Monday 24 October 2011

ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေသူများ၏ လုပ်ရပ်များ

KIA အဖွဲ့ ရမ်းကားမှုများ
၂၀-၁၀-၂၀၁၁ ရက်နေ့တွင် KIA အဖွဲ့ဟု ယူဆရသော အဖွဲ့မှ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်းရှိ တုံအော် ကျေးရွာအုပ်စုနှင့် မန်ကန် (တိုနား) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၂)ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ တုံအော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂမ်ဂျီ၏ အလောင်းကို နောက်တစ်နေ့တွင် ရှာဖွေတွေ့ရှိ ရသော်လည်း မန်ကန်(ဟိုနား) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းတီးမှာ ယနေ့ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၁-၁၀-၂၀၁၁ရက်နေ့ နံနက် (၅)နာရီခွဲက မူဆယ်မြို့နယ်၊ ပန်ဆိုင်းကြူကုတ် မြို့နယ်ခွဲ၊ မူဆယ်-ပန်ဆိုင်း၊ လမ်းအကြား နမ့်တောင် ကျေးရွာရှိ နမ်းကွက်တာတံတားတွင် မိုင်း (၁)လုံး ပေါက်ကွဲခဲ့ပြီး အခြား ထောင်ထားသော မိုင်း (၄)လုံးအား မူဆယ်ဘီအီးတပ်မှ ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တံတားမှာ မိုင်တိုင် အမှတ် (၄၅/၄၆)တွင်ရှိပြီး တံတားအရှည် (၁၅)ပေ၊ အကျယ် (၂၀)ပေ ရှိကြောင်းနှင့် မိုင်းပေါက်ကွဲ မှုကြောင့် တံတားအခန်း(၁)ခန်း ကြမ်းပြင်ပျက်စီးသွားကြောင်း သိရှိရပါသည်။ မိုင်း ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၄-၁၀-၂၀၁၁ ရက်နေ့ နံနက် ၈း၃၀ အချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီး ပေါ်တွင် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအဝင်ဝ ယာဘက်ခြမ်း ကပ်လျက်တွင်ရှိသော မောင်သိန်း (၄၅)နှစ် (ဘ) ဦးမောင်ဘအေး၏ ဘကြီးဖြိုး ကွမ်းယာဆိုင် ဘေးတွင် ရပ်ထားသော ပိုင်ရှင်မဲ့ ကလေးစီး စက်ဘီး တစ်စီးမှ အသံမြည် မိုင်း(၁)လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စက်ဘီးနောက်ဘီး ကြေမွပျက်စီးခြင်း၊ ယမ်းထုတ်ထား သည်ဟု ယူဆရသော (၂)လက်မ ပတ်လည်ခန့်ရှိ ပလပ်စတစ် (၃)စနှင့် (၂)လက်မ ပတ်လည်ရှိသော ပတ္တူ(၂)စ အား တွေ့ရှိရပြီး အခြား တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရ ပျက်စီးမှု မရှိကြောင်း သိရသည်။
အခင်း ဖြစ်ပွားစဉ် အချိန်က ကွမ်းယာဆိုင် ပိုင်ရှင်မှာ ၎င်း၏ ကလေးငယ်အား အနီးတွင် ရှိသော လက်ဘက်ရည် ဆိုင်တွင် အိပ်ရန် သွားရောက် အပ်နှံပြီး ပြန်လာစဉ် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် တပ်မတော်မှ တာဝန်ရှိ သူများမှ သွားရောက် ကြည့်ရှုခဲ့ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သဘာဝ အဖိုးတန် ရတနာများအား အစဉ်ကာကွယ်ကြမည်…

