Friday 24 October 2014

တောင်ကြီး တန်ဆောင်တိုင်လာ နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေးကောက်ခံမည် မဟုတ်

Photo: တောင်ကြီး တန်ဆောင်တိုင်လာ နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေးကောက်ခံမည် မဟုတ်
Friday, October 24, 2014

 အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော တောင်ကြီးတန်ဆောင် တိုင် ပွဲတော်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဝင်ကြေးကောက်ခံတော့မည် မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

တန်ဆောင်တိုင်ပွဲတော် လာသည့် နိုင်ငံခြားသား ခရီးသွားများကို ၂၀၁၀ မှ ၂၀၁၂ အထိ  ကင်မရာကြေးနှင့် ဧည့်ဝင်ကြေးများ ကောက်ခံခဲ့သော်လည်း ပြည်နယ် အစိုးရက ယခုနှစ်တွင် ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

၎င်းက “ ဘာလို့လဲ ဆိုတော့ လာလည်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို စိတ်အနှောက်ယှက် မဖြစ်စေဖို့ပဲဖြစ်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နှစ်က ဝင်ကြေး ကောက်ခံရာတွင် ကင်မရာကြေး ကျပ် ၁၀၀၀ နှင့် ဧည့်ဝင်ကြေး ၃ ဒေါ်လာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ၊ ဟိုတယ်များ၊ အခန်းခဈေးနှုန်းများနှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ကန့်သတ်ချုပ်ခြယ်ထားခြင်း မရှိဟု ဆိုသည်။

“အခန်းခ ဈေးနှုန်းတွေနဲ့ပတ်သတ်ပြီး ဝန်ကြီးဌာန အနေနဲ့ ကန့်သတ်ချုပ်ခြယ်ထားတာ မရှိပါဘူး၊ ဈေးကွက် စီးပွားရေးစနစ်အရ ယှဉ်ပြိုင်နိုင်တယ်၊ အဓိက ကတော့ လာရောက်လည်းခိုတဲ့ ဧည့်သည်တွေအပေါ်မှာ ဝန်ဆောင်မှုကောင်းဖို့ ညွန်ကြားထားတာပဲရှိတယ်" ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ကြီးအလုံး ၂၀ နှင့် တည်းခိုခန်း ၃၁ လုံး ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်းတွင်မူ အဆိုပါ ဟိုတယ်များမှာ လုံလောက်မှု မရှိဘဲ ရွှေညောင်နှင့် အေးသာယာ မြို့သစ်များရှိ ဟိုတယ်၊ တည်းခိုခန်း များတွင်လည်း ဧည့်သည်အပြည့်ရှိပြီး ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များအထိ ဧည့်သည်ပြည့်လေ့ရှိသည်ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းအပြင် တန်ဆောင်တိုင်ပွဲတော် ကျင်းပသည့် မီးပုံးပျံကွင်း လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်  နိုင်ငံခြားသားများ တင်ဆောင်သည့် မော်တော်ယာဉ်များအနက် မှန်လုံယာဉ်ကြီးများအား မီးပုံးပျံကွင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုပဲ ယာဉ်ငယ်များကို သာဝင်ခွင့်ပြုမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် နေ့စွဲဖြင့် တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ပြုလုပ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ခမျစ်ငြိမ်း၊ မဇ္ဈိမ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ပြုလုပ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ခမျစ်ငြိမ်း၊ မဇ္ဈိမ)
 အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော တောင်ကြီးတန်ဆောင် တိုင် ပွဲတော်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဝင်ကြေးကောက်ခံတော့မည် မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

KIA အတွက်ဒေသခံ ပလောင်တိုင်းရင်းသူ(၅၀)ဦးအား လူသစ်အဖြစ် TNLA အဖွဲ့စုဆောင်း

Photo: KIA အတွက်ဒေသခံ ပလောင်တိုင်းရင်းသူ(၅၀)ဦးအား လူသစ်အဖြစ် TNLA အဖွဲ့စုဆောင်း
Friday, October 24, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်နှင့် တာမိုးညဲမြို့နယ်အတွင်း ၌ နေ ထိုင်သောဒေသခံ ပလောင် တိုင်းရင်းသူ (၅၀)ဦးအား အောက်တိုဘာ ပထမပတ် တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)အဖွဲ့မှ လူသစ် အဖြစ် စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

``ရှမ်းမြောက်ကနေ ကချင်ပြည်နယ်ထဲကို ခေါ်သွားတာဆိုတော့ KIA အဖွဲ့အတွက်စုဆောင်းပေးတာနေမှာပေါ့၊ ကိုယ့်အမျိုးအချင်းချင်းကို မငဲ့ဘူး၊ KIA ကိုမျက်နှာလိုမျက်နှာရနဲ့သွားပေးနေတာဖြစ်မှာပေါ့´´ ဟု တာမိုးညဲမြို့ခံ တစ်ဦးက ပြောသည်။

TNLA အဖွဲ့သည်ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် တာမိုးညဲမြို့နယ် များအတွင်း လှုပ်ရှားနေသော်လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကာကွယ်ပေးမှုမရှိသည့်အပြင် ဗဟိုဌာနချုပ်ပင် အထည်တကျ မရှိသော အဖွဲ့ငယ်သာဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ဒေသခံတိုင်းရင်းသားတစ်ဦးက ``ဂျေလိယန် မှာ စစ်သင်တန်းတက်နေတဲ့ ပလောင် အမျိုးသမီး (၅၀)ရှိတယ်၊ ဒီလ ၁၀ ရက်နေ့ လောက် ကမှစပြီး ဖွင့်တာလို့တော့သိရတယ်၊ သူတို့ KIA စစ်သားတွေဈေး ၀ယ် လာရင်း ပြောနေကြတာကြားတယ်၊ ပြီးရင်လိုင်ဇာမှာ ထာမယ်လို့ပြောတယ်´´ဟုဆိုသည်။

TNLA အဖွဲ့သည် ယခုကဲ့သို့ လုပ်ရပ်များကြောင့် KIA လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့အဖြစ် ဝေဖန်ခံနေရပြီး ဒေသခံ ပလောင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ခြင်းက ပိုမိုသံသယဖြစ်စရာ ကောင်းနေကြောင်း နမ့်ခမ်းမြို့ခံ ကျောင်းဆရာ တစ်ဦးကပြောသည်။

အဆိုပါအဖွဲ့သည် အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ပြီး ဖြစ်သော်လည်း KIA နှင့်အတူ ယနေ့အချိန်အထိ အပစ်မရပ်နိုင်သေးသော လက်နက်ကိုင်အဖွဲ့ငယ် တစ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

ကောင်းစံ(ရှမ်း/မြောက်)
Kachin Daily News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်နှင့် တာမိုးညဲမြို့နယ်အတွင်း ၌ နေ ထိုင်သောဒေသခံ ပလောင် တိုင်း ရင်းသူ (၅၀)ဦးအား အောက်တိုဘာ ပထမပတ် တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)အဖွဲ့မှ လူသစ် အဖြစ် စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Friday, October 24, 2014

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့်သာယာနေပြီး  ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါတယ်။
 
 ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပါမယ်။
 
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းအငယ်မှ အသင့်အတင့်ရှိပါမယ်။နောက် (၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်နဲ့ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက် အတွက်  ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျားမိုးထစ်ချုန်း ရွာပါမယ်။

MRTV-4
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့်သာယာနေပြီး  ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။

ယာဉ်စီးခ သတ်မှတ်ပေးလိုက်သဖြင့် အမျိုးသမီးယာဉ်လိုင်း တစ်လိုင်းသာ ပြေးဆွဲတော့မည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသမီးယာဉ်လိုင်း သီးသန့်ပြေး ဆွဲရန် ယာဉ်လိုင်းသုံးခု အား ပြေး ဆွဲ ရန်ခွင့် ပြုလိုက်သော်လည်း ခရီးစဉ် တစ်ပိုင်းလျှင် ၅ဝကျပ်နှုန်း သတ် မှတ်ပေးလိုက်သဖြင့် (၃၁) ယာဉ် လိုင်း တစ်ခုသာ ပြေးဆွဲတော့မည်ဖြစ် ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။

နယူးယောက်မြို့၌ အီဘိုလာရောဂါ ကူးစက်ခံရသူ စတင်တွေ့ရှိ

ဂီနီယာနိုင်ငံရှိ အီဘိုလာရောဂါရှိသူများအား ကုသရေးတွင် ပါဝင်ထမ်းဆောင်ပြီး နယူးယောက်သို့ ပြန် လာသော ဆရာဝန်တစ်ဦးထံ၌ အီဘိုလာရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၂)

Photo: ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၂)
Friday, October 24, 2014

အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်းမာရေးကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ အပိုင်း (၁)မှာ ဖော်ပြထားပြီး ဖြစ်သလို ထပ်မံသိသင့်တဲ့အချက်တွေကိုတော့ ခုလို အပိုင်း (၂) မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း
ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဘက်ဘီးရီးယားတွေ ဝင်ရောက် နေရာယူလိုက်ပြီဆိုရင် ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။( ဖြစ်တတ်တာက မနက်အိပ်ရာမှ နိုးလာချိန်ပါပဲ။ ဒါကလည်း ညအချိန်မှာ တံတွေးထုတ်လုပ်မှု လျော့နည်းလို့ ဖြစ်ပေါ်လာတာပါ။ ခံတွင်းခြောက်တာဟာ ပါးစပ်အနံ့ဆိုးထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဆိုပေမဲ့ တခါတရံ ခန္ဓာကိုယ်ရဲ့ ဇီဝအရ ဖြစ်တတ်တဲ့ သဘောသဘာဝသာဖြစ်ပါတယ်။ တချို့ရဲ့ခန္ဓာကိုယ်မှာ ဆာလဖာ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုတွေ များစေတာကြောင့် ခံတွင်းအနံ့ဆိုး အမြဲတမ်းထွက်ပါတယ်။ ဒါကို ပါးစပ်ပလုတ်ကျင်းရည်နဲ့ ဖြေရှင်းနိုင်ပါတယ်။ သွားတိုက်ပြီးလို့ အနံ့ဆိုးပြဿနာဖြစ်နေသေးတယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သွားကို ပုံမှန်တိုက်တာ သေချာပါစေ။

သွားစွန်းထင်းနေခြင်း
ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် ဝိုင် ကဲ့သို့သော မတူညီကွဲပြားတဲ့ သောက်ဖွယ်အရည်တွေက မိမိရဲ့အပြုံး ပန်းကို ပျက်စေတယ်။ သင်ထင်ထားတာထက် ပိုပါတယ်။ တချို့သောသူများရဲ့ တံတွေးက သွားရဲ့မျက်နှာပြင်ကို အစွန်းအထင်း ဖြစ်တည်လေ့ရှိတာတွေလည်း ရှိတယ်။ တိုက်ချွတ်လို့ ရနိုင်တဲ့ သံချေးလို အနီရောင်သမ်းတာရှိသလို calculus လို့ခေါ်တဲ့ တိုက်ချွတ်ရခက်တဲ့ သွားပေါ်ကအစွန်းထင်းတွေလည်းရှိတယ်။ anti-tartar toothpaste တွေလို အလွယ်တကူဝယ်ယူနိုင်တဲ့ whitening kits တို့နဲ့ သွားတွေ လင်းလက်တောက်ပြောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒီပစ္စည်းတွေ အသုံးမပြုမီ သင့်မသင့် သွားဆရာဝန်ဆီ အရင်မေးမြန်းကြည့်ပါ။

သွားဖုံးသွေးယိုခြင်း
အများအားဖြင့် သွားဖုံးသွေးယိုတဲ့ ပြဿနာဟာ ပါးစပ်သန့်ရှင်းမှုနဲ့ (gingivitis) ခေါ် သွားဖုံးနာကျင် ယောင်ယမ်းခြင်းနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ သွားကို ပုံမှန်တိုက်နေကျအတိုင်းသာ တိုက်နေမယ်ဆိုရင် ထူးခြားမှုရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သွားနဲ့ သွားဖုံးကြား ဟတဲ့အပေါက်မှာ ပုံမှန်သွားတိုက်ရုံနဲ့ ပြောင်မှာ မဟုတ်ပါဘူး။ ဒီလိုထိပါများလာတဲ့အခါမှာ အထဲက သွေးကြောတွေ ကျယ်သထက်ကျယ်လာ၊ ပျက်စီးသထက် ပျက်စီးလာပြီး သွေးယိုထွက်မှုပိုဖြစ်စေပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဂရုစိုက်နည်းတစ်ခုက သေသေချာချာနဲ့ သွားကိုတစ်နေ့ တစ်ကြိမ်သာ တိုက်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ သွားဖုံးသွေးစိမ့်မှု ပျောက်ကင်းလာမှာဖြစ်တယ်။

