Friday 18 April 2014

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု

Photo: ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု
Friday, April 18, 2014

 ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အနောက်နိုင်ငံတွေ အနေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကို အားပေးတဲ့အနေနဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မက မြန်မာအစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း တွေ ဘက်ကိုလည်း သူတို့ရဲ့ ထောက်ခံမှုတွေ ကို ဖြန့်ထားတယ် လို့ ဆိုပါတယ်၊ ဒါ့ကြောင့်မို့ ဖွဲ့စည်းပုံဥပဒေ ပြင်ရေး မှာ အစိုးရနဲ့ စစ်တပ် က ပူးပေါင်းပါဝင်လာအောင် နိုင်ငံတကာ က ဖိအားပေးတာမျိုး ဖြစ်မလာ နိုင်ဘူး လို့ သူက သုံးသပ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအင်အားစု တွေ အတွင်းမှာလည်း ညီညွတ်တဲ့ အင်အားစု မျိုး မရှိတဲ့အချက် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်က ဒီမိုကရေစီ အင်အားစုအားလုံးကို မစုစည်းထားနိုင်တာ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့လည်း ဆက်ဆံရေး အေးနေတာ စတဲ့ အကြောင်းတွေကလည်း နိုင်ငံတကာ က ကူညီဖို့လျော့ကျလာစေတဲ့ အကြောင်းတွေလို့ မြင်တဲ့အကြောင်း ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား


ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား

ဧပြီလ ၁၇ ရက် ၂၀၁၄ ခုနှစ်

Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့  တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့  ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
 ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့ လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical Teams တွေ ဖွဲ့စည်း လိုက်တော့ KIA အဖွဲ့ကတော့ ငြိမ်းချမ်းရေးလုပ်တော့မှာပါလားဆိုပြီး ကချင်ပြည်နယ်က လူထုအားလုံးက ၀မ်းပန်းတစ်သာ ဖြစ်ခဲ့ကြရပါတယ်။ မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တုန်း ကဆိုရင် ငြိမ်းချမ်းရေး ရစေချင်လွန်းလို့ ဆွေးနွေးပွဲလာတဲ့ KIA အဖွဲ့ကို လမ်းခရီးတစ်လျောက်မှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါသေးတယ်။

ငြိမ်းချမ်းရေး ရနိုးရနိုးနဲ့ တိုက်ပွဲ ဖြစ်နတဲ့ စစ်ဘေးရှောင် ဒုက္ခ အမျိုးမျိုးတွေကြားထဲကနေ ကချင်း ပြည်နယ် လူထုက အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လေး ငါး လလောက်ကစပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာတွေ လျော့သွားလို့ ကိုယ့်နေရပ်ကို ပြန်ပြီး နဂိုအတိုင်း အေးအေးဆေး  ဆေး လုပ်ကိုင် စားသောက်မယ်လို့ ကြံတုန်း အခုတစ်ခါ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါပြေးကြရပြန်ပါပြီ၊ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာပါဘဲ၊ သူတို့နယ်မြေတွေမှာ အေးချမ်းနေပြီး ကျွန်တော်တို့ နယ်မြေမှာကျမှ မအေးချမ်း တာဟာ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုးလားစိတ် မရှိတာကြောင့် ဖြစ်တယ်ဆိုတာ အထူးပြောစရာ မလို တော့ပါဘူး။
 အခုဆိုရင် အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်လာတာ ၃ နှစ် ပြည့်လုနီးပါကြာခဲ့ပါပြီ၊ ဒီကြား ထဲမှာ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ အကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။ ဆွေးနွေး မှုလုပ်တိုင်း လည်း ငြိမ်းချမ်းရေးလုပ်နိုင်ပါစေ၊ ငြိမ်းချမ်းရေး ရပါစေလို့ အဓိက ဒုက္ခခံစားနေရတဲ့ ကချင် လူထုက ဆုတောင်းပွဲတွေပြုလုပ်ပြီး အဖြေကို အမြဲနားစွင့်နေခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေသာ ပြီးသွား ပါတယ်၊ ကျွန်တော်တို့ မျော်လင့်နေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေက အခုချိန်ထိ ထွက်မလာခဲ့ပါဘူး။

