Wednesday 3 April 2013

ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့်အစီအစဉ် (အပြည့်အစုံဖော်ပြချက်)


၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များ ရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့

 

မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့ငယ်စဉ်ကသိခဲ့တဲ့ မီး သတ် တပ်ဖွဲ့ အကြောင်းလေး မျှဝေပါတယ်..

ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်းတစ်ခုအကြောင်း နန်းခင်ဇေယျာ အသိပေးပြောကြား



ရန်ကုန်။ ဧပြီ ၃

နန်းခင်ဇေယျာ မှ သူ့အနေဖြင့် ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်းတစ်ခုအကြောင်း သူ၏ဖေ့ဘွတ်စာ မျက်နှာ မှ တစ်ဆင့် အသိပေးအကြောင်းကြားလိုက်ကြောင်းသိရသည်။

၄၈လမ်း ဗလီ မီးလောင်မှုအဖြစ်မှန်ပေါ်ပေါက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သတင်း နှင့် စာနယ်ဇင်းရှင်းလင်း





ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ဇော်၊ မောင် မျိုး အောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသောအဖြစ်မှန်ပေါ်ပေါက်သွားခဲ့ပြီဟု ဧပြီလ ၂ရက်နေ့ ညနေကရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော



မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ် လက္ခ ဏာ တွေ ရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာ တောမတ်စ် ကင်တားနား က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်



မြောက်ကိုရီးယားရဲ့စစ်ရေးခြိမ်းခြောက်မှုတွေကနေအမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီး ယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင် တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် စိတ်ချရသည့် လုံခြုံရေး အစီအမံများ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များအား လုံခြုံရေး အထူးပြုရန် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ညွှန်ကြား


ThinGyan-april2


ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ၊ ကောလာဟလများကြောင့် ရန်ကုန် သင်္ကြန်ပွဲတော်အတွက် အများစု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရာ ယခုနှစ် ရန်ကုန် သင်္ကြန်ပွဲတော်တွင် အများပြည်သူ အေးချမ်းစိတ်ချရမည့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးကိုလည်း အထူးဂရုပြုရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"



ဗလီမီးလောင်မှုအတွက် တာဝန်ရှိသူအရေးယူမည်


ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)

ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)

ဒီနေ့မနက် ၃ နာရီလောက်က ရန်ကုန် ၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၃ ဦးကျော် သေဆုံးခဲ့တဲ့ အတွက် ပေါ့ဆမှုနဲ့ ဗလီကျောင်း တာဝန်ရှိသူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။