Tuesday 10 September 2013

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဓိကကျသော မင်းဓမ္မလမ်း ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းတင်ဒါများ ခေါ်ယူ

ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ဒုတိယစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် အတွက်မြေငှားရမ်းရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDC က ထုတ်ပြန် လိုက်သည်။

မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ


Photo: မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ
Tuesday, September 10, 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
ခရီးသွားရာသီအစဖြစ်သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံ ခြားသားခရီးသည်များ အဆိုပါ မြို့သုံးမြို့သို့ လာရောက်မှု များ ပြားပြီး လာရောက်သည့် နိုင်ငံခြား သားခရီးသည်များ တည်းခိုနိုင်ရန် အတွက် ယခုအခါ အဆိုပါမြို့ ကြီးများတွင် ဟိုတယ်ကြီးများ တိုး ချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ လလယ်အထိ မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟို တယ်ကြီးရှစ်လုံး၊ ကြယ်နှစ်ပွင့်အ ဆင့်ရှိ ဟိုတယ် ၂၅ လုံးနှင့် ကြယ် တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး နှင့် ရိုးရိုးတည်းခိုခန်း ၃၅ လုံးရှိရာ အခန်းပေါင်း ၂၃၃၁ ခန်းရှိသည်။ ပြင်ဦးလွင်မြို့တွင် ကြယ်သုံးပွင့် အဆင့် ဟိုတယ်ကြီး လေးလုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်သုံး လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ် ခြောက်လုံးနှင့် ရိုးရိုးတည်းခိုခန်း ၂၅ လုံးရှိရာ အခန်းပေါင်း ၇၅၆ ခန်းရှိသည်။ ပုဂံညောင်ဦးတွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟို တယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်ခုနစ်လုံး၊ ကြယ်တစ်ပွင့် အဆင့်ဟိုတယ် လေးလုံးနှင့် ရိုးရိုး တည်းခိုခန်း ၄၃ လုံးရှိရာ အခန်း ၂၁၃၁ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး တိုင်းဦးစီးဌာန မှူးရုံး မှတ်တမ်းများအရ သိရ သည်။

လာမည့် ခရီးသွားရာသီ တွင် ခရီးသည်နှစ်ဆခန့် တိုးတက် လာရောက်နိုင်ပြီး မန္တလေးမြို့သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များမှာ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ နိုင်ငံ ခြားသား တည်းခိုခွင့်လိုင်စင်ရယူ ထားသော တည်းခိုခန်းများသို့ သွားရောက်တည်းခိုမှုရှိရာ နိုင်ငံ ခြားသားဝင်ရောက်မှုများသည် မန္တလေးမြို့တွင် ယခုအခါ အဆင့် မြင့်အိပ်ခန်းပေါင်းများစွာ ပါရှိ သော ဟိုတယ်ကြီးများ တည် ဆောက်နေသည့်အပြင် လက်ရှိ ဟိုတယ်များမှာလည်း အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်

Photo: အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်
Tuesday, September 10, 2013

အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ် ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိ ရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေး ပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီး ဌာနအနေ ဖြင့် ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြော သည်။

ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို မှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီးတာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာ ချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေး ယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါ အတိုင်း လေးစား ဆောင်ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။ စက်ရုံ၊ အလုပ်ရုံ များသို့ အ လုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ်ဝင်ရောက်လုပ် ကိုင်ရပြီး ယင်းဖောင်များတွင်ပါ ရှိသည့် စည်းကမ်းပါအချက်များ ကိုပင် အလုပ်ရှင်များမှလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ် လျက် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက် ရုံမှ အလုပ်သမား သမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန် တော်တို့စက်ရုံမှာ အလုပ်ရှင် အ လုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုထားတာတော့ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထား တဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အ လုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက် ပါပဲ''ဟု ပြော သည်။
ဩဂုတ် ၃၀ ရက်တွင် အ လုပ်သမားများအတွက် 'အလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်း ဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမား အား အလုပ်လုပ်ရန်ခန့်အပ်ပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက် စာချုပ်ချုပ်ဆိုရမည်ဟုပါရှိ ပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်း ခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့်များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ် ပါ ခံစားခွင့်များအောက်လျော့ နည်း ခြင်းမရှိစေရဟူ၍ပါရှိသည်။
နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်းများနှင့် အညီရက် ပေါင်း ၉ဝအတွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

Yangon Media Group
အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ်ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်ရှိ

Photo: တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်ရှိ
Tuesday, September 10, 2013 

တရုတ်နိုင်ငံ AVIC ရဟတ်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် လက်ရှိ အသုံးပြုနေသော ရဟတ်ယာဉ် များထက် မြန်နှုန်း နှစ် ဆဖြင့် မောင်းနှင်နိုင်စွမ်းရှိသည့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက် ရှိကြောင်းနှင့် ၎င်းမျိုး ဆက်သစ် ရဟတ်ယာဉ်များသည် တစ်နာရီလျှင် ၅ဝဝ ကီလိုမီတာ (၃၁၂ မိုင်) ကျော်နှုန်းဖြင့် မောင်းနှင်နိုင်စွမ်းရှိ မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ လင်ကျိုမင်းက ပြောကြားခဲ့သည် ဟု စက်တင် ဘာ ၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်မှုနှင့် သုတေသနပြုမှုတို့ အတွက် အခြားသော နိုင်ငံများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ AVIC မှ ထုတ်လုပ်သော ရဟတ် ယာဉ်များ အနက် Blue Whale ဝန်ချီ ရဟတ်ယာဉ်သည် တန်ချိန် ၃ဝ အထိ ဝန်တင်ဆောင်လျက် တန်ချိန် ၆ဝ အထိ ချိတ်ဆွဲလျက် အနေအထားဖြင့် တစ်နာရီလျှင် ၇ဝဝ ကီလိုမီတာ (၄၃၇ မိုင်) ကျော်နှုန်းအထိ မောင်းနှင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