မြန်မာပြည်အရပ်ရပ်က ညီအစ်ကို မောင်နှမ အားလုံကလည်း ကျွန်တော်တို့ ပြည်နယ် အေးချမ်း ပါစေဆိုတဲ့ ဆန္ဒနဲ့ ကူညီထောက်ပေးတာတွေ၊  ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဂီတပွဲ၊ ဆုတောင်းပွဲ တွေ အားသက်တရော လုပ်ပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်နေ တိုင်းရင်းသား မောင်နှမများ အားလုံးက အထူးကျေးဇူးတင် ပါတယ်ဆိုတာကို ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ်။

သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ KIA အဖွဲ့ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့  စိတ်ဆန္ဒကို မျက်ကွက်ပြုပြီး နယ်စပ်တစ်လျောက်မှာမှောင်ခိုလုပ်ငန်း လုပ်ကိုင်ပြီး ၊ အသိပညာ မကြွယ် ၀သေးတဲ့ ကချင်ပြည်နယ်နေလူထုကို ကချင်ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ဆိုတဲ့ စကားလုံးနဲ့ စည်းရုံး သိမ်းသွင်းထားတဲ့  လက်နက်ကိုင် အာဏာတည်မြဲရေး၊ KIA အဖွဲ့ကောင်းစားရေးကို ရှေ့ ရှု လုပ်ကိုင် နေတဲ့ အဖွဲ့ပဲ ဖြစ်တယ်ဆိုတာ  ဒီကနေ့မှာ ကျွန်တော်တို့ နားလည်ခဲ့ကြပါပြီ။ ငြိမ်းချမ်းရေးလိုလားနေတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ ဆန္ဒကို ဒီအတိုင်းမျက်ကွယ်ပြုထားပြီ ဒီပုံစံအတိုင် အကြမ်း ဖက်တဲ့ လုပ်ငန်းတွေနဲ့ တိုက်ပွဲတွေကိုပဲ ဆက်လက်ပုံဖော်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်ပြည်နယ်လူထုက ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပါပြီ.....

မောင်ရေချမ်း ( မြစ်ကြီးနား)
Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။

ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ


ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ

NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့မနက်မှာ ပြောပါတယ်။

ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ဥရောပကနေ မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ညနေမှာပဲ ဆရာဦးဝင်းတင်ကို သွားရောက်ကြည့်ရှုခဲ့ ပါတယ်။  အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး နိုင်ငံခြားသွားရောက် ကုသမှု ခံယူရေးကိစ္စတွေကိုလည်း မိသားစုဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်ပင်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့ မနက်မှာ ပြောပါတယ်။
ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး အတွင်း သင်္ကြန်ကာလ ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုး သမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အမှုတစ်မှုမှာ သင်္ကြန်အကျ နေ့ ဧပြီ ၁၄ ရက် ညနေတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမျိုးသားတစ်ဦးက တစ်လမ်းတည်းနေ မိန်းကလေးတစ်ဦးကို ရေပက်စဉ် ပါးပြင်အားနမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့နမ်းမိခဲ့၍ နှစ်ဖက်မိသားစု စကားများရန်ဖြစ်ကာ နမ်းခဲ့သူ၏ မိခင်ကို အနမ်းခံရသူ၏ အစ်မက

ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်လိုင်းမှ ယာဉ်မောင်းဖမ်းမမိသေး

