
ကမ္ဘာ့နံပါတ်အဆင့် ၄ရှိ နာမည်ကြီး ပိုလန်တင်းနစ်မယ် ရက်ဝန်စကာသည် အမေရိကန် နိုင်ငံထုတ် ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့သောကြောင့် ကက်သလစ်လူငယ် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အသက် ၂၄နှစ်အရွယ်ရှိ ရက်ဝန်စကာသည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ပိုလန်နိုင်ငံရှိ ကက်သလစ်လူငယ် လှုပ်ရှားမှု အဖွဲ့ ၏ “I’m not ashamed of Jesus” လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်း ဖြစ် သည် ဟု ဆိုသည်။