အထိမခံ သွားများ
အပူ အအေး သို့မဟုတ် ချိုတဲ့ အစားအစာများကြောင့် နာကျင်မှုကို ခံစားရပေမဲ့ သင့်သွားတွေ သာမန်အားဖြင့် အထိမခံဘူးဆိုရင် ဒါ သွားပိုးပေါက်ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားဆရာဝန်ဆီ သွားပြပါ။ သွားတွေ မကြာခဏဆိုသလို အထိမခံဖြစ်နေရင်တော့ သက်သာရာစေဖို့ ဖြစ်နိုင်ချေ နည်းလမ်းတစ်ချို့ရှိပါတယ်။ သွားရဲ့အပေါ်ယံကြွေသား မရှိတော့တဲ့အချိန် သို့မဟုတ် သွားရဲ့ အမြစ်နဲ့ သွားဖုံးထိမိတဲ့အချိန်မှာ အထိမခံဖြစ်တတ်ပါတယ်။ သိပ်သည်းမှုများသော သွားတိုက်ဆေးတွေလို ခုခံကာကွယ်ပေးနိုင်တဲ့ ထုတ်ကုန်များစွာရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာ အသုံးပြုပေးမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ခံစားရရှိလာမှာ ဖြစ်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar
အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်း မာရေး ကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ အပိုင်း (၁)မှာ ဖော်ပြထားပြီး ဖြစ်သလို ထပ်မံသိသင့်တဲ့အချက်တွေ ကိုတော့ ခုလို အပိုင်း (၂) မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကို UNFC မယုံကြည်တော့

မြန်မာအစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိမရှိဆိုသည်ကို သံသယဖြစ် လာကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ် ပြန်လိုက်သည်။

အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်

Photo: အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်
Friday, October 24, 2014

အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအ သီးသီးရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင် ကာ ယခုလ နောက်ဆုံးပတ်မှစတင် ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒ ထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင်ဆရာတော်များ ထံက သိရသည်။
ယင်းသို့ဆန္ဒထုတ်ဖော်တောင်း ဆိုခြင်းကို အောက်တိုဘာ ၂၅ရက် ၌ ရန်ကုန်မြို့တွင် စတင်ပြုလုပ် သွားမည်ဖြစ်ပြီးကျန်သည့်ပြည်နယ် နှင့် တိုင်းအသီးသီးတွင်ရက်အနည်း ငယ်သာခြား၍ ဆက်တိုက်တောင်းဆို သွားရန် စီစဉ်ထားကြောင်း မဘသ (ဗဟို)ဦးဆောင်ဆရာတော် ဦးပါ မောက္ခကပြောသည်။

''မျိုးစောင့်ဥပဒေတွေက တိုင်း ပြည်အတွက် မဖြစ်မနေပြဋ္ဌာန်း ပေး ဖို့လိုအပ်တယ်။ ဒီလေးခုလုံးကဒီနိုင် ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အား လုံးရဲ့ ကောင်းကျိုး ဖြစ်ထွန်းစေမှာ ဖြစ်သလို ဆိုးကျိုးကိုလဲ ကာကွယ် ပြီးသားဖြစ်တယ်။ ဒါကြောင့်အမြန် ဆုံးပြဋ္ဌာန်းပေးဖို့အတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့တောင်းဆိုသွား မှာဖြစ်တယ်'' ဟုဆရာတော်က မိန့် သည်။
ဘာသာ ကူးပြောင်းခြင်းဆိုင် ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိနှိုင်းခြင်း ဆိုင်ရာ ဥပဒေတို့ကို ဥပဒေအဖြစ် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရန်တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် တောင်းဆို ဆန္ဒထုတ်ဖော်ခြင်းကို မဘသ(ဗဟို) ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာ တော်များကပြောသည်။

ရန်ကုန်မြို့ဆန္ဒထုတ်ဖော် တောင်းဆိုခြင်း အစီအစဉ်တွင်ရွှေတိ ဂုံဘုရားတွင် လှည့်လည်ချီတက်သွား မည်ဖြစ်ပြီး ကြေးသွန်းဘုရားအနီး တွင် ဟောပြောပွဲ ပြုလုပ်သွားရန် ဗဟန်းမြို့နယ် ရဲစခန်းနှင့်ဒဂုံမြို့နယ် ရဲစခန်းတို့တွင် ခွင့်ပြုချက်တောင်းခံ ထားပြီးဖြစ်ကြောင်းသိရသည်။
ဆရာတော်ဦးပါမောက္ခက ''ဆန္ဒ ထုတ်ဖော်တဲ့နေ့မှာရဟန်းရှင်လူရော သီလရှင်ဆရာလေးတွေပါဆိုရင် အင် အားသုံးထောင်လောက် ပါမယ်လို့ မှန်းထားတယ်''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသည့် နေ့တွင် ကြေးသွန်းဘုရားကြီးအနီး တွင် ဆရာတော်ဦးပါမောက္ခ၊ မြနန်း ဆရာတော်၊ ကလေးဆရာတော်၊ ရှေ့ နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ ဦးအောင်မြိုင်၊ စာရေးဆရာမောင် သွေးချွန်နှင့်ဆရာလေးနှစ်ပါးတို့က မျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍ ဟောပြောသွားမည်ဖြစ်သည်။
အမျိုးစောင့်ဥပဒေဟုခေါ်သော ဥပဒေလေးခုပြဋ္ဌာန်းပေးရေး အ တွက် အမျိုးဘာသာ သာသနာစောင့် ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် ကြီးက နိုင်ငံတော်သမ္မတထံ တိုက် တွန်း အကြံပြုခဲ့ပြီးနောက်တွင် သက် ဆိုင်ရာ ဌာနများကရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို၂ဝ၁၄ခုနှစ် ဇူလိုင်လက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

Democracytoday

/ ဓါတ်ပုံ - အင်းစိန်မြို့နယ်တွင် ဇွန် ၂၁ရက်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) နှစ်ပတ်လည်ညီလာခံကျင်းပစဉ်
ဓါတ်ပုံ - အင်းစိန်မြို့နယ်တွင် ဇွန် ၂၁ရက်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ် ပတ်လည် ညီလာခံကျင်းပစဉ်
အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင်ကာ ယခုလ နောက်ဆုံး ပတ်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင် ဆရာတော် များထံက သိရသည်။

ဆူဇူကီးဖလားယှဉ်ပြိုင်ရန် ယူ-၁၉ ကစားသမား ငါးဦးကို လက်ရွေးစင်အသင်းအတွက် ခေါ်ယူအားဖြည့်

မြန်မာ ယူ-၁၉အသင်းမှ ကစားသမားငါးဦး ဆူဇူကီးဖလား အုပ်စုအဆင့်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန် မာ့လက် ရွေးစင်အသင်းနှင့် သုံးပတ်ကြာပူး တွဲလေ့ကျင့်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးအတွက် ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ စည်းရုံးရေးအဖွဲ့များ စတင်ဖွဲ့စည်း

Photo: ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးအတွက်
ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ စည်းရုံးရေးအဖွဲ့များ စတင်ဖွဲ့စည်း
Friday, October 24, 2014

ညီညွတ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)သည် လွှတ်တော်ပြင်ပ နိုင် ငံရေး ကို ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝ တီတိုင်း တို့၌ စည်းရုံးရေးအဖွဲ့များ ကို အောက်တိုဘာ ၂၃ရက်က စတင် ဖွဲ့စည်းလိုက်သည်။

ရန်ကုန်မြို့ပြည်လမ်း ယုဒသန် ခန်းမတွင် ပြုလုပ်သည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အစည်း အဝေးတွင် ယခုကဲ့သို့ စည်းရုံးရေးအ ဖွဲ့များ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့်က
''ရန်ကုန်နဲ့နီးစပ်တဲ့ တိုင်းဒေ သကြီးတွေမှာ အရင်ဆုံးဖွဲ့စည်းခဲ့တာ ပါ။ ရှေ့လမှာ မြန်မာပြည်အထက် ပိုင်းကိုလည်း သွားရောက်ဖွဲ့စည်း သွားမှာပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်နိုင်ငံ ရေးအင်အားစုများဖြင့် ဖွဲ့စည်းထား သည့် အဖွဲ့တစ်ခုဖြစ်ပြီး တိုင်းဒေသ ကြီးစည်းရုံးရေးအဖွဲ့များကို အဖွဲ့ဝင် ၂၁ ဦးစီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စည်းရုံးရေးအ ဖွဲ့များကို နိုဝင်ဘာလအတွင်း သွား ရောက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

''လွှတ်တော်ပြင်ပနိုင်ငံရေး လုပ် တဲ့အခါမှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ အတွက် တိုင်းဒေသကြီးအဆင့်ကနေ ရပ်ကျေးအဆင့်အထိ အဆင့်ဆင့်ဖွဲ့ စည်းသွားမှာ ဖြစ်ပါတယ်''ဟု ဦးဒေး ဗစ်လှမြင့်က ဆက်လက်ပြောသည်။

ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ကို စက်တင်ဘာလ ၂၇ ရက်က ယုဒသန်ခန်းမတွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ၄၅ ဦးဖြင့်ဖွဲ့စည်းထား သည်။

အမျိုးသားရေး တန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်မျိုးသားလုံး ကိုယ်စားပြုသော ပြည်ထောင်စုညီလာခံ ဖြစ်မြောက်ရေး စသည့် လုပ်ငန်းစဉ်များကိုလည်း ကြိုး ပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့သည် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးလုပ် ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါ တီအဖြစ် တည်ထောင်သွားမည်မ ဟုတ်ကြောင်း သိရသည်။

Yangon Media Group
ညီညွတ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)သည် လွှတ်တော်ပြင်ပ နိုင် ငံရေး ကို ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝ တီတိုင်း တို့၌ စည်းရုံးရေးအဖွဲ့များ ကို အောက်တိုဘာ ၂၃ ရက်က စတင် ဖွဲ့စည်းလိုက်သည်။

အာဆီယံရေတပ်များ ပထမအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင် မြန်မာ့ရေတပ်မတော် ပူးပေါင်းလေ့ကျင့်မည်

Photo: အာဆီယံရေတပ်များ ပထမအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင်
မြန်မာ့ရေတပ်မတော် ပူးပေါင်းလေ့ကျင့်မည်
Friday, October 24, 2014

တောင် တရုတ်ပင်လယ်တွင်ပြုလုပ်မည့် အာ ဆီယံရေတပ်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင် မြန်မာ့ရေတပ်မတော်လည်း ပါဝင် ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အဆင့်မြင့်အရာ ရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

အာဆီယံရေတပ်မတော်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်း လေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ပြင်တွင် ၂ဝ၁၅ခုနှစ် ပထမခြောက် လပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ (F 11) နှင့် ကင်းလှည့် စစ်ရေယာဉ်များ ပါဝင်ပူးပေါင်းလေ့ ကျင့်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

''အာဆီယံရေတပ်တွေပူးပေါင်း စစ်ရေးလေ့ကျင့်မှုဖြစ်မြောက်ဖို့ အ စည်းအဝေးကို မြန်မာနိုင်ငံက ရေ တပ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက် ခဲ့တာပါ။ အောင်ဇေယျဖရီးဂိတ်စစ် ရေယာဉ်က ပြည်ပနဲ့ စစ်ရေးလေ့ကျင့် မှုတွေရှိခဲ့ဖူးတော့ လောလောဆယ် တော့ အဲဒီစစ်ရေယာဉ်ပဲ သွားရောက် ပူးပေါင်းလေ့ကျင့်ဖို့ များပါတယ်။ သူနဲ့အတူ ကင်းလှည့်စစ်ရေယာဉ်များ ပါသွားနိုင်ပါတယ်''ဟု တပ်မတော် (ရေ)မှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

အောင်ဇေယျ (F 11) ဖရီးဂိတ် စစ်ရေယာဉ်သည် မြန်မာနိုင်ငံတွင် တပ်မတော်မှ ပညာရှင်များကိုယ်တိုင် ပထမဆုံးတည်ဆောက်ခဲ့သည့် ဖရီး ဂိတ်စစ်ရေယာဉ်ဖြစ်ပြီး ယင်းသင်္ဘော တွင် သင်္ဘောဖျက်ဒုံးများတပ်ဆင် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောင်ဇေယျ (F 11)၊ မဟာဗန္ဓုလ (F 21)၊ မဟာ သီဟသူရ (F 23) အစရှိသည့် ဖရီး ဂိတ် စစ်ရေယာဉ်သုံးစင်းမှာ တပ်မ တော်ဝင်၍ တာဝန်ထမ်းဆောင်နေ ပြီဖြစ်ပြီး ရေဒါဖမ်းယူခြင်းမှ ကင်း လွတ်နိုင်သည့် ကိုယ်ပျောက်စစ်ရေ ယာဉ်များဖြစ်သည့် ကျန်စစ်သား (F 12)နှင့် ဆင်ဖြူရှင် (F 14) တို့မှာ ရေချပြီးပြီဖြစ်ပြီး တပ်တော်ဝင်နိုင် ရန် စစ်လက်နက်ပစ္စည်းများတပ် ဆင်ခြင်းများ ပြုလုပ်နေသည်။

''မြန်မာ့ရေတပ်မတော်ကို ခေတ် မီတပ်မတော်အဖြစ် တည်ဆောက် ဖို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားတာတွေလဲ ရှိပါတယ်။ ပြည် တွင်းမှာလဲ အဆင့်မြင့်စစ်ရေယာဉ် တွေကို တည်ဆောက်နေတာတွေရှိ တယ်လို့ သိရပါတယ်'' ဟု တပ်မတော် (ရေ)နှင့် နီးစပ်သူတစ်ဦးက ပြော သည်။

NH
Yangon Media Group
တောင် တရုတ်ပင်လယ်တွင်ပြုလုပ်မည့် အာ ဆီယံရေတပ်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှု တွင် မြန်မာ့ရေတပ်မတော်လည်း ပါဝင် ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အဆင့်မြင့် အရာ ရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် သံသယရှိကြောင်း UNFC ထုတ်ပြန်ကြေညာ

Photo: အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် သံသယရှိကြောင်း UNFC ထုတ်ပြန်ကြေညာ
Friday, October 24, 2014

မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေ အသားစီးယူ လုပ်ဆောင်နေတာဟာ လက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိမရှိ သံသယဖြစ်လာနေရတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ပြုလုပ်တဲ့ ယူအန်အက်ဖ်စီ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ ဘဏ်ရေး၊ ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ယူအန်အက်ဖ်စီ ကြေညာချက်မှာတော့ မြန်မာအစိုးရတပ် တွေက ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေမှာ စစ်ရေးတွေ စဉ်ဆက် မပြတ်လုပ်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ တခြား တိုင်းရင်သား ပြည်နယ်တွေမှာလည်း စစ်ရေးပြင်ဆင်မှုတွေကို အသားစီးယူ လုပ်ဆောင်နေတာတွေကို ထောက်ပြပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သံသယဖြစ်လာ နေတယ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်သွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့တိုတွန်းထားတယ်လို့ ယူအန်အက်ဖ်စီရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောပါတယ်။

“မကြာသေးခင်ကလည်း ကြေညာချက်တစောင်ထွက်ပါတယ်။ အဲဒီ ကြေညာချက်မှာ ကျနော်တို့က အစိုးရကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ကျနော်တို့ တိုက်တွန်းထား တာ ရှိပါတယ်။ အဲဒီထုတ်ပြန်လိုက်တဲ့ကျနော်တို့ ကြေညာချက်ကို အခြေပြုပြီးတော့ အခုဆက်ပြီးတော့ ကျနော်တို့ သုံးသပ်မှုတွေ လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ တောင်းဆိုမှုဟာ ကနေ့အထိ အစိုးရဖက်က သိသာမြင်သာတဲ့ အရေးယူဆောင်ရွက်မှုတွေ ကျနော်တို့ မတွေ့ရသေးလို့ပါ။ တခါ ကျတော်တို့ သတင်းတွေနဲ့ အမျိုးမျိုး ကြားတယ်ပေါ့နော်။ ဥပမာ ကာချုပ်က အမြင်အမျိုးမျိုးနဲ့ ပြောဆိုနေတာ ကြားရတယ်။ နောက်အစိုးရဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးတွေ ပြောနေတာကို ကျနော်တို့ ကြားရတဲ့အပေါ်မှာ ပိုပြီး စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှု ရပ်တန့်သွားမှာကို ကျနော်တို့ဖက်က စိုးရိမ်ပါတယ်။ ဒါကို အစဉ်အဆက်မပြတ် သွားစေချင်တာပါ။ ”

ဒါ့အပြင် မြန်မာပြည်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေနဲ့ တိုင်းရင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လက်ရှိ လုပ်ဆောင် နေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု အခြေအနေတွေကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့လည်း ယူအန်အက်ဖ်စီရဲ့ ထုတ်ပြန်ချက် ဖော်ပြထားပါတယ်။

ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး ညီလာခံပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ကျင်းပပြီးစီး သွားခဲ့ပြီးနောက် အဲဒီ ညီလာခံကနေ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ယာယီ နှုတ်ထွက်ထားပါတယ်။

DVB
မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေ အသားစီးယူ လုပ်ဆောင်နေ တာဟာ လက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိမရှိ သံသယဖြစ် လာနေရတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

မြန်မာလူငယ်နှစ်ဦးအမှု ထိုင်းရှေ့နေ ၁၆ ဦး ပါဝင်ကူညီမည်

Photo: မြန်မာလူငယ်နှစ်ဦးအမှု ထိုင်းရှေ့နေ ၁၆ ဦး ပါဝင်ကူညီမည်
Friday, October 24, 2014

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ၁၆ ဦးက လိုက်ပါ ဆောင်ရွက် ပေးမယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ထိုင်းရှေ့နေများကောင်စီတို့ မနေ့က ဆွေးနွေးခဲ့ကြပြီး အခုလို လိုက်ပါဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"ထိုင်းရှေ့နေများကောင်စီက အခုဖြစ်နေတဲ့ ကလေးတွေအမှုကို ရှေ့နေ ၁၆ ဦးပါတဲ့ အဖွဲ့ဖွဲ့ပေးထားပါတယ်၊ လိုက်ပါဆောင်ရွက်ပေးမှာပါ၊ ထို့အတူပဲ လူ့အခွင့်အရေးအဖွဲ့ကလည်း ကလေးများ နှိပ်စက်ညှင်းပမ်းမှုနဲ့ ပတ်သက်လို့ သိချင်တဲ့အချက်ကလေးတွေ နောက်ထိရောက်တဲ့ အချက်လေးတွေကို ပြောဆိုကြပြီးတော့ ဆွေးနွေးကြပါတယ်၊ ထိုင်းရှေ့နေများကောင်စီနဲ့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က ဗမာတွေဖြစ်တဲ့အမှုတွေကို တော်တော်များများ ပူးတွဲဆောင်ရွက်ခဲ့ဖူးပါတယ်၊ ဒီလူတွေအပေါ်မှာလည်း ယုံကြည်စိတ်ချရတဲ့ အနေအထားရှိပါတယ်၊ သူတို့လည်း ဗမာနဲ့ ပတ်သက်တဲ့အမှုတွေကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်"

ဒီအမှုကို တရားရုံးတင်လိုက်ပြီဖြစ်လို့ ကော့စမွီးတရားရုံးမှာ တစ်လအတွင်း စစ်ဆေးမှာဖြစ်ကြောင်း၊ ရုံးချိန်းစတင်တဲ့အချိန်မှာ သူတို့နှစ်ယောက်အတွက် အာမခံရရှိရေး တင်ပြမှာဖြစ်ကြောင်း ၊ ထိုင်းရှေ့နေများကောင်စီအနေနဲ့ အရင်က မြန်မာနိုင်ငံသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့တာမို့ ယုံကြည်ရကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ မိဘတွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပြီး မနက်ဖြန်မှာ အဲဒီလူငယ်နှစ်ဦးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့အနေနဲ့ မုဒိန်းမှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိကြောင်း၊ ထိုင်းရှေ့နေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုလိုက်ပြီး၊ အရင်က သူတို့ထွက်ထားဆိုချက်တွေကို ပြန်ရုပ်သိမ်းကြောင်းလည်း ပြောပါတယ်။

RFA
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ၁၆ ဦးက လိုက်ပါ ဆောင်ရွက် ပေးမယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

အမေရိကန်ဟာ ဂျပန်ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နေရာချပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးဟု တရုတ်ပြော

Photo: အမေရိကန်ဟာ ဂျပန်ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နေရာချပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးဟု တရုတ်ပြော
Friday, October 24, 2014

တရုတ်အစိုးရက အမေရိကန်ဟာ ဂျပန်နိုင်ငံတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်ကို နေရာချပြီး အာရှပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် ဂျပန်က အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတိုးလာကြောင်း အသံလွှင့်ခဲ့တာပါ။ လူမနေတဲ့ ကျွန်းစုတွေပိုင်ဆိုင်ရေး ၂ နိုင်ငံကြား အငြင်းပွားနေကြပါတယ်။

ဂျပန်အနောက်ပိုင်း ကျိုတိုမြို့က အမေရိကန်စစ်တပ် ဆက်သွယ်ရေး စခန်းဆီကို အောက်တိုဘာလ ၂၁ ရက်နေ့က X band ရေဒါစနစ် တခု အောက်တိုဘာလ ၂၁ ရက်နေ့က ပို့လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီစနစ်ဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အပြည့်အဝ အလုပ်လုပ်နိုင်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ တချို့နိုင်ငံတွေက ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ပြီး တဖက်သတ် လုံခြုံရေးယူတာဟာ ဒေသတွင်းမှာ အပြန်အလှန်ယုံကြည်မှုနဲ့ ဗျူဟာမြောက် တည်ငြိမ်ရေးအတွက် အကျိုးမဖြစ်စေဘူးလို့ ယုံတယ်။ အထူးသဖြင့် လက်ရှိအချိန်မှာ ဒေသတွင်း ရှုပ်ထွေးပြီး အထိမခံတဲ့ အခြေအနေမှာ ဒီလုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အကျိုးဖြစ်စေမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ဟာ လတ်တလောနှစ်တွေအတွင်း စစ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပြီး ရေငုပ်သင်္ဘောတွေ ရေပြင်သင်္ဘောတွေနဲ့ တိုက်သင်္ဘောဖျက်ဒုံးကျည်တွေကို အသစ်တပ်ဆင်ခဲ့လို့ တရုတ်ရဲ့ ဒေသတွင်း စစ်အင်အား တည်ရှိမှုကို အမေရိကန်က တန်ပြန်ဖို့လိုတယ်လို့ ရှုမြင်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဂ် ဟေဂယ်က မြောက်ကိုရီးယားရဲ့ ရန်စမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဂျပန်မှာ ၂၀၁၇ ခုနှစ်မှာ ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်ထားတဲ့ ရေတပ် ဖျက်သင်္ဘော ၂ စီး တပ်ချပေးထားမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဂျပန်ကိုရောက်နိုင်လောက်တဲ့ တာလတ်ပစ် ဒုံးကျည် ၂ စီး အပါအဝင် ဒုံးကျည်စမ်းသပ်မှုတွေ အဆက်မပြတ် လုပ်ခဲ့တာပါ။ နောက်ထပ် နျူကလီးယား စမ်းသပ်မှု လုပ်ဦးမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

DVB
တရုတ်အစိုးရက အမေရိကန်ဟာ ဂျပန်နိုင်ငံတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်ကို နေရာချပြီး အာရှ ပစိဖိတ်ဒေသ တွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောဆို လိုက် ပါတယ်။

ဘန်ကောက်တွင် မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးဆိုင်ရာ ဒုစရိုက် မှုနှိမ်နင်းရေး ဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စား လှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေ အိမ်ယာမှာ ရှိတဲ့ စန်ကျောက်ပင်း (Sun Jao Ping) ကုမ္ပဏီ ကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

တစ်လကြာ အဖမ်းခံထားရသည့် ကိုပါကြီးကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်

Photo: တစ်လကြာ အဖမ်းခံထားရသည့် ကိုပါကြီးကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်
Friday, October 24, 2014

တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော်က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