ကမ္ဘာတွင် သက်ရှင်နေထိုင် ကြသူများအတွက် အခြေခံ အကျဆုံးအရာမှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံ စေရေးပင် ဖြစ်သည်။ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲငတ်မွတ်မှု အကျိုးဆက် များဖြစ်သော ကျန်းမာရေး ချို့တဲ့မှု၊ လူ့သက်တမ်း တိုတောင်းမှု၊ အလုပ်စွမ်းရည် ကျဆင်းမှု၊ ပညာသင်ယူနိုင်မှုစွမ်းရည် ကျဆင်းမှုတို့သည် လတ်တလော ဘ၀များကိုသာမက နောင်လာမည့် မျိုးဆက်များ တိုင်အောင် ထိခိုက်နစ်နာ စေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်းအမြစ် များဖြစ်သည့် ရေအရင်းအမြစ်၊ မြေအရင်းအမြစ်များစွာ ဖြစ်တည် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ သဘာဝ သယံဇာတ အရင်းအမြစ်များကို အရင်းပြု၍ စားနပ်ရိက္ခများ ပြည့်စုံကြွယ်ဝစွာ ထုတ်လုပ် ပေးနိုင်ခဲ့ပါသည်။ အလားတူ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း လယ်ယာ စိုက်ပျိုးရေးကို အခြေခံကာ လုပ်ဆောင် ပေးနေပါသည်။ စိုက်ပျိုးရေး ကောင်းမွန်ရေးအတွက် ရာသီဥတု ကောင်းမွန်မှုသည်လည်း များစွာ အရေးပါသည်ဖြစ်ရာ ဥတုရာသီ၊ တောကိုမှီဟူသည့် ဆိုရိုးအတိုင်း သစ်တောသစ်ပင်များ ပြုန်းတီးမှု မရှိစေရေးအတွက် သဘာဝသစ်တော အရင်းအမြစ်များကို ထိမ်းသိမ်းကာ ဆောင်ရွက် လျက်ရှိပါသည်။ သစ်တောများ ပြုန်းတီးမှု မရှိစေရေး၊ သစ်တောများ ထာဝစဉ် တည်တံစေရေးအတွက် ပြုန်းတီး သစ်တော နေရာများတွင် သစ်တောစိုက်ခင်း အသစ်များကို အစားထိုးကာ လုပ်ဆောင်ပေး လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို ကာကွယ် နိုင်ရုံသာမက ကာဗွန်ထုတ်လုပ်မှု လျှော့ချသည့် နည်းစနစ်ကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ အလားတူ သစ်တောဆိုင်ရာ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါသည်။

