
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကုတ္တက်ကျေးရွာအုပ်စု၊ သီဟတောကျေးရွာရှိ သမိုင်းဝင် အညာ သီဟတောဘုရား ထီးတော်တင်ပြီးနောက်ပ်ုင်း ပဲခူးမြို့(၁၀)မိုင်ကုန်းရပ်နေ ပတ္တမြား ဆရာတော် ဘုရားဖူးအဖွဲ့မှ ဘုရားဖူး လာရောက်စဉ် အဆိုပါအဖွဲ့၌ပါလာသော အမျိုးသမီးတစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက ၀င်ပူးပြီး နဂါးရုံဘုရားတစ်ဆူတည်ပေးရန် ဆရာတော်အား လျှောက်ထားရာ ဆရာတော်မှ တည်ထားပေးရန် တာဝန်ယူခဲ့သည်။