Tuesday 27 January 2015

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက် ရွှေ့မည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သမ္မတရုံး တုံ့ပြန်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့အမည်နှင့် ယူနီဖောင်းများပြောင်းမည်ဆိုသည့် သတင်းမှာအခြေအမြစ်မရှိကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကThe Daily Eleven ကို ပြောကြားသည်။

ကချင်ဆရာမ နှစ်ဦး အသတ်ခံရမှုအတွက် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေဟုဆို

Kachin-Two-Ladies-Rape-Sadness-Commemorate-Yangon-04
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအတွက် ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အသတ်ခံရသော စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အမှုအတွက် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောဆိုလိုက်သည်။

ဗိုလ်ရှုသဘင်အတွက် ပြည်ထဲရေးနှင့် ဆောက်လုပ်ရေးက ကျပ်သန်း ၄၀၀၀ ကျော်သုံးစွဲခဲ့

Army-1
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခန်း အနားအား နေပြည်တော် သမ္မတ အိမ်ယာအနီးရှိ ဗိုလ်ရှုခံကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) 
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ကျင်းပခဲ့သည့် ဗိုလ်ရှုသဘင် အခမ်းအနားအတွက် ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတ သီးသန့်ရန်ပုံငွေမှ ကျပ် သန်း ၄,၀၆၉ သုံးစွဲခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူ လူဦးရေ သန်း ၆၅ဝ နီးပါးရှိ

Photo: တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူ လူဦးရေ သန်း ၆၅ဝ နီးပါးရှိ
Tuesday, January 27, 2015 

တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူဦးရေမှာ သန်း ၆၅ဝ နီးပါးအထိ တိုးပွားလာကြောင်း တာဝန်ရှိသူများက လွန်ခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ကမ္ဘာ့အွန်လိုင်းသုံးစွဲသူဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်လက် မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်တာနက်သုံးစွဲသူ ၆၄၈ သန်းအထိရှိခဲ့ကြောင်း တရုတ်အင်တာနက်ကွန်ရက်သတင်းအချက် အလက်ဗဟိုဌာန၏အဆိုအရသိရကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအရေအတွက်သည် ၂ဝ၁၃ ခုနှစ်ကထက် သန်း ၃ဝ တိုးလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ၎င်း၏ အွန်လိုင်းသုံးစွဲသူဦးရေကို လွန်ခဲ့သည့် ခြောက်လအတွင်း အနည်းဆုံးတစ်ကြိမ် အသုံးပြုခဲ့သူများကို ရေတွက်ထားခြင်းဖြစ်သည်။ ဝက်ဘ်ဆိုက်အသုံးပြုသူအရေအတွက်မှာလည်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုများပြားသည်။

တရုတ်နိုင်ငံသည် အွန်လိုင်းဈေးကွက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဝက်ဘ်ဆိုက်အသုံးပြုသူနိုင်ငံသားများက အစိုးရ၏ အလွဲအမှား များကို ဝေဖန်ထောက်ပြကြသည်။

တရုတ်နိုင်ငံသည် အင်တာနက်သုံးစွဲမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်ရှိသော ဝက်ဘ်ဆိုက်များကို ''တရုတ်နိုင်ငံ ၏ မဟာကာကွယ်ရေး''ဟု အမည်ပေးထားသောစနစ်ဖြင့် ပိတ်ပင်တားမြစ်သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများကိုလည်း သုံးစွဲသူများကို ဆင်ဆာ ဖြတ်တောက်ပြီးမှ အသုံးပြုရန် တိုက်တွန်းထားသည်။

အေအက်ဖ်ပီ
မြ၀တီ
တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူဦးရေမှာ သန်း ၆၅ဝ နီးပါးအထိ တိုးပွားလာကြောင်း တာဝန်ရှိသူများက လွန်ခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ကမ္ဘာ့အွန်လိုင်းသုံးစွဲသူဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်လက် မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေသြဇာအိတ် ၁၀၀၀၀ ကျော်နှင့် ဖုန်း၊ တီဗွီ၊ အီးဗီဒီ၊ ဒီဗီဒီ သောင်းနှင့်ချီ ဖမ်းဆီးရမိ

တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေဩဇာအိတ် ၁ဝဝဝဝ ကျော်နှင့် ဖုန်း၊ တီဗီ၊ အီးဗီဒီ၊ ဒီဗီဒီစက်များ သောင်းနှင့်ချီ ဖမ်းဆီးရမိခဲ့ ကြောင်း တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ထံမှသိရသည်။

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရန် ငွေကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံ

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဝန်ထမ်းများကို လစာတိုးမြှင့်ပေးနိုင်ရန်အတွက် ငွေ ကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို တောင်းခံထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

နိုင်ငံတော်အလံကိုဖြုတ်ချတာ ဥပဒေမဲ့တဲ့လုပ်ရပ်ပါ

ပညာရေးဥပဒေကြမ်းကို ကန့်ကွက်သည့်အနေဖြင့် ဗကသ ဦးဆောင်သော ကျောင်းသားအချို့သည် ဇန်န၀ါရီလ ၂၀ ရက်နေ့မှစတင်၍ မန္တလေးမှရန်ကုန်မြို့သို့ သပိတ်စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက် ခဲ့ကြပြီး မြင်းခြံမြို့သို့ရောက်ရှိ ချိန်မှာတော့ မြင်းခြံဒီဂရီကောလိပ်အတွင်းသို့ ၀င်ရောက်ကာ ကောလိပ် ရှေ့တွင်လွှင့်ထူထားသောနိုင်ငံတော် အလံအား ဖြုတ်ချခဲ့ကြပြီးနောက် ဗကသ အလံလွှင်ထူခဲ့ကြသည့် လုပ်ရပ်ကြောင့် ပြည်သူအများစုရဲ့ ဝေဖန်ရှုတ်ချသံတွေ ပြင်းထန် စွာပေါ်ထွက်လာခဲ့ပေသည်။

အစိုးရ၏ နောက်ဆုံးနှစ်ဘတ်ဂျက် ကျပ် ဘီလျံ ၂၀၀၀၀ ကျော် သုံးစွဲခွင့်ပြုရန် တောင်းခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈၀၀ ကျော်အထိ ရှိမည်

ဇန်န၀ါရီ ၂၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
လက်ရှိ အစိုးရ၏ နောက်ဆုံးဘတ်ဂျက်တောင်းခံမှုအဖြစ် ကျပ်ဘီလျံ ၂ဝဝဝဝ ကျော် သုံးစွဲခွင့်ပြုရန် တောင်ခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၃၈ဝဝ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက်ဥပဒေကြမ်း) အရ သိရသည်။

မန္တလေးမှ ရန်ကုန်မြို့သို့ သပိတ်မှောက်လမ်းလျှောက်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားမှုများ နိုင်ငံအနှံ့ တက္ကသိုလ်များ၌ ပြုလုပ်နေ

သပိတ်မှောက်ကျောင်းသားအဖွဲ့များ မြင်းခြံမြို့ရှိ အစိုးရနည်းပညာကောလိပ်တွင် ဇန်န၀ါရီ ၂၆ ရက်က စုဝေးနေကြစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက်မှုများ ပြုလုပ်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သောလှုပ်ရှားမှုများကို နိုင်ငံအနှံ့တက္ကသိုလ်များတွင် ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။