန်မာငွေ ကျပ် ၂၅၂၄၂၈၁ဝ၇ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့သည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမ ကြီးပေါ်၌ မော်တော် ယာဉ်များ မတော် တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Photo: ရန်ကုန်- မန္တလေး အမြန် လမ်းမ ကြီးပေါ်၌ မော်တော် ယာဉ်များ မတော် တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
Friday, May 16, 2014

လုံခြုံ စိတ်ချ ရသည့် သယ်ယူ ပို့ဆောင်ရေး စနစ် တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည်

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးပေါ်၌ မော်တော်ယာဉ်များ မတော်တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ရာဇာမင်း ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက် မှုနှင့် ပတ်သက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှု များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ခရီးသွား လာနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ ယာဉ်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် ခရီးသွားများ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ကောင်း ကျိုးဆောင် ရွက်ရမည် ဆိုလျှင် မိမိတို့ထံ ပေးလာသည့် အကြံဥာဏ် များအား လက်ခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ထွက်ပေါ်လာသည့် အဖြေများ၊ အကြံပြုချက်များ နှင့်အညီ ပို၍ လုံခြုံ စိတ်ချရသည့် သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အဝေးပြေး လမ်းများတွင် အထူးခရီးသွား အာမခံလုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး တည်ဆောက်မှု အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက မော်တော်ယာဉ် မောင်းများနှင့် ပတ်သက်၍ ကျန်းမာရေး ကြိုတင်ကာကွယ် စစ်ဆေးခြင်းနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက် လာကြသည့် သတင်း မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အမြန်လမ်းမကြီးနှင့် ပတ်သက်၍ စစ်တမ်းများ ကောက်ယူရာတွင် ယာဉ် ကြောင့် ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း နည်းပါးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ အတွက် ထိထိရောက်ရောက် အကောင်းဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ မီဒီယာများ သိရှိလိုသည့် မေးမြန်းချက်များမှ မိမိတို့ လိုအပ်ချက်များကို သိရှိရ၍ ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့ကြသည်။

ဦးလျန်ကျင့်မန်၊ ညွှန်ကြားရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

ယာဉ်မောင်းလိုင်စင်တွေ ထုတ်ပေးတဲ့ နေရာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ရက်တို သင်တန်းတွေ၊ သိသင့်သိထိုက်တဲ့ ယာဉ်သွားလာ မောင်းနှင်မှု စည်းကမ်းတွေကို စစ်ဆေးပြီး ထုတ်ပေးပါတယ်။

ဦးစိုးဝင်း၊ အင်ဂျင်နီယာချုပ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

မော်တော်ယာဉ် ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ မော်တော်ယာဉ် ဥပဒေအရ နှစ်စဉ်မော်တော် ယာဉ်သက်တမ်း တိုးတဲ့အခါ မော်တော်ယာဉ် တစ်စီးရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်း တွေကို နည်းပညာနဲ့ စစ်ဆေးခြင်း၊ မျက်မြင်စစ်ဆေးခြင်း စတဲ့ သတ်မှတ်ချက်တွေ အတိုင်း သေချာစွာ စစ်ဆေးပါတယ်။

မော်တော်ယာဉ်တစ်စီး ကြံ့ခိုင်ဖို့ဆိုတာ မော်တော်ယာဉ် ပိုင်ရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ ယာဉ်တစ်စီးလုံးရဲ့ ကြံ့ခိုင်ရေးဆိုတာ ယာဉ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အလိုက် ရှိသင့် ရှိထိုက်တဲ့ သက်တမ်းကို အမြဲစစ်ဆေး နေဖို့ လိုအပ်ပါတယ်။