¤င်းရဟတ်ယာဉ်သည် မြေအနေ အထားကျပ်တည်းရှုပ်ထွေးသည့်နေရာ များတွင်ပင် ဒေါင်လိုက်တက်ဆင်းပျံသန်း နိုင်ပြီး သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများ တွင် ထောက်ပံ့ ရေး ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းအပြင် စစ်မြေပြင် စောင့်ကြည့် ထောက် လှမ်းခြင်း၊ ကင်းလှည့်ခြင်းနှင့် မြေပြင် အနီးကပ် ပစ်ကူပေးခြင်း စသည့် စစ်ဘက် တာဝန်များလည်း ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ AVIC ရဟတ်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် လက်ရှိ အသုံးပြုနေသော ရဟတ်ယာဉ် များထက် မြန်နှုန်း နှစ် ဆဖြင့် မောင်းနှင်နိုင်စွမ်းရှိသည့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်

ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Photo: ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Tuesday, September 10, 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက် စွက်ဖက်တာ တွေ မပြုလုပ်ရေး စတဲ့ ဥပဒေ ဆိုင်ရာ ကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော် ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကို အပါအ၀င် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLD က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအပြင် တရားရေး ၀န်ထမ်းဟောင်းတွေ၊ ရှေ့နေ ကွန်ယက်က သူတွေ၊ အခြား စိတ်ဝင်စားသူတွေလည်း တက်ခဲ့ကြတာပါ။

“ဆွေးနွေးကြရာတွင် တရားစီရင်ရေး နယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ
မစွက်ဖက်ရန်၊ အာဏာ သြဇာ သုံးခြင်း (သို့) တရားသူကြီးများမှ အဂတိ လိုက်စားခြင်း ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ ရဲတပ်ဖွဲ့ လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
ဆွဲနိုင်ရန် ပြင်ဆင် သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြ
သည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ဆက်လက်ဖော်ပြပေး
သွားမယ်လို့ ပြောထားပါတယ်။

ဧရာဝတီblog
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက်စွက်ဖက်တာတွ မပြုလုပ်ရေးစတဲ့ ဥပဒေဆိုင်ရာကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော်ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် တွင် ပြေးလမ်းချော် မှုကြောင့် ၁၄ ဦး ဒဏ်ရာရ

Photo: ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် တွင် ပြေးလမ်းချော် မှုကြောင့် ၁၄ ဦး ဒဏ်ရာရ
Tuesday, September 10, 2013 

ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သို့ ဆင်းသက်စဉ် ဂီယာ ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြေးလမ်းချော်ခဲ့သည့် Airbus 330-300 လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး ပါရှိလာခဲ့ပြီး တရုတ်နိုင်ငံတောင် ပိုင်း၊ ကွမ်ကျိုးမြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် စတင် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

''လေယာဉ်အင်ဂျင် နားမှာရှိတဲ့ ညာဘက်အခြမ်းက မြေပြင်ဆင်း ဂီယာ အုံနား မီးပွားတွေ ထွက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ် ပါတယ်'' ဟု လေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြေးလမ်းချော်သွားသည့် လေယာဉ်အား ရပ်တန့်သွားသည် အထိ လေယာဉ်မှူး က ထိန်း ချုပ်နိုင်ခဲ့ပြီး ခရီးသည်များကို အရေးပေါ် ထွက်ပေါက်မှ ထွက်ခွာစေခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် လူ ၁၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအဲဝေးဥက္ကဋ္ဌ ဆိုရာဂျက် ကာဆမ်အူဘန်က ထိုင်းနိုင်ငံ ရုပ်သံဌာနများ သို့ ပြောကြား ခဲ့သည်။ ၎င်းတို့အားလုံးကို ဆေးရုံပို့ခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်းထန်မှု မရှိသောကြောင့် ဆေးရုံမှပြန်ဆင်း သွားကြကြောင်း သိရသည်။ လမ်းကြောင်း ချော်သွားသည့် လေယာဉ်ကို ဖယ်ရှားရန်အတွက် ၂၄ နာရီခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း လေကြောင်းလိုင်း က ကြေညာ ထားသည်။

အဆိုပါ လေယာဉ်ကို အဲဘတ်စ် ကုမ္ပဏီက ထိုင်းအဲဝေး လေကြောင်းလိုင်း သို့ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ပေးပို့ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ် အတွင်းကလည်း ထိုင်းအဲဝေး လေကြောင်းလိုင်း၏ ဘန်ကောက်မှ ဟောင်ကောင်သို့ ပျံသန်းလာသော A380 စူပါဂျမ် ဘို လေယာဉ်တစ်စင်းသည် လေ၀ဲဂယက်မိကာ လှုပ်ရမ်းခါသွားမှုကြောင့် ခရီးသည်အချို့နှင့် လေယာဉ် အမှုထမ်းများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Ref:AFP
Eleven Media Group
သုဝဏ္ဏဘူမိ လေဆိပ်တွင် ပြေးလမ်းချော်ခဲ့သော လေယာဉ်နှင့် အခြားလေ ယာဉ် တစ်စင်း ပျံတက်သွားမှုကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (Photo: AFP)
ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်စဉ် ဂီယာ ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူရောင်း ချနေပြီ ဖြစ်သော် လည်း လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၄၆၀ အထိပေးကာ အသုံးပြုနေရ