တပ်မတော်၏ အဆိုအရ ယင်းအလွတ်သတင်းထောက် ကိုပါကြီးသည် လက်နက်ကိုင် KKO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်အဖြစ် စစ်ဆေးသိရှိသောကြောင့် တပ်မတော်က ထိန်းသိမ်းထားစဉ် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ် ကျိုက်မရောအနီး အစိုးရတပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျိုက်မရောမြို့ စက်လှေဆိပ်နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် စက်လှေတစ်စီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များဖြင့် ပေကျန်နေသော အမျိုးသားတစ်ဦးကို နယ်မြေခံ အမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်ဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကျိုက်မရောမြို့ တိုက်ပွဲတွင် KKO အဖွဲ့၏ လက်နက်များ သိမ်းဆည်းထားသည့် နေရာကို လိုက်လံပြသရန်အတွက် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေးရွာအနီးသို့ ရောက်ရှိစဉ် ညဘက် ဦးအောင်နိုင်က အပေါ့သွားရန်ဟု အကြောင်းပြချက်ဖြင့် ကင်းစောင့်စစ်သည်ကို လုံးထွေးပြီး သေနတ်လုယူ ထွက်ပြေးရန် ကြိုပမ်းကြောင်း၊ ယင်းကြောင့် ကင်းစောင့်စစ်သည်က ပစ်ခတ်ဖမ်းဆီးရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ အလောင်းကို ရွှေဝါချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့် အကွာတွင် တပ်မတော်က ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ထားပြီး ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိန်းမဖြစ်သူကိုလည်း ဖြစ်စဉ်အခြေအနေများကို အသိပေးပြီး ကူညီထောက်ပံ့မှုများ ပေးအပ်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သို့သော် အောင်နိုင်(ခ)ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာက ကိုပါကြီးကို ဖမ်းဆီးမှုသည် ဥပဒေမဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် ပတ်သက်ပြီး သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၉ ခုသို့ စာတင်ထားကြောင်း အောက်တိုဘာ ၂၁ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ယင်းသို့ အောင်နိုင်(ခ)ကိုပါကြီး သေဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူထံ The Voice က ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ကိုပါကြီးသည် ထိုင်း-မြန်မာနယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်းမီဒီယာများသို့ ပေးပို့သူဖြစ်ပြီး အောင်ကြီး၊ ပါကြီး စသည့် ကလောင်အမည်များဖြင့် ရေးသားသူတစ်ဦး ဖြစ်ကြောင်း မော်လမြိုင်ဒေသခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ကိုပါကြီးသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ကိုပါကြီးမှာ အလွတ်သတင်းထောက်တစ်ဦး ဖြစ်သည်ကိုသာ သိထားကြောင်း၊ တပ်မတော်၏ ယခုထုတ်ပြန်ချက်မှာ ထူးခြားပြီး မည်သည်က အမှန်ဆိုသည်ကို မပြောနိုင်ကြောင်း၊ သို့သော် တပ်မတော် အောက်ခြေအဖွဲ့အစည်းမှ သတင်းမှန်ဖုံးကွယ်သည်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သကဲ့သို့ ကိုပါကြီးသည် အမှန်တကယ်လည်း KKO အဖွဲ့မှ ဖြစ်ဖွယ်ရှိနိုင်ကြောင်း မော်လမြိုင် ဒေသခံများက သုံးသပ်ပြောကြားသည်။

The Voice Weekly
တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော် က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ် ဖမ်းဆီး မှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

Photo: ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး
==========================================

ကျော်စိုးဦး ၊ ရန်ကုန်၊ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါ တီ၏ ရည်ရွယ်ချက် ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆို လိုက်ပါသည်။

''မိမိတို့ပါတီက မည်သည့်ရည် ရွယ်ချက်ကြောင့် ပါတီထူတောင်ခဲ့ သည်ကို ပါတီဝင်များအမြဲမမေ့ဖို့လို အပ်တယ်။ ကျွန်မတို့ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မတွယ်ဖို့ပါ။ ရွေးကောက်ပွဲဝင် တယ် ဆိုတာကလဲ မိမိတို့ပါတီဝင်တွေ ရာထူးအာဏာ ရဖို့ လုပ်နေတာ မဟုတ်ဘူး''ဟု ၄င်းက ပြောဆိုခဲ့သည်။

လာမည့် ၂ဝ၁၅ရွေးကောက်ပွဲ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ တွင်လည်း မူလထူထောင် စဉ် ရည်ရွယ်ချက်များအတိုင်း အ ကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ဆိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူး ခရီးစဉ်တွင် ဒေသခံပြည်သူများကို ၂ဝ၁၅ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် များအားလုံးတွင် အနိုင်ရရန်ဆောင် ရွက်သွားမည်ဟု တရားဝင်ပြောကြား ခဲ့သူလည်း ဖြစ်သည်။

၎င်းပါတီသည် ၂ဝ၁၂ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅နေရာတွင် ၄၃နေရာ အနိုင်ရရှိခဲ့သော ပါတီလည်းဖြစ်သည်။ အလားတူ တချို့မြို့နယ်များတွင် မူလ ပါတီဝင်အဟောင်းများနှင့် ပါတီဝင် အသစ်များ အကြား သဘောထားကွဲ လွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Yangon Time Journal ၊ အတွဲ ၁၀ ၊ အမှတ် ၄၁ 
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com

https://www.facebook.com/yangonmediagroup
==========================================
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါ တီ၏ ရည်ရွယ်ချက် ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆို လိုက်ပါသည်။

မလေးရှားတွင် ထောင်ကျနေသည့် မြန်မာနိုင်ငံသား ၅၂ဦးအနက် လူငယ် ၂ဝခန့် မလေးရှားနှင့် ထိုင်းနယ်စပ်ရှိ Camp များသို့ ပို့ဆောင်ခြင်းခံထားရ

မလေး ရှားနိုင်ငံသို့ ဗီဇာအတုဖြင့် ပို့ဆောင် ခြင်းခံရပြီး ထောင်ဒဏ် တစ်နှစ်စီ ကျခံနေရ သည့် မြန်မာနိုင်ငံ သား၅၂ ဦးမှ အသက် ၂ဝအောက်လူငယ် ၁၉ဦးကို မလေးရှားနိုင်ငံနယ်စပ် နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မလေးရှား ကမ့်များသို့ ပို့ဆောင်ခြင်း ခံထားရ ကြောင်း ကပုန်း (၇)ရက်သားသမီး လူမှုကူညီရေးအဖွဲ့မှ ဦးဆန်းဝင်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မြန်မာ-ကာတာ ပွဲတွင် လက်မှတ်မှောင်ခို ရောင်းသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ခေတ္တထိန်းသိမ်းပြီး ခံဝန်ဖြင့်ပြန်လွှတ်

အာရှယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာနှင့်ကာတာ အသင်းတို့ပွဲတွင် လက်မှတ်ေ မှာင် ခို ရောင်းချသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

အီးယူနိုင်ငံများသို့ ပဲတီစိမ်း ပိုမိုတင်ပို့နိုင်ရန် စီစဉ်

Photo: အီးယူနိုင်ငံများသို့ ပဲတီစိမ်း ပိုမိုတင်ပို့နိုင်ရန် စီစဉ်
Friday, October 24, 2014

 မြန်မာနိုင်ငံတွင် အများ ဆုံးစိုက်ပျိုးနေသော မတ်ပဲနှင့် ပဲ စင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေသော်လည်း ပဲတီစိမ်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သို့ ပိုမိုတင်ပို့နိုင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိ သည်။

‘‘ဒီဈေးကွက်က ဈေးပိုရပေ မယ့် သီးနှံမျိုးရိုးဗီဇပါစနစ်တကျ လုပ်ရတယ်။ လူတိုင်းမပို့နိုင်ဘူး’’ ဟု အထက်ပါအသင်းမှ အတွင်း ရေးမှူး ဦးမင်းကိုဦးကပြောသည်။

ဥရောပသမဂ္ဂသို့ ယခင်ဘဏ္ဍာနှစ်က ပဲတီစိမ်း တန်ချိန် ၅,၀၀၀ တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် တွင်လည်း ယင်းပမာဏအတိုင်း ၀ယ်ယူရန် ကမ်းလှမ်းထားသည်။ သို့သော် ပြည်တွင်းမှ ပိုမိုရောင်းချလိုသဖြင့် အရည်အသွေးသာမက သီးနှံစတင်စိုက်ပျိုးရန် မျိုးရွေး ချယ်မှုကိုပါ စနစ်တကျ စိုက်ပျိုးရန် စီစဉ်နေသည်။

 ဥရောပသမဂ္ဂ နိုင်ငံများ သည် သီးနှံတစ်ခုကို ပြည်ပမှ တင်သွင်းလျှင် အရည်အသွေးသာမက သီးနှံစိုက်ပျိုးမှုစနစ် မြေသြဇာ၊ ပိုးသတ်ဆေးဓာတ် ကျွမ်းကျင်မှု စသည်တို့ကိုပါ စနစ်တကျ စစ် ဆေးပြီးမှ ၀ယ်ယူခွင့်ပြုသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲတီစိမ်း ပိုမိုတင် ပို့နိုင်ရန် စီပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်အသင်းတို့ ပူး ပေါင်းပြီး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပဲဈေးကွက်သည် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေပြီး ယခုရက်ပိုင်း တိုက် ခတ်ခဲ့သော မုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံများပျက်စီးမှုရှိပြီး မြန်မာ ပဲကို ပြန်လည်ဝယ်ယူလာသည်။

‘‘ပဲဈေးကတော့ အိန္ဒိယနိုင်ငံ က ပြန်ဝယ်တော့ ပြည်တွင်းဈေး ပြန်တက်လာတယ်’’ ဟု ဘုရင့် နောင်ကုန်စည်ဒိုင်မှ ပြည်တွင်းပဲ ကုန်သည်တစ်ဦးက ပြောသည်။

ပြည်တွင်း ဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင် ၇၂၅,၀၀၀  ကျပ် ဈေးပေါက်ပြီး ပဲစင်းငုံမှာကျပ် ၇၀၅,၀၀၀ ထိ ဈေးတက် လာသည်။ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံက ၀ယ်ယူမှုရပ်နား ထားခြင်းကြောင့် ပြည်တွင်းပဲဈေး ကွက်တွင် မတ်ပဲ တစ်တန်လျှင် ၆၅၀,၀၀၀ ကျပ်၊ ပဲစင်းငုံ ၆၄၅,၀၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။

7Day DAILY 

ပဲပွဲရုံတစ်ခုတွင် ခင်းကျင်းထားသော ပဲမျိုးစုံကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ပဲပွဲရုံတစ်ခုတွင် ခင်းကျင်းထားသော ပဲမျိုးစုံကို တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ြ မြန်မာနိုင်ငံတွင် အများ ဆုံးစိုက်ပျိုးနေသော မတ်ပဲနှင့် ပဲ စင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေသော် လည်း ပဲတီစိမ်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သို့ ပိုမိုတင်ပို့နိုင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိ သည်။

မွေးစာရင်းမှတ်ပုံတင် မရှိသည့် ကလေးငယ် တစ်သန်းကျော်ရှိနေ

Photo: မွေးစာရင်းမှတ်ပုံတင် မရှိသည့် ကလေးငယ် တစ်သန်းကျော်ရှိနေ
Friday, October 24, 2014

မွေးစာရင်းမှတ်ပုံတင် မရှိသော ကလေးသူငယ်တစ်သန်း ကျော်ရှိ သည့်  မြန်မာနိုင်ငံ တွင် ကလေးမွေးဖွားစာရင်း မှတ်ပုံတင်  ကောက်ယူရေးအစီအစဉ်ကို ယခု လတတိယပတ်မှ စတင်ပြီး ရက်သတ္တတစ်ပတ်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း  ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ယူနီဆက်မှ သတင်းရရှိသည်။

မွေးစာရင်းကောက်ယူရေး ရက်သတ္တပတ်အစီအစဉ်ကို မွန် ပြည်နယ်၊   ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊  မော်လ မြိုင်၊ ဟားခါးနှင့် မကွေးမြို့များ တွင် ကောက်ယူမည်ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံး၏ မွေးစာရင်း ရရှိမှုမှာ ကွာခြားလျက်ရှိပြီး ချင်း ပြည်နယ်တွင် မွေးစာရင်းမရှိ သည့် ကလေးသူငယ် ၇၆ ရာခိုင် နှုန်း၊ မွန်ပြည်နယ်တွင် ၁၁ ရာခိုင် နှုန်းနှင့် မကွေးတိုင်းဒေသကြီး တွင် ၄၃ ရာခိုင်နှုန်းရှိသဖြင့် ယင်းဒေသကို ကောက်ယူခြင်းဖြစ် ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ဆိုသည်။