ရဲမှူးကြီး နေဝင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူး

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ပြီး ချက်ချင်း ယာဉ်မောင်းလိုင်စင် စစ်ဆေးပါတယ်။ ရာဇာမင်း အမြန်ယာဉ် ယာဉ်မောင်းရဲ့ လိုင်စင်က (ခ)လိုင်စင် ဖြစ်နေတယ်။ ယာဉ်မောင်းရဲ့ (င) လိုင်စင်က ၂ဝ၁၁ ခုနှစ်ကတည်းက ယာဉ်တိုက် မှုဖြစ် လို့ ပိတ်သိမ်းထားတယ်လို့ သိရတယ်။ ယာဉ်ပိုင်ရှင်ရော ယာဉ်လိုင်းကပါ သိသိ ကြီးနဲ့ဆက်လက် မောင်းနှင်ခွင့် ပြုထားတာ တွေ့ရတယ်။ ယာဉ်မောင်းကို ပုဒ်မ ၃ဝ၄(က) ၃၃၇၊ ၃၃၈၊ ၂၇၉ တွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ မောင်းနှင်ခွင့် လိုင်စင် မရှိဘဲ မောင်းနှင်တဲ့ အတွက်ပါ။ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှာ ရဲစခန်း ၁၅ခု၊ ရဲကင်း ၄၂ခု ဖြန့်ခွဲတာဝန် ချထားပါတယ်။ တကယ်လို့ အမြန်လမ်းမကြီးပေါ်မှာ ဘေးအန္တရာယ် တစ်စုံတစ်ခု ဖြစ်ခဲ့ရင် အမြန် လမ်း ရဲတပ်ဖွဲ့Hotline နံပါတ် ဝ၉- ၄၂ဝ၈၈၈၈ဝ၁ ကနေ ဝ၉- ၄၂ဝ၈၈၈၈၇ဝ အထိ ဖုန်းအလုံး ၇ဝကို ဆက်သွယ် နိုင်ပါတယ်။ Call Center တစ်ခုကိုလည်း ထပ်ဖွင့်ဖို့ စီစဉ် ထားပါတယ်။

မြ၀တီ
လုံခြုံ စိတ်ချ ရသည့် သယ်ယူ ပို့ဆောင်ရေး စနစ် တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည်
ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးပေါ်၌ မော်တော်ယာဉ်များ မတော်တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်း စာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ရာဇာမင်း ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက် မှုနှင့် ပတ်သက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှု များကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊

မေ ၁၇ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)

Photo: မေ ၁၇ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
Friday, May 16, 2014

မေလ ၁၆ ရက်နေ့ မနက် ၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာ ပါတယ်။

မေလ ၁၇ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက်မြင့်တက်နိုင်ပါတယ်။

weather17052014အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ တောင်ကြီး၊ ဟဲဟိုးနဲ့ ပုသိမ်မြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကို ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးကျရောက် နိုင်တာကတော့ တောင်ကြီးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးက ၇.၂ ကျရောက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျ ရောက်နိုင်တာကတော့ မကွေးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၂.၆ ကျရောက်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန် ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မိုးရွာသွန်းနိုင်မှုခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ကြားမိုး ရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်း တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာ နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်းလာက်ရှိနိုင်ပါတယ်။

DVB TV News
မေလ ၁၆ ရက်နေ့ မနက် ၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ ချင်းသတင်းသမားများ တတိယ အကြိမ် တွေ့ဆုံ ပွဲကျင်းပမည်

ချင်းတိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြန်မာတစ်နိုင်ငံလုံးရှိ ချင်းဂျာနယ် လစ်များ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို မေလ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ချင်းပြည်နယ် ဟားခါးမြို့ရှိ ချင်းခရစ်ယာန် ကောလိပ်တွင် ကျင်းပမည် ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲ စီစဉ်သည့် ချင်းဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင်များက ပြောကြားသည်။

ရန်ကုန်နှင့်မန္တလေးတွင် ဆင်းရဲမှုလျှော့ချရေးအတွက် ဂျပန်နိုင်ငံ ရန်ပုံငွေမှ ဒေါ်လာလေးသန်းထောက်ပံ့မည်

ရန်ကုန်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေ ထိုင်သည့် ပြည်သူ ၁၈ဝဝဝ ခန့်အတွက် ရေသန့်ရရှိရေးနှင့် မိလ္လာအဆောက်အအုံ များ ကောင်းမွန်စေရန် အာရှဖွံ့ဖြိုးရေးဘဏ် ( ADB ) ၏စီမံမှုဖြင့် ဆင်းရဲမှုလျှော့ ချရေးအ တွက် ဂျပန်နိုင်ငံရန်ပုံငွေ(JFPR)မှ ထောက် ပံ့ကြေး ဒေါ်လာလေးသန်း သုံးစွဲရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း မေ ၉ ရက်တွင် ဗြီ မှထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ပြည်ပနိုင်ငံများမှ ၀ယ်လိုအားမြင့်လာ၍ မန္တလေးဈေးကွက်၌ မတ်ပဲဈေး မြင့်တက်