ရခိုင်ပြည်နယ်အတွင်းမှ သဘာဝဓာတ်ငွေ့များကို ထုတ်ယူရောင်းချနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၄၆၀ အထိပေးကာ အသုံးပြု နေရကြောင်းနှင့် လျှပ်စစ်မီးရရှိရေးအတွက် လက်မှတ်ရေးထိုး ဆောင်ရွက်နေခြင်းများ ရှိကြောင်းလည်း သိရသည်။

ဆီးရီးယားပြည်တွင်းစစ်ကပေးတဲ့ မြန်မာပြည်အတွက် သင်ခန်းစာ

Photo: ဆီးရီးယားပြည်တွင်းစစ်ကပေးတဲ့ မြန်မာပြည်အတွက် သင်ခန်းစာ
Tuesday, September 10, 2013

ဒီပုံ၂ပုံကိုယှဉ်ကြည့်ပါ ဆီးရီးယားစစ်ပွဲတွေကြားက ကွဲခြားမှူတွေပါ ။ သူတို့နိုင်ငံသားအချင်းချင်း မသင့်မြတ်လို့ ထဖြစ်တဲ့စစ်ပွဲ ကို ဘယ်သူ့အပြစ် ရယ်လို့ မပြောလိုပါဘူး ။ဒါပေမယ့် ဆီးရီးယား တပ်မတော်ဘက်မှာ ဆီးရီးယားနိုင်ငံသားစစ်စစ်တွေပဲဖြစ်ပြီးတော့ အနောက်နိုင်ငံကြီးတွေ ရဲ့ ထောက် ပံမှူရထားတဲ့ သူပုန်တပ်ဖွဲ့ကတော့ မြင်တဲ့အတိုင်း အာဖဂန်နစ္စ တန် ၊ ဆော်ဒီအာရေဗျ ၊ ချေချင်းညာ၊ အီဂျစ် ၊ တူရကီ ၊လစ်ဗျား စတဲ့ နိုင်ငံအသီးသီးက ကြေးစားတွေပါဝင်နေတာကိုတွေ့ရမှာပါ ။

ဒီလိုတပ်ဖွဲ့ဝင်တွေနဲ့ စုစည်းထားတဲ့ တပ်ဖွဲ့တစ်ခုဟာ ဆီးရီးယားနိုင်ငံသားစစ် စစ်တွေ နဲ့ဖွဲ့စည်းထားတဲ့ ဆီးရီးယားတပ်မတော်ကို နိုင်ငံခြားကနေ ငွေရေး
ကြေးရေး နဲ့ စွမ်းအားမြှင့်လက်နက်ခဲယမ်း အထောက်အကူ တွေနဲ့တိုက် ထုတ်နေတာ သမ္မတ အာဆတ်နဲ့ ဆီးရီးယားတပ်မတော်ကို ဖြုတ်ချတိုက် ထုတ်ဖို့တစ်ခုတည်းဆိုတဲ့ ရည်ရွှယ်ချက်ဟာ ဖြစ်နိုင်ပါ့မလား ။ဘယ်လို အားကိုးတွေ ထောက်ပံမှူတွေနဲ့ အာရပ်ကမ္ဘာတစ်ဝှမ်းက တိုက်ခိုက်ရေး သမားတွေ ဆီးရီးယားထဲဝင်ရောက်နေတာပါလဲ ။

သူတို့ရဲ့ နေရင်းနိုင်ငံတွေမှာလည်း ကြည့်ပါ ။ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေချည်းပါပဲ ။ သူတို့ဘာသာ ဗော်လံတီယာ လုပ်ပြီး လာဟန်တော့မတူပါ ။
ဒီလိုကြေးစားတပ်ဖွဲ့တွေကို ဘယ်သူက ပိုက်ဆံပေးသလဲ။ ရှင်းပါတယ်။ဆန့်ကျင်တဲ့ သူပုန်အုပ်စုက ပေးတာဖြစ်ပါတယ်။သူပုန်အုပ်စုကို ဘယ်သူကပေးလဲ ။ US ကပေးတာဖြစ်ပါတယ်။ဒီကြေးစား တိုက်ခိုက်ရေး သမားတွေဟာ တကယ်တမ်း ဆီးရီးယားနိုင်ငံသားတွေလောက်တော့ ဆီးရီးယားကို သူတို့ချစ်မည်မဟုတ်ပါ။ ဒီလိုအဖြစ်မျိုး ကျွန်တော်တို့ မြန်မာနိင်ငံမှာ မမြင်တွေ့လိုတဲ့အတွက် သင်ခန်းစာ ယူနိုင်ရေး အသိပေး ရေးသားလိုက်ရပါတယ်။