‘‘လွတ်လပ်ပြီး ကလေးသူ ငယ်တိုင်းမွေးဖွားစာရင်း  မှတ်ပုံ တင်ခြင်းဟာ ကလေးသူငယ်တွေ ရဲ့ ပထမဆုံးသော အခွင့်အရေး ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာ ရေး၊ ပညာရေး၊ ကာကွယ်စောင့် ရှောက်ခွင့် ရရှိရေးစတဲ့ ကလေးသူငယ်နဲ့ဆိုင်တဲ့  အခွင့်အရေး တွေ အပြည့်အ၀  ခံစားခွင့်ရဖို့အ တွက်လည်း  ခြေလှမ်းသစ်တစ် ရပ် ဖြစ်ပါတယ်’’ ဟု ယူနီဆက်(မြန်မာ)  ဌာနေကိုယ်စားလှယ် မစ္စတာဘတ်ထရန်ဗိန်းဘဲ(လ်) က ပြောသည်။

   ကလေးသူငယ်များကို ကလေးလုပ်သားအဖြစ် စေခိုင်း ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ တွင် တပ်သားအဖြစ် ခေါ်ယူစု ဆောင်းခြင်း၊ တရားဥပဒေနှင့် ရင်ဆိုင်နေရခြင်းတို့မှ ကာကွယ် ပေးရာတွင် ကလေး၏ အသက် အရွယ်အပိုင်းခြားသိရှိရန် လိုအပ် သောကြောင့် ကလေးမွေးစာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း အဆိုပါ စီမံချက်ကို အကောင်အ ထည်ဖော်နေသည့် လူဝင်မှုကြီး ကြပ်ရေးနှင့်  ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ယူနီဆက်တို့က ပြောသည်။

 ‘‘ဗဟိုအဆင့်နဲ့ ဗဟိုလက် အောက်မှာရှိတဲ့ အဆင့်တိုင်းမှာ မွေးမှတ်ပုံတင် စနစ်အားကောင်း လာဖို့ ရည်ရွယ်ပြီး ရေရှည်မှာ ပြည့်စုံကောင်းမွန်တဲ့ ပြည်သူ့ရေး ရာ မှတ်ပုံတင်စနစ်ပေါ်ပေါက် လာဖို့ လုပ်ဆောင်သွားရမှာ ဖြစ် ပါတယ်’’ ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြော သည်။

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်  ယူနီဆက်တို့ ပူးပေါင်းကောက်ယူမည့် မွေးစာရင်း စီမံချက်အရ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ မြို့နယ်ပေါင်း ၄၄ မြို့နယ်တွင် ကောက်ယူသွားမည်ဟု သတင်းရရှိသည်။

ကျောင်းအပ်နှံရာတွင်လည်း ကောင်း၊ နိုင်ငံခြားခရီးသွားရာ တွင်လည်းကောင်း စသည့်အရေး ကြီးချိန်မှလွဲ၍ မွေးဖွားပြီးနောက် မှတ်တမ်းတင်ခြင်း မရှိကြောင်း၊ မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ် ငန်းသည်  တိုင်းပြည်၏ လူဦးရေ အတွက် အရေးကြီးသောကြောင့်မွေးစာရင်းမကောက်မီ အသိ ပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်မည်ဟု ပူးပေါင်း ဆောင်ရွက်မည့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န် ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးသူငယ်များ မွေးဖွားစာ ရင်းမှတ်ပုံတင်ရေး စနစ်ဆောင် ရွက်ရန် ဥရောပသမဂ္ဂနိုင်ငံများ အဖွဲ့က ငွေကြေးထောက်ပံ့ခြင်း ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မည့်ယူနီဆက်က   မြန်မာအစိုးရနှင့် ၂၀၁၃ ဇန်န၀ါရီတွင် သဘောတူညီ ချက်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသော ကလေးများ သေဆုံးမှုလျှော့ချရေး၊ အကြမ်းဖက်ခံရသော ကလေးငယ်များ၊ အမြတ်ထုတ်ခံရသည့် ကလေးများ ကာကွယ်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရရရှိရေးလုပ်ငန်းများကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့  (ယူနီဆက်)ကအစိုးရနှင့်  ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း   သတင်းရရှိသည်။

7Day DAILY 

လသားကလေးငယ်တစ်ဦး၏ လက်မောင်းလုံးပတ်ကိုတိုင်းတာနေစဉ် (ဓာတ်ပုံ - ယူနီဆက်)
လသားကလေးငယ်တစ်ဦး၏ လက်မောင်းလုံးပတ်ကိုတိုင်းတာနေစဉ် (ဓာတ်ပုံ - ယူနီဆက်)
မွေးစာရင်းမှတ်ပုံတင် မရှိသော ကလေးသူငယ်တစ်သန်း ကျော်ရှိ သည့်  မြန်မာနိုင်ငံ တွင် ကလေးမွေးဖွား စာရင်း မှတ်ပုံတင်  ကောက်ယူရေးအစီအစဉ်ကို ယခု လတတိယပတ်မှ စတင်ပြီး ရက်သတ္တ တစ်ပတ် ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း  ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ယူနီဆက်မှ သတင်း ရရှိသည်။

စစ်တပ်က မပြင်လိုသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD နှင့် ၈၈မျိုးဆက်များ ပြော

Photo: စစ်တပ်က မပြင်လိုသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD နှင့် ၈၈မျိုးဆက်များ ပြော
Friday, October 24, 2014

အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်နိုင်ရန်အတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်း မရှိဟု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက သဘောထား ဆန္ဒပေးထားကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ ပါရှိခြင်းအပေါ် ယင်းဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် တွင်း ဆွေးနွေး သွားဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) လွှတ်တော်အမတ်များက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန်္ဒကျော်စွာ၊ အတွင်းရေးမှူး ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစံပြည့်တို့က ဖတ်ကြား တင်သွင်းရာတွင် တပ်မတော်သား ကိုယ်စားလှယ်များဘက်မှ မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပေးထားကြောင်း ပါဝင်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။

““ပြည်သူနဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မယ်ဆိုပြီး ပြင်ဆင်တဲ့ အထဲမှာလည်း ဒီ ၄၃၆ တို့၊ ၅၉-စ တို့ ပြင်ဖို့ဆိုတာ နဂိုကတည်းက ရွေးကောက်ပွဲ ကြွေးကြော်သံအနေနဲ့ ကတိပေးပြီး လွှတ်တော်ထဲကို ၀င်ခဲ့တာပါ။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တယ် ဆိုလို့ရှိရင် ပြည်သူ တွေက ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ ပြင်သွားမှာပါ။ အဲဒီအတွက် နောက်လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ ကို စောင့်ကြည့်ကြပါ။ ဘာကြောင့် ဒါတွေက ပြင်ဖို့လို အပ်ပါတယ် ဆိုတာကို ဖော်ပြချက် တွေနဲ့အတူ လွှတ်တော်ထဲမှာ ဆွေးနွေး သွားမှာပါ။ ရှေ့အပတ်ထဲမှာ ဖြစ်လောက်မှာပါ””ဟု NLD ပါတီ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

NLD ပါတီမှ တံတားဦးမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကလည်း ““အစ်မတို့ဘက် ကိုယ့်ရဲ့မူလ ပြင်ဆင်ထားတဲ့အတိုင်းကို ပြင်ဆင်မှာပေါ့။ အခုက အစ်မတို့ ဆွေးနွေးမယ်။ ဒီအစီရင်ခံစာ အပေါ်မှာလည်း ဆွေးနွေးမယ်။ နောက် တစ်ခုကကျတော့ ဥပဒေကြမ်းအဖြစ်နဲ့ ရောက်လာတဲ့ အခါကျမှလည်း အစ်မတို့အနေနဲ့ ထပ်ပြီး ဆွေးနွေးဦးမယ်။ တတ်နိုင်သလောက်တော့ အစ်မတို့တွေ ကြိုးစားသွားမှာပါ။ လွှတ်တော်ထဲမှာကတော့ ဥပဒေနဲ့အညီပဲပေါ့နော်။ ဒီအစီရင်ခံစာ အပေါ်မှာ NLD ကိုယ်စားလှယ် အများစုလည်းပဲ ဆွေးနွေးမယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်းပဲ ဆွေးနွေး မယ်။ ပြင်ဆင်ချက် အနေနဲ့ ဆွေးနွေးမယ်။ အမ အထင်ပေါ့နော်။ ဒီကိစ္စကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကလည်းပဲ သူတို့ရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အလုပ်လုပ်ကြည့်တဲ့ အခါမှာ ဒီမိုကရေစီ မဆန်တာတွေ၊ အလုပ်မဖြစ်တာတွေကို သူတို့ကိုယ်တိုင်က ထဲထဲဝင်ဝင် ခံစားလာကြရပြီလေ။ အဲဒီအခါမှာ သူတို့ ပြင်ဆင်ချင်တာ ရှိလောက် ပါလိမ့်မယ်။ အခုဟာက နာယကကတော့ သူမန်းဒိတ် ပေးထားတာလေး ရှိတယ်လေ”” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ အာဏာရ ကြံ့ခိုင်ရေး ပါတီအနေဖြင့် ““နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေစွာ တိုးမြှင့်ပေးရမည် ဖြစ်သည်”” ဟုသာ အကြံပြုထားကြောင်း ပါရှိသည်။““၄၃၆ကို ပြင်နိုင်မှ ဒီမိုကရေစီရမယ်လေ။ ၄၃၆ကို ပြင်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်မတော်သားတွေကို ပြောချင်တာက လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲပေးနိုင်ဖို့ တပ်မတော်ဘက်က လုပ်ပေးရမယ့် အခွင့်ကောင်း တစ်ခုပဲ။ အဲဒီ အခွင့်အရေး ကိုအသုံးချ စေချင် တယ်။၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်လိုက်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို သဘော မတူရာ ကျတဲ့အတွက် တပ်မတော်နဲ့ ပြည်သူကြားထဲမှာ ပိုပြီးကွာဟာချက် ကြီးမားသွာစေတယ်။ အဲဒါက စိတ်ပူစရာ အချက်တစ်ချက်ပဲ။ တပ်မတော်သားတွေ အနေနဲ့ ၄၃၆ ပြင်ဆင်ရေးကို ဒီလိုအချိန်မှာ လုပ်ပေးခြင်း အားဖြင့် ပြည်သူ့အကျိုးပြုရာ ရောက်တယ်။ အဲဒီတော့ ပြင်ဆင်ရေးအတွက်ကိုပါ အားပေးစေ ချင်တယ်။ ပြင်ဆင်ရေးကို ထောက်ခံ ပေးစေချင်တယ်”” ဟု ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် လက်တွဲ လုပ်ကိုင် နေသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဂျင်မီက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးပေါင်း၍ ပြည်သူ့ သဘောထားဆန္ဒ ကောက်ယူမှုများ ပြုလုပ်ကာ ရရှိလာသည့် လက်မှတ်ပေါင်း ငါးသန်းခန့်ကို လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သည်။

ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် ၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန
အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်နိုင်ရန်အတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်း မရှိ ဟု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက သဘော ထား ဆန္ဒပေးထားကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော် မတီ၏ အစီရင် ခံစာ၌ ပါရှိခြင်းအပေါ် ယင်းဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် တွင်း ဆွေးနွေး သွားဦး မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) လွှတ်တော် အမတ်များ က ပြောသည်။

ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ရွှေပိတောက်ဈေးသစ် သို့ အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ခရိုင်စည်ပင် အမိန့်စာထုတ်ပြန်

Photo: ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ရွှေပိတောက်ဈေးသစ် သို့ အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ခရိုင်စည်ပင် အမိန့်စာထုတ်ပြန်
Friday, October 24, 2014

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများ အား အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီတွင် ရွှေပိတောက်ဈေးသစ် သို့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ခရိုင်စည်ပင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဗဟိုစံပြငါးဈေးအတွင်း အသိပေးအကြောင်းကြားစာ လာရောက်ကပ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားကာ ပျံကျဈေးဆိုင်ခန်းများအား နေရာချခင်းခြင်းမပြုရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