အိန်္ဒိယ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စိုက်ခင်းများ ပျက်စီးကြသောကြောင့် ယင်းနိုင်ငံတို့၌ မတ်ပဲလိုအပ်ချက် များသဖြင့် မန္တလေးပဲ၊ နှမ်းဈေးကွက်အတွင်းရှိ မတ်ပဲဈေးမှာ မြင့်တက် လျက်ရှိသည်။ 

လန်ဒန်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပါလက်စတိုင်း သမ္မတတို့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး

Photo: လန်ဒန်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပါလက်စတိုင်း သမ္မတတို့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး
Friday, May 16, 2014  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် တို့သည် အစ္စရေး-ပါလက်စတိုင်း အရေးနှင့် စပ်လျဉ်း၍ မေ ၁၄ ရက် ညနေပိုင်းက လန်ဒန်မြို့တွင် နှစ်နာ ရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကယ်ရီနှင့် အဘတ်စ်တို့၏ အဆိုပါ ဆွေးနွေးပွဲသည် အမေရိကန် အစိုးရက ကြားဝင်စေ့စပ် ပေးခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်တန့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်ရန် မဖြစ်မနေ ပြုလုပ်ရမည့် တာဝန်များ ရှိသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါးများကို ဖွင့်ထား ဆဲ ဖြစ်ကြောင်း ကယ်ရီက ယင်းဆွေးနွေးပွဲ အတွင်း အလေးပေး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ၄င်းဆွေးနွေးပွဲတွင် ပါလက်စတိုင်း၏ နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သက်၍ ဂျွန်ကယ်ရီကို အဘတ်စ်က အသေးစိတ် ရှင်းပြခဲ့သည်။

ထို့အပြင် အစ္စရေးကို အသိအမှတ် ပြုနိုင်ရန် အတွက် ပါလက်စတိုင်း အစိုးရ အနေဖြင့် ယခင်ချုပ်ဆို ထားသော စာချုပ်ကို လိုက်နာရန်၊ ဆူပူမှုများ ထပ်မံမဖြစ်ပွားစေရန် ကတိပေးမှု အစရှိသည့် လိုအပ်ချက်များကို ကယ်ရီက ထပ်မံပြောကြားခဲ့ပြီး ၄င်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် ကတိကဝတ် ပြုခဲ့ခြင်း အတွက် ပါလက်စတိုင်း သမ္မတကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(ရိုက်တာ)
မြ၀တီ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် တို့သည် အစ္စရေး-ပါလက်စတိုင်း အရေးနှင့် စပ်လျဉ်း၍ မေ ၁၄ ရက် ညနေပိုင်းက လန်ဒန်မြို့တွင် နှစ်နာ ရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အမြန်လမ်း လေးလမ်းသွားကို ရှစ်လမ်းသွားအဖြစ် ပြုပြင်ပါက ဘီလီယံ ၅၅၀ ကျော် ထပ်မံကုန်ကျမည်

ကျပ် ၉၁၇ ဘီလီယံခန့် ကုန်ကျထားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က The Voice သို့ ပြောကြားသည်။ 

အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ဘဲ ဆောင်ရွက်ရမည်ဟု သမ္မတ ပြောကြား

Photo: အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ဘဲ ဆောင်ရွက်ရမည်ဟု သမ္မတ ပြောကြား
Friday, May 16, 2014 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပေဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁ တွင် ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် ပြည်တွင်းရေး ကိစ္စများသာ ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို မထိခိုက်ဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။
“ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်ဖို့ ဘယ်သူမှ မလိုလားပါဘူး။ ကိုယ့်တိုင်းပြည် ဆူပူမှုဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းတို့ ပူးပေါင်း ဆောင်ရွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနေနင့်လည်း လူထုကို လမ်းပေါ် ဆွဲတင်သည့် နည်းလမ်းသုံးရန် အစီအစဉ် မရှိကြောင်းလည်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

“ဒီလိုပြောတာ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒရှိတယ်လို့ ယူဆရပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသလို ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးမလဲ ဆိုတာ သမ္မတကြီးရဲ့ အပြောနဲ့ အလုပ်ကို စောင့်ကြည့်ရမှာပါ” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးအတွက် လူထုဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းတို့က မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ကျင်းပမည် ဖြစ်သည့်အပြင် ပြင်ဆင်ရေး ထောက်ခံသည့် အများပြည်သူထံမှ ထောက်ခံလက်မှတ် ကောက်ယူရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ နှင့် ပုဒ်မအချို့ကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဟု ယင်းအခြေခံဥပဒေတွင် ဖော်ပြသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပေဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁ တွင် ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုများ တိုင်းပြည် ဆူပူနိုင် ဟု သမ္မတ သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမှမလိုလားကြောင်း၊ တိုင်းပြည် ဆူပူပါက မိမိတို့ တိုင်းပြည်သာ နစ်နာမည်ဖြစ်ကြော င်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က သတိပေး ပြောကြားသည်။ 

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်

Photo: ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်
Friday, May 16, 2014 

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly
အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

အစီရင်ခံစာသစ်အရ ၂၀၁၃ မြန်မာပြည်တွင်း ဒုက္ခသည် ၆ သိန်းရှိ

Photo: အစီရင်ခံစာသစ်အရ ၂၀၁၃ မြန်မာပြည်တွင်း ဒုက္ခသည် ၆ သိန်းရှိ
Friday, May 16, 2014 

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့လူဦးရေ ၃၃ ဒဿမ ၃ သန်းဟာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည်တွေ
ဖြစ်နေကြတယ်လို့ အစီရင်ခံစာသစ်တရပ်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ မှာလည်း မကြာသေးခင် နှစ်တွေကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၆ သိန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ ဆိုထားပါတယ်။

ထူးခြားချက်ကတော့ မြန်မာနိုင်ငံက ပြည်တွင်းဒုက္ခသည် တချို့ထံကို နိုင်ငံတကာ အကူအညီပေးရေး ကိစ္စတွေ အကန့်အသတ်တွေ ကြုံနေရတယ်လို့ ဆိုထားပါတယ်။ ကိုသားညွန့်ဦးက အစီရင်ခံပါ မြန်မာနိုင်ငံအကြောင်းကို တင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခို်င်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေ ပဋိပက္ခတွေကြောင့် အခုနှစ်ပိုင်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ဖြစ်လာတယ်လို့ နော်ဝေးနိုင်ငံအခြေစိုက် ဒုက္ခသည်များကောင်စီရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အကုန်ပိုင်းမှာ ပြည်တွင်းဒုက္ခသည် ၆ သိန်း ၄ သောင်းကျော်ရှိခဲ့ပြီး၊ အဲဒီအထဲ မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ဒုက္ခသည်ဦးရေ ၄ သိန်း၊ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်ဦးရေ ၉ သောင်း ၆ ထောင်ကျော်တို့ ပါဝင်ပါတယ်။ ကျန်တဲ့အထဲ လူဦးရေ ၁ သိန်း ၃ သောင်းကျော်က ရခိုင်ပြည်နယ် အတွင်းကဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာတော့ ပြည်တွင်း ဒုက္ခသည် ၅၄၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒုက္ခသည်တွေကတော့ ဘာသာရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ရသူတွေဖြစ်ပြီး၊ ကျန်ဒေသတွေကတော့ စစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတွေရှိပေမဲ့လည်း ပဋိပက္ခတွေ ရှိနေဆဲဖြစ်တာကြောင့် ပြည်တွင်းဒုက္ခသည် အရေအတွက် ကျ မသွားတာဖြစ်တယ်လို့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အဓိကအချက်ကတော့ အပစ်အခတ်ရပ်စဲရေး မရသေးတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ကျေးရွာအိုးအိမ် ထွက်ပြေးနေရသူတွေ ရှိနေတုန်းပဲလို့ USCB အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့က Myra Dahgaypaw က ဗွီအိုအေကို ပြောပါတယ်။