သန်းထွဋ်ဦး (အမရပူရ)
မြန်မာပြည်သား
ဒီပုံ၂ပုံကိုယှဉ်ကြည့်ပါ ဆီးရီးယားစစ်ပွဲတွေကြားက ကွဲခြားမှူတွေပါ။ သူတို့နိုင်ငံသားအချင်းချင်း မသင့်မြတ်လို့ ထဖြစ်တဲ့စစ်ပွဲကို ဘယ်သူ့အပြစ် ရယ်လို့မပြောလိုပါဘူး။ ဒါပေမယ့် ဆီးရီးယားတပ်မတော်ဘက်မှာ ဆီးရီးယားနိုင်ငံသားစစ်စစ်တွေပဲဖြစ်ပြီးတော့ အနောက်နိုင်ငံကြီးတွေရဲ့ ထောက် ပံမှူရထားတဲ့ သူပုန်တပ်ဖွဲ့ကတော့ မြင်တဲ့အတိုင်း အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗျ၊ ချေချင်းညာ၊ အီဂျစ်၊ တူရကီ ၊လစ်ဗျား စတဲ့ နိုင်ငံအသီးသီးက ကြေးစားတွေပါဝင်နေတာကိုတွေ့ရမှာပါ။

ဦးတိုးနိုင်မန်း ကျွန်းစိုက်ခင်း မြေသိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှုများရှိဟု ဆို

Photo: ဦးတိုးနိုင်မန်း ကျွန်းစိုက်ခင်း မြေသိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှုများရှိဟု ဆို
Tuesday, September 10, 2013

မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်ရှိ မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်း လုပ်ကိုင်ရာ ၌ မြေယာ သိမ်းဆည်းမှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဟု ဒေသခံ
များက ပြောဆိုသည်။

မြန်မာ့စွမ်းပကား စက်မှု ကုမ္ပဏီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ သားငယ် ဦးတိုးနိုင်မန်း ပိုင်ဆိုင်သည့်ကုမ္ပဏီ ဖြစ်သည်။

၁၉၈၇ ခုနှစ်မှ စတင်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်လာသည့် အိမ်ခြေ ၆၅ အိမ်ရှိ အောင်လံမြို့နယ် ပဒဲ ကျေးရွာ ဒေသ၌ နိုင်ငံတော်က ကျွန်းခင်းစိုက်ပျိုးရန် ခွင့်ပြုချက်ရ၍ အဆိုပါ မြေများသည် ကုမ္ပဏီမြေများ
ဖြစ်ကြောင်း၊ သို့သော် ကျေးရွာတွင် ဆက်လက် နေထိုင်လိုပါက ကုမ္ပဏီ၏ ကျွန်းစိုက်ခင်းများအတွက် တောင်ယာခုတ်ထွင်ရှင်းလင်း ပြီး ကျွန်းပင်များ စိုက်ပျိုးခိုင်းကြောင်း ပဒဲကျေးရွာ ဒေသခံ ဦးကျော်လင်း က ဧရာဝတီ ကို ပြောသည်။

“အခုနေမှာ နိုင်ငံတော် အစိုးရက တောင်သူ လယ်သမားတွေရဲ့ဘဝ
မြေယာပိုင်ဆိုင်ခွင့် တိကျခိုင်မာစေဖို့ လယ်ယာ မြေ မှတ်ပုံတင်တွေ လုပ်ပေးနေချိန်ဖြစ်ပါတယ်။ ကျနော်တို့မှာ လယ်ယာမြေ မှတ်ပုံတင် မရသေးဘူး၊ ဒီမှာ သူတို့ ကျွန်း စိုက်ခင်းအတွက် သစ်တောဌာနက တောခေါင်းတွေနဲ့ ကုမ္ပဏီရဲ့ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေတို့က သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ”ဟု သူက ဆိုသည်။

၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ဒေသခံ တောင်သူတဦးလျှင် ၁ ဧက နှုန်းဖြင့် တောင်သူ ၅၀ က ကျွန်း စိုက်ပျိုး ပေး ခဲ့ရကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်လည်း တောင်သူ တဦးလျှင် ၄ ဧက နှုန်း ထပ်မံ၍ ကျွန်းပင်များ စိုက်ပျိုးခိုင်း၍ လုပ် ဆောင်ပေးခဲ့ရကြောင်း ဒေသခံများက
ပြောသည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ်က ကျွန်းတဧက စိုက်ပျိုးမှု လုပ်အားခ ကျပ် ၅ သောင်း ၄ ထောင်နှုန်း ငွေများကိုလည်း ခြေ လျင် တပ်ရင်း အမှတ်
၇၁ မှ အဆိုပါ ကျွန်းစိုက်ခင်း တာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက
ဒေသခံများအား ပေး ဆောင် ခြင်းမရှိဘဲ ထုတ်ယူသွားခဲ့ကြောင်း ၄င်းတို့က ပြောသည်။

“သူတို့ ကျွန်း စိုက်ခင်းမှာ ကျနော်တို့ လုပ်အားခ နစ်နာ ဆုံးရှုံးနေ
တာတွေအတွက် နစ်နာကြေး လျော်ကြးငွေ လိုချင်ပါတယ်။ သူတို့ ကျွန်းခင်းထဲကို ပါနေတဲ့ လယ်ယာမြေတွေလည်း ကျနော်တို့
ပြန်လိုချင်ပါတယ်”ဟု ဦးကျော်လင်း က ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ကျွန်းစိုက်ခင်းမှာ ၂၀၀၈ ခုနှစ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီက စတင် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သားမက်ဖြစ်သူ မြန်မာ့ စွမ်းပကား စက်မှု ကုမ္ပဏီ လီမိတက် ဒါ ရိုက်တာ ဦးတိုးနိုင်မန်း၏ အမည်ဖြင့် ပြောင်းလဲ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဦးကျော်လင်းက
ပြောပြသည်။

အဓမ္မ အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်ပြီး ကျွန်းစိုက်ခင်းပိုင်ရှင် ဦးတိုးနိုင်မန်း အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၄င်း၏ ကျွန်းစိုက်ခင်းများအတွက် အဓမ္မအလုပ်ခိုင်းစေမှု မရှိကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ထိုကိစ္စ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) တွင် တိုင်ကြားမှု ရှိခဲ့ကြောင်း ဦးတိုးနိုင်မန်း က ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က တကြိမ် ဖြစ်ခဲ့ဖူးတယ်၊ အဲဒီ ပြဿနာ၊ ကျနော်တို့ကတော့ အတင်းအဓမ္မ အလုပ် ခိုင်းစေ မှုလည်း မရှိဘူး၊ လုပ်အားပေးလည်း မရှိဘူး။ ကျနော်တို့က စိုက်ပဲ စိုက်တာ၊ ခုတ်တဲ့ စရိတ်၊ စိုက်ပျိုးတဲ့ စရိတ်က ကျ နော်တို့ ထုတ်ပေးတာ”ဟု ဦးတိုးနိုင်မန်းက ဆိုသည်။

ဦးကျော်လင်းကမူ“သူတို့ ကျွန်းခင်းကိုမှ စိုက်မပေးဘူးဆိုရင် ကျနော်တို့ လယ်ယာမြေကို အပြီး စွန့်ခွာဖို့ မောင်းထုတ်ပါတယ်။ အဓမ္မ ခြိမ်းခြောက် ပါတယ်။ ကျနော်တို့ လယ်ယာမြေ မစွန့်ခွာလို့ ခြိမ်းခြောက်ဖို့ ခလရ ၇၁ က စစ်သားတွေ၊ နောက် ရဲတွေလည်း ခေါ်လာတယ်။ သစ်တောဌာနက တောအုပ်၊ တောခေါင်းတွေလည်း ခေါ်လာတယ်။ စစ်ကြောင်းဆိုပြီး ကျနော် တို့ကို ခြိမ်းခြောက်ပြီး ခိုင်းတယ်”ဟု ပြောဆိုသည်။

ပဒဲ ကျေးရွာ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက ခြိမ်းခြောက်၍ ဒေသခံများက ၄င်းတို့ နယ်မြေ မစွန့်နိုင် သောကြောင့် ကျွန်းစိုက်ခင်းများကို နှစ်နှင့်ချီကာ စိုက်ပျိုးပေးခဲ့ရကာ ယခုအထိ ဧက ၂၈၅ ဧက ကျော် ရှိကြောင်း သူ က ဆက် ပြောသည်။

“၂၀၁၀ မှာတော့ တောင်သူတဦးကို ကျွန်း ၄ ဧကစီ နဲ့ တောင်သူ ၅၀ က ထပ်ပြီး စိုက်ပေးခဲ့ရတယ်။ ပြောရရင် ၂၀၀၉၊ ၂၀၁၀ မှာ စုစုပေါင်း ကျွန်းခင်း ဧက ၂၈၅ ဧကကို ကျနော်တို့ စိုက်ပေးခဲ့ရပါတယ်”ဟု ဦးကျော်လင်းက ပြောသည်။

ထိုကဲ့သို့ အဓမ္မ လုပ်အားပေးခဲ့ရသည့်အတွက် လုပ်အားခ နစ်နာကြေး စုစုပေါင်း ကျပ် သိန်း ၁၅၀ နီးပါး ရှိကြောင်း လည်း သူက ရှင်းပြသည်။

“တန်ရာတန်ကြေး လုပ်အား တန်ကြေး မရဘဲနဲ့ အဓမ္မ လုပ်အားပေးခဲ့ရတာပါ။ ကျွန်းခင်း မပြီးမချင်း တနှစ်လုံးပဲ လုပ် အား ပေးခဲ့ရတယ်။ စုစုပေါင်း လုပ်အားခက ကာလ ပေါက်ဈေး အနည်းဆုံး သိန်း ၁၄၀၊ ၁၅၀ လောက်ရှိပါမယ်။ တဧက ကို ၄ သောင်း ၅ ထောင်လေ”ဟု ဦးကျော်လင်း က ဆိုသည်။

သို့သော် အဆိုပါ စရိတ်များ အပြည့်အ၀ မရခဲ့၍ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ILO ရုံးသို့ ၂၀၁၁ ခုနှစ်က ၂ ကြိမ် တိုင် ဒေသခံများက တိုင်ကြားမှုများရှိပြီးနောက် အဓမ္မခိုင်းစေမှု အနည်းငယ် သက်သာ သွားခဲ့ကြောင်း၊ သို့သော် ကျွန်း စိုက်ခင်း နယ်မြေတွင်းက ဒေသခံ
များ၏ မြေယာများ ယခုအထိ ပြန်မရကြသေးကြောင်း ဦးကျော်လင်း က ပြောသည်။

ဦးတိုးနိုင်မန်းက“အဓိက ဒီလိုဖြစ်တာ ကျနော်တို့က ရွာတွေကို တရားဝင် ရွာတွေ အဖြစ် ၀ိုင်းပြီး ကူပြီး တော့ ထွေ/အုပ် နဲ့ ပြန်ညှိပြီး လျှောက်တဲ့ အခါကျတော့ သစ်တောမြေထဲမှာ ရွာမြေဖြစ်အောင် ကျနော်တို့က ၀ိုင်း လုပ်ပေးတာပေါ့။ သစ်တောထဲမှာ ကျူးနေတဲ့ အဖွဲ့တွေက အခု ရွာမြေဖြစ်လာတော့ သူတို့က ကျနော်တို့နဲ့ တွဲပြီးစိုက်ထားတဲ့ ဟာတွေကို သူတို့ မြေပုံစံမျိုး ဖြစ်အောင် လုပ်ချင်တဲ့ အခါကျတော့၊ တချို့ သိပ် နားမလည်တဲ့အခါကျတော့ မြှောက်ပေးတဲ့ အုပ် စု တွေ ရှိတယ်”ဟု ဧရာဝတီကို ရှင်းပြသည်။

ဆက်လက်ပြီး ဦးတိုးနိုင်မန်းက ၄င်းတို့အနေဖြင့် ကျွန်းစိုက်ဧက ၄၀၀ ကျော်သာ ရှိကြောင်း၊ လယ်မြေ၊ ယာမြေလည်း မရှိကြောင်း၊ ကျွန်းစိုက်ခင်းဒေသတွင် ကျေးရွာ ၇ ရွာ ရှိပြီး စာသင်ကျောင်း ၇ ကျောင်း ဆောက်ပေးထားကာ ဒေသခံ ကျောင်းဆရာ ဆရာမ ၂၇ ဦး ခန့်ပေးထားကြောင်း၊ အဆိုပါ ကျေးရွာများအတွက် ကျန်းမာရေး၊ ပညာရေး၊ ရေ ရရှိရေး များ လုပ်ဆောင် ပေးထားကြောင်း ပြောသည်။

ဦးတိုးနိုင်မန်း၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ အရှေ့ရိုးမ ကြိုးဝိုင်းအတွင်း ဧကပေါင်း ၁၁၇၆ ဧက ဖြင့် စိုက်ပျိုးခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် အဆိုပါကျွန်းစိုက်ခင်းများသည် ဝေးလံခေါင်သီပြီး စိုက်ပျိုးမှုအဆင်မပြေဖြစ်၍ မူလစီမံကိန်း၏ လျာထား ချက် အပြည့် မလုပ်နိုင်၍ ရပ်တန့်ထားကာ ကျန် ကျွန်းစိုက်မည့် နယ်မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးတိုးနိုင်မန်းက ရှင်းပြသည်။

“ပထမ စီမံကိန်းတုန်းက ဧက ၂ ထောင်လောက် လုပ်ဖို့ စီမံကိန်းက နောက် ဘယ်လိုမှ လုပ်လို့ အဆင်မပြေတာနဲ့ ကျနော်တို့ ဧက ၄၀၀ နဲ့တင် ရပ်ထားလိုက်တာ၊ ကျန်တာ ပြန်အပ်ထားလိုက်ပြီ။ ထိန်းသိမ်းတဲ့ လုပ်ငန်းလောက်ပဲ ရှိတယ်”ဟု သူက ဆိုသည်။

ယခုနှစ် နှစ်ဆန်းမှ စ၍ စစ်ဆေး ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒေသခံ
များအား လယ်ယာမြေ ချဲ့ထွင်ခြင်း၊ တောင်ယာ ခုတ်ထွင်ခြင်း မလုပ်ရန် ဟန့်တား ကန့်သတ်မှုများ လုပ်ကာ အဆိုပါ ကျွန်း စိုက်ခင်းအတွက်
သာ တောင်ယာ ခုတ်ထွင် ခွင့် ရှိကြောင်း အာဏာပိုင်းများက ပြောဆို
သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စများကို သိလို၍ ဒေသဆိုင်ရာ သစ်တောဌာန နှင့် အထွေထွေ အုပ်ချုပ်ရေးမှူး တို့အား ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံတွင် ကျွန်းပင်များသည်
နိုင်ငံတော်ပိုင်ဖြစ်သည်ဟုသာ ယခင်က ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများက ဖော်ပြထားသည်။

သို့သော် ယခု ကျင့်သုံးနေသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေတွင် ကျွန်းပင်များနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင် ရှိ၊ မရှိ ကိစ္စ ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ကျွန်းပင်များကို စိုက်ခင်းအဖြစ် ပျိုးထောင်စိုက်ပျိုးမှုသည် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီး ၁၈၅၆ ခုနှစ်က စတင်ကာ
အောက်မြန်မာနိုင်ငံ ဗြိတိသျှအစိုးရက ဂျာမန် ရုက္ခဗေဒ ပညာရှင်
ဒေါက်တာ ဘရန်ဒစ်ကို ငှားရမ်း ၍ ပထမဆုံး ကျွန်းစိုက်ခင်း ဖော်ထုတ် စိုက်ပျိုးခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးမှုနောက်တွင် တန်ဖိုးရှိ ကျွန်းသစ်ပင်များ နောင်အနာဂတ်တွင် ပေါများလာ စေ ရေးအတွက် ယခင်စစ်အစိုးရများ လက်ထက်က စတင်ကာ တနိုင်တပိုင် ပုဂ္ဂလိက ကျွန်းစိုက်ပျိုးမှုနှင့် ကုမ္ပဏီများ၏ စိုက်ပျိုးခွင့်များ ချမှတ်ထားပြီး ယခုအခါ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧကပေါင်း ၄၈၆၉၀ ဧက ရှိသည်ဟု သိရသည်။

ဧရာဝတီ
မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်ရှိ မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်း လုပ်ကိုင်ရာ၌ မြေယာသိမ်းဆည်းမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဟု ဒေသခံများ က ပြောဆိုသည်။

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်း ရတနာ မွန် ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီ က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား

အင်းဆုံစည်းရာနေ့မှ အင်းအမျိုးသားနေ့ အသွင်ကူးပြောင်းနိုင်ရန် စီစဉ်လျက်ရှိ

အင်းသူ၊ အင်းသားတို့ ဆုံစည်းကြသည့် အင်းဆုံစည်းရာနေ့ ကျင်းပခြင်းခ မှနောက်နောင်တွင် အင်းအမျိုး သားနေ့ အသွင်ကူးပြောင်းကျင်းပ သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အင်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ပြောဆိုသည်။

ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ

Photo: ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ
Tuesday, September 10, 2013

ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ် အနေဖြင့် တိုက်စစ် မှူး နေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏ လက်ထောက် နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ကူးပြောင်းလာသည့် ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် လက်ရှိအချိန်တွင် ရီးယဲလ် အတွက် တစ်ပွဲမျှ မကစားရသေးချေ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ်အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူးအနေဖြင့် ကစားရဖွယ် ရှိနေကြောင်း သိရသည်။ လတ်တလောတွင် ရီးယဲလ်၌ တိုက်စစ်မြားဦးစစ်စစ် ကစားသမားဟူ၍ ကီရင် ဘန်ဇီးမား တစ်ဦးသာ ရှိသည်။

အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန် တီးပေး တဲ့ စွမ်းရည်လည်း မြင့်တယ်။ နောက်ပိုင်းမှာ သူဟာ ဗဟိုကို ပိုပြီး ချဉ်းကပ် ကစားလာတာ သတိထားမိပါတယ်။ ဘေးလ်က စွယ်စုံရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာ သူကစားနိုင်ပါလိမ့်မယ်"ဟု ဖြေကြား ခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီ မှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသားပါ။ ကျွန်တော်တို့မှာ စိတ်လှုပ် ရှားစရာ ကစား သမားကောင်းတွေ ပိုင် ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကို ထင်ရှားတဲ့ အရည် အသွေးကောင်းတွေ ရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့် (၃)ဂိုး သွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ် ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှားစရာပါပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network
ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ်အနေဖြင့် တိုက်စစ်မှူးနေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏လက်ထောက်နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး အတည်ပြုလက်မှတ်ရေးထိုး

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ် မှတ်ပေး ရန် ထောက်ခံထားသော ရခိုင်တိုင်းရင်းသားများ၏ အဆိုပြုချက်ကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အတည်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကုလသမဂ္ဂမှ ကချင်ဒုက္ခသည် ၃၀၀၀ အတွက် တစ်လစာရိက္ခာ သွားရောက်ထောက်ပံ့

ကုလသမဂ္ဂလက်အောက်မှ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင် လွတ် လပ်ရေး အဖွဲ့ (KIO) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းတစ်ခုသို့ လူ ၃၀၀၀ အတွက် စားနပ်ရိက္ခာတစ်လစာကို စက်တင်ဘာ ၇ ရက် က သွားရောက်ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်ရှိ ကုလ သမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူ ဦးအေးဝင်းက ပြောကြားသည်။

မော်စကို မြို့တော်ဝန် ရွေးပွဲ ရလဒ်ကို ဆန္ဒပြကြ

Photo: မော်စကို မြို့တော်ဝန် ရွေးပွဲ ရလဒ်ကို ဆန္ဒပြကြ
 Tuesday, September 10, 2013

ရုရှား နိုင်ငံက မော်စကို မြို့တော်မှာ အစိုးရ ဆန့်ကျင်သူ တယောက် ဖြစ် တဲ့ အလက်စီ နဗာလ်နီနဲ့ သူ့ကို ထောက် ခံသူ ထောင်ပေါင်း များစွာ ဟာ မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ မကျေနပ် ကြောင်း ဆန့်ကျင်တဲ့ အနေနဲ့ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ ဆန္ဒပြ သူတွေက မစ္စတာ နဗာလ်နီရဲ့ နာမည်ကို ကြွေးကြော်ရင်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ကရင်မလင် အစိုးရ လိုလားသူ လက်ရှိ မြို့တော်ဝန် ဆာဂေ ဆော့ဗျန်နင် က မဲ အားလုံးရဲ့ ၅၁ ရာခိုင်နှုန်း ရရှိခဲ့ပါ တယ်။

မစ္စတာ နဗာလ်နီကတော့ ၂၇ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

အဲဒါကြောင့် မစ္စတာ နဗာလ်နီက ဒီရွေးကောက်ပွဲမှာ မဲမသမာ မှုတွေ ရှိခဲ့တယ် ဒါကြောင့် ဒုတိယ အကြိမ် ရွေးကောက်ပွဲ တခု ပြန်လုပ်သင့် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မော်စကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီရွေးကောက်ပွဲမှာ စည်းကမ်း ချိုးဖောက်မှု ကြီးကြီးမားမား မတွေ့ခဲ့ရတဲ့ အတွက် ဒီလို လုပ်ဖို့ မလိုအပ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

BBC
ရုရှား နိုင်ငံက မော်စကို မြို့တော်မှာ အစိုးရ ဆန့်ကျင်သူ တယောက် ဖြစ် တဲ့ အလက်စီ နဗာလ်နီနဲ့ သူ့ကို ထောက် ခံသူ ထောင်ပေါင်း များစွာ ဟာ မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ မကျေနပ် ကြောင်း ဆန့်ကျင်တဲ့ အနေနဲ့ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်

Photo: ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်
 Tuesday, September 10, 2013

ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ခုသွားရောက်မယ့် နိုင်ငံ သုံးနိုင်ငံလုံးဟာ ဆိုဗီယက်ကွန်မြူနစ်လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရက်တစ်စနစ်ကို လေ့လာမှာဖြစ်ပြီး ချက်နိုင်ငံရဲ့ မြို့တော် Prague မြို့မှာ ကျင်းပမယ့် Forum 2000 ညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ညီလာခံအတွင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Forum 2000 ကို ချက်သမ္မတဟောင်း Vaclav Havel က ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဒီမိုကရေစီ မြှင့်တင်ရေး၊ ပြဿနာလျော့ချဖြေရှင်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ရေး အကြောင်းတွေ ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိဖို့ တိုက်တွန်းမှု လုပ်ခဲ့သူတွေထဲမှာ ချက်ပြည်သူ့သမ္မတဟောင်း Vaclav Havel လည်း ပါဝင်ပြီး ချက်သမ္မတဟောင်းဟာ၂၀၁၁ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စင်္ကာပူနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio Australia
ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက်

Photo: ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက်
Tuesday, September 10, 2013

ဆီးရီးယား အစိုးရအနေနဲ့ ဓာတုလက်နက်တွေကို နောက်ထပ် အသုံးမပြုနိုင်အောင် စစ်ရေးထက် သံတမန်ရေး နည်လမ်းတွေကို အသုံးပြုဖို့ သူ့အနေနဲ့ ပိုမို လိုလားတဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။
 
တနင်္လာနေ့ညက အမေရိကန် ရုပ်သံအစီအစဉ် ၆ ခုမှာတော့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရကို ဖိအားပေးရေး သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။
 
အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ရှောင်ရှားနိုင်ဖို့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက် ထားရှိရေး ရုရှားနိုင်ငံရဲ့ အဆိုပြုချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတခု ဖြစ်နိုင်ကြောင်းလည်း သမ္မတ အိုဘားမားက PBS ရုပ်သံရဲ့ News Hour အစီအစဉ်မှာ ပြောသွားပါတယ်။ အဆိုပြုချက် အသေးစိတ်ကိုလည်း ရုရှားအစိုးရနဲ့ ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကို ညွှန်ကြားထားကြောင်း ပြောဆိုခဲ့တာပါ။
 
ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ ဘေးကင်းလုံခြုံမှု ရှိစေရေး ကိစ္စတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ ရုရှားနိုင်ငံ St. Petersburg မြို့က စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ G-20 အစည်းအဝေးပွဲမှာလည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ ပြောဆိုဖြစ်တဲ့ အကြောင်း သမ္မတအိုဘားမားကပြောပါတယ်။
 
ဆီးရီးယား အစိုးရကတော့ ဓာတုလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ လွှဲပြောင်းပေးရေး အစီအစဉ်ကို ကြိုဆိုခဲ့ပေမဲ့ ဘယ်လိုလိုက်နာ ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ တိတိကျကျ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ဒီအစီအစဉ်ကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကလည်း ထောက်ခံခဲ့ပါတယ်။

VOA
ဆီးရီးယား အစိုးရအနေနဲ့ ဓာတုလက်နက်တွေကို နောက်ထပ် အသုံးမပြုနိုင်အောင် စစ်ရေးထက် သံတမန်ရေး နည်လမ်းတွေကို အသုံးပြုဖို့ သူ့အနေနဲ့ ပိုမို လိုလားတဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

အသက်(၈)နှစ်အရွယ် ကလေးသတို့သမီး မင်္ဂလာဦးည၌ သေဆုံး

Photo: အသက်(၈)နှစ်အရွယ် ကလေးသတို့သမီး မင်္ဂလာဦးည၌ သေဆုံး
Tuesday, September 10, 2013

ကလေးသတို့သမီးတစ်ဦးဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Yemen တွင် အသက်(၈)နှစ်အရွယ် ကလေးသတို့သမီးတစ်ဦးသည် ၎င်း၏မင်္ဂလာဦးည၌ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
သူမဟာ (၈)နှစ်အရွယ်နှင့် ငါးကြိမ်တိုင်တိုင် ကလေးသတို့သမီးဖြစ်လာအောင် ဖိအားပေးခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သူမဟာ ထိုမင်္ဂလာဦးညတွင်ကိုယ်တွင်း သွေးထွက်လွန်ကာ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သူမအား လက်ထပ်ယူသူကတော့ အ သက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
သူမသေဆုံးပြီးနောက် သူမအား လက်ထပ်ယူသူ အသက်(၄၀)နှစ်အရွယ် သတို့သားနှင့် ဖိအားပေး လက်ထပ်စေခဲ့သူ သူမ၏ မိဘများအား အရေးယူရန် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Source : Daily Mail
ပုံရိပ်(burmesehearts.com)
သတင်းချစ်သူ - ဝေဟင်
ကလေးသတို့သမီးတစ်ဦးဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Yemen တွင် အသက် (၈)နှစ်အရွယ် ကလေးသတို့သမီးတစ်ဦးသည် ၎င်း၏မင်္ဂလာဦးည၌ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ူမဟာ (၈)နှစ်အရွယ်နှင့် ငါးကြိမ်တိုင်တိုင် ကလေးသတို့သမီးဖြစ်လာအောင် ဖိအားပေးခံခဲ့ရသူ 
တစ်ဦးဖြစ်ကြောင်း သိရသည်။