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၂ ဦး မီးလောင် သေဆုံးသည့် ဖြစ်စဉ်တွင် ခရီးသည်များ အား ကားတံခါးပိတ်၍ ထွက်ပြေး တိမ်းရှောင် နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို ဖမ်းဆီး မမိသေးကြောင်း သတင်း ရရှိသည်။
 ဧပြီ ၁၂ ရက်နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးအား ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ၁၂၈ ဦး၊ သေဆုံးလူနာ နှစ်ဦး၊ သင်္ကြန်အကျနေ့တွင် ၁၅၉ ဦး၊ သေဆုံးလူနာ သုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၈၉ ဦး၊ သေဆုံးလူနာ တစ်ဦး၊ သင်္ကြန်အတက်နေ့တွင်၂၁၈ ဦး၊ သေဆုံးလူနာ လေးဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၈ ဦး၊ သေဆုံးလူနာ သုံးဦးအထိ ရှိခဲ့သည့်အတွက် ယခုနှစ်လူနာဦးရေမှာ ယခင်နှစ်ကထက် ပိုများခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အရိုးအကြော၊ ခွဲစိတ်အပါအ၀င် အခြားအထူးကု ဆရာဝန်များနှင့်အတူ အရေးပေါ် အထူးကုဆရာဝန်များကပါ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် အထူးကု ဆရာဝန်များ အပါအ၀င် အခြားကျန်းမာရေး ၀န်ထမ်းများ၊ အထွေထွေ လုပ်သားများကိုပါ ယခင်နှစ်များထက် အင်အားနှစ်ဆ တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါး၊ စက်ပစ္စည်းများကိုလည်း ယခင်ကထက် တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရက်အတွင်း အရိုး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေအပြင် အရေးပေါ် အထူးကု ဆရာဝန်တွေကိုပါ ပူးတွဲတာဝန် ချထားပေးခဲ့တယ်။ ဒါကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် စလုပ်တာပါ။ မြန်မာနိုင်ငံမှာ အရေးပေါ် အထူးကုဘွဲ့ရထားတဲ့ ဆရာဝန် ၁၈ ဦးထဲက ခြောက်ဦးကို ဒီနှစ်မှာ စပြီးတာဝန်ပေးတာပေါ့။ ၀န်ထမ်းအင်အားတွေအပြင် ဆေးဝါးကအစ အားလုံးတော်တော်များများကို ယခင်နှစ်တွေကထက် ပိုပေးနိုင်ခဲ့တယ်။ နောက်သင်္ကြန်ရက်အတွင်း အရေးပေါ် ကြီးကြီးမားမား ဖြစ်ခဲ့ရင်လည်း လုပ်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာပပက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိ ပြည်တွင်း၌ အရေးပေါ်ပြုစုကုသ အထူးကုဆရာဝန်များကို ပြီးခဲ့သည့်နှစ်များက လေ့ကျင့်မွေးထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရေးပေါ်ပြုစုကုသမှုပညာ ဒီပလိုမာ ရရှိထားသူ ၁၈ ဦးရှိကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း အရေးပေါ် ပြုစုကုသ အထူးကုဆရာဝန်များအပြင် အရေးပေါ် ပြုစုကုသ အထူးကုသူနာပြုများ စတင်မွေးထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ခံထွက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 Eleven Media Group
ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရ သည်။

သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား

Photo: သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား 

Friday, April 18, 2014

ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော်လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ်စဉ်က ပေးသွင်းထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ အနေဖြင့် စည်ကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အရေးယူနိုင်ရန်အတွက် မဏ္ဍပ်မဆောက်လုပ်မီ အာမခံစပေါ်ငွေများ တင်ထားရပြီး ယခုနှစ်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီးတစ်ခုလျှင် ကျပ် ၇၅ သိန်း၊ ပေ ၁၀၀ နှင့် ၅၀ ကြား မဏ္ဍပ်အလတ်တစ်ခုလျှင် ကျပ် ၄၅ သိန်းနှင့် ပေ ၅၀ အောက် မဏ္ဍပ်အသေးတစ်ခုလျှင် ကျပ်သိန်း ၃၀ ပေးသွင်းထားရသည်။ သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အဆိုပါငွေများထဲမှ နုတ်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ငွေကို သင်္ကြန်ကာလအပြီး အစိုးရရုံးများ ပြန်ဖွင့်ချိန်တွင် ထုတ်ပေးမည်ဟုလည်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ ဆရာစံလမ်းတွင် လေးခုအပါအ၀င် ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီးတွင် သတ်မှတ်ရက်ထက် နောက်ကျဖျက်သိမ်းမှုကြောင့် အရေးယူခဲ့သည့်မဏ္ဍပ် မရှိခဲ့ဘဲ အခြားအကြောင်းအရာများဖြစ်သည့် မဏ္ဍပ်များတွင် လင့်စင်ထိုးခြင်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုရရှိခြင်း၊ သစ်ပင်များ ပျက်စီးခဲ့ခြင်း၊ မဏ္ဍပ်များတွင် တာဝန်ခံမည့်သူများ၏ ဖုန်းနံပါတ်များကို ဖော်ပြမှုမရှိခဲ့ခြင်း၊ အရွယ်အစား ပိုမိုဆောက်လုပ်ခဲ့ခြင်းများကြောင့် အာမခံစပေါ်ငွေထဲမှ ဒဏ်ကြေးငွေများ နုတ်ယူခံခဲ့ရကာ အနည်းဆုံး ကျပ်နှစ်သိန်းကျော်မှ အများဆုံး ကျပ် ၅၅ သိန်းအထိ နှုတ်ယူခံခဲ့ရပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းမှ မဏ္ဍပ်များ အများဆုံး ပေးဆောင်ခဲ့ရကြောင်း၊ ယင်းသို့ ဒဏ်ကြေးရရှိငွေမှာ ကျပ်သိန်း ၈၆၀ ကျော် ရှိခဲ့သည်ဟု ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။ 