“KNU အပစ်အခတ်ရပ်စဲရေး မရပ်ထားဘူးဆိုပြီးတော့ ဘာပဲဖြစ်ဖြစ် IDP ဦးရေကတော့ များလာမှာပဲ။ ရခိုင်ပြည်နယ်ဘက်မှာလည်း အဲ့လိုမျိုးပဲ ဘာသာရေးပဋိပက္ခပေါ့နော် အဲ့ဒီကိစ္စအတွက်ကြောင့် ရိုဟင်ဂျာတွေကတော့ အရင်တုန်းက နေတဲ့ဒေသတွေမှာလည်း မနေနိုင်ဘဲနဲ့ IDP ဖြစ်သွားတာပေါ့နော်။ ဒီ့အပြင် တခြားဒေသ ဥပမာ - မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာဆိုရင်လည်း IDP နံပါတ်တွေများလာတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ မြေသိမ်းတဲ့ကိစ္စတွေ၊ ဘာတွေ၊ ပြီးတော့ တချိန်တည်း ဟိုဥစ္စာပေါ့နော် Economic Development”

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိလာပြီး ပွင့်လင်းလာတဲ့ အခြေအနေကြောင့် နိုင်ငံတကာရဲ့ လူသားချင်း စာနာကူညီမှုတွေ ဖွံ့ဖြိုးမှု အထောက်အပံ့တွေ တိုးလာသလို၊ ပြည်တွင်းဒုက္ခသည်တွေအတွက် ထောက်ပံ့မှု အခြေအနေဟာလည်း တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ရာမှာ ဒုက္ခသည်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာ၊ ကူညီရေးအစီအစဉ်တွေမှာ ဒုက္ခသည်တွေကိုယ်တိုင် ပါဝင်ခွင့်ပေးတာ၊ ဒီကိစ္စတွေမှာတော့ လုပ်ဆောင်စရာတွေ လိုသေးတယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။

Myra Dahgaypaw ကလည်း အခုနောက်ပိုင်းမှာ အကူအညီပေးရေး ၀န်ထမ်းတွေကို ကန့်သတ်တာတွေ၊ စောင့်ကြည့်မေးမြန်းတာတွေကြောင့် လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေမှာ လွတ်လပ်မှု အားနည်းနေတယ်လို့ ပြောပါတယ်။

“ဘာလုပ်တာလဲ၊ ဘယ်ကိုသွားတာလဲ၊ ဘာတွေပြောတာလဲ အမြဲတမ်း သူတို့နောက်မှာ တယောက်ယောက် လိုက်တာပဲ။ အဲ့လိုမျိုးဆိုရင်တော့ အလုပ်လုပ်တဲ့သူတွေကလည်း ဘာမှကို လွတ်လပ်မှု မရှိတော့ဘူးလေ။”

တချိန်တည်းမှာပဲ IDP ဒုက္ခသည်တွေကို အကာအကွယ်ပေးနိုင်မယ့် အစိုးရမူဝါဒတွေ ဒါမှမဟုတ် ဥပဒေမျိုးတွေ မရှိဘူးလို့လည်း ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက ပဋိပက္ခတွေကို အဆုံးမသတ်နိုင်တာကြောင့် အဲဒီဒေသက ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

တကမ္ဘာလုံးနဲ့ ပတ်သက်လို့ အခု ၂၀၁၃ ခုနှစ်မှာ ဒုက္ခသည်အရေအတွက် လူဦးရေ ၃၃ ဒဿမ ၃ သန်းအထိ တိုးလာခဲ့ပြီး၊ ဒီကိန်းဂဏန်းဟာဆိုရင် ၁၉၈၉ ခုနှစ်ကစပြီး ပြည်တွင်းဒုက္ခသည်တွေကို နိုင်ငံတကာက မှတ်တမ်းပြုလာရာမှာ အများဆုံး ကိန်းဂဏန်း ဖြစ်လာတယ်လို့ နော်ဝေး ဒုက္ခသည်များကောင်စီက အတွင်းရေးမှူးချုပ် Jan Egeland က ပြောခဲ့ပါတယ်။

“ဘော့စနီးယား၊ ဘော်လကန်ဒေသနဲ့ ရ၀မ်ဒါ၊ ကွန်ဂိုဒေသတွေမှာ မျိုးပြုန်းသတ်ဖြတ်မှုတွေရှိခဲ့တဲ့ ၁၉၉၀ ၀န်းကျင်တုန်းက အတော့်ကြီးကို ဆိုးရွားနေတဲ့ အခြေအနေထက်ကို အခုဟာ ပိုဆိုးပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာမှာ ပြည်တွင်းဒုက္ခသည် လူဦးရေ ၂၈ သန်းရှိခဲ့ပြီး နောက်ပိုင်း အရေအတွက် ကျခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကနေစရင်တော့ ပြည်တွင်း ဒုက္ခသည်တွေ အရေအတွက် တိုးလာပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ အဆုံးဆိုး အရေအတွက် ဖြစ်လာပါတယ်။”