"အဓိက,က နတ်စင်လမ်းမှာရှိတဲ့ ပင်လယ်ငါးရောင်းတဲ့ဈေးသည်တွေကို လုံခြုံရေးချထားတာဖြစ်တယ်။ ပထမဆုံးအနေနဲ့ ဖမ်းဆီးခြင်းမရှိဘဲ ဓာတ်ပုံရိုက်အသိပေးတာမျိုးပဲလုပ်မယ်။ နောက်ပိုင်း ဘယ်လိုမျိုးအရေးယူသွားမယ်ဆိုတာကိုတော့ စည်ပင်ဝန်ကြီးဌာနကပဲ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ ဈေးသာယာရေးအနေနဲ့ ဈေးအတွင်းမှာရှိတဲ့ကိစ္စတွေကိုပဲ ဆောင်ရွက်ပေးမှာပါ။ ဈေးပြင်မှာရှိတဲ့အပိုင်းကိုတော့ စီမံ/လုံခြုံကပဲ ဆောင်ရွက်တာပါ။ အခုလိုပြောင်းရွှေ့ခိုင်းတာကလည်း ရွှေပိတောက်ဈေးသစ်မှာ ရောင်းသူနဲ့ဝယ်သူမျှအောင်လို့ပါ" ဟု ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အောက်တို ဘာ ၂၄ ရက် နံနက်က ပြောကြားသည်။

ယင်းသို့ပြောင်းရွှေ့ပေးရန် အကြောင်းကြားစာလာရောက်ကပ်မှုကြောင့် ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးရှိ ပျံကျဈေးသည်များမှာ အခက်အခဲဖြစ်ပေါ်လာရှိပြီး စံပြဈေးသစ်သို့ ပြောင်းရွှေ့ရာတွင် ဆိုင်ခန်းဈေးခများမြင့်မားခြင်း၊ ဖောက်သည်များများမရှိတော့ခြင်း၊ ချက်ချင်းပြောင်းရွှေ့ရန် မဖြစ်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဗဟိုစံပြငါးဈေးမှပျံကျဈေးသည်များ၏ ပြောပြချက်များအရ သိရသည်။

"ဒီဈေးမှာပဲဆက်ပြီးဈေးရောင်းချင်တယ်။ ဈေးသစ်ကိုပြောင်းရင် ဒီကဖောက်သည်တွေနဲ့လည်း မိတ်ပျက်ကုန်မယ်။ ဈေးသစ်ကဆိုင်းခန်းငှားခတွေကလည်း တော်တော်မြင့်တယ်။ ဘယ်လိုမှမတတ်နိုင်ဘူး။ ညီမတို့မှာ မိသားစုစားဝတ်နေရေးလည်းရှိတယ်။ ဒီညချက်ချင်းကြီးပြောင်းရွှေ့ပေးရမယ်တဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ မပြောင်းပေးရင် စည်ပင်က အင်အားသုံးဖယ်ရှားပစ်မယ်လို့လည်း ပြောသွားတယ်" ဟု ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအတွင်း ဈေးရောင်းလျက်ရှိသည့် မအေးမွန်ကပြောပြသည်။

"ကျွန်တော်တို့ငါးဖယ်ခြစ်လုပ်သားတွေအနေနဲ့ တစ်နေ့လုပ်မှ ၃၅၀၀ ရတာ။ အဲဒါကို ဟိုဈေးပြောင်း ဒီဈေးပြောင်းဆိုတော့ ကားခနဲ့လည်းမကာမိဘူး။ ဗဟိုစံပြငါးဈေးမှာက လုပ်နေကျဆိုတော့ အစစအရာအဆင်ပြေတယ်။ ဈေးသစ်မှာဆို အဆင်မပြေဘူး" ဟု  ငါးဖယ်ခြစ်လုပ်သားတစ်ဦးကဆိုသည်။

ယင်းဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများမှာ ဆိုင်ခန်းပေါင်းတစ်ရာကျော်ရှိပြီး ၎င်းတို့ဆိုင်ခန်းများအား အင်အားသုံးဖယ်ရှားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဗဟိုစံပြငါးဈေးရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဗဟိုစံပြငါးဈေးရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများ အား အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ တွင် ရွှေပိတောက်ဈေးသစ် သို့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ခရိုင်စည်ပင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဗဟိုစံပြငါးဈေးအတွင်း အသိပေးအကြောင်းကြားစာ လာရောက်ကပ်ခဲ့ပြီး အောက် တိုဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားကာ ပျံကျဈေးဆိုင်ခန်းများအား နေရာ ချခင်းခြင်းမပြုရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားအား နိုင်ငံတကာရာဇ၀တ်မှု တရားရုံးတင်ရန် ကုလစုံစမ်းရေး အဖွဲ့ တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ အပေါ် လေ့လာ မှု များ လုပ်ဆောင်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် သြစတြေးလျ တရားသူကြီးက ကုလ သမဂ္ဂအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ လှည့်စားနေမှုများကို လက်မခံဘဲ အဆိုပါနိုင်ငံ အတွင်း ဖြစ်ေ ပ်ါနေ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံးတွင် အရေး ယူရန် အောက်တိုဘာ ၂၂ ရက်က တိုက်တွန်းပြောကြားလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် မြောက်ကိုရီးယားတို့၏ လက်တလောအလျော့ပေး လာမှုများအတွက် လိုက်လျော စဉ်းစားပေးစရာ မလိုပဲ နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးရုံးသို့သာ လွှဲပြောင်းပေးသင့်သည် ဟု တရားသူကြီး မိုက်ကယ် ကာဘိုင်က ပြောကြားသည်။

မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ပေးနိုင်ရန် ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီကို ရွေးချယ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင် မှု ပေးနိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ကို တင်ဒါ ခေါ်ယူ ထားရာ ယင်းကုမ္ပဏီများ အနက် ထိုင်းနိုင်ငံ အခြေစိုက် CAT (Communication Authority of Thailand) ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

IS အဖွဲ့ ခေါင်းဆောင်သည် CIA အဖွဲ့ဝင် ဖြစ်ကြောင်း ချေချင်ညာ ခေါင်းဆော င် ပြောကြား

Photo: IS အဖွဲ့ ခေါင်းဆောင်သည် CIA အဖွဲ့ဝင် ဖြစ်ကြောင်း ချေချင်ညာ ခေါင်းဆော င် ပြောကြား
Friday, October 24, 2014

အဘူဘာကာအယ်လ်-ဘက်ဒါဒီအဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာဟင်ဆမာရီသည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA) အတွက်
အလုပ်လုပ်ပေးနေသည့် အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြားခဲ့သည်။ ဘက်ဒါဒီသည် ၎င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဝန်ခံ ပြောကြားသင့်ကြောင်း ကာဒီရော့ဗ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ မျိုးနွယ်စုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် ရက်စက်ကြမ်းတမ်းသော လုပ်ရပ်များကို ဝန်ခံ ပြောကြားရန် ဆမာရီကို ချေချင်ညာ ခေါင်းဆောင်က တောင်း ဆို ခဲ့ကြောင်း သိရသည်။ အနောက်နိုင်ငံများရှိ ထောက်လှမ်းရေး အဖွဲ့များသည် အကြမ်းဖက် သမားများကို နည်းလမ်း အမျိုးမျိုးဖြင့် အကူအညီများ ပေးလျက်ရှိကြောင်း၊ IS စစ်သွေးကြွများနှင့် ပူးပေါင်းမည့် ချေချင်ညာ မျိုးနွယ်စုများကိုလည်း ဒေသအတွင်းသို့ ပြန်လာခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ချေချင်ညာဒေသရှိ တပ်ဖွဲ့ဝင်များသည် ဆမာရီနှင့် အခြား IS စစ်သွေးကြွ များကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မြ၀တီ
အဘူဘာကာအယ်လ်-ဘက်ဒါဒီအဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာ ဟင်ဆမာရီသည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA) အတွက် အလုပ်လုပ်ပေးနေ သည့် အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြား ခဲ့သည်။

တရားရုံး၌ ကွာရှင်းခွင့်တောင်းထားသော ဇနီးမယားအား ခင်ပွန်းဖြစ်သူက မျက်နှာကို ဓားနဲ့ခြစ်

တရားရုံး၌ ကွာရှင်းခွင့် တောင်းထားသော ဒေါ်ဋ္ဌေးဋ္ဌေးသန်း အသက်(၂၄)နှစ်(ဘ) ဦးခင်စိုးက ခင်ပွန်းဖြစ် သူ ဦးထွန်းဝင်းလတ် (ခ) ထွန်းမင်းလတ် အသက်(၂၆)နှစ် (ဘ) ဦးသန်းထွန်းအား နှစ်ဘက်လူကြီးများရှေ့ တွင် ပြန်မပေါင်းလို ကြောင်းပြောသည့်အတွက် ၎င်း၏ မျက်နှာကို ဦးထွန်းဝင်းလတ်က ဓားဖြင့်ခြစ် မှု ဖြစ် ပွား ခဲ့ ကြောင်း ဒေါ်ဋ္ဌေးဋ္ဌေး သန်းက အောက်တိုဘာ၂၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြော သည်။

အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ

Photo: အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ
Friday, October 24, 2014

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့နဲ့ အာဖရိကမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ အမေရိကန် ဒေါက်တာတစ်ဦးမှာ အီဘိုလာရောဂါပိုး ဖြစ်နေကြောင်း သိရပါတယ်။

Craig Spencer လို့ သိရတဲ့ ဆရာဝန်ဟာ အိုဘိုလာ ပျံ့နှံ့မှု ဖြစ်နေတဲ့ ဂီနီနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီး နာမကျန်းဖြစ်ရာကနေ စမ်းသပ်ရာက အီဘိုလာပိုးကို တွေ့ရှိတာဖြစ်ပါတယ်။

အခုအခါမှာ သူ့ကို သီးသန့်ခွဲထားလိုက်ပါပြီ။ သူနဲ့ နီးစပ်ခဲ့သူ အနည်းငယ်သာရှိပြီး အဲဒီလူတွေကိုလည်း သတိပေးတာတွေ လုပ်ထားပါတယ်။

အဲဒီ ဆရာဝန်ဟာ သူ့ကိုသူလည်း ပြန်လည် စောင့်ကြည့်မှုတွေလုပ်ပြီး အနည်းငယ် နေမကောင်းဖြစ်တာနဲ့ ချက်ခြင်း အကြောင်းကြားမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေးမှာ သြစီပါဝင်ဖို့ ကန်နဲ့ ဗြိတိန်တို့ တရားဝင် ကမ်းလှမ်းလာ

အီဘိုလာ တိုက်ဖျက်ရေးမှာ သြစတြေးလျနိုင်ငံလည်း ထဲထဲဝင်ဝင် ပါဝင်လာဖို့ သြစတြေးလျရဲ့ အဓိက မဟာမိတ် နိုင်ငံတွေက သြစတြေးလျကို ပန်ကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အစိုးရကတော့ သြစတြေးလျနိုင်ငံက ကျန်းမာရေး ပညာရှင်တွေကို အာဖရိက ဒေသ မပို့နိုင်ဘူးလို့ ထပ်ခါထပ်ခါ ပြောဆိုခဲ့ပြီး တစ်ခုခု ဖြစ်လာရင် လူနာတွေကို သြစတြေးလျနိုင်ငံဆီ ပြန်သယ်လာဖို့ ဝေးလံလှတဲ့အတွက် အန္တရာယ်ရှိတယ်လို့သာ အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ သြစတြေးလျရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့အပြင် ဆီယာရာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတို့ကလည်း အကူအညီပေးဖို့ သြစတြေးလျကို တရားဝင် တောင်းခံထားပါတယ်။

သြစတြေးလျရဲ့ မိတ်ဘက်နိုင်ငံတွေ၊ မဟာမိတ်နိုင်ငံတွေက သြစတြေးလျကို ဒီထက်မက လုပ်ဆောင်စေလိုကြတယ်ဆိုတာ မှန်ကန်တယ်လို့ ဝန်ကြီးချုပ်က အတည်ပြုပြောဆိုခဲ့ပေမဲ့ ကူညီပေးဖို့ သင့်မသင့် စဉ်းစားနေတုန်းပဲလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်က ပြောပါတယ်။

သြစတြေးလျ အစိုးရက အီဘိုလာ ကိစ္စမှာ အကူအညီ ပေးဖို့အတွက် ချီတုံချတုံ ဖြစ်နေတဲ့အပေါ် အတိုက်အခံပါတီက ဝေဖန်လိုက်ပြီး ဒီကိစ္စဟာ သရုပ်ဆောင် ရမယ့်အချိန်၊ ရွေးချယ်စရာ နည်းလမ်း စဉ်းစားနေတဲ့အချိန် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဝန်ကြီးအဖွဲ့ထဲမှာလည်း ကွဲလွဲမှုတွေ ဖြစ်နေပါတယ်။ တချို့ကတော့ အကူအညီပေးဖို့ လိုလားသလို တချို့ကတော့ နယ်စပ်လုံခြုံရေးတွေမှာ ရောဂါကူးစက်ခံရသူတွေ ဝင်လာမှုရှိမရှိ ပိုမိုတင်းကြပ်မှုတွေ လုပ်ဖို့ လိုလားနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျ ကျန်းမာရေးအာဏာပိုင်တွေက ဒီကနေ့ ဆွေးနွေးမှု လုပ်ကြမှာ ဖြစ်ပြီး သြစတြေးလျ အနေနဲ့ ဘယ်လို ကြိုတင် ပြင်ဆင်မှု လုပ်မလဲ၊ သြစတြေးလျ ပညာရှင်တွေကို အာဖရိက ဒေသ ပို့သင့်မသင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို အီဘိုလာ ဖြစ်နေတဲ့ နိုင်ငံက နိုင်ငံသူ နိုင်ငံသား အယောက် ၃၀ လောက် အပတ်စဉ် ဝင်ရောက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio Australia

အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed)
အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed)
နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့နဲ့ ​အာဖရိကမှာ ​သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ​အမေရိကန် ​ဒေါက်တာ တစ်ဦး မှာ ​အီဘိုလာရောဂါပိုး ​ဖြစ်နေကြောင်း ​သိရပါတယ်။

အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်

Photo: အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်
Friday, October 24, 2014

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေးခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။

Kahiyang Ayu ဟာ ကြာသာပတေးနေ့ Solo မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီစာမေးပွဲကို တခြားဖြေဆိုသူ ၆ ထောင်ကျော်နဲ့ အတူဖြေဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အတွက် အင်ဒိုနီရှား တနိုင်ငံလုံး လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ အဂတိ လိုက်စားမှုတွေ၊ ဆွေမျိုးနဲ့ အသိုင်းဝိုင်းကောင်းစားရေး ပြသနာတွေ ရှိတဲ့အပြင်၊ နိုင်ငံခေါင်းဆောင်တွေရဲ့ သားသမီးတွေအတွက် မကြာခဏ ဆိုသလို အထူးအခွင့်အရေးတွေ ပေးရလေ့ ရှိလို့ပါ။

နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုပြဿ နာကို ဖြေရှင်းမယ်ဆိုပြီး မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ သူမရဲ့ ဖခင် သမ္မတရာထူး လက်ခံရယူပြီး သတင်းတပတ် မကြာသေးခင်မှာ အခုဖြစ်ရပ် ထွက်ပေါ်လာတာပါ။

အခုသတင်းပတ်အတွင်း Jokowi လို့ ပိုမိုလူသိများတဲ့ သမ္မတ Widodo ဟာ သူ့အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ အလားအလာ ရှိသူတွေကို အမျိုးသား အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ စီစစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်က တခါမှ မကြားဘူးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu
အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu။
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေး ခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု ဆိုင်ရာ သတင်း ရေးသားခြင်း သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂၂၄) A ဦးဝိစာရလမ်းရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Center LRC) ၌ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု စောင့်ကြည့် လေ့လာရေး ကွန်ရက်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံး (ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်) တို့မှ တောရိုင်းတိရစ္ဆာန် များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သတင်းရေးသားခြင်း သင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ သုံးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၉)မန်ယူ နှင့် ချဲဆီး တို့၏ ပွဲကြိုသုံးသပ်ချက်။ (အိုးထရက်ဖို့ကွင်း တနင်္ဂနွေနေ့ ၁၀:၃၀)


မန်ယူအသင်းအတွက် ဒီနှစ်ရာသီမှာ ပထမဆုံး အသင်းကြီးတစ်သင်းကို စတင်ရင်ဆိုင်ရတဲ့ ပွဲ ဖြစ်ပါတယ်။

ရခိုင်ပြဿနာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမို ဆိုးရွား လာနိုင်ကြောင်း ICG ဖော်ပြ

ရခိုင်ပြဿနာမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမိုဆိုး ရွားလာနိုင်ေ ကြာင်း နိုင်ငံ တကာပဋိပက္ခစောင့် ကြည့်လေ့ လာရေး အဖွဲ့ (ICG)အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို

Photo: ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို
Friday, October 24, 2014

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက်။ အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့်ပတ်သက်နေသည်ဟူသည့် ကောလာဟလ သတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့်သွင်းပြီး တရား ဥပဒေ လမ်းကြောင်း များဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

"ကောလာဟလနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ တွေမှာ ကြော်ငြာ ထည့်ထား တယ်။ ဘာမှန်း ညာမှန်း မသိတဲ့ ဟာတွေကို ကြော်ငြာထဲမှာဘဲ ဖြေရှင်းမယ်။ သူတို့ပြောနေကြ တာတွေက အခြေအမြစ်မှ မရှိတာ။ အဲဒါကို အားပေးနေကြတဲ့ သူတွေ ကလည်း လိမ္မော်သီးဆိုတာကိုဘာမှန်းတောင်မသိကြဘူး။မူရင်းအခွေ ကိုလည်း အားမပေးဘူး။ သူဘာသီချင်း ဆိုတာလည်း မသိဘူး။ ဦးနှောက်မရှိကြတဲ့ လူတွေကသာ ယုံကြတာ။ သူများ အိမ်ထောင်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ် ဖို့ စိတ်ကူးထဲတောင် မရှိဘူး။ ဒါက အကွက်ကျကျ စီစဉ်ထားတာ။ သမီးကတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ဆက်လုပ်သွားမယ်။ မှိုချိုးမျစ် ချိုး ပြော တဲ့ သူကို တရားစွဲမယ်။ အားပေး အားမြောက် လုပ်တဲ့သူကို တရားစွဲမယ်။ အခုတစ်ရက် နှစ်ရက်တော့ ဒီသတင်းက နည်းနည်း ငြိမ်နေတယ်။ ဒါပေမယ့် သမီး ကို ရစရာ မရှိအောင် ပြောထားတဲ့ သူကို တရားစွဲ မှာဘဲ”ဟု ၄င်းကပြောသည်။

အဆိုတော် လိမ္မော်သီးတွင် ချစ်ရမည့် ချစ်သူ ရှိနေပြီး ၎င်းသည် တခြားသော သူ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမည်သူ မဟုတ်ဟု ဆိုခဲ့သည့်အပြင် ထွက်ရှိ နေ သည့် ကောလာဟလကို ဖန်တီးသည့် သူများကို စုံစမ်းကာ ဖော်ထုတ်သွားမည်ဟု ဆိုသည်။၎င်း၏ အောက်တိုဘာ၂၄ရက်တွင်ကျရောက်သည့် မွေးနေ၌်သူငယ် ချင်း များနှင့် အတူ မွေးနေ့ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာ၂၄ ရက်တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည့် မသန်စွမ်း ရန်ပုံငွေ ဘောလုံးပွဲ အတွက် သီချင်းများ သီဆိုကာ ပန်းစည်းပေး အပ်သွားမည်ဟု ဆိုသည်။

အဆိုတော် လိမ္မော်သီး၏ "ဒဏ်ရာနှလုံးသား" ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်ကို ဒီဇင်ဘာ လအကုန်၌ အော်ဒီယိုအဖြစ်ထွက်ရှိမည် ဖြစ်သည်။ယင်းအယ်ဘမ် တွင် ရော့ခ်သီချင်းများ အများဆုံး ပါဝင်မည် ဖြစ်ပြီး မိန်းကလေး ပရိသတ်များ အတွက် ရည်ရွယ်ကာ စလိုးရော့ခ် သီချင်းများကိုလည်းထည့်သွင်းသွားမည် ဖြစ် သည်။ လိမ္မော်သီးသည် ၂၀၁၀ ခုနှစ်တွင် လိမ္မော်ရောင် စိတ်ကူးများ"အော်ဒီယို ကိုထွက် ရှိခဲ့ ပြီး ၂၀၁၂ခုနှစ် ၌ ယင်းအယ်ဘမ်ကို အမ်တီဗီ ထွက်ရှိခဲ့သူ ဖြစ် သည်။

မဇ္စျိမ
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက်။ အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟူသည့် ကောလာဟလ သတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့် သွင်းပြီး တရားဥပဒေလမ်းကြောင်းများဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

ဂျပန်နိုင်ငံသားများ IS အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးပမ်း

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ အသက် ၂၆ နှစ် အရွယ် ကျောင်းသား တစ်ဦးနှင့် တိုကျိုမြို့မှ အမျိုးသား တစ်ဦးတို့ကို အစ္စလာမ္မာစ် နိုင်ငံတော် IS အဖွဲ့နှင့် ဆက်သွယ်ကာ ဆီးရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သည်ဆိုသော စွဲချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း မြို့တော် ရဲတပ်ဖွဲ့ မှ အဆင့်မြင့် ရဲအရာရှိကြီး များ က ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များ အပြင် ပြည်တွင်း ရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်

Photo: အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များ အပြင် ပြည်တွင်း ရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်
Friday, October 24, 2014

အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင် အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမည့်နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတအိုဘားမား နိုဝင်ဘာ ၁၃ ရက်တွင် တက်ရောက် မည်ဖြစ်သည်။

‘‘ဒီဟာသည် ယခင်လုပ်ခဲ့ဖူးတဲ့ ဆီးဂိမ်းတို့၊ ကမ္ဘာ့စီးပွားရေးဖို ရမ်တို့၊ တခြားနိုင်ငံတကာ Sum-mit တွေထက်စာရင် ပိုပြီးတော့ ကြီး မားတဲ့ ပွဲဖြစ်တဲ့အတွက် လုံ လောက်တဲ့ အင်အားနဲ့ လုပ်မှာပါ။အင်တာပိုလ် အကူအညီအပြင် ပြည်တွင်းက ရဲတပ်ဖွဲ့ဝင် အင်အား အလုံအလောက်နဲ့ လုံခြုံရေးတာဝန်ယူသွားမယ်’’ ဟု နယ်စပ်ဖြတ်ကျော် မှုခင်းဌာနကြီးမှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲအင်အား ရှစ်သောင်းဝန်းကျင်ရှိ၍ ထိပ်သီးအစည်းအဝေး အတွက် စုစုပေါင်းအင်အား၏ ၂၅ ရာခိုင်နှုန်းကျော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အာဆီယံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ်ထွက်ပေါက် များ၏ လုံခြုံရေးကို စောင့်ကြပ် သွားမည်ဖြစ်ကြောင်း အသိပေး သည်။

‘‘လုံခြုံရေးအင်အားက နေ ပြည်တော်အပြင် တခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေက ရဲတပ် ဖွဲ့ဝင်တွေပါ လာစောင့်မှာ။ စုစု ပေါင်း အင်အားနှစ်သောင်းကျော် မယ်။ တချို့ဆို ပြင်ဆင်ထားတဲ့ အနေနဲ့ အခုကတည်းက လုံခြုံရေး ၀င်နေကြပြီ’’ဟု နေပြည်တော် ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၃ ရက်တွင် လာရောက်မည်ဖြစ်ပြီး ၎င်းတည်းခိုမည့် ဟိုတယ်ကို လုံခြုံရေးစည်းကမ်းအရ ကြိုတင်အသိပေးမထားသေးဘဲ နေပြည်တော်ရှိ ကြယ်ငါးပွင့် အ ဆင့် ဟိုတယ်သုံးလုံးတွင် ၎င်းအ တွက် Proposal တင်ထားကြောင်းသတင်းရရှိသည်။

7 Day Daily

၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိ များနှင့် မြန်မာရဲအရာရှိ တို့ကို တွေ့ရစဉ်။ အမေရိကန်သမ္မတအိုဘားမားအပါအဝင် နိုင်ငံ တကာခေါင်းဆောင် အချို့တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ်သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိ တို့ကို တွေ့ရစဉ်။ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် နိုင်ငံ တကာခေါင်းဆောင် အချို့တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ်သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီး အစည်း အဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွား မည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့ကြောင့် ကွင်းဆက်များ ပျောက်ဆုံးနေ မြန်မာလုပ်သားနှစ်ဦးနှင့် မိဘများ ယနေ့ တွေ့မည်

လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်တွင် ကွင်းဆက်များ ပျောက်ဆုံးနေသဖြင့် အဆိုပါ ကွင်းဆက်များ ရှာဖွေ ၍ ပြန်ဆက် ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အကူ အညီတောင်းခံ လိုက်ပြီး ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများယနေ့ တွေ့ဆုံ မည် ဖြစ်သည်။

လယ်ယာဖွံ့ဖြိုးရေးဘဏ် ကိုယ်ပိုင်ရင်းနှီးငွေမရှိ၍ နှစ်ရှည်ချေးငွေ မချေးနိုင်သေးဟု ဆို

 မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်သည် ကိုယ်ပိုင်ရင်းနှီး ငွေမရှိ၍ နှစ်ရှည်ချေးငွေများကို လယ်သမားများထံ ထုတ်ချေးပေး နိုင်မည်မဟုတ်သေးကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုဝန်ကြီး က ပြောသည်။

လည်ချောင်းနာပျောက်ကင်းစေမည့် နည်းလမ်း

Photo: လည်ချောင်းနာပျောက်ကင်းစေမည့် နည်းလမ်း
Friday, October 24, 2014

လည်ချောင်းနာခြင်းမှာ အအေးမိခြင်း၏ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ လည်ချောင်းနာခြင်းကို နေအိမ်၌ပင် ကုသနိုင်သည့် အကောင်းဆုံးနည်းလမ်း အချို့နှင့် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးဝါးများ ရှိကြောင်း ဒေါက်တာ ဂျက်ဖရီလင်ဒါက ပြောသည်။

လည်ချောင်းနာခြင်းကို အထိရောက်ဆုံး ကုသနိုင်သည့် ဆေးဝါးများအနက် တစ်မျိုးမှာ သင့်ထံတွင်ရှိနှင့်ပြီး ဖြစ်နိုင်ပါသည်။ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးသော Advil (သို့မဟုတ်) Aleve ကဲ့သို့ ဆေးဝါးများမှာ နာကျင်မှုကို သက်သာစေမည့် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးမည့် ဆေးဝါးဖြစ်သည်။

ဆားပါသော ရေနွေးဖြင့် တစ်နေ့လျှင် အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းက လည်ပင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ကြွက်သားများကို ပြေလျော့စေကာ ဘက်တီးရီးယားများ (သို့မဟုတ်) ယားယံခြင်းတို့ကို ပျောက်ကင်းစေကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

 ချောင်းဆိုးပျောက်ဆေး အရည်များ သောက်ပေးခြင်း၊ ငုံဆေးများငုံပေးခြင်းဖြင့် တံတွေးထုတ်လုပ်မှုအားကောင်းစေပြီး လည်ပင်းကို စိုစွတ်နေစေရန် ကူညီပေးနိုင်သည်။ သို့သော် ပရုတ်(သို့မဟုတ်) ယူကလစ်အဆီမျိုးပါဝင်သော ငုံဆေးများက ပို၍ အစွမ်းထက်ကြောင်း သိရသည်။

ချောင်းမဆိုးသေးလျှင်ပင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ချောင်းဆိုးပျောက်ဆေးအရည်များ သောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမည် ဖြစ်သည်။ ချောင်းဆိုးပျောက်ဆေး အရည်များ နှင့် ဖျန်းဆေးများက လည်ချောင်းနာခြင်းကို ယာယီသက်သာစေနိုင်သည်။

နေမကောင်းဖြစ်နေချိန်တွင် အထူးသဖြင့် ရေဓာတ်ပြည့်နေစေရန် အလွန်အရေးကြီးသည်။ ဆီးသွားလျှင် အ၀ါဖျော့ရောင် (သို့မဟုတ်) အရောင်ကြည်လင်နေသည်အထိဖြစ်အောင် လုံလောက်သော အရည်များ သောက်သုံးပေးရန် လိုအပ်သည်။

ဆေးဖက်ဝင်ရေနွေးကြမ်း တစ်ခွက်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို ချက်ချင်းသက်သာစေနိုင်သည်။ ဆေးဖက်ဝင် ရေနွေးကြမ်း မဟုတ်သော အနက်ရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဖြူရောင်လက်ဖက်ရွက်များဖြင့် စီမံထားသော ရေနွေးကြမ်းသောက်ခြင်းဖြင့် လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့်ကိုယ်ခံအားကို အားကောင်းစေပြီး ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်သည်။

ကြက်စွပ်ပြုတ်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။ လည်ချောင်းရောင်ရမ်းနေချိန်၊ နာနေချိန်တွင် အစာမျိုချရ ခက်ခဲနိုင်သဖြင့် ကြက်စွပ်ပြုတ်သောက်ခြင်းဖြင့် အာဟာရပြည့်စေမည် ဖြစ်သည်။

နေမကောင်းဖြစ်နေစဉ် အနားယူပေးရန်လည်းလိုအပ်သည်။ အကယ်၍ လည်ပင်းထဲတွင် ဘက်တီးရီးယားများရှိခြင်းကြောင့် လည်ပင်း နာကျင်ပါက ဆရာဝန်က ပဋိဇီဝဆေးများ ညွှန်ကြားပေးပါလိမ့်မည်။ တစ်ရက်၊ နှစ်ရက်အတွင်း ရောဂါသက်သာသွားသည်ဆိုလျှင်ပင် ဆေးပတ်လည်အောင် သောက်သုံးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

-Health.com
လည်ချောင်းနာခြင်းမှာ အအေးမိခြင်း၏ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ လည်ချောင်းနာခြင်းကို နေ အိမ် ၌ပင် ကုသနိုင်သည့် အကောင်းဆုံးနည်းလမ်း အချို့နှင့် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးဝါးများ ရှိကြောင်း ဒေါက်တာ ဂျက်ဖရီလင်ဒါက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုတပ်မတော်ဖြစ်ရေးအပါအဝင် ၁၆ ချက်ကို နိုင်ငံရေးဆွေးနွေးရန်မူဘောင်အဖြစ် ပါတီ ၅၆ ခု သဘောတူ

ဖက်ဒရယ်ပြည်ထောင် စုစစ်စစ်ဖြစ်ပေါ်လာရေးနှင့် ပြည် ထောင်စုတပ်မတော်ဖြစ်ရေးကိစ္စ ရပ်များအပါအဝင် အချက် ၁၆ ချက်ကို မကြာမီပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မူဘောင်အဖြစ် ထည့် သွင်းနိုင်ရေး နိုင်ငံရေးပါတီ ၅၆ ပါတီကသဘောတူညီချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပန်းဆိုးတန်း-ဒလ ရေကြောင်းလိုင်းနိုင်ငံခြားသားခရီးသည်စီးနင်းမှု ၂၀ ရာခိုင်နှုန်းလျော့ကျ

 ခရီးသွားရာသီ စတင်နေ ပြီဖြစ်သော်လည်း ဥရောပခရီး သွားများ အဝင်နည်းနေသော ကြောင့် ပန်း ဆိုးတန်း-ဒလရေ ကြောင်းလိုင်း သို့ နိုင်ငံခြားသား ခရီးသွားလာရောက်စီးနင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ် လျှင် ၂၀ ရာခိုင်နှုန်းလျော့ကျနေကြောင်း ပန်းဆိုးတန်း-ဒလရေကြောင်း လိုင်းမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်
Friday, October 24, 2014

မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘၁ ရက်နေ့ကစပြီးတော့ Pre-Paid ဝန်ဆောင်မှုကို ရပ်နားသွားမှာဖြစ်တဲ့အတွက် ကြိုတင်ငွေပေးချေထားတဲ့ကားတွေအကုန်လုံးက တိုးဂိတ်ဝင်တဲ့ အခါမှာ ရိုးရိုးကားတွေအတိုင်း ငွေပေးချေရမှာဖြစ်ပါတယ်။ Pre-Paid စနစ်သုံးထားတဲ့ကား တွေအားလုံးနဲ့ အကြွေးကျန်တွေကိုလည်းစာရင်းရှင်းပေးသွားပါမယ်’’ဟုရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးစည်သူစံက ပြောသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းပေါ်ရှိ တိုးဂိတ်များတွင် လက်ရှိကောက်ယူနေသည့် Pre-Paid စနစ်နှင့် စက်များသည် ၂၀၀၉ ခုနှစ်ကတည်းက အသုံးပြု ခဲ့သည့် စက်များဖြစ်သောကြောင့် နိုင်ငံတကာတွင် လမ်းအသုံးပြုခ ကောက်ယူနည်းပညာအသစ်ဖြစ် သော အီလက်ထရွန်နစ် ငွေကြေး ကောက်ယူမှုစနစ်ကို  တပ်ဆင် အသုံးပြုသွားရန် စီစဉ်ခြင်းဖြစ် သည်။

‘‘အီလက်ထရွန်နစ်ဝန် ဆောင်မှုကို သုံးဖို့အတွက်ဆို ရင် ကားတွေကကြိုတင်ငွေသွင်း ပြီးသားဖြစ်ရမယ်။ ဒီဝန်ဆောင် မှုကိုစပြီးပေးတဲ့အခါမှာ ကြိုတင် ပေးသွင်းတဲ့ စနစ်ရော၊ ရိုးရိုးငွေ ပေးချေတဲ့စနစ်ပါ နှစ်ခုစလုံးပါမလားဆိုတာကိုတော့ မသိရသေး ဘူး။ ဆောင်ရွက်မယ့်ကုမ္ပဏီတွေ လုပ်နိုင်တဲ့အပေါ်မူတည်သွားပါ မယ်’’ဟု ဦးစည်သူစံက ပြောသည်။

အမြန်လမ်းပြုပြင်ထိန်းသိမ်း ရေးအဖွဲ့အနေဖြင့် လက်ရှိတွင် အဆိုပါဝန်ဆောင်မှုကို အကောင် အထည်ဖော်သွားရန် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားကြောင်း သတင်းရရှိသည်။

 ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် နေ့စဉ်ကားအစီး ရေ  ၁၂,၀၀၀ ခန့်ဖြတ်သန်း အသုံးပြုလျက်ရှိသည်။

7Day DAILY 

အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနှင့် မလေးရှား ခေါင်းဆောင်များ မြန်မာ၌ တွေ့ဆုံမည်

မနီလာ - အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီနှင့် မလေးရှားဝန်ကြီး ချုပ် မူဒ်နာဂျစ်ရာဇာတ်တို့ သည်မြန်မာနိုင်ငံ တွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးညီလာခံ၌ တွေ့ဆုံကြရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

တရုတ်က ဆန်တန်ချိန် နှစ်သိန်း ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူမည်

 နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ဆွေးနွေးပြီးနောက် ၂၀၁၅ နှစ်ဆန်းတွင် မြန်မာနိုင်ငံမှ ဆန်ကြမ်း တန် ချိန် နှစ်သိန်းကို ပထမဆုံးအကြိမ် တရားဝင် ၀ယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်

Photo: ၀ိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်
Friday, October 24, 2014

ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့အသုံးပြုလို့ရတဲ့ နေရာသုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ တချို့နေရာတွေက ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့အတွက် နည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘Wifi အခမဲ့ပေးတဲ့အခါမှာ Email စစ်တာနဲ့ ၀က်ဘ်ဆိုက်တွေကြည့်တာကို ကောင်းကောင်းလုပ်နိုင်အောင် စီစဉ်ပေးထားမှာပါ။ ဒါပေမဲ့အများသုံးတာဖြစ်တဲ့အတွက် နာရီဝက်လောက် သုံးပြီးရင်တော့ Log Out ဖြစ်သွားမှာပါ။ ထပ်ပြီးသုံးချင်ရင်တော့ နိုင်ငံတကာမှာ Free Wifi သုံးတဲ့အတိုင်း အသစ်ပြန်ဝင်သုံးရမယ်’’ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာများထပ်မံတိုးချဲ့ရာတွင် တက္ကသိုလ်အချို့နှင့် ဈေးများတွင်လည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိစေရန်အတွက် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY 

ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်-မြန်မာပွဲတော် ၀င်ကြေး အခမဲ့ ကျင်းပမည်

ဂျပန်-မြန်မာဆက်ဆံ ရေးနှစ်(၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ် ဂျပန် စတိုင် ဂျပန်-မြန်မာ ပွဲတော်ကို ဒီဇင်ဘာတွင် ရန်ကုန်မြို့ စကိုင်း စတားဟိုတယ်အနီးရှိ ကွင်းပြင်၌ ၀င်ကြေး အခမဲ့ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇိမ်ခံကားများထဲတွင် မတ်တူး ဈေးကွက် ဝေစုအများဆုံးရဟု ဆို

ြ မြန်မာနိုင်ငံရှိ ဇိမ်ခံကားများထဲတွင် တိုယိုတာကုမ္ပဏီကထုတ်လုပ်သည့် မတ်တူးကား က ဈေးကွက်ဝေစုကို အများဆုံးရရှိထားကြောင်း အွန်လိုင်း ကားအရောင်းအ၀ယ်ဈေးကွက် Motor.com.mm မှ ကောက် ယူ သော စစ်တမ်းများက ဆိုသည်။