Eleven
ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန် မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော် လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ်စဉ်က ပေးသွင်း ထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏

သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများ ကွင်းဆင်းလေ့လာမည်

တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကွင်းဆင်လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဦးရှုမောင်က" သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ကျန်ခဲ့တာမျိုး ရှိသလား၊ လွဲချော်သွားတယ် ဆိုရင်လည်း ဘယ်လိုအတိုင်းအတာအထိ လွဲချော်သွားနိုင်သလဲ။ ဘယ်လောက် အတိုင်းအတာအထိ လွဲမှားထားသလဲဆိုတဲ့ အနေအထားကို ကျွန်တော်တို့ သေချာလေး ဖြစ်သွားစေဖို့လေ့လာတဲ့

ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ

Photo: ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ 

Friday, April 18, 2014

ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသံချပ်အဖွဲ့ကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများက ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်မှစကာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ၏ အကူအညီဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံချပ်ဖျော်ဖြေမှုကို ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၏ ဖိတ်ကြားမှုအရ သွားရောက်ဖျော်ဖြေခြင်း၊ မြေပြင်ပေါ်တွင် ပြည်သူများအား မြေ၀ိုင်းဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မြေ၀ိုင်းဖျော်ဖြေခြင်းပုံစံကို ပိုမိုပြုလုပ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုစည်သူမောင်က ပြောကြားသည်။

သံချပ်ဖျော်ဖြေမှုများတွင် ၎င်းတို့၏ သဘောမပါဘဲ ရေးဆွဲထားသည့်အတွက် လက်ရှိ ကျောင်းသားများ ကန့်ကွက်နေသည့် တက္ကသိုလ်ပညာရေး ဥပဒေကို ဆန့်ကျင်သည့်အချက်များ၊ တက္ကသိုလ်များကို ကွင်းပြင်ထဲတွင် ထားသည့်အတွက် လောင်းကစားဝိုင်းများ များပြားလာကာ ကျောင်းသား ကျောင်းသူများ ပျက်စီးကုန်သည့်အကြောင်း စသည့် အချက်များကို သရော်သည့် စာသားများ ပါဝင်သည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြင်ဆင်ရန်ခက်ခဲအောင် လုပ်ထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး၊ အဆိုပါ ပြင်ဆင်ရေးအပေါ် ကျောင်းသားများ အနေဖြင့်လည်း ပါဝင်သွားမည်ဆိုသည့် စာသားများလည်း သံချပ်များတွင် ပါဝင်ခဲ့သည်။

"တို့နိုင်ငံရဲ့အပြောင်းအလဲဟာ... ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာညက်နဲ့၊ အရေးအကြီးဆုံး စပြောမယ်၊ ပြောင်းကြမှာလား ပြင်ကြမှာလား... နာဂစ်ဥပဒေ၊ နာဂစ်ဥပဒေ"၊ "ဒေါင်းကမှာလား ဆင်ကမှာလား...ပြောင်းကြမှာလား ပြင်ကြမှာလား၊ ပြောင်းမယ်ပြင်မယ် ခေါင်းရယ်ဖင်ရယ်... တစ်ခုလုံးကို ရှုပ်နေတာပဲ၊ တစ်ခုလုံးကို ရှုပ်နေတာပဲ" စသည့်သံချပ် စာသားများ ပါဝင်ခဲ့သည်။

ထို့ပြင် တရားသူကြီးအချို့၏ အကျင့်ပျက်ခြစားမှုများနှင့် တရားရုံးအချို့၏ အကျင့်ပျက်ခြစားမှု အချို့ကိုလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

တရားသူကြီး၊ တရားရုံးများနှင့် ပတ်သက်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က "ဥပဒေရဲ့ အစွမ်းအစွမ်း...ပြည်သူတွေမှာ ခံစမ်း ခံစမ်း၊ ငွေများပြီး တရားနိုင်တော့...လေတွေများပြီး မကြားနိုင်ပေါ့၊ လာဘ်ပေးရင် ရန်မလိုတဲ့...ဥပဒေ ဥပဒေ တို့နိုင်ငံရဲ့ ဥပဒေ၊ တို့တိုင်းပြည်ရဲ့ဥပဒေ၊ ဥပဒေမှာ နှစ်မျိုးပဲရှိတယ်... အခုတစ်မျိုး တော်ကြာ တစ်မျိုး" စသည်ဖြင့် သံချပ်ထိုး ဝေဖန်ခဲ့သည်။