စစ်တပ် ဆိုတာ

စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။
တကယ့်ကိုခေတ်မီပါတယ်ဆိုတဲ့  ခင်ဗျားတို့ အထင်ကြီးပါတဲ့ USတပ်တွေ ညမှာတောင် နေ့ခင်းလိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တပ်တွေတောင် မှားယွင်းပစ်ခတ်မှု ဆိုတာ
စစ်ဆင်ရေးတခါပြီးတိုင်း တတ်လာတဲ့တင်ပြချက်ဇယားတွေမှာ နံပါတ်စဉ် ၃ နဲ့ ၄ ကြားမှာ ရှိတယ်။ဒါတောင်ဖုံးထားတာတွေရှိရင်ရှိအုံးမှာ...။
မြန်မာနိုင်ငံ စစ်ဆင်ရေးနယ်မြေအရ စစ်တပ်ကို ပြန်တိုက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံ လုပ်နေကြပုံလေး ပြောပြအုံးမယ်...။မြန်မာနိုင်ငံလို၇ ရက်သားသမီးများ က နားယောင်တာတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး...။
ဒါကြောင့်ပြောပြရအုံးမယ်...။
အဲဒီသောင်းကျန်သူတွေက အင်တာနက်ပေါ်တတ်ချင်ရင် ယူနီဖောင်းအပြည့်အစုံဝတ်တယ်...။စစ်ရေးပြလေးလျှောက်ပြီး စည်းကမ်းရှိချင်ယောင်ဆောင်တယ်...။
တကယ်တမ်းကျတော့ ရွှာသားတွေလို သူလိုငါလို ၀တ်တယ်...။ရွှာထဲမှာ နေတယ်...။ဒီကစစ်တပ်ဆိုတာ
ယူနီဖောင်းဆင်တူနဲ့  သေနတ်ကို series အလိုက် ကိုင်လာတာ...။ဒင်းတို့ က ရွာသားတွေလိုပဲ လမ်းလေးလျှောက်လိုက် ပျိုးလေးနှုတ်လိုက်နဲ့  အခွင့်သာရင် ဖွက်ထားတဲ့ သေနတ်နဲ့ ပစ်ပြီး ရွာသားတွေနဲ့ ရောပြေးရော...။ကဲ...စစ်တပ်က ပြန်ပစ်ရင် ရွာသားကိုပစ်ပါတယ် ပြောရော...ငါလခွမ်းမှတဲ့...။
တခါတလေများ စခန်းနားလာပြီး မျှစ်ချိုးသလိုလို ဝါးခုတ်သလိုလိုနဲ့  မိုင်းထောင်သွားတာတို့  ချောင်းပစ်သွားတာတို့ နဲ့ ခင်ဗျ...။ပထမတစ်ခါလောက် စစ်တပ်ကခံလိုက်ရရင်မှတ်သွားပြီလေ...။နောက်တခေါက်လာရင် ဒီကကောင်တွေကထပ်အနာမခံတော့ဘူး..။ပစ်ပြီလေ..အဲ---အဲလိုဖြစ်ရော...အပြစ်မဲ့ရွှာသားတဲ့လေ...။
တခါတခါကျတော့လည်း တကယ့်ရွာသားတွေ ဖြစ်နေတတ်တယ်..ဒါကလည်း အပေါ်မှာကျနော် ပြောခဲ့သလိုပဲ...အဲဒီသောင်းကျန်သူ က ရွှာသားတွေလိုဝတ်ပြီး ရွှာသားတွေလို အလုပ်လုပ်ချင်ယောင်ဆောင်ပြီး ပစ်-ပြေး လုပ်တတ်လွန်းလို့ ...။ အဲလိုလေးတွေ အမှား ရှိတတ်တာတော့ ဝန်ခံပါတယ်...။ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါ့ဗျာ...။အဲဒါမျိုးမှန်နေရင် တကယ်လည်းကြေကွဲရပါတယ်..။
အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။

ဇာဂနာ လွတ်မြောက်လာမှုအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်လွှတ်တော်အမတ် ပြောဆို

မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဝေဖန်ရေးလုပ်ဆောင်သူ ဇာဂနာ ရဲ့ တစ်ရက်နှစ်ရက်အတွင်း စည်းမဲ့ကမ်းမဲ့နဲ့ ကရားရေလွှတ်ပြောနေတဲ့ စကားတွေအတွက် အလွန်အင်မတန် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံမှ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဂနာ ကဲ့သို့ လက်လွှတ်စပယ် ပြောတတ်တဲ့ အစိုးရအတိုက်အခံကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးကြောင်းနဲ့ သူ့ရဲ့ အပြောအဆိုအတွက် ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ဇာဂနာကို အလွန် အထင်ကြီးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇာဂနာဟာ အိုင်ကျူ ၅၀ ရှိသူတွေကို လွှတ်တော်ထဲမှာ ဘာဆွေးနွေးခဲ့လဲဆိုပြီး မိန်းမဆန်စွာ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ဇာဂနာရဲ့ ပြောဆိုချက်က တစ်ကမ္ဘာလုံးမှ ရှိသမျှ လွှတ်တော်အမတ်တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်မှ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

"ဇာဂနာ ပြောတာတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ပျက်မိပါတယ်... လက်ရှိလွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း တို့လည်း ဇာဂနာကို စိတ်ပျက်နေကြတယ်... ဇာဂနာရဲ့ ပရမ်းပတာ စကားတွေအတွက် အလွန်စိုးရိမ်မိပါတယ်" လို့ ပြောပါတယ်။