အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင်
အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့
အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့
ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ။
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့
ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး
စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။
 |
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ မြင်ကွင်း၊ ဓာတ်ပုံ- ရိုက်တာ |
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။