ဒါကြောင့်လည်း သန်းနဲ့ချီတဲ့ ဒီဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲတွေ အဆုံးသတ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုမယ်ဆိုပြီး Egeland က တိုက်တွန်းခဲ့ပါတယ်။ အခု အစီရင်ခံစာပါ ပြည်တွင်းဒုက္ခသည်များ အရေအတွက်မှာတော့ ဆီးရီးယားနိုင်ငံက အများဆုံးဖြစ်ပြီး၊ သူ့နောက်ကဆိုရင်တော့ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ ဆူဒန်နိုင်ငံတို့ ရှိကြပါတယ်။ အစီရင်ခံစာအရဆိုရင် ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းဒုက္ခသည် အရေအတွက်ဟာ ၈ ဒဿမ ၂ သန်းတိုးလာပြီး အဲဒီအထဲ ၄၃ ရာခိုင်နှုန်းဟာ ဆီးရီယားနို်င်ငံက ဖြစ်ကြပါတယ်။

VOA
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့လူဦးရေ ၃၃ ဒဿမ ၃ သန်းဟာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ အစီရင်ခံစာသစ်တရပ်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ မှာလည်း မကြာသေးခင် နှစ်တွေကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၆ သိန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ ဆိုထားပါတယ်။

ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

Photo: ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ
Friday, May 16, 2014 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်သံများ ကြားရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ် နေရာကို ယင်းလပ် အစိုးရအဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တာဝန်ယူထားရာ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သူများဖြင့် အစားထိုးရန် ထိုင်းဆီးနိတ်လွှတ်တော်ကို ဖိအားပေးလျက် ရှိသည်။

ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရ အဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ တွေ့ဆုံ ဆွေနွေးပွဲကိုလည်း ဖျက်သိမ်းရန် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ကြာသပတေးနေ့တွင် ဖိအားပေးလျက် ရှိသည်။

အတိုက်အခံ ခေါင်းဆောင် ဆူသတ် ဦးဆောင်သော ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများသည် ယာယီဝန်ကြီးချုပ် နဝတ်သန်ရောင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အစည်းအဝေး ပြုလုပ်နေသည့် လေတပ်အခြေစိုက် စခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

“အစည်းအဝေး ပြီးသွားပါပြီ၊ ဝန်ကြီးချုပ်လည်း ထွက်ခွာသွားပါပြီ။ အစည်းအဝေး ဆက်လုပ်လို့ မရတော့ဘူး” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ရွှေ့ဆိုင်းရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဆိုင်ရာ တရားရုံးက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို ကြာသပတေးနေ့ အစောပိုင်းတွင် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဗုံးစများ ထိမှန်ထားသည်ကို တွေ့ရကြောင်း ဘန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ယခု တိုက်ခိုက်မှု ပြုလုပ်ခြင်းကို မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသော်လည်း ယင်းလပ်ဆန့်ကျင်သူနှင့် ယင်းလပ်ထောက်ခံသူ နှစ်ဖွဲ့စလုံး တွင် သဘောထား တင်းမာသော လက်နက်ကိုင်များ ရှိနေကြသည်။

The Voice Weekly
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။  

လားရှိုး မြို့ရှိ ကမ္ဘာဇ ဘဏ်(၁)နှင့် C B ဘဏ် များ တွင် ပေါက်ကွဲမှုဖြစ်ပွား

လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က မိနစ်အနည်ငယ်ကွာခြားလျက် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်

မေလ ၁၂ ရက်နေ့တွင် နေပြည်တော်အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်းခရီးသည်တင် ယာဉ်ပေါ် ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က The Voice သို့ ပြောသည်။

