Saturday 1 December 2012

ကိုယ်ထိလက်ရောက်မှုဖြင့် အဖမ်းခံရပြန်သည့် လင်ဆေးလိုဟန်

ကိုယ်ထိလက်ရောက်မှုဖြင့် အဖမ်းခံရပြန်သည့် လင်ဆေးလိုဟန်


ကမ္ဘာကျော် မင်းသမီးချော လင်ဆေးလိုဟန်သည် နိုဝင်ဘာ ၂၉ ရက် နံနက်အစောပိုင်းက ကိုယ်ထိလက် ရောက်အမှုဖြင့် အဖမ်းခံရကြောင်း သိရသည်။

လင်ဆေးသည် မန်ဟက်တန်မြို့ရှိ Avenue နိုက်ကလပ်တွင် နံနက် ၄ နာရီခန့်က အမျိုးသမီးတစ်ဦး၏ မျက်နှာအား လက်သီးဖြင့် ထိုးခဲ့ရာ အဖမ်းခံခဲ့ရပြီး သူမကို ကိုယ်ထိလက် ရောက်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လင်ဆေးကို ဖမ်းဆီးပြီး နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။ လင်ဆေးသည် နိုက်ကလပ်သို့ သွားရောက်ခဲ့သော အစိမ်းရောင် ဝတ်စုံဖြင့်ပင် ရဲဌာနမှ ထွက်လာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး ကဆိုသည်။

လင်ဆေး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော အမျိုးသမီးသည် တရားရုံးတွင် လာရောက်၍ တရားရင်ဆိုင် မဆိုင်ကိုမူ မခန့်မှန်းနိုင်သေးဟု နယူးယောက်မြို့ အခြေစိုက် NBC သတင်းဌာနက ပြောကြားခဲ့သည်ဟု သိရသည်။ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကမ္ဘာကျော် မင်းသမီးချော လင်ဆေးလိုဟန်သည် နိုဝင်ဘာ ၂၉ ရက် နံနက်အစောပိုင်းက ကိုယ်ထိလက် ရောက်အမှုဖြင့် အဖမ်းခံရကြောင်း သိရသည်။

မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထုတ်ပြန်


လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ငြိနေပြီတဲ့




မကြာသေးခင်က မြန်မာ မဂ္ဂဇင်းလောကမှာ စထွက်ထွက်ခြင်း လူကြိုက်များတဲ့ လိင်ပညာပေး “ညှို့” မဂ္ဂဇင်းဟာ ခွင့်ပြုချက်တင်တုန်းက ဖက်ရှင် အသားပေးလို့ ဆိုပြီး၊ ထွက်ရှိလာတော့ လိင် အသားအပေး မဂ္ဂဇင်းဖြစ်နေလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ လိုအပ်သလို အရေးယူဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာနက ရုံးစာ ထုတ်ပြန်လာပါတယ်။ 

မိုဘိုင်းဖုန်းအင်တာနက် သုံးစွဲခ ပြင်ဆင်မည့် အစီအစဉ် ဆက်သွယ်ရေး ပြန်စဉ်းစားမည်

ယနေ့မှစတင် ပြောင်းလဲကောက်ခံသွားမည်ဟုဆိုသည့် မိုဘိုင်းအင်တာနက်အသုံးပြုခများကို Dat Volume စနစ်အား ယခုနှစ် ကုန်အထိ ရွှေ့ဆိုင်း လိုက်ကြောင်း ယင်းလုပ်ငန်း၏ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက် RNDP အပြင်းအထန် ကန့်ကွက်

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက် သော ဆုံးဖြတ်ချက် ချရာတွင် ရိုဟင်ဂျာ မူစလင် အသုံး အနှုန်းနှင့် ၄င်းတို့အပေါ် အကြမ်းဖက် ဖိနှိပ်နေသည်မှာ လက်ခံ နိုင်စရာ မရှိကြောင်း ဆုံးဖြတ် ခဲ့သည်ကို ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က အပြင်းအထန် ကန့်ကွက် ကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ ထုတ်ပြန် လိုက်သည်။

ဒီမိုကရေစီ အသွင်ပြောင်း ကာလ နောက်ပြန် ခြေလှမ်းလော


မကြာသေးခင်ကမှ တက်လာသော သတင်းများအရ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံ ပြည်သူလူထု ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများက ယနေ့နံနက် လင်းအားကြီး ၃ နာရီခန့်တွင် အင်အားသုံး ဝင်ရောက် ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။ ထိုသို့ ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှုဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော်များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲ ဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံ သတင်းထောက်များ ပေးပို့သော မှတ်တမ်း

ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန်လည် ဆောက်ခွင့်မရ

  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလအတွင်းက  ဖြစ်ပွားခဲ့သော ပဋိပက္ခ အိမ်များ မီးရှို့ခံ လိုက်ရ သဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသော ရခိုင်မိသားစု (၆၅) စု၏ နေအိမ် များ ပြန်လည် ဆောက် လုပ်ခွင့် ကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင် ထား သည်ဟု သိရသည်။

“ အခု သူတို့နေတာက ကညင်တော သံဖြူကျောင်းမှာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာ