မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း
တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက
တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ ပါသည်။ “ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့
ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ
တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို
ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု
အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့်
ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။