သံချပ်အဖွဲ့ထွက်ခြင်းနှင့်ပတ်သက်၍ ကိုစည်သူမောင်က "အဓိက,ကတော့ ပြည်သူကို အသိပေးချင်တာပေါ့။ နိုင်ငံရေး အကျပ်အတည်းတွေက ဒီနေ့အထိ ရှိနေတုန်းပဲဆိုတာ ချပြချင်တယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက် ရှိနေသေးတဲ့ ပြဿနာတွေ အားလုံးဟာ အတူလက်တွဲပြီး ဖြေရှင်းမှရမယ် ဆိုတာတွေကို သံချပ်စာသားတွေထဲမှာ ထည့်ပြောချင်တာကြောင့်ပါ" ဟု ပြောကြားသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ဖျော်ဖြေမှုတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ကိစ္စများအပေါ် စာရွက်ပေါ်တွင် လက်မှတ်ထိုးသည့် ငြိမ်းချမ်းရေးလားဟု သရော်မှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven
ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများ စုတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသံချပ်အဖွဲ့ကိုတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများက ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်မှစကာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် များ၏ အကူအညီဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။

Photo: မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။
Friday, April 18, 2014

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့လာနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
မာတာက “ကျနော် ဒီကို ပြောင်းမလာခင်ကတည်းက ယူနိုက်တက်မှာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်ဆိုတာ သိခဲ့ပြီးသားပါ။ ကျနော် ပြောင်းရွှေ့လာမယ့် နေရာဟာ ပွဲတွေ အနိုင်ရပြီးရင်း အနိုင်ရနေမယ့် နေရာ ဖြစ်မနေဘူးဆိုတာ သိနေခဲ့ပြီးသားပါ။”

“ဒါပေမယ့် ဒီအသင်းဟာ ပြန်လည် နိုးထလာမယ့် အသင်းတစ်သင်းဆိုတာကိုလည်း ကျနော် ကောင်းကောင်း သိနေခဲ့ပါတယ်။ အသင်းရဲ့ အနာဂါတ်ဟာ တောက်ပလာမှာပါ။ ကျနော် ဒါကို သံသယ မရှိပါဘူး။ ကျနော် ဒီကို ပြောင်းလာတုန်းက မန်နေဂျာ၊ ဘုတ်အဖွဲ့ဝင်တွေနှင့် ကျနော့်ရဲ့ ပြောဆိုဆွေးနွေးမှုတွေဟာ လာမယ့် ဘောလုံးရာသီအတွက် ပြောဆို ဆွေးနွေးခဲ့ကြတာပါ။ မှန်ကန်သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်မှု ရှိနေပါတယ်။ ”
“အသင်းဟာ အပြောင်းအရွှေ့ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သူတို့ သိသလို ကျနော်လည်း သိပါတယ်။ လာမယ့် နွေရာသီမှာ သူတို့ဟာ ကစားသမားတစ်ချို့ ခေါ်ယူမှာပါ။ ထိပ်တန်းကစားသမားတွေကို သူတို့ ခေါ်ယူကြလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်နေပါတယ်။”

“ဒီအသင်းဟာ ပြန်လည်နိုးထလာမယ့် အသင်းဖြစ်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမယ်အသင်း ဖြစ်တယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ကျနော် ကလေးဘဝတုန်းက ကတည်းက မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲ အားလုံးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အသင်းပါ။ ဒီအခိုက်အတန့်ကနေလည်း ပြန်လည်နိုးထလာမယ်ဆိုတာ သေချာပါတယ်။”

“လက်ရှိ အနေအထားဟာ မန်နေဂျာ တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ နည်းစနစ် ဗျူဟာတွေကြောင့်ချည်း မဟုတ်ပါဘူး။ ဒီအချိန်ဟာ တစ်ယောက်တည်းကို အပြစ်တင်နေရမယ့် အချိန် မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး အတူတူ အပြစ်ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြား လိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့ လာနိုင်မည် ဖြစ်ကြောင်း လည်း ပြောကြား လိုက်သည်။