ဆန္ဒပြအထည်ချုပ်လုပ်သား ၁၇၀ ကျော်ကို အလုပ်ကထုတ်ပယ်

Photo: ဆန္ဒပြအထည်ချုပ်လုပ်သား ၁၇၀ ကျော်ကို အလုပ်ကထုတ်ပယ်
Friday, May 16, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၂ က STARTEX အထည်ချုပ်စက်ရုံရှေ့မှာ တစ်ပတ်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမား ၁၇၄ ယောက်ကို စက်ရုံက လျော်ကြေးပေးပြီး အလုပ်ကထုတ်ပစ်လိုက်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးက အလုပ်သမားတစ်ရာကျော်ကို အလုပ်ထုတ်ပစ်တာ တရားမျှတမှုမရှိကြောင်း အခုလိုပြောပါတယ်။
"ကျမတို့ မြန်မာနိုင်ငံမှာဖြစ်နေတာက အလုပ်ရှင်အလုပ်သမား ပြဿနာတက်လို့ရှိရင် အလုပ်ရှင်ကနေ ငွေပေးပြီးထုတ်ပစ်တယ်၊ အလုပ်သမားက အဲလျော်ကြေးကိုယူတယ်၊ တကယ်တော့ အလုပ်ရှင် အလုပ်သမား ပြဿနာတက်လို့ရှိရင် ပြဿနာရဲ့ဇစ်မြစ်ကို စုံစမ်းပြီးတော့ ပြေလည်အောင်ဖြေရှင်းရမှာ၊ မဖြေရှင်းဘဲနဲ့ လျော်ကြေးပေးပြီး ထုတ်ပစ်တယ်၊ အဲတော့ အလုပ်သမားက တောင်းဆိုမှုတွေလုပ်လာတဲ့အခါကျရင် လျော်ကြေးပဲတောင်းဆိုလာတော့မယ်၊ အလုပ်ရှင်ကလည်း လျော်ကြေးပဲပေးဖို့ ဆုံဖြတ်လာမယ်၊ အဲလိုဖြစ်လာတဲ့အခါကျရင် လုပ်ငန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျလာလိမ့်မယ်"
လွန်ခဲ့တဲ့ တစ်လလောက်က STARTEX အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့၊ လုပ်ငန်းခွင်မှာ အလုပ်သမတွေအပေါ် အနိုင်ကျင့်ဆက်ဆံတဲ့ ကြီးကြပ်ရေးမှူးကို စက်ရုံပြောင်းပေးဖို့ ဒါမှမဟုတ် အလုပ်ကထုတ်ပေးဖို့ စတဲ့အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ပါတယ်။

စက်ရုံအုပ်ချုပ်ရေးက အားလုံးလိုက်လျောပေးခဲ့ပေမဲ့ ကြီးကြပ်ရေးမှူးကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့သတင်းပတ်ကစပြီး အလုပ်သမ ၁၇၄ ယောက်က စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာပါ။
ဒီနေ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို လုပ်သက် ၃ လကနေ ၁ နှစ်ရှိသူကို ၂ လစာ၊ ၁ နှစ်ကနေ ၃ နှစ်လုပ်သက်ရှိသူတွေကို ၃ လစာ၊ ၃ နှစ်ကနေ ၅ နှစ်လုပ်သက်ရှိသူတွေကို ၄ လစာနဲ့ ၅ နှစ်အထက် လုပ်သက်ရှိသူတွေကို ၅ လစာ လျော်ကြေးပေးခဲ့ပါတယ်။ လုပ်သက် ၃ နှစ်လောက်ရှိတဲ့ အလုပ်သမတစ်ဦးရဲ့ လျော်ကြေးရရှိတဲ့ငွေဟာ ပျမ်းမျှ ကျပ်ငွေ ၃ သိန်းကျော်လောက်ရှိပါတယ်။
အဲ့ဒီစက်ရုံက အလုပ်ထုတ်ခံရသူအများစုဟာ အမျိုးသမီးတွေဖြစ်ပြီး လုပ်သက်၅ နှစ်ကနေ ၁၃ နှစ်အထိရှိသူတွေလည်း ပါဝင်ပါတယ်။

RFA
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၂ က STARTEX အထည်ချုပ်စက်ရုံရှေ့မှာ တစ်ပတ်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမား ၁၇၄ ယောက်ကို စက်ရုံက လျော်ကြေးပေးပြီး အလုပ်ကထုတ်ပစ်လိုက်ပါတယ်။